Chapter (142-1) _ ထိုက်ကျူဖေးက ငါးနတ်ဆိုး ဖြစ်ကြောင်းပါ
ချူးရန့်ယွီ သည် ကန်ချင်း နန်းတော်အပြင်ဘက်တွင် တွေ့ခွင့်တောင်းဆိုခဲ့သည်။ ဧကရာဇ်သည် ချူးကွေ့ရန် ကို အလွန်အထင်ကြီးသဖြင့် ချူးကွေ့ရန် ကို ဝင်ခွင့်ပြုခဲ့သည်။
ချူးရန့်ယွီ နန်းတော်ထဲဝင်သွားပြီးနောက် အိမ်ရှေ့မင်းသား၏ သားတွေလည်း ရှိနေသည်ကို သူ တွေ့ရှိခဲ့သည်။ ငါးနတ်ဆိုးမှ ဆင်းသက်လာသော အရာသည်လည်း နတ်ဆိုးဖြစ်မည်ဟု သူ့တစ်ကိုတယ်တည်း တွေးနေမိသည်။ ဧကရာဇ်မင်းကို ဆွဲဆောင်နိုင်ခဲ့ကြသည်မှာ အံ့သြစရာမဟုတ်ပေ။ ချူးရန့်ယွီ သည် ထိုနတ်ဆိုးများကို ပို၍ပင် အထင်အမြင်သေးသွားသလို ခံစားလိုက်ရသည်။
ကလေးများ သည် မူလက တော်ဝင်စာသင်ကျောင်းရှိ အတန်းထဲတွင် ပညာသင်ကြားခဲ့သည်။ အိမ်ရှေ့မင်းသား ဇနီးမောင်နှံ ကြွလာသည်ကို ဧကရာဇ်မင်း သိပြီးနောက်၊ လော့လွေ့စိန်း အား စာသင်ဆောင်သို့ သွားကာ ကလေးတွေ ပြန်ခေါ်လာရန် အထူး အမိန့်ပေးခဲ့သည်။
ကလေးတွေဟာ ဧကရာဇ်မင်းအနားမှာ အချိန်ကုန်လေ့ရှိသည်။ ဧကရာဇ် ၏ ကိုယ်လုပ်တော်များကိုလည်း တွေ့ဖူးမြင်ဖူးကြလေသည်။ ယခင်က၊ ဧကရာဇ်၏မျက်နှာသာရစေရန်အတွက် ချူးကွေ့ရန် သည် ကလေးများကို အာရုံစူးစိုက်ပြီး မကြာခဏ ကျောက်စိမ်းဖြင့် ထွင်းထားသည့် ပန်းပုများကို ယူဆောင်လာလေ့ရှိသည်။ အရင်ကလည်း အရုပ်လေးတွေ ယူလာပေးသည်။ သို့သော်လည်း ကလေးများ သည် ငါးပါးပါး ၏သတိပေးချက်ကို လက်ခံရရှိပြီးဖြစ်ပြီး သူတို့နှင့် မရင်းနှီးသောသူများနှင့် သူစိမ်းထားထံမှ ။ လက်ဆောင်တွေလည်း လက်မခံတော့ပေ။ ထို့ကြောင့် ချူးကွေ့ရန် ၏ အစီအစဉ်များသည် တစ်ကြိမ်ပင် မအောင်မြင်ခဲ့ပေ။
ထိုကလေးများကိုတွေ့ပြီးနောက် ချူးရန့်ယွီ ၏အမူအရာက ပြောင်းသွားခဲ့သည်။ ကလေးတွေရဲ့ ထက်မြက်မှုက ပုံမှန်မဟုတ်သည်မှာ သိသာထင်ရှားလှသည်။ ကလေးတွေက ငယ်ပေမယ့် ဘာမှ မသိဘူးလို့ မဆိုလိုပေ။ မြန်မြန်ဆန်ဆန်ပဲ၊ အရင်က သူတို့ကို ပြုံးပြလေ့ရှိတဲ့ ချူးကွေ့ရန် က ပြုံးမပြတော့ဘူးဆိုတာ သူတို့သတိထားမိလိုက်သည်။
