Chapter (152-2) - ငါးကြင်းနတ်ဆိုးရဲ့ အသိုက်ကို လိုက်လည်ခြင်း
ကောင်းတဲ့အချက်က ဖက်တီးလေးကို ကယ်တင်ခဲ့မိတာ မဟုတ်ရင် နောက်ဆက်တွဲဆိုးကျိုးတွေက သေချာပေါက် ဆိုးရွားနေလိမ့်မယ်။
လီယွီက ဒီတလျှောက်လုံး မေးစရာ မေးခွန်းများစွာရှိခဲ့သည်။
" ထျန်းချီ ခင်ဗျားက ငါးခေါင်းကို အမြဲထိနေတာ ဘယ်လိုကြောင့်လဲ။ ဒါ ဘာကို ဆိုလိုတာလဲ?" လီယွီ က စိတ်ဝင်တစား မေးလိုက်သည်။
ဤအမူအရာသည် အရွယ်ရောက်ပြီးသူ မုထျန်းချီ ထံမှ လီယွီ သင်ယူခဲ့သော အရာတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ နောက်တော့ ဖက်တီးလေးကို သူ သင်ပေးခဲ့တယ်။ ဟိုတုန်းကတော့ ဖက်တီးလေးက ငါးရဲ့ ခေါင်းကို ကောင်းကောင်းမပွတ်ပေးနိုင်ခဲ့ဘူး။ ကြီးပြင်းလာပြီးနောက်တွင် လီယွီ ကို ကျွမ်းကျင်စွာ အသုံးပြုခဲ့သည်။ ဒီလျှို့ဝှက်ဆန်းကြယ်ပြီး မှော်ဆန်တဲ့ လှုပ်ရှားမှုက ဘာကို ဆိုလိုတာလဲ။
ပြုံးရင်း မုထျန်းချီ က သူ့ခေါင်းကို ပွတ်သပ်ပြီး "စိတ်မရှုပ်ပါနဲ့" လို့ လေးလေးနက်နက် ပြောလိုက်တယ်။
အိမ်ရှေ့မင်းသားက ထပ်မံဖြေကြားရန် ငြင်းဆိုခဲ့သည်။ လီယွီ က အနည်းငယ် ငြီးတွားလိုက်သည်။
"အဲဒီတုန်းက ငါးတစ်ကောင်ကို ဘာလို့ကောက်ပြီး ပြန်သယ်လာတာလဲ" ဒါကို မင်း အနည်းဆုံး ရှင်းပြနိုင်မလား။
လက်ရှိ မုထျန်းချီ သည် ယခုမေးခွန်းကို ဖြေနိုင်နေပြီဖြစ်သည်။ လီယွီ၏ နှုတ်ခမ်းများကို နမ်းရင်း "ငါးမြီး တဖြတ်ဖြတ် ရိုက်ခတ်သံ ရုတ်တရက် ရပ်သွားတာကြောင့်ပါ" ဟု ပြောလိုက်သည်။
လီယွီ : ဟင်??
"အဲဒီတုန်းက မမှတ်မိပေမယ့် မင်းရဲ့အမြီးရိုက်ခတ်သံကို ငါ့ခေါင်းထဲမှာ စွဲလန်းနေမိတုန်းပဲ။ အဲ့ဒီ အသံရပ်သွားရင် ငါးလေး သေသွားလိမ့်မယ်- ငါ မင်းကိုမသေစေချင်ဘူး။"
အိမ်ရှေ့မင်းသားက လေးနက်စွာ ပြောလိုက်သည် ။
လီယွီသည် ထိုစကားကို ကြားလိုက်ရချိန် လုံးဝမျက်ရည်ကျလာမိသည်။ ဒါကြောင့်မို့ အခုလို ဖြစ်ခဲ့တာပေါ့- အိမ်ရှေ့မင်းသားက သူ့ကို ကယ်တင်ခဲ့တာ အိမ်ရှေ့မင်းသားငယ်စဉ်က သူ ကယ်တင်ခဲ့ခြင်းရဲ့ ရလဒ်နဲ့ အိမ်ရှေ့မင်းသားကို ကယ်တင်နိုင်ခဲ့တဲ့ အကြောင်းအရင်းကြောင့် ဖြစ်တယ်။ ဒီမေးခွန်းက ကြက်က အရင်ဖြစ်သလား၊ ကြက်ဥက အရင်ဖြစ်သလားဆိုတဲ့ မေးခွန်းလို အရမ်းဖြေရခက်တယ်။ ...... ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ သံသရာတစ်ခုလိုပါပဲ။
ဒီလိုဖြစ်ခဲ့လည်း အိမ်ရှေ့မင်းသားက လုံးဝ စိတ်မဝင်စားဘူး။ သူ ...... ဒီသံသရာထဲမှာ ပိတ်မိနေတာလည်း ကောင်းပါတယ်။
" ထျန်းချီ ၊ ဒါက ကျွန်တော့်ရဲ့နောက်ဆုံးစမ်းသပ်မှုပဲ။ ကျေးဇူးပြုပြီး ကူညီပေးနိုင်မလား?" လီယွီက ချစ်ခင်ပွန်းကို တောင်းဆိုလိုက်သည်။
"ဒီစမ်းသပ်ချက်သာ မအောင်မြင်ခဲ့ရင် ကျွန်တော်က ငါးအရိုးနဲ့ ငါးပြာအဖြစ် ပြောင်းသွား လိမ့်မယ်"
အိမ်ရှေ့မင်းသား- "......"
ကောင်းကင်စမ်းသပ်ချက် အတိဒုက္ခတွေ ကျရှုံးရင် အဲ့ဒီလောက် ပြင်းထန်သလား။
အိမ်ရှေ့မင်းသားက ငါးကြင်းနတ်ဆိုးကို ငါးအရိုးနဲ့ ငါးပြာမှုန့်ဖြစ်အောင် ဘယ်လိုခွင့်ပြုမလဲ။ သူက လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
"မင်း ငါ့ကိုဘာလုပ်စေချင်လဲ" အိမ်ရှေ့မင်းသားက မေးလိုက်တယ်။
ရက်ပေါင်းများစွာ ကြာသောအခါ အိမ်ရှေ့မင်းသား သရဖူဆောင်းသည့် အခမ်းအနားကျင်းပသည်။
ဖုန်းရှန် နန်းတော်ရှေ့၊ အထက် ဘိုးဘေးများနှင့် ယခင်မျိုးဆက်များ၏ကဗျည်းတိုင် ရှေ့တွင် ဧကရာဇ်သည် မုထျန်းချီ ကို အိမ်ရှေ့မင်းသားအဖြစ် တရားဝင်သတ်မှတ်ခဲ့သည်။ တော်ဝင် အမိန့်ကို ကျယ်လောင်စွာ ဖတ်ပြခဲ့သည်။ ဧကရာဇ်မင်းသည် ဒီနေ့တွင် အားလုံးကို ရွှင်မြူးစွာ ပွဲတော် ဆင်နွှဲခွင့်ပြုခဲ့သည်။
လီယွီသည် ငါးပုံသဏ္ဍာန် ချည်ထိုးထားသော ထိုက်ကျူဖေး ၏ တော်ဝင် အခမ်းနား ဝတ်စုံကို ဝတ်ဆင်ထားသည်။ အိမ်ရှေ့မင်းသား၏ အဓိက ကြင်ယာတော်အဖြစ်၊ သူသည် အခြားသူများထက် အိမ်ရှေ့မင်းသားနှင့် ပိုမိုနီးကပ်သော နေရာတွင် တည်ကြည်စွာ မတ်တပ်ရပ်ကာ နောက်ကျောကို ဖြောင့်မှန်စွာ မတ်ထားသည်။
တော်ဝင်အမိန့်ကို ဖတ်ပြီးနောက် ဧကရာဇ်မင်းမြတ်သည် အိမ်ရှေ့စံမင်းသားအား ကောင်းကင်ဘုံအား ဂါရဝပြုရန် အမိန့်ပေးခဲ့သည်။ မုထျန်းချီ သည် လီယွီရှေ့တွင် မြှားတစ်စင်းကဲ့သို့ အမြန်နှုန်းဖြင့် လာခဲ့ပြီး အခြားမည်သူမျှမရှိသကဲ့သို့ ထိုက်ကျူဖေး၏လက်ကို ကိုင်လိုက်သောအခါ လီယွီသည် အခြားသူများကဲ့သို့ ထိတ်လန့်ကာ ဒူးထောက်ကျလုလု ဖြစ်သွားမိသည်။
ဒါက သိပ်ကို သင့်လျော်ပုံမပေါ်ဘူး မဟုတ်လား?
