Chapter (144-2) - ဖျောင်းရွှယ်အတွက် ကလဲ့စား

3.8K 780 12
                                    

Chapter (144-2) - ဖျောင်းရွှယ်အတွက်  ကလဲ့စား


...... ချူးရန့်ယွီလား ?

လီယွီသည် ထိုလူကို မေ့လုနီးပါးပင်။ ချူးရန့်ယွီ ကို ကြိမ်ဒဏ်ခတ်ပြီးနောက် အအေးနန်းတော်ကို ပို့လိုက်ကတည်းက လီယွီက သူ့အကြောင်းကို ဘယ်တော့မှ မမေးခဲ့ပေ။  

လီယွီ က သူ့ကိုတားဖို့ အစီအစဉ်မရှိတာကို ဝမ့်ရှီး ကမြင်တော့ သူက ဆက်ပြောခဲ့သည်။

" ဒီကျွန်က သူ့လက်ရှိပုံပန်းသဏ္ဍာန်ကြောင့် သူ့ကို မမှတ်မိနိုင်လောက်အောင်ပါပဲ။ဒါပေမယ့် အအေးနန်းတော်သို့ အပို့ခံရပြီဆိုပေမယ့် ဒီလို အရာတွေက ဖြစ်လာမှာကို မမျှော်လင့်ထားမိဘူး"

နန်းတော်အတွင်း ရှင်သန်နေထိုင်နိုင်ဖို့ဆိုလျှင် အာဏာရှိသည့် လူတွေနဲ့  အဆက်အသွယ်များတွေပေါ်  အခြေခံထားသည်။ အထူးသဖြင့် တစ်သက်တာ အပြင်ကို  ထွက်ခွာရန် မဖြစ်နိုင်လောက်အောင် အအေးသောနန်းတော်ကဲ့သို့ နေရာတစ်ခုတွင် ထိုအချက်က ပိုထင်ရှားသည်။ ဥပမာ ချွီးရှီး  ကိုကြည့်ပါ။ သူမတွင် သားဖြစ်သူ အမတ်အန်းက နန်းတော်အပြင်ဘက်တွင် ရှိနေသည်။ အမတ်အန်း ကိုယ်တိုင်က အသုံးမဝင်ပေမယ့်၊ သူ့အိမ်တော် တည်ရှိနေသရွေ့ ချွီးရှီး  က ဘာမှမရှိတာထက် အများကြီး ပိုကောင်းတဲ့ အခြေအနေမှာ ရှိနေသေးသည်။

ကျောထောက်နောက်ခံ လုံးဝမရှိသော၊ ဧကရာဇ်မင်းမြတ်ကို စိတ်အနှောင့်ယှက်ပေးခဲ့သည့် အမှားများ ကျူးလွန်ခဲ့သည့်အတွက် အအေးနန်းတော်ကို အပို့ခံရသည့်  အစေခံများ၊ ကိုယ်လုပ်တော်များက  ညှဉ်းပန်းနှိပ်စက်ခြင်းကိုသာ ခံနေကြရသည်။

ပိုက်ဆံနည်းနည်းရှိတဲ့သူတွေက သူတို့ရဲ့ နေ့ရက်တွေကို နည်းနည်းလေး ပိုကောင်းအောင် ငွေကြေးကို သုံးစွဲကြပေမယ့် အနည်းငယ်သာ ခံသာကြသည်။  ပိုက်ဆံမရှိသူများသည် အခြေခံအားဖြင့် သူတို့၏ နေ့ရက်များကို  ဝေဒနာတွေ တမြည့်မြည့်ခံစားရင်း ဘဝကို ဖြတ်သန်းရသည်။

ချူးရန့်ယွီ သည် အအေးနန်းတော်သို့ ပထမဦးစွာရောက်ရှိလာသောအခါတွင်မူ မူလက သူ့အတွက် တန်ဖိုးရှိသောအရာများ ရှိခဲ့သည်။ သို့သော်လည်း သူသည် ကြိမ်ဒဏ်ပေးခံခဲ့ရသဖြင့်  ကောင်းစွာ မလှုပ်ရှားနိုင်ဘဲ သူ၏ပိုင်ဆိုင်မှုအများစုမှာ စက္ကန့်ပိုင်းအတွင်း မနာလိုဝန်တိုနေသော နန်းတော် အစေခံများ ဝိုင်းဝန်း လုယက်ကာ ခွဲဝေယူနေကြသည်ကို  မျက်လုံးပြူးလျက်သာ  စောင့်ကြည့်နေခဲ့ရသည်။

ထိုနန်းတော်အစေခံများသည် အစာငတ်နေသော ဝံပုလွေများနှင့်တူသည်။ လက်ကောက် တစ်ခုပင် လုယူသည့်အတွက် အပိုင်းပိုင်းကျိုးသွားခဲ့တယ်။ ချူးရန့်ယွီ က သူတို့ကို မတားနိုင်သည့်အပြင် သူ့ဒဏ်ရာအတွက် ကုသဖို့လည်း လိုအပ်သည်။ သူက သမားတော် ရှာပြီး ဆေးသောက်ချင်ပေမယ့် သူ မသိတဲ့လူတွေက အကြိမ်ပေါင်းများစွာ သူ့ကို လှည့်စားခဲ့သည်။  အဲဒီနောက်မှာတော့ သူ့မှာ ဘာမှ မကျန်တော့ဘူး။

အအေးနန်းတော်ထဲမှာ ဆေးဝါးအကြောင်း နည်းနည်းသိပြီး အသေးအဖွဲ ဒဏ်ရာကို ကုသပေးတဲ့ ကျွန်တစ်ယောက်ရှိသည်။ သူ့ပိုက်ဆံကို နောက်ဆုံး အသုံးပြုပြီး သူတို့တွေကြား အသုံးများတဲ့ ဆေး အဆီတစ်မျိုးကို ပေးခဲ့သည်။

ဒီဆီမွှေးဟာ သူ့အသက်ကို အနည်းဆုံး ကယ်တင်ခဲ့ပေမယ့် သူ့ခြေထောက်ကို မကယ်တင်ခဲ့ပေ။ ဆေး ကုသမှုခံယူဖို့ နောက်ကျသွားသောကြောင့် ဒဏ်ရာရသွားတဲ့ ခြေထောက်ဟာ သိမ်သွားပြီး လမ်းလျှောက်တဲ့အခါ ထော့နဲ့ ထော့နဲ့ ဖြစ်သွားခဲ့သည်။ ကြိမ်ဒဏ်ကြောင့် ရထားသည့်  ဒဏ်ရာ ဒဏ်ချက်တွေကိုလည်း ကုစားလို့မရနိုင်တော့ပေမယ့် အနည်းဆုံး သူ အသက်ရှင်နိုင်ခဲ့သည်။  

လက်ရှိတွင် ချူးရန့်ယွီ သည် ခေါင်မိုးတစ်ခု မိုးထားသည့် အခန်းကျဉ်းလေးထဲတွင်   နေထိုင်နေပါသည်။ နေ့တိုင်း မနက်အိပ်ရာထသောအခါတွင်တော့ ဘာမှလုပ်စရာမရှိပေ။ သူလုပ်နိုင်တာက ဗလာဖြစ်နေတဲ့ မျက်လုံးတစ်စုံနဲ့ သူ့ခေါင်းပေါ်က ကောင်းကင်ကို မော့ကြည့်ရန်သာ ဖြစ်သည်။

အကယ်၍ သူသည် ထိုက်ကျူဖေး အကြောင်းကို  သူ ဖော်ထုတ်ရန် မကြိုးစားခဲ့ပါက အိမ်ရှေ့မင်းသားကို ဒေါသထွက်အောင် မလှုံ့ဆောင်ခဲ့ပါက၊ သူ့ဘဝက ကိုယ်လုပ်တော်ငယ်အဖြစ် နန်းတော်ထဲမှာ အဆင့်တန်းရှိရှိ နေထိုင်ရဦးလိမ့်မည်။

 သူသာ ကိုယ်လုပ်တော်ဖြစ်ဖို့ နန်းတော်ထဲကို ဘယ်တော့မှ မဝင်ခဲ့ဘူးဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။

အိမ်ရှေ့စံ မင်းသားနောက်ကို လိုက်ခဲ့မယ်ဆိုရင် ဘယ်လောက် ကြီးမြတ်လိုက်မလဲ။  

အကယ်၍ သူသည် ဆဌမ  မင်းသားကို မသိခဲ့ပါက ဘယ်လောက် ကောင်းလိမ့်မလဲ. ....

