Chapter (149-1) - မုဆိုးမများကို ကူညီပေးမယ့် ငါးကလေး
ယဲ့ချင်းဟွမ် စိတ်ကူးယဉ်နေတာကို ဘယ်သူသိနိုင်မလဲ၊ သူ့မျက်နှာပေါ်မှာ ဒီလို ထူးထူးဆန်းဆန်း အပြုံးကြီးပေါ်နေသည်။
"ဒါပေမယ့် သူက......ဒါမျိုးဆိုတော့။ သူ ဘာလို့ မှော်ပညာကို တိုက်ရိုက်အသုံးမပြုတာလဲ"
ယဲ့ချင်းဟွမ် သည် ရံဖန်ရံခါတွင် သူများနဲ့ မတူတဲ့ အတွေးများကို တွေးနေတတ်သည်။
အိမ်ရှေ့မင်းသားက "ရှောင်ယွီ မှာ သူ့ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်။ သူ့ကို အတင်းမတိုက်တွန်းနဲ့။"
ယဲ့ချင်းဟွမ် က ခေါင်းညိတ်လိုက်သည်။ လီယွီသည် အိမ်ရှေ့မင်းသားဘက်တွင်ရှိပြီး အိမ်ရှေ့မင်းသား အတွက် အန္တရာယ်မရှိသရွေ့တော့ ကောင်းပါသည်။
"ပြီးတော့ ပေါင်းရိ နဲ့ ကျန်တဲ့သူတွေရော ရွှယ်ပေါင်း ရော။ သူတို့ရောပဲလား......"
ယဲ့ချင်းဟွမ် က နောက်ထပ် အရေးကြီးပြီး ဆက်စပ်မေးခွန်းတစ်ခု မေးလိုက်သည်။
"မဟုတ်ဘူး၊ သူတို့က မဟုတ်ဘူး" အိမ်ရှေ့မင်းသားက ပြောလိုက်သည်။
ရွှယ်ပေါင်း သည် မွေးကတည်းက လူသားဖြစ်သည်။ အိမ်ရှေ့မင်းသားက မွေးခန်းထဲမှာ ရှောင်ယွီဘေးမှာ စောင့်ရတဲ့ နောက်ထပ်အကြောင်းရင်းကတော့ မတော်တဆဖြစ်မှာကို ကြောက်လို့ပဲ။ ရှောင်ယွီ ကို ကာကွယ်ရန် သူ ပြင်ဆင်ထားပြီးဖြစ်သည်။ တစ်ခုခုဖြစ်ခဲ့ရင် လူတော်တော်များများက ချက်ချင်း လက်ငင်းဖြေရှင်းကြလိမ့်မည်။
အိမ်ရှေ့မင်းသားက သူ့သမီးက ငါးမဟုတ်ကြောင်း ကောင်းကောင်းသိသည်။ သူ့ သားတွေ မွေးဖွားစဉ်က ငါးကလေးများ ဖြစ်ကြသော်လည်း ယခုအခါ ကလေးအားလုံးသည် ငါးအဖြစ်သို့ မပြောင်းလဲနိုင်တော့ပေ။ အိမ်ရှေ့မင်းသားက ဘေးထွက်ဆိုးကျိုးတွေကို ဆက်မဖန်တီးချင်တော့သဖြင့် သူက ထိုသို့ အပြတ်သာ ပြောလိုက်သည်။
ရှောင်ယွီ က ကလေး လေးကောင်ဟာ ငါးအဖြစ် ပြန်မဖြစ်လာခင်မှာ အသက် (၇) နှစ်ထိ လူသားအသွင်ဖြင့် နေရမယ်လို့ ပြောခဲ့ဖူးသည်။ အခု ကလေးတွေက ငယ်သေးလို့ ငါးဖြစ်ဖို့က စောသေးသည်။ လိုအပ်ရင် အန်ကယ်ယဲ့ကို သူတို့ ကိုယ်တိုင် ရှင်းပြလို့ရသည်။
ယဲ့ချင်းဟွမ် သည် ထိုအဖြေကို လက်ခံလိုက်ပုံရပြီး အသက်ရှုရပ်လုနီးပါး ဖြစ်သွားပုံရသည်။
"ဒါဆို ငါက သူနဲ့ အနာဂတ်မှာ ဘယ်လို ဆက်ဆံရမလဲ။ တားမြစ်ထားတာ ဒါမှမဟုတ် ရှောင်ရမယ့် အချက် ရှိသလား။"
ယဲ့ချင်းဟွမ် က မေးလိုက်သည်။
လီယွီသည် ငါးနတ်ဆိုးတစ်ကောင်ဖြစ်သည်... ဟူသောအချက်ကို တွေးကြည့်ရုံဖြင့် အံ့သြစရာပင်။ ယဲ့ချင်းဟွမ် သည် ယခင်က ဘာမှမသိခဲ့ဘဲ လီယွီတွင် အလွန်ကောင်းသော အရည်အချင်း ရှိသည်ဟု ခံစားမိသည်။ ယခု သူ သိလိုက်ရတာက လီယွီက နတ်ဆိုးတစ်ကောင်အတွက်ပင် ထိုသို့သော အရည်ချင်းတွေရှိတာက ရှားပါတယ်လို့ ခံစားလာရသည်။
အိမ်ရှေ့မင်းသား- ".......မရှိဘူး!" ရှိခဲ့ရင်တောင် ငါ မင်းကို မပြောဘူး။
"ဒါဆို ရှုန်ဖုန် က သူ့ကို တစ်ခုခု ခြောက်ခဲ့သေးလား"
ယဲ့ချင်းဟွမ် သည် လီယွီကသာ ခွေးကို ကြောက်လျှင် အနာဂတ်တွင် သူ့ချစ်သောခွေးကို ကြိုးဖြင့် ချည်နှောင်ထားရန် အတတ်နိုင်ဆုံး ကြိုးစားမည်ဟု တွေးထင်ခဲ့သည်။
