Chapter (118-1) _ ရလဒ်ကို ပြောင်းလဲခြင်း

3.6K 858 6
                                    


Chapter (118-1) _ ရလဒ်ကို ပြောင်းလဲခြင်း



မထင်ရှားသောထောင့်တွင်၊ သမားတော်ဖန်း နောက်ထပ်အနည်းငယ်စောင့်ဆိုင်းခဲ့သည်။ နေမကောင်းတဲ့ အကြောင်းပြချက်နဲ့ ခဏတာ ထွက်နိုင်ခဲ့ပေမယ့် အပြင်မှာအကြာကြီး မနေနိုင်ဘူ။ ဒါကြောင့်  ခြေထောက်မှာ စာချည်ထားတဲ့ စာပို့ခိုတစ်ကောင်ကို လွှတ်လိုက်သည်။ ထပ်မစောင့်ဆိုင်းနိုင်တော့ဘူးလို့ တွေးနေသည့်အချိန် ကျွန်တစ်ဦး၏အဝတ်အစားကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် သူ့ဆီသို့ လျှောက်လာခဲ့သည်။

"မင်း သေချင်နေတာလား။ ဒီအချိန်မှာ သခင်နဲ့တွေ့ဖို့ ဘာကြောင့် တောင်းဆိုတာလဲ"
ထိုလူက စိတ်မရှည်စွာ ပြစ်တင်ရှုတ်ချလိုက်သည်။  

"ငါ့မှာ အရေးကြီးတဲ့ သတင်းပို့စရာတစ်ခုရှိတယ်!"
သမားတော်ဖန်းသည် ထိုလူက မည်သူ့လက်အောက်ငယ်သားဖြစ်သည်ကို သဘောပေါက်လိုက်သည်။ ခွက်ထဲက ပဲတွေကို လောင်းချလိုက်သလိုမျိုး သွေးစစ်ချက် ရလဒ်ကို တစ်ရစပ် ရှင်းပြလိုက်သည်။

ဒါက တကယ့်ကို ကြီးမားသော ပြဿနာတစ်ခုဖြစ်သည်။ ထိုလူကဘာလုပ်ရမည်ကို ဆုံးဖြတ်ချက် မချနိုင်ခဲ့ဘူး။ မျက်ခုံးပင့်ကာ သမားတော်ပြောသည်ကို မင်းသားထံ အစီရင်ခံရန် သွားစဉ်တွင် သမားတော်ကို ဆက်လက်စောင့်ဆိုင်းစေခဲ့သည်။

သမားတော်ဖန်းသည်  ဆက်လက်စောင့်ဆိုင်းရုံမှမှတပါး အခြား ရွေးချယ်စရာမရှိတော့ပေ။

ကံအားလျော်စွာ၊ ဆဌမမင်းသားနေသည့်တဲက ထိုနေရာနှင့် သိပ်မဝေးလှပေ။ မင်းသားက သေချာပေါက် သမားတော်ဖန်းနှင့်  လူချင်းတွေ့မည် မဟုတ်ပေ။ အနီးနားတွင်ရှိသော်လည်း ရှောင်တိမ်းကာ လက်အောက်ငယ်သားအား   သူ့အတွက် ဆက်လက်ဆွေးနွေးခိုင်းရန် အမိန့်ပေးခဲ့သည်။ သမားတော် ကြုံတွေ့ရသည့် အခြေအနေကို သိပြီးနောက် ဆဌမ  မင်းသားလည်း တုန်လှုပ်သွားသည်။  

ဘာတွေဖြစ်နေတာလဲ? ကျင်းဝမ် ရဲ့ အမွေဆက်ခံသူသွေးကို သူ့လူက သေချာပေါက် ယူခဲ့တာပါ။  ဒါဆို သမားတော်ရဲ့ ရလဒ်က ကို ထိုသွေးက ဘယ်လိုဖြစ်ပြီး အားလုံးကို ဖြတ်ကျော်သွားနိုင်တာလဲ။

ဒါ...... ကျင်းဝမ်လက်ချက်လား....  သူ့မသိလိုက်ခင်မှာ  ကျင်းဝမ် က အချိန်မှီ  တစ်ခုခုလုပ်ထား ပြီးသားလား။ ဒီလိုဖြစ်နိုင်လောက်သည်။

ကျင်းဝမ်....ထပ်ပြီး ကျင်းဝမ်ကြောင့်ပဲလား....