အိမ်ရှေ့စံမင်းသားသည် သူ၏ သရဖူဆောင်းခြင်း အခမ်းအနားနှင့် ကောင်းကင်ဘုံကို ဂါရဝပြုရာတွင် အဓိက ဇာတ်လိုက် ဖြစ်သည်။ ထိုက်ကျူဖေး က ဘာကြောင့် ဒီလို လုပ်ပိုင်ခွင့်ရှိမှာလဲ။
လီယွီသည် လူတိုင်း၏အကြည့်များကြောင့် တောင်ကြီးတစ်ခု၏အလေးချိန်ကဲ့သို့ ဖိအားတစ်ခုက သူ့အပေါ်တွင် ရောက်လာသလို ခံစားလိုက်ရသည်။
"စိတ်မပူပါနဲ့။ ဒါကို ခမည်းတော်ကို ကြိုပြီး လျှောက်တင်ထားပြီးသားပါ " အိမ်ရှေ့မင်းသားက ပြောခဲ့သည်။
ဒါကိုကြားတော့ လီယွီ က ဧကရာဇ်ကို အဝေးကနေ လှမ်းကြည့် လိုက်တော့ ဧကရာဇ်က သူတို့နှစ်ယောက်ကို လက်ပြနှုတ်ဆက်ခဲ့သည်။
အိမ်ရှေ့မင်းသားနှင့် ထိုက်ကျူဖေးတို့သည် အနာဂတ်ဧကရာဇ်နှင့် ဧကရီတို့ ဖြစ်လာလိမ့်မ်ည်။ ထိုက်ကျူဖေးသည် အိမ်ရှေ့မင်းသားနှင့်အတူ အရိုအသေပေးတာက သင့်လျော်ပါတယ်....
အိမ်ရှေ့မင်းသားသည် အများအားဖြင့် အလုပ်ကို စေ့စေ့စပ်စပ် လုပ်တတ်သည်။ လီယွီသည် ဤအသေး အဖွဲလေးများနှင့်ပတ်သက်၍ စိတ်ပူစရာမလိုပေ။ အိမ်ရှေ့မင်းသား၏ ဆွဲခေါ်မှုကြောင့် လူနှစ်ဦးသည် ဆုတောင်းပွဲအတွက် တည်ဆောက်ထားသည့် ကောင်းကင်ဘုံလှေကားထစ်ဆီသို့ အတူ လျှောက်လာကြသည်။
လှေကားထစ်တွေ၏ အထက်တွင် အတူ မတ်တပ်ရပ်လိုက်ကြသည်။ စင်မြင့်ပေါ်တွင် ဝိညာဉ်ရေးရာ နှင့် ပတ်သတ်သည့် အင်းပြားတစ်ခုကို ချထားခဲ့သည်။ ရှေ့တွင် မရေမတွက်နိုင်သော ပူဇော်သက္ကာပြုထားသည့် အရာများစွာ ရှိသည်။ နန်းတွင်း သဘင်သည်အဖွဲ့က ရွှင်မြူးသော ဗုံသံများ စတင်လိုက်သည် ။ လီယွီသည် အိမ်ရှေ့မင်းသား၏ လှုပ်ရှားမှုများကို ကြည့်ကာ စိတ်အားထက်သန်စွာ အာရုံစိုက်လျက် ရှုပ်ထွေးဖွယ်ကောင်းသည့် ထုံးတမ်းစဉ်လာ အရိုသေပေးရမည့် အစီစဉ်များကို ပြီးမြောက်စေခဲ့သည်။
ထုံးတမ်းစဉ်လာ အရိုသေပေးမှု ပြီးသွားသောအခါတွင် လူနှစ်ဦးသည် လှေကားထစ်အောက်ရှိ လူလှိုင်းလုံးကြီးကို လှမ်းကြည့်ကြသည်။ နားမလည်နိုင်သော အကြောင်းပြချက်တစ်ခုခုကြောင့် လီယွီသည် အနောက်တောင်တန်းတွင် ဦးညွှတခဲ့သော သာမန်ပြည်သူများကို ပြန်သတိရမိလာသည်။ ဒီလိုမျိုး မြင်ကွင်းမျိုး နောက်တစ်ကြိမ် ကြုံရတော့ သူလည်း အတွေ့အကြုံရှိလာခဲ့လေပြီ။
ဒါမှမဟုတ် ဒါက ကမ္ဘာရဲ့ထိပ်ဆုံးမှာ ရပ်နေတဲ့ လူတစ်ယောက်လို ခံစားချက်မျိုးဖြစ်နိုင်တယ်။
"ဒီလိုဆိုရင် အဆင်ပြေလား?" အိမ်ရှေ့မင်းသားက မေးလိုက်တယ်။
"ဟုတ်ကဲ့။" လီယွီသည် မျှော်လင့်ချက်အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။
ရှောင်ယွီ သည် ပိုမိုပြင်းထန်သော မိုးကောင်းကင်ဆိုင်ရာ စမ်းသပ်ချက် အတိဒုက္ခများကို ပြီးမြောက်ချင်ခဲ့သည်။ အခမ်းအနားတစ်ခုရဲ့ ခံစားချက်ကို နားလည်ဖို့ အချိန်အတော်ကြာ စဉ်းစားပြီးမှ အိမ်ရှေ့မင်းသားက ရှောင်ယွီကို စမ်းသပ်မှုအောင်မြင်အောင် ကူညီပေးဖို့ နတ်ဘုရားတွေကို အရိုသေပေးတဲ့ အခိုက်အတန့်ကို ရွေးချယ်လိုက်သည်။
အိမ်ရှေ့မင်းသားက လီကိုကြည့်သည်။
လီယွီ ၏မျက်လုံးများက တောက်ပလျက် "ကျွန်တော် အရမ်း ကျေနပ်မိတယ် " ဟု တိုးတိုးလေးပြောလိုက်သည်
လီယွီ၏ဦးခေါင်းထဲတွင် System ၏ အသံက အိမ်ရှေ့မင်းသား၏အသံနှင့်အတူ တပြိုင်တည်း ထွက်ပေါ်လာသည်။
ကတိသစ္စာ နှင့် ချစ်ခြင်းမေတ္တာ၏ အချိုသာဆုံး ဝန်ခံခြင်း မစ်ရှင် နှစ်ခုလုံး ပြီးမြောက်ခဲ့ပြီ....