သို့သော် ထိုအရာများ ဘယ်သောအခါမှ ဖြစ်မလာစေရန် ဆုတောင်းမိပေမယ့် ဘာမှ မပြောင်းလဲနိုင် တော့ပေ။ ၊ ထိုအရာသည် ချူးရန့်ယွီ ၏ တစ်ခုတည်းသော နှစ်သိမ့်မှုတစ်ခုဖြစ်ကာ ထိုသို့ ဖြစ်မလာစေဖို့သာ စိတ်ကူးယဉ်လျက် အချိန်ကို ကုန်ဆုံးနေတော့သည်။
အအေးနန်းတော် တွင် ထမင်းနှင့် ဟင်း အစားအသောက် နှစ်မျိုးလုံး ပေးပြီး အအေးနန်းတော် ၏ အုပ်ချုပ်သူ အပါးတော်မြဲကုန်းကုန်းက  ခွဲဝေပေးခဲ့သည်။ ငွေကြေးနှင့် ပံ့ပိုးပေးသူ ကူညီနိုင်သူ ရှိသည့် လူတွေက  အနည်းငယ်ကောင်းမွန်သော အစားသောက်ကို ရရှိခဲ့သည်။

သို့သော်  ဒဏ်ရာကို ကုသရန်အတွက် ချူးရန့်ယွီ သည် သူ၏နောက်ဆုံးငွေကိုပင် အသုံးပြုခဲ့ပြီး ကောင်းမွန်သော အထည်တစ်ထည်မျှပင် မကျန်ခဲ့ပေ။ အုပ်ချုပ်သူ  ကုန်းကုန်းက သူ့မှာ ဘာမှ မရှိတော့တာကို မြင်ပြီး စားကြွင်းစားကျန်နဲ့ ဟင်းရည်အေး နည်းနည်းသာ ပေးခဲ့သည်။ ချူးရန့်ယွီ သည် ဖယောင်းဝါး ကဲ့သို့ အရသာမရှိသည့် အစားစာတွေကို စားနေသည်။ ဒါတောင်မှ အစာမစားဘဲ နေလို့မရလို့သာ  မျိုချနေရသည်။  တစ်နေကုန် ငတ်မွတ်စွာ နေရပြီး ထမင်းတစ်နပ်စားပြီး ညစာ နောက်တစ်နပ် စားရသည်။ ထို့နောက် အိပ်ရန်အချိန်ရောက်လာပြီ။  

ဒီနေ့တော့ တစ်နပ်ပဲစားပြီးတော့ ရုတ်တရက် လူတစ်ယောက်က သူ့ကို လာတွေ့ခဲ့သည်။

ချူးရန့်ယွီ က သူ့ဖြစ်တည်မှုကို တစ်စုံတစ်ယောက်က ဘာကြောင့် မှတ်မိနေပါလိမ့်လို့ သိချင်နေခဲ့သည်။ အအေးနန်းတော်ထဲသို့ ဝင်ပြီးနောက် သူ၏သစ္စာရှိကျွန်များအားလုံး ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ဟုန်အာ ကိုသတိရနေဆဲဖြစ်သည်။  ဖြစ်နိုင်သည်မှာ ထိုလူများထဲမှ တစ်ဦးတစ်ယောက်မျှ ကောင်းသော အဆုံးသတ်မရှိခဲ့ပေ။ သူ့ဘဝက အခုလို နိမ့်ကျနေချိန် သူ့ကို ဘယ်သူကများ ဂရုစိုက်နေဦးမှာတဲ့လဲ။

သူ့ကို ဘယ်သူရှာနေမှန်း မသိပေမယ့် ဒီလိုအချိန်မျိုးမှာ သူ့ကို သတိရပြီး လာကြည့်ပေးခြင်းပင်လျှင် ဂရုစိုက်မှုတစ်မျိုး ဖြစ်နေပါပြီ။ ချူးရန့်ယွီ သည် သူ ဝတ်ထားသော ရိုးရှင်းသောအဝတ်ကြမ်းကို သပ်ရပ်အောင် ပြင်လိုက်ပြီး အခန်းထဲက ထွက်လာခဲ့သည်။ သူ့ကို နှုတ်ဆက်သည့်အရာမှာ ကျယ်လောင်ပြတ်သားသော လက်ဖဝါးသံဖြစ်ပြီး  ချူးရန့်ယွီ က ပြင်းထန်စွာ အရိုက် ခံလိုက်ရသောကြောင့် ယိမ်းထိုးသွားခဲ့သည်။

"ခွေးမ....နင်က  ငါ့ကြောင်ကို အသုံးချလောက်အောင် ဘယ်လောက်ထိ သတ္တိရှိနေတာလဲ"

အရပ်မြင့်မြင့်နှင့် ချွီးရှီးက သူ့ကို   ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။

ချူးရန့်ယွီ ၏ဦးခေါင်းသည် ပျားအုပ်တစ်အုပ် ပျံသန်းနေသကဲ့သို့ ကျယ်လောင်စွာ မြည်လာသည်။

တဖြေးဖြေးနဲ့ ဆူညံသံတွေ အားလုံး တဖြည်းဖြည်း မှိန်သွားတော့သည်။  သူသည် ချွီးရှီး  ၏နှုတ်ခမ်းများ အဖွင့်အပိတ်ကိုသာ မြင်နိုင်သော်လည်း သူမအော်သံကို ရှင်းရှင်းလင်းလင်း မကြားနိုင်တော့ပေ။

သူမ ဘေးတွင် နှင်းဖြူလို ဖြူဖွေးနေသည့် ကြောင်တစ်ကောင်သည် ပျင်းရိငြီးငွေ့စွာဖြင့် ခြေသည်းကို လျှာဖြင့်လျက်ရင်း မြေပြင်ပေါ်တွင် ဝပ်တွားကာ ထိုင်နေသည်။

ချွီးရှီး  က သူ မသိသေးသော အရာတစ်ခုကို ပြောလိုက်ပြီး သူမ၏ အင်္ကျီလက်မှ ပုလင်းကို ထုတ်ကာ ချူးရန့်ယွီ တစ်ခုလုံးကို ထိုအတွင်းမှအရည်ဖြင့်  လောင်းထည့်လိုက်သည်...  