"သူက အရမ်းတုံးတာပဲနော်။" ကလေးတွေက သူတို့ဖာသာ တိုးတိုးလေပြောနေကြသည်။
ဒီစကားလုံးက မကြာသေးမီက သူတို့သင်ယူခဲ့သော စကားလုံးအသစ်ဖြစ်သည်။ ဒါကို အသုံးပြုဖို့ မကြာခဏ သူတို့လေးတွေရဲ့ ပါးစပ်ဖျားမှ ထွက်ထွက်လာတတ်သည်။
ကလေးတွေရဲ့ စကားကိုကြားတော့ ဧကရာဇ်က မအောင့်နိုင်တော့ပဲ ဝုန်းခနဲ ရယ်လိုက်မိသည်။ ချူးရန့်ယွီ သည် မင်းကြီးရယ်လိုက်သဖြင့် အလွန်စိတ်မကောင်းဖြစ်ပြီး ဘာမှ မကြားသလိုသာ ဟန်ဆောင်လိုက်သည်။
"အရှင်မင်းကြီး.....ကျွန်တော်မျိုး အရှင့်ကို တင်လျှောက်စရာ အရေးကြီးသတင်းရှိပါတယ် "
ချူးရန့်ယွီ ရှေ့သို့ ခြေတစ်လှမ်းဆုတ်ပြီး ဒူးထောက်ကာ လျှောက်တင်လိုက်သည်။
ထိုသတင်းသည် ငါးနတ်ဆိုးနှင့် ဆက်စပ်နေသောကြောင့် ကလေးများ အနားမှာ ရှိနေလို့ မဖြစ်ပေ။ ချူးရန့်ယွီ က ဧကရာဇ်က သူတို့ကို အပြင် ထွက်ခိုင်းဖို့ကို မျှော်လင့်နေခဲ့သည်။
"မင်း တိုက်ရိုက်ပြောလို့ရတယ်။"
ချူးရန့်ယွီ ၏ သတိပေးမှုကို ဧကရာဇ်ဘုရင်က လုံးဝ သတိမထားမိပေ။ ဧကရာဇ်၏အမြင်တွင်၊ ကလေးများ သည် ပြင်ပ လူများမဟုတ်ဘဲ သူ၏မြေးများဖြစ်သည်။ ကလေးတွေကို အပြင်လွှတ်ထားစရာ မလိုဘူး။
ချူးရန့်ယွီ အံကိုကြိတ်လိုက်သည်။ ဒီနတ်ဆိုးတွေရှေ့မှာ သူပြောရတော့မယ့်ပုံပဲ...။
ကန်ချင်း နန်းတော်သို့ လာရာလမ်းတွင် သူ လျှောက်တင်ရမယ့် စကားကို သေချာ ပြင်ဆင်ထားပြီး ဖြစ်သည်။ အမဲလိုက်ကွင်းမှာ အစေခံ က မြင်ခဲ့ရတာတွေနဲ့ ထိုက်ကျူဖေး ရဲ့ ထမ်းစင် ထဲမှာ ငါးတစ်ကောင်ပဲ ရှိတာကို သေချာပေါ်လွင်အောင် တင်လျှောက်လိုက်သည်။
သူသည် ထိုက်ကျူဖေး သည် ငါးနတ်ဆိုးဖြစ်ကြောင်း တိုက်ရိုက်မပြောသော်လည်း သူ့စကားတွေရဲ့ ဆိုလိုရင်း အဓိပ္ပါယ်မှာ အလွန်ထင်ရှားနေပြီဖြစ်သည်။
မင်းကြီး: "......"