အိမ်ရှေ့မင်းသား၏အမူအရာမှာ အထင်သေးဟန်ပေါ်လာသည်။
"မင်း တုံးနေတာလား"
ယဲ့ချင်းဟွမ် က သူ့ကိုယ်သူ ခေါင်းကို ဆတ်ခနဲ ရိုက်လိုက်ပြီး သတိရသွားသည်။
"ဟုတ်သားပဲ... သူက ရှုန်ဖုန် နဲ့ အများကြီး တွဲဖက်ကစားခဲ့သေးတာကို ငါ ဘယ်လိုမေ့နိုင်တာလဲ။ သေချာတာကတော့ သူ မကြောက်သင့်ဘူး။"
ဒါသေချာတာပေါ့.... လီယွီက ပြုံးလိုက်သည်။ ရှုန်ဖုန် က သူ့ကို သူစိမ်းလို့ မယူဆတာကြာပြီ။ သူ့သခင် ယဲ့ချင်းဟွမ် ထက်တောင် စောစောကတည်းက သူ့ရဲ့ အဖြစ်မှန်ကို သိခဲ့တယ်။
ယဲ့ချင်းဟွမ် သည် ဗဟုသုတနည်းပါးပြီး မေးခွန်းများစွာ မေးချင်နေသည်။ စကားစမြည်ပြောလိုက်သည်နှင့် တားမရတော့ပေ။ အိမ်ရှေ့မင်းသားက လုံလောက်ပြီလို့ တွေးကာ သူ့ကို ဆွဲထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။
"ကောင်းပြီ ကောင်းပြီ။ ငါကိုယ်တိုင်သွားပ့ါမယ်။ ငါ့ကို မဆွဲပါနဲ့။ ငါသိထားပြီးသားအရာကို တခြားသူကို ဘယ်တော့မှ မပြောဘူးလို့ ကတိပေးပါတယ်။" ယဲ့ချင်းဟွမ် က အသနားခံသည့် အပြုံးဖြင့် တောင်းပန်လိုက်သည်။
အိမ်ရှေ့မင်းသားက ယဲ့ရှီးကျူ (သခင်လေးယဲ့)သည် ယုံကြည်စိတ်ချရသူဖြစ်ကြောင်း အိမ်ရှေ့မင်းသားက သိသည်။ မဟုတ်ရင် သူ့အတွက် အမှန်တရားကို ဝန်ခံမှာ မဟုတ်ဘူး။
ယဲ့ချင်းဟွမ် က အတိုချုံး နှုတ်ဆက်လိုက်စဉ် အိမ်ရှေ့မင်းသားက ရုတ်တရက် "ခဏနေဦး!" ဟု တားလိုက်သည်။
ယဲ့ချင်းဟွမ် က ခေါင်းကို လှည့်လိုက်သည်။ အိမ်ရှေ့မင်းသားသည် ယခင်က တစ်ခါမှမသုံးဖူးသော ပြင်းထန်သောလေသံကို အသုံးပြုခဲ့သည်-
"ငါပြောတာကို ဘယ်တော့မှ မမေ့ပါနဲ့။ သူက ငါပဲ။ မင်း သူ့ကိုကာကွယ်ရင် ငါ့ကိုကာကွယ်သလိုပဲ" ဟု ပြောခဲ့သည်။
"နားလည်ပါပြီ မင်းသားလေး။" ယဲ့ချင်းဟွမ်လည်း သူ့အစ်ကိုဝမ်းကွဲ အိမ်ရှေ့မင်းသား၏ အဓိပ္ပါယ်ကို ချက်ခြင်းနားလည်ခဲ့ပြီး လေးနက်လာ ပြန်လည်ဖြေကြားလိုက်သည်။ ထို့နောက် ပြုံးလျက် အိမ်ရှေ့မင်းသားအား လေးလေးနက်နက် အမူအရာပြလိုက်သည်။
အမှန်တရားကို သူ သိလာကတည်းက၊ သူ့ရင်ထဲ ရှုပ်ယှက်ခတ်နေတဲ့ စိတ်ခံစားချက်တွေ အများစုက အခု လုံးဝကို ပြေလျော့သွားကာ သက်သာရာရသွားစေခဲ့သည်။ ဒီကာလအတွင်းမှာ သူ့မိန်းမနဲ့ မိဘတွေ ရှောင်ယွီနဲ့ပတ်သတ်တာကို ဘာမှ မတွေ့နိုင်အောင် ဖုံးမိရသည့်အပြင် သူ့အတွင်းစိတ်ထဲက အတွေးနဲ့ ခံစားချက်တွေကို အပြင်းအထန် ဖိနှိပ်ခဲ့ရသည်။ ဒါက ယဲ့ရှီးကျူ (သခင်လေးယဲ့)ကို အတော်လေး စိတ်ဖိစီးစေသည်။
ယဲ့ချင်းဟွမ်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းကို တိုးတိုးချကာ အပြင်ကို ထွက်လာခဲ့သည်။ မထင်မှတ်ပဲ အပြင်မှာ လီယွီကို တည့်တည့်တိုးတော့သည်။
ဒါက အရင်ရင်နှင့်မတူပေ။ အရင်တုန်းက သူက လီယွီကို ငါးနတ်ဆိုးမှန်းမသိသေးပေ။ အခုတော့ သူက လီယွီရဲ့ သရုပ်မှန်ကို သိပြီးဖြစ်လို့ ဘယ်လို ဆက်ဆံရမှန်းမသိဖြစ်နေသည်။ ခါတိုင်းလို ပေါ့ပေါ့ပါးပါးပဲ ဆက်ဆံရမလား...ဒါက နည်းနည်းတော့... အင်း....ခက်သလားလို့....?!
"ယဲ့ချင်းဟွမ် !"