အိမ်ရှေ့မင်းသားက "ငါ မင်းနဲ့အတူ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဆန္ဒရှိတယ်" လို့ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
"နိုင်ငံတော် မျှဝေခံစားခြင်း" တာဝန်သည် နောက်ဆုံးတွင် ပြီးမြောက်ခဲ့လေပြီ။
လီယွီက အရမ်း ပျော်သွားခဲ့မိသည်။ ပျော်လွန်းလို့ သူ အိပ်မောကျနေချိန်တွင်ပင် ပြုံးနေမိမှာ သေချာသည်။
သရဖူဆောင်းသည့် အခမ်းအနားပြီးသောအခါ၊ သူသည် System ထဲ ဝင်ရန် အားလပ်ချိန်ကို ရွေးချယ်ခဲ့သည်။
သူ အချိန်အကြာကြီး စောင့်မျှော်နေသော ဝန်ထုပ်ဝန်ပိုးကြီးကနေ လွတ်မြောက်ခဲ့ပြီးနောက်၊ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် သူ၏ဆုလာဘ်ကို ရယူရမည့်အချိန်ရောက်လာလေပြီ။
System သည် နောက်ဆုံးမစ်ရှင်အတွက် ဆုလာဘ်များစွာကို ထုတ်ပေးပြီးဖြစ်သည်။ လီယွီသည် အရာအားလုံးကို လက်ခံရန် ခလုတ်ကို လေးနက်စွာ နှိပ်လိုက်သည်။ လူသားအဖြစ်သို့ ပြောင်းလဲနိုင်စေသည့် သူ၏ အသွင်ကူးပြောင်းရေးစွမ်းရည်သည် ငါးအဖြစ် ပြောင်းလဲနိုင်စေရန် ပြောင်းလဲ သွားခဲ့သည်။ ထို့အပြင် အချိန်ကန့်သတ်ချက်များ သို့မဟုတ် အရေအတွက် ကန့်သတ်ချက်များလည်း မရှိတော့ပေ။ အသွင်ပြောင်းမှုကို သူ့စိတ်ကြိုက် အချိန်မရွေး ပယ်ဖျက်နိုင်သည်။ ဒါက သာမန်အခြေအနေမှာ သူက ငါးတစ်ကောင်မဟုတ်တော့ဘူးဆိုတာ ညွှန်ပြနေတယ်။ အဲ့ဒီအစား သူက လူသားတစ်ဦးဖြစ်လာပြီ။
ပြောစရာမလိုအောင်၊ သူလိုချင်သည့်အချိန်တိုင်း ငါးအဖြစ် ပြောင်းလဲနိုင်သော လူသားတစ်ဦးလည်း ဖြစ်လာသေးသည်။
ရေသူထီး နှင့် ငါးလူသား စွမ်းရည်တို့သည် အတူတူပင်ဖြစ်သည်။ ကန့်သတ်ချက်တွေ လုံးဝမရှိတော့ဘူး။ ယခု သူသည် ငါးကြင်းနတ်ဆိုးလို ဟန်ဆောင်နိုင်ပြီဖြစ်သည်။
သူ့ရဲ့ ကြားခံ နေရာလွတ်က အရွယ်အစား ထပ်ပြီး တိုးလာသည်။ လီယွီ ပင် မသိသည့် အတိုင်းအတာ တစ်ခုအထိ တိုးလာကာ ဘယ်လောက်တောင် ကြီးသွားပြီလဲ။
ဆုပေးပွဲ၏နောက်ဆုံးအပိုင်းအဖြစ် လီယွီ ၏မျက်လုံးများရှေ့တွင် မှော်တံခါးတစ်ခုပေါ်လာသည်။
ဒါက ဘာလဲ? လီယွီ က မေးလိုက်သည်။
System က "ဂုဏ်ယူပါတယ် Host.... မင်းက အဓိက မစ်ရှင်တွေ အားလုံးကို ပြီးမြောက်ခဲ့သလို အာဏာရှင်ဆိုးကြီးရဲ့ စိတ်နေစိတ်ထားကိုလည်း ပြောင်းလဲစေခဲ့တယ်။ ဒီတံခါးကိုသုံးပြီး လက်တွေ့ မင်းရဲ့ ကမ္ဘာကို ပြန်သွားနိုင်ပါပြီ"
လီယွီ : "........"
လီယွီ သည် ဝတ္ထုတစ်ပုဒ်သို့ ကူးပြောင်းလာခဲ့သည်ကို သတိရလာခဲ့သည်။ ထို့ကြောင့် ဤတံခါးကို ဖြတ်သွားလျှင် သူက ဒီဝတ္ထုထဲကနေ စွန့်ခွာသွားနိုင်တယ်ပေါ့.....
လီယွီ အသက်ပြင်းပြင်းရှူလိုက်သည်။ ဒီအခွင့်ရေးက တကယ်ကို စွဲမက်စရာကောင်းတယ်ဆိုတာ သူ ဝန်ခံပါတယ်။ ဒီရှေးခေတ်ကို ရွှေ့ပြောင်းလာတဲ့ ပထမဆုံးနေ့မှာ သူ အရမ်းကို ထွက်သွားချင်နေခဲ့တယ်။ သို့သော် ယခု သူ အမှန်တကယ် ထွက်သွားနိုင်ပြီ ဖြစ်ပေမယ့် ထွက်ခွာဖို့ ဝန်လေးနေမိသည်။
သူ့ဘဝက ဤရှေးခေတ်ကမ္ဘာနှင့် ချိတ်ဆက်နေပြီဖြစ်သည်။ သူ့မှာ ချစ်ခင်ကြင်နာတတ်တဲ့ ယောင်္ကျားတစ်ယောက်ရှိနေတယ်။ သူ့မှာ ချစ်ဖို့ကောင်းတဲ့ သားလေးယောက် နဲ့ သမီးတစ်ယောက်ရှိတယ်။ နောင်တမရဘဲ သူတို့ကို ထားခဲ့နိုင်ပါ့မလား။
System က "Host ...... စိတ်ချပါ။ မင်း ထွက်ခွာဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် မင်းရဲ့ မှတ်ဉာဏ်တွေကို ပြန်ပြင်ပေးမှာဖြစ်လို့ မင်း လုံးဝ မခံစားစေရဘူးလို့ ကတိပေးပါတယ် "
လီယွီ : ???
