Chapter (116-2)- ကျင်းဝမ်ကို မင်းကြီး သံသယ ဝင်နေပြီလား....

3.7K 812 6
                                    

Chapter (116-2)-  ကျင်းဝမ်ကို မင်းကြီး သံသယ ဝင်နေပြီလား....

ကလေးတွေလည်း ကိုယ့်ဖာသာ မထိုင်နိုင်ကြဘူး။ လမ်းမလျှောက်နိုင်သော်လည်း၊ တဲငယ်လေးထဲ သူတို့ကို   ထိန်းထားနိုင်လောက်အောင် မကျယ်ပေ။ လီယွီသည် သူတို့နှင့် ကစားဖို့ပဲ ရှိတော့သည်။

ကျင်းဝမ် ပြန်ရောက်မလာတာ တော်တော်ကြာနေသဖြင့်  လီယွီ၏ သီးသန့် ရွက်ဖျင်ထဲလေးထဲတွင်  သူတစ်ယောက်တည်း နေခဲ့ရသည့်အချိန် လီယွီ၏ စိုးရိမ်ထိတ်လန့်မှုခံစားချက်က တစ်ဖန်ပေါ်လာသည်။  

စိတ်အေးအေးထားပါ။ မင်း သူ့ကိုယုံရမယ်။ မဆင်မခြင်မလုပ်ပါနဲ့....

လီယွီသည် အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူ အဆက်မပြတ်ပြောလိုက်သည်။

" ပါးပါး  ပါးပါး!" ပေါင်းဆု၏ ငယ်ရွယ်နုပျိုသော အသံက သူ့အတွေးကို ဖြတ်ကျော်သွားသည်။

လီယွီသည် သူ့အတွေးမှ ပြန်သတိဝင်လာပြီး ကလေးများက  သူ့အဝတ်အစားထောင့်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမှန်း သိလိုက်သည်။  ကလေးတွေက ဒီမှာရှိနေတုန်းပဲ။ သေချာတာတစ်ခုကတော့ သူ့ရဲ့ စိတ်တည်ငြိမ်မှုကို ဆုံးရှုံးလို့ မဖြစ်ဘူး။
လီယွီသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် သူတို့တစ်ဦးစီထံသို့ ချဉ်းကပ်လာပြီး မေးလိုက်သည်။

"မင်းတို့ တူတူပုန်းတမ်း ကစားချင်လား ဒါမှမဟုတ် လွန်ဆွဲကစားချင်လား"

ကလေးများ သည် အကြည့်ချင်းဖလှယ်သည်။ လွန်ဆွဲပွဲသည် အလွန်ငြီးငွေ့ဖွယ်ကောင်းသောကြောင့် ငါးပါးပါးက မည်သူ့ကိုမဆို အနိုင်ယူမည် ဖြစ်သည်။

ထို့ကြောင့် ကလေးများ လေးယောက်က တညီတညွတ်တည်း ရွေးချယ်ခဲ့သည်- တူတူပုန်းပြီး....ရှာ!  

လီယွီ သည် ကလေးများ၏ မျက်လုံးများကို အလှည့်ကျ ဖုံးအုပ်ရန် လက်ကိုင်ပုဝါကို အသုံးပြုကာ ဂိမ်းကစားရာတွင် ဦးဆောင်ခဲ့ပြီး ကလေးတွေ ပုန်းအောင်းနေချိန်တွင် သူတို့ထဲမှ တစ်ဦးကို ရှာဖွေခွင့်ပေးခဲ့သည်။

ကလေးတွေက လမ်းလျှောက်တာ သိပ်မကျွမ်းကျင်ပေ။ လီယွီက သူတို့အတွက် သိပ်ခက်ခဲအောင် မလုပ်ခဲ့ဘူး။ သူသိပ်မဖုံးကွယ်ထားဘဲ သူ့ကိုရှာတွေ့ခွင့်ပေးလိုက်သည်။

အလွန်လျင်မြန်စွာ ရှာဖွေရန် သူ့အလှည့်ရောက်လာသည်။ လီယွီ၏မျက်လုံးများကို ပေါင်းအာ့နှင့် ပေါင်းစန်းတို့က ဖုံးအုပ်ထားသည်။  

