Chapter (55-1)_ ရုပ်တုလေး ဖက်အိပ်နေသည့် ရှောင်ယွီ

7.4K 1.6K 12
                                    

(ေဇာ္ဂ်ီသမားမ်ား ေအာက္ကို ဆြဲ ခ်ေပးပါ)

Chapter (55-1)_ ရုပ်တုလေး ဖက်အိပ်နေသည့်  ရှောင်ယွီ


လီယွီသည် အဆောင်ထဲမှအမြန်ပြေးထွက်လာခဲ့သည်။ ကျင်းဝမ်သည်ရှေးခေတ်မင်းသားနှင့်အာဏာရှင် အုပ်စိုးရှင်များကဲ့သို့ သြဇာအာဏာကို သုံးနိုင်သည့် သူ၏ကိုယ်ပိုင်နည်းလမ်းများရှိသည်ကို သိသော်လည်း  သူ့အတွက် ဒီနည်းကို တမင်တကာလုပ်ခဲ့သည်ကို  သူ သိနေသည်။

လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူ့ကို လှည့်စားခဲ့တာကို ဘယ်လောက်မုန်းတယ်ဆိုတာ ဘုရားပဲ သိလိမ့်မည်။ ဒါကြောင့် အခု သူ့စိတ်က ပေါက်ကွဲခါနီး ယမ်းအိုးလို ဖြစ်နေသည်။

 
မင်းသား၏ လူယုံတော် ကုန်းကုန်း ဝမ့်ရှီးက အစေခံတစ်စုနှင့်အတူအပြင်ဘက်တွင် စောင့်ဆိုင်းနေသည်။ သူ ထွက်လာတာကိုမြင်တော့  ဝမ့်ရှီးက အံ့သြစွာအော်ဟစ်လိုက်တယ်။

 "သခင်လေးလီ!"

လီယွီ၏နှုတ်ခမ်းများ တွန့်သွားပြီး  ဝမ့်ရှီးကို ဘာပြောရမှန်းမသိဘဲ လျစ်လျူရှုကာခေါင်းကို ငဲ့စောင်းပြီး အနာက်ဘက်ဥယျာဉ်ထဲသို့ပြေးသွား ခဲ့သည်။

မင်းသား၏ အစေခံများသည် လီယွီ နောက်ကို ပြေးလိုက်ဖို့ အလုပ်များနေစဉ် ကျင်းဝမ်က အဆောင်ထဲက ထွက်လာပြီး သူ့လူတွေကို ခေါင်းယမ်းပြလိုက်သည်။

 
ဝမ့်ရှီးက အရှင်မင်းသားနဲ့ လီယွီကြားက သူ မစွက်ဖက်သင့်ဘူးဆိုတာကို နားလည်လိုက်သည်။

ကျင်းဝမ်က နောက်ကနေလိုက်လာပြီး လီယွီကို လိုက်ရှာတယ်။လီယွီသည်နောက် ထပ်  အိမ်တော်မှ ထွက်သွားမည်ကို ဝမ့်ရှီး ကြောက်နေခဲ့သည်။ တော်ဝင်မင်းသားက သူ့နောက်ကို လိုက်ဖမ်းခွင့် မပေးခဲ့ဘူး။ အရှင့်သားက ကိုယ်ရံတော်မှုးချုပ်ကို  ဥယျာဉ်ထဲက လီသခင်လေးကို ကာကွယ်ဖို့ ခေါ်သွားတာ ဟုတ်တယ်မလား။

ဥယျာဉ်က သိပ်မကြီးဘူး၊ ကျင်းဝမ် က မကြာခင်မှာ လီယွီကို အနားယူသည့် အဆောင်လေးနားမှာ ကြောင်တက်တက် မတ်ရပ်နေတာကို တွေ့လိုက်တယ်။