"ထိုက်ကျူဖေး.... ဒီကျွန်က  ဒီအကြောင်းကို အအေးနန်းတော်ကို သွားတုန်း သိလိုက်ရပါတယ် ။"

 ဝမ့်ရှီး သည် အေးနန်းတော်တွင် ဖြစ်ပွားခဲ့သည့် စိတ်ဝင်စားဖွယ် အဖြစ်အပျက်များကို တက်ကြွစွာ ဖော်ပြပြီး လီယွီ ပြောလာမည့် စကားကို စောင့်မျှော်ခဲ့သည်။

"ဝမ့်ကုန်းကုန်း...ချွီးရှီးက  ချူးရန့်ယွီ ကိုရိုက်လိုက်တယ်လို့ ပြောလိုက်တာလား။"

လီယွီသည် အနည်းငယ် အံသြသွားသလို ခံစားလိုက်ရသည်။ ချွီးရှီး  က ချူးရန့်ယွီ ကို ဘယ်လို ရှာတွေ့တာလဲ။ ဒါက ဗီလိန်တွေကြားက တိုက်ပွဲလို့ ယူဆလို့ရသလား။

မည်သို့ပင်ဆိုစေကာမူ၊ ချူးရန့်ယွီ သည် အစွမ်းမရှိသော  ကြက်ဖတစ်ကောင်သာ ဖြစ်သည်။ သူသည် ချွီးရှီး  ကို အနိုင်ယူနိုင်မည်မဟုတ်ပေ။

ကွေ့ဖေးမယ်မယ် သည် ချူးကွေ့ရန်  နည်းနည်းပို၍ ပညာပေးနိုင်မည်ဟု  လီယွီ မျှော်လင့်ခဲ့မိသည်။ ခွေးသွေးကို ကြောင်ပေါ်မှာ ဖုံးကွယ်ထားရတာ တကယ်ကို ရွံရှာစရာကောင်းလွန်းတယ်။

"ထိုက်ကျူဖေး... ချွီးရှီး  က သူ့ကို ရိုက်နှက်ရုံသာမက ချူးရန့်ယွီ ကိုလည်း လက်ဆောင်သေးသေးလေး ပေးခဲ့သေးတယ်" ဝမ့်ရှီး က ထူးထူးခြားခြား ပြုံးလိုက်သည်။

အထင်မလွဲပါနဲ့။ ချွီးရှီးက ထိုအရည်ထဲ မည်သည့် အဆိပ်ဆေးမှ မထည့်ခဲ့ပေ။ အဲဒီအစား ခွေးသွေးတွေသာ ထည့်ထားသည်။ မျက်လုံးအတွက် မျက်လုံး၊ သွားတစ်ချောင်း အတွက် သွားတစ်ချောင်း ပြန်ကလဲ့စားချေခြင်းသာ ဖြစ်သည်။

ချူးရန့်ယွီ က သူ့လက်ဖြင့် ကာလျက်  ခွေးသွေးတွေ သူ့ပေါ်မကျအောင်  ထိန်းနိုင်ခဲ့တယ်၊ ဘာလို့ ချွီးရှီး က ကောင်းကောင်း မနေနိုင်တာလဲ။  

ချူးရန့်ယွီ ရရှိခဲ့သော ကြိမ်ဒဏ်သည် ဧကရာဇ်နှင့် အိမ်ရှေ့မင်းသားတို့ ပေးသည့်  ပြစ်ဒဏ်ဖြစ်သည်။ ဤခွေးသွေးပုလင်းသည် ချွီးရှီး က ပေးအပ်သည့် ပြစ်ဒဏ်ဖြစ်သည်။  

ထို့နောက် ချူးရန့်ယွီ သည် တကိုယ်လုံး ညှီနံ့ နံ့လျက် ရက်ပေါင်းများစွာ ရေမဆေးဘဲ ရေမချိုးရသေးတဲ့ အအေးနန်းတော်က လူတွေတောင် အားလုံးက သူ့ကို လှည့်ကြည့်နေကြသည်။

အအေးနန်းတော်တွင် ရေချိုးနိုင်မည့်  အခြေအနေမရှိပေ။ ချူးရန့်ယွီ ရူးလုမတတ် ဖြစ်သွားသည်။ သူသည် ရေတွင်းမှ ရေကိုသာခပ်ပြီး သူ့ကိုယ်ပေါ်က ခွေးသွေးတွေကို တတ်နိုင်သလောက် ဆေးချနိုင်ခဲ့သည်။ သို့သော် အကြိမ်ပေါင်းများစွာ ရေဆေးချပြီးသည့်တိုင် အနံ့က ပျောက်မသွားသေးပေ။

"အိုး...... နန်းတော်တွင်းက လူတွေအားလုံးက သူ့ကို ခွေးသွေးအိုးကြီးလို့ပဲ ခေါ်နေကြတယ်လို့ ဒီကျွန်အိုကြီးက ကြားခဲ့ရတယ်။" ဝမ့်ရှီး က ပြောခဲ့သည်။

လီယွီ : "..............."

လီယွီက ရယ်ချင်သော်လည်း ဒါက ရိုင်းစိုင်းတယ်လို့ သူ တွေးနေမိသည်။ အကြိမ်အနည်းငယ်လောက် ချောင်းဆိုးလိုက်မိသည်။
 
ချူးရန့်ယွီ နဲ့ ပတ်သက်ရင် မူလက သူတို့တစ်ယောက်စီတိုင်းဟာ သူတို့ရဲ့ လုပ်ရပ်တစ်ခုဆီတိုင်းက သူတပါးကို     ဒုက္ခဖြစ်အောင် အရင်လုပ်ခဲ့ကြသည်။  ဘယ်သူက သူတို့ကို ဒီလိုမျိုး လုပ်ခိုင်းလို့လဲ။ ဒါက သူတပါးကို ဒုက္ခပေးချင်သူတွေရဲ့ ကံကြမ္မာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်...။

ထို့အပြင် လီယွီသည် အိမ်ရှေ့မင်းသားကို သူ့ထံမှ ချူးရန့်ယွီ  ခိုးယူသွားနိုင်မည်ဟု လုံးဝ မခံစားရတော့ပေ။  

သူ ငါးတစ်ကောင်ဖြစ်စဉ်အချိန်ကပင် အိမ်ရှေ့မင်းသားသည် ချူးရန့်ယွီ ကို အမှန်တကယ် မကြိုက်ကြောင်း သူ တွေ့ရှိခဲ့ပြီးဖြစ်သည်။

အိမ်ရှေ့မင်းသား သဘောကျတဲ့လူက သူပဲ။ အိမ်ရှေ့မင်းသားကို သူလည်း သဘောကျပြီး အိမ်ရှေ့မင်းသားကို သစ္စာမဖောက်ဘူး။ လက်ဖက်စိမ်းကောင် ချူးရန့်ယွီ အတွက်က သူနဲ့ ထိုက်တန်တဲ့ နေရာကို ရောက်ရတာပဲလေ။

လီယွီ သည် ချူးရန့်ယွီ နှင့်ပတ်သက်သော သတင်းများကို သူ့ထံ သတင်းပို့ရန်မလိုအပ်တော့ကြောင်း ဝမ့်ရှီး ကိုပြောလိုက်သည်။ လူတစ်ဦး၏အချိန်သည် အကန့်အသတ်ရှိသည်။ မသက်ဆိုင်သောသူများ အကြောင်းဖြင် အချိန်ဖြုန်းမည့်အစား သူ့ခင်ပွန်းနှင့်သားတို့အကြောင်းကို  ပိုစဉ်းစားတာ ကောင်းပါသည်။