ကလေးများ သည် လက်ကိုင်ပုဝါနှင့် ချည်နည်းကို မသိသေးပေ။ ပေါင်းရိက အကြံကြီးပြီး ဝမ့်ရှီးကို လက်ဆွဲကာ ခေါ်ချလိုက်သည်။

ပါးစပ်ကို အုပ်ပြီး ရယ်မောရင်း ဝမ့်ကုန်းကုန်းသည် လီယွီ၏ မျက်လုံးတစ်ဝိုက်တွင် လက်ကိုင်ပုဝါကို  ချည်လိုက်သည်။

ပေါင်းရိ၊ ပေါငးအာ့ပေါင်းစန်းနှင့် ပေါင်းဆုတို့ လူခွဲကာ ပုန်းကြသည်။ မြန်မြန်မလျှောက်နိုင်ရင် တွားသွားတတ်ကြသည်။ လျင်မြန်စွာ မတွားနိုင်လျှင် လှိမ့်သွားကြသည်။

ပေါင်းရိသည် အထည်ကန့်လန့်ကာဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။ ကန့်လန့်ကာကို ရုတ်လိုက်ပြီး နောက်ကွယ်မှာ ပုန်းနေလိုက်တယ်။ ပေါင်းအာ့နှင့် ပေါင်းစန်းတို့သည် ဝါးသေတ္တာတစ်လုံးကို ရှာဖွေတွေ့ရှိပြီး ချိုးငှက်လေးတွေလို  အတူတူပုန်းကြသည်။ အထဲဝင်တော့ ခေါင်းကို ဆောင့်မိသဖြင့် ၊ ဒီမှာ ပုန်းရတာ အဆင်မပြေသလို ခံစားလိုက်ရသည်။  နောက်တော့ စားပွဲတစ်လုံးကိုတွေ့ပြီး  အတူတူ ပုန်း ပြန်သဖြင့် သူတို့ခေါင်းထပ်ဆောင့်မိကာ  အဆင်မပြေသေးဘူး။  

ကလေးများ နှစ်ယောက် နဖူးကို ပွတ်သပ်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည် ။ ရုတ်တရက် နားလည်လာသည်။  သူတို့ထဲက တစ်ယောက်က စားပွဲအောက်မှာ ပုန်းနေပြီး ကျန်တစ်ယောက်က ဝါးသေတ္တာအောက်မှာ ပုန်းနေလိုက်သည်။

ပေါင်းဆုက ပတ်ပတ်လည်ကို လှမ်းကြည့်တယ်။ စောင်ကိုဆွဲဖွင့်ပြီး အထဲမှာ ဝင်ပုန်းနေလိုက်သည်။
 

လီယွီသည် တစ်မှ ဆယ်အထိ ရေတွက်ပြီး ငါးကလေးများကို စတင်ရှာဖွေခဲ့သည်။ လက်ကိုင်ပုဝါကို မျက်လုံးတစ်ဝိုက်ကို အနည်းငယ်ဆွဲချလိုက်သည်။ ချက်ခြင်းပင် အကြောင်းတစ်ခုခုကြောင့် ကန့်လန့်ကာက ဖောင်းနေသည်ကို တွေ့လိုက်ရသည်။ မူလက ထောင်နေသော ဝါးသေတ္တာသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ သေးငယ်သော တင်ပါးတစ်ဝက်က ပေါ်လွင်နေစေသည်။ စားပွဲအောက်မှာ ကလေး တစ်ယောက်က သူ့ခေါင်းကို လက်နဲ့အုပ်ထားကာ ပုန်းနေသည်။

လီယွီက ရယ်မောပြီး ချောင်းဆိုးလာခဲ့သည်။ ပိုပျော်ဖို့ကောင်းအောင် လက်ကိုင်ပုဝါနဲ့ သူ့မျက်လုံးတွေကို တမင်တကာ ထပ်ပင့်ကာ ကွယ်လိုက်ပြီး ငါးကလေးတွေကို ဖမ်းဖို့ သွားခဲ့သည်။

"ပါးပါး မျက်လုံးတွေကို ဖုံးထားရင်တောင် မင်းတို့ ကောင်လေးတွေကို တွေ့နိုင်သေးတယ်!"