ီဒီငါးကြင်းမိစ္ဆာလေးက ဘာကြောင့် ဒေါသထွက်မှန်း ကျင်းဝမ် မသိတော့ဘူး။ သူ့ညီဝမ်းကွဲ ယဲ့ချင်းဟွမ်က ရှောင်ယွီကို စိတ်ကျေနပ်အောင် လုပ်ပေးတတ်ဖို့ သင်ယူသင့်တယ်လု့ သူ့ကိုပြောခဲ့တယ်။

 ဒါပေမယ့် သူက အမြဲတမ်း  အမှားတွေအများကြီး လုပ်မိနေ လိမ့်မယ်လို့ သူ့ဖာသာ မသိခဲ့ဘူး။ ဘာက မှားသွားသလဲဆိုတာ သူ နားမလည်ခဲ့ဘူး။ စကားပြောနိုင်စွမ်းမရှိခြင်းက သူ့အတွက် တစ်စုံတစ်ရာဖော်ပြဖို့ အရမ်းကို အဆင်မပြေဖြစ်စေသည်။

ကျင်းဝမ်သည် လီယွီ  လက်ထဲသို့ပို့ရန် ရည်ရွယ်သောစာတစ်စောင်ကို ကိုင်ထားသော်လည်း လီယွီ က ကျင်းဝမ်က သူ့ကို ဖမ်းဖို့လုပ်နေသည်ဟု ထင်သွားသည်ကို သိလို့ ကျင်းဝမ်က သူ့ဖာသာ စိတ်ပျက်စွာ ပြုံးလိုက်မိသည်။

 
လီယွီ က သူ့ကိုဖမ်းမိရင် ထွက်သွားဖို့ခက်လိမ့်မယ် ဆိုတဲ့ အတွေး ရှိနေတယ်။

ထို့ပြင် သူသည်ကျင်းဝမ် အား စိတ်မကြည်မလင် မဖြစ်စေလိုသောကြောင့် ဘာမှ မပြောပေမယ့် သူ့ရင်ထဲမှာ ကျင်းဝမ်ကို ဒေါသထွက်နေဆဲဖြစ်သည်။ လူသားအဖြစ် အသွင်ပြောင်းလဲက မူလ   ကျင်းဝမ်ကို ကယ်တင်ရန်ဖြစ်ပေမယ့် အခု ကျင်းဝမ်က သူ့အကူညီကို လုံးဝ မလိုအပ်တော့တာကြောင့် သူက ကျင်းဝမ်ရဲ့ ရှေ့ကနေ အမြန်ဆုံးပျောက်ကွယ်သွားချင် တော့သည်။

ကျင်းဝမ်ရဲ့ငါးကန်ကြီးက အိမ်ကြီးရဲ့ နေရာအားလုံးကို ဆက်သွယ်ထားပြီး အခု သူရပ်နေသည့် အပန်းဖြေ အဆောင်လေးအောက်မှာလည်း ငါးကန်တစ်ခု ရှိနေသည်။  သူရေထဲရောက်သည်နှင့်တစ်ပြိုင်နက် သူသည်အခြားနေရာသို့ ကူးခတ်နိုင်ပြီး ကျင်းဝမ် အမြင်အောက်ကနေ ပုန်းကွယ်နိုင်လိမ့်မည်။

 

လီယွီ က စဉ်းစားနေစဉ် ကျင်းဝမ်က အပန်းဖြေ အဆောင်ငယ်လေးထဲ ဝင်လာသဖြင့် လီယွီ  က ပြောလိုက်သည်။

 "ကျွန်တော့်နောက်ကို မလိုက်နဲ့!"

