Chapter (104-2) - ဖက်တီးလေး ကျင်းဝမ်

4.7K 1K 16
                                    

Chapter (104-2) - ဖက်တီးလေး ကျင်းဝမ်



နို့ထိန်းသည် ဝမ့်ကုန်းကုန်း ၏စကားများမှန်ကန်ကြောင်း လေးနက်စွာယုံကြည်ခဲ့သည်။

အခြွေအရံများစွာဖြင့် ပြည်တော်ပြန် ခရီးစဉ်ကို အောင်မြင်စွာ စတင်ခဲ့သည်။ သို့သော်လည်း မိုင်ဝက်ပင် မရောက်သေးခင်  အပြင်ဘက်ရှိ ဝမ့်ရှီးသည် ရထားကို ရပ်တန့်ရန် ရုတ်တရက်  ပြတင်းပေါက်မှ လှမ်းကြည့်ရန် ကျင်းဝမ် နှင့် လီယွီကို တောင်းဆိုခဲ့သည်။  

ကျင်းဝမ် သည် ပြတင်းပေါက် ကန့်လန့်ကာကို ပင့် လိုက်သည်။ အနောက်တောင်တန်းမှ အရပ်သားများသည် လမ်းဘေးတစ်လျှောက် ဒူးထောက်နေသည်ကို တွေ့လိုက်ရသည်။

မြို့တော်ဝန်က ကျင်းဝမ် ကို ရှင်းပြခဲ့သည်။ ကျင်းဝမ် သည် ရွှေမြို့တော်သို့ ပြန်ပြီ ကြောင်း သိရှိပြီးနောက် အရပ်သားများက သူ့ကို နူတ်ဆက်ရန် အထူးရောက်လာကြသည်။

ကျင်းဝမ် သည် ဓားပြများကို ချေမှုန်းပြီး ကျိုင်းကောင်ကပ်ဘေးကိုလည်း နှိမ်နင်းခဲ့ပြီး ပြည်သူအများ၏ ဘဝများ သာယာဝပြောလာစေခဲ့သည်။ သူတို့ရဲ့ လေးစားမှု ကျေးဇူးတင်မှုကို ပြသတဲ့ နည်းလမ်းဟာ အလွန်ရိုးရှင်းသည်။  ကျင်းဝမ် နှင့် သူ့ ဝမ်ဖေး အား ပေးရန်အတွက် သူတို့၏ ကောင်းသောပစ္စည်းများ၊ အစားအသောက်၊ အဖျော်ယမကာ၊ အသုံးအဆောင်ပစ္စည်းများအားလုံးကို ဝါးခြင်းတောင်းအတွင်းတွင် ထည့်ကာ ယူဆောင်လာခြင်းဖြစ်သည်။

လူစုလူဝေးထဲတွင် တစ်ချိန်က ကျင်းဝမ် ၏အကူအညီပေးခဲ့ဖူးသော အဘွားအိုသည် သူ့မြေးကို ခေါ်ဆောင်လာပြီး သူ့အား မရပ်မနား အရိုသေပေးနေသည်။  

လီယွီက အစောင့်များကို ဓားပြများလက်မှ ကယ်တင်ရန် အစောင့်များကို အမိန့်ပေးခဲ့သည့် မွေးကင်းစကလေးငယ်များပင် ရောက်လာသည်။ နောက်ပိုင်းတွင် သူတို့၏ မိဘများကို အစောင့်များက တွေ့ရှိခဲ့သည်။ ယခုအခါ ကလေးငယ်များကို ပွေ့ချီထားသော မိဘများက ကျင်းဝမ် နှင့် လီယွီတို့ကို အရိုသေပေးနေသည်ကို လှမ်းမြင်လိုက်ရသည်။

