Chapter (142-2) - ငါ ဘယ်သူဆိုတာ အရင်ကြည့်သင့်တယ်

3.2K 742 8
                                    

Chapter (142-2) - ငါ ဘယ်သူဆိုတာ အရင်ကြည့်သင့်တယ်

နောက်ဆုံးတော့ သူက ငါးနတ်ဆိုးကို အမိဖမ်းလိုက်နိုင်ပြီ......

 ချူးရန့်ယွီ သည် လျှို့ဝှက်စွာ ရွှင်မြူးသွားခဲ့သည်။

ကိုယ်ရေးကိုယ်တာ အစေခံသည် သလင်းကျောက်ပုလင်းကို ယူဆောင်ကာ နန်းတော်ထဲသို့ ဝင်လာခဲ့သည်။  ဧကရာဇ်မင်းနှင့် အိမ်ရှေ့မင်းသားရှေ့တွင် ရွှေရောင်နှင့် ငွေရောင် အကြေးခွံ ရောစပ်ထားသည့် Koi ငါးတစ်ကောင် ပေါ်လာသည်။  

မုထျန်းချီ က အေးစက်စွာ လှောင်ပြောင်ပြီး ပြောလိုက်သည်။

"ဒီငါးက ထမ်းစင် ထဲမှာ ပေါ်လာရင်တောင် ဘာဖြစ်နေလို့လဲ"

ချူးရန့်ယွီ က "ဒီငါးက နတ်ဆိုးတစ်ကောင်ပါ။ သူသည် ထိုက်ကျူဖေး အဖြစ်ပြောင်းလဲနိုင်ပါတယ်။  အဲဒါကြောင့် ထိုက်ကျူဖေး ရဲ့ ထမ်းစင်ထဲမှာ ပေါ်လာတာပါ။ ကျွန်တော်မျိုးရဲ့ စကားကို မယုံရင် ကျွန်တော်မျိုးတို့ရှေ့မှာ ဖြေရှင်းဖို့ ထိုက်ကျူဖေး ကို ဖိတ်ခေါ်လိုက်ပါ......"

ထိုက်ကျူဖေး သည် "လူတိုင်းရှေ့ ပေါ်လာ" နိုင်မည်မဟုတ်ကြောင်း ချူးရန့်ယွီ က ယုံကြည်ခဲ့သည်။ နန်းတော်အပြင်ဘက်တွင် ဗိုက်ကြီး လုံးဖောင်းနေသော မမလေး တစ်ယောက်က နန်းတော်အပြင်မှ အထဲကို လမ်းလျှောက်ဝင်လာစဉ် ချူးရန့်ယွီ၏  စကားပင် မဆုံးသေးပေ။

 ထိုမမလေးသည် အဝါရောင် ချည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပန်းကန်လုံးနှင့်တူသော ဆံပင်ပုံစံရှိသည်။

ထိုမမလေး၏မျက်နှာကို ပိုးသားအလွှာဖြင့် ဖုံးအုပ်ထားပြီး နှာတံအောက်ရှိ အရာအားလုံးကို ဖုံးကွယ်ထားကာ တောက်ပသော မျက်လုံးတစ်စုံကိုသာ ထင်ရှားပေါ်လွှင်စေသည်။ ဧကရာဇ်မင်းကြီးကို မြင်တော့ သူမက ရိုသေစွာ ဦးညွှတ်အရိုသေ ပေးလိုက်သည်။  

အိမ်ရှေ့စံမင်းသားကိုတွေ့တော့ မိန်းမပျိုလေးလည်း ညွတ်ချင်သလို အမူယာပြလာသည်။    မုထျန်းချီ သည် သူမ အရိုသေပြုမည်ကို စောင့်မနေပဲ     ကိုယ်တိုင်ကိုယ်ကျ ထူမကာ သူမ ထိုင်ခံတွင် ထိုင်စေရန် ခေါ်ဆောင်လာပေးခဲ့သည်။
 