ဟုကျယ်လောင်စွာပြောခဲ့သည်။

ကျင်းဝမ်သည်ခဏမျှတုံ့ဆိုင်းသွားပြီး ခေါင်းညိတ်ကာ သူ၏ရိုးသားမှုကိုပြရန်ခြေလှမ်းတစ်လှမ်း နောက် ဆုတ်လိုက်သည်။

သူ နောုက်ဆုတ်နေစဉ် လီယွီ က ကျင်းဝမ်ကို ကျောပေးကာ အပန်းဖြေ အဆောင်လေးအောက်က ရေကန်ထဲကို ခုန်ဆင်းသွားခဲ့သည်။

 

သူက လူသားတစ်ယောက်ဖြစ်နေစဉ်မှာ ရေ မကူးတတ်ဘူးဆိုတာကို မေ့နေခဲ့သည်။  သူသည် ငါး အဖြစ်ပြောင်းသွားပြီးနောက်  သူ၏ရေကူး စွမ်းရည်သည် သူ့အလိုလို တတ်ကျွမ်းသွား သည်။ ယခုအခါ လူသား၏အသွင်ပြင်ဖြင့် ရေထဲ ခုန်ချလိုက်ပေမယ့်  ရေကူးပြီး ထွက်ပြေးဖို့ အခွင့်အလမ်းက အင်မတန်ကို နည်းပါးလှသည်။

ဒါပေမယ့် သူက နောက်ပြန်လှည့်ဖို့ အစီအစဉ်မရှိဘူး၊ ငါးတစ်ကောင်အဖြစ် မပြောင်းမချင်း ရေအောက်မှာ သူ  ပုန်းအောင်း နေချင်တယ်။ ဒါက မဆင်မခြင် လူသားအသွင် ပြောင်းလဲခြင်းအတွက် ပေးဆပ်ရတဲ့ တန်ဖိုးပဲ။သူက လူသားအသွင်ဖြင့် ဟိုဟိုသည်သည် လျှောက်ပြေးနေတာထက် ရေထဲမှာ ပုန်းနေတာက  ပိုလုံခြုံသည်၊ သို့သော် သူသည် ရေကန်ထဲရှိ အေးစက်သော ရေနှင့် ထိလိုက်စဉ် တကိုယ်လုံး  အကြိမ်အနည်းငယ်တုန်လှုပ်သွားပြီး သူ့ကိုယ်သူ ရေကန်အောက်ခြေမှာ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေလိုက်သည်။

ကျင်းဝမ်က ရှောင်ယွီ ဒီလိုလုပ်လိမ့်မယ်လို့မမျှော်လင့်ခဲ့ပေမယ့် ရှောင်ယွီရဲ့ရည်ရွယ်ချက်ကြောင့် အံ့သြနေစဉ် လီယွီ က  အဆောင်လေးကနေ အောက်ဘက်ရေကန်ထဲကိုခုန်ချ သွားခဲ့လေပြီ။

ကျင်းဝမ် သည်  ရုတ်တရက် ထိတ်လန့်သွားပြီး  မသိစိတ်ဖြင့် လီယွီ ကို ဖမ်းရန်ကြိုးစားပေမယ့် လေကိုပဲ ဆွဲမိလိုက်သည်။ သူက အပန်းဖြေ အဆောင်လေး အောက်ကို အမြန်ငုံ့ကြည့်လိုက်တော့ ရေအောက်မှာ ရှောင်ယွီက ရေကူးကာ အဝေးကို ထွက်သွားသည်ကို တွေ့လိုက်ရသည်။

 ရှောင်ယွီက ငါးအသွင်လောက် ရေကူးတာ မကျွမ်းကျင်ဘူးဆိုတာ သိလိုက်သည်။ သူက ရေထဲ လိုက်ဆင်းရင်တောင် ရှောင်ယွီကို မမှီဘူးဆိုတာ သိလိုက်သည်။ ဒီရေကန်တွေက အိမ်တော်တစ်ခုလုံးကို အနံ့ဆက်စပ်ထားသဖြင့် ထိုနေရာကနေ ရှောင်ယွီ ဦးတည်ပြီး ကူးခတ်သွားသည့်ဘက်တွင် သွားစောင့်ကာ ဖမ်းဖို့ ကြံလိုက်သည်။



