Chapter (96-2) - ငါးလူသားလေး ရှောင်ယွီ

4.6K 988 23
                                    

Chapter (96-2) - ငါးလူသားလေး ရှောင်ယွီ


သို့သော်၊ သခင်လေးယဲ့သည် အရွယ်ရောက်ပြီးသူဖြစ်ပြီး ဘာမှမသိသည့် အားနည်းပြီး အားကိုးရာမဲ့ ကလေးငယ်တစ်ဦးကို ဘာမှ ပြန်မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် ဦးလေးယဲ့နှင့် ဖက်တီးလေးကြုး ရန်ပွဲတော့ မဖြစ်ခဲ့ပေ။

ယဲ့ချင်းဟွမ်သည် ပေါင်းအာ့နှင့် ပေါင်းစန်းကို ကောက်ယူလိုက်ပြီး ပေါင်းရိကဲ့သို့ မဖြစ်လောက်ဟုထင်ကာ ဖက်တီး နှစ်နှင့်သုံးကို   သူ့ရင်ခွင်ထဲသို့ လှမ်းဆွဲသွင်းလိုက်သည်။

ဒါကလည်း လေ့ကျင့်နေတာပဲလို့ သဘောထားလိုက်သည်။ နောက်ရက်အနည်းငယ်ကြာရင် သူ့ကလေးမွေးလာတော့မည်။

ယဲ့ချင်းဟွမ်သည် ပေါင်းသုံးယောက်၏ ခေါင်းကို ပွတ်သပ်ကာ မပြုံးပဲ မနေနိုင်တော့ပေ။

အိုး. လီယွီနဲ့ ပိုတူပြီး တခြား ပေါင်းဖြစ်သည့် မဆိုးသွမ်းတဲ့ ပေါင်းဆုလည်းရှိသည်။ ပေါင်းဆုသည် ယဲ့ချင်းဟွမ်ကို မြင်သောအခါ အမြဲတမ်း ပျော်ရွှင်စွာ ပြုံးပြခဲ့သည်။

" ပေါင်းဆု .....ဦးလေးလို့ ခေါ်ပါဦး....!"

ယဲ့ချင်းဟွမ်သည် စိတ်လှုပ်ရှားသွားပြီး ပေါင်းဆု၏ ပျော့ပျောင်းသော မျက်နှာကို အသာလေး ညစ်လိုက်သည်။ ဒါက အားနည်းသူများကို အနိုင်ကျင့်သော်လည်း သန်မာသူများကို ကြောက်နေသူ တစ်ဦး၏ သာဓကတစ်ခုပင် ဖြစ်သည်။  

ပေါင်းဆုက ပြုံးလိုက်ပြီး ရုတ်တရက် 'အု....ဝူး'  ဆိုပြီး ယဲ့ချင်းဟွမ်ရဲ့ လက်ကို ကိုက်ချလိုက်သည်။
  သူ့တွင် သွားတစ်ချောင်းမျှမရှိသော်လည်း သွားဖုံးအလွတ်နှစ်ခုက သန်မာလွန်းလို့ ယဲ့ချင်းဟွမ်၏လက်တွင် အနီရောင်အရာကြီး နှစ်ခု ထင်ကျန်ခဲ့သည်။

ယဲ့ချင်းဟွမ်က ရုတ်တရက် အော်ဟစ်လိုက်သည်။

လီယွီနှင့် ကျင်းဝမ်တို့လည်း သူတို့နှစ်ဦးသည် လျှို့ဝှက်နေထိုင်ရာသို့ လျင်မြန်စွာရောက်ရှိသွားကြသည်။ ကျင်းဝမ် အခြားလူများကို လွှတ်ရန် အချိန်အကြာကြီး မယူဘဲ သူ့ဖာသာ လုပ်ခဲ့သည်။

စားစရာ လုံလုံလောက်လောက် ယူလာကြသည်။ ခြံဝင်းအတွင်းတွင်၊ ကျင်းဝမ်က ရေချိုများပြည့်နေသော ရေကန်တစ်ခုကို တူးရန် လူများကို အမိန့်ပေးခဲ့သည်။ ငါးကန်တွေလည်း သယ်လာသည်။
 