လီယွီသည် မျက်ရည်အနည်းငယ်ကျလာသော်လည်း သူ ဘာပြန်ပြောရမှန်းမသိဖြစ်နေသည်။

ဘာမှပြောစရာမလိုဘူး။ မင်္ဂလာပွဲကြီးကျင်းပသည့်နေ့ကဲ့သို့ပင် သူတို့ဘက်သို့ လက်ပြနှုတ်ဆက်လိုက်သည်။

အရပ်သားများက ကျယ်လောင်စွာ တညီတညွတ်တည်း ပြောခဲ့သည်- "ကျေးဇူးပြုပြီး ဝမ်ရယ် နဲ့ ဝမ်ဖေးတို့ ဘေးကင်းစွာ ပြန်တော်မူပါ"  

အနောက်တောင်တန်းရှိ တောင်သူလယ်သမားများသည် ဖော်ရွေလွန်းလှသည်။ သူတို့ယူလာတဲ့ လက်ဆောင်တွေထဲမှာ ကြက်၊ ဘဲ၊ ဝက်၊ သိုးတွေတောင်ရှိတယ်။ အရာအားလုံးကို သူတို့နဲ့အတူ ယူဆောင်လာဖို့ မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်လိုက်တော့ ကျင်းဝမ် က လီယွီကို ကိုင်တွယ်ခွင့်ပေးလိုက်သည်။  လီယွီက ခဏလောက်စဉ်းစားပြီး ဝမ့်ရှီးကို  ထိုလက်ဆောင်ကို လက်ခံသည့် အထိမ်းအမှတ်အဖြစ် ကြက်ဥနီနှစ်လုံးနဲ့ ဘဲကင်တစ်ကောင်ကို သိမ်းထားဖို့ အမိန့်ပေးလိုက်တယ်။ တောင်သူတွေရဲ့ဘဝက မလွယ်ဘူးဆိုတာ သူ သိလို့ကျန်တဲ့ ပစ္စည်းတွေ ပြန်ယူဖို့ တောင်သူတွေကို တောင်းဆိုလိုက်သည်။

တောင်သူလယ်သမားများက ဝမ်ရယ်နှင့် ဝမ်ဖေးကို နှုတ်ဆက်ပြီးနောက် ပြန်သွားကြသည်။ ကျင်းဝမ် နှင့် လီယွီသည် မေပယ်လ်ဒေသမှ တရားဝင်ထွက်ခွာလာရသည့် အချိန်က နောက်ထပ် နှစ်နာရီအကြာမှ ဖြစ်သည်။
 
လီယွီသည် သူ့နောက်တွင် အစက်လေးတစ်စက်သာ မြင်ရတော့သည့် လယ်သမားလူအုပ်ကြီးကို ကြည့်ကာ အနာဂတ်တွင် အခွင့်ကောင်းရှိလျှင် ဤချစ်စရာလူတစ်စုအတွက် နောက်ထပ်များစွာ လုပ်ဆောင်နိုင်လိမ့်မည်ဟု တွေးလိုက်မိသည်။

ကျင်းဝမ် က တော်ဝင် မြို့တော်က ထွက်လာသောအခါတွင်လည်း သူတို့သည် အလျင်စလိုမဖြစ်ခဲ့ကြပေ။ တော်ဝင်မြို့ကို ပြန်ရောက်တော့လည်း အခြေနေက ငြိမ်သက်နေခဲ့သည်။

ကလေးတွေရှိနေတာကြောင့် သူတို့ရဲ့ခရီးစဉ်က  ပိုနှေးကွေးလာသည်။  လီယွီသည် ရှုခင်းကောင်းသော နေရာကို အလည်အပတ်သွားနေသလို ခံစားရသည်။