ဒီလို မှတ်ဉာဏ်ကို reset ချတဲ့ အကြောင်းကို သူသိတယ်။ သို့သော် မှတ်ဉာဏ် ပြန်လည်ပြင်ဆင်ခြင်းမှာ သူတစ်ယောက်တည်းသာ ဖြစ်ပြီး သူ့ခင်ပွန်းမဟုတ်ပေ။ သူ ဒီလိုလုပ်လိုက်ပြီး သူ့ခင်ပွန်းနဲ့ သားသမီးတွေကို ထားရစ်ကာ ထွက်ခွာသွားခဲ့ရင် သူ သိပ်ကို နှလုံးသားမဲ့သူ ဖြစ်သွားလိမ့်မယ်။
ငါ ထွက်သွားမှာမဟုတ်ဘူး.... လီယွီ က ပြောလိုက်သည်။
အိမ်ရှေ့မင်းသားက သူ့ကို ယုံကြည်ပြီး ချစ်ခဲ့တာ့ဖြစ်လို့ သူ ဘယ်တော့မှ နောင်တ ရမှာ မဟုတ်ဘူး။
အကယ်၍ သူသာ ငါးကြင်းနတ်ဆိုးတစ်ကောင်ဖြစ်ခဲ့လျှင်လည်း မသေမျိုး ဖြစ်ရန် အခွင့်အရေးကို စွန့်လွှတ်လိုက်ရသည့်အတွက် နောင်တရမည်မဟုတ်ပေ။
System ငါးလေးတစ်ကောင်အနေဖြင့်၊ သူသည် လက်တွေ့ကမ္ဘာသို့ပြန်လာရန် သူ၏အခွင့်အရေးကို စွန့်လွှတ်လိုက်သည့်အတွက် နောင်တရမည်မဟုတ်ပေ။
System က လီယွီ ၏ ဆုံးဖြတ်ချက်ကို လက်ခံခဲ့သည်။ မှော်တံခါးသည် နှစ်ကြိမ်ပွင့်လာပြီး လုံးဝပျောက်ကွယ်သွားသည်။
System က "ဒီဆုလာဘ်ကို Host က လက်မခံတဲ့အတွက် တခြားအရာနဲ့ လဲလှယ်လို့ရပါတယ်။"
မှော်တံခါးရှိတဲ့နေရာမှာ ခလုတ်လေးတစ်ခုပေါ်လာတယ်။ တောက်ပြောင်သော ရွှေရောင် စာတန်း တစ်ခု ပေါ်လာပြီး အထက်တွင် လွင့်မျောနေသည်- ခေတ်သစ်ကမ္ဘာဆီသို့ နှစ်ရက် ကွင်းဆင်းလေ့လာရေးခရီး....
System က "Host ၊ သင်နဲ့အတူ တွဲဖက် လိုက်ပါမယ့်လူကို သင်ကိုယ်တိုင် ရွေးချယ်ပါ။ ဒီဆုလာဘ်က သင့်ကို ခေတ်မီကမ္ဘာသို့ သွားရောက်လည်ပတ်ဖို့ အခွင့်ရေးရစေတယ်။ ခေတ်သစ်ကမ္ဘာတွင် နှစ်ရက်နေထိုင်ခြင်းသည် ရှေးခေတ်ကမ္ဘာတွင် ၁၅ မိနစ်မျှသာ အချိန်ကြာမှာ ဖြစ်ပါတယ်။ သင် လက်ခံချင်လား မလက်ခံဘူးလားဆိုတာ ဆုံးဖြတ်ပါ။"
လီယွီ : "......"
အိုး အိုး အိုး ဒါဆို အိမ်ပြန်ဖို့ 15 မိနစ် အလည်ပတ်ခရီး ဖြစ်သွားပြီပေါ့....
တခါတရံ အိမ်ကိုပြန်ကြည့်ရတာလည်း မဆိုးပါဘူး။ ထို့အပြင်၊ 15 မိနစ်သာ ထွက်ခွာတာ ဖြစ်လို့ သူတို့ ဘဝကို အနှောက်အယှက်ဖြစ်စေမည်မဟုတ်ပါ။ ပြီးတော့ သူက အဖွဲ့လိုက် ပြန်လို့ရမလား?
သို့သော် သူသည် ဘယ်သူ့ကိုခေါ်သွားရမလဲ ။
ကောင်လေး လေးယောက် နှင့် ရွှယ်ပေါင်းတို့ထဲက တစ်ယောက်ယောက်ကို လီယွီ ခေါ်သွားပါက မျက်နှာလိုက်ရာကျလိမ့်မည်။
သို့သော် သူသည် ကလေးငါးဦးကို သူ ကိုယ်တိုင် မသိကျွမ်းသောကမ္ဘာတစ်ခုသို့ ခေါ်ဆောင်ခဲ့မည်ဆိုပါက ဘေးအန္တရာယ်တစ်ခုဖြစ်လာမည်မှာ သေချာသည်။
အဲသလို ခေါ်လာလို့ရမလားဟု လီယွီ က မေးလိုက်သည်။
System က "ရပါတယ်"
လီယွီ သည် အိမ်ရှေ့စံမင်းသားကို စိတ်လှုပ်ရှားစွာ သွားကြည့်သည်-
"အရှင်မင်းသား...ခင်ဗျား ဒီငါးကြင်းနတ်ဆိုးရဲ့ အသိုက်ကို လိုက်လည်ဖို့ ကျွန်တော်ခေါ်မယ်ဆိုရင် ဘယ်လိုလဲ...လိုက်မှာလား...."