ဧကရာဇ်၏ ပထမဆုံးတုံ့ပြန်မှုသည် မယုံကြည်မှုဖြစ်သည်။ တကယ့်အသက်ရှင်နေတဲ့လူဟာ နတ်ဆိုးတစ်ပါး ဖြစ်တယ်လို့ သူ့ကိုယုံကြည်စေဖို့အတွက် စကားလုံးသက်သက်က ဘယ်လိုဖြစ်နိုင်မလဲ။ ဒါက နည်းနည်းတော့ ပေါ်တင်ချောက်ချလွန်းနေပြီ။
ဧကရာဇ်က ချူးရန့်ယွီကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်သည်–
"ဒါက ဘာကိုဆိုလိုတာလဲ။ မောင်မင်းက ထိုက်ကျူဖေး ကို ကျိန်ဆဲဖို့ ကြိုးစားနေတာလား။"
ဧကရာဇ်သည် ချူးကွေ့ရန် ကို အထင်ကြီးစရာကောင်းသည်ဟု ခံစားမိသော်လည်း ထိုက်ကျူဖေး သည် သူ၏ မိသားစုဝင် ချွေးမလေး ဖြစ်သည်။ ဤသို့ စွပ်စွဲချက်လေးလောက်က ထိုက်ကျူဖေး ၏ အနေအထားကို လှုပ်ခတ်သွားစေရန် မလုံလောက်ပေ။ ဆန့်ကျင်ဘက်အနေနှင့်၊ ဧကရာဇ်က ချူးကွေ့ရန်တစ်ယောက် မနာလို ဝန်တိုဖြစ်ကာ ချောက်ချသည်ဟုသာ ထင်မြင်လာစေသည်။
ပေါင်းရိ သည် ဧကရာဇ် အဖိုးတော်၏ နားတွင် ရှိနေသဖြင့် ထိုစကားအားလုံးကို ပွင့်ပွင့်လင်းလင်း ကြားလိုက်ရသည်။ ငါးပါးပါးကို ဒီလူက ရှာတွေ့ပြီလားဟု သူ့တစ်ယောက်တည်း တွေးနေမိသည်။
ပေါင်းရိ သည် အဖိုးတော်၏ နဂါးဝတ်ရုံ င်္အကျီလက်ကို အလျင်စလို ဆွဲလိုက်သည်။
ဒါကိုမြင်တော့ ဧကရာဇ်ဘုရင်က သူ့ကို ကောက်ပွေ့လိုက်ပြီး ချူးကွေ့ရန် ရဲ့ မထင်မှတ်တဲ့ တင်လျှောက်စကားကြောင့် ပေါင်းရိ မကြောက်သွားစေဖို့ ပေါင်းရိ ကို သူ့ ဒူးပေါ် ပွေ့ချီထားလိုက်သည်။
ချူးရန့်ယွီ သည် ဧကရာဇ်မင်းအား တစ်ချိန်က ကူညီခဲ့ဖူးသော်လည်း ဧကရာဇ်မင်းသည် ထိုက်ကျူဖေး ကို သွားပုပ်လေလွှင့် ပြောဆိုကာ ဂုဏ်သရေ ညှိုးနွမ်းစေမည့် ကိုယ်လုပ်တော်တစ်ဦးကို ဒီအတိုင်း ရှိခွင့်မပြုပေ။
"တစ်ယောက်ယောက်လာစမ်း! ချူးကွေ့ရန် က အဓိပ္ပါယ်မဲ့တဲ့ စကားတွေကို ပြောနေတယ်။ သူ့ကို ဆွဲထုတ်ပြီး အပြစ်ပေးတဲ့ဌာနလက်ထဲကို အပ်လိုက်!"