ကျင်းဝမ် ကတော့ သူတို့ရောက်တုန်းကအတိုင်းပါပဲ။ မြို့တစ်မြို့ကို ဖြတ်သွားတိုင်း သူသည် လီယွီအတွက် အစားအစာများကို ပြောင်းလဲပေးကာ အဆာပြေစားရန် ယူဆောင်လာခဲ့သည်။ မရင်းနှီးသော မြို့များတဝိုက်တွင် လမ်းလျှောက်ရင်း လီယွီ၏လက်ကို အမြဲတမ်း တင်းတင်းဆုပ်ကိုင်ထားကာ လီယွီ ရုတ်တရက် ထွက်သွားမည်ကို  ကြောက်နေသကဲ့သို့ပင်။

လီယွီကတော့  တွေးလိုက်မိသည်။ ဒီလူက သူ့ကို ငါးကြင်းနတ်ဆိုးလို့ ထင်နေသေးပေမယ့် သူ့ကို ဘာပဲဖြစ်ဖြစ် အမြဲတမ်း ကာကွယ်ပေးနေခဲ့သည်။  ဒီလူက ကလေးတွေကို အတူတူ ပြုစုစောင့်ရှောက်ပေးနေတဲ့ သူလည်း ဖြစ်သည်။ လီယွီသည် ရယ်စရာတွေးမိသော်လည်း ကျင်းဝမ် လုပ်ပေးသည့် လုပ်ရပ်အားလုံးအတွက် ရင်ထဲ  ထိထိမိမိ ခံစားခဲ့ရသည်။

အိမ်ထောင်ကျပြီးရင် ယောက်ျားတွေက သူတို့ရဲ့ လက်တွဲဖော်ကို မချစ်တော့ဘူးလို့ ဘယ်သူပြောလဲ။  

ကျင်းဝမ် က သူ့ကို ပိုကောင်းအောင် ဆက်ဆံတယ်လေ။

အချိန်အတော်ကြာအောင် မလုပ်ဆောင်ရသေးသော အဓိကမစ်ရှင်ဖြစ်သော တော်ဝင်မြို့သို့ ရောက်သောအခါ လီယွီသည် ယုတ်ညံ့သော System အကြောင်း မေ့လုနီးပါးဖြစ်သဖြင့် နောက်ဆုံးတွင် လီယွီအား System က သူ၏တည်ရှိမှုကို သတိပေးခဲ့သည်။

"အသိပေးချက်၊ ပင်မမစ်ရှင် 'အာဏာရှင်နှင့်အတူ မြစ်များနှင့် တောင်များကို မျှဝေခြင်း' စတင်လိုက်ပါပြီ။ ကျေးဇူးပြု၍ ချက်ခြင်းစစ်ဆေးပြီး အလုပ်၏အချက်အလက်ကို ရယူပါ။"

နောက်ဆုံးတော့ နောက်ဆုံးမစ်ရှင်ပေါ်လာတယ်။ လီယွီ စိတ်လှုပ်ရှားနေသော်လည်း လျင်မြန်စွာ ငြိမ်သက်သွားသည်။  

မြစ်တွေ တောင်တွေကို မျှဝေလိုက်ပါ၊ ဒါက အခုမြင်နေရတဲ့ မြစ်တွေ တောင်တွေကိုပြောတာလားဟု  သူတွေးလိုက်မိသည်။


ဘာမဟုတ်တဲ့ Systemက အရင်က အချစ်ရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေကို အမြဲပေးတယ်။ ဒီနောက်ဆုံးအခက်အခဲက နည်းနည်းတော့ ခက်ရမယ် မဟုတ်လား?