လွှတ်တော်တွင် သူ့ခင်ပွန်းဖြစ်သူ၏ လုပ်ငန်းသည် လမ်းကြောင်းမှန်ပေါ်သို့ တဖြည်းဖြည်း တိုးလာခဲ့သည်။ သူ စစချင်း အချိန်လောက် အလုပ်မရှုပ်တော့ဘူး။ ဧကရာဇ်မင်းသည် အိမ်ရှေ့မင်းသားကို ဘာမှမလုပ်ဘဲ နေတယ်လို့ မြင်လျှင် ပြဿနာရှိကောင်းရှိနိုင်သည်။ ဒါပေမယ့် တိုင်းပြည်ရေး ကို စီမံပြီးသောအခါ၊ သူသည် အိမ်ရှေ့မင်းသားအတွက် အလုပ်ဌာနတစ်ခုကို လျင်မြန်စွာ စီစဉ်ပေးသည်။ အိမ်ရှေ့မင်းသားမှာ လုပ်စရာတွေ အဆုံးမရှိ အမြဲရှိနေသည်။  သို့သော် သူ အားလပ်ချိန်တိုင်းတွင် လီယွီ နှင့် အတူနေဖို့ ချက်ခြင်းပြန်လာခဲ့သေးသည်။  

ကလေးတွေ အတွက်ကတော့ သူတို့ဟာ တော်ဝင်စာသင်ကျောင်းနှင့်  အိမ်ရှေ့မင်းသားရဲ့အိမ်တော် ကြားမှာ မကြာခဏ ကူးသန်း သွားလာလေ့ ရှိသည်။  မကြာသေးမီတွင်၊ သူတို့အားလုံးသည် တူ အသုံးပြုနည်းကို စတင်လေ့လာလာကြသည်။

လီယွီသည် မမွေးသေးသောကလေးကို ပြုစုပျိုးထောင်ရသည့် အဖြစ်ကို အလွန်ပင် ငြီးငွေ့လာသောကြောင့် ဘေးကင်းပြီး စိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခုကို ရှာဖွေချင်ခဲ့သည်။

"ဝမ့်ကုန်းကုန်း..ကျွန်တော်  ယောက်ျားလေးတွေနဲ့ ကလေးတွေအတွက် အချစ်တွေပြည့်နေတဲ့ ထမင်းဘူး လုပ်မယ်ဆိုရင် ဘယ်လိုလဲ...."

ကလေးများ သည် တော်ဝင်စာသင်ကျောင်း သို့ နေ့တိုင်းသွားခဲ့သည်။ လီယွီ သည် သူတို့၏ တူ ကိုင်နည်း အလေ့အကျင့်ကို သင်ယူခြင်းနှင့်အတူ ပေါင်းစပ်ကာ ကလေးတွေကို ချစ်စဖွယ် ဘန်းတိုး  ပြုလုပ်ရန် စိတ်ကူးကို ထွက်ပေါ်လာခဲ့သည်။  
(ဘန်းတိုး - Bento - ထမင်းဘူး (ဂျပန်အခေါ်ဝေါ်)

တစ်ချိန်တည်းမှာပင် သူသည် အိမ်ရှေ့မင်းသားအတွက် ထမင်းဘူးတစ်ချို့ကို လုပ်ထားပေးဖူးသည်ဖြစ်လို့ ထိုသို့လုပ်ရသည်ကို  ရင်းနှီးနေပြီဖြစ်သည်။

လီယွီသည် သူ့လက်ဖဝါးများကို ပွတ်သပ်ကာ သူ့င်္အကျီလက်များကို စိတ်အားထက်သန်စွာ ပင့်ကာ ကလေးများနှင့် ဖခင်ကို အံ့အားသင့်ဖွယ်  ဖြစ်စေရန် စီစဉ်နေသည်။

ကလေးတွေက သခွားသီးကို မစားချင်ကြပေမယ့် အစားအသောက်ကို ဇီဇာကြောင်တာက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အကျင့်တစ်ခုပါ။ ကလေးတွေရဲ့ အဖေတောင်   ချီးမွှမ်းခဲ့တဲ့ အံ့သြစရာကောင်းတဲ့ သခွားသီးသုပ်ကို သူဘာလို့ မလုပ်နိုင်ရမှာလဲ။

ဝမ့်ရှီး:.....!!  

ဝမ့်ရှီး သည် ထိုက်ကျူဖေး ၏ အချက်အပြုတ်ကျွမ်းကျင်မှုကို မြည်းစမ်းဖူးသည်။ ဒီအရသာက စကားလုံးတွေနဲ့ ဖော်ပြရဖို့ ခက်ခဲလွန်းလှသည်။  ကံကောင်းစွာနဲ့ အိမ်ရှေ့မင်းသားက အိမ်တော် တစ်ခုလုံးကို တိတ်တိတ်ဆိတ်ဆိတ်နေရန်  အမိန့်ပေးခဲ့တယ်။ ထိုက်ကျူဖေး က သူ့ချက်ပြုတ်တဲ့အရသာက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲ ဆိုတာ လုံးဝ မသိခဲ့ဘူး...။

မူလက ဤပြဿနာမျိုး ထပ်မဖြစ်တာ  ကြာမြင့်ခဲ့ပြီ။ ထိုက်ကျူဖေး ၏အဆင့်အတန်းသည် မြင့်မြတ်ပြီး ကလေးလည်း ကိုယ်ဝန်ရှိသောကြောင့် ထိုအရာကို မမှတ်မိလောက်ဘူးလို့  ဝမ့်ရှီး က ထင်ခဲ့ပေမယ့်  မထင်မှတ်ဘဲ၊ ထိုက်ကျူဖေးက တွေးရုံသာမက ချက်ချင်းပင် လုပ်ချင်ခဲ့သည်။

ထိုက်ကျူဖေး သည် ထိုက်ကျူတျန်းရှ နှင့် သခင်ငယ်များအတွက် ချက်ပြုတ်လိုခဲ့သည်။ သူ့ကို ဘယ်သူ တားနိုင်မလဲ။ ဝမ်ရှီသည် အိမ်ရှေ့မင်းသားကို ချက်ချင်းအကြောင်းကြားရန် လိုအပ်လာခဲ့ပြီ.....

***********-*************
























































































Chapter (144-2) - ေဖ်ာင္းရႊယ္အတြက္  ကလဲ့စား


...... ခ်ဴးရန္႕ယြီလား ?

လီယြီသည္ ထိုလူကို ေမ့လုနီးပါးပင္။ ခ်ဴးရန္႕ယြီ ကို ႀကိမ္ဒဏ္ခတ္ၿပီးေနာက္ အေအးနန္းေတာ္ကို ပို႔လိုက္ကတည္းက လီယြီက သူ႔အေၾကာင္းကို ဘယ္ေတာ့မွ မေမးခဲ့ေပ။  

လီယြီ က သူ႔ကိုတားဖို႔ အစီအစဥ္မရွိတာကို ဝမ့္ရွီး ကျမင္ေတာ့ သူက ဆက္ေျပာခဲ့သည္။

" ဒီကြၽန္က သူ႔လက္ရွိပုံပန္းသ႑ာန္ေႀကာင့္ သူ႔ကို မမွတ္မိႏိုင္ေလာက္ေအာင္ပါပဲ။ဒါေပမယ့္ အေအးနန္းေတာ္သို႔ အပို႕ခံရျပီဆိုေပမယ့္ ဒီလို အရာေတြက ျဖစ္လာမွာကို မေမွ်ာ္လင့္ထားမိဘူး"