 လီယွီက ဂုဏ်ယူစွာပြောသည်။

သူသည် ဝါးသေတ္တာအတွင်းနှင့် စားပွဲအောက်ရှိ ကောင်လေးတွေကို  အလွန်တိကျစွာ ဆွဲထုတ်လိုက်သည်။ ထို့နောက် ကန့်လန့်ကာကို ရုတ်တရက် ဆွဲဖွင့်လိုက်သည်။

ကလေးတွေက တအံ့တသြအော်ကြကာ  ကြည်နူးစွာ ရယ်မောလိုက်မိသည်။

လီယွီသည် သုံးယောက်ကိုတွေ့ပြီး စတုတ္ထမြောက်ကိုရှာရန် အသင့်ပြင်ထားသည်။ တဲက အရမ်းမကြီးပေ။ ကလေးပုန်းအောင်းနိုင်တဲ့ တစ်ခုတည်းသောနေရာက ကုတင်ပဲလေ။  လီယွီသည် အလွန်ယုံကြည်မှုရှိပြီး ကုတင်ဆီသို့ လျှောက်လာသည်ကို ခံစားမိလိုက်သည်။

ရုတ်တရက် သူသည် အလွန်မြင့်မားသော၊ ကြီးမားပြီး ခိုင်မာသော အရာတစ်ခုကို ထိလိုက်သည် ။ တဲအတွင်း၌ ထိုအရာသည် အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်ရသနည်းဟု မေးလိုက်ချင်သည်။


ကလေးတွေရဲ့ အသံတွေ တဖြေးဖြေး ထွက်ပေါ်လာတယ်။ သူတို့အားလုံး "ပါးပါး... ပါးပါး" လို့ အံ့အားသင့်စွာ အော်ခေါ်လိုက်ကြသည်။

လီယွီသည် တံတောင်ဆစ်ကို စမ်းမိပြီး  သူ့လက်ကို မြှောက်ပြီး မျက်လုံးတွေကို အုပ်ထားတဲ့ လက်ကိုင်ပုဝါကို အလျင်စလို ဆွဲချွတ်လိုက်သည်။  ထိုလူကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ထိုလူ၏ ရင်ခွင်ထဲတွင် သူရောက်နေသည်ကို တွေ့လိုက်ရသည်။ ပြင်းထန်သော အနမ်းတစ်ခုက သူ့ကို  စီးကြိုနေခဲ့သည်။  

လီယွီ တုန်လှုပ်သွားသည်။ ကျင်းဝမ် ၏ရနံ့ကို ရလိုက်တော့မှ  သူက အလန့်ပြေပြီး   ရုတ်တရက် နူးညံ့သိမ်မွေ့စွာဖြင့် ပျော့ခွေလုနီးပါး ဖြစ်သွားသည်။

ငါးကလေးများရှေ့တွင် ငါးပါးပါးသည် လုံးဝနီရဲပြီး ငါးကင်လေးဖြစ်သွားသည်။

မေ့လိုက်ပါတော့.... ဒီမှာ မိသားစုအားလုံးရှိနေတယ်။ အပြန်အလှန် နမ်းတာဟာ ရူးသွပ်တဲ့အရာ မဟုတ်ဘူး။ လီယွီသည် ငှက်ကုလားအုတ်အသွင်ဖြင့် ကိုယ့်ဖက်ကိုယ်ယက်ကာ တိုးတိုးတိတ်တိတ် ပြောလိုက်သည်။

သူနှင့် ကျင်းဝမ် သည် ခဏတာ လူချင်းခွာလိုက်သည် ၊ အချိန်အတော်ကြာ ကွဲကွာသွားသလိုမျိုး ရင်ထဲ ခံစားလိုက်ရတာက ဘယ်လိုဖြစ်တာလဲ...