"အရှင်မင်းသား..ကျွန်တော် ...စတော့မယ်"  လီယွီက သူ့ကို သတိပေးလိုက်သည်။

 လီယွီ၏လက်ကို ဆွဲကိုင်လိုက်ပြီး ကျင်းဝမ်က သူ့င်္အကျီလက်ထဲမှ ချည်ထိုးထားသော အိတ်တစ်လုံးကို ထုတ်ကာ  လီယွီအား ပေးလိုက်သည်။

"ဒါက ဘာလဲ?"  လီယွီက မေးလိုက်သည်။ ကျင်းဝမ်မ်မှာ အမြဲတမ်း သူ့အတွက် ပေးစရာတွေ အစုံနေ ရှိတယ်။

ကျင်းဝမ်၏ မျက်လုံး အမူအရာအောက်တွင် လီယွီက ချည်ထားသော အိတ်ကို ဖွင့်လိုက်သည်။  

ပိုးထိုးအိတ်အတွင်းမှ အကာအကွယ်အင်း စာရွက်ဟောင်းတစ်ခုနှင့် စက္ကူမှတ်စုတစ်ခုကို သူ တွေ့လိုက်ရသည်။

စက္ကူမှတ်စုတွင် အကာအကွယ် အင်းစာရွက်၏ဇာစ်မြစ်ကို ရှင်းပြထားသည်။ ကျင်းဝမ် မမွေးခင်က ဧကရီ ရှောင်ဟွေ့ဟာ မွေးကင်းစကလေးအတွက် ဒီအကာအကွယ်ကို ရရှိခဲ့သည်။  ထိုအရာသည် ကွယ်လွန်သူ ဧကရီ၏ အမွေခံပစ္စည်းတစ်ခုအဖြစ် အမှန်ပင် မှတ်ယူနိုင်သည်။ ကျင်းဝမ် က ထိုအကာအကွယ်ကို တချိန်လုံး ဂရုတစိုက် သိမ်းဆည်းထားခဲ့ပြီး ယခင်က မဝတ်ခဲ့ဖူးပေ။

အနောက်နယ်ခြားဒေသကို မရောက်ခင်မှာ သူက လူတွေကို အကာအကွယ်ပေးတဲ့ အင်းတံဆိပ်ကို ဆရာတော် လျောင်ခုန်းထံမှ တောင်းဆိုခဲ့ပြီး ထိုစဉ်က မန်းမှုတ်ခိုင်းခဲ့သည်။

မိုးကောင်းကင်အတို ဒုက္ခစမ်းသပ်ချက်အတွင်း နတ်ဆိုးများသည် အန္တရာယ်နှင့် ရင်ဆိုင်ရလေ့ရှိသည်။ ကျင်းဝမ် ထိုအကာအကွယ် မှော်ပညာသည်  လီယွီ၏အသက်ကို ကယ်တင်နိုင်မည်ဟု အခိုင်အမာ ယုံကြည်ထားသည်။  

"အရှင်မင်းသား.... ကျေးဇူးအများကြီးတင်ပါတယ်......"

လီယွီသည် ရှုပ်ထွေးသောခံစားချက်ဖြင့် လည်ပင်းတစ်ဝိုက်တွင် အကာအကွယ် တံဆိပ်ကို ဆွဲလိုက်သည်။    သူသည် မိုးကောင်းကင် အတိုဒုက္ခ စမ်းသပ်ချက်ကို အမှန်တကယ် ရင်ဆိုင်နေရသည် မဟုတ်ကြောင်း   ကောင်းစွာ သိရှိခဲ့သည်။ ထိုအကာအကွယ် စက္ကူသည် အကောင်းဆုံး စာရွက်တစ်ရွက်ဖြစ်သည်။ တစ်ခုခုဖြစ်ခဲ့ရင်တောင် ဘာမှ လုပ်လို့ မရဘူး။ သို့သော် မမျှော်လင့်ဘဲ၊ လီယွီဖန်တီးခဲ့သော လိမ်ညာမှုကြောင့် ကျင်းဝမ်သည်  လီယွီအား ထိုအကာအကွယ်အင်းစာရွက်မှတဆင့် သူ့အပေါ်ထားသည့်  ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုအားလုံးကို ပေးအပ်ခဲ့သည်။

လီယွီသည် အခြားရွေးချယ်စရာမရှိသော်လည်း ယခုအချိန်တွင် သူက လိမ်ညာခဲ့မိလို့ အရမ်းကို အပြစ်ရှိသည်ဟု ခံစားမိနေသေးသည်။

