Chapter (119-1) - ငါ မင်းကို အမြဲတမ်း ကောင်းကောင်းဆက်ဆံပါ့မယ်

3.7K 804 15
                                    

Chapter (119-1) - ငါ မင်းကို အမြဲတမ်း ကောင်းကောင်းဆက်ဆံပါ့မယ်

မုထျန်းရှောင်ကို တော်ဝင်အစောင့်တွေက ခေါ်ဆောင်သွားခဲ့ပြီးနောက် မင်းကြီးက လူစုခွဲလိုက်သည်။ ဆဌမ မင်းသားကို ဘယ်လိုအပြစ်ပေးမလဲဆိုတာကိုတော့ တော်ဝင်နန်းတော်ပြန်ရောက်တဲ့အထိ စောင့်ရမည်ဖြစ်သည်။

ထိုအချိန်တွင်၊ ကိုယ်လုပ်တော်လျှို ၏ 'သူငယ်ချင်းဟောင်း' ဆိုသူက စတင်ဖြောင့်ချက်ပေးလာပြီဖြစ်သည်။ ထိုလူသည် အရက်မူးနေပြီး သူ့စိတ်တွေဝေဝါးနေချိန်မှာ တော်ဝင်အမဲလိုက်ပြိုင်ပွဲကျင်းပသည့် နေရာကို ဘယ်လိုရောက်ပြီး ကိုယ်လုပ်တော် လျှို၏ တဲနန်းထဲ ရောက်နေသည်ကို မသိဖြစ်နေခဲ့သည်။

ဒီလူဟာ သတိလာပြီးတဲ့နောက်မှာ သူ အမှားကြီးလုပ်လိုက်မိသည်ကို သိလိုက်ပေမယ့် သူ မူးနေချိန်မှာ ဖြစ်ပျက်သမျှကို မမှတ်မိတော့ပေ။ ဒီဖြစ်ရပ်တစ်ခုလုံးက သူ့လိုလိုဖြစ်လာသည့် ဖြစ်ရပ်နှင့်တူပေမယ့် အမဲလိုက်ကွင်းကို အစောင့်အကြပ်များစွာဖြင့် ကာကွယ်ထားသဖြင့် သာမာန်အရပ်သားတွေက ဒီနေရာကို ဝင်မလာနိုင်ဘူးဆိုတာ သေချာသည်။ထို့အပြင် သူသည် အရက်မူးနေပြီး အမဲလိုက်ကွင်းအတွင်းထဲက အခြေအနေကို မသိပေ။ ကိုယ်လုပ်တော် လျှို တည်းခိုရာနေရာကို သူ ဘယ်လိုရှာတွေ့နိုင်မှာလဲ။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် ထိုလူကို အတွင်းသို့ ခေါ်ဆောင်သွားပြီး ကိုယ်လုပ်တော် လျှို ၏ တဲထဲသို့ လမ်းညွှန်ကာ ခေါ်ဆောင်ခဲ့တာ ဖြစ်လောက်သည်။

ဒီလိုမျိုး လုပ်နိုင်ဖို့ဆိုရင် အဲဒီလူဟာ အတော်လေး အဆင့်အတန်းမြင့်ရမည်။ မင်းကြီးက ဆဌမမင်းသားကို ဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်လို့ သူ့စိတ်အာရုံတစ်ခုလုံးက ဆဌမမင်းသားအကြောင်းကိုသာ အာရုံစိုက်ခဲ့သည်။

အကြိမ်ပေါင်းများစွာ ကြိုးပမ်းစုံစမ်းပြီးနောက်၊ ဆဌမမင်းသား၏ ကြင်ယာတော် မြင်းလှည်းသည် အမဲလိုက်သည့် နယ်မြေထဲ နှစ်ကြိမ်ဝင်ရောက်ခဲ့သည်ကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့သည်။

ဆဌမမင်းသားသည် ရထားတွဲထဲမှာ အကြိမ်တိုင်း လိုက်ပါခဲ့ပြီး ဆဌမမင်းသား၏ ကြင်ယာတော်မှာ ကိုယ်ဝန်ရှိနေသောကြောင့် အစောင့်များသည် ဆဌမမင်းသား၏ ရထားအတွင်းပိုင်းကို သေချာစွာ မစစ်ဆေးခဲ့ကြပေ။ ဧကရာဇ်မင်းကြီးသည် ဆဌမမင်းသား ကြင်ယာတော်၏တည်နေရာကို အတည်ပြုရန်တစ်စုံတစ်ဦးကိုစေလွှတ်ပြီး စုံစမ်းခိုင်းခဲ့သည်။ လျန်ရှီးသည် အမဲလိုက်ပြိုင်ပွဲကျင်းပသည့် နေရာထဲသို့ ဝင်ရောက်ပြီးနောက် လုံးဝ မထွက်ခွာပဲ နေသည်ကို တွေ့ရှိခဲ့သည်။ ထိုလူကို ခေါ်သွင်းရင် ဝမ်ဖေး၏ ရထားလုံးကို သုံးခဲ့ပုံပေါ်သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now