Chapter (101-1) - တစ်စိတ်တပိုင်းသာ အောင်မြင်သော မစ်ရှင်

3.9K 795 1
                                    


Chapter (101-1) - တစ်စိတ်တပိုင်းသာ အောင်မြင်သော မစ်ရှင်



system သည် လီယွီ၏ စိတ်ထဲက အသံကို ကြားနိုင်သည်။ Host ၏ တွေးခေါ်မှု လုပ်ငန်းစဉ်  လမ်းချော်မှု ကို ကြုံတွေ့ရသောအခါတွင်၊ ရှားရှားပါးပါး   systemက  စကားမပြောနိုင်အောင် ဆွံ့အသွားတော့သည်။

"အဝါရောင်သည် တစ်စိတ်တစ်ပိုင်းအောင်မြင်မှုကို ဆိုလိုတယ်သည်။" System က  ချက်ချင်းပြင်ပေးပေးလိုက်သည်။   

Host တစ်ယောက် ပေါက်ကရတွေးမှာကို ကာကွယ်ရမည်။

လီယွီ: ဟင်......?

System က  "အာဏာရှင်က ပြင်းပြင်းထန်ထန် ပြုမူခဲ့ပေမယ့် အိမ်မွေးငါးကို ကယ်တင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အာဏာရှင်က အိမ်မွေးငါးများကို အလွန်အမင်း အကာအကွယ်ပေးထားကြောင်း System က  မငြင်းနိုင်ပေ။ ထို့ကြောင့်၊ system သည် ရလဒ်ကို ဆုံးဖြတ်ရန် ထိုအရောင်ကို အသုံးပြုခဲ့သည်။"

လီယွီ: "......"  

ကျင်းဝမ်သည် မူလက ကောင်းစွာ လုပ်နိုင်ခဲ့သော်လည်း စမ်းသပ် တစ်ခုလုံးကို   မတော်တဆ ဖျက်လိုက်မိသည်။ လီယွီသည် သူတို့အား ထိုအပိုင်းကို ပြန်လည်လုပ်ဆောင်စေမည်ဟု  ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ၊ system သည်  ထိုမတော်တဆ လုပ်ခဲ့မိသည့် ချို့ယွင်းချက်အပိုင်းကို လျစ်လျူရှုကာ အောင်မြင်သည်ဟု ဆုံးဖြတ်ခဲ့သည်။

...... ကျင်းဝမ် ဟာ တကယ်တော့ ဒီ systemကို   လည်ပတ်နေသူလား ။ ဘာလို့ သူ့အတွက် နောက်တံခါးကို အမြဲဖွင့်ထားတာလဲ။ (ဘက်လိုက်တာလဲ) မည်သို့ပင်ဆိုစေကာမူ တစ်စိတ်တစ်ပိုင်းအောင်မြင်တယ်လို့ သတ်မှတ်ရင်လည်း အောင်မြင်တာပဲလေ။
 

System က အခိုင်အမာပြောခဲ့သည်-
"ဒါက အမှန်ပါပဲ။ သို့သော် ဒီအချက်ကြောင့် ဆုလာဘ်အပေါ်ကို ထိခိုက်လိမ့်မည်။ ဆုကြေး၏ တစိတ်အပိုင်းကိုသာ သင်ရရှိနိုင်ပါသည်။ ကျေးဇူးပြုပြီး ဆုလက်ခံပေးပါ Host ။"


"အိမ်မွေးငါးများကိုကာကွယ်ပါ"မစ်ရှင် သည် "မီးဖွားပြီးနောက်စောင့်ရှောက်မှုနှင့်ကာကွယ်ရေး" ၏ အဓိကမစ်ရှင်၏ နောက်ဆုံးခြေလှမ်းဖြစ်သည်။ system သည် ပြီးပြည့်စုံသော ဆုလာဘ်၏ အသေးစိတ်အချက်အလက်များကို သိမ်းဆည်းထားပြီး သူက ထိုဆုလာဘ်သည် လျှို့ဝှက်ဆန်းကြယ်သော အရာတစ်ခုဖြစ်ကြောင်း ဖော်ပြရုံသာ ဖော်ပြခဲ့သည်။