ကျင်းဝမ် နှင့် အတူ မြစ်များနှင့် တောင်တန်းများအကြောင်း ဆွေးနွေးခိုင်းတယ်ဆိုတာ သူထီးနန်းရရှိပြီးနောက် လုပ်ရမယ့် တစ်စုံတစ်ရာကို ညွှန်ပြနေခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် ဤတာဝန်ကို ထမ်းဆောင်ရန်၊ သူသည် ရာဇပလ္လင်အတွက် တိုက်ပွဲဝင်ရန် ကျင်းဝမ် ကို စောင့်ဆိုင်းရဦးမည့် သဘောရှိသည်။

အရင်က သူ့ရဲ့ mission အားလုံးကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့တာပဲလေ။ မစ်ရှင်က ဘယ်လောက်ပဲ ထူးဆန်းနေပါစေ နောက်ဆုံးပြီးခဲ့တာပဲ။ ဒီအလုပ်က အတူတူပဲ ဖြစ်သင့်တယ် မဟုတ်လား။  

အာဏာရှင်နဲ့ အတူ တိုင်းပြည်ကို ခွဲဝေ အုပ်ချုပ်ပေးမယ်......

အခု လုပ်ခိုင်းတဲ့မစ်ရှင်က အရင်တုန်းကလို ချစ်ကြည်နူး တစ်တီတူးရတဲ့မစ်ရှင်တွေနဲ့မတူပေ။    ဧကရီဖြစ်ဖို့ဆိုတာ ထည့်ပြောစရာပင် မလိုပေ။
 
လီယွီသည် သူ့မျက်လုံးထောင့်မှ တဆင့် သူ့လက်ကို ကိုင်ထားသည့်လူကို တစ်ချက်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့နှလုံးသားကို သူ့ဖာသာ မေးခွန်းထုတ်ခဲ့တယ်။ ဒီလူက သူ့ကို တိုင်းပြည်တစ်ခုကို အတူတူ မျှဝေပေးနိုင်ဖို့ လုံလောက်အောင်  ချစ်ပါ့မလား။

  နိုင်ငံတော်အာဏာသည် အခြားအရာများနှင့် မတူပေ။ ။ ဒါက အချစ်နဲ့ ရင်းနှီးမှုကို တော်တော်များများ စွန့်လွှတ်ရမယ့် အရာဖြစ်သည်။

သို့သော်... လီယွီသည် ကျင်းဝမ် ကို ယုံကြည်ရန် တစ်ချိန်က သဘောတူခဲ့ကြောင်း သတိရမိသည်။

အဲဒီအခါမှာ သူတို့ အောင်မြင်စွာ လက်တွဲနိုင်မယ်လို့ ယုံကြည်သည်။ ဒီနောက်ဆုံးမစ်ရှင်ကိုလည်း ပြီးအောင်လုပ်နိုင်မှာ သေချာသည်။

တော်ဝင်မြို့တော်သို့ ရောက်ပြီးနောက်တွင် သူတို့သည် အလွန်ပင်ပန်းကြသော်လည်း ပထမတာဝန်မှာ ဧကရာဇ်မင်းထံ သွားရောက်လည်ပတ်ရန် ဧကရာဇ်နန်းတော်သို့ ဝင်ရောက်ရန်ဖြစ်သည်။
 
ကျင်းဝမ် က ကလေးနှစ်ယောက်စီကို  လီယွီနဲ့ အတူပွေ့ကာ ခေါ်လာခဲ့သည်။  ဝမ့်ရှီးသည် သတင်းရယူရန် ကန်ချင်း နန်းတော်သို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။ လော့လွေ့စိန်းသည် ဧကရာဇ်မင်း၏ အမိန့်ကို လက်ခံရရှိပြီး နန်းတော်အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သည်။ ကျင်းဝမ် ရဲ့ မိသားစုကို အဝေးက မြင်လိုက်ရတော့ သူက ချက်ချင်းပဲ သူတို့ကို နှုတ်ဆက်လိုက်တယ်။  

လော့လွေ့စိန်းသည် လီယွီကို တစ်ခါမှ မမြင်ဖူးသေးဘဲ ယဉ်ကျေးစွာ နှုတ်ဆက်ခဲ့သည်။ ပေါင်းအာ့နှင့် ပေါင်းစန်းကို လီယွီ၏လက်နှစ်ဖက်ထဲ ပွေ့ထားသည်ကို မြင်ရသည့်အပြင် ကျင်းဝမ် ၏လက်များတွင် ပေါင်းရိကိုမြင်သောအခါ အပါးတော်မြဲလော့က ရယ်မောသံကို မထိန်းနိုင်တော့ပေ။

