Chapter (155-1) ကစားကွင်းမှာ အတူတူ ကစားမယ်
နောက်ဆုံးတော့ လီယွီသည် ခင်ပွန်းသည်ကို အဝတ် ဝတ်ပေးပြီးသွားသည် ။ အိမ်ရှေ့မင်းသားသည် လီယွီ ထံတွင် ရှိသမျှထဲမှ အကြီးမားဆုံးသော ကမ်းခြေဝတ် ရှော့ပင်အတိုလေးနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် တင်းကျပ်သော တီရှပ်ကို ဝတ်ဆင်ထားသည်။ ဒီဟာကို အွန်လိုင်းကနေ ဝယ်ခဲ့တာဖြစ်သည်။ အရွယ်အစားက မလိုက်ဖက်ဘဲ ကြီးလွန်းနေတယ်။ နောက်တော့ ပစ္စည်းပြန်ပေးဖို့ မေ့သွားခဲ့တယ်။ ပြောရရင်တော့ ဒါဟာ အသစ်စက်စက်ပါပဲ။ နောက်ဆုံးတွင် အိမ်ရှေ့မင်းသားသည် လီယွီ၏ အိမ်လေးထဲမှ ထွက်နိုင်ခဲ့သည်။
ရှောင်ယွီ အရင်က ဝတ်ခဲ့တဲ့ ဘောင်းဘီတိုကို မဝတ်နိုင်တော့တဲ့ အတွက် အိမ်ရှေ့မင်းသား က ဝမ်းနည်းစရာကောင်းတယ်လို့ ခံစားနေရသည်။
အိမ်ရှေ့မင်းသားမှာ အဝတ်အစားတွေရှိနေပြီဆိုပေမယ့် လီယွီ က အိမ်ရှေ့မင်းသားကို နောက်ထပ်ဝယ်ပေးဖို့ ခေါ်ဆောင်ခဲ့သည်။ တကယ်တော့ အွန်လိုင်းမှာ ပစ္စည်းတွေကို ဝယ်ယူပြီးနောက် စတိုးဆိုင်တစ်ဆိုင်ကို လူကိုယ်တိုင်သွားခဲသည် ။ အွန်လိုင်းမှာ ပိုလွယ်တယ်လို့ လူတိုင်းပြောကြတယ်။ သို့သော်၊ ကိုယ့်ဆီကို အမြန်ချောပို့နဲ့ ပို့ဆောင်မှုအတွက် စောင့်ရန် အမှန်တကယ် အချိန်ပိုမရှိလို့ ကိုယ်တိုင် ဝယ်တာ ပိုကောင်းပါတယ်။
လီယွီ သည် အိမ်ရှေ့မင်းသားအား အမျိုးသားအဝတ်အထည်ဆိုင်သို့ ခေါ်ဆောင်ခဲ့သည်။ အိမ်ရှေ့မင်းသား၏ ချောမောလှပသော မျက်နှာသည် လူများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ လီယွီသည် အိမ်ရှေ့မင်းသား၏ ရုပ်ဆင်း၏ဆွဲဆောင်မှုထဲ လူတိုင်း နစ်မြုပ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ခင်ပွန်းကို ခေတ်သစ်ကမ္ဘာတွင် ကျော်ကြားစေသည့်တိုင် သူ့အတွက် ပြဿနာမရှိပေ။ ကံမကောင်းစွာပဲ၊ သူတို့က သိပ်ကြာကြာမနေနိုင်ဘူးလေ။
လီယွီသည် အိမ်ရှေ့မင်းသားကို ကောင်းစွာ ဝတ်ဆင်ချင်ခဲ့သည်။ သူတို့သွားသည့် ဆိုင်ရဲ့ အဓိကစတိုင်က ခပ်မိုက်မိုက်နဲ့ အဆင့်အတန်းမြင့်သည်။ လီယွီ သည် ခေါင်းမှ ခြေဖျားအထိ အဝတ်တွေကို ကောက်ယူပြီးနောက် ချောမောပြီး စတိုင်ကျသော ဝတ်စုံအချို့ကို သူ့လက်ထဲတွင် ကိုင်ဆောင်ထားလိုက်သည်။
သူသည် အိမ်ရှေ့မင်းသားနှင့် ရှေးခေတ်ကမ္ဘာတွင် ရှိနေရန် လိုအပ်သည်။ ခေတ်သစ်ငွေကြေးသည် သူ့အတွက် အပိုသာ ဖြစ်သည်။ သူ့လောင်ကုန်း အတွက် သူ လိုအပ်တာတွေကို အကုန်ဝယ်ဖို့ ငွေကို ဖြုန်းလိုက်မယ်။ဒါအတွက် လီယွီ နောင်တလုံးဝမရှိပေ။
များသောအားဖြင့် လူတွေက ဆိုင်မှာမဝယ်ခင် အဝတ်အစားတွေကို စမ်းကြည့်ကြတယ်။ လီယွီသည် သူနှစ်သက်သော ဝတ်စုံများကို အိမ်ရှေ့စံမင်းသားထံ ပေးအပ်ပြီးနောက် အဝတ်လဲခန်းထဲသို့ တွန်းပို့လိုက်သည်။
မုထျန်းချီ သည် ခေတ်မီကမ္ဘာသို့ရောက်လာပြီး ငါးတစ်ကောင်ဖြစ်လာပြီးနောက်၊ သူသည် စူပါမားကတ်ရှိ ငါးကန်အတွင်းတွင် ပထမဆုံးပိတ်မိပြီးနောက် လီယွီ က အိမ်သို့ ချက်ခြင်းခေါ်ဆောင်လာခဲ့သည်။ တကယ်တော့ သူ့မှာ ရှုခင်းတွေမြင်ဖို့ အခွင့်မရခဲ့ဘူး။ လီယွီသည် သူ့ကို အခန်းတစ်ခုထဲ တွန်းထည့်ကာ တံခါးအပြင်ဘက်သို့ ထွက်သွားသောကြောင့် ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်သော အိမ်ရှေ့စံမင်းသားပင် နောက်တစ်ကြိမ် တုန်လှုပ်သွားခဲ့သည်။
ရှောင်ယွီ သည် လူသားတစ်ဦးဖြစ်ပြီး နတ်ဆိုးမဟုတ်ကြောင်း ယခု သူ သိရလေပြီ။ သို့သော်လည်း ဤကမ္ဘာသည် ငါးကြင်းနတ်ဆိုး၏ ဆန်းကြယ်သော တောင်မဟုတ်သော်လည်း၊ မှော်ဆန်သော တောင်များထက်ပင် ပို၍ တောက်ပနေသေးသည်။ အိမ်ရှေ့မင်းသားက စိုးရိမ်သာ သဘာဝကျပါတယ်။
လီယွီက အိမ်ရှေ့မင်းသားကို အဝတ်အစား စမ်းဖို့ သွားခိုင်းချိန် အိမ်ရှေ့မင်းသား: ?
အိမ်ရှေ့မင်းသားသည် အထည်ကန့်လန့်ကာဖြင့် ဖုံးလွှမ်းထားသည့် သူ့ရှေ့ရှိ နေရာကျဉ်းကျဉ်းလေး အကြောင်းကို အလွန်သိချင်နေသည်။ အချိန်အတော်ကြာအောင် စိစစ်ပြီးသည့်တိုင် သူ မတုန်မလှုပ် ဖြစ်နေသေးသည်။
လီယွီ ရုတ်တရက် သတိရသွားသည်။ အိုး ဟုတ်တာပေါ့...သူ့ ခင်ပွန်းသည်က ခေတ်မီအဝတ်အစားကို ဘယ်လိုဝတ်ရမှန်းမသိဘူး။
လီယွီသည် သူ့ကိုယ်သူ အမြန်ထလိုက်လာပြီး အိမ်ရှေ့မင်းသားအဝတ်အစားလဲရန် ကူညီရန် အဝတ်လဲခန်းထဲသို့ ဝင်လာလိုက်သည်။
အခု သူက ကူညီပေးနိုင်ခဲ့ရုံသာမက သူ့လောင်ကုန်းရဲ့ ချောမောခန့်ညားသည့် ရုပ်သွင်ကို ပထမဆုံးမြင်တွေ့သူလည်း ဖြစ်နိုင်တယ်။ မကျေနပ်ရင် ကျေနပ်တဲ့အထိ ပြောင်းလဲနိုင်တယ်။
လီယွီ သည် အိမ်ရှေ့မင်းသားအတွက် အကြည့်ကောင်းဆုံး ဝတ်စုံနှစ်ခုကို ရွေးထုတ်ပြီး တူညီသော ပုံစံကိုလည်း ကိုင်ဆောင်ထားသည်။ သူတို့သည် ရှေးခေတ်က လိုက်ဖက်ညီသော ဝတ်စုံများကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဝတ်ဆင်ခဲ့ကြသည်။ အခုခေတ်နဲ့ လိုက်ဖက်တဲ့ စုံတွဲတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကို ဝတ်ဖို့ အခွင့်အရေးရနေပါပြီ။
အိမ်ထောင်ကျခါစ ဇနီးမောင်နှံများသည် အားလပ်ချိန်တိုင်းတွင် ပူးကပ်ကာ ချစ်ကြည်နူးနေတတ်သည်။ အိမ်တွင်ပူးကပ်ချစ်ကြည်နူးပေမယ့် ပွေ့ဖက်နမ်းရှုံ့ခြင်းက ရှောင်လွှဲ၍မရပေ။
အမျိုးသားများသည် များသောအားဖြင့် အဝတ်အစားများပေါ်မူတည်ပြီး အလွန်လျင်မြန်စွာ ပြောင်းလဲ သွားလေ့ရှိသည်။ လီယွီနှင့် အိမ်ရှေ့မင်းသားတို့သည် အရှက်မရှိ အဝတ်လဲခန်းထဲတွင် တစ်နာရီနီးပါးကြာအောင် အတူ ပူးကပ်နေခဲ့ကြသည်။ ထွက်လာတော့ သူတို့ နှစ်ယောက်လုံးက တူညီဝတ်စုံတွေ ဝတ်ထားတယ်။ အနည်းငယ် ရောင်ရမ်းနေသော နှုတ်ခမ်းနှင့် မျက်လုံးထောင့်မှ နီရဲခြင်းမှလွဲ၍ လီယွီသည် အလွန်ကြည့်ကောင်းပုံ ပေါ်နေသည်။