မူလက လီယွီသည် လူသားအဖြစ်သို့ ပြန်ပြောင်း နိုင်မည်ဟု သေချာတွက်ထားသည်။ သို့သော် ယခုဆုသည် သူစိတ်ကူးထားသည့်အတိုင်း ဖြစ်မလာတော့ပေ။ တစ်စိတ်တစ်ပိုင်းဆုလာဘ်က ဘာကိုဆိုလိုသလဲ အတိအကျမေးနိုင်မလား။

သူ့အား လူသားတစ်ဝက်ငါးအဖြစ် ပြန်လည်ရရှိရန်သာ ခွင့်ပြုခဲ့သလား။ ဒါဆိုရင်တော့ သူက  ငါးကြီးတစ်ကောင်အဖြစ် ဆက်လက်တည်ရှိနေနိုင်တာပေါ့...
 

System က  နှစ်သိမ့်မှုပေးလိုက်သည်- "စိတ်ချပါ၊ Host "

လီယွီ: "......"

လွဲချော်မသွားအောင် သတိထားကာ လီယွီသည် ဆုလာဘ်ကို   လက်ခံလိုက်သည်။

စူးရှသော အဖြူရောင်အလင်းတန်းတစ်ခုက သူ့ကို လွှမ်းခြုံထားသည်။ အဖြူရောင်အလင်းများ ပျောက်ကွယ်သွားပြီးနောက်၊ အသွင်ပြောင်းနိုင်သော သူ၏မူလကျောက်စိမ်းစကေးဘေးတွင် အသွင်ပြောင်းနိုင်သော စွမ်းရည်အသစ်နှစ်ခုပေါ်လာသည်။

လီယွီ သည် ဖော်ပြချက်ကို တိုတိုတုတ်တုတ် ကောက်ချက်ချလိုက်သည်။ အသွင်ကူးပြောင်းရေးစွမ်းရည်အသစ်များက သူ့ကို ငါးလူသားနှင့် လူငါးအဖြစ် သီးခြားစီ ပြောင်းလဲနိုင်စေခဲ့သည်။

 သူ၏ အသွင်ကူးပြောင်းမှုစွမ်းရည်အားလုံး၏ ကြာချိန်ကို အထူးစစ်ဆေးခဲ့သည်။ ကြာချိန်လည်း တိုးလာတယ်- အခု ၂၄ နာရီ ဖြစ်သွားပြီ။ တစ်နည်းအားဖြင့် တစ်နေကုန်နေနိုင်တာပေါ့။ နေ့တိုင်း တစ်ကြိမ်သာ ပြောင်းလဲနိုင်သေးသလို အချိန်မရွေး ပယ်ဖျက်နိုင်သည်။

ကျွမ်းကျင်မှုအသစ်နှစ်ခုကို ထပ်တိုးခြင်းဖြင့် System က  သူ့ကို ပုံစံအမျိုးမျိုးသို့ ပြောင်းလဲနိုင်စွမ်းကို ပေးခဲ့သည်။ သူတို့ကို လိုအပ်သလို အသုံးပြုနိုင်ပြီး အပြန်ပြန်အလှန်လှန် ပြောင်းလဲနိုင်သည်။ သူ့လူ့ပုံစံကို လုံးဝပြန်မရနိုင်ပေမယ့် နေ့ရက်တိုင်းကို  ပုံစံမျိုးစုံ ပြောင်းနိုင်တယ်၊ မထင်မှတ်ဘဲ ဘာမှ မဖြစ်ခဲ့ရင်၊ ဒါက သူ့ရဲ့လူသားပုံစံကို ပြန်လည်ရရှိတာနဲ့ အတူတူပဲ။