 ရှောင်ယွီ၏ ဦး တည်ချက်အရ သူသည် ငါးလေး သွားလိုသည့်နေရာကို အကြမ်းဖျင်းခန့်မှန်းနိုင်သည်၊ ထို့ကြောင့် ငါးလေးကို တားဆီးရန်နောက်ထပ် ရေကန်သို့ ကြိုပြီး အလျင်စလို သွားစောင့်နေလိုက် ပေမယ့် အတော်ကြာ စောင့်သည့်တိုင်အောင် ရှောင်ယွီက ပေါ်မလာခဲ့ပေ။

 ပြီးတော့ငါးကြင်းလေးက ထွက်ပြေးကာ ပုန်းနေပြီဆိုတာ ကျင်းဝမ်သိလိုက်သည်။

ဝမ့်ကုန်းကုန်းရောက်လာပြီး သခင်လေးလီ ဘယ်မှာလဲ လို့မေးတော့ ကျင်းဝမ်က ခေါင်းသာယမ်းပြ လိုက်နိုင် သည်။



  ငါးသေးသေးလေးဟာ လူ့ပုံစံအတိုင်း အကြာကြီးမနေ ခဲ့ဘူး။ သူသိတဲ့ ငါးကြင်းရဲ့ သွင်ပြင်လက္ခဏာကို အခြားလူတွေ မသိနိုင်စေဖို့ ကျင်းဝမ်က    လူတိုင်းကိုရေထဲကို သွားခွင့်မပေးနိုင်ခဲ့ဘူး။ ရှောင်ယွီ အကြောင်း လူသိနည်းလေ ပိုကောင်းလေ။

သူဆောက်ခဲ့တဲ့ရေကန်က တကယ့်ကို ကြီးမားလှ တယ်၊ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အပြင်ကို မဆက်သွယ်ထားခဲ့ဘူး။ အိမ်ကြီးရဲ့နေရာတိုင်းမှာ ရေကန်ပေါင်းများစွာနဲ့ ဆက်သွယ်ထားပြီး အတူတူပဲ၊ ကမ်းပေါ်မှာအစောင့်တွေရှိတယ်။ ငါးသေးသေးလေးသည် အနည်းဆုံးရေထဲတွင်လုံခြုံစွာနေနိုင်ပြီး အိမ်တော်မှ ထွက်ခွာရန်မဖြစ်နိုင်ပေ။

ကျင်းဝမ်က လူတွေကိုရေမျက်နှာပြင်ကို သေချာစောင့်ကြည့်ဖို့အမိန့်ပေးလိုက်တယ်၊ သူက သူနဲ့တူတူကစားဖို့ ရေထဲက ငါးလေး မကြာခဏထွက်လာတဲ့နေရာမှာ ထိုင်ပြီး စောင့်နေတယ်။ ငါးလေးက ရေအောက်မှာ စိတ်တိုင်းကျ ဆော့ကစားပြီးရင် သူ့ဆီကို ပြန်လာမယ်လို့ ကျင်းဝမ်က ယုံကြည်နေသည်။

 ကျင်းဝမ်က တစ်ချီချန် ( ၂ နာရီလောက်) ထိုင်စောင့်နေပေမယ့် ငါးကြင်းလေး ရှောင်ယွီက ပေါ်မလာခဲ့ပေ။


လီယွီ သည်ရေထဲသို့ ၀ င်သွားပြီး သူ၏ လူသားပုံစံသည်ရေ၌ ငါးကဲ့သို့လွတ်လွတ် လပ်လပ် အသက်မရှူနိုင်သဖြင့်  ရေထဲက အပင်တွေကို စုစည်းကာ သူ့ခေါင်းပေါ်မှ အုပ်မိုးကာ ရေရှုဖို့ ရေပေးကို တိတ်တဆိတ် တက်လာခဲ့သည်။