ကိုယ်ရေးကိုယ်တာအစေခံက ဒီလူကို မည်သူ မည်ဝါဖြစ်ကြောင်း မကြေငြာတဲ့အတွက် ဧကရာဇ်နဲ့ အပါးတော်မြဲ လော့နှစ်ယောက်စလုံးက ဘယ်သူလဲဆိုတာ မသိခဲ့ကြပေ။ ခဏလောက်ကြာတော့ သူတို့နှစ်ယောက်လုံး ဒီသခင်မလေးဆီ လှမ်းကြည့်လိုက်ကြသည်။

မိန်းမပျိုလေး ကုလားထိုင်ပေါ်ထိုင်ပြီးနောက် ဧကရာဇ်မင်းနှင့် အပါးတော်မြဲ လော့နှစ်ယောက်စလုံး သူတို့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူတို့နှစ်ယောက်ကို ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။

ဒီလူက ပြုံးလိုက်တဲ့အခါ သူ့ရဲ့မျက်လုံးတွေက လခြမ်းလို ကွေးညွတ်သွားသည်။ မမျှော်လင့်ဘဲ ဧကရာဇ်သည် ထိုအပြုံးကို အနည်းငယ်ရင်းနှီးပုံပေါက်သည်ကို ခံစားလိုက်ရသည်။  

ဧကရာဇ်သည် သူကို မည်သူမျှး ခဏတွင်း မသိနိုင်ပေ။ အပါးတော်မြဲ လော့က ပိုပြီး သတိထားမိခဲ့သည်။ ထိုမမလေး ၏ ဗိုက်သည် သာမန် ဝသဖြင့် အဆီများသူများထက်ပင် ဝိုင်းနေပုံရသော်လည်း သူမ၏ တင်ပါးတွေက ဖောင်းထွက်နေခြင်း မရှိသည်ကို သူတွေ့ရှိခဲ့သည်။

ဒီလိုဖြစ်နိုင်မလား-!

ဉာဏ်အလင်းပေါက်သွားသော  အပါးတော်မြဲ လော့က ဒီမမလေးက ဘယ်သူဆိုတာ ရိပ်မိလိုက်သည်။ သို့သော် အိမ်ရှေ့မင်းသားနှင့် ထိုမမလေး၏ အပြုအမူအရ သူတို့က ဖုံးကွယ်ထားချင်သည်ကို   ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

အပါးတော်မြဲ လော့သည် မျက်စိစုံမှိတ်ကာ ဘာမှမမြင်လိုက်ရသလို ဟန်ဆောင်လိုက်တော့သည်။

"ထျန်းချီ  ဒါကဘယ်သူလဲ"
 လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေးအကြောင်းကို မရိပ်မိသဖြင့် ဧကရာဇ်မင်းသည် မေးရုံမှတစ်ပါး မတတ်နို်င်တော့ပေ။

"ဒါက ကလေးတွေ ရဲ့ နို့ထိန်း အသစ်ပါ။" အိမ်ရှေ့မင်းသားက ပြောလိုက်သည်။

မင်းကြီး : "......။"

သူမက နို့ထိန်းတစ်ယောက် ဖြစ်သော်လည်း၊ ထိုမျှကြီးကျယ်သော ဆက်ဆံပုံကို ပေးရသလား။   အိမ်ရှေ့မင်းသားက ဒီလိုမိန်းကလေးမျိုးကို လိုချင်တာ ဖြစ်နိုင်မလား..... ဒါနဲ့ ပတ်သတ်ပြီး  ဧကရာဇ်က စိတ်ထဲ သိပ်မရှင်းလင်းပေ။

 အိမ်ရှေ့မင်းသားပါးပါး၏ စကားကိုကြားတော့ ပေါင်းရိ က စိတ်ဝင်တစား ခေါင်းကုတ်လိုက်သည်။ ဒီလူက နို့ထိန်းလား ? ဒါပေမယ့် သူအရင်က  ဒီမိန်းကလေးကို မမြင်ဖူးဘူးလေ!