ဧကရာဇ်က ချက်ချင်း အမိန့်ပေးလိုက်သည်။
အပါးတော်မြဲ လော့ ရောက်လာပြီး ချူးရန့်ယွီကို လူသေလို ကြည့်ကာ ဖမ်းဆီးလိုက်သည်။
ဧကရာဇ်သည် ထိုက်ကျူဖေး အပေါ် အလွန်ကောင်းမွန်သော သဘောထားရှိသည်။ ချူးကွေ့ရန် ဒီမှာ နေရတာ ငြီးငွေ့နေပြီလား။ ထိုစကားများသည် အိမ်ရှေ့မင်းသား၏နားသို့ ပျံ့နှံ့သွားပါက ဧကရာဇ်မင်းနှင့် အိမ်ရှေ့မင်းသားတို့ကိုလည်း စော်ကားရာရောက်ပေလိမ့်မည်။
"အရှင်မင်းကြီး...ကျွန်တော်မျိုး တောင်းပန်ပါတယ်။ ကျွန်တော်မျိုး စကားကို နားထောင်ပေးတော်မူပါ။ ဒီငါးကို အရှင်မင်းကြီး မြင်ဖူးတယ် မဟုတ်လား။ သူက လူနဲ့အရမ်း တူတယ်လို့ မထင်ဘူးလား။ ဒ့ါအပြင်၊ ထိုက်ကျူဖေးနဲ့ အဲ့ဒီ ငါးက တစ်ချိန်တည်း အတူပေါ်လာတာကို အရှင်မင်းကြီး မမြင်ဖူးဘူး မဟုတ်လား။ အကြောင်းပြချက်က အလွန်ရှင်းပါတယ်။ တကယ်တော့ ထိုက်ကျူဖေး က အဲဒီငါးဖြစ်နေလို့ပဲ။ အဲဒါကြောင့် သူတို့နှစ်ယောက် အတူတူ ပေါ်လာဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော်မျိုးရဲ့ စကားအားလုံးက အမှန်တရားဖြစ်တယ်ဆိုတာ ကျွန်တော်မျိုး အာမခံနိုင်သည် ။ ကျွန်တော်မျိုးရဲ့စကားတွေက မုသားဖြစ်ရင် ကောင်းကင်ကနေ မိုးကြိုးပစ်ချပါစေ!"
ချူးရန့်ယွီ သည် ဧကရာဇ်မင်းအား ယုံကြည်စေရန် အသက် သေမည်ကိုပင် မကြောက်ဘဲ သူ့အသက်ကို ရင်းကာ ကျယ်လောင်စွာ ကျိန်ဆိုလိုက်သည်။
"အရှင်မင်းကြီး....ခဏလောက် အချိန်ပေးပြီး စဉ်းစားတော်မူပါ။ ထိုက်ကျူဖေးရဲ့ အမည်က လီယွီဖြစ်တယ်။ ဒါကြောင့် သူက ငါးနတ်ဆိုးဆိုတာ ရှင်းပါတယ်!"
ချူးရန့်ယွီ ၏စကားကြောင့် ဧကရာဇ် ဒေါသထွက်လာသည်။ ရယ်စရာကောင်းသော စကားများကို ကြားပြီးနောက် ပေါင်းရိ ၏ ခေါင်းလေးလည်းပင် ယမ်းလိုက်မိသည်။ သူ နည်းနည်းလေးတောင် တုန်နေခဲ့သည်။ ဧကရာဇ်သည် မြေးတော်လေး ကြောက်မည်ကို စိတ်ပူပြီး ဒေါသ ထွက်ကာ ချူးရန့်ယွီကို အော်လိုက်သည်။
"ပါးစပ်ပိတ်ထား။ ငါကိုယ်တော် မယုံဘူး။ သူ့နာမည်က လီယွီမို့လို့ ငါးနတ်ဆိုးဖြစ်လာမှာလား?"
အခု သူတို့ မင်းဆက်တွင် ကြီးကျယ်ထင်ရှားတဲ့ စစ်သေနာပတိချုပ်ကြီး၏အမည်တွင် ထု (ယုန်) ဆိုသည့် အမည်ပါနေသည်။ ဒါ့အပြင် ထင်ရှားကျော်ကြားသည့် တေးဂီတ အနုပညာရှင်ကြီး၏အမည်တွင် ကွေး (လိပ်) ဆိုသည့် အမည်ပါသည်။ ဒီအတွက် သူတို့က ယုန်နတ်ဆိုးနဲ့ လိပ်နတ်ဆိုးတွေ ဖြစ်ရ တော့မှာလား?