အခြားပုံစံများတွင်မူ အန္တရာယ်ကြုံတွေ့ပါက ပုန်းအောင်းရန် ငါးအဖြစ်သို့ ပြန်ပြောင်း နိုင်သည်။ အကယ်၍ သူ့တွင် အခြားပုံစံနှစ်မျိုးဖြစ်သည့် ငါးလူသားနှင့် လူငါး (ရေသူထီး) ပုံစံကို အသုံးပြုရန် မကြုံလျှင်လည်း  သူတို့ကို အိပ်ခန်းအတွင်း ပျော်စရာလှုပ်ရှားမှုများအဖြစ် ပြောင်းလဲပေးနိုင်လိမ့်မည်ဖြစ်သည်။ ရေသူထီး ပုံစံနဲ့ လုပ်ရတာက လူသားအသွင်နဲ့ လုပ်ရဖြင့် လုံးဝခြားနားသည်ဟု ခံစားခဲ့ရလို့ နောက်တခါ  ပြန်စမ်းကြည့်ဖို့ လီယွီ တော်တော်စိတ်ဝင်စားသွားသည်။
 

လီယွီ သည် ထိုကျွမ်းကျင်မှုအသစ်များသည် လုပ်ငန်းတာဝန်၏ 3 ရက်မြောက်နေ့တွင် သူ ပြောင်းလဲနိုင်ပုံ နှင့်အလွန်ဆင်တူနေပုံရပြီး ပုံစံများကြားတွင် အပြန်ပြန်အလှန်လှန်ပြောင်းလဲနိုင်ခဲ့သည့်အတွက် လီယွီ အတွက် ကံကောင်းသည်ဟု ဖျတ်ခနဲခံစားလိုက်ရသည်။

သို့သော်လည်း မစ်ရှင်အတွင်း မတော်တဆ ပြောင်းလဲသွားသည့်အချိန် သူက နည်းနည်းတော့ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ခဲ့သည်။ ထိုကျွမ်းကျင်မှုအသစ်များသည် ကျောက်စိမ်း အကြေးခွံများကို  မှန်ကန်စွာ ဖိထားရန် လိုအပ်သည်။ စိတ်အားထက်သန်စွာ အသွင်ပြောင်းမည်ဟု လီယွီ ပိုမိုယုံကြည်စိတ်ချလာခဲ့သည်။


ထို့အပြင် လီယွီကိုယ်တိုင်သာ စွမ်းရည်များကို အသုံးချနိုင်သည်။ အကြေးခွံများကိုမြင်နိုင်သည့် ကျင်းဝမ် ပင်လျှင် သူတို့ကို ထိရုံသာ ထိတွေ့နိုင်သော်လည်း အကျိုးသက်ရောက်မှုကို အမှန်တကယ် မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် အခြားလူများအတွက် ထိုအရာသည် သူ့ခန္ဓာကိုယ်တွင် အမှတ်အသားအချို့ပုံစံအဖြစ်သာ မြင်နိုင်လိမ့်မည်ဖြစ်သည်။

ကျွမ်းကျင်မှုအသစ်နှစ်ခုအပြင် အသွင်ပြောင်းစွမ်းရည်များကို တိုးချဲ့ခြင်းသည် လျှို့ဝှက်ဆန်းကြယ်သော ဆုအစုအဝေးတွေထဲက ပထမပိုင်းသာ ဖြစ်သေးသည်။

ဆုရဲ့ ဒုတိယအပိုင်းက ချစ်စရာငါးပုံ သင်္ကေတလေးဖြစ်သည်။

လီယွီက ဆုကိုလက်ခံရရှိတော့ "အဓိကမစ်ရှင်"   "အပိုမစ်ရှင်," စသည့် သင်္ကေတအပြင် "ငါးကလေးများတိုးတက်မှု အခြေနေ  ဆိုသည့် နောက်ထပ် အချက်လက် တစ်ခု ထပ်တိုးလာခဲ့သည်။

ဒါက ဘာအတွက်လဲ။ ပေါင်းတွေ နဲ့ ဆက်စပ်နေသလား။ လီယွီက စိတ်ဝင်တစား မေးသည်။

ငါးကလေးများပေါက်ပြီးနောက် လီယွီနှင့် အဖွဲ့ဖွဲ့ခဲ့သော်လည်း လီယွီက ထိုအဖွဲ့သားတွေအတွက် အကျိုးကျေးဇူးတစ်စုံတစ်ရာကိုမှ သတိမထားမိခဲ့ပေ။ သူသည် ငါးကလေးများကို ရိုးရှင်းသော ငါးသင်္ကေတများအဖြစ် မြင်နိုင်သည်။ဒီအရာတွေကအလှဆင်ခြင်းသက်သက်သာ ဖြစ်သည်ဟု လီယွီ သံသယရှိခဲ့သည်။