မင်း စလို့ရပြီ...... ကျင်းဝမ် လီယွီဆီသို့ ခေါင်းညိတ်လိုက်သည်။  

"အရှင့်သား..အရှင် တဖက်ကို အရင်လှည့်ပေးလို့ ရမလား"

လီယွီ၏ နောက်ဆုံးတောင်းဆိုချက်ကို ကျင်းဝမ်  ဖြည့်ဆည်းပေးခဲ့သည်။ သူ ဘာဖြစ်သွားမှန်း မသိတော့ဘူး။ ကျင်းဝမ်ကို ကျင့်သားရဖို့  အချိန်တစ်ခုပေးဖို့ လိုအပ်ပြီး သူ့ကိုယ်သူလည်း အချိန်တစ်ခု ပေးရမယ်။

ကျင်းဝမ်က သူ့အပေါ် အမြဲတမ်း အလွန်စိတ်ရှည်သည်။ လီယွီ တောင်းဆိုပြီးနောက် ချက်ချင်းနားထောင်ပြီး လှည့်လိုက်သည်။

  အံကိုတင်းတင်းကြိတ်ကာ  လီယွီသည် System ထဲသို့ လျင်မြန်စွာ ဝင်ရောက်လိုက်သည်။ System က သူ့ကို မစ်ရှင်စတင်လိုသလားဟု မေးသောအခါ မဆိုင်းမတွ ဟုတ်ကဲ့ဟု ရွေးခဲ့သည်။

အတွေးတစ်ခုက သူ့ခေါင်းထဲတွင် ခဏမျှ ပျံ့လွင့်သွားသည်။ လူ့ငါးနှင့် ငါးလူ့ပုံစံများ တစ်လှည့်စီဖြစ်မည်ဟု System က ဆိုသည်။ သို့ဆိုလျှင် သူသည် လူသားငါး သို့မဟုတ် ငါးလူသားအဖြစ်သို့ ရှေးဦးစွာ ပြောင်းလဲမည်လား။  

......

လီယွီသည် သူ့အတွေးမှ ပြန်လာသောအခါ သူ့ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ သူ့ခေါင်းမှာလည်း အနည်းငယ် ယားယံလာသည်။ အောက်ကို ငုံ့ကြည့်လိုက်တော့ သူ့ခြေထောက်နဲ့ ခြေတွေ ရှိနေတာကို တွေ့လိုက်ရသည်။

လီယွီက မပြောင်းလဲသေးဟု ထင်လိုက်ကာ  ပါးစပ်ကိုဖွင့်လိုက်သောအခါ စကားမပြောနိုင်တော့ပေ။ ပြန်ကြည့်လိုက်တော့ သူ့လက်တွေက တိုတောင်းပြီး ငါးဆူးတောင် တစ်စုံအဖြစ် ပြောင်းသွားတာကို သူတွေ့လိုက်တယ်။ အလုပ်စလုပ်နေပြီဆိုတာ ရုတ်တရက် သဘောပေါက်သွားတယ်။

ဒါက သူ့ငါးပုံစံနဲ့မတူဘူး။ သူ၏ငါးပုံစံသည် လူသားများထက် များစွာသေးငယ်သော ပြီးပြည့်စုံသော ငါးဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူ၏ခြေထောက်နှင့် ခြေများသည် လူ့ခြေထောက်နှင့် ခြေဖဝါးများသာ ရှိသေးသည်။ ဒါက သူ့ခန္ဓာကိုယ် အရွယ်အစား လုံးဝမပြောင်းလဲကြောင်း ညွှန်ပြနေပေမယ့် သူ့လက်တွေက  ငါးဆူးတောင်တွေ ဖြစ်ကုန်သည်။
 

အားးးးးးးးးးး ဒါက ငါးလူသားပုံစံလား....

အောက်ပိုင်းကတော့ လူဖြစ်ပြီး အပေါ်ပိုင်းကတော့...!!!