ပေါင်းရိ သည် ဧကရာဇ်မင်းမြတ်၏ ဒူးပေါ်မှလျှောချကာ နို့ထိန်းအသစ်ထံသို့ ပြေးသွားခဲ့သည်။ ထို့နောက် နို့ထိန်းက သူ့ကို ပွေ့ဖက်ထားလိုက်သည်။

နို့ထိန်းသည် လေပူများကို လက်ဖဝါးထဲသို့ မှုတ်သွင်းပြီး ပေါင်းရိ ၏ လက်မောင်းအောက်တွင် လက်ဟန်ပြလိုက်သည်။

ပေါင်းရိ : "......"  

ဝူး....ဝူး....ဝူး....- ဒါက ငါးပါးပါး  သူ့ကို ကလိထိုးလိုက်တာ မဟုတ်လား?

ဒါက ငါးပါးပါးဆိုတာ  သံသယဖြစ်စရာ မလိုဘူး။

ပေါင်းရိ သည်  နို့ထိန်း၏ ခြေထောက်များကို ဖက်ထားကာ လွှတ်ရန် ငြင်းဆန်လိုက်သည်။

အခုလေးတင်ပဲ၊ ချူးကွေ့ရန်  က ငါးပါးပါးက ငါးနတ်ဆိုးပဲလို့ ဆက်ပြောနေခဲ့လို့ ပေါင်းရိ က အရမ်းကြောက်သွားခဲ့သည်။

ငါးပါးပါး က သူတို့ရဲ့ အထောက်အထားတွေကို ဘယ်သူ့ကိုမှ  ရှာမတွေ့စေနဲ့လို့ အရင်က ပြောခဲ့ဖူးသည်။ တကယ်လို့ သူများတွေ  ရှာဖွေတွေ့ရှိပါက ပိတ်လှောင်ထားမည်ဖြစ်သည်။ ထို့ကြောင့် ငါးပါးပါး ၏ အထောက်အထားကိုလည်း ရှာဖွေတွေ့လို့ မဖြစ်ဘူး မလား။
 သလင်းကျောက်ပုလင်းကို သယ်လာသောအခါ ကလေးများအားလုံး ပုလင်းအတွင်းရှိ ငါးကို မကြည့်ရ မနေနိုင်တော့ပေ။

သို့သော် သူတို့ကြည့်ပြီးနောက် အားလုံး သက်သာရာရသွားကြသည်။ ဒီငါးက သူတို့ရဲ့ သူငယ်ချင်းဟောင်းပါ။ ငါးပါးပါးက အဆင်ပြေနေတယ်.....ပေါင်းရိ လည်း စိတ်ချမ်းသာသွားသည် ။

ပေါင်းအာ့၊ ပေါင်းစန်း ၊ ပေါင်းဆုက ပေါင်းရိ ကို အတုယူပြီး ပြေးလာခဲ့သည်။  

ငါးပါးပါး ကို သူတို့ ရှာတွေ့ပြီ......

ပေါင်းအာ့ က နို့ထိန်းကို အော်ခေါ်တော့မလို လုပ်စဉ် နို့ထိန်းက သူ့ကို  ရက်စက်တဲ့ အကြည့်တစ်ချက်နဲ့ ဖြည်းညင်းစွာ ငုံ့ကြည့်လိုက်တော့ ပေါင်းအာ့မအော်ရဲတော့ဘူး။ သို့သော် သူ့ကို ပွေ့ဖက်ရန် အော်ဟစ်ဆဲဖြစ်သည်။