လီယွီသည် သူ့ဖုန်းကိုထုတ်ကာ ဘီလ်ပေးချေလိုက်သည်။ ထို့နောက် အိမ်ရှေ့မင်းသားအား ပုံရိုက်နည်းကို သင်ကြားပေးပြီး ဖုန်းဖြင့် ဓာတ်ပုံရိုက်ကာ သူတို့ဖုန်း၏ နောက်ခံပုံအဖြစ် သတ်မှတ်သည်။ ဒီပုံက အရမ်းကောင်းတယ်။ အထဲမှာ လူနှစ်ယောက် ပါနေပြီး နှစ်ယောက်လုံး ပြုံးရယ်နေကြသည် ။ သူက တောက်ပစွာ ပြုံးလိုက်သည်။ အိမ်ရှေ့မင်းသားက နွေးထွေးစွာပြုံးနေတယ်။
အိမ်ရှေ့မင်းသားသည် သူ့ကိုယ်သူ ဆဲလ်ဖီ ရိုက်ရာတွင် အရမ်းတော်သည်။
ပြီးသွားသော ဓါတ်ပုံကိုကြည့်ရင်း 'ဆဲလ်ဖုန်း' ဟူသော ဤသေတ္တာငယ်လေးအား ချီးမွမ်းစကားဆိုခဲ့သည်။ လီယွီသည် ဤအရာသည် နတ်ဆိုးမှော်တစ်မျိုးမဟုတ်ဟု ရှင်းပြကာ အိမ်ရှေ့မင်းသားအား ပုံရိုက်နည်းကို သင်ပေးရင်း ရယ်မောလိုက်သည်။
အရင်က ကျောင်းမှာ ဓာတ်ပုံပညာအခြေခံကို သင်ယူခဲ့ပေမယ့် ဗဟုသုတအားလုံးကို ဆရာ့ဆီ ပြန်ပေးလိုက်သလိုပဲ။ ဒါပေမယ့်လည်း ဖုန်းထဲက အပလီကေးရှင်းတွေကြောင့် အခု ဓါတ်ပုံတွေ ရိုက်ရတာ ပိုကောင်းလာတယ်။
ဝတ်စုံအသစ်ကိုဝတ်ပြီးနောက် အိမ်ရှေ့မင်းသားက ဖုန်းကိုကိုင်ကာ သူမြင်သမျှကို ဓာတ်ပုံရိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ပုံတိုင်းမှာ လီယွီ အမြဲရှိနေသည်။
လီယွီ သည် ရှေးခေတ်က သူ့လောင်ကုန်းကို အသစ်အဆန်းကို ခံစားခွင့်ပေးလိုက်သည်။ မူလ နိုဝင်ဘာနှင်းစက်လို အေးစက်ကာ မျက်တောင်တောင်မခတ်ဘဲ သတ်ခဲ့တဲ့ အာဏာရှင်ကြီးလို့ သူ့ကို ဘယ်သူက ထင်တော့မှာလဲ။ အာဏာရှင်ကြီးက ဓာတ်ပုံရိုက်ရတာ တကယ် ကြိုက်တဲ့သူ ဖြစ်နေတယ်။
လျှောက်လည်သည့် ခရီးအလယ်တွင် လီယွီ သည် အိမ်ရှေ့မင်းသားနှင့် အတူစားရန် ဆိုင်လေးတစ်ဆိုင်မှ ရေဘဝဲ အသားလုံးအချို့ကို ဝယ်ခဲ့သည်။
ပထမတော့ အိမ်ရှေ့မင်းသားက ဒီထူးဆန်းတဲ့ အသားလုံးလေးကို ပြင်းပြင်းထန်ထန် ခုခံပြီး "ဒါက ငါးအသားလား" လို့ တိတ်တဆိတ် ပြောလိုက်တယ်။
လီယွီ: ???
အိမ်ရှေ့မင်းသား စိုးရိမ်သည့်အချက်ကို ချက်ချင်း သိလိုက်သည့် လီယွီ: "စိတ်မပူပါနဲ့။ အဲ့ဒါက ရေဘဝဲပါ။ ကျွန်တော်တို့နဲ့ အမျိုးတူ မဟုတ်ဘူး"
အိမ်ရှေ့မင်းသားက လီယွီ၏ နူတ်ဖျားမှ "ကျွန်တော်တို့" ဆိုသည့် အသုံးနှုန်းကို ကြားလိုက်တော့ သဘောကျသွားကာ စိတ်အေးသွားခဲ့သည်။ ပြီးတော့ ဒီအသားကလည်း ငါး မဟုတ်ဘူးဆိုတော့ သူက ရေဘဝဲလုံးကြော်ကို နည်းနည်းကိုက်ကာ မြည်းလိုက်တော့.....အရသာက တကယ့်ကို ကောင်းတာပဲ......
အစားအစာတွင် ပါဝင်ပစ္စည်းများဖြစ်သော ငါးနှင့် ငါးနက်ကြီးများသည် ရေဘဝဲအသားလုံးများကို လျင်မြန်စွာ ခွဲထုတ်ပြီး အားလုံးကို လျင်မြန်စွာ စားသုံးနေကြသည်။
ထို့နောက် လီယွီ သည် အိမ်ရှေ့စံမင်းသားအား သမိုင်းပြတိုက်သို့ ခေါ်ဆောင်သွားခဲ့သည်။
လီယွီသည် ဤနေရာသည် အိမ်ရှေ့မင်းသားကို အလည်အပတ်ခေါ်ဆောင်ရမည့်နေရာဟု ဆုံးဖြတ်ထားခဲ့သည်။ ဖုန်းဖြင့်ရှာဖွေခြင်းမှလွဲ၍ နေရာတစ်ခု၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို နားလည်ရန် ကောင်းမွန်သောနည်းလမ်းမှာ သမိုင်းပြတိုက်သို့ သွားရောက်လည်ပတ်ခြင်းဖြစ်သည်။
လီယွီသည် ခေတ်သစ်ကမ္ဘာမှ အိမ်ရှေ့မင်းသားက မည်သို့သော အရာကို မှတ်သားမည်ကို မသိခဲ့ပါ။ သူသည် သူနေထိုင်ခဲ့သော ကမ္ဘာကို အိမ်ရှေ့မင်းသားထံ ပြသပေးရန်သာ အစွမ်းကုန် စွမ်းဆောင်နိုင်သည်။
ပြတိုက်အတွင်းတွင်၊ လူသမိုင်းကြောင်းတစ်လျှောက် မင်းဆက်တွေ ပေါ်ပေါက်လာခြင်း၊ ပြိုလဲခြင်းနှင့် ကွဲပြားသော မင်းဆက်များ ထွန်းကားခြင်း၏ အကြွင်းအကျန်များ ဤကမ္ဘာပေါ်တွင် ရှိနေခဲ့သည်။ ရှေးဘုရင်မင်းမြတ်ပိုင် ဓားများအပြင် တောင်သူများလုပ်သော ဆားနယ်ထားသော ဟင်းသီး ဟင်းရွက်အိုးများလည်း ရှိသည်။ အီလက်ထရွန်းနစ်ဖြင့် ရှင်းပြသည့် အသံသည် ပြသမှုတိုင်းတွင် ပါဝင်ပြီး ပစ္စည်း၏အမည်၊ အသုံးပြုမှုနှင့် အဓိပ္ပါယ်တို့ကို မိတ်ဆက်ပြောပြပေးနေည်။
မင်းဆက်တစ်ခု ထွန်းကားလာခြင်းသည် ပြိုလဲခြင်းနှင့် နောက်တစ်ခုပြိုကွဲခြင်း နှင့် အမြဲတွဲနေပါသည်။ အိမ်ရှေ့မင်းသားသည် သူကြားလိုက်ရသည့်အရာကြောင့် စွဲလန်းသွားပြီး လေးလေးနက်နက် နားထောင်ကာ တွေးတောရင်း မျက်ခုံးပင့်လိုက်သည်။
ပြတိုက်ကိုလည်ပတ်ပြီးနောက် လီယွီ သည် ခင်ပွန်းဖြစ်သူအား အပန်းဖြေဥယျာဉ်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
ဤသည်မှာ လီယွီ ၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများထဲမှ တစ်ခုဖြစ်သည်။
အနာဂတ်မှာ သူတို့ ဒီကိ ုပြန်မလာနိုင်ရင် သူ ဒီမှာ တတ်နိုင်သလောက် ကစားပြီး သူ့ပိုက်ဆံကို တန်ဖိုးရှိအောင် လုပ်ချင်နေတာ သေချာတယ်။
လီယွီ က "ကျွန်တော် ငယ်ငယ်တုန်းက ဒီကို တစ်ခါမှ မရောက်ဖူးဘူး။ ကျွန်တော့်ရွယ်တူတွေက ဒီကို လာတိုင်း ကျွန်တော် အရမ်းမနာလိုဖြစ်ရတယ်။"
အပန်းဖြေဥယျာဉ်အတွက် လက်မှတ်က နည်းနည်းဈေးကြီးတယ်။ သူ ငယ်ငယ်တုန်းက သူ့မိသားစုရဲ့ ငွေရေးကြေးရေး အခြေအနေက ကျပ်တည်းသဖြင့် လီယွီ မှာ ဒီကိုလာဆော့ရန် ပိုက်ဆံ မရှိဘူး။ အသက်ကြီးလာသောအခါတွင် နောက်ဆုံးတွင် ဝင်ကြေး တတ်နိုင်ခဲ့သော်လည်း ယခုအချိန်တွင် သူနှင့်တွဲကစားရန် မည်သူမျှ မရှိတော့ပေ။