လီယွီက ယဲ့ချင်းဟွမ် တစ်ယောက် သူနှင့် ပတ်သတ်ပြီး ယခင်နှင့်မတူသည်ကို သိထားကြောင်း သိလိုက်ပြီး သူ့ကို တမင်လက် ဝှေ့ယမ်းလိုက်သည်။ သူပုန် လော့လန် တပ်ကို သတ်လိုက်ချိန်မှာတောင် ယဲ့ချင်းဟွမ် ရဲ့ လက်တွေ မတုန်ဖူးဘူး။ သို့သော် ယခုအချိန်တွင် သူ့မျက်နှာသည် နီရဲနေကာ လက်တွေ တုန်ယင်လာသည်။
"ပြောင်စောင်" ဟု နူတ်ဆက်ပြီးနောက် သူက နံရံနားတိုးကပ်ကာ ထိုနေရာမှ ချက်ချင်း ထွက်ပြေးသွားခဲ့သည်။
(ပြောင်စောင်- တစ်ဝမ်းကွဲ ခယ်မ/မရီး)
ငါ့ လုပ်ရပ်ကို အထင်မလွဲပါနဲ့။ အမွေဆက်ခံသူက ကြောက်လို့ ထွက်ပြေးလာတာ မဟုတ်ဘူး။ သူ့မှာ အရေးကြီးတာတွေ လုပ်စရာရှိတယ်။ ဥပမာအားဖြင့်၊ ငါးခေါင်းနှင့်လူဟုမြင်ခဲ့သော သာမန်လူတွေကြားက ကောလဟာလကို ငြိမ်အောင် ဖြေရှင်းဖို့ ပြန်သွားတာပါ......
လီယွီသည် ယဲ့ချင်းဟွမ်ကို နည်းနည်းခြောက်ရုံသာ ဖြစ်လို့ သူ့နောက်ကို လိုက်မသွားတော့ပဲ အခန်းထဲကို တစ်ခါတည်း ဝင်လာခဲ့သည်။
"ထျန်းချီ ငါလာပြီ!" လီယွီက ပြုံးပြလိုက်ကာ လောင်ကုန်းဆီ တန်းလာလိုက်သည်။
သူ့ကိုမြင်လိုက်ရတော့ အိမ်ရှေ့မင်းသားရဲ့မျက်နှာပေါ်က လေးနက်တဲ့အမူအရာက ပျောက်ကွယ် သွားပြီး နူးညံ့တဲ့ ချစ်ခြင်း အရိပ်တွေသာ ကျန်ရစ်ခဲ့သည်။ ထိုငါးကလေးသည် အဘယ်ကြောင့် ဒီနေရာသို့ ပြေးလာသည်ကို သူ အံ့သြပုံမပေါ်ပေ။
"ထျန်းချီ ၊ ယဲ့ချင်းဟွမ် နဲ့ ခင်ဗျား စကားပြောနေတာကို ကျွန်တော် အခုမှ ကြားလိုက်တာပါ။" လီယွီ က ပြောလိုက်သည်။
အိမ်ရှေ့မင်းသား- ''......"
အိမ်ရှေ့မင်းသားက လီယွီ၏လက်ကို ကိုင်ထားလိုက်သည်-
"တောင်းပန်ပါတယ်။ ယဲ့ချင်းဟွမ်က အမှန်တရားကို ရှာဖွေတွေ့ရှိနေပြီ။ ငါတကယ် သူ့ကို ဖုံးကွယ်ထားလို့ မရတော့ဘူး။"
လီယွီက ခေါင်းကို အလျင်စလိုခါလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ဒါက ဘာမှမဖြစ်ပါဘူး။ ယဲ့ရှီးကျူ (သခင်လေးယဲ့)က အပြင်လူ မဟုတ်ဘူး။ ကျွန်တော်တို့ တစ်သက်လုံး အတူနေသွားမှာပဲလေ။ ဒါက ကံကြမ္မာပဲ။ ခင်ဗျား သူ့ကိုပြောခဲ့တဲ့အချက်ကိုပဲ ကျွန်တော် အံ့သြနေမိတယ်..။"
လီယွီသည် မူလက အိမ်ရှေ့စံမင်းသားအား မည်ကဲ့သို့ တွေးသည်ကို မေးချင်သည်။ မမျှော်လင့်ဘဲ အိမ်ရှေ့မင်းသားက သူ့ကို စူးစူးရဲရဲ အကြည့်တစ်ချက် ပေးလိုက်ကာ ပြောခဲ့သည်။ "ငါတို့ ဘယ်တော့မှ မခွဲဘူး မဟုတ်လား?"
အိမ်ရှေ့မင်းသား၏မျက်လုံးများထဲမှ တုန်လှုပ်ခြင်းနှင့် အထီးကျန်မှုကို မြင်လိုက်ရတော့ လီယွီ၏ နှလုံးသားလေးကို ဓားနှင့်ထိုးလိုက်သလို ခံစားလိုက်ရသည်။
"ကျွန်တော်တို့ တစ်သက်လုံး အတူတူ နေသွားနိုင်ပြီ!"