နန္းေတာ္အတြင္း ရွင္သန္ေနထိုင္နိုင္ဖို႕ဆိုလွ်င္ အာဏာရွိသည့္ လူေတြနဲ႕  အဆက္အသြယ္မ်ားေတြေပၚ  အေျခခံထားသည္။ အထူးသျဖင့္ တစ္သက္တာ အျပင္ကို  ထြက္ခြာရန္ မျဖစ္ႏိုင္ေလာက္ေအာင္ အေအးေသာနန္းေတာ္ကဲ့သို႔ ေနရာတစ္ခုတြင္ ထိုအခ်က္က ပိုထင္ရွားသည္။ ဥပမာ ခ်ြီးရွီး  ကိုၾကည့္ပါ။ သူမတြင္ သားျဖစ္သူ အမတ္အန္းက နန္းေတာ္အျပင္ဘက္တြင္ ရွိေနသည္။ အမတ္အန္း ကိုယ္တိုင္က အသုံးမဝင္ေပမယ့္၊ သူ႔အိမ္ေတာ္ တည္ရွိေနသေ႐ြ႕ ခ်ြီးရွီး  က ဘာမွမရွိတာထက္ အမ်ားႀကီး ပိုေကာင္းတဲ့ အေျခအေနမွာ ရွိေနေသးသည္။

ေက်ာေထာက္ေနာက္ခံ လုံးဝမရွိေသာ၊ ဧကရာဇ္မင္းျမတ္ကို စိတ္အေႏွာင့္ယွက္ေပးခဲ့သည့္ အမွားမ်ား က်ဴးလြန္ခဲ့သည့္အတြက္ အေအးနန္းေတာ္ကို အပို႕ခံရသည့္  အေစခံမ်ား၊ ကိုယ္လုပ္ေတာ္မ်ားက  ညႇဥ္းပန္းႏွိပ္စက္ျခင္းကိုသာ ခံေနၾကရသည္။

ပိုက္ဆံနည္းနည္းရွိတဲ့သူေတြက သူတို႔ရဲ႕ ေန႔ရက္ေတြကို နည္းနည္းေလး ပိုေကာင္းေအာင္ ေငြေႀကးကို သုံးစြဲၾကေပမယ့္ အနည္းငယ္သာ ခံသာႀကသည္။  ပိုက္ဆံမရွိသူမ်ားသည္ အေျခခံအားျဖင့္ သူတို႔၏ ေန႔ရက္မ်ားကို  ေဝဒနာေတြ တျမည့္ျမည့္ခံစားရင္း ဘဝကို ျဖတ္သန္းရသည္။

ခ်ဴးရန္႕ယြီ သည္ အေအးနန္းေတာ္သို႔ ပထမဦးစြာေရာက္ရွိလာေသာအခါတြင္မူ မူလက သူ႔အတြက္ တန္ဖိုးရွိေသာအရာမ်ား ရွိခဲ့သည္။ သို႔ေသာ္လည္း သူသည္ ႀကိမ္ဒဏ္ေပးခံခဲ့ရသျဖင့္  ေကာင္းစြာ မလႈပ္ရွားႏိုင္ဘဲ သူ၏ပိုင္ဆိုင္မႈအမ်ားစုမွာ စကၠန႔္ပိုင္းအတြင္း မနာလိုဝန္တိုေနေသာ နန္းေတာ္ အေစခံမ်ား ဝိုင္းဝန္း လုယက္ကာ ခြဲေဝယူေနႀကသည္ကို  မ်က္လုံးျပဴးလ်က္သာ  ေစာင့္ၾကည့္ေနခဲ့ရသည္။

ထိုနန္းေတာ္အေစခံမ်ားသည္ အစာငတ္ေနေသာ ဝံပုေလြမ်ားႏွင့္တူသည္။ လက္ေကာက္ တစ္ခုပင္ လုယူသည့္အတြက္ အပိုင္းပိုင္းက်ိဳးသြားခဲ့တယ္။ ခ်ဴးရန္႕ယြီ က သူတို႔ကို မတားႏိုင္သည့္အျပင္ သူ႔ဒဏ္ရာအတြက္ ကုသဖို႔လည္း လိုအပ္သည္။ သူက သမားေတာ္ ရွာၿပီး ေဆးေသာက္ခ်င္ေပမယ့္ သူ မသိတဲ့လူေတြက အႀကိမ္ေပါင္းမ်ားစြာ သူ႕ကို လွည့္စားခဲ့သည္။  အဲဒီေနာက္မွာေတာ့ သူ႔မွာ ဘာမွ မက်န္ေတာ့ဘူး။

အေအးနန္းေတာ္ထဲမွာ ေဆးဝါးအေႀကာင္း နည္းနည္းသိၿပီး အေသးအဖြဲ ဒဏ္ရာကို ကုသေပးတဲ့ ကြၽန္တစ္ေယာက္ရွိသည္။ သူ႔ပိုက္ဆံကို ေနာက္ဆုံး အသံုးျပဳၿပီး သူတို႔ေတြႀကား အသုံးမ်ားတဲ့ ေဆး အဆီတစ္မ်ိဳးကို ေပးခဲ့သည္။

ဒီဆီေမႊးဟာ သူ႔အသက္ကို အနည္းဆုံး ကယ္တင္ခဲ့ေပမယ့္ သူ႔ေျခေထာက္ကို မကယ္တင္ခဲ့ေပ။ ေဆး ကုသမႈခံယူဖို႕ ေနာက္က်သြားေသာေႀကာင့္ ဒဏ္ရာရသြားတဲ့ ေျခေထာက္ဟာ သိမ္သြားျပီး လမ္းေလွ်ာက္တဲ့အခါ ေထာ့နဲ႔ ေထာ့နဲ႔ ျဖစ္သြားခဲ့သည္။ ႀကိမ္ဒဏ္ေႀကာင့္ ရထားသည့္  ဒဏ္ရာ ဒဏ္ခ်က္ေတြကိုလည္း ကုစားလို႔မရနိုင္ေတာ့ေပမယ့္ အနည္းဆုံး သူ အသက္ရွင္ႏိုင္ခဲ့သည္။  

လက္ရွိတြင္ ခ်ဴးရန္႕ယြီ သည္ ေခါင္မိုးတစ္ခု မိုးထားသည့္ အခန္းက်ဥ္းေလးထဲတြင္   ေနထိုင္ေနပါသည္။ ေန႔တိုင္း မနက္အိပ္ရာထေသာအခါတြင္ေတာ့ ဘာမွလုပ္စရာမရွိေပ။ သူလုပ္ႏိုင္တာက ဗလာျဖစ္ေနတဲ့ မ်က္လုံးတစ္စုံနဲ႔ သူ႔ေခါင္းေပၚက ေကာင္းကင္ကို ေမာ့ၾကည့္ရန္သာ ျဖစ္သည္။

အကယ္၍ သူသည္ ထိုက္က်ဴေဖး အေႀကာင္းကို  သူ ေဖာ္ထုတ္ရန္ မႀကိဳးစားခဲ့ပါက အိမ္ေရွ႕မင္းသားကို ေဒါသထြက္ေအာင္ မလႈံ႕ေဆာင္ခဲ့ပါက၊ သူ႕ဘဝက ကိုယ္လုပ္ေတာ္ငယ္အျဖစ္ နန္းေတာ္ထဲမွာ အဆင့္တန္းရွိရွိ ေနထိုင္ရဦးလိမ့္မည္။

 သူသာ ကိုယ္လုပ္ေတာ္ျဖစ္ဖို႔ နန္းေတာ္ထဲကို ဘယ္ေတာ့မွ မဝင္ခဲ့ဘူးဆိုရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲ။

အိမ္ေရွ႕စံ မင္းသားေနာက္ကို လိုက္ခဲ့မယ္ဆိုရင္ ဘယ္ေလာက္ ႀကီးျမတ္လိုက္မလဲ။  

အကယ္၍ သူသည္ ဆဌမ  မင္းသားကို မသိခဲ့ပါက ဘယ္ေလာက္ ေကာင္းလိမ့္မလဲ. ....