အိမ်ရှေ့မင်းသားက "ငါ မင်းနဲ့လိုက်ခဲ့မယ်" လို့ အခိုင်အမာပြောခဲ့သည်။
လီယွီ သည် ရိုလာကိုစတာပေါ်တွင် တက်ကာ ကစားချင်ခဲ့သည်။ လူနှစ်ယောက် အကြာကြီး တန်းစီရပ်လိုက်သည်။ ထို့နောက် သူတို့သည် မိနစ်အနည်းငယ်မျှသာ ဝင်ရောက်ပြီး စိတ်လှုပ်ရှားဖွယ်ရာ စီးနင်းမှုကို ခံစားခဲ့ကြရသည်။ လီယွီသည် အိမ်ရှေ့စံမင်းသားကို ပွေ့ဖက်ကာ မျက်နှာဖြူဖျော့သွားခဲ့သည်။ အိမ်ရှေ့မင်းသားသည် အခြေနေ ပိုကောင်းလာသော်လည်း ဒါက "ပြစ်ဒဏ်နှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ရှာဖွေနေသည်" ဟု ခံစားလိုက်ရသည်။
လီယွီ က "ဒါက နှိပ်စက်တာမဟုတ်ဘူး။ ဒါဟာ စိတ်ဖိစီးမှုကို သက်သာစေတဲ့ နည်းလမ်းတစ်ခုပါ။"
ဘာကြောင့်လဲ ဆိုတော့ ရိုလာကိုစတာစီးရင်း လူတိုင်းက ကြောက်လန့်တကြား အော်ဟစ်နေကြလို့ပါပဲ။ သူတို့ကြားထဲက တစ်ယောက်ယောက်က ဝမ်းနည်းပူဆွေးမှု နည်းနည်းလေး ခံစားနေရတာကို ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး။
ရိုလာကိုစတာကို တွေ့ကြုံပြီးနောက် လီယွီသည် သူ့နောက်မှ လူအုပ်ကြီးကို လှမ်းကြည့်ကာ ဒီလိုအရာကို အတူမကစားခဲ့ရသည့် သူ့မိသားစုဝင်တွေနဲ့ ဝေးခဲ့ရသည့်အတွက် ဝမ်းနည်းလာခဲ့သည်။
အိမ်ရှေ့မင်းသားသည် ဤအရာအားလုံးကို သတိပြုကာ သူ့လက်ကို နောက်တစ်ကြိမ် ဆုပ်ကိုင်လိုက်သည်။ သူက တိုးတိုးလေးပြောတယ် "ကိုယ် ဒီမှာရှိတယ်လေ။ ကိုယ်က မင်းနဲ့ အတူတူ ရှိနေမှာပါ ။"
"နောက်ထပ်ကစားမှာက တိုက်ကား ဖြစ်တယ်။ ဒါကလည်း ကျွန်တော် ငယ်ငယ်က ကစားချင်ခဲ့တဲ့ အရာပဲ။" လီယွီက အကြိမ်ကြိမ် မျက်တောင်ခတ်လိုက်သည်။
**********-************
Chapter 155-2 - ချစ်ခြင်း ပြိုင်သည့် ငါးနှစ်ကောင်
ရှောင်ယွီ က "တကယ်ကို ကစားချင်ခဲ့တာ" ဟု နှစ်ကြိမ်ဆက်တိုက်ပြောခဲ့သည်။ အိမ်ရှေ့မင်းသားဟာ သေဘေးနဲ့တွေ့မယ်ဆိုရင်တောင် သူ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာ သေချာပါတယ်။
တိုက်ကားများသည် များသောအားဖြင့် ကလေးများအတွက် ဂိမ်းတစ်ခုဖြစ်သည်။ ကားအရွယ်အစားက တကယ်တော့ သိပ်မကြီးဘူး။ လီယွီနှင့် အိမ်ရှေ့မင်းသားတို့သည် ကားပေါ်တွင် ကျပ်တည်းစွာ ထိုင်ကြသည်။ နှစ်ယောက်စလုံး ကျောကို ကွေးပြီး ဒူးအချင်းချင်း အနီးကပ် ဖိထားရန် လိုအပ်သည်။ လီယွီသည် ထိန်းချုပ်မှုများနှင့် သိပ်မရင်းနှီးဘဲ မည်သည့်ခလုတ်ကို နှိပ်ရမည်ကို မသိသဖြင့် အနည်းငယ် လှည့်ပတ်ကြည့်နေမိသည်။ တိုက်ကားက စက်ဝိုင်းလို ပတ်ချာလည် လှည့်နေသည်။
"ကျွန်တော့်ကို တစ်မိနစ်လောက်အချိန်ပေး၊ ကျွန်တော့်ဖာသာ မောင်းရမယ့် နည်းကို တွေ့အောင်ရှာဖို့ ကတိပေးတယ်။"
လီယွီ ထိတ်လန့်သွားသည်။ မူလက သူဘယ်လောက်ထိ အထင်ကြီးစရာကောင်းလဲဆိုတာကို ခင်ပွန်းသည်ကို မြင်စေချင်ပေမယ့် သူ့ကိုယ်သူ ရှက်ရွံ့မိပြန်တယ်။
"အလျင်လိုမနေနဲ့။" အိမ်ရှေ့မင်းသား ဘာတွေ တွေးနေတယ် ဆိုတာ မ သိနိုင် ပေမယ့် နှုတ်ခမ်းထောင့်မှာ အပြုံးတခု ပေါ်လာတယ်။
ဖြစ်နိုင်တာက သူတို့နှစ်ဦးသည် တိုက်ကားကို မည်သို့လုပ်ဆောင်ရမည်ကိုပင် မသိနိုင်သောကြောင့် အခြားကစားသမားများ၏ အထင်အမြင်သေးခြင်းကို ခံခဲ့ရသည်။ ကားတစ်စီးသည် ကျော်တက်သွားပြီး လီယွီနှင့် အိမ်ရှေ့မင်းသား၏ကားကို ဝင်တိုက်ကာ နောက်တစ်ကြိမ် လှည့်ပတ်သွားစေခဲ့သည်။
အိမ်ရှေ့မင်းသား- "......"
အိမ်ရှေ့မင်းသား ဒေါသတကြီး ဖြစ်သွားသည်။
ရဲတင်းလိုက်တာ! ရှောင်ယွီ ရဲ့ကားကို မင်းက ဘယ်လောက်တောင် သတ္တိရှိရှိ ဝင်တိုက်တာလဲ။
လီယွီက သူ့အား အမြန်ပြန်ဆွဲကာ ပြောလိုက်သည်။ " ထျန်းချီ ၊ ဒီဂိမ်းက ဒီလိုကစားရတာ ပုံမှန်ပဲ ။ ဒေါသမထွက်နဲ့!"
လီယွီသည် ထိန်းချုပ်မှုများကို ကောင်းစွာသိရှိပြီး အိမ်ရှေ့စံမင်းသားအား "ကျွန်တော် ဘာလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ပါ!"
လီယွီသည် သူ၏ဘန်ပါကားကို ထိန်းချုပ်ကာ သူတို့ကို ဝင်တိုက်ခဲ့သော ကားနောက်ကို တိကျစွာ လိုက်ခဲ့သည်။ သူလည်း အခြားတစ်ဖက်ကို ဝင်တိုက်မိပြီး သူတို့ကို ယိမ်းထိုးသွားစေသည်။
လီယွီ : "ဟား....ဟား...ဟား ငါလက်စားချေလို့ ရပြီ!"
အိမ်ရှေ့မင်းသားက ဘာကြောင့် ဒီလိုမျိုး အပြန်ပြန်အလှန်လှန် တိုက်ခိုက်ရတယ်ဆိုတာ တကယ်နားမလည်ဘူး။ သို့သော်လည်း ရှောင်ယွီ သည် အသက်ဝင်ပြီး စိတ်လှုပ်ရှားနေသည်ကို တွေ့တော့ အိမ်ရှေ့မင်းသား၏ သိမ်မွေ့သော စိတ်ဓာတ်များလည်း ပျောက်ကွယ်သွားခဲ့သည်။
သို့သော်လည်း သူသည် ငြိမ်ငြိမ်ထိုင်နေရုံသာမက အရာအားလုံးကို လုပ်ဆောင်ရန် သူ၏ ဝမ်ဖေးကိုသာ အားကိုးနေနိုင်သည်။ အိမ်ရှေ့မင်းသားသည် ရှောင်ယွီ အတွက် အနီရောင်ခလုတ်ကို နှိပ်ရန် အစပြုခဲ့သည်။ ဘမ်ပါကားသည် ချက်ချင်းပင် နံရံကို တိုက်မိသွားသည်။
လီယွီ က " ထျန်းချီ ၊ ကြုံသလို မနှိပ်နဲ့!"
လီယွီသည် ခင်ပွန်းဖြစ်သူအား အပန်းဖြေဥယျာဉ်တစ်ဝိုက်တွင် လမ်းပြကာ နှလုံးသားတစ်ခုနှင့် ရင်းကာ စိတ်ပါလက်ပါ ဆော့ကစားခဲ့သည်။ လူနှစ်ယောက်က ဘန်ပါကားပေါ်မှာ ဓာတ်ပုံတွေ အများကြီးရိုက်ကြတယ်။
တစ်နေ့တာလုံး အမှတ်တမဲ့ ကုန်ဆုံးသွားတယ်။ လီယွီ၏အိမ်သို့ တစ်ဖန်ပြန်သွားရာ လူနှစ်ဦးသည် တူညီသောပုံစံနှင့် ရောင်စုံတီရှပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ အိမ်ရှင်အဖြစ် လီယွီသည် ညစာချက်ရန် စီစဉ်ခဲ့ပြီး ရေခဲသေတ္တာထဲမှ လတ်ဆတ်သော သခွားသီးများကို ရှာဖွေခဲ့သည်။
အိမ်ရှေ့စံ- "........."