ဆဌမ  မင်းသားသည် မုန်းတီးမှုကြောင့် မသိစိတ်က လက်သီးတွေကို ကျစ်ကျစ်ပါအောင်ဆုပ် လိုက်သည်။ ဒီဖြစ်ရပ်ကို သူ အရမ်းရင်းနှီးနေသည်။ အကယ်၍ ကျင်းဝမ်က ဒီအဆင့်ကို လုံခြုံစွာဖြတ်ကျော်နိုင်ခဲ့ပါက၊ ဧကရာဇ်သည် ကျင်းဝမ် ကို လုံးဝ ယုံကြည်လာမည်ဖြစ်သည်။ သွေးသားစစ်မှန်မှု မရှိခြင်းဆိုသည့် အချက်ကို ထပ်သုံးလို့ရတော့မည် မဟုတ်ပေ။   အမွေဆက်ခံသူလေးသည် တော်ဝင်သမားတော်များ၏ အသိအမှတ်ပြုမှုကို ရရှိပြီးသည်နှင့် ကျင်းဝမ် သည် သူ့ရာထူးတွင် ပို၍ပင် လုံခြုံစွာ ထိုင်နေနိုင်တော့ မည်ဖြစ်သည်။

ယခင်က ဧကရာဇ်မင်းကြီးသည် အမွေဆက်ခံသူလေးကို သံသယဖြစ်စေရန်အတွက် ဆဌမမင်းသားသည် သူ၏အကြံအစည်ထဲတွင် အခြားသောမင်းသားများအားလုံးကို ဆွဲသွင်းခဲ့သည်။ ကိုယ်လုပ်တော် လျှို နှင့်ပတ်သက်သော လျှို့ဝှက်လှည့်ကွက်တစ်ခုကိုလည်း တိတ်တဆိတ်ထည့်သွင်းထားသည်။ သူသာ တုံ့ဆိုင်းနေပါက၊ သူလုပ်သမျှ အရာအားလုံးသည် ကျင်းဝမ် အတွက် ခြေတစ်လှမ်းသာအောင် လုပ်ပေးသလို ဖြစ်သွးလိမ့်မည်။

ဒါဟာ သူ့ရဲ့ တွက်ချက်မှု လွဲမှားမှုပဲ။ ဒီလိုဖြစ်လာမယ်လို့ သူ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ သို့သော်လည်း ထိုအချက်အလက်ကို လက်ခံရရှိတာ အချိန်မနှောင်းသေးဘူး။

စည်းစိမ်ဥစ္စာဆိုတာ စွန့်စားပြီးမှ ရလာတာ ဖြစ်သည်။ သူ့ဘဝတစ်လျှောက်လုံး တိုးတက်ဖို့ စဉ်ဆက်မပြတ် ကြိုးစားနေခဲ့တာ မဟုတ်ဘူးလား? ဘာကြောင့် ဒီတစ်ကြိမ်ကို ကျင်းဝမ်ကို ဒီအတိုင်း ကျော်သွားခွင့်ပေး ရမှာလဲ။

ကျင်းဝမ်က သူ့သားတွေရဲ့ သွေးသားစစ်မှန်မှုကို ပြန်ပြင်နိုင်ရင် သူလည်း ဘာကြောင့် မပြင်နိုင်ရမှာလဲ။   ကျင်းဝမ် ဒီအတိုင်း ဝန်ခံလာအောင် သူ ဘယ်လိုလုပ်ရမလဲ...!

ဘယ်သွေးက ဘယ်သူ့သွေးလဲ ဆိုတာ မပြောနိုင် တာကြောင့် သွေးတွေ အကုန်လုံးရဲ့ စစ်မှန်မှုကို ပျက်အောင် လုပ်လိုက်မယ်ဆိုရင် အလုပ်ဖြစ်မှာလား !