သို႔ေသာ္ ထိုအရာမ်ား ဘယ္ေသာအခါမွ ျဖစ္မလာေစရန္ ဆုေတာင္းမိေပမယ့္ ဘာမွ မေျပာင္းလဲနုိင္ ေတာ့ေပ။ ၊ ထိုအရာသည္ ခ်ဴးရန္႕ယြီ ၏ တစ္ခုတည္းေသာ ႏွစ္သိမ့္မႈတစ္ခုျဖစ္ကာ ထိုသို႕ ျဖစ္မလာေစဖို႕သာ စိတ္ကူးယဥ္လ်က္ အခ်ိန္ကို ကုန္ဆံုးေနေတာ့သည္။
အေအးနန္းေတာ္ တြင္ ထမင္းနွင့္ ဟင္း အစားအေသာက္ ႏွစ္မ်ိဳးလုံး ေပးျပီး အေအးနန္းေတာ္ ၏ အုပ္ခ်ဳပ္သူ အပါးေတာ္ျမဲကုန္းကုန္းက  ခြဲေဝေပးခဲ့သည္။ ေငြေၾကးႏွင့္ ပံ့ပိုးေပးသူ ကူညီနုိင္သူ ရွိသည့္ လူေတြက  အနည္းငယ္ေကာင္းမြန္ေသာ အစားေသာက္ကို ရရွိခဲ့သည္။

သို႔ေသာ္  ဒဏ္ရာကို ကုသရန္အတြက္ ခ်ဴးရန္႕ယြီ သည္ သူ၏ေနာက္ဆုံးေငြကိုပင္ အသုံးျပဳခဲ့ၿပီး ေကာင္းမြန္ေသာ အထည္တစ္ထည္မွ်ပင္ မက်န္ခဲ့ေပ။ အုပ္ခ်ဳပ္သူ  ကုန္းကုန္းက သူ႔မွာ ဘာမွ မရွိေတာ့တာကို ျမင္ၿပီး စားႂကြင္းစားက်န္နဲ႔ ဟင္းရည္ေအး နည္းနည္းသာ ေပးခဲ့သည္။ ခ်ဴးရန္႕ယြီ သည္ ဖေယာင္းဝါး ကဲ့သို႔ အရသာမရွိသည့္ အစားစာေတြကို စားေနသည္။ ဒါေတာင္မွ အစာမစားဘဲ ေနလို႕မရလို႕သာ  မ်ိဳခ်ေနရသည္။  တစ္ေနကုန္ ငတ္မြတ္စြာ ေနရျပီး ထမင္းတစ္နပ္စားၿပီး ညစာ ေနာက္တစ္နပ္ စားရသည္။ ထို႔ေနာက္ အိပ္ရန္အခ်ိန္ေရာက္လာျပီ။  

ဒီေန႔ေတာ့ တစ္နပ္ပဲစားၿပီးေတာ့ ႐ုတ္တရက္ လူတစ္ေယာက္က သူ႔ကို လာေတြ႕ခဲ့သည္။

ခ်ဴးရန္႕ယြီ က သူ႔ျဖစ္တည္မႈကို တစ္စုံတစ္ေယာက္က ဘာေၾကာင့္ မွတ္မိေနပါလိမ့္လို႔ သိခ်င္ေနခဲ့သည္။ အေအးနန္းေတာ္ထဲသို႔ ဝင္ၿပီးေနာက္ သူ၏သစၥာရွိကြၽန္မ်ားအားလုံး ေပ်ာက္ကြယ္သြားခဲ့သည္။ သို႔ေသာ္ ဟုန္အာ ကိုသတိရေနဆဲျဖစ္သည္။  ျဖစ္ႏိုင္သည္မွာ ထိုလူမ်ားထဲမွ တစ္ဦးတစ္ေယာက္မွ် ေကာင္းေသာ အဆုံးသတ္မရွိခဲ့ေပ။ သူ႕ဘဝက အခုလို နိမ့္က်ေနခ်ိန္ သူ႕ကို ဘယ္သူကမ်ား ဂရုစိုက္ေနဦးမွာတဲ့လဲ။

သူ႔ကို ဘယ္သူရွာေနမွန္း မသိေပမယ့္ ဒီလိုအခ်ိန္မ်ိဳးမွာ သူ႔ကို သတိရျပီး လာႀကည့္ေပးျခင္းပင္လွ်င္ ဂ႐ုစိုက္မႈတစ္မ်ိဳး ျဖစ္ေနပါၿပီ။ ခ်ဴးရန္႕ယြီ သည္ သူ ဝတ္ထားေသာ ႐ိုးရွင္းေသာအဝတ္ၾကမ္းကို သပ္ရပ္ေအာင္ ျပင္လိုက္ၿပီး အခန္းထဲက ထြက္လာခဲ့သည္။ သူ႔ကို ႏႈတ္ဆက္သည့္အရာမွာ က်ယ္ေလာင္ျပတ္သားေသာ လက္ဖဝါးသံျဖစ္ျပီး  ခ်ဴးရန္႕ယြီ က ျပင္းထန္စြာ အရိုက္ ခံလိုက္ရေသာေၾကာင့္ ယိမ္းထိုးသြားခဲ့သည္။

"ေခြးမ....နင္က  ငါ့ေၾကာင္ကို အသံုးခ်ေလာက္ေအာင္ ဘယ္ေလာက္ထိ သတၱိရွိေနတာလဲ"

အရပ္ျမင့္ျမင့္နွင့္ ခြ်ီးရွီးက သူ႕ကို   က်ယ္ေလာင္စြာ က်ိန္ဆဲလိုက္သည္။

ခ်ဴးရန္႕ယြီ ၏ဦးေခါင္းသည္ ပ်ားအုပ္တစ္အုပ္ ပ်ံသန္းေနသကဲ့သို႔ က်ယ္ေလာင္စြာ ျမည္လာသည္။

တေျဖးေျဖးနဲ႔ ဆူညံသံေတြ အားလုံး တျဖည္းျဖည္း မွိန္သြားေတာ့သည္။  သူသည္ ခ်ြီးရွီး  ၏ႏႈတ္ခမ္းမ်ား အဖြင့္အပိတ္ကိုသာ ျမင္ႏိုင္ေသာ္လည္း သူမေအာ္သံကို ရွင္းရွင္းလင္းလင္း မၾကားႏိုင္ေတာ့ေပ။

သူမ ေဘးတြင္ နွင္းျဖဴလို ျဖဴေဖြးေနသည့္ ေၾကာင္တစ္ေကာင္သည္ ပ်င္းရိၿငီးေငြ႕စြာျဖင့္ ေျခသည္းကို လွ်ာျဖင့္လ်က္ရင္း ေျမျပင္ေပၚတြင္ ဝပ္တြားကာ ထိုင္ေနသည္။

ခ်ြီးရွီး  က သူ မသိေသးေသာ အရာတစ္ခုကို ေျပာလိုက္ၿပီး သူမ၏ အက်ႌလက္မွ ပုလင္းကို ထုတ္ကာ ခ်ဴးရန္႕ယြီ တစ္ခုလုံးကို ထိုအတြင္းမွအရည္ျဖင့္  ေလာင္းထည့္လိုက္သည္...  