လီယွီသည် သခွားသီးကို ထုတ်ကာ ခါတိုင်းကဲ့သို့ ပြုလုပ်ဖို့ ကြံလိုက်သည်။ ထို့နောက် ခေါက်ဆွဲပြုတ်ရန် မီးဖိုခန်းထဲသို့ လှည့်ဝင်လိုက်သည်။ ပြန်လာသောအခါ အိမ်ရှေ့မင်းသားသည် သခွားသီးကို အကုန်စားပြီးသည်နှင့် အရည်တစ်စက်မျှပင် မကျန်တော့ပေ။
လီယွီက သူ့ကိုယ်သူပြောလိုက်မိသည်- ခင်ပွန်းသည်က တကယ်ဗိုက်ဆာနေပြီ၊ ဘယ်လောက်သနားစရာ ကောင်းလိုက်လဲ။
ပြီးတော့ အဲဒါကို သိပ်ပြီးတော့ မစဉ်းစားတော့ပဲ ခေါက်ဆွဲပြုတ်လိုက်သည်။
သူက ရိုးရိုးခေါက်ဆွဲ ပန်းကန်နှစ်လုံးကို ချက်ကာတစ်ယောက် ပန်းကန်လုံးတစ်လုံးစီ စားလိူင်တယ်။ ထမင်းစားပြီးတာနဲ့ နှစ်ယောက်စလုံး ပူပူနွေးနွေးနဲ့ အတူတူ အိပ်ကြတယ်။ လီယွီသည် အီလက်ထရွန်းနစ် ပန်ကာငယ်လေးကို ဖွင့်လိုက်ပြီး သူတို့အား လေ မှုတ်ထုတ်စေလိုက်သည်။
အိမ်ရှေ့မင်းသားသည် ဤအရာအားလုံးကို သူ့အလိုလို မှုတ်ထုတ်နိုင်သော အရာအား စူးစမ်းလေ့လာ နေခဲ့သည်။ ရှောင်ယွီ က ဒါကို အီလက်ထရွန်းနစ် ကိရိယာလို့ ခေါ်တဟု ပြောခဲ့သည်။
အီလက်ထရွန်နစ် ကိရိယာငယ်လေးသည် လေပူအချို့ကို မှုတ်ထုတ်လိုက်သည် ။ လီယွီနှင့် အိမ်ရှေ့မင်းသားတို့သည် တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းစိုက်ကြည့်ကာ နားလည်မှုဖြင့် နီးကပ်လာကာ နှုတ်ခမ်းများကို ဖြည်းညှင်းစွာ ဖိလိုက်ကြသည်။
လီယွီ သည် မူလက အိမ်ရှေ့မင်းသားအား ကုတင်သေးသေးလေးပေါ်တွင် တစ်ခုခုလုပ်ရန် တွန်းအားပေးရန် စီစဉ်ထားသည်။ သို့သော် စက္ကန့်ပိုင်းမျှ နမ်းရှိုက်ပြီးနောက်တွင် အိမ်ရှေ့စံမင်းသားသည် အနက်ရောင်ငါးကြီးအဖြစ်သို့ တစ်ဖန်ပြန်သွားခဲ့သည်။
ဒီလိုအချိန်မျိုးမှာ ဘရိတ်ကိုနှိပ်လိုက်သလို ဖြစ်ကာ လီယွီ ပေါက်ကွဲလုနီးပါးဖြစ်သွားတယ်။
ဘာမဟုတ်တဲ့ System စုတ်.... မင်း အခုချက်ချင်း ထွက်လာစမ်း...ငါ မင်းကို အသေမသတ်ဘူးလို့ ကတိပေးတယ်။ အိမ်ရှေ့မင်းသားက ဘာကြောင့် ငါးအဖြစ် ပြောင်းလဲသွားတာလဲ။
System ၏ရှင်းပြချက်ကို မစောင့်ဘဲ လီယွီက ကိုယ်တိုင် ရှာဖွေခဲ့သည်။ အပြောင်းအလဲအတွက် အချိန်ကန့်သတ်ချက် ပြည့်သွားသောကြောင့်ဖြစ်သည်။ ဒါက သူ့အရင်တုန်းက ဖြစ်ပျက်ခဲ့တာနဲ့ တော်တော်တူတယ်။
အိမ်ရှေ့မင်းသားငါးနက်ကြီး ကို လူသားအဖြစ်သို့ ပြောင်းလဲစေသည့်နည်းလမ်းမှာ ငါးကို သုံးကြိမ်နမ်းခြင်း ဖြစ်သည်။ လီယွီသည် ငါးနက်ကြီးကို ကောက်ကိုင်ကာ နမ်းလိုက်သည်။ သို့သော် အလုပ် မဖြစ်ပေ။
System က "ကျေးဇူးပြုပြီး မနက်ဖြန် ထပ်စမ်းကြည့်ပါ၊ Host ။"
လီယွီ : ......
နားလည်ပြီ။ ဒါကြောင့် တစ်နေ့ကို တစ်ကြိမ် ကန့်သတ်ချက်တောင် သက်ရောက်နေသေးတာပဲ ။
လီယွီဘာမှ မလုပ်နိုင်ဘဲ အိမ်ရှေ့မင်းသားငါးနက်ကြီး ကို ရေချိုးကန်ထဲသို့ ပြန်ထည့်လိုက်သည်။ အနက်ရောင်ငါးက သူ့ကို လုံးထွေးပြီး စိတ်မပူဘဲ အနားယူစေချင်တယ်။
သို့သော် 'မနက်ဖြန်' တိုင်အောင် အချိန်အတော်ကြာနေသေးသည်။
လီယွီ သည် အိမ်ရှေ့မင်းသားနှင့် တစ်မိနစ်ပင် မခွဲခွာချင်ပေ။ ပင်မ မစ်ရှင်ကို ပြီးမြောက်ပြီးနောက်တွင် သူသည် အချိန်မရွေး ငါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ကြောင်း သူမှတ်မိသည်။ ဒီအရည်အချင်းကို ခေတ်သစ်ကမ္ဘာမှာ အသုံးချနိုင်မလား။
လီယွီ သည် ကျွမ်းကျင်မှုကို အသုံးပြုရန် ကြိုးစားခဲ့သည်။ သူ့အရည်အချင်းအတွက် အချိန် သို့မဟုတ် နေရာအတားအဆီးမရှိခဲ့ပါ။ ခဏအတွင်း သူ အောင်အောင်မြင်မြင် ပြောင်းလဲလိုက်ကာ အဖြူနှင့်ရွှေရောင် Koi အဖြစ်သို့ပြောင်းလဲခဲ့သည်။
လီယွီသည် ငါးကန်ထဲသို့ခုန်ဆင်းကာ အိမ်ရှေ့မင်းသားငါးနက်ကြီး ဘေးတွင် နှစ်ကြိမ်တိုင်တိုင် ကူးခတ်ခဲ့သည်။ အိမ်ရှေ့မင်းသားငါးနက်ကြီး က သူ့ကို ထိတ်လန့်တကြားကြည့်တယ်။
" ထျန်းချီ ၊ကျွန်တော်လည်း ခင်ဗျားကို အဖော်ပြုဖို့ လိုက်လာပြီ " လီယွီက ပြုံးပြသည်။
အိမ်ရှေ့မင်းသားငါးနက်ကြီး သည် လီယွီ ငါးထက်ပင် ကြီးမားသည်။ သူသည် ရေထဲတွင် ရေတွေကို ယက်ထုတ်ပြီး လီယွီ အောက်တွင် တိုက်ရိုက် ကူးခတ်သွားသည်။
လီယွီ :အချစ် ဘာလုပ်နေတာလဲ။
အိမ်ရှေ့မင်းသားငါးနက်ကြီး သည် လွင့်ပျံလာကာ လီယွီ ကို သူ့နောက်ကျောပေါ် သယ်ဆောင်သွားသည်။
အိမ်အပြင်ဘက်က လရောင်က ပြတင်းပေါက်ကနေ လင်းလက်နေတယ်။ ရေချိုးကန်အတွင်းတွင် အနက်ရောင်ငါးတစ်ကောင်နှင့် တောက်ပနေသော လရောင်ကဲ့သို့ ငွေရောင်နှင့် ရွှေရောင် ရောစပ်နေသည့် ငါးတစ်ကောင်က အချင်းချင်း ပူးကပ်ရစ်တွယ်ကာ ချစ်ခြင်းပြိုင်နေကြသည်။
***********-*********
Chapter (155-1) ကစားကြင္းမွာ အတူတူ ကစားမယ္
ေနာက္ဆံုးေတာ့ လီယြီသည္ ခင္ပြန္းသည္ကို အဝတ္ ဝတ္ေပးျပီးသြားသည္ ။ အိမ္ေရွ႕မင္းသားသည္ လီယြီ ထံတြင္ ရွိသမွ်ထဲမွ အႀကီးမားဆုံးေသာ ကမ္းေျခဝတ္ ေရွာ့ပင္အတိုေလးနွင့္ ခႏၶာကိုယ္အေပၚပိုင္းအတြက္ တင္းက်ပ္ေသာ တီရွပ္ကို ဝတ္ဆင္ထားသည္။ ဒီဟာကို အြန္လိုင္းကေန ဝယ္ခဲ့တာျဖစ္သည္။ အ႐ြယ္အစားက မလိုက္ဖက္ဘဲ ႀကီးလြန္းေနတယ္။ ေနာက္ေတာ့ ပစၥည္းျပန္ေပးဖို႔ ေမ့သြားခဲ့တယ္။ ေျပာရရင္ေတာ့ ဒါဟာ အသစ္စက္စက္ပါပဲ။ ေနာက္ဆုံးတြင္ အိမ္ေရွ႕မင္းသားသည္ လီယြီ၏ အိမ္ေလးထဲမွ ထြက္ႏိုင္ခဲ့သည္။