အဌမမင်းသား၏သွေးကိုလည်းသေချာစွာစမ်းသပ်ခဲ့သည်။ မူလက သူသည် ထိုညီငယ်အား   ကြေကွဲဖွယ်ကောင်းသည်ဟု သူ ထင်ခဲ့ပြီး နောက်ထပ် ထိုးနှက်ချက်ပေးရန် အစီအစဉ်မရှိပေ။ အဌမမင်းသားက  အပြစ်တင်ချင်ရင် ကျင်းဝမ် ကိုသာ  အပြစ်တင်လိုက်တော့... ။

ရက်စက်ကြမ်းကြုတ်သောမျက်နှာဖြင့် ဆဌမ မင်းသားက အမိန့်ပေးလိုက်သည်။

"သမားတော်ဖန်းကို ဒီလိုလုပ်ဖို့  အမိန့်ပေးလိုက်...."
 
အမိန့်ကို လက်ခံပြီး သမားတော်ဖန်း ပြန်ထွက်သွားသည်။ တော်ဝင်သမားတော်များ စုစည်းနေသည့် တဲကို ပြန်ရောက်ပြီးတော့  သမားတော်ဖန်းသည် အစီအစဉ်တစ်ခုချမှတ်ပြီးဖြစ်သည်။

တော်ဝင်သွေးလိုင်းကို စစ်ဆေးရန် နည်းလမ်းသည် ဤနိုင်ငံကို တည်ထောင်သော ဧကရာဇ်မင်းနှင့် အမှန်တကယ် ဆက်စပ်နေသည်။ ထိုဧကရာဇ်သည် တစ်ချိန်က ချီလင်ကျင်း ဟုခေါ်သော ဆေးကို အသုံးပြုခဲ့သည်။

ဒီဆေးဟာ ပထမတစ်ချက်မှာ သိပ်ထူးခြားပုံမပေါ်ဘူး။ သို့သော် သောက်သုံးပြီးနောက်၊ ထိုသူ၏သွေးသည် နဂါးနွယ်ပင်ဟုခေါ်သော အခြားဆေးဖက်ဝင်အပင်တစ်မျိုးနှင့် ကြုံတွေ့ရသည့်အခါတိုင်း၊ သူသည် ရွှေရောင်ဖျော့ဖျော့တောက်ပလာမည်ဖြစ်သည်။

ထိုအချိန်တွင် ဧကရာဇ်မင်းမြတ်သည် ကောင်းကင်ဘုံမှ တိုင်းပြည်ကို အုပ်ချုပ်ရန် အမိန့်ပေး ထားခြင်းကြောင်း သက်သေပြုရန် ထိုအချက်ကို အသုံးပြုခဲ့သည်။ သူသည် ချီလင်ကျင်းကို အသုံးပြုထားသောကြောင့် ထိုဆေး၏အကျိုးသက်ရောက်မှုကို သူ၏သားစဉ်မြေးဆက်အားလုံးထံ အမွေပေးခဲ့သည်။



မျိုးဆက်တိုင်း၏ သွေးက နဂါးနွယ်ပင်ကို တွေ့ပြီးနောက်ရွှေရောင် တောက်လာကာ ထိုသူက မင်းမျိုးမင်းနွယ်၏ သွေးသားစစ်မှန်ကြောင်း သက်သေပြနေလိမ့်မည်။

ထို့ကြောင့် တော်ဝင်သွေးစစ်ခြင်း၏ လျှို့ဝှက်ချက်မှာ နဂါးနွယ်ပင်ကို အသုံးပြုခြင်းဖြစ်သည်။

တော်ဝင်မိသားစုသည် ထိုလျှို့ဝှက်ချက်ကို ကာကွယ်ရန် လိုအပ်သောကြောင့် နဂါးနွယ်ပင်တွေကို    ဖျက်ဆီးပစ်ထားပြီးဖြစ်သည်။ ထိုအပင်အနည်းကို   အခု တော်ဝင်နန်းတွင်းက သမားတော် လက်တစ်ဆုပ်လက်ထဲတွင်သာ ကျန်တော့သည်။

