Chapter (143-1) - အအေးနန်းတော်ကို အပို့ခံရတော့မလား

3.3K 713 4
                                    

Chapter (143-1) - အအေးနန်းတော်ကို အပို့ခံရတော့မလား

ချူးရန့်ယွီ သည် လုံးဝမထင်မှတ်ထားသော မျက်နှာကို မြင်လိုက်ရပြီး သူ့တစ်ကိုယ်လုံး ပျော့ခွေသွားပြီး အရာအားလုံး ပြီးသွားသလို ခံစားလိုက်ရသည်။

နို့ထိန်း၏ မျက်နှာမှ မျက်နှာဖုံးကို ဖယ်ရှားပြီးနောက်၊ သူ့အား လုံးလုံးလျားလျား တုန်လှုပ်သွားစေခဲ့သော ထိုအမျိုးသမီးသည် အမှန်တကယ်ပင် ထိုက်ကျူဖေး ကိုယ်တိုင်ပင် ဖြစ်သွားခဲ့လေသည်။

"မဟုတ်ဘူး.... မင်းက ငါးကြင်းနတ်ဆိုး မဟုတ်လား-"

သူက ထိတ်လန့်တကြားနဲ့ နောက်ပြန်လှည့်ပြီး သလင်းကျောက်ပုလင်းထဲက ငါးကို ကြည့်လိုက်သည်။ ကမ္ဘာပေါ်မှာ ဘာကိုမှ ဂရုမစိုက်ဘဲ ကူးခတ်နေဆဲ ငါးလေးက ချူးရန့်ယွီ ဆီသို့ ပူဖောင်းတစ်ခုပင် မှုတ်ထုတ်လိုက်သည်။

...... ထိုက်ကျူဖေး က ငါးနဲ့ တချိန်တည်းမှာ ဘာလို့ ပေါ်လာရတာလဲ။ ဒီငါးဟာ တကယ်တော့ ထိုက်ကျူဖေး မဟုတ်ဘူးလား။

ထိုအချိန်တွင် ချူးရန့်ယွီ ၏ခေါင်းသည် အလုပ်မလုပ်တော့ပေ။

"ချူးကွေ့ရန် " လီယွီက ဆက်ပြောလိုက်သည်။

"ငါက ငါးနတ်ဆိုးလို့ မင်းက အခိုင်အမာပြောထားတော့ မင်း ငါ့ကို နဂိုပုံစံအတိုင်း ပြန်လုပ်ဖို့ ဘာလို့ အတင်းလာ မလုပ်တာလဲ။"

"ဒါက မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။ အရှင်မင်းသား... ......"

ရှုမငြီးသော အမူအရာဖြင့် ချူးရန့်ယွီ သည် အိမ်ရှေ့မင်းသားဘက်သို့ လှည့်လိုက်သည်။ မုထျန်းချီ ၏မျက်နှာမှာ အံ့သြစရာအရိပ်အမြွက်မျှပင်မရှိဘဲ တည်ငြိမ်စွာ စိုက်ကြည့်နေလေသည်။

ချူးရန့်ယွီ သည် နောက်ဆုံးတွင် သဘောပေါက်သွားပြီး အိမ်ရှေ့မင်းသားသည် ထိုက်ကျူဖေးက နို့ထိန်းကဲ့သို့ ဝတ်ဆင်ထားကြောင်း သေချာပေါက် သိနေပေမည်။ ထို့ကြောင့် ထိုအရာအားလုံးသည် သူ့ကိုလှည့်ဖြားရန်သာဖြစ်သည်။ သူတို့သည် သူ့ကို လူရွှင်တော်တစ်ယောက်လို ခုန်ပေါက်နိုင်စေရန် ဝမ်းသာအားရနှင့် ပျော်ရွှင်မှုကို ခံစားခွင့်ပေးခဲ့သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)जहाँ कहानियाँ रहती हैं। अभी खोजें