ေရွာင္ယြီ အရင္က ဝတ္ခဲ့တဲ့ ေဘာင္းဘီတိုကို မဝတ္ႏိုင္ေတာ့တဲ့ အတြက္ အိမ္ေရွ႕မင္းသား က ဝမ္းနည္းစရာေကာင္းတယ္လို႔ ခံစားေနရသည္။
အိမ္ေရွ႕မင္းသားမွာ အဝတ္အစားေတြရွိေနၿပီဆိုေပမယ့္ လီယြီ က အိမ္ေရွ႕မင္းသားကို ေနာက္ထပ္ဝယ္ေပးဖို႕ ေခၚေဆာင္ခဲ့သည္။ တကယ္ေတာ့ အြန္လိုင္းမွာ ပစၥည္းေတြကို ဝယ္ယူၿပီးေနာက္ စတိုးဆိုင္တစ္ဆိုင္ကို လူကိုယ္တိုင္သြားခဲသည္ ။ အြန္လိုင္းမွာ ပိုလြယ္တယ္လို႔ လူတိုင္းေျပာၾကတယ္။ သို႔ေသာ္၊ ကိုယ့္ဆီကို အျမန္ေခ်ာပုိ႕နဲ႕ ပို႔ေဆာင္မႈအတြက္ ေစာင့္ရန္ အမွန္တကယ္ အခ်ိန္ပိုမရွိလို႕ ကိုယ္တိုင္ ဝယ္တာ ပိုေကာင္းပါတယ္။
လီယြီ သည္ အိမ္ေရွ႕မင္းသားအား အမ်ိဳးသားအဝတ္အထည္ဆိုင္သို႔ ေခၚေဆာင္ခဲ့သည္။ အိမ္ေရွ႕မင္းသား၏ ေခ်ာေမာလွပေသာ မ်က္ႏွာသည္ လူမ်ားစြာကို ဆြဲေဆာင္ႏိုင္ခဲ့သည္။ လီယြီသည္ အိမ္ေရွ႕မင္းသား၏ ရုပ္ဆင္း၏ဆြဲေဆာင္မႈထဲ လူတိုင္း နစ္ျမဳပ္ေနသကဲ့သို႔ ခံစားလိုက္ရသည္။ သူ၏ခင္ပြန္းကို ေခတ္သစ္ကမာၻတြင္ ေက်ာ္ၾကားေစသည့္တိုင္ သူ႔အတြက္ ျပႆနာမရွိေပ။ ကံမေကာင္းစြာပဲ၊ သူတို႔က သိပ္ၾကာၾကာမေနႏိုင္ဘူးေလ။
လီယြီသည္ အိမ္ေရွ႕မင္းသားကို ေကာင္းစြာ ဝတ္ဆင္ခ်င္ခဲ့သည္။ သူတို႔သြားသည့္ ဆိုင္ရဲ႕ အဓိကစတိုင္က ခပ္မိုက္မိုက္နဲ႔ အဆင့္အတန္းျမင့္သည္။ လီယြီ သည္ ေခါင္းမွ ေျခဖ်ားအထိ အဝတ္ေတြကို ေကာက္ယူၿပီးေနာက္ ေခ်ာေမာၿပီး စတိုင္က်ေသာ ဝတ္စုံအခ်ိဳ႕ကို သူ႔လက္ထဲတြင္ ကိုင္ေဆာင္ထားလိ္ုက္သည္။
သူသည္ အိမ္ေရွ႕မင္းသားႏွင့္ ေရွးေခတ္ကမာၻတြင္ ရွိေနရန္ လိုအပ္သည္။ ေခတ္သစ္ေငြေႀကးသည္ သူ႔အတြက္ အပိုသာ ျဖစ္သည္။ သူ႕ေလာင္ကုန္း အတြက္ သူ လိုအပ္တာေတြကို အကုန္ဝယ္ဖို႕ ေငြကို ျဖဳန္းလိုက္မယ္။ဒါအတြက္ လီယြီ ေနာင္တလုံးဝမရွိေပ။
မ်ားေသာအားျဖင့္ လူေတြက ဆိုင္မွာမဝယ္ခင္ အဝတ္အစားေတြကို စမ္းၾကည့္ၾကတယ္။ လီယြီသည္ သူႏွစ္သက္ေသာ ဝတ္စုံမ်ားကို အိမ္ေရွ႕စံမင္းသားထံ ေပးအပ္ၿပီးေနာက္ အဝတ္လဲခန္းထဲသို႔ တြန္းပို႔လိုက္သည္။
မုထ်န္းခ်ီ သည္ ေခတ္မီကမာၻသို႔ေရာက္လာၿပီး ငါးတစ္ေကာင္ျဖစ္လာၿပီးေနာက္၊ သူသည္ စူပါမားကတ္ရွိ ငါးကန္အတြင္းတြင္ ပထမဆုံးပိတ္မိၿပီးေနာက္ လီယြီ က အိမ္သို႔ ခ်က္ျခင္းေခၚေဆာင္လာခဲ့သည္။ တကယ္ေတာ့ သူ႔မွာ ရႈခင္းေတြျမင္ဖို႔ အခြင့္မရခဲ့ဘူး။ လီယြီသည္ သူ႕ကို အခန္းတစ္ခုထဲ တြန္းထည့္ကာ တံခါးအျပင္ဘက္သို႔ ထြက္သြားေသာေၾကာင့္ ပုံမွန္အားျဖင့္ ေအးေဆးတည္ၿငိမ္ေသာ အိမ္ေရွ႕စံမင္းသားပင္ ေနာက္တစ္ႀကိမ္ တုန္လႈပ္သြားခဲ့သည္။
ေရွာင္ယြီ သည္ လူသားတစ္ဦးျဖစ္ၿပီး နတ္ဆိုးမဟုတ္ေၾကာင္း ယခု သူ သိရေလျပီ။ သို႔ေသာ္လည္း ဤကမာၻသည္ ငါးၾကင္းနတ္ဆိုး၏ ဆန္းၾကယ္ေသာ ေတာင္မဟုတ္ေသာ္လည္း၊ ေမွာ္ဆန္ေသာ ေတာင္မ်ားထက္ပင္ ပို၍ ေတာက္ပေနေသးသည္။ အိမ္ေရွ႕မင္းသားက စိုးရိမ္သာ သဘာဝက်ပါတယ္။
လီယြီက အိမ္ေရွ႕မင္းသားကို အဝတ္အစား စမ္းဖို႔ သြားခိုင္းခ်ိန္ အိမ္ေရွ႕မင္းသား: ?
အိမ္ေရွ႕မင္းသားသည္ အထည္ကန႔္လန႔္ကာျဖင့္ ဖုံးလႊမ္းထားသည့္ သူ႔ေရွ႕ရွိ ေနရာက်ဥ္းက်ဥ္းေလး အေၾကာင္းကို အလြန္သိခ်င္ေနသည္။ အခ်ိန္အေတာ္ၾကာေအာင္ စိစစ္ၿပီးသည့္တိုင္ သူ မတုန္မလႈပ္ ျဖစ္ေနေသးသည္။
လီယြီ ႐ုတ္တရက္ သတိရသြားသည္။ အိုး ဟုတ္တာေပါ့...သူ႕ ခင္ပြန္းသည္က ေခတ္မီအဝတ္အစားကို ဘယ္လိုဝတ္ရမွန္းမသိဘူး။
လီယြီသည္ သူ႔ကိုယ္သူ အျမန္ထလိုက္လာျပီး အိမ္ေရွ႕မင္းသားအဝတ္အစားလဲရန္ ကူညီရန္ အဝတ္လဲခန္းထဲသို႔ ဝင္လာလိုက္သည္။
အခု သူက ကူညီေပးႏိုင္ခဲ့႐ုံသာမက သူ႕ေလာင္ကုန္းရဲ႕ ေခ်ာေမာခန္႕ညားသည့္ ရုပ္သြင္ကို ပထမဆုံးျမင္ေတြ႕သူလည္း ျဖစ္ႏိုင္တယ္။ မေက်နပ္ရင္ ေက်နပ္တဲ့အထိ ေျပာင္းလဲႏိုင္တယ္။
လီယြီ သည္ အိမ္ေရွ႕မင္းသားအတြက္ အၾကည့္ေကာင္းဆုံး ဝတ္စုံႏွစ္ခုကို ေ႐ြးထုတ္ၿပီး တူညီေသာ ပုံစံကိုလည္း ကိုင္ေဆာင္ထားသည္။ သူတို႔သည္ ေရွးေခတ္က လိုက္ဖက္ညီေသာ ဝတ္စုံမ်ားကို အႀကိမ္ေပါင္း မေရမတြက္ႏိုင္ေအာင္ ဝတ္ဆင္ခဲ့ၾကသည္။ အခုေခတ္နဲ႔ လိုက္ဖက္တဲ့ စုံတြဲေတြရဲ႕ ဝတ္စားဆင္ယင္မႈေတြကို ဝတ္ဖို႕ အခြင့္အေရးရေနပါၿပီ။
အိမ္ေထာင္က်ခါစ ဇနီးေမာင္ႏွံမ်ားသည္ အားလပ္ခ်ိန္တိုင္းတြင္ ပူးကပ္ကာ ခ်စ္ႀကည္နူးေနတတ္သည္။ အိမ္တြင္ပူးကပ္ခ်စ္ႀကည္နူးေပမယ့္ ေပြ႕ဖက္နမ္းရႈံ႕ျခင္းက ေရွာင္လႊဲ၍မရေပ။
အမ်ိဳးသားမ်ားသည္ မ်ားေသာအားျဖင့္ အဝတ္အစားမ်ားေပၚမူတည္ျပီး အလြန္လ်င္ျမန္စြာ ေျပာင္းလဲ သြားေလ့ရွိသည္။ လီယြီႏွင့္ အိမ္ေရွ႕မင္းသားတို႔သည္ အရွက္မရွိ အဝတ္လဲခန္းထဲတြင္ တစ္နာရီနီးပါးၾကာေအာင္ အတူ ပူးကပ္ေနခဲ့ၾကသည္။ ထြက္လာေတာ့ သူတို႔ ႏွစ္ေယာက္လုံးက တူညီဝတ္စုံေတြ ဝတ္ထားတယ္။ အနည္းငယ္ ေရာင္ရမ္းေနေသာ ႏႈတ္ခမ္းႏွင့္ မ်က္လုံးေထာင့္မွ နီရဲျခင္းမွလြဲ၍ လီယြီသည္ အလြန္ၾကည့္ေကာင္းပုံ ေပၚေနသည္။