"ဒါဆို ပြေလည်သွားပြီ။ ဒါဟာ ကတိတစ်ခုပဲ။"
အိမ်ရှေ့မင်းသား၏ နှုတ်ခမ်းများ ကွေးညွတ်ကာ ပြုံးလိုက်သည်။ ယဲ့ချင်းဟွမ် ကို သူ လိမ်လည် လိုက်တာကို ဘယ်သူက ဂရုစိုက်မှာလဲ။ သားလေးယောက်နှင့် သမီးတစ်ယောက်ရှိ နေပြီဖြစ်သော်လည်း အိမ်ရှေ့မင်းသားသည် ထိုငါးကြင်းနတ်ဆိုးလေးကို စွန့်လွှတ်မည်ကို စိုးရိမ်နေသေးသည်။ တကယ်လို့ သူတို့သာ တစ်သက်လုံး အတူတူနေဖို့ ကံကြမ္မာ ရှိမယ်ဆိုရင် ဒီငါးက သူ့ကိုထားခဲ့မှာကို ကြောက်နေစရာ မလိုတော့ပေ။
လင်မယားနှစ်ယောက်လုံး ချစ်ခင်စွာနဲ့ သေတပန် သက်တဆုံးအတူတူနေထိုင်သွားရခြင်းက ဂုဏ် ကျက်သရေရှိခြင်းပင်ဖြစ်လို့ လီယွီသည် အိမ်ရှေ့မင်းသား၏ စကား ထောင်ချောက်ထဲသို့ ချက်ချင်းကျသွားသည်ကို လုံးဝ သတိမထားမိခဲ့ပေ။
ခင်ပွန်းသည်များသည် ထုံးစံအတိုင်း နှစ်ဦးတည်းရှိသည့်အခါ တစ်ယောက်ကို တစ်ယောက် ကြင်နာယုယလို့ မဆုံးတော့ပေ။
လီယွီသည် အလွန်သင့်လျော်မှုမရှိသော အပြုမူဖြင့် ခင်ပွန်းသည်၏ပေါင်များပေါ် တက် ထိုင်နေလေသည်။ သူ့လောင်ကုန်းနှင့် ချစ်ကြည်နူးတစ်တီတူးပြီးနောက် သူ လာရတဲ့ လေးနက်တဲ့ အကြောင်းရင်းကို သတိရသွားပြီး သူက လူချင်းခွာလျက် မေးလိုက်သည်။
"ထျန်းချီ ၊ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူနဲ့ အမျိုးသမီးတချို့ကို ကူညီပေးနိုင်မလား။ မုဆိုးဖိုနဲ့ မုဆိုးမတွေကို အခွင့်ရေး အတူတူရစေချင်တယ်... ကျွန်တော် သူတို့ဘဝသစ်မှာ ပျော်ပျော်ရွှင်ရွှင် အသက်ရှင်စေချင်တယ်ဆိုရင် ခင်ဗျား သူတို့ကို ပံ့ပိုးပေးမလား"
ထိုသည်မှာ ယေဘူယျအစီအစဉ်သာဖြစ်သည်။ လီယွီ သည် ထိုအမျိုးသမီးများ လိုအပ်သည်များကို မသိသေးသောကြောင့် သူ မည်ကဲ့သို့ ဆောင်ရွက်လိုကြောင်း အတိအကျ မရှင်းပြနိုင်သေးပေ။ သို့သော် လီယွီသည် အနည်းဆုံး ထိုအမျိုးသမီးများ အကူအညီတောင်းနိုင်သည့် နေရာတစ်ခု ဖန်တီးရန် မျှော်လင့်ခဲ့သည်။ သူသည် သာမာန်ပြည်သူလူထုအား သဘောထားကြီးစွာ ဖော်ပြလိုသည့်အချက်မှာ ထိုကမ္ဘာကြီးတွင် မုဆိုးမများကို ထောက်ပံ့ပေးသော လူများ ရှိတယ်ဆိုတာ သိစေချင်သောကြောင့်ပင်။
ဒါကိုပြောပြီးတာနဲ့ အိမ်ရှေ့မင်းသားက လီယွီပြောနေတာ ဘယ်သူလဲဆိုတာ သိသွားသည်။ သူ ခဏလောက်စဉ်းစားပြီး မေးလိုက်သည်။
"မင်း လျန်ရှီး ကိုကူညီချင်လား။ သူမရဲ့အိမ်ထောင်ရေးကို ဖခင်က ဆုံးဖတ်ထားတာကြောင့် ဒါက လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ဘူး။"
"ကျွန်တော်နားလည်ပါတယ်။ သူမက ကျွန်တော့် အကူအညီကို အမှန်တကယ် လိုချင်ပုံမပေါ်ဘူး။ ကျွန်တော်ဆိုလိုတာက လျန်ရှီး လို အမျိုးသမီးတွေအားလုံးကို ကူညီချင်တယ်"
လီယွီသည် အမှန်တကယ်ပင် အမျိုးသမီးအဖွဲ့အစည်းတစ်ခုလုံးကို ကူညီပေးချင်သည်။ ဒီလိုအမျိုးသမီးမျိုးတွေ အကူအညီလိုရင် အကူအညီပေးခြင်းနဲ့ သက်သေပြမယ်။ လျန်ရှီး သည် ထိုအုပ်စုထဲသို့ ပါဝင်တာဖြစ်လို့ သူ့အကူညီလည်း သေချာပေါက် ရလိမ့်မည်။
******-*******
Chapter (149-1) - မုဆိုးမမ်ားကို ကူညီေပးမယ့္ ငါးကေလး
ယဲ့ခ်င္းဟြမ္ စိတ္ကူးယဥ္ေနတာကို ဘယ္သူသိနိုင္မလဲ၊ သူ႔မ်က္ႏွာေပၚမွာ ဒီလို ထူးထူးဆန္းဆန္း အၿပဳံးႀကီးေပၚေနသည္။
"ဒါေပမယ့္ သူက......ဒါမ်ိဳးဆိုေတာ့။ သူ ဘာလို႔ ေမွာ္ပညာကို တိုက္႐ိုက္အသုံးမျပဳတာလဲ"
ယဲ့ခ်င္းဟြမ္ သည္ ရံဖန္ရံခါတြင္ သူမ်ားနဲ႕ မတူတဲ့ အေတြးမ်ားကို ေတြးေနတတ္သည္။
အိမ္ေရွ႕မင္းသားက "ေရွာင္ယြီ မွာ သူ႔ကိုယ္ပိုင္စည္းမ်ဥ္းေတြရွိတယ္။ သူ႔ကို အတင္းမတိုက္တြန္းနဲ႔။"
ယဲ့ခ်င္းဟြမ္ က ေခါင္းညိတ္လိုက္သည္။ လီယြီသည္ အိမ္ေရွ႕မင္းသားဘက္တြင္ရွိၿပီး အိမ္ေရွ႕မင္းသား အတြက္ အႏၲရာယ္မရွိသေ႐ြ႕ေတာ့ ေကာင္းပါသည္။
"ၿပီးေတာ့ ေပါင္းရိ နဲ႔ က်န္တဲ့သူေတြေရာ ရႊယ္ေပါင္း ေရာ။ သူတို႔ေရာပဲလား......"