*******-***********
Chapter (152-2) - ဒီငါးၾကင္းနတ္ဆိုးရဲ႕ အသိုက္ကို လိ္ုက္လည္ျခင္း
ေကာင္းတဲ့အခ်က္က ဖက္တီးေလးကို ကယ္တင္ခဲ့မိတာ မဟုတ္ရင္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြက ေသခ်ာေပါက္ ဆိုး႐ြားေနလိမ့္မယ္။
လီယြီက ဒီတေလွ်ာက္လုံး ေမးစရာ ေမးခြန္းမ်ားစြာရွိခဲ့သည္။
" ထ်န္းခ်ီ ခင္ဗ်ားက ငါးေခါင္းကို အၿမဲထိေနတာ ဘယ္လိုေႀကာင့္လဲ။ ဒါ ဘာကို ဆိုလိုတာလဲ?" လီယြီ က စိတ္ဝင္တစား ေမးလိုက္သည္။
ဤအမူအရာသည္ အ႐ြယ္ေရာက္ၿပီးသူ မုထ်န္းခ်ီ ထံမွ လီယြီ သင္ယူခဲ့ေသာ အရာတစ္ခုျဖစ္ေၾကာင္း ထင္ရွားသည္။ ေနာက္ေတာ့ ဖက္တီးေလးကို သူ သင္ေပးခဲ့တယ္။ ဟိုတုန္းကေတာ့ ဖက္တီးေလးက ငါးရဲ႕ ေခါင္းကို ေကာင္းေကာင္းမပြတ္ေပးႏိုင္ခဲ့ဘူး။ ႀကီးျပင္းလာၿပီးေနာက္တြင္ လီယြီ ကို ကြၽမ္းက်င္စြာ အသုံးျပဳခဲ့သည္။ ဒီလွ်ိဳ႕ဝွက္ဆန္းၾကယ္ၿပီး ေမွာ္ဆန္တဲ့ လႈပ္ရွားမႈက ဘာကို ဆိုလိုတာလဲ။
ၿပဳံးရင္း မုထ်န္းခ်ီ က သူ႔ေခါင္းကို ပြတ္သပ္ၿပီး "စိတ္မရႈပ္ပါနဲ႔" လို႔ ေလးေလးနက္နက္ ေျပာလိုက္တယ္။
အိမ္ေရွ႕မင္းသားက ထပ္မံေျဖၾကားရန္ ျငင္းဆိုခဲ့သည္။ လီယြီ က အနည္းငယ္ ၿငီးတြားလိုက္သည္။
"အဲဒီတုန္းက ငါးတစ္ေကာင္ကို ဘာလို႔ေကာက္ၿပီး ျပန္သယ္လာတာလဲ" ဒါကို မင္း အနည္းဆုံး ရွင္းျပႏိုင္မလား။
လက္ရွိ မုထ်န္းခ်ီ သည္ ယခုေမးခြန္းကို ေျဖႏိုင္ေနၿပီျဖစ္သည္။ လီယြီ၏ ႏႈတ္ခမ္းမ်ားကို နမ္းရင္း "ငါးၿမီး တျဖတ္ျဖတ္ ရိုက္ခတ္သံ ႐ုတ္တရက္ ရပ္သြားတာေၾကာင့္ပါ" ဟု ေျပာလိုက္သည္။
လီယြီ : ဟင္??
"အဲဒီတုန္းက မမွတ္မိေပမယ့္ မင္းရဲ႕အၿမီးရိုက္ခတ္သံကို ငါ့ေခါင္းထဲမွာ စြဲလန္းေနမိတုန္းပဲ။ အဲ့ဒီ အသံရပ္သြားရင္ ငါးေလး ေသသြားလိမ့္မယ္- ငါ မင္းကိုမေသေစခ်င္ဘူး။"
အိမ္ေရွ႕မင္းသားက ေလးနက္စြာ ေျပာလိုက္သည္ ။
လီယြီသည္ ထိုစကားကို ႀကားလိုက္ရခ်ိန္ လုံးဝမ်က္ရည္က်လာမိသည္။ ဒါေၾကာင့္မို႔ အခုလို ျဖစ္ခဲ့တာေပါ့- အိမ္ေရွ႕မင္းသားက သူ႔ကို ကယ္တင္ခဲ့တာ အိမ္ေရွ႕မင္းသားငယ္စဥ္က သူ ကယ္တင္ခဲ့ျခင္းရဲ႕ ရလဒ္နဲ႔ အိမ္ေရွ႕မင္းသားကို ကယ္တင္ႏိုင္ခဲ့တဲ့ အေၾကာင္းအရင္းေႀကာင့္ ျဖစ္တယ္။ ဒီေမးခြန္းက ၾကက္က အရင္ျဖစ္သလား၊ ၾကက္ဥက အရင္ျဖစ္သလားဆိုတဲ့ ေမးခြန္းလို အရမ္းေျဖရခက္တယ္။ ...... ဘယ္ေတာ့မွ မၿပီးဆုံးႏိုင္တဲ့ သံသရာတစ္ခုလိုပါပဲ။
ဒီလိုျဖစ္ခဲ့လည္း အိမ္ေရွ႕မင္းသားက လုံးဝ စိတ္မ၀င္စားဘူး။ သူ ...... ဒီသံသရာထဲမွာ ပိတ္မိေနတာလည္း ေကာင္းပါတယ္။
" ထ်န္းခ်ီ ၊ ဒါက ကြ်န္ေတာ့္ရဲ႕ေနာက္ဆုံးစမ္းသပ္မႈပဲ။ ေက်းဇူးျပဳၿပီး ကူညီေပးႏိုင္မလား?" လီယြီက ခ်စ္ခင္ပြန္းကို ေတာင္းဆိုလိုက္သည္။
"ဒီစမ္းသပ္ခ်က္သာ မေအာင္ျမင္ခဲ့ရင္ ကြ်န္ေတာ္က ငါးအ႐ိုးနဲ႔ ငါးျပာအျဖစ္ ေျပာင္းသြား လိမ့္မယ္"
အိမ္ေရွ႕မင္းသား- "......"
ေကာင္းကင္စမ္းသပ္ခ်က္ အတိဒုကၡေတြ က်ရံႈးရင္ အဲ့ဒီေလာက္ ျပင္းထန္သလား။
အိမ္ေရွ႕မင္းသားက ငါးၾကင္းနတ္ဆိုးကို ငါးအ႐ိုးနဲ႔ ငါးျပာမႈန႔္ျဖစ္ေအာင္ ဘယ္လိုခြင့္ျပဳမလဲ။ သူက ေလးနက္စြာ ေခါင္းညိတ္ျပလိုက္သည္။
"မင္း ငါ့ကိုဘာလုပ္ေစခ်င္လဲ" အိမ္ေရွ႕မင္းသားက ေမးလိုက္တယ္။
ရက္ေပါင္းမ်ားစြာ ၾကာေသာအခါ အိမ္ေရွ႕မင္းသား သရဖူေဆာင္းသည့္ အခမ္းအနားက်င္းပသည္။
ဖုန္းရွန္ နန္းေတာ္ေရွ႕၊ အထက္ ဘိုးေဘးမ်ားႏွင့္ ယခင္မ်ိဳးဆက္မ်ား၏ကဗ်ည္းတိုင္ ေရွ႕တြင္ ဧကရာဇ္သည္ မုထ်န္းခ်ီ ကို အိမ္ေရွ႕မင္းသားအျဖစ္ တရားဝင္သတ္မွတ္ခဲ့သည္။ ေတာ္ဝင္ အမိန႔္ကို က်ယ္ေလာင္စြာ ဖတ္ျပခဲ့သည္။ ဧကရာဇ္မင္းသည္ ဒီေန႔တြင္ အားလုံးကို ႐ႊင္ျမဴးစြာ ပြဲေတာ္ ဆင္ႏႊဲခြင့္ျပဳခဲ့သည္။
လီယြီသည္ ငါးပုံသ႑ာန္ ခ်ည္ထိုးထားေသာ ထိုက္က်ဴေဖး ၏ ေတာ္ဝင္ အခမ္းနား ဝတ္စုံကို ဝတ္ဆင္ထားသည္။ အိမ္ေရွ႕မင္းသား၏ အဓိက ၾကင္ယာေတာ္အျဖစ္၊ သူသည္ အျခားသူမ်ားထက္ အိမ္ေရွ႕မင္းသားႏွင့္ ပိုမိုနီးကပ္ေသာ ေနရာတြင္ တည္ၾကည္စြာ မတ္တပ္ရပ္ကာ ေနာက္ေက်ာကို ေျဖာင့္မွန္စြာ မတ္ထားသည္။
ေတာ္ဝင္အမိန႔္ကို ဖတ္ၿပီးေနာက္ ဧကရာဇ္မင္းျမတ္သည္ အိမ္ေရွ႕စံမင္းသားအား ေကာင္းကင္ဘုံအား ဂါရဝျပဳရန္ အမိန႔္ေပးခဲ့သည္။ မုထ်န္းခ်ီ သည္ လီယြီေရွ႕တြင္ ျမႇားတစ္စင္းကဲ့သို႔ အျမန္နႈန္းျဖင့္ လာခဲ့ျပီး အျခားမည္သူမွ်မရွိသကဲ့သို႔ ထိုက္က်ဴေဖး၏လက္ကို ကိုင္လိုက္ေသာအခါ လီယြီသည္ အျခားသူမ်ားကဲ့သို႔ ထိတ္လန္႕ကာ ဒူးေထာက္က်လုလု ျဖစ္သြားမိသည္။
ဒါက သိပ္ကို သင့္ေလ်ာ္ပုံမေပၚဘူး မဟုတ္လား?