"ထိုက္က်ဴေဖး.... ဒီကြၽန္က  ဒီအေၿကာင္းကို အေအးနန္းေတာ္ကို သြားတုန္း သိလိုက္ရပါတယ္ ။"

 ဝမ့္ရွီး သည္ ေအးနန္းေတာ္တြင္ ျဖစ္ပြားခဲ့သည့္ စိတ္ဝင္စားဖြယ္ အျဖစ္အပ်က္မ်ားကို တက္ႂကြစြာ ေဖာ္ျပၿပီး လီယြီ ေျပာလာမည့္ စကားကို ေစာင့္ေမွ်ာ္ခဲ့သည္။

"ဝမ့္ကုန္းကုန္း...ခြ်ီးရွီးက  ခ်ဴးရန္႕ယြီ ကို႐ိုက္လိုက္တယ္လို႕ ေျပာလိုက္တာလား။"

လီယြီသည္ အနည္းငယ္ အံၾသသြားသလို ခံစားလိုက္ရသည္။ ခ်ြီးရွီး  က ခ်ဴးရန္႕ယြီ ကို ဘယ္လို ရွာေတြ႕တာလဲ။ ဒါက ဗီလိန္ေတြၾကားက တိုက္ပြဲလို႕ ယူဆလို႕ရသလား။

မည္သို႔ပင္ဆိုေစကာမူ၊ ခ်ဴးရန္႕ယြီ သည္ အစြမ္းမရွိေသာ  ၾကက္ဖတစ္ေကာင္သာ ျဖစ္သည္။ သူသည္ ခ်ြီးရွီး  ကို အႏိုင္ယူႏိုင္မည္မဟုတ္ေပ။

ေကြ႕ေဖးမယ္မယ္ သည္ ခ်ဴးေကြ႕ရန္  နည္းနည္းပို၍ ပညာေပးႏိုင္မည္ဟု  လီယြီ ေမွ်ာ္လင့္ခဲ့မိသည္။ ေခြးေသြးကို ေၾကာင္ေပၚမွာ ဖုံးကြယ္ထားရတာ တကယ္ကို ႐ြံရွာစရာေကာင္းလြန္းတယ္။

"ထိုက္က်ဴေဖး... ခ်ြီးရွီး  က သူ႔ကို ႐ိုက္ႏွက္႐ုံသာမက ခ်ဴးရန္႕ယြီ ကိုလည္း လက္ေဆာင္ေသးေသးေလး ေပးခဲ့ေသးတယ္" ဝမ့္ရွီး က ထူးထူးျခားျခား ၿပဳံးလိုက္သည္။

အထင္မလြဲပါနဲ႔။ ခ်ြီးရွီးက ထိုအရည္ထဲ မည္သည့္ အဆိပ္ေဆးမွ မထည့္ခဲ့ေပ။ အဲဒီအစား ေခြးေသြးေတြသာ ထည့္ထားသည္။ မ်က္လုံးအတြက္ မ်က္လုံး၊ သြားတစ္ေခ်ာင္း အတြက္ သြားတစ္ေခ်ာင္း ျပန္ကလဲ့စားေခ်ျခင္းသာ ျဖစ္သည္။

ခ်ဴးရန္႕ယြီ က သူ႔လက္ျဖင့္ ကာလ်က္  ေခြးေသြးေတြ သူ႕ေပၚမက်ေအာင္  ထိန္းႏိုင္ခဲ့တယ္၊ ဘာလို႔ ခ်ြီးရွီး က ေကာင္းေကာင္း မေနႏိုင္တာလဲ။  

ခ်ဴးရန္႕ယြီ ရရွိခဲ့ေသာ ႀကိမ္ဒဏ္သည္ ဧကရာဇ္ႏွင့္ အိမ္ေရွ႕မင္းသားတို႔ ေပးသည့္  ျပစ္ဒဏ္ျဖစ္သည္။ ဤေခြးေသြးပုလင္းသည္ ခ်ြီးရွီး က ေပးအပ္သည့္ ျပစ္ဒဏ္ျဖစ္သည္။  

ထို႔ေနာက္ ခ်ဴးရန္႕ယြီ သည္ တကိုယ္လုံး ညွီနံ႕ နံ႕လ်က္ ရက္ေပါင္းမ်ားစြာ ေရမေဆးဘဲ ေရမခ်ိဳးရေသးတဲ့ အေအးနန္းေတာ္က လူေတြေတာင္ အားလုံးက သူ႔ကို လွည့္ႀကည့္ေနၾကသည္။

အေအးနန္းေတာ္တြင္ ေရခ်ိဳးနိုင္မည့္  အေျခအေနမရွိေပ။ ခ်ဴးရန္႕ယြီ ႐ူးလုမတတ္ ျဖစ္သြားသည္။ သူသည္ ေရတြင္းမွ ေရကိုသာခပ္ၿပီး သူ႕ကိုယ္ေပၚက ေခြးေသြးေတြကို တတ္နိုင္သေလာက္ ေဆးခ်ႏိုင္ခဲ့သည္။ သို႔ေသာ္ အႀကိမ္ေပါင္းမ်ားစြာ ေရေဆးခ်ၿပီးသည့္တိုင္ အနံ႔က ေပ်ာက္မသြားေသးေပ။

"အိုး...... နန္းေတာ္တြင္းက လူေတြအားလုံးက သူ႔ကို ေခြးေသြးအိုးႀကီးလို႔ပဲ ေခၚေနၾကတယ္လို႔ ဒီကြၽန္အိုႀကီးက ၾကားခဲ့ရတယ္။" ဝမ့္ရွီး က ေျပာခဲ့သည္။

လီယြီ : "..............."

လီယြီက ရယ္ခ်င္ေသာ္လည္း ဒါက ႐ိုင္းစိုင္းတယ္လို႕ သူ ေတြးေနမိသည္။ အႀကိမ္အနည္းငယ္ေလာက္ ေခ်ာင္းဆိုးလိုက္မိသည္။
 
ခ်ဴးရန္႕ယြီ နဲ႔ ပတ္သက္ရင္ မူလက သူတို ့တစ္ေယာက္စီတိုင္းဟာ သူတို႔ရဲ႕ လုပ္ရပ္တစ္ခုဆီတိုင္းက သူတပါးကို     ဒုကၡျဖစ္ေအာင္ အရင္လုပ္ခဲ့ႀကသည္။  ဘယ္သူက သူတို႕ကို ဒီလိုမ်ိဳး လုပ္ခုိင္းလို႕လဲ။ ဒါက သူတပါးကို ဒုကၡေပးခ်င္သူေတြရဲ႕ ကံၾကမၼာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္...။

ထို႔အျပင္ လီယြီသည္ အိမ္ေရွ႕မင္းသားကို သူ႕ထံမွ ခ်ဴးရန္႕ယြီ  ခိုးယူသြားနိုင္မည္ဟု လုံးဝ မခံစားရေတာ့ေပ။  

သူ ငါးတစ္ေကာင္ျဖစ္စဥ္အခ်ိန္ကပင္ အိမ္ေရွ႕မင္းသားသည္ ခ်ဴးရန္႕ယြီ ကို အမွန္တကယ္ မႀကိဳက္ေၾကာင္း သူ ေတြ႕ရွိခဲ့ၿပီးျဖစ္သည္။

အိမ္ေရွ႕မင္းသား သေဘာက်တဲ့လူက သူပဲ။ အိမ္ေရွ႕မင္းသားကို သူလည္း သေဘာက်ၿပီး အိမ္ေရွ႕မင္းသားကို သစၥာမေဖာက္ဘူး။ လက္ဖက္စိ္မ္းေကာင္ ခ်ဴးရန္႕ယြီ အတြက္က သူနဲ႕ ထိုက္တန္တဲ့ ေနရာကို ေရာက္ရတာပဲေလ။