ဒီချူးကွေ့ရန်က ရူးသွားပြီလား? အဲ့လိုဖြစ်ဖို့ သေချာတယ်။
ထိုက်ကျူဖေးက ငါးနဲ့အတူ မင်းကြီးရှေ့မှာ တစ်ပြိုင်တည်း ပေါ်မလာဖူးပေ။ ဒါနဲ့ပဲ သူ့ကို ငါးကြင်းနတ်ဆိုးလို့ သမုတ်ရေတော့မှာလား?
လုံးဝကို အဓိပ္ပါယ်မဲ့လိုက်တာ။
အပါးတော်မြဲ လော့ထံမှ အပြင်သို့ ဆွဲထုတ်ခံနေရသည့် ချူးရန့်ယွီ က အသည်းအသန် အော်ဟစ်ကာ လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး....ကျွန်တော် အမှန်တိုင်းပြောနေတာပါ။ ထိုက်ကျူဖေးက အခု သူ့ရဲ့ မူလပုံစံကို ပြန်ပြောင်းအောင် လုပ်ခံထားရပါပြီ။ သူက နန်းတော်ကို လာတဲ့ ထမ်းစင်ထဲမှာ ပုန်းဖို့ လုပ်နေပါတယ်။ အရှင်မင်းကြီး စစ်ဆေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်မယ်ဆိုရင် ဒါကို သေချာ သိနိုင်ပါလိမ့်မယ်"
ဧကရာဇ်က သူ့စကားကို နားမထောင်ချင်ဘူး။ ဒီအချိန်မှာပဲ အိမ်ရှေ့မင်းသားက တွေ့ခွင့် တောင်းနေကြောင်း အစေခံတစ်ဦးမှ လာလျှောက်တင်ခဲ့သည်။
အချိန်မီလေးပဲ... ဧကရာဇ်မင်းသည် အိမ်ရှေ့မင်းသားကို အလျင်အမြန် ဝင်ခိုင်းလိုက်သည်။
"ထျန်းချီ ၊ ချူးကွေ့ရန် က ထိုက်ကျူဖေး ကို စွပ်ဆွဲဖို့ လုပ်နေတယ်။ ဒါကို မင်း ဘယ်လိုဖြေရှင်းချင်လဲ။"
ချူးကွေ့ရန်၏ တရစပ် အော်ဟစ်သံကြောင့် ဧကရာဇ်က ခေါင်းကိုက်လာသည်။ သူ၏ အဖိုးတန်မြေးလေး ပေါင်းရိ ကို စိတ်တည်ငြိမ်အောင်ထားရန် စိုးရိမ်သဖြင့် ထိုပြဿနာကို အိမ်ရှေ့မင်းသားထံ တိုက်ရိုက်ပစ်ချ ပေးလိုက်တော့သည်။
မုထျန်းချီ က အေးစက်စွာပြောလိုက်သည်။
"ခမည်းတော်.... ကျွန်တော့်ငါးက လူနဲ့တူတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ထိုက်ကျူဖေး ကို အတင်းအဖျင်းပြောပြီး ညစ်ပတ်နေတဲ့ရေတွေကို လောင်းချနေတဲ့သူတွေရှိနေမယ်လို့ ဘယ်သူ ထင်မိမှာလဲ။ အမှန်တော့၊ ထိုက်ကျူဖေး ကို သူတို့ ဘယ်လို စွပ်ဆွဲဖို့ ကြံစည်နေလဲဆိုတာ ကျွန်တော် ကြားချင်ပါတယ်"
ဧကရာဇ်မင်းသည် အိမ်ရှေ့မင်းသားအား အံ့အားသင့်စွာ အကြည့် တစ်ချက် ပေးလိုက်သည်။ အိမ်ရှေ့မင်းသားက ချူးရန့်ယွီ ကို ဒီနေရာမှာ ဆက်ပြောစေချင်ခဲ့တာလား။
ထိုက်ကျူဖေး သည် ငါးအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်ဟု ဆိုခြင်းသည် ချူးရန့်ယွီ ၏ တစ်ဖက်သတ်ဇာတ်လမ်းတစ်ခုသာဖြစ်သည်။ ဧကရာဇ်မင်းသည် အိမ်ရှေ့မင်းသားနှင့် ထိုက်ကျူဖေး တို့ အချင်းချင်း တစ်ဦးနှင့်တစ်ဦး မည်မျှချစ်ကြောင်း ရှင်းရှင်းလင်းလင်း သိတော်မူသည်။ အိမ်ရှေ့မင်းသား၏ ပင်ကိုယ်စရိုက်အရ ချူးရန့်ယွီ ၏ ရဲရင့်သော စွပ်စွဲချက်ကို မည်သို့ သည်းခံနိုင်မည်နည်း။ သို့သော် အိမ်ရှေ့မင်းသားသည် လုံးဝငြိမ်သက်ပြီး ဒါကိုပင် သေချာနားထောင်ဖို့ ပြောနေတယ်ဆိုတော့ သူက ဖြေရှင်းမည့်နည်းကို တွေးထားပြီးပုံပေါ်သည်။
ထားလိုက်ပါ.....