အိမ္ေရွ႕စံမင္းသားသည္ သူ၏ သရဖူေဆာင္းျခင္း အခမ္းအနားႏွင့္ ေကာင္းကင္ဘုံကို ဂါရဝျပဳရာတြင္ အဓိက ဇာတ္လိုက္ ျဖစ္သည္။ ထိုက္က်ဴေဖး က ဘာေၾကာင့္ ဒီလို လုပ္ပိုင္ခြင့္ရွိမွာလဲ။
လီယြီသည္ လူတိုင္း၏အၾကည့္မ်ားေႀကာင့္ ေတာင္ႀကီးတစ္ခု၏အေလးခ်ိန္ကဲ့သို႔ ဖိအားတစ္ခုက သူ႔အေပၚတြင္ ေရာက္လာသလို ခံစားလိုက္ရသည္။
"စိတ္မပူပါနဲ႔။ ဒါကို ခမည္းေတာ္ကို ႀကိဳၿပီး ေလွ်ာက္တင္ထားျပီးသားပါ " အိမ္ေရွ႕မင္းသားက ေျပာခဲ့သည္။
ဒါကိုၾကားေတာ့ လီယြီ က ဧကရာဇ္ကို အေဝးကေန လွမ္းၾကည့္ လိုက္ေတာ့ ဧကရာဇ္က သူတို႔ႏွစ္ေယာက္ကို လက္ျပႏႈတ္ဆက္ခဲ့သည္။
အိမ္ေရွ႕မင္းသားႏွင့္ ထိုက္က်ဴေဖးတို႔သည္ အနာဂတ္ဧကရာဇ္ႏွင့္ ဧကရီတို႕ ျဖစ္လာလိမ့္မ္ည္။ ထိ္ုက္က်ဴေဖးသည္ အိမ္ေရွ႕မင္းသားႏွင့္အတူ အ႐ိုအေသေပးတာက သင့္ေလ်ာ္ပါတယ္....
အိမ္ေရွ႕မင္းသားသည္ အမ်ားအားျဖင့္ အလုပ္ကို ေစ့ေစ့စပ္စပ္ လုပ္တတ္သည္။ လီယြီသည္ ဤအေသး အဖြဲေလးမ်ားႏွင့္ပတ္သက္၍ စိတ္ပူစရာမလိုေပ။ အိမ္ေရွ႕မင္းသား၏ ဆြဲေခၚမႈေၾကာင့္ လူႏွစ္ဦးသည္ ဆုေတာင္းပြဲအတြက္ တည္ေဆာက္ထားသည့္ ေကာင္းကင္ဘုံေလွကားထစ္ဆီသို႔ အတူ ေလွ်ာက္လာၾကသည္။
ေလွကားထစ္ေတြ၏ အထက္တြင္ အတူ မတ္တပ္ရပ္လိုက္ႀကသည္။ စင္ျမင့္ေပၚတြင္ ဝိညာဥ္ေရးရာ နွင့္ ပတ္သတ္သည့္ အင္းျပားတစ္ခုကို ခ်ထားခဲ့သည္။ ေရွ႕တြင္ မေရမတြက္ႏိုင္ေသာ ပူေဇာ္သကၠာျပဳထားသည့္ အရာမ်ားစြာ ရွိသည္။ နန္းတြင္း သဘင္သည္အဖြဲ႕က ႐ႊင္ျမဴးေသာ ဗံုသံမ်ား စတင္လိုက္သည္ ။ လီယြီသည္ အိမ္ေရွ႕မင္းသား၏ လႈပ္ရွားမႈမ်ားကို ႀကည့္ကာ စိတ္အားထက္သန္စြာ အာ႐ုံစိုက္လ်က္ ရႈပ္ေထြးဖြယ္ေကာင္းသည့္ ထုံးတမ္းစဥ္လာ အရိုေသေပးရမည့္ အစီစဥ္မ်ားကို ၿပီးေျမာက္ေစခဲ့သည္။
ထုံးတမ္းစဥ္လာ အရိုေသေပးမႈ ၿပီးသြားေသာအခါတြင္ လူႏွစ္ဦးသည္ ေလွကားထစ္ေအာက္ရွိ လူလိႈင္းလံုးႀကီးကို လွမ္းၾကည့္ၾကသည္။ နားမလည္ႏိုင္ေသာ အေၾကာင္းျပခ်က္တစ္ခုခုေၾကာင့္ လီယြီသည္ အေနာက္ေတာင္တန္းတြင္ ဦးၫႊတခဲ့ေသာ သာမန္ျပည္သူမ်ားကို ျပန္သတိရမိလာသည္။ ဒီလိုမ်ိဳး ျမင္ကြင္းမ်ိဳး ေနာက္တစ္ႀကိမ္ ႀကဳံရေတာ့ သူလည္း အေတြ႕အႀကဳံရွိလာခဲ့ေလျပီ။
ဒါမွမဟုတ္ ဒါက ကမာၻရဲ႕ထိပ္ဆုံးမွာ ရပ္ေနတဲ့ လူတစ္ေယာက္လို ခံစားခ်က္မ်ိဳးျဖစ္ႏိုင္တယ္။
"ဒီလိုဆုိရင္ အဆင္ေျပလား?" အိမ္ေရွ႕မင္းသားက ေမးလိုက္တယ္။
"ဟုတ္ကဲ့။" လီယြီသည္ ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္ ေခါင္းညိတ္လိုက္သည္။
ေရွာင္ယြီ သည္ ပိုမိုျပင္းထန္ေသာ မိုးေကာင္းကင္ဆိုင္ရာ စမ္းသပ္ခ်က္ အတိဒုကၡမ်ားကို ၿပီးေျမာက္ခ်င္ခဲ့သည္။ အခမ္းအနားတစ္ခုရဲ႕ ခံစားခ်က္ကို နားလည္ဖို႔ အခ်ိန္အေတာ္ၾကာ စဥ္းစားျပီးမွ အိမ္ေရွ႕မင္းသားက ေရွာင္ယီြကို စမ္းသပ္မႈေအာင္ျမင္ေအာင္ ကူညီေပးဖို႔ နတ္ဘုရားေတြကို အရိုေသေပးတဲ့ အခိုက္အတန႔္ကို ေ႐ြးခ်ယ္လိုက္သည္။
အိမ္ေရွ႕မင္းသားက လီကိုၾကည့္သည္။
လီယြီ ၏မ်က္လုံးမ်ားက ေတာက္ပလ်က္ "ကြၽန္ေတာ္ အရမ္း ေက်နပ္မိတယ္ " ဟု တိုးတိုးေလးေျပာလိုက္သည္
လီယြီ၏ဦးေခါင္းထဲတြင္ System ၏ အသံက အိမ္ေရွ႕မင္းသား၏အသံႏွင့္အတူ တျပိဳင္တည္း ထြက္ေပၚလာသည္။
ကတိသစၥာ ႏွင့္ ခ်စ္ျခင္းေမတၱာ၏ အခ်ိဳသာဆုံး ဝန္ခံျခင္း မစ္ရွင္ ႏွစ္ခုလုံး ျပီးေျမာက္ခဲ့ျပီ....