လီယြီသည္ သူ႔ဖုန္းကိုထုတ္ကာ ဘီလ္ေပးေခ်လိုက္သည္။ ထို႔ေနာက္ အိမ္ေရွ႕မင္းသားအား ပံု႐ိုက္နည္းကို သင္ၾကားေပးၿပီး ဖုန္းျဖင့္ ဓာတ္ပုံ႐ိုက္ကာ သူတို႕ဖုန္း၏ ေနာက္ခံပုံအျဖစ္ သတ္မွတ္သည္။ ဒီပုံက အရမ္းေကာင္းတယ္။ အထဲမွာ လူႏွစ္ေယာက္ ပါေနျပီး ႏွစ္ေယာက္လုံး ၿပဳံးရယ္ေနၾကသည္ ။ သူက ေတာက္ပစြာ ၿပဳံးလိုက္သည္။ အိမ္ေရွ႕မင္းသားက ေႏြးေထြးစြာၿပဳံးေနတယ္။
အိမ္ေရွ႕မင္းသားသည္ သူ႔ကိုယ္သူ ဆဲလ္ဖီ ရိုက္ရာတြင္ အရမ္းေတာ္သည္။
ၿပီးသြားေသာ ဓါတ္ပုံကိုၾကည့္ရင္း 'ဆဲလ္ဖုန္း' ဟူေသာ ဤေသတၱာငယ္ေလးအား ခ်ီးမြမ္းစကားဆိုခဲ့သည္။ လီယြီသည္ ဤအရာသည္ နတ္ဆိုးေမွာ္တစ္မ်ိဳးမဟုတ္ဟု ရွင္းျပကာ အိမ္ေရွ႕မင္းသားအား ပုံ႐ိုက္နည္းကို သင္ေပးရင္း ရယ္ေမာလိုက္သည္။
အရင္က ေက်ာင္းမွာ ဓာတ္ပုံပညာအေျခခံကို သင္ယူခဲ့ေပမယ့္ ဗဟုသုတအားလုံးကို ဆရာ့ဆီ ျပန္ေပးလိုက္သလိုပဲ။ ဒါေပမယ့္လည္း ဖုန္းထဲက အပလီေကးရွင္းေတြေႀကာင့္ အခု ဓါတ္ပုံေတြ ႐ိုက္ရတာ ပိုေကာင္းလာတယ္။
ဝတ္စုံအသစ္ကိုဝတ္ျပီးေနာက္ အိမ္ေရွ႕မင္းသားက ဖုန္းကိုကိုင္ကာ သူျမင္သမွ်ကို ဓာတ္ပုံ႐ိုက္သည္။ မည္သို႔ပင္ဆိုေစကာမူ ပံုတိုင္းမွာ လီယြီ အၿမဲရွိေနသည္။
လီယြီ သည္ ေရွးေခတ္က သူ႕ေလာင္ကုန္းကို အသစ္အဆန္းကို ခံစားခြင့္ေပးလိုက္သည္။ မူလ ႏိုဝင္ဘာနွင္းစက္လို ေအးစက္ကာ မ်က္ေတာင္ေတာင္မခတ္ဘဲ သတ္ခဲ့တဲ့ အာဏာရွင္ႀကီးလို႕ သူ႕ကို ဘယ္သူက ထင္ေတာ့မွာလဲ။ အာဏာရွင္ႀကီးက ဓာတ္ပုံ႐ိုက္ရတာ တကယ္ ႀကိဳက္တဲ့သူ ျဖစ္ေနတယ္။
ေလွ်ာက္လည္သည့္ ခရီးအလယ္တြင္ လီယြီ သည္ အိမ္ေရွ႕မင္းသားႏွင့္ အတူစားရန္ ဆိုင္ေလးတစ္ဆိုင္မွ ေရဘဝဲ အသားလုံးအခ်ိဳ႕ကို ဝယ္ခဲ့သည္။
ပထမေတာ့ အိမ္ေရွ႕မင္းသားက ဒီထူးဆန္းတဲ့ အသားလံုးေလးကို ျပင္းျပင္းထန္ထန္ ခုခံၿပီး "ဒါက ငါးအသားလား" လို႔ တိတ္တဆိတ္ ေျပာလိုက္တယ္။
လီယြီ: ???
အိမ္ေရွ႕မင္းသား စိုးရိမ္သည့္အခ်က္ကို ခ်က္ခ်င္း သိလိုက္သည့္ လီယြီ: "စိတ္မပူပါနဲ႔။ အဲ့ဒါက ေရဘဝဲပါ။ ကြၽန္ေတာ္တို႔နဲ႔ အမ်ိဳးတူ မဟုတ္ဘူး"
အိမ္ေရွ႕မင္းသားက လီယြီ၏ ႏူတ္ဖ်ားမွ "ကြၽန္ေတာ္တို႔" ဆိုသည့္ အသုံးႏႈန္းကို ၾကားလိုက္ေတာ့ သေဘာက်သြားကာ စိတ္ေအးသြားခဲ့သည္။ ၿပီးေတာ့ ဒီအသားကလည္း ငါး မဟုတ္ဘူးဆိုေတာ့ သူက ေရဘဝဲလုံးေၾကာ္ကို နည္းနည္းကိုက္ကာ ျမည္းလိုက္ေတာ့.....အရသာက တကယ့္ကို ေကာင္းတာပဲ......
အစားအစာတြင္ ပါဝင္ပစၥည္းမ်ားျဖစ္ေသာ ငါးႏွင့္ ငါးနက္ႀကီးမ်ားသည္ ေရဘဝဲအသားလုံးမ်ားကို လ်င္ျမန္စြာ ခြဲထုတ္ၿပီး အားလုံးကို လ်င္ျမန္စြာ စားသုံးေနၾကသည္။
ထို႔ေနာက္ လီယြီ သည္ အိမ္ေရွ႕စံမင္းသားအား သမိုင္းျပတိုက္သို႔ ေခၚေဆာင္သြားခဲ့သည္။
လီယြီသည္ ဤေနရာသည္ အိမ္ေရွ႕မင္းသားကို အလည္အပတ္ေခၚေဆာင္ရမည့္ေနရာဟု ဆုံးျဖတ္ထားခဲ့သည္။ ဖုန္းျဖင့္ရွာေဖြျခင္းမွလြဲ၍ ေနရာတစ္ခု၏ ယဥ္ေက်းမႈႏွင့္ ဓေလ့ထုံးတမ္းမ်ားကို နားလည္ရန္ ေကာင္းမြန္ေသာနည္းလမ္းမွာ သမိုင္းျပတိုက္သို႔ သြားေရာက္လည္ပတ္ျခင္းျဖစ္သည္။
လီယြီသည္ ေခတ္သစ္ကမာၻမွ အိမ္ေရွ႕မင္းသားက မည္သို႔ေသာ အရာကို မွတ္သားမည္ကို မသိခဲ့ပါ။ သူသည္ သူေနထိုင္ခဲ့ေသာ ကမာၻကို အိမ္ေရွ႕မင္းသားထံ ျပသေပးရန္သာ အစြမ္းကုန္ စြမ္းေဆာင္ႏိုင္သည္။
ျပတိုက္အတြင္းတြင္၊ လူသမိုင္းေႀကာင္းတစ္ေလွ်ာက္ မင္းဆက္ေတြ ေပၚေပါက္လာျခင္း၊ ၿပိဳလဲျခင္းႏွင့္ ကြဲျပားေသာ မင္းဆက္မ်ား ထြန္းကားျခင္း၏ အႂကြင္းအက်န္မ်ား ဤကမာၻေပၚတြင္ ရွိေနခဲ့သည္။ ေရွးဘုရင္မင္းျမတ္ပိုင္ ဓားမ်ားအျပင္ ေတာင္သူမ်ားလုပ္ေသာ ဆားနယ္ထားေသာ ဟင္းသီး ဟင္း႐ြက္အိုးမ်ားလည္း ရွိသည္။ အီလက္ထ႐ြန္းနစ္ျဖင့္ ရွင္းျပသည့္ အသံသည္ ျပသမႈတိုင္းတြင္ ပါဝင္ၿပီး ပစၥည္း၏အမည္၊ အသုံးျပဳမႈႏွင့္ အဓိပၸါယ္တို႔ကို မိတ္ဆက္ေျပာျပေပးေနည္။
မင္းဆက္တစ္ခု ထြန္းကားလာျခင္းသည္ ၿပိဳလဲျခင္းႏွင့္ ေနာက္တစ္ခုၿပိဳကြဲျခင္း ႏွင့္ အၿမဲတြဲေနပါသည္။ အိမ္ေရွ႕မင္းသားသည္ သူၾကားလိုက္ရသည့္အရာေၾကာင့္ စြဲလန္းသြားၿပီး ေလးေလးနက္နက္ နားေထာင္ကာ ေတြးေတာရင္း မ်က္ခုံးပင့္လိုက္သည္။
ျပတိုက္ကိုလည္ပတ္ၿပီးေနာက္ လီယြီ သည္ ခင္ပြန္းျဖစ္သူအား အပန္းေျဖဥယ်ာဥ္တစ္ခုသို႔ ေခၚေဆာင္သြားခဲ့သည္။
ဤသည္မွာ လီယြီ ၏ တစ္ကိုယ္ေကာင္းဆန္ေသာ ဆႏၵမ်ားထဲမွ တစ္ခုျဖစ္သည္။
အနာဂတ္မွာ သူတို႔ ဒီကိ ုျပန္မလာႏိုင္ရင္ သူ ဒီမွာ တတ္ႏိုင္သေလာက္ ကစားၿပီး သူ႔ပိုက္ဆံကို တန္ဖိုးရွိေအာင္ လုပ္ခ်င္ေနတာ ေသခ်ာတယ္။
လီယြီ က "ကြၽန္ေတာ္ ငယ္ငယ္တုန္းက ဒီကို တစ္ခါမွ မေရာက္ဖူးဘူး။ ကြ်န္ေတာ့္ရြယ္တူေတြက ဒီကို လာတိုင္း ကြ်န္ေတာ္ အရမ္းမနာလိုျဖစ္ရတယ္။"