သမားတော်ဖန်းသည်လည်း နဂါးနွယ်ပင်အကြောင်း သိသည်။ သူက နဂါးနွယ်ပင်ကို အကြိမ်များစွာ စမ်းသပ်ခဲ့ဖူးသည်။ သူ့ဆေးသေတ္တာအတွင်းတွင် အရည်ပုလင်းငယ်တစ်ခုရှိသည်။ အရည်တွင် အလူမီနိုက်အမှုန့်ပါရှိပြီး နဂါးနွယ်ပင်၏အကျိုးသက်ရောက်မှုကို နှောင့်ယှက်နိုင်သည်။ မူလက သူ ယူလာခဲ့ပေမယ့် ဘယ်ပုလင်းက အမွေဆက်ခံသူရဲ့သွေးလဲဆိုတာ မသိတာကြောင့် မသုံးနိုင်ခဲ့ဘူး။

ယခုတွင် သူသည် လူတိုင်း၏ရလဒ်ကို ပြောင်းလဲရန် ဆဌမမင်းသား၏အမိန့်ကိုရရှိထားပြီးဖြစ်သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ယခုတွင် သူ့တွင် အစီအစဉ်တစ်ခုရှိသည်။

သမားတော်ဖန်းသည် အရည်ထည့်ရန် ငွေအပ်တစ်ချောင်းကို အသုံးပြုခဲ့သည်။သူက ထိုအရည်အနည်းငယ်ကို ထည့်ကာ ရလဒ်ကို "မှန်ကန်ကြောင်း" မှ "မမှန်ကန်ဘူး" ဆိုသည့် အဖြစ်သို့ ပြောင်းလဲခဲ့သည်။  


ဘာကြောင့်လဲဆိုတော့ ဒီအချက်က တော်ဝင်မျိုးရိုးရဲ့လျှို့ဝှက်ချက်နှင့် ဆက်စပ်နေသဖြင့် အထဲက သမားတော်အားလုံး သေချာအာရုံစိုက်နေကြသည်။ အပြင်ဘက်တွင် အစောင့်များက သေချာ စောင့်နေကြသည်။ အခြားသမားတော်အားလုံးအလုပ်များနေသည်ကို တချက် အကဲခတ်ပြီးနောက် သမားတော်ဖန်းက လျှို့ဝှက်ယူလာသည့်အရည်ကို မတူညီသည့် သွေးကို ပုလင်းထဲ လောင်းထည့်လိုက် သည်။


ဒါကိုလုပ်ပြီးနောက် သမားတော်ဖန်းက သူ့စစ်ဆေးမှု ပြီးစီးပြီဖြစ်ကြောင်းကြေငြာခဲ့သည်။ပြီးတော့ အခြားသမားတော်များနှင့် ရလဒ်ကို တိုက်စစ်ဖို့ စောင့်နေသည်။ သူ့စစ်ဆေးမှု ရလဒ်က အခြားသမားတော်တွေနဲ့ မတူကွဲပြားနေခဲ့သည်။

သမားတော်ဖန်းက လေးနက်တည်ကြည်စွာပြောခဲ့သည်–

 "ကျွန်ုပ်တို့က ဧကရာဇ်အတွက် လုပ်ဆောင်နေတာဖြစ်လို့ တညီတညွတ်တည်း အဖြေမပေးနိုင်ရင် ဧကရာဇ်မင်းထံ ဘယ်လိုသတင်းပို့ရမလဲ။ ဘာလို့ နောက်တစ်ကြိမ် မစမ်းသပ်ရမှာလဲ"

အခြားတော်ဝင်သမားတော်များက မကျေနပ်သော်လည်း သမားတော်ဖန်း၏စကားများသည် ယုတ္တိကျနေလို့ နောက်ဆုံးတော့ သူတို့ သဘောတူပြီး ထပ်ပြီး စမ်းသပ်မှုတွေ လုပ်လိုက်သည်။

နောက်တစ်ကြိမ် စမ်းသပ်ရန် ပြုပြင်ထားသော သွေးများကို အသုံးပြု၍ တော်ဝင်သမားတော်ကြီးများကို မြင်သောအခါ သမားတော်ဖန်းသည် သူ၏ နဖူးပေါ်ရှိ ချွေးများကို သုတ်လိုက်သည်။ နောက်ဆုံးတော့ သူ့တာဝန် ပြီးသွားပြီ။ ဖန်သားပြင်နောက်ကွယ်တွင် ဖြစ်ပျက်ခဲ့သမျှကို စောင့်ကြည့်နေသူက မြင်ပြီး စာအုပ်ငယ်တွင် မှတ်တမ်းတင်ထားသည်ကို သူ မသိလိုက်ပေ။