ယဲ့ခ်င္းဟြမ္ က ေနာက္ထပ္ အေရးႀကီးၿပီး ဆက္စပ္ေမးခြန္းတစ္ခု ေမးလိုက္သည္။
"မဟုတ္ဘူး၊ သူတို႔က မဟုတ္ဘူး" အိမ္ေရွ႕မင္းသားက ေျပာလိုက္သည္။
ရႊယ္ေပါင္း သည္ ေမြးကတည္းက လူသားျဖစ္သည္။ အိမ္ေရွ႕မင္းသားက ေမြးခန္းထဲမွာ ေရွာင္ယြီေဘးမွာ ေစာင့္ရတဲ့ ေနာက္ထပ္အေၾကာင္းရင္းကေတာ့ မေတာ္တဆျဖစ္မွာကို ေၾကာက္လို႔ပဲ။ ေရွာင္ယြီ ကို ကာကြယ္ရန္ သူ ျပင္ဆင္ထားၿပီးျဖစ္သည္။ တစ္ခုခုျဖစ္ခဲ့ရင္ လူေတာ္ေတာ္မ်ားမ်ားက ခ်က္ခ်င္း လက္ငင္းေျဖရွင္းၾကလိမ့္မည္။
အိမ္ေရွ႕မင္းသားက သူ႔သမီးက ငါးမဟုတ္ေၾကာင္း ေကာင္းေကာင္းသိသည္။ သူ႕ သားေတြ ေမြးဖြားစဥ္က ငါးကေလးမ်ား ျဖစ္ၾကေသာ္လည္း ယခုအခါ ကေလးအားလုံးသည္ ငါးအျဖစ္သို႔ မေျပာင္းလဲႏိုင္ေတာ့ေပ။ အိမ္ေရွ႕မင္းသားက ေဘးထြက္ဆိုးက်ိဳးေတြကို ဆက္မဖန္တီးခ်င္ေတာ့သျဖင့္ သူက ထိုသို႕ အျပတ္သာ ေျပာလိုက္သည္။
ေရွာင္ယြီ က ကေလး ေလးေကာင္ဟာ ငါးအျဖစ္ ျပန္မျဖစ္လာခင္မွာ အသက္ (၇) ႏွစ္ထိ လူသားအသြင္ျဖင့္ ေနရမယ္လို႔ ေျပာခဲ့ဖူးသည္။ အခု ကေလးေတြက ငယ္ေသးလို႕ ငါးျဖစ္ဖို႕က ေစာေသးသည္။ လိုအပ္ရင္ အန္ကယ္ယဲ့ကို သူတို႕ ကိုယ္တိုင္ ရွင္းျပလို႔ရသည္။
ယဲ့ခ်င္းဟြမ္ သည္ ထိုအေျဖကို လက္ခံလိုက္ပုံရၿပီး အသက္ရႈရပ္လုနီးပါး ျဖစ္သြားပံုရသည္။
"ဒါဆို ငါက သူနဲ႔ အနာဂတ္မွာ ဘယ္လို ဆက္ဆံရမလဲ။ တားျမစ္ထားတာ ဒါမွမဟုတ္ ေရွာင္ရမယ့္ အခ်က္ ရွိသလား။"
ယဲ့ခ်င္းဟြမ္ က ေမးလိုက္သည္။
လီယြီသည္ ငါးနတ္ဆိုးတစ္ေကာင္ျဖစ္သည္... ဟူေသာအခ်က္ကို ေတြးၾကည့္႐ုံျဖင့္ အံ့ၾသစရာပင္။ ယဲ့ခ်င္းဟြမ္ သည္ ယခင္က ဘာမွမသိခဲ့ဘဲ လီယြီတြင္ အလြန္ေကာင္းေသာ အရည္အခ်င္း ရွိသည္ဟု ခံစားမိသည္။ ယခု သူ သိလိုက္ရတာက လီယြီက နတ္ဆိုးတစ္ေကာင္အတြက္ပင္ ထိုသို႔ေသာ အရည္ခ်င္းေတြရွိတာက ရွားပါတယ္လို႕ ခံစားလာရသည္။
အိမ္ေရွ႕မင္းသား- ".......မရွိဘူး!" ရွိခဲ့ရင္ေတာင္ ငါ မင္းကို မေျပာဘူး။
"ဒါဆို ရႈန္ဖုန္ က သူ႔ကို တစ္ခုခု ေျခာက္ခဲ့ေသးလား"
ယဲ့ခ်င္းဟြမ္ သည္ လီယြီကသာ ေခြးကို ေၾကာက္လွ်င္ အနာဂတ္တြင္ သူ႔ခ်စ္ေသာေခြးကို ႀကိဳးျဖင့္ ခ်ည္ေႏွာင္ထားရန္ အတတ္ႏိုင္ဆုံး ႀကိဳးစားမည္ဟု ေတြးထင္ခဲ့သည္။
အိမ္ေရွ႕မင္းသား၏အမူအရာမွာ အထင္ေသးဟန္ေပၚလာသည္။
"မင္း တံုးေနတာလား"
ယဲ့ခ်င္းဟြမ္ က သူ႔ကိုယ္သူ ေခါင္းကို ဆတ္ခနဲ ႐ိုက္လိုက္ၿပီး သတိရသြားသည္။
"ဟုတ္သားပဲ... သူက ရႈန္ဖုန္ နဲ႔ အမ်ားႀကီး တြဲဖက္ကစားခဲ့ေသးတာကို ငါ ဘယ္လိုေမ့ႏိုင္တာလဲ။ ေသခ်ာတာကေတာ့ သူ မေၾကာက္သင့္ဘူး။"