ယခု "ငါးကလေးများ၏အခြေအနေ" ကိုထည့်သွင်းလိုက်သောအခါ၊ system သည် သူ့ကို ဤရွေးချယ်မှုကို စစ်ဆေးရန် ဖိတ်ကြားခဲ့သည်။ ဤရွေးချယ်မှုအောက်တွင် ချဲ့ထွင်ထားသည့်အရာမှာ ငါးလေးကောင်အတွက် သင်္ကေတများဖြစ်သည်။ ခဏလောက် မွမ်းမံပြီး လီယွီ သည် ပေါင်းရိ၏ ရွှေရောင်သင်္ကေတကို ရွေးပြီး နှိပ်လိုက်သည်။ စနစ်အတွင်းတွင် ဖောက်ထွင်းမြင်ရသော မျက်နှာပြင်တစ်ခု ထွက်ပေါ်လာသည်။ ဖန်သားပြင်အတွင်းတွင် လက်ရှိအိပ်ပျော်နေသော ပေါင်းရိ၏မြင်ကွင်း။ သူ့ဘေးတွင် စောင်နံပါတ် ၁ ကို ဖြည်းညှင်းစွာ လွှမ်းခြုံပေးနေသော ဝမ့်ကုန်းကုန်း ဖြစ်သည် ။  

......ဒါက ဒီလို အသုံးဝင်တာလား?!

လီယွီသည် သူ့နှလုံးသားလေးများ တထိတ်ထိတ် မရပ်မနားခုန်နေသလို ခံစားလိုက်ရသည်။ သူက ပေါင်းဆုကို စစ်ဆေးကြည့်ဖို့ သဘောကျစွာ ရွေးလိုက်သည်။

ငါးကလေးများသည် တူညီသော အရာများကို မကြာခဏ ပြုလုပ်ကြသည်။ ပေါင်းရိက အိပ်နေတယ်။ ပေါင်းဆုလည်း ထုံးစံအတိုင်း အိပ်ပျော်နေပါသည်။ သို့သော် ပေါင်းဆုသည် ယဲ့ချင်းဟွမ် ၏ဗိုက်ပေါ်တွင် အိပ်နေလေသည်။ သူ့ဘယ်ညာတွင် ပေါင်းအာ့နှင့် ပေါင်းစန်းကို တင်ထားသည်။  ပေါင်းလေးတွေ နှင့် ယဲ့ချင်းဟွမ်တို့  သုံးယောက်လုံး အိပ်မောကျနေကြသည်။

ပေါင်းဆုသည် အိပ်ပျော်နေစဉ် နှုတ်ခမ်းကို ဟစိဟစိလုပ်နေသည်။  သူသည် ငါးတစ်ကောင် ဖြစ်သေးသည်ဟု ထင်ကောင်းထင်နေပုံရသည်။ ခုလိုလုပ်ရင် ရေပူပေါင်းလေးများ ထွက်လာမည်ဟု ထင်နေတာလား။

လီယွီ: "......"

လီယွီသည် အဝေးကိုကြည့်ရန် တွန့်ဆုတ်ကာ ငါးကလေးတစ်ကောင်စီကို စစ်ဆေးနေသည်။ ဒီအတောအတွင်းမှာပဲ System က  ပြောခဲ့သည်။

 "Host ၊ ငါးလေးတွေရဲ့ အခြေအနေကို ဒီမှာ စစ်ကြည့်နိုင်ပါတယ်။ အဖွဲ့တစ်ခုရှိသည့်အခါမှသာ ဒါကို အသုံးပြုနိုင်သည်။ ငါးကလေးတကောင်ကို တနေ့ ၃ ကြိမ် သုံးလို့ရတယ်။"