လီယွီသည် သူ့မျက်နှာကို အလျင်အမြန် ဖုံးကွယ်ဖို့လုပ်သော်လည်း သူ၏ ဆူးတောင်များသည် လက်လှမ်းမမီနိုင်လောက်အောင် တိုနေခဲ့သည်။ ခဏအကြာတွင် အသက်ရှုကျပ်လာသည်။ သူသည် လူတစ်ဝက်ငါးဝက်ဖြစ်သော်ငြား ငါးတစ်ဝက်သည် ရေထဲမှထွက်လို့မရပေ။
 

လီယွီသည် သူ့ကိုယ်သူ မကြည့်ဝံ့ဘဲ ကျင်းဝမ်ကို နောက်ပြန်လှည့်ရန် လှမ်းခေါ်သည်။ သူ့ဘေးနားက ပြင်ဆင်ထားတဲ့ မျက်နှာသုတ်ပုဝါတစ်ထည်ကို သူ့ခြေဖဝါးကို လျင်မြန်စွာအသုံးပြုပြီး စမ်းကြည့်လိုက်သည်။  သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ခြုံဖို့ နည်းလမ်းရှာလိုက်ရသည်။

သူ့ခေါင်းပေါ်မှ မျက်နှာသုတ်ပုဝါကို တင်ကာ ဖုံးကွယ်လိုက်ပြီး လီယွီသည် ခြံထဲသို့ အပြေးအလွှား ပြေးသွားကာ ဦးခေါင်းကို ရေထဲသို့ အရင်ထည့်လိုက်သည်။

ကျင်းဝမ်ကို  ယုံရင်တောင် သူက အပေါ်ပိုင်းငါးဖြစ်သွားသည့် ပုံကို မမြင်စေချင်ဘူး...

QQ.... သူ့ကိုယ်သူ မကြည့်ဝံ့ဘူး၊ ကျင်းဝမ်ကိုလည်း ကြည့်ဖို့တောင် သတ္တိမရှိတော့ဘူး။

ကျင်းဝမ် အော်ဟစ်သံကို ကြားလိုက်ကာ လှည့်လိုက်တော့  လီယွီသည် ရေထဲသို့ခုန်ဆင်းနေပြီဖြစ်သည်။  

ဘာတွေဖြစ်နေတာလဲ?

ကျင်းဝမ်သည် လီယွီ ဘာပြောင်းလဲသွားသည်ကို မသိသဖြင့် ရေကန်ဘေးတွင် ခဏရပ်နေခဲ့သည်။

 ဤနေအိမ်ရှိ ရေကန်သည် မူလ ကျင်းအိမ်တော်ရှိ ရေကန်ကဲ့သို့ နက်ရှိုင်းခြင်းမရှိပေ။ ကုန်းပေါ်တွင်ရပ်လျက်၊ ကျင်းဝမ်သည် လီယွီ၏ရုပ်သဏ္ဍာန်ကို ဖျတ်ခနဲမြင်လိုက်ရသည်။

ရှောင်ယွီသည် သူ၏ငါးပုံစံသို့ လုံးဝပြောင်းလဲသွားပုံ မပေါ်ဘူးဆိုတာ  သူတွေ့ရှိခဲ့သည်။  

အခြားတစ်ယောက်သည် ရေအောက်တွင် ပုန်းနေပြီး ထွက်လာရန် ငြင်းဆန်ကာ လီယွီ၏ ယခင်မှတ်တမ်းများအရ ရေထဲတွင် အကြာကြီးနေပြီးနောက် နေမကောင်းဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ကျင်းဝမ်သည် ယခုတစ်ကြိမ်လည်း အလားတူဖြစ်မည်ကို စိုးရိမ်ခဲ့သည်။ သိပ်မကြာခင်မှာပဲ သူကိုယ်တိုင် ရေထဲဆင်းဖို့ ဆုံးဖြတ်လိုက်တယ်။

ဝတ်ရုံကို ချွတ်ခါနီးတွင် ရေလှိုင်းများ ပေါ်လာသည်။ ရေ၏အောက်ခြေမှ လူသည် မျက်နှာပြင်ပေါ်သို့ ကူးခတ်လာခဲ့သည်။

ရှောင်ယွီ...? ကျင်းဝမ် အရမ်းစိတ်ပူသွားတယ်။

ထိုအချိန်တွင် လီယွီက ဘာမှ မပြောတော့ပေ။ ရေထဲတွင် ရပ်နေစဉ် သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် မျက်နှာကို ပဝါဖြင့် တင်းတင်းကြပ်ကြပ် ဖုံးအုပ်ထားသည်။  

အထည်ပုဝါတွင် အပေါက်နှစ်ပေါက် ပေါ်လာသည်။ လီယွီသည် အပေါက်နှစ်ပေါက်မှ ကျင်းဝမ်ကို ကြည့်လိုက်သည်။

QQ..... အနီးကပ်မနေပါနဲ့ အရှင်မင်းသား...