 ကျင်းဝမ်သည်  သူ့ကိုစောင့်ဖို့နောက် ရေကန် တစ်ကို သွားလိမ့်မယ်လို့သူ မှန်းဆခဲ့တယ်။ လီယွီ သည် လှည့်ကွက်တစ်ခုကို လုပ်ခဲ့ပြီးရောက် နောက် မပေါ်လာတော့ပေ။ သူသည် အလွယ်တကူ မတွေ့ ရှိနိုင်သော နေရာတစ်ခုတွင် ပုန်းအောင်းနေပြီး သူ တကယ်ပျောက်သွားသည်ဟု ကျင်းဝမ် ထင်သည် အထိစောင့်နေခဲ့သည်။ သူ့ကိုရှာဖို့အတွက် ကျင်းဝမ်ထွက်သွားလည်း လီယွီ က ရေကန်ပေါ်ကို တက်မလာခဲ့ပေ။
 

သူသည်ရေထဲသို့ ငါးတစ်ကောင် အဖြစ် မပြောင်းမီအထိ ပုန်းအောင်းနေပြီး  လူသား အ ၀ တ်များကို သူ့နေရာလွတ်လေးထဲသို့ထည့်ပြီးနောက် လွတ်လွတ်လပ်လပ်ကူးခတ်လာသည်။ သူ၏လက်ရှိ ခန္ဓာကိုယ်အရောင်ကြောင့် ရေမျက်နှာပြင်အနီးသို့ ရေကူး မသွားလျှင် သူ့ကို တွေ့လိမ့်မည်မဟုတ်ပေ။ လီယွီ က ရေကန်အောက်ခြေကို တိတ်တဆိတ် ရေကူးသွားခဲ့တယ်။

ရေကန်ရဲ့အောက်ခြေဟာ အရင်အတိုင်းပါပဲ။ ကျင်းဝမ်သည်ရေကန်အောက်ခြေတွင် သူ့အတွက်သေးငယ်သော မြို့တစ်မြို့ကိုတည်ဆောက်ပေးခဲ့သည်။ လီယွီ သည် ဤရှုခင်းများကိုပြန်မြင်သောအခါ သူသည် အလွန်မသက်မသာ ခံစားခဲ့ရသည်။

သူကသူ့အမြီးကို ခတ်ပြီး့ဒီအရာတွေအားလုံးကို ဖျက်ဆီးပစ်ချင်တယ်။ သူ၏လက်ရှိ အမြီး၏တိုက်ခိုက်ရေးစွမ်းအားအရ သူသည် တစ်စက္ကန့်အတွင်း  ရေအောက်မြို့လေးကို အကုန် မဖျက်ဆီးနိုင်ဘူးဆိုရင်တောင် နေရာ အတော် များများကို ပျက်စီးစေအောင် လုပ်နိုင် သည်။

လီယွီ က အမြီးကို ပင့်မြောက်လိုက်ပြီးမှ ရိုက်မချပဲ အမြီးကို ပြန်ချလိုက်သည်။
 

ဒါက ကျင်းဝမ်က ငါးကို ပေးတဲ့ လက်ဆောင်ပါ ... သူက သူ့ကိုဒေါသထွက်နေပေမယ့် အပြစ်မရှိတဲ့ ရေအောက်မြို့လေးကို မဖျက်ဆီးသင့်ဘူးလို့ တွေးလိုက်ကာ အေးစက်စွာ နှာမှုတ်ထုတ်ကာ
ရေအောက်မြို့ကိုမသိမသာအကဲခတ်လိုက်သည်။ သူက သူ့ရဲ့အမြီးကိုနှိမ့်ကာ ရိုက်ချဖျက်ဆီးဖို့နေရာ ရှာမတွေ့တော့တဲ့အတွက် ရေကန်ရဲ့အဆုံးမှာရှိတဲ့ အိမ်လေးဆီကိုရေကူးသွားခဲ့တယ်။

