Chapter (72) - အခြားယောကျာ်းတွေကို မကြည့်နဲ့....

6.1K 1.1K 9
                                    

Chapter (72) - အခြားယောကျာ်းတွေကို မကြည့်နဲ့....


လီယွီသည် မူလဇာတ်လမ်းထဲတွင် ဆဌမ မင်းသားသည် ကျင်းဝမ် ၏ ရန်သူဖြစ်ကြောင်း သိထားလို့ ဒီအကြောင်းကို ကျင်းဝမ် အား သတိပေးသင့်သည်ဟုတွေးနေသည်၊ ထို့ကြောင့် ယခု ဒုတိယမင်းသားကို ရိုက်ချပြီးနောက် တတိယမင်းသားသည်လည်း မျက်နှာသာပေး မခံရလို့ အင်အားလျော့နေမှာသေချာသည်။

လီယွီသည် ကျင်းဝမ် ကို ဆဌမ မင်းသား ကို သတိထားရန် ပြောဆိုကာ ဆွဲဆောင်ခဲ့သည်။ အမှန်မှာ၊ ဆဌမ မင်းသား လို ပြိုင်ဘက်သည် "သတိထား" ရုံမျှဖြင့် မလုံလောက်ဘူးဆိုတာ သူ့စိတ်ထဲတွင် သိထားသည်။ ကျင်းဝမ် နှင့် ယဲ့ချင်းဟွမ် တို့သည် မူလဇာတ်လမ်းစာအုပ်ထဲတွင် လုံလောက်စွာ အခက်ကြုံခဲ့ရသည်။ ဆဌမ မင်းသား အားကောင်းမလာခင်မှာ သူ့ကို လုံးဝ အားပျက်သွားဖို့ ဖြိုခွဲဖို့ လုံလောက်သည်။

သို့သော် ကျင်းဝမ်က ဒီလိုစလုပ်ဖို့ သူ ဘယ်လို ဆွဲဆောင်သင့်သလဲ။

ဆဌမမင်းသားက ကျင်းဝမ်ရဲ့ ညီတော်ဖြစ်ပြီး သူ့ကို ကျင်းဝမ် က လောလောဆယ် ချစ်နေတယ်ဆိုရင်တောင် သူ့ကို ဆွဲဆောင်နိုင်လောက်တဲ့ ယုံကြည်မှုမရှိဘူး။

သူက ဗျူဟာတွေကို ကောင်းကောင်းချနိုင်သူ မဟုတ်သလို အခြေနေကိုလည်း သေချာမခွဲခြမ်းနိုင်ဘူး။ ကျင်းဝမ်က လောလောဆယ် ထီးနန်းကို မလိုချင်ဘူး။ တကယ်လို့ သူ့တိုက်တွန်းချက်နဲ့ ကျင်းဝမ်က ဆဌမ မင်းသားကို တိုက်ခိုက်ဖို့ လုပ်လိုက်မယ်ဆိုရင် ဆဌမ မင်းသားက သေချာပေါက် ထီးနန်းတိုက်ပွဲမှာ ကျင်းဝမ် ပါဝင်လာပြီလို့ ထင်လိမ့်မယ်။ အဲ့လိုဖြစ်လာပြီး ကျင်းဝမ်ကို သူတို့ ပစ်မှတ်ထားခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်ကုန်မလဲ။ တကယ်တော့ ကျင်းဝမ်က ထီးနန်းကိုရယူဖို့ ဘာမှ ကြံစည်ပြင်ဆင်ထားတာ မဟုတ်ဘူး။ ကျင်းဝမ်ကို အခက်ခဲကြားကို တွန်းပို့ရာရောက်နေမလား။

တကယ်တော့ ကျင်းဝမ်ကသာ ထီးနန်းကိုလိုချင်လို့ တိုက်ခိုက်မယ်ဆိုရင် ဆဌမမင်းသားက ကျင်းဝမ်ကို ယှဉ်နိုင်ဖို့ ခက်ခဲ့ပါတယ်။ ကျင်းဝမ်ကို ထီးနန်းအတွက် တိုက်ပွဲဝင်ဖို့ ဆွဲဆောင်သင့်သလား။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now