ဧကရာဇ်: ......အင်း။ ကြည့်ရတာ ဒါက နို့ထိန်း ဖြစ်ပုံပဲ။

ချူးရန့်ယွီ က ထိုက်ကျူဖေး ကို တစ်ခါမှ မမြင်ဖူးလို့ ထုံးစံအတိုင်း သူ့ကို မမှတ်မိပေ။ ထို့အပြင် ထိုအမျိုးသမီး ပေါ်လာသည်နှင့် တပြိုင်နက် လူတိုင်းက သူ့ကို ဂရုမစိုက်တော့ပေ။ သူသည် ဧကရာဇ်မင်းနှင့် အိမ်ရှေ့မင်းသားအား ထိုက်ကျူဖေး သည် ငါးနတ်ဆိုးဖြစ်ကြောင်း သတိပေးရန် လိုအပ်သည်။

ချူးရန့်ယွီ က "အရှင်မင်းသား.... ဒီငါးက ထိုက်ကျူဖေးပါ "

ထိုအခါမှ မုထျန်းချီ သည်  နို့ထိန်းကို ကြည့်နေရာမှ အကြည့်ကို ခွာလိုက်သည်။

 ချူးရန့်ယွီ က ဒီအဖြစ်ပျက်က ထူးဆန်းတယ်လို့ ခံစားနေရသည်။  အိမ်ရှေ့မင်းသားက နို့ထိန်းကို ကြည့်တဲ့ အကြည့်က သမုဒ္ဒရာလို စူးရှပြီး နက်နဲလှသည်။  သို့ရာတွင်၊ သူ့ကိုကြည့်သည့် အကြည့်နှင့် ငါးကိုကြည့်သောအကြည့်ထဲတွင်  အိမ်ရှေ့မင်းသားက လုံးဝ ဂရုမစိုက်ပဲ ဥပေက္ခာပြုထားသည်။  သို့သော်လည်း ချူးရန့်ယွီ သည် ထိုကိစ္စကို သေသေချာချာ စဉ်းစားရန် အချိန်မရှိပေ။

အိမ်ရှေ့မင်းသားသည် သလင်းကျောက်ပုလင်းအတွင်းမှ ငါးကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

 "ဒီငါးက ထိုက်ကျူဖေး လို့ပြောတယ်ပေါ့..... ဒါဆို မင်းခေါ်ရင် သူက ထူးမှာလား"

ဖူး.....!


ကလေးများက  မထိန်းနိုင်ဘဲ အသံမထွက်အောင် ရယ်လိုက်မိသည်။ အိမ်ရှေ့မင်းသားထံမှ စူးစူးဝါးဝါး အကြည့်တစ်ချက်ကို ရရှိပြီးနောက် ချက်ချင်းဆိုသလိုပင် ကလေးများကို တိတ်တဆိတ် နေစေဖို့ လီယွီက ပါးစပ်ပိတ်ပေးထားရသည်။

ချူးရန့်ယွီ သည် အိမ်ရှေ့မင်းသားက သူ့ကို ထိုသို့မေးမည်ဟု မျှော်လင့်ထားမိသည်။ ဒီငါးကို ဖော်ထုတ်ဖို့ ကောင်းမွန်တဲ့ တန်ပြန်မှုတစ်ခုကို သူ တွေးထားပြီးသားဧကရာဇ်မင်းနှင့် အိမ်ရှေ့မင်းသားရှေ့တွင် သက်သေပြဖို့ လုပ်လိုက်သည်။  

ချူးရန့်ယွီ က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လျှောက်တင်လိုက်သည်။

 "နတ်ဆိုးဖမ်းတဲ့နေရာမှာ ကျွမ်းကျင်တဲ့ တောက် (တာအို) ဘုန်းကြီးတစ်ပါးရှိပါတယ်၊ ဘုန်းတော်ကြီးက အပြင်မှာစောင့်နေပါတယ်။ ဘုန်းတော်ကြီးကို ဆင့်ခေါ်ပြီး ငါးနတ်ဆိုးကို သုတ်သင်ခိုင်းတော်မူပါ"