ဧကရာဇ်မင်းသည် ပြဿနာကို အိမ်ရှေ့မင်းသားကို ကိုင်တွယ်ဖြေရှင်းစေလိုသည်ဟု မိန့်ကြားပြီး ဖြစ်သဖြင့် အိမ်ရှေ့မင်းသားကို စိတ်တိုင်းကျ ကိုင်တွယ်ခွင့်ပြုလိုက်မယ်...
ချူးရန့်ယွီက အားတက်လာခဲ့သည်။ ယခုအချိန်တွင် သူ့ကို အတွေ့မခံခဲ့သည့် အိမ်ရှေ့မင်းသားသည် အဘယ်ကြောင့် ရုတ်တရက် စိတ်ပြောင်းသွားသည်ကို အသေအချာ စဉ်းစားရန် အချိန်မရှိပေ။ အိမ်ရှေ့မင်းသားက ဘာပဲပြောပြော နောက်ဆုံးတော့ နားထောင်ချင်စိတ်ရှိသွားခဲ့တာပဲ။
ချူးရန့်ယွီ က အလျင်စလိုပြောလိုက်သည်၊
"အရှင်အိမ်ရှေ့စံ....ကျွန်တော်က ဒါကို အရှင့်ရဲ့အကျိုးအတွက်လုပ်နေတာပါ... ကျေးဇူးပြုပြီး ထိုက်ကျူဖေး ရဲ့ထမ်းစင် ကို စစ်ဆေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါ"
မုထျန်းချီ က မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
"ထမ်းစင် မှာ တစ်ခုခု ထူးဆန်းနေလို့လား"
မမျှော်လင့်ဘဲ အိမ်ရှေ့မင်းသားက ချူးရန့်ယွီ နဲ့ ပူးပေါင်းပြီး အရင်က ထိုက်ကျူဖေး ထိုင်ခဲ့တဲ့ ထမ်းစင် ကို ပြန်သယ်ဖို့ အမိန့်ပေးခဲ့သည်။
များမကြာမီတွင်၊ ကိုယ်ရေးကိုယ်တာ အပါးတော်မြဲ တစ်ဦးသည် သလင်းကျောက်ပုလင်းကို ကိုင်ဆောင်ကာ လျင်မြန်စွာပြန်လာခဲ့သည်-
"အရှင်မင်းသား...ထမ်းစင်ထဲမှာ ဘယ်သူမှမရှိဘူး၊ အထဲမှာ ငါးတစ်ကောင်ပါရှိတဲ့ ဒီသလင်းကျောက် ပုလင်းပဲရှိပါတယ်!"