အပန္းေျဖဥယ်ာဥ္အတြက္ လက္မွတ္က နည္းနည္းေဈးႀကီးတယ္။ သူ ငယ္ငယ္တုန္းက သူ႔မိသားစုရဲ႕ ေငြေရးေၾကးေရး အေျခအေနက က်ပ္တည္းသျဖင့္ လီယြီ မွာ ဒီကိုလာေဆာ့ရန္ ပိုက္ဆံ မရွိဘူး။ အသက္ႀကီးလာေသာအခါတြင္ ေနာက္ဆုံးတြင္ ဝင္ေႀကး တတ္ႏိုင္ခဲ့ေသာ္လည္း ယခုအခ်ိန္တြင္ သူႏွင့္တြဲကစားရန္ မည္သူမွ် မရွိေတာ့ေပ။
အိမ္ေရွ႕မင္းသားက "ငါ မင္းနဲ႔လိုက္ခဲ့မယ္" လို႔ အခိုင္အမာေျပာခဲ့သည္။
လီယြီ သည္ ႐ိုလာကိုစတာေပၚတြင္ တက္ကာ ကစားခ်င္ခဲ့သည္။ လူႏွစ္ေယာက္ အၾကာႀကီး တန္းစီရပ္လိုက္သည္။ ထို႔ေနာက္ သူတို႔သည္ မိနစ္အနည္းငယ္မွ်သာ ဝင္ေရာက္ၿပီး စိတ္လႈပ္ရွားဖြယ္ရာ စီးနင္းမႈကို ခံစားခဲ့ၾကရသည္။ လီယြီသည္ အိမ္ေရွ႕စံမင္းသားကို ေပြ႕ဖက္ကာ မ်က္ႏွာျဖဴေဖ်ာ့သြားခဲ့သည္။ အိမ္ေရွ႕မင္းသားသည္ အေျခေန ပိုေကာင္းလာေသာ္လည္း ဒါက "ျပစ္ဒဏ္ႏွင့္ ညႇဥ္းပန္းႏွိပ္စက္ျခင္းကို ရွာေဖြေနသည္" ဟု ခံစားလိုက္ရသည္။
လီယြီ က "ဒါက ႏွိပ္စက္တာမဟုတ္ဘူး။ ဒါဟာ စိတ္ဖိစီးမႈကို သက္သာေစတဲ့ နည္းလမ္းတစ္ခုပါ။"
ဘာေၾကာင့္လဲ ဆိုေတာ့ ႐ိုလာကိုစတာစီးရင္း လူတိုင္းက ေၾကာက္လန႔္တၾကား ေအာ္ဟစ္ေနၾကလို႔ပါပဲ။ သူတို႔ၾကားထဲက တစ္ေယာက္ေယာက္က ဝမ္းနည္းပူေဆြးမႈ နည္းနည္းေလး ခံစားေနရတာကို ဘယ္သူမွ သတိထားမိမွာ မဟုတ္ဘူး။
႐ိုလာကိုစတာကို ေတြ႕ႀကဳံၿပီးေနာက္ လီယြီသည္ သူ႔ေနာက္မွ လူအုပ္ႀကီးကို လွမ္းၾကည့္ကာ ဒီလိုအရာကို အတူမကစားခဲ့ရသည့္ သူ႕မိသားစုဝင္ေတြနဲ႕ ေဝးခဲ့ရသည့္အတြက္ ဝမ္းနည္းလာခဲ့သည္။
အိမ္ေရွ႕မင္းသားသည္ ဤအရာအားလုံးကို သတိျပဳကာ သူ႔လက္ကို ေနာက္တစ္ႀကိမ္ ဆုပ္ကိုင္လိုက္သည္။ သူက တိုးတိုးေလးေျပာတယ္ "ကိုယ္ ဒီမွာရွိတယ္ေလ။ ကိုယ္က မင္းနဲ႕ အတူတူ ရွိေနမွာပါ ။"
"ေနာက္ထပ္ကစားမွာက တိုက္ကား ျဖစ္တယ္။ ဒါကလည္း ကြၽန္ေတာ္ ငယ္ငယ္က ကစားခ်င္ခဲ့တဲ့ အရာပဲ။" လီယြီက အႀကိမ္ႀကိမ္ မ်က္ေတာင္ခတ္လိုက္သည္။
**********-************
Chapter 155-2 - ခ်စ္ျခင္း ျပိဳင္သည့္ ငါးနွစ္ေကာင္
ေရွာင္ယြီ က "တကယ္ကို ကစားခ်င္ခဲ့တာ" ဟု ႏွစ္ႀကိမ္ဆက္တိုက္ေျပာခဲ့သည္။ အိမ္ေရွ႕မင္းသားဟာ ေသေဘးနဲ႔ေတြ႕မယ္ဆုိရင္ေတာင္ သူ႔ဆႏၵကို ျဖည့္ဆည္းေပးရမွာ ေသခ်ာပါတယ္။
တိုက္ကားမ်ားသည္ မ်ားေသာအားျဖင့္ ကေလးမ်ားအတြက္ ဂိမ္းတစ္ခုျဖစ္သည္။ ကားအ႐ြယ္အစားက တကယ္ေတာ့ သိပ္မႀကီးဘူး။ လီယြီႏွင့္ အိမ္ေရွ႕မင္းသားတို႔သည္ ကားေပၚတြင္ က်ပ္တည္းစြာ ထိုင္ၾကသည္။ ႏွစ္ေယာက္စလုံး ေက်ာကို ေကြးၿပီး ဒူးအခ်င္းခ်င္း အနီးကပ္ ဖိထားရန္ လိုအပ္သည္။ လီယြီသည္ ထိန္းခ်ဳပ္မႈမ်ားႏွင့္ သိပ္မရင္းႏွီးဘဲ မည္သည့္ခလုတ္ကို ႏွိပ္ရမည္ကို မသိသျဖင့္ အနည္းငယ္ လွည့္ပတ္ၾကည့္ေနမိသည္။ တိုက္ကားက စက္ဝိုင္းလို ပတ္ခ်ာလည္ လွည့္ေနသည္။
"ကြ်န္ေတာ့္ကို တစ္မိနစ္ေလာက္အခ်ိန္ေပး၊ ကြ်န္ေတာ့္ဖာသာ ေမာင္းရမယ့္ နည္းကို ေတြ႕ေအာင္ရွာဖို႕ ကတိေပးတယ္။"
လီယြီ ထိတ္လန႔္သြားသည္။ မူလက သူဘယ္ေလာက္ထိ အထင္ႀကီးစရာေကာင္းလဲဆိုတာကို ခင္ပြန္းသည္ကို ျမင္ေစခ်င္ေပမယ့္ သူ႔ကိုယ္သူ ရွက္႐ြံ႕မိျပန္တယ္။
"အလ်င္လိုမေနနဲ႔။" အိမ္ေရွ႕မင္းသား ဘာေတြ ေတြးေနတယ္ ဆိုတာ မ သိႏိုင္ ေပမယ့္ ႏႈတ္ခမ္းေထာင့္မွာ အၿပဳံးတခု ေပၚလာတယ္။
ျဖစ္ႏိုင္တာက သူတို႔ႏွစ္ဦးသည္ တိုက္ကားကို မည္သို႔လုပ္ေဆာင္ရမည္ကိုပင္ မသိႏိုင္ေသာေၾကာင့္ အျခားကစားသမားမ်ား၏ အထင္အျမင္ေသးျခင္းကို ခံခဲ့ရသည္။ ကားတစ္စီးသည္ ေက်ာ္တက္သြားၿပီး လီယြီႏွင့္ အိမ္ေရွ႕မင္းသား၏ကားကို ဝင္တိုက္ကာ ေနာက္တစ္ႀကိမ္ လွည့္ပတ္သြားေစခဲ့သည္။
အိမ္ေရွ႕မင္းသား- "......"
အိမ္ေရွ႕မင္းသား ေဒါသတႀကီး ျဖစ္သြားသည္။
ရဲတင္းလိုက္တာ! ေရွာင္ယြီ ရဲ႕ကားကို မင္းက ဘယ္ေလာက္ေတာင္ သတၱိရွိရွိ ဝင္တိုက္တာလဲ။
လီယြီက သူ႔အား အျမန္ျပန္ဆြဲကာ ေျပာလိုက္သည္။ " ထ်န္းခ်ီ ၊ ဒီဂိမ္းက ဒီလိုကစားရတာ ပံုမွန္ပဲ ။ ေဒါသမထြက္နဲ႔!"
လီယြီသည္ ထိန္းခ်ဳပ္မႈမ်ားကို ေကာင္းစြာသိရွိၿပီး အိမ္ေရွ႕စံမင္းသားအား "ကြ်န္ေတာ္ ဘာလုပ္ႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ပါ!"
လီယြီသည္ သူ၏ဘန္ပါကားကို ထိန္းခ်ဳပ္ကာ သူတို႔ကို ဝင္တိုက္ခဲ့ေသာ ကားေနာက္ကို တိက်စြာ လိုက္ခဲ့သည္။ သူလည္း အျခားတစ္ဖက္ကို ဝင္တိုက္မိၿပီး သူတို႔ကို ယိမ္းထိုးသြားေစသည္။
လီယြီ : "ဟား....ဟား...ဟား ငါလက္စားေခ်လို႔ ရၿပီ!"
အိမ္ေရွ႕မင္းသားက ဘာေၾကာင့္ ဒီလိုမ်ိဳး အျပန္ျပန္အလွန္လွန္ တိုက္ခိုက္ရတယ္ဆိုတာ တကယ္နားမလည္ဘူး။ သို႔ေသာ္လည္း ေရွာင္ယြီ သည္ အသက္ဝင္ၿပီး စိတ္လႈပ္ရွားေနသည္ကို ေတြ႕ေတာ့ အိမ္ေရွ႕မင္းသား၏ သိမ္ေမြ႕ေသာ စိတ္ဓာတ္မ်ားလည္း ေပ်ာက္ကြယ္သြားခဲ့သည္။
သို႔ေသာ္လည္း သူသည္ ၿငိမ္ၿငိမ္ထိုင္ေန႐ုံသာမက အရာအားလုံးကို လုပ္ေဆာင္ရန္ သူ၏ ဝမ္ေဖးကိုသာ အားကိုးေနႏိုင္သည္။ အိမ္ေရွ႕မင္းသားသည္ ေရွာင္ယြီ အတြက္ အနီေရာင္ခလုတ္ကို ႏွိပ္ရန္ အစျပဳခဲ့သည္။ ဘမ္ပါကားသည္ ခ်က္ခ်င္းပင္ နံရံကို တိုက္မိသြားသည္။
လီယြီ က " ထ်န္းခ်ီ ၊ ႀကဳံသလို မႏွိပ္နဲ႔!"