မုထျန်းချီ က ခံစားချက်မဲ့စွာ ခေါင်းညိတ်လိုက်သည်။ ရှောင်ယွီ က သူသည် သာမန်ငါးကြင်း နတ်ဆိုးမဟုတ်ကြောင်း ပြောခဲ့ဖူးသည်။ တောက် ဘုန်းကြီးများ၊ ပယောဂဆရာများ ၊ ခွေးနက်သွေးများနှင့် အခြားအရာအားလုံးသည် သူ့အတွက် လုံးဝ အသုံးမဝင်ပေ။ ထို့အပြင် သူကို ဘယ်လိုမှ သရုပ်မှန် မပေါ်စေဘူးလို့ ပြောခဲ့သည်။  နောက်ဆုံးတွင်၊ မုထျန်းချီ သည် ရှောင်ယွီ ကို နို့ထိန်းကဲ့သို့ ဝတ်ဆင်ခွင့်ပြုပြီး 'မိမိကိုယ်ကို အန္တရာယ်ပြုစေမည့် အပြုမူကို လုံးဝ မလုပ်ဘူး ' ဟု သဘောတူခဲ့မှ ကန်ချင်းနန်းတော်ကို ခေါ်သွင်းလာခဲ့သည်။

အပါးတော်မြဲ က အလွန်လျင်မြန်စွာ အပြင်ထွက်ကာ  အသက် ၃၀ ခန့်ရှိသော မုတ်ဆိတ်မွေးတွေ ရှိသည့်  တောက် ဘုန်းကြီးတစ်ပါးကို ခေါ်သွင်းလာသည်။

ချူးရန့်ယွီ သည် ယခင်က ထို တောက် ဘုန်းတော်ကြီးနှင့် တွေ့ဖူးသည်။ ခွေးနက်သွေးကိုလည်း ဒီလူက သူ့ကိုပေးလိုက်တာ ဖြစ်သည်။  ချက်ခြင်းပဲ၊ သူတို့ဟာ သလင်းကျောက်ပုလင်းမှာ အဆောင်ကို ကပ်ကာ နတ်ဆိုးနှင်ခြင်းကို စတင် လုပ်တော့သည်။

ရွှေခေါင်းလောင်းကို အဆက်မပြတ် လှုပ်ခါရင်း တောက် ဘုန်းကြီးက   ဂါထာတွေကို ရေရွတ်လျက် မက်မွန်သစ်သားဖြင့်ပြုလုပ်ထားသော ဓားတစ်ချောင်းနှင့် သလင်းကျောက်ပုလင်းအတွင်းရှိ ရေထဲသို့   သေးငယ်သော တံဆိပ်တစ်ခု ကို ထည့်သွင်းလိုက်သည်။

ဒါတွေအားလုံးလုပ်ပြီးပေမယ့် ပုလင်းထဲမှ  ငါးဟာ ဖြည်းဖြည်းချင်း ကူးခတ်နေတုန်းပါပဲ။ နတ်ဆိုးနှင်သည့် ဖြစ်စဉ်တစ်လျှောက်လုံး  ထပ်ခါထပ်ခါ၊ ငါးက ကောင်းကောင်းမွန်မွန် ရေကူးနေတုန်းပါပဲ။

ဒီမြင်ကွင်းကြောင့် တာအိုဘုန်းကြီးနှင့် ချူးရန့်ယွီ တို့ နှစ်ယောက်လုံး အံသြသွားကြသည်။  

အခြားအစီအစဉ်မရှိတော့လို့  တောက် ဘုန်းကြီးသည် သူ၏သတ္တိကို စုဆောင်းကာ လျှောက်တင်လိုက်သည်–

"ငါးနတ်ဆိုးတွေက ခွေးနက်သွေးကို ကြောက်ပါတယ်။ အမှန်အတိုင်းပြောရရင် အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံရဲက ရှေ့မှာ သူက ငါးပုံစံပြန်ဖြစ်သွားရတဲ့အကြောင်းရင်းက ခွေးနက်တစ်ကောင်ရဲ့ သွေးကိုထိမိလို့ပဲ။ ခွေးသွေးကို ထပ်သုံးရင် သေချာပေါက် ပေါ်လာလိမ့်မယ်။"