ဒါေသခ်ာတာေပါ့.... လီယြီက ၿပဳံးလိုက္သည္။ ရႈန္ဖုန္ က သူ႔ကို သူစိမ္းလို႔ မယူဆတာၾကာၿပီ။ သူ႔သခင္ ယဲ့ခ်င္းဟြမ္ ထက္ေတာင္ ေစာေစာကတည္းက သူ႕ရဲ႕ အျဖစ္မွန္ကို သိခဲ့တယ္။
ယဲ့ခ်င္းဟြမ္ သည္ ဗဟုသုတနည္းပါးၿပီး ေမးခြန္းမ်ားစြာ ေမးခ်င္ေနသည္။ စကားစျမည္ေျပာလိုက္သည္နွင့္ တားမရေတာ့ေပ။ အိမ္ေရွ႕မင္းသားက လုံေလာက္ၿပီလို႕ ေတြးကာ သူ႔ကို ဆြဲထုတ္ဖို႔ ဆုံးျဖတ္လိုက္တယ္။
"ေကာင္းၿပီ ေကာင္းၿပီ။ ငါကိုယ္တိုင္သြားပ့ါမယ္။ ငါ့ကို မဆြဲပါနဲ႔။ ငါသိထားၿပီးသားအရာကို တျခားသူကို ဘယ္ေတာ့မွ မေျပာဘူးလို႔ ကတိေပးပါတယ္။" ယဲ့ခ်င္းဟြမ္ က အသနားခံသည့္ အၿပဳံးျဖင့္ ေတာင္းပန္လိုက္သည္။
အိမ္ေရွ႕မင္းသားက ယဲ့ရွီးက်ဴ (သခင္ေလးယဲ့)သည္ ယုံၾကည္စိတ္ခ်ရသူျဖစ္ေၾကာင္း အိမ္ေရွ႕မင္းသားက သိသည္။ မဟုတ္ရင္ သူ႔အတြက္ အမွန္တရားကို ဝန္ခံမွာ မဟုတ္ဘူး။
ယဲ့ခ်င္းဟြမ္ က အတိုခ်ဳံး ႏႈတ္ဆက္လိုက္စဥ္ အိမ္ေရွ႕မင္းသားက ႐ုတ္တရက္ "ခဏေနဦး!" ဟု တားလိုက္သည္။
ယဲ့ခ်င္းဟြမ္ က ေခါင္းကို လွည့္လိုက္သည္။ အိမ္ေရွ႕မင္းသားသည္ ယခင္က တစ္ခါမွမသုံးဖူးေသာ ျပင္းထန္ေသာေလသံကို အသုံးျပဳခဲ့သည္-
"ငါေျပာတာကို ဘယ္ေတာ့မွ မေမ့ပါနဲ႕။ သူက ငါပဲ။ မင္း သူ႔ကိုကာကြယ္ရင္ ငါ့ကိုကာကြယ္သလိုပဲ" ဟု ေျပာခဲ့သည္။
"နားလည္ပါၿပီ မင္းသားေလး။" ယဲ့ခ်င္းဟြမ္လည္း သူ႕အစ္ကိုဝမ္းကြဲ အိမ္ေရွ႕မင္းသား၏ အဓိပၸါယ္ကို ခ်က္ျခင္းနားလည္ခဲ့ၿပီး ေလးနက္လာ ျပန္လည္ေျဖႀကားလိုက္သည္။ ထို႕ေနာက္ ၿပဳံးလ်က္ အိမ္ေရွ႕မင္းသားအား ေလးေလးနက္နက္ အမူအရာျပလိုက္သည္။
အမွန္တရားကို သူ သိလာကတည္းက၊ သူ႔ရင္ထဲ ရႈပ္ယွက္ခတ္ေနတဲ့ စိတ္ခံစားခ်က္ေတြ အမ်ားစုက အခု လံုးဝကို ေျပေလ်ာ့သြားကာ သက္သာရာရသြားေစခဲ့သည္။ ဒီကာလအတြင္းမွာ သူ႔မိန္းမနဲ႔ မိဘေတြ ေရွာင္ယြီနဲ႕ပတ္သတ္တာကို ဘာမွ မေတြ႕ႏိုင္ေအာင္ ဖံုးမိရသည့္အျပင္ သူ႔အတြင္းစိတ္ထဲက အေတြးနဲ႔ ခံစားခ်က္ေတြကို အျပင္းအထန္ ဖိႏွိပ္ခဲ့ရသည္။ ဒါက ယဲ့ရွီးက်ဴ (သခင္ေလးယဲ့)ကို အေတာ္ေလး စိတ္ဖိစီးေစသည္။
ယဲ့ခ်င္းဟြမ္က စိတ္သက္သာရာရစြာျဖင့္ သက္ျပင္းကို တိုးတိုးခ်ကာ အျပင္ကို ထြက္လာခဲ့သည္။ မထင္မွတ္ပဲ အျပင္မွာ လီယြီကို တည့္တည့္တိုးေတာ့သည္။
ဒါက အရင္ရင္ႏွင့္မတူေပ။ အရင္တုန္းက သူက လီယြီကို ငါးနတ္ဆိုးမွန္းမသိေသးေပ။ အခုေတာ့ သူက လီယြီရဲ႕ သ႐ုပ္မွန္ကို သိၿပီးျဖစ္လို႔ ဘယ္လို ဆက္ဆံရမွန္းမသိျဖစ္ေနသည္။ ခါတိုင္းလို ေပါ့ေပါ့ပါးပါးပဲ ဆက္ဆံရမလား...ဒါက နည္းနည္းေတာ့... အင္း....ခက္သလားလို႔....?!
"ယဲ့ခ်င္းဟြမ္ !"