လီယြီသည္ ခင္ပြန္းျဖစ္သူအား အပန္းေျဖဥယ်ာဥ္တစ္ဝိုက္တြင္ လမ္းျပကာ ႏွလုံးသားတစ္ခုနွင့္ ရင္းကာ စိတ္ပါလက္ပါ ေဆာ့ကစားခဲ့သည္။ လူႏွစ္ေယာက္က ဘန္ပါကားေပၚမွာ ဓာတ္ပုံေတြ အမ်ားႀကီး႐ိုက္ၾကတယ္။
တစ္ေန႔တာလုံး အမွတ္တမဲ့ ကုန္ဆုံးသြားတယ္။ လီယြီ၏အိမ္သို႔ တစ္ဖန္ျပန္သြားရာ လူႏွစ္ဦးသည္ တူညီေသာပုံစံႏွင့္ ေရာင္စုံတီရွပ္မ်ားအျဖစ္သို႔ ေျပာင္းလဲသြားသည္။ အိမ္ရွင္အျဖစ္ လီယြီသည္ ညစာခ်က္ရန္ စီစဥ္ခဲ့ၿပီး ေရခဲေသတၱာထဲမွ လတ္ဆတ္ေသာ သခြားသီးမ်ားကို ရွာေဖြခဲ့သည္။
အိမ္ေရွ႕စံ- "........."
လီယြီသည္ သခြားသီးကို ထုတ္ကာ ခါတိုင္းကဲ့သို႔ ျပဳလုပ္ဖို႕ ႀကံလိုက္သည္။ ထို႔ေနာက္ ေခါက္ဆြဲျပဳတ္ရန္ မီးဖိုခန္းထဲသို႔ လွည့္ဝင္လိုက္သည္။ ျပန္လာေသာအခါ အိမ္ေရွ႕မင္းသားသည္ သခြားသီးကို အကုန္စားၿပီးသည္ႏွင့္ အရည္တစ္စက္မွ်ပင္ မက်န္ေတာ့ေပ။
လီယြီက သူ႔ကိုယ္သူေျပာလိုက္မိသည္- ခင္ပြန္းသည္က တကယ္ဗိုက္ဆာေနၿပီ၊ ဘယ္ေလာက္သနားစရာ ေကာင္းလိုက္လဲ။
ၿပီးေတာ့ အဲဒါကို သိပ္ၿပီးေတာ့ မစဥ္းစားေတာ့ပဲ ေခါက္ဆြဲျပဳတ္လိုက္သည္။
သူက ႐ိုး႐ိုးေခါက္ဆြဲ ပန္းကန္ႏွစ္လုံးကို ခ်က္ကာတစ္ေယာက္ ပန္းကန္လုံးတစ္လုံးစီ စားလိူင္တယ္။ ထမင္းစားၿပီးတာနဲ႔ ႏွစ္ေယာက္စလုံး ပူပူေႏြးေႏြးနဲ႔ အတူတူ အိပ္ၾကတယ္။ လီယြီသည္ အီလက္ထ႐ြန္းနစ္ ပန္ကာငယ္ေလးကို ဖြင့္လိုက္ၿပီး သူတို႔အား ေလ မႈတ္ထုတ္ေစလိုက္သည္။
အိမ္ေရွ႕မင္းသားသည္ ဤအရာအားလုံးကို သူ႔အလိုလို မႈတ္ထုတ္ႏိုင္ေသာ အရာအား စူးစမ္းေလ့လာ ေနခဲ့သည္။ ေရွာင္ယြီ က ဒါကို အီလက္ထ႐ြန္းနစ္ ကိရိယာလို႔ ေခၚတဟု ေျပာခဲ့သည္။
အီလက္ထ႐ြန္နစ္ ကိရိယာငယ္ေလးသည္ ေလပူအခ်ိဳ႕ကို မႈတ္ထုတ္လိုက္သည္ ။ လီယြီႏွင့္ အိမ္ေရွ႕မင္းသားတို႔သည္ တစ္ေယာက္ကိုတစ္ေယာက္ မ်က္လုံးခ်င္းစိုက္ႀကည့္ကာ နားလည္မႈျဖင့္ နီးကပ္လာကာ ႏႈတ္ခမ္းမ်ားကို ျဖည္းညႇင္းစြာ ဖိလိုက္ၾကသည္။
လီယြီ သည္ မူလက အိမ္ေရွ႕မင္းသားအား ကုတင္ေသးေသးေလးေပၚတြင္ တစ္ခုခုလုပ္ရန္ တြန္းအားေပးရန္ စီစဥ္ထားသည္။ သို႔ေသာ္ စကၠန႔္ပိုင္းမွ် နမ္းရႈိက္ၿပီးေနာက္တြင္ အိမ္ေရွ႕စံမင္းသားသည္ အနက္ေရာင္ငါးႀကီးအျဖစ္သို႔ တစ္ဖန္ျပန္သြားခဲ့သည္။
ဒီလိုအခ်ိန္မ်ိဳးမွာ ဘရိတ္ကိုႏွိပ္လိုက္သလို ျဖစ္ကာ လီယြီ ေပါက္ကြဲလုနီးပါးျဖစ္သြားတယ္။
ဘာမဟုတ္တဲ့ System စုတ္.... မင္း အခုခ်က္ခ်င္း ထြက္လာစမ္း...ငါ မင္းကို အေသမသတ္ဘူးလို႔ ကတိေပးတယ္။ အိမ္ေရွ႕မင္းသားက ဘာေၾကာင့္ ငါးအျဖစ္ ေျပာင္းလဲသြားတာလဲ။
System ၏ရွင္းျပခ်က္ကို မေစာင့္ဘဲ လီယြီက ကိုယ္တိုင္ ရွာေဖြခဲ့သည္။ အေျပာင္းအလဲအတြက္ အခ်ိန္ကန႔္သတ္ခ်က္ ျပည့္သြားေသာေၾကာင့္ျဖစ္သည္။ ဒါက သူ႔အရင္တုန္းက ျဖစ္ပ်က္ခဲ့တာနဲ႔ ေတာ္ေတာ္တူတယ္။
အိမ္ေရွ႕မင္းသားငါးနက္ႀကီး ကို လူသားအျဖစ္သို႔ ေျပာင္းလဲေစသည့္နည္းလမ္းမွာ ငါးကို သုံးႀကိမ္နမ္းျခင္း ျဖစ္သည္။ လီယြီသည္ ငါးနက္ႀကီးကို ေကာက္ကိုင္ကာ နမ္းလိုက္သည္။ သို႔ေသာ္ အလုပ္ မျဖစ္ေပ။
System က "ေက်းဇူးျပဳၿပီး မနက္ျဖန္ ထပ္စမ္းၾကည့္ပါ၊ Host ။"
လီယြီ : ......
နားလည္ၿပီ။ ဒါေၾကာင့္ တစ္ေန႔ကို တစ္ႀကိမ္ ကန႔္သတ္ခ်က္ေတာင္ သက္ေရာက္ေနေသးတာပဲ ။
လီယြီဘာမွ မလုပ္ႏိုင္ဘဲ အိမ္ေရွ႕မင္းသားငါးနက္ႀကီး ကို ေရခ်ိဳးကန္ထဲသို႔ ျပန္ထည့္လိုက္သည္။ အနက္ေရာင္ငါးက သူ႔ကို လုံးေထြးၿပီး စိတ္မပူဘဲ အနားယူေစခ်င္တယ္။
သို႔ေသာ္ 'မနက္ျဖန္' တိုင္ေအာင္ အခ်ိန္အေတာ္ၾကာေနေသးသည္။
လီယြီ သည္ အိမ္ေရွ႕မင္းသားႏွင့္ တစ္မိနစ္ပင္ မခြဲခြာခ်င္ေပ။ ပင္မ မစ္ရွင္ကို ၿပီးေျမာက္ၿပီးေနာက္တြင္ သူသည္ အခ်ိန္မေ႐ြး ငါးတစ္ေကာင္အျဖစ္သို႔ ေျပာင္းလဲႏိုင္ခဲ့ေၾကာင္း သူမွတ္မိသည္။ ဒီအရည္အခ်င္းကို ေခတ္သစ္ကမာၻမွာ အသုံးခ်ႏိုင္မလား။
လီယြီ သည္ ကြၽမ္းက်င္မႈကို အသုံးျပဳရန္ ႀကိဳးစားခဲ့သည္။ သူ႔အရည္အခ်င္းအတြက္ အခ်ိန္ သို႔မဟုတ္ ေနရာအတားအဆီးမရွိခဲ့ပါ။ ခဏအတြင္း သူ ေအာင္ေအာင္ျမင္ျမင္ ေျပာင္းလဲလိုက္ကာ အျဖဴႏွင့္ေ႐ႊေရာင္ Koi အျဖစ္သို႔ေျပာင္းလဲခဲ့သည္။
လီယြီသည္ ငါးကန္ထဲသို႔ခုန္ဆင္းကာ အိမ္ေရွ႕မင္းသားငါးနက္ႀကီး ေဘးတြင္ ႏွစ္ႀကိမ္တိုင္တိုင္ ကူးခတ္ခဲ့သည္။ အိမ္ေရွ႕မင္းသားငါးနက္ႀကီး က သူ႔ကို ထိတ္လန႔္တၾကားၾကည့္တယ္။
" ထ်န္းခ်ီ ၊ကြ်န္ေတာ္လည္း ခင္ဗ်ားကို အေဖာ္ျပဳဖို႕ လိုက္လာျပီ " လီယြီက ၿပဳံးျပသည္။
အိမ္ေရွ႕မင္းသားငါးနက္ႀကီး သည္ လီယြီ ငါးထက္ပင္ ႀကီးမားသည္။ သူသည္ ေရထဲတြင္ ေရေတြကို ယက္ထုတ္ျပီး လီယြီ ေအာက္တြင္ တိုက္႐ိုက္ ကူးခတ္သြားသည္။
လီယြီ :အခ်စ္ ဘာလုပ္ေနတာလဲ။
အိမ္ေရွ႕မင္းသားငါးနက္ႀကီး သည္ လြင့္ပ်ံလာကာ လီယြီ ကို သူ႔ေနာက္ေက်ာေပၚ သယ္ေဆာင္သြားသည္။
အိမ္အျပင္ဘက္က လေရာင္က ျပတင္းေပါက္ကေန လင္းလက္ေနတယ္။ ေရခ်ိဳးကန္အတြင္းတြင္ အနက္ေရာင္ငါးတစ္ေကာင္နွင့္ ေတာက္ပေနေသာ လေရာင္ကဲ့သို႔ ေငြေရာင္ႏွင့္ ေရႊေရာင္ ေရာစပ္ေနသည့္ ငါးတစ္ေကာင္က အခ်င္းခ်င္း ပူးကပ္ရစ္တြယ္ကာ ခ်စ္ျခင္းျပိဳင္ေနႀကသည္။
***********-*********