ထိုစကားကို ချူးရန့်ယွီ က သဘောတူသည်။ တစ်ချိန်တည်းမှာပင် သူသည် အိမ်ရှေ့မင်းသား၏ သားလေးယောက်ကို ရဲရဲတင်းတင်းပင် ကြည့်ကာ ထိုကလေးများသည်လည်း ခွေးသွေးကို ကြောက်သည်ဟု တိတ်တဆိတ် ပြောနေသလိုပင်။

မုထျန်းချီ ၏ နှုတ်ခမ်းများ ကွေးသွားသည် : "မင်း ဘယ်လို ထုတ်ဖော်မလဲ "

ချူးရန့်ယွီ သည် သူ့င်္အကျီ လက်ထဲမှ ကြွေပုလင်းကို ဆွဲထုတ်လိုက်သည်။ ပုလင်းကိုဖွင့်ပြီးနောက်တွင် ကြောက်စရာကောင်းသော ညှီစို့စို့ အနံ့တစ်ခု လွင့်ပျံလာသည်။

ချူးရန့်ယွီ က ကြွေပုလင်းကို တောက် ဘုန်းကြီးထံ ပေးလိုက်သည်။ တောက် ဘုန်းကြီးက တောင်းပန်ပြီး ပုလင်းကို ငါးရှေ့မှာ တင်လိုက်သည်။

ဒီငါးက သေချာပေါက် ထိတ်လန့်သွားလိမ့်မယ်လို့ သူထင်ခဲ့သော်လည်း ထိုငါးသည် သူ၏အမြီးကို ဘာသိဘာသာဖြင့် ဆက်လက်ဝှေ့ယမ်းနေဆဲဖြစ်သည်။

ကလေးတွေကို နို့ထိန်းက သိမ်းပွေ့ထားသည်။ သူတို့သည် ဤနေရာတွင် အခြေအနေကို မြင်နိုင်ပြီး သွေးနံ့ကို  အနံ့ခံနိုင်သည်။ နို့ထိန်းက သူတို့အတွက် နှာခေါင်းကို အုပ်ထားသည်။ ကလေးတွေက "အရမ်းနံစော်တယ်" ဟု တညီတညွတ်တည်း ပြောနေကြသည်။

ဧကရာဇ်မင်းကြီးလည်း အနံ့အသက်ဆိုးကို ခံစားခဲ့ရပြီး နှာခေါင်းကိုဖုံးဖို့ ပိုးလက်ကိုင်ပုဝါတစ်ထည်ယူလာဖို့ အပါးတော်မြဲ လော့ကို အမိန့်ပေးခဲ့သည်။

"ဒါက မင်းတို့ပြောနေတဲ့ နတ်ဆိုးရဲ့ သရုပ်မှန်ကို ထုတ်ဖော်ခြင်းလား..." အိမ်ရှေ့မင်းသားက အေးစက်စွာ လှောင်ပြောင်သရော် လိုက်သည်။

တောက် ဘုန်းကြီး၏ခေါင်းမှ အေးစက်သော ချွေးများ စီးကျလာသည်။ ဧကရာဇ်မင်းသည် ယခုအချိန်တွင် ထို လူလိမ်ကို ငရဲကို ပို့ချင်စိတ်ပေါက်နေသည်ကို လူတိုင်း မြင်နေရသည်။