ယခုတစ်ကြိမ်တွင် ဧကရာဇ် သမားတော်များအားလုံးသည် ယခင်ကထက် လုံးဝဆန့်ကျင်ဘက်ရလဒ်ကို ရရှိခဲ့သည်။ ဧကရာဇ်က သူတို့ကို စုံစမ်းခိုင်းတဲ့ လူတွေဟာ တကယ်တော့ တော်ဝင်သွေးတွေ မဟုတ်ဘူး။

ဒီရလဒ်က အတော်လေးကို အံ့သြစရာကောင်းလှသဖြင့် တော်ဝင်သမားတော်များသည် အကြိမ်အနည်းငယ် ထပ်မံစမ်းသပ်ခဲ့သည်။ သူတို့သည် နဂါးနွယ်ပင်အားလုံးကိုလည်း စစ်ဆေးခဲ့သော်လည်း သူတို့တွင် တစ်စုံတစ်ရာ မှားယွင်းမှုမရှိခဲ့ပေ။  

သမားတော်ဖန်း -  "ငါတို့ ပြန်စစ်တာ ကောင်းတယ်၊ ဒါမှမဟုတ် ဧကရာဇ်ကို လှည့်စားတဲ့လူက လွတ်ထွက်သွားလိမ့်မယ်။"

တော်ဝင်သမားတော်များသည် မည်သည်မျှ   အဖြေရှာမရပေ။ သူတို့သည် ထိုထူးဆန်းသောရလဒ်ကိုသာ တင်ပြနိုင်ခဲ့သည်။

မင်းသားများ၊ အရာရှိများ၊ တော်ဝင်လူကြီးများနှင့် နဂါး၏တဲအတွင်း၌ ထိုအချိန်တစ်လျှောက်လုံး စောင့်နေကြသော မင်းသားလီတို့သည် ရလဒ်ကိုရရှိသောအခါတွင် သူတို့၏အမူအရာများသည် ဆိုးရွားသွားခဲ့သည်။ အဌမမင်းသား၏မျက်နှာအရောင်က ဖြူဖျော့ကာ လဲပြိုတော့မလိုပင်။

"အရှင်မင်းကြီး.... ဒါက......"  

မင်းသားလီသည် စမ်းသပ်မှုပြုလုပ်လိုကြောင်း ပထမဆုံးဖော်ပြခဲ့သူဖြစ်သည်။ သို့သော် မင်းသားလီသည် ကျင်းဝမ် ၏ အမွေဆက်ခံသူငယ်နှင့် အဌမမင်းသားတို့သည် တော်ဝင်သွေးမဟုတ်ကြောင်းကိုပင် စိတ်ကူးမယဉ်ဖူးပေ။ ဘာလို ရာဇဝတ်မှုကို သူ တူးဖော်မိလိုက်တာလဲ။

ဧကရာဇ်၏ မျက်လုံးများသည် မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများကို ထိန်းထားသလို ဝင်းလက်နေခဲ့သည်။ စိတ်ကို ထိန်းကာ မင်းကြီးက လေးလေးနက်နက်ပြောခဲ့သည်–

 "တော်ဝင်သမားတော်တွေ ဒီစမ်းသပ်မှုပြုလုပ်ခဲ့တာ ကောင်းတယ်။ မဟုတ်ရင် ကျန်းက အမှောင်ထဲထားခံရသလို တစ်သက်လုံး  လုံးဝ လှည့်စားခံနေရလိမ့်မယ်  "

ထိုစကားကိုကြားတော့ ဆဌမ  မင်းသားသည် စိတ်လှုပ်ရှားလာသည်။ သို့တိုင်၊ သူသည် ကျင်း-ဝမ်ဖေး ၏ တုံ့ပြန်မှုကို ချောင်းကြည့်ရန် မမေ့ပေ။

ထိုအချိန်တွင် လီယွီသည် ဒူးထောက်ကာ ကလေးငယ်များကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ သူ့မျက်နှာကို သူတို့အထဲသို့ မြှုပ်နှံထားပြီးဖြစ်သည်။ ဆဌမ  မင်းသားသည် သူ၏အမူအရာကို မမြင်နိုင်သော်လည်း၊ ကျင်း-ဝမ်ဖေး ၏လက်များ တုန်ခါနေသည်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။  

ဆိုလိုတာက အရာအားလုံးကို ဖော်ထုတ်နိုင်သွားလို့ သူက အရမ်းကြောက်နေတာ ဖြစ်ရမယ်...