တကယ်လည်း တူလွန်းလှတယ်။ အထူးသဖြင့် ပေါင်းရိက ကျင်းဝမ် ရဲ့ ငယ်ရုပ်ကို တထေရာတည်း ပုံစံတူ အမွေဆက်ခံသူလေးဖြစ်သည်။

လော့လွေ့စိန်းသည် ပို၍ရင်းနှီးစေရန် နူတ်ဆက်ဖို့  ကြိုးပမ်းခဲ့သော်လည်း ဧကရာဇ်မင်းသည် နောက်ထပ်မစောင့်နိုင်တော့ဘဲ စိတ်မရှည်စွာဖြင့် နန်းတော်မှ ထွက်ခွာလာခဲ့သည်။

"ကျင်းဝမ် ဘယ်မှာလဲ" ဧကရာဇ်သည် ကျယ်လောင်စွာအော်ခေါ်ရင်း လမ်းလျှောက်လာသည်။  

ဧကရာဇ်လည်း မြေးငယ်လေးယောက်ကို မြင်လိုက်ရသည့်အခါ အေးခဲသွားပြီး နူတ်မှ စကားတလုံးပင် မထွက်လာနိုင်တော့ပေ။

ကျင်းဝမ် သည် ပေအနည်းငယ်အကွာတွင် ရပ်နေပြီး နူးညံ့သိမ်မွေ့သော ရုပ်ရည်ရှိသော လူငယ်တစ်ဦးသည် သူ့ဘေးနားတွင် ကပ်ရပ်နေသည်။ လူနှစ်ယောက်က ကလေးနှစ်ယောက်စီကို   ပွေ့ချီထားတယ်။

ကျင်းဝမ်သည် ဧကရာဇ်မင်းကိုမြင်သောအခါ လီယွီအား ဒူးထောက်ကာ ဦးညွှတ်ရန် အလျင်အမြန်ဆွဲလိုက်သည်။

ဧကရာဇ်မင်းသည် လော့လွေ့စိန်းကို ကူညီရန် အမိန့်ပေးခဲ့သည်။ ကျင်းဝမ် ကို ခဏလောက် စစ်ဆေးကြည့်ကာ ပြောခဲ့သည်။

 "မင်း အသား နည်းနည်း ပိုမည်းလာတယ်၊ ဒါပေမယ့်လည်း ပိုသန်မာလာတယ်"  

ထို့နောက် ဧကရာဇ်သည် ကျင်းဝမ် ၏နံဘေးတွင်ရှိသော လီယွီဆီသို့ လှမ်းကြည့်လိုက်သည်။ ဤလူငယ်၏ အသက်ဝင်တောက်ပသော မျက်လုံးများ၊ နှုတ်ခမ်းနီနှင့် သွားဖြူများက မျက်လုံးအား အလွန်နှစ်သက်စရာကြောင်း သူခံစားမိသည်။

ဧကရာဇ်သည် သူကို သိရှိထားပြီးဖြစ်လို့ နူတ်ဆက်လိုက်သည်။

 "မင်းက လီယွီလား?"

သူတို့၏င်္အကျီလက်အောက်တွင် ကျင်းဝမ်က လီယွီ၏လက်ကို ညင်သာစွာ ညှစ်ထားသည်။ လီယွီက သူ ဘာကိုဆိုလိုသည်ကို နားလည်လိုက်သည်။ ထို့အပြင် ဧကရာဇ်သည် သူ့အတွက် သူစိမ်းမဟုတ်ပေ။ ထို့ကြောင့် ဧကရာဇ်မင်းအား "ခမည်းတော်" ဟု စိတ်ချလက်ချ ခေါ်လိုက်သည်။.
 