အဲ့ဒါက ကမ်းပေါ်ရှိ ကျင်းဝမ်ရဲ့အိပ်ဆောင်အတိုင်း သေချာ တည်ဆောင်ထားတာဖြစ်သည်။

 အထဲမှာ ကျင်းဝမ်ရဲ့ ပုံတူ ကျောက်စိမ်းရုပ်ထုနှင့် ငါးကန်လေးထဲမှာ သူချထားသည့် ငါးပုံစံ အတုလို ကျောက်တုံးငါးလေးကို ထိုနေရာတွင် တွေ့ရသည်။ လီယွီ သည် ခါတိုင်း ရေကူးကန်ထဲမှာ လာကစားတိုင်း ဒီကျင်းဝမ်ရုပ်တုလေးမှာ ကပ်ပေါက်နေသည့် ရေမှော်ပင် များကို သွားနှင့် ကိုက်ဖြတ်ကာ သန့်ရှင်းရေး လုပ်ပေးခဲ့ပေမယ့် အခုတော့ သူ အဲ့လို လုပ်ချင်စိတ် မရှိဖြစ်နေသည်။

 

လီယွီ သည်စိတ်ထက်သန်စွာဖြင့် ရေကူးလိုက်ပြီး လီယွီ ၏ကျောက်စိမ်းရုပ်တုကို ငါးပါးစပ်ဖြင့် ကိုက်လိုက်သည်။ ကျင်းဝမ်၏ ကျောက်စိမ်းရုပ်တုကို သူ့အမြီးဖြင့် မရိုက်ချချင်ပေ။

 လီယွီ က ပါးစပ်နှင့် အကြိမ်ကြိမ်တိုးတိုက်မှ နောက်ဆုံး ကျင်းဝမ်ကျောက်စိမ်းရုပ်တုလေးက လဲကျသွားခဲ့သည်။ သူက တကယ့်ကျင်းဝမ်ကို တက်ဖိနေသလို ကျောက်စိမ်းရုပ်တုလေးပေါ် ငါးကိုယ်လုံးနဲ့ တက်ဖိလိုက်သည်။



ကျင်းဝမ်....ခွေးကောင်ကြီး...လူယုတ်မာကြီး...အား..!

သူသည် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းဝမ်ကို ကယ်တင်ဖို့ လုပ်ခဲ့ပေမယ့် ကျင်းဝမ်က သူ့ကို လိမ်ခဲ့သည်။

လီယွီ သည်ဒေါသတကြီးနှင့် ရေထဲက ငါးရုပ်တုကို  ဘောလုံးကို လှိမ့်လိုက်ပြီး  ကျင်းဝမ်ရုပ်တုလေးရဲ့ ကျောပေါ်သို့ တင်ကာ စိတ်တိုင်းကျ  နှိပ်စက် လိုက်သည်။

ခဏလောက် စိတ်တိုင်းကျ နှိပ်စက်ပြီးနောက် ငါး ကနည်းနည်းမောပြီး  ကျင်းဝမ်ရဲ့ ကျောက်စိမ်းရုပ်တုလေးပေါ်မှာအိပ်ပျော်သွားတယ်။

 အိပ်စက်ပြီးနောက် သူသည် ပိုမိုပေါ့ပါးသွားပုံရသည်။

လီယွီ က အသံအနည်းငယ်ကြားလိုက်ရချိန်မှ သတိဝင်လာသည်။ သူ ရေကန်ထဲကိုရောက် နေသည်မှာ ဘယ်လောက်ကြာပြီ လဲ မသိတော့ပေ။  ရေအောက်မှာလူတွေဘယ်လိုရှိနေတာလဲ။

လီယွီ သည် မည်သူရောက်လာသလဲဆိုတာကို ကြည့်ရန် စိတ်ရှုပ်နေသော်လည်း အကြိမ်အနည်းငယ် ရုန်းကန်ပြီးနိုးမလာပဲ ပြန်အိပ်ပျော်သွားခဲ့ပေ။

သူသည်ရေကန်အောက်ခြေတွင် အိပ်ပျော်နေသောကြောင့် ရေကန်၏အပြင်ဘက် စောင့်နေသော  ကျင်းဝမ်သည် ရေထဲက ငါးသေးသေးလေးကို မစောင့်နိုင်ဘဲ အလွန်စိတ်ပူနေခဲ့သည်။