ဆဌမ  မင်းသားသည် အလွန်မိုက်မဲသော်လည်း ကျန်လူအုပ်နှင့် မင်းကြီး ဒေါသပြေစေရန်   စိတ်ထက်သန်စွာ တောင်းပန်ဆဲဖြစ်သည်။

ဧကရာဇ်သည် လေးလံသောအသံဖြင့် ပြောလိုက်သည်။

 "တစ်စုံတစ်ဦးက အခု လိမ်လည်တဲ့ ကိစ္စအတွက် တာဝန်ခံရမယ် "  

တဲထဲသို့ ဧကရာဇ်အစောင့်တပ်နှစ်စု ရောက်ရှိလာသောအခါတွင် သူပြောပြီးသည်နှင့် ကျင်းဝမ်ဖေးနှင့် ကျင်းဝမ်၏သားအတုများကို ယူဆောင်သွားတော့မည်ဟု ဆဌမ  မင်းသားလေး စိတ်ကူးယဉ်နေပေမယ့် ထိုသို့မဖြစ်ခဲ့ပဲ အဲဒီအစား သမားတော်ဖန်းကို လူအုပ်ထဲက ဆွဲထုတ်လိုက်သည်။

တာဝန်ရှိသူများနှင့် မင်းသားလီတို့သည် အံ့အားသင့်သွားကြသည်။ တော်ဝင်သွေးသားကို အတုလုပ်ရန်    ကြိုးပမ်းခြင်းသည် ကြီးလေးသောရာဇဝတ်မှုဖြစ်သည်။ ဧကရာဇ်မင်းသည် ဆက်စပ်သူများအားလုံးကို သတ်ဖြတ်ကာ သွေးချောင်းစီးအပြစ်ပေးတော့မည်ဟု အားလုံးက တွေးနေကြသည်။    သို့သော်၊ ဧကရာဇ်မင်း၏ဓါးကို ပထမဆုံးရင်ဆိုင်ရမည့်သူသည်  လုံးဝသက်ဆိုင်ပုံမပေါ်သော သမားတော်တစ်ဦးဖြစ်မည်ဟု မထင်မှတ်ခဲ့မိပေ။

သမားတော်ဖန်းသည် ရဲရင့်သော အစောင့်အကြပ်များ၏ချုပ်နှောင်မှုကြောင့် ကြောက်လန့်မှုကို ခံစား လိုက်ရသည်။ သူ၏ ပထမဆုံး အတွေးမှာ ဧကရာဇ်မင်းသည် သူလုပ်ဆောင်ခဲ့သည်များကို ရှာဖွေတွေ့ရှိပြီးလား။

သို့သော် ထိုအချိန်တွင် တဲအတွင်းမှ သူ့ကို မည်သူမျှ သတိမထားမိခဲ့ပေ။ ဧကရာဇ်က ဘယ်လိုသိနိုင် မလဲ။

သမားတော်ဖန်းက အော်ဟစ်မေးလိုက်သည်။

 "အရှင်မင်းကြီး...ဒီငယ်သားက ဘာအမှားလုပ်လိုက်မိလို့ပါလဲ....."  