နှစ်ယောက်လုံး စကားမပြောနိုင်ပေ။ လီယွီသည် ကျင်းဝမ်ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေသည်။ ကျင်းဝမ်နီးကပ်လာသည်နှင့်အမျှ သူလည်း  နောက်ပြန်ဆုတ်သွားသည်။

အကြိမ်ကြိမ်ကြိုးစားပြီးနောက်၊ လီယွီက သူ့ကို ရှောင်ဖို့ ကြိုးစားနေကြောင်း ကျင်းဝမ်လည်း နားလည်ခဲ့သည်။

ခဏလောက်တွေးပြီး ကျင်းဝမ်က  လီယွီကို ရေထဲက ဆွဲထုတ်ချင်နေတဲ့ လက်ကို ဆန့်ထုတ်လိုက်တယ်။  လီယွီသည် မူလက လှမ်းဖယ်ဖို့လုပ်ချင်ပေမယ့် သူ့လက်တွေက တိုသွားသည်ကို  သတိရပြီး နောက်တစ်ကြိမ် ပြန်ဖမ်းမိသောအခါတွင် သူ၏ငါးဆူးတောင်ကို အမြန်ဖော်ပြခဲ့သည်။  

ကျင်းဝမ် : "......"

ကျင်းဝမ် မျက်စိအားကောင်းလွန်းသည်။ ဝှက်ထားတဲ့ ငါးဆူးတောင်ကို သူမြင်နေပြီ။ ခဏတာ အံ့အားသင့်သွားပြီး ရှောင်ယွီသည် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် မျက်နှာကို ယခုအချိန်၌ ထိုကဲ့သို့ ဖုံးအုပ်ထားရသည့်အကြောင်းအရင်းကို တော်တော်လေး ခန့်မှန်းမိသွားသည်...။

........ ဒါက တကယ်ကို မထင်မှတ်စရာပဲ။

ကျင်းဝမ် ခပ်တိုးတိုး  ချောင်းဟန့်လိုက်မိသည်။ ရှောင်ယွီက သူ့ကို အနားမကပ်စေချင်တာကြောင့် ရှောင်ယွီကို ဘယ်လိုနှစ်သိမ့်ရမှာလဲ ။  

ကျင်းဝမ် အနီးနားတစ်ဝိုက်ကို ကြည့်လိုက်ရာ ဝါးချောင်းတစ်ချောင်းကို တွေ့ရှိခဲ့သည်။

 လီယွီလည်း တုတ်ကို မြင်လိုက်သည် ။ ကျင်းဝမ် က ထိုတုတ် ကိုသုံးပြီး  တစ်နည်းနည်းနဲ့ အဆက်အသွယ်လုပ်ရမယ်ဆိုတာ သူ သိတယ်။ ဝါးချောင်းကနေ သတင်းအချက်လက် ဖလှယ်ရန် သုံးနိုင်မလား။

လီယွီသည် မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက်၊ ကျင်းဝမ်က သူ့င်္အကျီလက်  တစ်ဝက်ကို ဖြတ်ပြီး တုတ်ဖြင့် ပတ်ထားသည်ကို သူတွေ့လိုက်ရသည်။ ထို့နောက် ကျင်းဝမ်သည် ဝါးချောင်းဖြင့်  လီယွီထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

လီယွီ: .....?  

င်္အကျီလက်တွင် ပတ်ထားတဲ့ ဝါးချောင်းက သူ့ခေါင်းထိပ်ကို ညင်သာစွာ ထိလိုက်သည် ။

ဒီလှုပ်ရှားမှု ...... လီယွီ အေးခဲသွားသည် ။


ကျင်းဝမ် ယခင်က မရေမတွက်နိုင်သော အကြိမ်ပေါင်း မရေတွက်နိုင်အောင်  ပြုလုပ်ခဲ့သော သူ၏ ခေါင်းကို နူးညံ့သိမ်မွေ့သော ချစ်ခြင်းမေတ္တာဖြင့် ပွတ်သပ်ပေးခဲ့သည်နှင့် အတူတူပဲဖြစ်သည်။


**********-*********










(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now