ဧကရာဇ်မင်းသည် ဤစကားကိုကြားလိုက်ရသည့်အတွက် အလွန်ဝမ်းသာပီတိဖြစ်မိကာ၊ သူ့ဆီမှာ နောက်ထပ်သားတော် ထပ်မံရလာသကဲ့သို့ပင် ခံစားလိုက်ရသည်။ နောက်တော့ သူ့ရှေ့က လူနှစ်ယောက်ကို မြင်တော့ အသွင်အပြင်နဲ့ စိတ်နေစိတ်ထား ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဟာ အရမ်းလိုက်ဖက်ပြီး တော်တော်ကြည့်ကောင်းတဲ့ အတွဲတစ်တွဲလို ခံစားလိုက်ရသည်။
 
ဧကရာဇ်သည် ကြင်နာစွာ ခေါင်းညိတ်လိုက်သည်။

ပေါင်းရိနှင့် ပေါင်းဆုတို့ကို ကျင်းဝမ် က သယ်ဆောင်လာခဲ့သည်။ ဤနေရာသို့ လာရာလမ်းတွင် လီယွီက ကလေးများအား အသိပေးထားပြီးဖြစ်သည်။ ပေါင်းရိက ထူးဆန်းတဲ့ ရွှေရောင်အဝတ်အစား ဝတ်ထားတဲ့ ဒီလူက သူ့အဘိုးမှန်း သိနေတယ်။

ဒါပေမယ့် ပေါင်းရိက ဘယ်လို စပြောရမလဲ မသိသေးဘူး။ မကြာသေးမီက သူ ပါးစပ်ကိုဖွင့်လိုက်တိုင်း သွားရည်များက ကျလာသည်။ ပေါင်းရိက သူ့ဖာသာ အရှက်ခွဲမိမည်ကို ကြောက်နေသည်။ထို့ကြောင့် သူသည် အလိုလိုနှုတ်ပိတ်ကာ လူကြီးများကို အတုခိုးကာ နေခဲ့သည်။ ထွားကြိုင်းသော လက်သီးဆုပ်လေးကို ဆုပ်ကာ အဖိုးကို အရိုသေပေးလိုက်သည်။
 
ဧကရာဇ်၏အကြည့်သည် ပေါင်းရိထံ ချက်ချင်းရောက်သွားကာ  သူ ချက်ချင်း အံ့ဩသွားသည်။

အချိန်အတော်ကြာပြီးနောက် ဧကရာဇ်ဘုရင်က ပြုံးပြုံးရွှင်ရွှင်နဲ့ပြောခဲ့သည်။

 "ထျန်းချီ  ၊ ဒီကလေးက မင်းနဲ့ တကယ်တူတယ်။   မင်းက ကလေးဘဝတုန်း ကလို ဖက်တီးလေးပဲ  "

ဖက်တီးလေးလို့ အတော်ကြာအောင် မခေါ်မခံခဲ့ရတော့သည့်  ကျင်းဝမ် ၊ "......"

ဝမ့်ရှီး၊ ယဲ့ချင်းဟွမ်  နှင့် အခြားသူများအားလုံးသည် ကျင်းဝမ် ကို "ဖက်တီးလေး" လို့ သူ့ရှေ့မှာ တိုက်ရိုက်မခေါ်ဝံ့ကြဘူး။ ဧကရာဇ်တစ်ပါးတည်းသာ ကြောက်ရွံ့ခြင်းမရှိ ဒီလိုခေါ်ရဲတာဖြစ်သည်။

နောက်ဆုံးတော့ ကျင်းဝမ် သဘောပေါက်သွားတယ်။ ရှောင်ယွီ အရင်တုန်းက သူ့ရှေ့မှာ ပြောခဲ့ဖူးတဲ့ ဖက်တီးလေးက တကယ်တော့ သူကိုယ်တိုင်ပဲလား။

**********-*********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now