လီယြီက ယဲ့ခ်င္းဟြမ္ တစ္ေယာက္ သူနွင့္ ပတ္သတ္ျပီး ယခင္နွင့္မတူသည္ကို သိထားေႀကာင္း သိလိုက္ၿပီး သူ႔ကို တမင္လက္ ေဝွ႔ယမ္းလိုက္သည္။ သူပုန္ ေလာ့လန္ တပ္ကို သတ္လိုက္ခ်ိန္မွာေတာင္ ယဲ့ခ်င္းဟြမ္ ရဲ႕ လက္ေတြ မတုန္ဖူးဘူး။ သို႔ေသာ္ ယခုအခ်ိန္တြင္ သူ႔မ်က္ႏွာသည္ နီရဲေနကာ လက္ေတြ တုန္ယင္လာသည္။
"ေျပာင္ေစာင္" ဟု နူတ္ဆက္ျပီးေနာက္ သူက နံရံနားတိုးကပ္ကာ ထုိေနရာမွ ခ်က္ခ်င္း ထြက္ေျပးသြားခဲ့သည္။
(ေျပာင္ေစာင္- တစ္ဝမ္းကြဲ ခယ္မ/မရီး)
ငါ့ လုပ္ရပ္ကို အထင္မလြဲပါနဲ႔။ အေမြဆက္ခံသူက ေႀကာက္လို႕ ထြက္ေျပးလာတာ မဟုတ္ဘူး။ သူ႔မွာ အေရးႀကီးတာေတြ လုပ္စရာရွိတယ္။ ဥပမာအားျဖင့္၊ ငါးေခါင္းနွင့္လူဟုျမင္ခဲ့ေသာ သာမန္လူေတြႀကားက ေကာလဟာလကို ျငိမ္ေအာင္ ေျဖရွင္းဖို႕ ျပန္သြားတာပါ......
လီယြီသည္ ယဲ့ခ်င္းဟြမ္ကို နည္းနည္းေျခာက္ရံုသာ ျဖစ္လုိ႕ သူ႕ေနာက္ကို လိုက္မသြားေတာ့ပဲ အခန္းထဲကို တစ္ခါတည္း ဝင္လာခဲ့သည္။
"ထ်န္းခ်ီ ငါလာၿပီ!" လီယြီက ၿပဳံးျပလိုက္ကာ ေလာင္ကုန္းဆီ တန္းလာလိုက္သည္။
သူ႔ကိုျမင္လိုက္ရေတာ့ အိမ္ေရွ႕မင္းသားရဲ႕မ်က္ႏွာေပၚက ေလးနက္တဲ့အမူအရာက ေပ်ာက္ကြယ္ သြားျပီး ႏူးညံ့တဲ့ ခ်စ္ျခင္း အရိပ္ေတြသာ က်န္ရစ္ခဲ့သည္။ ထိုငါးကေလးသည္ အဘယ္ေၾကာင့္ ဒီေနရာသို႔ ေျပးလာသည္ကို သူ အံ့ၾသပုံမေပၚေပ။
"ထ်န္းခ်ီ ၊ ယဲ့ခ်င္းဟြမ္ နဲ႔ ခင္ဗ်ား စကားေျပာေနတာကို ကြ်န္ေတာ္ အခုမွ ၾကားလိုက္တာပါ။" လီယြီ က ေျပာလိုက္သည္။
အိမ္ေရွ႕မင္းသား- ''......"
အိမ္ေရွ႕မင္းသားက လီယြီ၏လက္ကို ကိုင္ထားလိုက္သည္-
"ေတာင္းပန္ပါတယ္။ ယဲ့ခ်င္းဟြမ္က အမွန္တရားကို ရွာေဖြေတြ႕ရွိေနၿပီ။ ငါတကယ္ သူ႔ကို ဖုံးကြယ္ထားလို႔ မရေတာ့ဘူး။"
လီယြီက ေခါင္းကို အလ်င္စလိုခါလိုက္ၿပီး ျပန္ေျဖလိုက္သည္။
"ဒါက ဘာမွမျဖစ္ပါဘူး။ ယဲ့ရွီးက်ဴ (သခင္ေလးယဲ့)က အျပင္လူ မဟုတ္ဘူး။ ကြ်န္ေတာ္တို႕ တစ္သက္လုံး အတူေနသြားမွာပဲေလ။ ဒါက ကံၾကမၼာပဲ။ ခင္ဗ်ား သူ႔ကိုေျပာခဲ့တဲ့အခ်က္ကိုပဲ ကြ်န္ေတာ္ အံ့ၾသေနမိတယ္..။"
လီယြီသည္ မူလက အိမ္ေရွ႕စံမင္းသားအား မည္ကဲ့သို႔ ေတြးသည္ကို ေမးခ်င္သည္။ မေမွ်ာ္လင့္ဘဲ အိမ္ေရွ႕မင္းသားက သူ႔ကို စူးစူးရဲရဲ အၾကည့္တစ္ခ်က္ ေပးလိုက္ကာ ေျပာခဲ့သည္။ "ငါတို႔ ဘယ္ေတာ့မွ မခြဲဘူး မဟုတ္လား?"
အိမ္ေရွ႕မင္းသား၏မ်က္လုံးမ်ားထဲမွ တုန္လႈပ္ျခင္းနွင့္ အထီးက်န္မႈကို ျမင္လိုက္ရေတာ့ လီယြီ၏ ႏွလုံးသားေလးကို ဓားႏွင့္ထိုးလိုက္သလို ခံစားလိုက္ရသည္။
"ကြ်န္ေတာ္တို႕ တစ္သက္လံုး အတူတူ ေနသြားနိုင္ၿပီ!"