ဧကရာဇ်မင်းကြီးက အေးစက်သောအပြုံးဖြင့် ပြန်ပြောသောအခါတွင် သူ၏နောက်ဆုံးအသံကိုပင် အပြီးမသတ်နိုင်ခဲ့ပေ။ အစောင့်တစ်ဦးသည် သမားတော်ဖန်း၏ မျက်နှာတွင် လျှို့ဝှက်အစီရင်ခံစာကို တိုက်ရိုက်လွှင့်ပစ်လိုက်သည်။ နောက်ထပ် အစောင့်တစ်ယောက်က သူ သယ်လာတဲ့ ဆေးသေတ္တာကို ဖွင့်လိုက်ပြီး အဲဒီ အရည်ပုလင်းကို ကွက်တိ ရှာတွေ့ခဲ့သည်။

ပုလင်းထဲမှာတော့ ဆေးရည်တွေ ကျန်နေသေးသည်။  သမားတော်ဖန်းသည် ထိုပုလင်းကို ဖယ်ရှားရန် အချိန်မရသေးပေ။ ထို့အပြင် ရှေးဆိုရိုးစကားအရ အန္တရာယ်အရှိဆုံးနေရာသည် အလုံခြုံဆုံးဖြစ်သည်။ ထို့ကြောင့် တစ်ချိန်လုံး သူနှင့်အတူ သယ်ဆောင်လာခဲ့သည်။

ဧကရာဇ်မင်းကြီးသည် အခြားသော သမားတော်များအား အရည်ကို ဦးစွာကြည့်ရန် အမိန့်ပေးပြီးနောက် သူတို့ စမ်းသပ်နေသော သွေးကို သွားကြည့်ရန် အမိန့်ပေးခဲ့သည်။

ဂရုတစိုက် နှိုက်နှိုက်ချွတ်ချွတ်နဲ့ အနီးကပ် စောင့်ကြည့်လေ့လာပြီးနောက်မှာ အလူမီနိုက်တွေ ရှိတယ်လို့ ကြေငြာလိုက်ချိန်မှာ ကျန် တော်ဝင်သမားတော်တွေအားလုံး ပြင်းပြင်းထန်ထန် ဒေါသတကြီး ဖြစ်သွားသည်။ ထိုဆေး၏အာနိသင်က နဂါးနွယ်ပင်၏ အကျိုးသက်ရောက်မှုနှင့်ဆန့်ကျင်ပြီး လျှို့ဝှက်နည်းလမ်း၏တိကျမှုကို နှောင့်ယှက်ပေးလိမ့်မည်။  

ပထမအကြိမ်တွင်၊ သမားတော်ဖန်းစစ်ဆေးနေသည့် သွေးမှ လွဲ၍ သွေးအားလုံးသည် တော်ဝင်သွေးဖြစ်ကြောင်း ရလဒ်ထွက်လာတာ အံ့သြစရာမဟုတ်ပေ။ သမားတော်ဖန်းက ပြန်လည်စစ်ဆေးရန် အကြံပြုပြီးနောက် ရလဒ်အားလုံးသည် တော်ဝင်သွေး မဟုတ်သည့် အဖြစ်သို့ ပြောင်းလဲသွားသည်။ သမားတော်ဖန်းက မှားယွင်းသော သက်သေကို တမင်တကာလုပ်ဆောင်ခဲ့တာ ထင်ရှားသည်။

တကယ်တော့ အခုပဲ ရလဒ်အားလုံး လုံးဝ မှားနေတယ်ဆိုတာ ပေါ်လာခဲ့သည်။

တော်ဝင်သမားတော်များသည် သူတို့၏လေသံကို တညီတညွတ်တည်း ပြောင်းလဲလိုက်ကြပြီး ဧကရာဇ်သည်လည်း သူတို့ကို စတင်စုံစမ်းတော့မည်ကို ကြောက်ရွံ့နေကြသည်။  

တာဝန်ရှိသူများနှင့် မင်းသားလီတို့သည် ပထမအကြိမ် ထိတ်လန့်တုန်လှုပ်ခြင်းမှ ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးပေ။ အခုသူတို့နောက်ထပ်တစ်ခု အကောက်ကြံမှုကို ထပ်တွေ့ထားပေပြီ။

အဌမမင်းသားသည် ကလေးဆန်ဆန် မင်းကြီးကို  ကြည်ညိုလေးစားမှုအပြည့်ဖြင့်  လှမ်းကြည့်သည်။ ဧကရာဇ်ကြောင့်သာ မဟုတ်ရင် သူက  မတရားချောက်ခ  ခံရတော့မည်။
******-*****

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now