အခုပဲ ဧကရာဇ်မင်းကြီးက ကျင်းဝမ်ကို ဘာဖြစ်နေမှန်းသိလို့ ကျင်းဝမ်ကို ပွင့်ပွင့်လင်းလင်း မေးခဲ့တာကို လီယွီ မသိခဲ့ပါဘူး၊  မင်းကြီးမေးတာကို မှားဖြေလိုက်မိရင် တစ်ခါတည်း ချောက်ထဲပြုတ်ကျသလို သူတို့မိသားစု တကွဲတပြားဖြစ်ကုန်နိုင်သည်။


သို့သော် ကျင်းဝမ်က မင်းကြီးရှေ့တော်မှောက်မှ ဘေးကင်းကင်းနှင့် လွတ်မြောက်ခဲ့သည်။ ပြီးတော့ သူက ဧကရာဇ်ရဲ့ ယုံကြည်မှုကိုတောင်  ရခဲ့သည်။  လီယွီနဲ့ ပြန်ဆုံတော့ သူ ဘယ်လို မပျော်ပဲ ဘယ်နေမလဲ။

သို့သော်လည်း လီယွီ၏ ထိုထူးခြားသော စိတ်နေစိတ်ထားကို သူ အတိအကျ မပြောခဲ့ပေ။

"ဟုတ်ပြီ... မင်းဘယ်လိုဝတ်ထားတာလဲ"

လီယွီက ကျင်းဝမ်၏လက်ကို ပွေ့ဖက်လိုက်သည်။ ကျင်းဝမ် သည် သူထွက်ခွာသွားသည့်အချိန်နှင့် အလွန်ကွဲပြားစွာ ဝတ်ဆင်ထားသည့် တော်ဝင်အစောင့်အကြပ်ပုံစံသို့ ပြောင်းလဲခဲ့ပြီး လီယွီက သူ့ကို ချက်ချင်း မမှတ်မိခဲ့ပေ။

ကျင်းဝမ် က ပြုံးပြီး ဖြစ်ပျက်ခဲ့တာတွေကို အတိုချုံးရေးဖို့ အတတ်နိုင်ဆုံး ကြိုးစားရေးပြခဲ့သည်။

"ဒါဆို  ခမည်းတော်က ကျွန်တော်တို့ကို အကောက်ကြံတဲ့သူတွေ ဆင်တဲ့ ထောက်ချောက်ထဲ ဝင်တိုးစေချင်တာလား " လီယွီက အံ့သြစွာ မေးလိုက်သည်။  

ကျင်းဝမ်က ခေါင်းညိတ်လိုက်သည်။ တတ်နိုင်သမျှ ဒီနေရာက အမြန်ဆုံး ထွက်ခွာတာ အကောင်းဆုံးပဲ။ အခြားမည်သူ့ကိုမျှ မသိစေနဲ့....

လီယွီ နားမလည်နိုင်တော့ပေ။ ဧကရာဇ် ၏ နေရာတွင်   နေရမည်ကို ကျင်းဝမ်က ဘာကြောင့်
ဒီနေရာကို  ပြန်ပြေးလာသနည်း။ သူတို့ သားအဖတစ်တွေကို လာခိုင်းဖို့ ကျင်းဝမ်က တစ်စုံတစ်ဦးကို သတင်းပို့ခိုင်းရုံနှင့် ရနိုင်ပါလျက် ကိုယ်တိုင် မင်းကြီး၏ကိုယ်ရံတော် အဝတ်စားကို ဝတ်ကာ ပြန်လာခဲ့သည်။

လီယွီသည် ဤမေးခွန်းကို မမေးသော်လည်း သူ့အမူအရာက မေးနေသလိုပင်...
 
ကျင်းဝမ် သည် လီယွီ၏လက်ကို အင်္ကျီလက်အောက်မှ ကိုင်ကာ ပြုံးကာ လီယွီကို ညွှန်လိုက်သည်။  

လီယွီ: ???

ဒါက သူ့အတွက်နဲ့ကိုယ်တိုင် လာခဲ့တာလို့ ဆိုလိုတာလား။

လီယွီ၏ အတွေးများသည် ရုတ်တရက် ရှင်းသွားသည်။ မှန်တယ်။ ကျင်းဝမ် က ဘာလို့ ဒီခရီးကို လာတာလဲ။ ကျင်းဝမ် က သူ နဲ့ ကလေးတွေရဲ့ လုံခြုံရေးအတွက် စိတ်ပူနေတာကြောင့် မဟုတ်ဘူးလား။

ကျင်းဝမ် သည် ဧကရာဇ်မင်းအား သူကိုယ်တိုင် ဒီကိုလာခေါ်ခွင့်ပြုဖို့ အထူးတောင်းပန်ခဲ့သည်။  