"ဒါဆို ေျပလည္သြားၿပီ။ ဒါဟာ ကတိတစ္ခုပဲ။"
အိမ္ေရွ႕မင္းသား၏ ႏႈတ္ခမ္းမ်ား ေကြးၫြတ္ကာ ျပံဳးလိုက္သည္။ ယဲ့ခ်င္းဟြမ္ ကို သူ လိမ္လည္ လိုက္တာကို ဘယ္သူက ဂ႐ုစိုက္မွာလဲ။ သားေလးေယာက္ႏွင့္ သမီးတစ္ေယာက္ရွိ ေနၿပီျဖစ္ေသာ္လည္း အိမ္ေရွ႕မင္းသားသည္ ထိုငါးၾကင္းနတ္ဆိုးေလးကို စြန႔္လႊတ္မည္ကို စိုးရိမ္ေနေသးသည္။ တကယ္လို႔ သူတို႔သာ တစ္သက္လုံး အတူတူေနဖို႕ ကံၾကမၼာ ရွိမယ္ဆိုရင္ ဒီငါးက သူ႔ကိုထားခဲ့မွာကို ေၾကာက္ေနစရာ မလိုေတာ့ေပ။
လင္မယားႏွစ္ေယာက္လုံး ခ်စ္ခင္စြာနဲ႕ ေသတပန္ သက္တဆံုးအတူတူေနထိုင္သြားရျခင္းက ဂုဏ္ က်က္သေရရွိျခင္းပင္ျဖစ္လို႕ လီယြီသည္ အိမ္ေရွ႕မင္းသား၏ စကား ေထာင္ေခ်ာက္ထဲသို႔ ခ်က္ခ်င္းက်သြားသည္ကို လုံးဝ သတိမထားမိခဲ့ေပ။
ခင္ပြန္းသည္မ်ားသည္ ထုံးစံအတိုင္း နွစ္ဦးတည္းရွိသည့္အခါ တစ္ေယာက္ကို တစ္ေယာက္ ႀကင္နာယုယလို႕ မဆံုးေတာ့ေပ။
လီယြီသည္ အလြန္သင့္ေလ်ာ္မႈမရွိေသာ အျပဳမူျဖင့္ ခင္ပြန္းသည္၏ေပါင္မ်ားေပၚ တက္ ထိုင္ေနေလသည္။ သူ႕ေလာင္ကုန္းနွင့္ ခ်စ္ႀကည္နူးတစ္တီတူးျပီးေနာက္ သူ လာရတဲ့ ေလးနက္တဲ့ အေႀကာင္းရင္းကို သတိရသြားၿပီး သူက လူခ်င္းခြာလ်က္ ေမးလိုက္သည္။
"ထ်န္းခ်ီ ၊ ကြယ္လြန္သြားၿပီျဖစ္တဲ့ ခင္ပြန္းျဖစ္သူနဲ႔ အမ်ိဳးသမီးတခ်ိဳ႕ကို ကူညီေပးႏိုင္မလား။ မုဆိုးဖိုနဲ႕ မုဆိုးမေတြကို အခြင့္ေရး အတူတူရေစခ်င္တယ္... ကြ်န္ေတာ္ သူတို႔ဘဝသစ္မွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ အသက္ရွင္ေစခ်င္တယ္ဆိုရင္ ခင္ဗ်ား သူတို႔ကို ပံ့ပိုးေပးမလား"
ထိုသည္မွာ ေယဘူယ်အစီအစဥ္သာျဖစ္သည္။ လီယြီ သည္ ထိုအမ်ိဳးသမီးမ်ား လိုအပ္သည္မ်ားကို မသိေသးေသာေၾကာင့္ သူ မည္ကဲ့သို႔ ေဆာင္႐ြက္လိုေၾကာင္း အတိအက် မရွင္းျပႏိုင္ေသးေပ။ သို႔ေသာ္ လီယြီသည္ အနည္းဆုံး ထိုအမ်ိဳးသမီးမ်ား အကူအညီေတာင္းႏိုင္သည့္ ေနရာတစ္ခု ဖန္တီးရန္ ေမွ်ာ္လင့္ခဲ့သည္။ သူသည္ သာမာန္ျပည္သူလူထုအား သေဘာထားႀကီးစြာ ေဖာ္ျပလိုသည့္အခ်က္မွာ ထိုကမာၻႀကီးတြင္ မုဆိုးမမ်ားကို ေထာက္ပံ့ေပးေသာ လူမ်ား ရွိတယ္ဆုိတာ သိေစခ်င္ေသာေႀကာင့္ပင္။
ဒါကိုေျပာၿပီးတာနဲ႔ အိမ္ေရွ႕မင္းသားက လီယြီေျပာေနတာ ဘယ္သူလဲဆိုတာ သိသြားသည္။ သူ ခဏေလာက္စဥ္းစားၿပီး ေမးလိုက္သည္။
"မင္း လ်န္ရွီး ကိုကူညီခ်င္လား။ သူမရဲ႕အိမ္ေထာင္ေရးကို ဖခင္က ဆံုးဖတ္ထားတာေၾကာင့္ ဒါက လြယ္ကူတဲ့အလုပ္တစ္ခုေတာ့ မဟုတ္ဘူး။"
"ကြၽန္ေတာ္နားလည္ပါတယ္။ သူမက ကြ်န္ေတာ့္ အကူအညီကို အမွန္တကယ္ လိုခ်င္ပုံမေပၚဘူး။ ကြၽန္ေတာ္ဆိုလိုတာက လ်န္ရွီး လို အမ်ိဳးသမီးေတြအားလံုးကို ကူညီခ်င္တယ္"
လီယြီသည္ အမွန္တကယ္ပင္ အမ်ိဳးသမီးအဖြဲ႕အစည္းတစ္ခုလံုးကို ကူညီေပးခ်င္သည္။ ဒီလိုအမ်ိဳးသမီးမ်ိဳးေတြ အကူအညီလိုရင္ အကူအညီေပးျခင္းနဲ႕ သက္ေသျပမယ္။ လ်န္ရွီး သည္ ထိုအုပ္စုထဲသို႔ ပါဝင္တာျဖစ္လို႕ သူ႕အကူညီလည္း ေသခ်ာေပါက္ ရလိမ့္မည္။
******-*******