ကျင်းဝမ်သည်ရေကန်ထဲကို့ငုပ်ကာ ရှောင်ယွီကို ရှာရန်ဆုံးဖြတ်လိုက်သည်။ ဝမ့်ရှီးက သူ့ကိုရေကန်က အရမ်းကြီးအန္တရာယ်ပေးနိုင်လို့ ကျင်းဝမ် ရေထဲဆင်းမည်ကို ခါးခါးသီးသီး တားမြစ်ကာ ဖျောင်းဖျခဲ့တယ်။


ကျင်းဝမ်က ဝမ့်ကုန်းကုန်းကို စိုက်ကြည့်ကာ အကြည့်ထဲကနေ " ဘေးကို ဖယ်စမ်း " ဟု အမိန့်ပေးလိုက်သည်။

 ကျင်းဝမ်၏ ခိုင်မာသော ဆုံးဖြတ်ချက်ကိုမြင်လျှင် ဝမ့်ရှီးသည် နောက် ဆုတ်ခွာသွားပြီး ရေကူးနိုင်သည့် လူအနည်းငယ်အား ကျင်းဝမ်နှင့် အတူ လိုက်ပါရန် အမိန့်ပေးလိုက်သည်။

 ကျင်းဝမ်က ခေါင်းယမ်းပြီးငြင်းလိုက်သည်။ ငါးလေးသည် ရေအောက်၌ ဘာဖြစ်နေသည်ကို သူ မသိနိုင်ပေ။ ငါးလေးရဲ့ လျှို့ဝှက်ချက် ပေါက်ကြားမှာကို ကြောက်တဲ့ အခြားသူတွေလည်း ရှောင်ယွီကို မမြင်စေချင်ခဲ့ပေ။

 
သူ တစ်ယောက်တည်းသွားရင်အကောင်းဆုံးပါပဲ။ ကျင်းဝမ်ကိုယ်တိုင်လည်း ရေကန်ထဲက အနေထားကို ကောင်းကောင်း သိတယ်၊ ရေကူးဖို့ သူ့အ ၀ တ်တွေကိုလဲပြီး ရေထဲကိုဆင်းသွားခဲ့တယ်။

အစောင့်များသည်ရေပြင်ကို အကြာကြီး ငေးကြည့်နေပေမယ့် ငါးသေးသေးလေးကို မမြင်ရပေ။ ငါးသေးသေးလေးသည် ရေအောက်၌ရှိနေကြောင်း သိသာထင်ရှားသည်။

ကျင်းဝမ်သည်ရေအောက်ရှုခင်းများကို ငုံ့ကြည့်ကာ ပင့်သက်ရှိုက်ကာ ရေအောက် မဆင်းခင် အသက်ကို ပြင်းပြင်း ရှုသွင်းလိုက်သည်။

 

ကျင်းဝမ် သည်ရေကန် အောက်ခြေကိုရှာဖွေနေရင်း နောက်ဆုံး ရေကန်၏အဆုံးရှိ အဆောင်လေးထဲသို့ရောက်လာပြီး သူ၏ငါးလေးကိုဘောလုံးတစ်လုံးနားတွင် ကွေးကွေးလေး အိပ်ပျော်နေသည်ကို တွေ့လိုက်သည်။

ကျင်းဝမ် သည် သူ့နှလုံးသားတစ်ခုလုံး တုန်လှုပ်သလို ခံစားလိုက်ရပြီး ရှောင်ယွီ၏ ဦး ခေါင်းကိုထိလိုက် သော်လည်း ငါးလေးက မလှုပ်ပေ။

ကျင်းယမ်ကငါးကိုညင်သာစွာကောက်ယူလိုက်သော်လည်း ငါးက သတိလစ်နေကာ ငါး၏ ကိုယ်အောက်ကနေ  အရာဝတ္ထုတစ်ခု လှိမ့်ထွက်လာသည်။ ကျင်းဝမ်က အဲ့ဒါကို ယူကြည့်လိုက်တော့ သူ့ရဲ့ပုံတူ ကျောက်စိမ်းရုပ်တု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ကျင်းဝမ်: "... "


****-****

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now