လီယွီသည် အလွန်စိတ်လှုပ်ရှားသွားကာ မျက်လုံးများ တောက်ပလာသည်။ သူသည် မော်နီတာ၏ System ဗားရှင်းမဟုတ်လား။ ငါးကလေးများကို စောင့်ကြည့်ရန် အထူးအသုံးပြုသည့် System အမျိုးအစားတစ်ခုပဲ။

မူလက ဓားပြတွေရဲ့ မိုက်မဲတဲ့လှည့်ကွက်ကြောင့် သူ အလစ်ဖမ်းခံရတဲ့ အဓိကအကြောင်းအရင်းကတော့ ငါးကလေးတွေရဲ့ လုံခြုံမှုကို မသေချာမရေရာဘဲ စိတ်ပူလွန်းနေလို့ဖြစ်သည်။ ပြီးတော့ ရှေးခေတ် သတင်းစကားပါးရသည့် ဆက်သွယ်ရေးsystemက အဆင်မပြေသောကြောင့်ဖြစ်သည်။ အကယ်၍ သူသည် ယခင်က သူနေထိုင်ခဲ့သည့် ခေတ်မီကမ္ဘာကြီးကဲ့သို့ပင်၊ ပိုမို အဆင့်မြင့်ပြီး ဖွံ့ဖြိုးတိုးတက်သော ဆက်သွယ်ရေးစနစ်—ဆဲလ်ဖုန်းနှင့် ဆိုရင်  သူ၏ကလေးငယ်များ၏ လုံခြုံရေးကို အတည်ပြုရန် ချက်ချင်း ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်သည်။ အဲဒီတုန်းက သူ ဘယ်လိုလုပ် လူဆိုးတွေရဲ့လှည့်စားခံခဲ့ပါဦးမလဲ။
System က  သူ့ကို ဆဲလ်ဖုန်းတစ်လုံးနဲ့ ဆုမပေးပေမယ့် ငါးကလေးတွေရဲ့ လက်ရှိအခြေအနေကို ကြည့်နိုင်စေဖို့အတွက် တစ်နေ့ကို အခွင့်အရေး သုံးကြိမ်ခွင့်ပေးခဲ့လို့ ဒါဟာ အမြဲတမ်း စိတ်ပူတတ်တဲ့ ငါးအဖေအတွက် အကောင်းဆုံးဆုလာဘ်ပါပဲ။ သူ့ငါးလေးတွေအတွက် စိတ်အေးနိုင်ပြီလေ။

...... System .... ကျေးဇူးအများကြီးတင်ပါတယ်။

လီယွီ က သူ၏ အတွင်းစိတ်ကနေ Systemကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

သို့သော်၊ ထိုအချက်က System ကို လုံးဝ မသက်ရောက်စေပါ။
 "Host ၊ "မွေးဖွားပြီးနောက်ပိုင်း စောင့်ရှောက်မှုနှင့် ကာကွယ်ရေး" ၏ အဓိကတာဝန် ပြီးမြောက်သွားပါပြီ။ ထိုသည်မှာ မူလက နောက်ဆုံးလုပ်ရမယ့် ပင်မတာဝန်ဖြစ်သည်။ ဒါပေမယ့်  ထိုမစ်ရှင်က တစိတ်တပိုင်းပဲ အောင်မြင် ပြီးစီးသောကြောင့်၊  ပင်မမစ်ရှင်များကို ပိတ်ရန် လိုအပ်ချက်နှင့် မကိုက်ညီပါ။ ဒီချို့ယွင်းချက်ကို ဖြည့်ဆည်းရန်အတွက် system က နောက်ထပ် အဓိက မစ်ရှင်တစ်ခုကို ထည့်သွင်းရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ထိုပင်မ မစ်ရှင်အသစ်ကို ပြီးမြောက်ပြီးနောက် သင်မရရှိခဲ့သေးသော ဆုကြေးအပိုင်းကို ပေးအပ်မည်ဖြစ်သည်"

လီယွီ: "......"

သူ ပြောခဲ့သည့် ကျေးဇူးတင်စကားတွေကို ပြန်ရုပ်သိမ်းလိုက်ချင်တော့တယ်။

*****-********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now