ကလေးများနှင့်အတူ လီယွီသည် ရင်ထဲ အလွန်ထိမိသော်လည်း ပြန်နမ်းဖို့က  ရှက်စရာကောင်း လွန်းနေသည်။

သို့သော် ကျင်းဝမ် သည် သူတို့အတွက် အရမ်းတွေးပေးသည့်အတွက်   သူ အလွန်ပျော်မိသည်။ လီယွီ သည် ကျင်းဝမ် ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ  ဒီအချက်ကို သူ ထာဝရမှတ်မိနေမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လီယွီ နဲ့ ဝမ့်ရှီးက ကလေးတွေကို ကောက်ပွေ့ပြီး သွားဖို့ ပြင်ဆင်လိုက်သည်။  သူတို့ မသွားခင်မှာ တစ်ယောက် ပျောက်ဆုံးနေတာကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ ပေါင်းဆုဟာ ပုန်းလျှိုး ကွယ်လျှိုး ရှာဖွေနေချိန်မှာ စောင်ထဲမှာ ပုန်းနေခဲ့သည်။  ငါးပါးပါး လာရှာတာကို  စောင့်ရင်း မတော်တဆ အိပ်ပျော်သွားသည်။ အစောင့်တစ်ယောက်လို ဟန်ဆောင်နေတုန်း ကျင်းဝမ်က ခေါင်းငုံ့ပြီး ပေါင်းဆုကို စောင်တွေထဲကနေ သယ်ထုတ်လိုက်သည်။ သူသည် အဖွဲ့ကို ကျွမ်းကျင်စွာ ထိန်းသိမ်းထားကာ ခေါ်ဆောင်လာခဲ့သည်။

သူတို့သည် ယာယီတဲနန်းမှ သိပ်မဝေးခင်မှာပင် ဆဌမမင်းသားနှင့် တည့်တည့် တိုးတော့သည်။

"ပဉ္စမ ဝမ်ဖေး က ဘာကြောင့် မြန်မြန် ထွက်လာတာလဲ။ ဝမ်ဖေး တစ်ခုခုဖြစ်ခဲ့လို့လား။ ဟုတ်တာပေါ့....  ပဉ္စမနောင်တော်က ဘယ်ကိုသွားနေတာလဲ..."

ဆဌမ  မင်းသားလေးသည် လမ်းလျှောက်ရင်း လီယွီနှင့်  အမှတ်တမဲ့ တွေ့သလိုဖြင့် ထုံးစံအတိုင်း စုံစမ်းမေးမြန်းနေပုံရသည်။

သို့သော် လီယွီသည် ဆဌမမင်းသားက သူတို့ထံ သတင်းအချက်အလတ်များကို စုံစမ်းရန် လာတာ ဖြစ်နိုင်ကြောင်း သိလိုက်သည်။ အကြောင်းပြချက်ပေးကာ အချိန်ဆွဲနေပါက သူတို့နှင့်အတူ ပါလာသည့် ကိုယ်ရံတော်က ကျင်းဝမ်ကိုယ်တိုင်ကြောင်း ဆဌမ မင်းသား သိသွားနိုင်သည်။ ဒါဆိုလျှင် မင်းကြီး ဆင်ထားသည့်အကွက်က အလကားဖြစ်ကုန်လိမ့်မည်။ ဒါကြောင့် လီယွီက    ဆဌမမင်းသားကို အမြန်ဆုံး ဖယ်ထုတ်ဖို့ နဲ့ သံသယတွေ မဖြစ်အောင် ဘယ်လိုပြန်ဖြေရမလဲဆိုတာ အသည်းသန်တွေးနေသည်။  

"ဆဌမမင်းသား၊ ကျွန်တော်မျိုးတို့ရဲ့ ဝမ်ရယ်က ပြန်မလာသေးဘူး။ ဝမ်ဖေး က ဝမ်ရယ်အကြောင်း စုံစမ်း မေးမြန်းချင်လို့ ထွက်လာတာပါ"

ဝမ့်ရှီးသည် သူ့သခင်ကို ကာကွယ်ရန် စိတ်အားထက်သန်နေပြီး လီယွီအတွက် အဖြေပေးရန် အပြင်းအထန် ကြိုးစားခဲ့သည်။