 အချိန်အတော်ကြာ ကြိုးစားအားထုတ်ပြီးနောက် ထိုငါးက ဘာမှမထူးဆန်းသည်ကိုတွေ့လိုက်ရသဖြင့် ချူးရန့်ယွီ အနည်းငယ်စိုးရိမ်လာသည်။ ခွေးသွေးကို သလင်းကျောက်ပုလင်းထဲသို့ လုံးဝ လောင်းထည့်သင့်သည်ဟု သူထင်ခဲ့သည်။ ငါးနတ်ဆိုးကို ထိုကဲ့သို့ ခြိမ်းခြောက်သော်လည်း နတ်ဆိုးသည် ခံနိုင်ရည်ရှိဆဲဖြစ်သည်ကို သူ မယုံနိုင်အောင် ဖြစ်နေမိသည်။


ချူးရန့်ယွီ သည် တောက် ဘုန်းကြီး၏လက်မှ ကြွေပုလင်းကို လုယူလိုက်ပြီး ခွေး၏သွေးကို သလင်းကျောက်ပုလင်းထဲသို့ သွန်ပစ်ချင်နေသည်။ တစ်ချိန်လုံး စကားမပြောရသေးသော နို့ထိန်းက ရုတ်တရက် ပါးစပ်ကိုဖွင့်လိုက်ပြီး ပြောခဲ့သည်။

"မင်းဒီလိုလုပ်ရင် သာမန်ငါးတစ်ကောင်က ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး"

ချူးရန့်ယွီ က ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောခဲ့သည်။

"မင်းက ဘာသိလို့လဲ။ ငါးနတ်ဆိုးက နတ်ဆိုးတစ်ကောင်ဖြစ်ပြီး သာမန်ငါးတွေနဲ့ မတူဘူး။  နတ်ဆိုးတွေကို အလွယ်တကူ သတ်လို့ ရတာ မဟုတ်ဘူး။ မှော်ပညာတစ်ခုခုကို သုံးဖို့ပဲ လိုတော့တယ်၊ ဒါမှ ငါ့စကားတွေကို သက်သေပြနိုင်လိမ့်မယ်။"

နို့ထိန်း -  "ဒါဆို ဒီလိုလိုက်ပေါ့.........ဒါပေမယ့်၊ ဒါကတကယ်သာမန်ငါးတစ်ကောင်ဖြစ်ရင် ဘယ်လို လုပ်မလဲ"

"ဒါဆို အိမ်ရှေ့မင်းသားကို ခွင့်လွှတ်ပါလို့ တောင်းပန်လိုက်ပါ့မယ်။ အိမ်ရှေ့စံ ပေးသမျှ ပြစ်ဒဏ်ကို ငါ လက်ခံမှာပါ!"

ချူးရန့်ယွီ က အံကြိတ်ကာ ပြောလိုက်သည်။  

 နို့ထိန်းက ထိုစကားကိုကြားတော့  အသက်ပြင်းပြင်းရှူရင်း -  "ကောင်းပြီ......"

ဤရှေးခေတ်တွင် နတ်ဆိုးများ မရှိပေ။ သူက  ရွှေလက်ချောင်း ကို ပိုင်ဆိုင်ထားသည့် System ငါး တစ်ကောင်သာဖြစ်သည်။

မူလက သူ ဒီမျောက်လိုကောင် လုပ်နေသည့် ရှိုးကို နောက်ထပ်ကြည့်ချင်ပေမယ့် အခု သူ ရှေ့မတိုးရင် ငါးတစ်ကိုယ်လုံး ခွေးသွေးတွေ ပြည့်နေပြီး သလင်းကျောက်ပုလင်းက    အနံ့အသက်ဆိုးတွေ စွဲကုန်တော့မည်။

"ချူးကွေ့ရန် ၊ မင်း ခွေးသွေးမလောင်းခင် ငါ ဘယ်သူလဲဆိုတာ အရင်ကြည့်သင့်တယ်"  

နောက်တစ်စက္ကန့်တွင် နို့ထိန်းသည် သူ၏မျက်နှာပေါ်ရှိ ပိုးသား မျက်နှာဖုံးကို ဖယ်ရှားလိုက်သည်။
******-*******

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now