အိမ္ေရွ႕မင္းသားက "ငါ မင္းနဲ႔အတူ တိုင္းျပည္ကို အုပ္ခ်ဳပ္ဖို႔ ဆႏၵရွိတယ္" လို႔ ရွင္းရွင္းလင္းလင္း ေျပာလိုက္သည္။
"ႏိုင္ငံေတာ္ မွ်ေဝခံစားျခင္း" တာဝန္သည္ ေနာက္ဆုံးတြင္ ၿပီးေျမာက္ခဲ့ေလျပီ။
လီယြီက အရမ္း ေပ်ာ္သြားခဲ့မိသည္။ ေပ်ာ္လြန္းလို႕ သူ အိပ္ေမာက်ေနခ်ိန္တြင္ပင္ ျပံဳးေနမိမွာ ေသခ်ာသည္။
သရဖူေဆာင္းသည့္ အခမ္းအနားၿပီးေသာအခါ၊ သူသည္ System ထဲ ဝင္ရန္ အားလပ္ခ်ိန္ကို ေ႐ြးခ်ယ္ခဲ့သည္။
သူ အခ်ိန္အႀကာႀကီး ေစာင့္ေမွ်ာ္ေနေသာ ဝန္ထုပ္ဝန္ပိုးႀကီးကေန လြတ္ေျမာက္ခဲ့ၿပီးေနာက္၊ ဂုဏ္ယူဝမ္းေျမာက္စြာျဖင့္ သူ၏ဆုလာဘ္ကို ရယူရမည့္အခ်ိန္ေရာက္လာေလျပီ။
System သည္ ေနာက္ဆုံးမစ္ရွင္အတြက္ ဆုလာဘ္မ်ားစြာကို ထုတ္ေပးၿပီးျဖစ္သည္။ လီယြီသည္ အရာအားလုံးကို လက္ခံရန္ ခလုတ္ကို ေလးနက္စြာ ႏွိပ္လိုက္သည္။ လူသားအျဖစ္သို႔ ေျပာင္းလဲႏိုင္ေစသည့္ သူ၏ အသြင္ကူးေျပာင္းေရးစြမ္းရည္သည္ ငါးအျဖစ္ ေျပာင္းလဲႏိုင္ေစရန္ ေျပာင္းလဲ သြားခဲ့သည္။ ထို႔အျပင္ အခ်ိန္ကန႔္သတ္ခ်က္မ်ား သို႔မဟုတ္ အေရအတြက္ ကန႔္သတ္ခ်က္မ်ားလည္း မရွိေတာ့ေပ။ အသြင္ေျပာင္းမႈကို သူ႕စိတ္ႀကိဳက္ အခ်ိန္မေ႐ြး ပယ္ဖ်က္ႏိုင္သည္။ ဒါက သာမန္အေျခအေနမွာ သူက ငါးတစ္ေကာင္မဟုတ္ေတာ့ဘူးဆိုတာ ၫႊန္ျပေနတယ္။ အဲ့ဒီအစား သူက လူသားတစ္ဦးျဖစ္လာျပီ။
ေျပာစရာမလိုေအာင္၊ သူလိုခ်င္သည့္အခ်ိန္တိုင္း ငါးအျဖစ္ ေျပာင္းလဲႏိုင္ေသာ လူသားတစ္ဦးလည္း ျဖစ္လာေသးသည္။
ေရသူထီး နွွင့္ ငါးလူသား စြမ္းရည္တို႔သည္ အတူတူပင္ျဖစ္သည္။ ကန႔္သတ္ခ်က္ေတြ လုံးဝမရွိေတာ့ဘူး။ ယခု သူသည္ ငါးၾကင္းနတ္ဆိုးလို ဟန္ေဆာင္ႏိုင္ၿပီျဖစ္သည္။
သူ႔ရဲ႕ ၾကားခံ ေနရာလြတ္က အ႐ြယ္အစား ထပ္ၿပီး တိုးလာသည္။ လီယြီ ပင္ မသိသည့္ အတိုင္းအတာ တစ္ခုအထိ တိုးလာကာ ဘယ္ေလာက္ေတာင္ ႀကီးသြားျပီလဲ။
ဆုေပးပြဲ၏ေနာက္ဆုံးအပိုင္းအျဖစ္ လီယြီ ၏မ်က္လုံးမ်ားေရွ႕တြင္ ေမွာ္တံခါးတစ္ခုေပၚလာသည္။
ဒါက ဘာလဲ? လီယြီ က ေမးလိုက္သည္။
System က "ဂုဏ္ယူပါတယ္ Host.... မင္းက အဓိက မစ္ရွင္ေတြ အားလုံးကို ၿပီးေျမာက္ခဲ့သလို အာဏာရွင္ဆိုးႀကီးရဲ႕ စိတ္ေနစိတ္ထားကိုလည္း ေျပာင္းလဲေစခဲ့တယ္။ ဒီတံခါးကိုသုံးၿပီး လက္ေတြ႕ မင္းရဲ႕ ကမာၻကို ျပန္သြားႏိုင္ပါျပီ"
လီယြီ : "........"
လီယြီ သည္ ဝတၳဳတစ္ပုဒ္သို႔ ကူးေျပာင္းလာခဲ့သည္ကို သတိရလာခဲ့သည္။ ထို႔ေၾကာင့္ ဤတံခါးကို ျဖတ္သြားလွ်င္ သူက ဒီဝတၳဳထဲကေန စြန႔္ခြာသြားနုိင္တယ္ေပါ့.....