မင်းသားလီနှင့် ဧကရာဇ်တို့ လျှို့ဝှက်ဆွေးနွေးမှု ပြီးဆုံးပြီးနောက် ဧကရာဇ်သည် ကျင်းဝမ်ကို ချက်ချင်း ဆင့်ခေါ်ခဲ့သည်။ ဒါကို လူတိုင်းသိတယ်။ အပြင်ပန်းအားဖြင့်၊ ကျင်းဝမ် နှင့်ပတ်သက်သည့် သတင်း အချက်အလက် အမှန်ကိုတော့ မရကြပေ။ ။ ထို့ကြောင့် ဝမ်ရှီ၏စကားများသည် အမှန်တကယ်ပင် ယုံကြည်ရလောက်သည်။

"သူ တကယ်မပြန်လာသေးဘူးလား"
 ဆဌမ  မင်းသား၏ မျက်လုံးများ တောက်ပလာသည်။ ဒါက သူ့အစီအစဉ်က စီစဉ်ထားတာက  တိုးတက်နေတယ်လို့ ဆိုလိုတာလား။ ဧကရာဇ်သည် ကျင်းဝမ် ကို သံသယဖြစ်နေပြီလား။ အဲ့ဒါကြောင့် ကျင်းဝမ် ကို သူ့တဲနန်းမှာ ချုပ်နှောင်ထားခဲ့တာလား။

လီယွီက ခေါင်းကို အတင်း ညိတ်လိုက်သည်။  

ကျင်းဝမ်သည် သူ့လက်ထဲတွင် ဓားကို လျှို့ဝှက်စွာ ဆုပ်ကိုင်ထားသည်။ အကယ်၍ ဆဌမမင်းသားသည် ရှောင်ယွီဆီသို့ သတ္တိရှိရှိ လျှောက်လှမ်းလာပါက  ရှောင်ယွီကို ကာကွယ်ရန် လက်ဦးမှုယူကာ တိုက်ခိုက်ရလိမ့်မည်။

ကံကောင်းထောက်မစွာ၊ ဆဌမ  မင်းသား၏အာရုံစိုက်မှုအားလုံးသည် လီယွီ နှင့်ကလေးများဖြစ်သည်။ ဝမ့်ရှီးသည် ထိုအရာများကြားတွင် အာရုံထွေပြားမှုတစ်ခုအဖြစ် သရုပ်ဆောင်နေသဖြင့် ကျင်းဝမ်ဖေး ထံမှ အချက်အလက်ရဖို့ အသည်းအသန် အာရုံစိုက်ထားသည့် ဆဌမ  မင်းသားသည် ထိုကိုယ်ရံတော်၏ ပုံမမှန်မှုကို သတိမထားမိပေ။

ဤနေရာ၌ လူတိုင်းသည် သူတို့၏ အတွင်းစိတ်များ ရှိကြသည်။ ပေါင်းရိက သူ့လက်ကို ဆွဲလိုက်ပြီး ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်နေချိန်မှာတော့ လီယွီ က သဘာဝအတိုင်း လွတ်မြောက်ဖို့ နည်းလမ်းကို စဉ်းစားနေပြီးဖြစ်သည်။

 " ကျင်းဝမ်ပါးပါး၊ ကျင်းဝမ်ပါးပါးကို လိုချင်တယ်  ပါးပါး!"

လျင်မြန်စွာတုံ့ပြန်ရင်း၊ လီယွီသည် ပေါင်းရိကိုပွေ့ဖက်ရန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး ချော့လိုက်သည်။

"ပေါင်းရိ၊ မငိုနဲ့။ အခု ချက်ချင်း သူ့ကိုရှာဖို့ ခေါ်သွားပေးမယ်!"  

လီယွီ သည် ဆဌမ  မင်းသားဆီသို့ ခေါင်းအနည်းငယ်ညိတ်ကာ ချက်ချင်းထွက်ခွာသွားကာ ပေါင်းရိကို ဝမ့်ကုန်းကုန်း နှင့် အလယ်တွင် ညှပ်လိုက်ကာ ကျင်းဝမ် က သူတို့နောက်ကို အနီးကပ်လိုက်သွားခဲ့သည်။

***********-************

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now