*******-***
Chapter (142-1) _ ထိုက္က်ဴေဖးက ငါးနတ္ဆိုး ျဖစ္ေႀကာင္းပါ
ခ်ဴးရန္႕ယြီ သည္ ကန္ခ်င္း နန္းေတာ္အျပင္ဘက္တြင္ ေတြ႕ခြင့္ေတာင္းဆိုခဲ့သည္။ ဧကရာဇ္သည္ ခ်ဴးေကြ႕ရန္ ကို အလြန္အထင္ႀကီးသျဖင့္ ခ်ဴးေကြ႕ရန္ ကို ဝင္ခြင့္ျပဳခဲ့သည္။
ခ်ဴးရန္႕ယြီ နန္းေတာ္ထဲဝင္သြားၿပီးေနာက္ အိမ္ေရွ႕မင္းသား၏ သားေတြလည္း ရွိေနသည္ကို သူ ေတြ႕ရွိခဲ့သည္။ ငါးနတ္ဆိုးမွ ဆင္းသက္လာေသာ အရာသည္လည္း နတ္ဆိုးျဖစ္မည္ဟု သူ႔တစ္ကိုတယ္တည္း ေတြးေနမိသည္။ ဧကရာဇ္မင္းကို ဆြဲေဆာင္ႏိုင္ခဲ့ၾကသည္မွာ အံ့ၾသစရာမဟုတ္ေပ။ ခ်ဴးရန္႕ယြီ သည္ ထိုနတ္ဆိုးမ်ားကို ပို၍ပင္ အထင္အျမင္ေသးသြားသလို ခံစားလိုက္ရသည္။
ကေလးမ်ား သည္ မူလက ေတာ္ဝင္စာသင္ေက်ာင္းရွိ အတန္းထဲတြင္ ပညာသင္ၾကားခဲ့သည္။ အိမ္ေရွ႕မင္းသား ဇနီးေမာင္ႏွံ ႂကြလာသည္ကို ဧကရာဇ္မင္း သိၿပီးေနာက္၊ ေလာ့ေလြ႕စိန္း အား စာသင္ေဆာင္သို႕ သြားကာ ကေလးေတြ ျပန္ေခၚလာရန္ အထူး အမိန႔္ေပးခဲ့သည္။
ကေလးေတြဟာ ဧကရာဇ္မင္းအနားမွာ အခ်ိန္ကုန္ေလ့ရွိသည္။ ဧကရာဇ္ ၏ ကိုယ္လုပ္ေတာ္မ်ားကိုလည္း ေတြ႕ဖူးျမင္ဖူးၾကေလသည္။ ယခင္က၊ ဧကရာဇ္၏မ်က္ႏွာသာရေစရန္အတြက္ ခ်ဴးေကြ႕ရန္ သည္ ကေလးမ်ားကို အာ႐ုံစူးစိုက္ၿပီး မၾကာခဏ ေက်ာက္စိမ္းျဖင့္ ထြင္းထားသည့္ ပန္းပုမ်ားကို ယူေဆာင္လာေလ့ရွိသည္။ အရင္ကလည္း အ႐ုပ္ေလးေတြ ယူလာေပးသည္။ သို႔ေသာ္လည္း ကေလးမ်ား သည္ ငါးပါးပါး ၏သတိေပးခ်က္ကို လက္ခံရရွိၿပီးျဖစ္ၿပီး သူတို႔ႏွင့္ မရင္းႏွီးေသာသူမ်ားႏွင့္ သူစိမ္းထားထံမွ ။ လက္ေဆာင္ေတြလည္း လက္မခံေတာ့ေပ။ ထို႔ေၾကာင့္ ခ်ဴးေကြ႕ရန္ ၏ အစီအစဥ္မ်ားသည္ တစ္ႀကိမ္ပင္ မေအာင္ျမင္ခဲ့ေပ။