လီယြီ သည္ ခ်ဴးရန္႕ယြီ ႏွင့္ပတ္သက္ေသာ သတင္းမ်ားကို သူ႔ထံ သတင္းပို႔ရန္မလိုအပ္ေတာ့ေၾကာင္း ဝမ့္ရွီး ကိုေျပာလိုက္သည္။ လူတစ္ဦး၏အခ်ိန္သည္ အကန႔္အသတ္ရွိသည္။ မသက္ဆိုင္ေသာသူမ်ား အေႀကာင္းျဖင္ အခ်ိန္ျဖဳန္းမည့္အစား သူ႔ခင္ပြန္းႏွင့္သားတို႔အေၾကာင္းကို  ပိုစဥ္းစားတာ ေကာင္းပါသည္။

လႊတ္ေတာ္တြင္ သူ႕ခင္ပြန္းျဖစ္သူ၏ လုပ္ငန္းသည္ လမ္းေၾကာင္းမွန္ေပၚသို႔ တျဖည္းျဖည္း တိုးလာခဲ့သည္။ သူ စစခ်င္း အခ်ိန္ေလာက္ အလုပ္မရႈပ္ေတာ့ဘူး။ ဧကရာဇ္မင္းသည္ အိမ္ေရွ႕မင္းသားကို ဘာမွမလုပ္ဘဲ ေနတယ္လို႕ ျမင္လွ်င္ ျပႆနာရွိေကာင္းရွိႏိုင္သည္။ ဒါေပမယ့္ တုိင္းျပည္ေရး ကို စီမံၿပီးေသာအခါ၊ သူသည္ အိမ္ေရွ႕မင္းသားအတြက္ အလုပ္ဌာနတစ္ခုကို လ်င္ျမန္စြာ စီစဥ္ေပးသည္။ အိမ္ေရွ႕မင္းသားမွာ လုပ္စရာေတြ အဆုံးမရွိ အၿမဲရွိေနသည္။  သို႔ေသာ္ သူ အားလပ္ခ်ိန္တိုင္းတြင္ လီယြီ နွင့္ အတူေနဖို႕ ခ်က္ျခင္းျပန္လာခဲ့ေသးသည္။  

ကေလးေတြ အတြက္ကေတာ့ သူတို႔ဟာ ေတာ္ဝင္စာသင္ေက်ာင္းနွင့္  အိမ္ေရွ႕မင္းသားရဲ႕အိမ္ေတာ္ ၾကားမွာ မၾကာခဏ ကူးသန္း သြားလာေလ့ ရွိသည္။  မၾကာေသးမီတြင္၊ သူတို႔အားလုံးသည္ တူ အသုံးျပဳနည္းကို စတင္ေလ့လာလာၾကသည္။

လီယြီသည္ မေမြးေသးေသာကေလးကို ျပဳစုပ်ိဳးေထာင္ရသည့္ အျဖစ္ကို အလြန္ပင္ ၿငီးေငြ႕လာေသာေၾကာင့္ ေဘးကင္းၿပီး စိတ္ဝင္စားစရာေကာင္းသည့္ အရာတစ္ခုကို ရွာေဖြခ်င္ခဲ့သည္။

"ဝမ့္ကုန္းကုန္း..ကြ်န္ေတာ္  ေယာက္်ားေလးေတြနဲ႔ ကေလးေတြအတြက္ အခ်စ္ေတြျပည့္ေနတဲ့ ထမင္းဘူး လုပ္မယ္ဆိုရင္ ဘယ္လိုလဲ...."

ကေလးမ်ား သည္ ေတာ္ဝင္စာသင္ေက်ာင္း သို႔ ေန႔တိုင္းသြားခဲ့သည္။ လီယြီ သည္ သူတို႔၏ တူ ကိုင္နည္း အေလ့အက်င့္ကို သင္ယူျခင္းႏွင့္အတူ ေပါင္းစပ္ကာ ကေလးေတြကို ခ်စ္စဖြယ္ ဘန္းတိုး  ျပဳလုပ္ရန္ စိတ္ကူးကို ထြက္ေပၚလာခဲ့သည္။  
(ဘန္းတိုး - Bento - ထမင္းဘူး (ဂ်ပန္အေခၚေဝၚ)

တစ္ခ်ိန္တည္းမွာပင္ သူသည္ အိမ္ေရွ႕မင္းသားအတြက္ ထမင္းဘူးတစ္ခ်ိဳ႕ကို လုပ္ထားေပးဖူးသည္ျဖစ္လုိ႕ ထိုသို႕လုပ္ရသည္ကို  ရင္းႏွီးေနၿပီျဖစ္သည္။

လီယြီသည္ သူ႔လက္ဖဝါးမ်ားကို ပြတ္သပ္ကာ သူ႔အၤက်ီလက္မ်ားကို စိတ္အားထက္သန္စြာ ပင့္ကာ ကေလးမ်ားႏွင့္ ဖခင္ကို အံ့အားသင့္ဖြယ္  ျဖစ္ေစရန္ စီစဥ္ေနသည္။

ကေလးေတြက သခြားသီးကို မစားခ်င္ၾကေပမယ့္ အစားအေသာက္ကို ဇီဇာေၾကာင္တာက က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အေလ့အက်င့္တစ္ခုပါ။ ကေလးေတြရဲ႕ အေဖေတာင္   ခ်ီးမႊမ္းခဲ့တဲ့ အံ့ၾသစရာေကာင္းတဲ့ သခြားသီးသုပ္ကို သူဘာလို႔ မလုပ္နိုင္ရမွာလဲ။

ဝမ့္ရွီး:.....!!  

ဝမ့္ရွီး သည္ ထိုက္က်ဴေဖး ၏ အခ်က္အျပဳတ္ကြၽမ္းက်င္မႈကို ျမည္းစမ္းဖူးသည္။ ဒီအရသာက စကားလုံးေတြနဲ႔ ေဖာ္ျပရဖို႕ ခက္ခဲလြန္းလွသည္။  ကံေကာင္းစြာနဲ႔ အိမ္ေရွ႕မင္းသားက အိမ္ေတာ္ တစ္ခုလုံးကို တိတ္တိတ္ဆိတ္ဆိတ္ေနရန္  အမိန႔္ေပးခဲ့တယ္။ ထိုက္က်ဴေဖး က သူ႔ခ်က္ျပဳတ္တဲ့အရသာက ဘယ္ေလာက္ထိ ေၾကာက္စရာေကာင္းလဲ ဆိုတာ လံုးဝ မသိခဲ့ဘူး...။

မူလက ဤျပႆနာမ်ဳိး ထပ္မျဖစ္တာ  ၾကာျမင့္ခဲ့ၿပီ။ ထိုက္က်ဴေဖး ၏အဆင့္အတန္းသည္ ျမင့္ျမတ္ၿပီး ကေလးလည္း ကိုယ္ဝန္ရွိေသာေၾကာင့္ ထိုအရာကို မမွတ္မိေလာက္ဘူးလို႕  ဝမ့္ရွီး က ထင္ခဲ့ေပမယ့္  မထင္မွတ္ဘဲ၊ ထိုက္က်ဴေဖးက ေတြး႐ုံသာမက ခ်က္ခ်င္းပင္ လုပ္ခ်င္ခဲ့သည္။

ထိုက္က်ဴေဖး သည္ ထိုက္က်ဴတ်န္းရွ နွင့္ သခင္ငယ္မ်ားအတြက္ ခ်က္ျပဳတ္လိုခဲ့သည္။ သူ႔ကို ဘယ္သူ တားႏိုင္မလဲ။ ဝမ္ရွီသည္ အိမ္ေရွ႕မင္းသားကို ခ်က္ခ်င္းအေၾကာင္းၾကားရန္ လိုအပ္လာခဲ့ျပီ.....

***********-*************

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now