လီယြီ အသက္ျပင္းျပင္းရႉလိုက္သည္။ ဒီအခြင့္ေရးက တကယ္ကို စြဲမက္စရာေကာင္းတယ္ဆုိတာ သူ ဝန္ခံပါတယ္။ ဒိီေရွးေခတ္ကို ေ႐ႊ႕ေျပာင္းလာတဲ့ ပထမဆုံးေန႔မွာ သူ အရမ္းကို ထြက္သြားခ်င္ေနခဲ့တယ္။ သို႔ေသာ္ ယခု သူ အမွန္တကယ္ ထြက္သြားႏိုင္ၿပီ ျဖစ္ေပမယ့္ ထြက္ခြာဖို႕ ဝန္ေလးေနမိသည္။
သူ႕ဘဝက ဤေရွးေခတ္ကမာၻႏွင့္ ခ်ိတ္ဆက္ေနၿပီျဖစ္သည္။ သူ႔မွာ ခ်စ္ခင္ၾကင္နာတတ္တဲ့ ေယာက်ၤားတစ္ေယာက္ရွိေနတယ္။ သူ႔မွာ ခ်စ္ဖို႔ေကာင္းတဲ့ သားေလးေယာက္ နဲ႔ သမီးတစ္ေယာက္ရွိတယ္။ ေနာင္တမရဘဲ သူတို႔ကို ထားခဲ့ႏိုင္ပါ့မလား။
System က "Host ...... စိတ္ခ်ပါ။ မင္း ထြက္ခြာဖို႕ ေ႐ြးခ်ယ္ခဲ့မယ္ဆုိရင္ မင္းရဲ႕ မွတ္ဥာဏ္ေတြကို ျပန္ျပင္ေပးမွာျဖစ္လို႕ မင္း လံုးဝ မခံစားေစရဘူးလို႕ ကတိေပးပါတယ္ "
လီယြီ : ???
ဒီလို မွတ္ဥာဏ္ကို reset ခ်တဲ့ အေၾကာင္းကို သူသိတယ္။ သို႔ေသာ္ မွတ္ဥာဏ္ ျပန္လည္ျပင္ဆင္ျခင္းမွာ သူတစ္ေယာက္တည္းသာ ျဖစ္ၿပီး သူ႔ခင္ပြန္းမဟုတ္ေပ။ သူ ဒီလိုလုပ္လိုက္ၿပီး သူ႔ခင္ပြန္းနဲ႔ သားသမီးေတြကို ထားရစ္ကာ ထြက္ခြာသြားခဲ့ရင္ သူ သိပ္ကို ႏွလုံးသားမဲ့သူ ျဖစ္သြားလိမ့္မယ္။
ငါ ထြက္သြားမွာမဟုတ္ဘူး.... လီယြီ က ေျပာလိ္ုက္သည္။
အိမ္ေရွ႕မင္းသားက သူ႔ကို ယုံၾကည္ၿပီး ခ်စ္ခဲ့တာ့ျဖစ္လို႕ သူ ဘယ္ေတာ့မွ ေနာင္တ ရမွာ မဟုတ္ဘူး။
အကယ္၍ သူသာ ငါးၾကင္းနတ္ဆိုးတစ္ေကာင္ျဖစ္ခဲ့လွ်င္လည္း မေသမ်ိဳး ျဖစ္ရန္ အခြင့္အေရးကို စြန႔္လႊတ္လိုက္ရသည့္အတြက္ ေနာင္တရမည္မဟုတ္ေပ။
System ငါးေလးတစ္ေကာင္အေနျဖင့္၊ သူသည္ လက္ေတြ႕ကမာၻသို႔ျပန္လာရန္ သူ၏အခြင့္အေရးကို စြန႔္လႊတ္လိုက္သည့္အတြက္ ေနာင္တရမည္မဟုတ္ေပ။
System က လီယြီ ၏ ဆုံးျဖတ္ခ်က္ကို လက္ခံခဲ့သည္။ ေမွာ္တံခါးသည္ ႏွစ္ႀကိမ္ပြင့္လာၿပီး လုံးဝေပ်ာက္ကြယ္သြားသည္။
System က "ဒီဆုလာဘ္ကို Host က လက္မခံတဲ့အတြက္ တျခားအရာနဲ႔ လဲလွယ္လို႔ရပါတယ္။"
ေမွာ္တံခါးရွိတဲ့ေနရာမွာ ခလုတ္ေလးတစ္ခုေပၚလာတယ္။ ေတာက္ေျပာင္ေသာ ေ႐ႊေရာင္ စာတန္း တစ္ခု ေပၚလာၿပီး အထက္တြင္ လြင့္ေမ်ာေနသည္- ေခတ္သစ္ကမာၻဆီသို႔ ႏွစ္ရက္ ကြင္းဆင္းေလ့လာေရးခရီး....
System က "Host ၊ သင္နဲ႕အတူ တြဲဖက္ လိုက္ပါမယ့္လူကို သင္ကိုယ္တုိင္ ေ႐ြးခ်ယ္ပါ။ ဒီဆုလာဘ္က သင့္ကို ေခတ္မီကမာၻသို႔ သြားေရာက္လည္ပတ္ဖို႕ အခြင့္ေရးရေစတယ္။ ေခတ္သစ္ကမာၻတြင္ ႏွစ္ရက္ေနထိုင္ျခင္းသည္ ေရွးေခတ္ကမာၻတြင္ ၁၅ မိနစ္မွ်သာ အခ်ိန္ႀကာမွာ ျဖစ္ပါတယ္။ သင္ လက္ခံခ်င္လား မလက္ခံဘူးလားဆိုတာ ဆုံးျဖတ္ပါ။"
လီယြီ : "......"
အိုး အိုး အိုး ဒါဆို အိမ္ျပန္ဖို႔ 15 မိနစ္ အလည္ပတ္ခရီး ျဖစ္သြားၿပီေပါ့....
တခါတရံ အိမ္ကိုျပန္ၾကည့္ရတာလည္း မဆိုးပါဘူး။ ထို႔အျပင္၊ 15 မိနစ္သာ ထြက္ခြာတာ ျဖစ္လို႕ သူတုိ႕ ဘဝကို အေနွာက္အယွက္ျဖစ္ေစမည္မဟုတ္ပါ။ ၿပီးေတာ့ သူက အဖြဲ႕လိုက္ ျပန္လို႔ရမလား?
သို႔ေသာ္ သူသည္ ဘယ္သူ႕ကိုေခၚသြားရမလဲ ။
ေကာင္ေလး ေလးေယာက္ ႏွင့္ ရႊယ္ေပါင္းတို႕ထဲက တစ္ေယာက္ေယာက္ကို လီယြီ ေခၚသြားပါက မ်က္နွာလိုက္ရာက်လိမ့္မည္။
သို႔ေသာ္ သူသည္ ကေလးငါးဦးကို သူ ကိုယ္တိုင္ မသိကြၽမ္းေသာကမာၻတစ္ခုသို႔ ေခၚေဆာင္ခဲ့မည္ဆိုပါက ေဘးအႏၲရာယ္တစ္ခုျဖစ္လာမည္မွာ ေသခ်ာသည္။
အဲသလို ေခၚလာလို႔ရမလားဟု လီယြီ က ေမးလုိက္သည္။
System က "ရပါတယ္"
လီယြီ သည္ အိမ္ေရွ႕စံမင္းသားကို စိတ္လႈပ္ရွားစြာ သြားၾကည့္သည္-
"အရွင္မင္းသား...ခင္ဗ်ား ဒီငါးၾကင္းနတ္ဆိုးရဲ႕ အသိုက္ကို လိ္ုက္လည္ဖို႕ ကြ်န္ေတာ္ေခၚမယ္ဆုိရင္ ဘယ္လိုလဲ...လိုက္မွာလား...."
*******-***********