ထိုကေလးမ်ားကိုေတြ႕ၿပီးေနာက္ ခ်ဴးရန္႕ယြီ ၏အမူအရာက ေျပာင္းသြားခဲ့သည္။ ကေလးေတြရဲ႕ ထက္ျမက္မႈက ပံုမွန္မဟုတ္သည္မွာ သိသာထင္ရွားလွသည္။ ကေလးေတြက ငယ္ေပမယ့္ ဘာမွ မသိဘူးလို႔ မဆိုလိုေပ။ ျမန္ျမန္ဆန္ဆန္ပဲ၊ အရင္က သူတို႔ကို ၿပဳံးျပေလ့ရွိတဲ့ ခ်ဴးေကြ႕ရန္ က ျပံဳးမျပေတာ့ဘူးဆိုတာ သူတို႔သတိထားမိလိုက္သည္။
"သူက အရမ္းတံုးတာပဲေနာ္။" ကေလးေတြက သူတို႔ဖာသာ တိုးတိုးေလေျပာေနႀကသည္။
ဒီစကားလံုးက မၾကာေသးမီက သူတို႔သင္ယူခဲ့ေသာ စကားလုံးအသစ္ျဖစ္သည္။ ဒါကို အသုံးျပဳဖို႔ မၾကာခဏ သူတို႕ေလးေတြရဲ႕ ပါးစပ္ဖ်ားမွ ထြက္ထြက္လာတတ္သည္။
ကေလးေတြရဲ႕ စကားကိုၾကားေတာ့ ဧကရာဇ္က မေအာင့္နိုင္ေတာ့ပဲ ဝုန္းခနဲ ရယ္လိုက္မိသည္။ ခ်ဴးရန္႕ယြီ သည္ မင္းႀကီးရယ္လိုက္သျဖင့္ အလြန္စိတ္မေကာင္းျဖစ္ၿပီး ဘာမွ မၾကားသလိုသာ ဟန္ေဆာင္လိုက္သည္။
"အရွင္မင္းႀကီး.....ကြ်န္ေတာ္မ်ိဳး အရွင့္ကို တင္ေလွ်ာက္စရာ အေရးႀကီးသတင္းရွိပါတယ္ "
ခ်ဴးရန္႕ယြီ ေရွ႕သို႔ ေျခတစ္လွမ္းဆုတ္ၿပီး ဒူးေထာက္ကာ ေလွ်ာက္တင္လိုက္သည္။
ထိုသတင္းသည္ ငါးနတ္ဆိုးႏွင့္ ဆက္စပ္ေနေသာေၾကာင့္ ကေလးမ်ား အနားမွာ ရွိေနလို႕ မျဖစ္ေပ။ ခ်ဴးရန္႕ယြီ က ဧကရာဇ္က သူတို႔ကို အျပင္ ထြက္ခုိင္းဖို႕ကို ေမွ်ာ္လင့္ေနခဲ့သည္။
"မင္း တိုက္႐ိုက္ေျပာလို႔ရတယ္။"
ခ်ဴးရန္႕ယြီ ၏ သတိေပးမႈကို ဧကရာဇ္ဘုရင္က လုံးဝ သတိမထားမိေပ။ ဧကရာဇ္၏အျမင္တြင္၊ ကေလးမ်ား သည္ ျပင္ပ လူမ်ားမဟုတ္ဘဲ သူ၏ေျမးမ်ားျဖစ္သည္။ ကေလးေတြကို အျပင္လႊတ္ထားစရာ မလိုဘူး။
ခ်ဴးရန္႕ယြီ အံကိုႀကိတ္လိုက္သည္။ ဒီနတ္ဆိုးေတြေရွ႕မွာ သူေျပာရေတာ့မယ့္ပုံပဲ...။
ကန္ခ်င္း နန္းေတာ္သို႔ လာရာလမ္းတြင္ သူ ေလွ်ာက္တင္ရမယ့္ စကားကို ေသခ်ာ ျပင္ဆင္ထားၿပီး ျဖစ္သည္။ အမဲလိုက္ကြင္းမွာ အေစခံ က ျမင္ခဲ့ရတာေတြနဲ႔ ထိုက္က်ဴေဖး ရဲ႕ ထမ္းစင္ ထဲမွာ ငါးတစ္ေကာင္ပဲ ရွိတာကို ေသခ်ာေပၚလြင္ေအာင္ တင္ေလွ်ာက္လိုက္သည္။
သူသည္ ထိုက္က်ဴေဖး သည္ ငါးနတ္ဆိုးျဖစ္ေၾကာင္း တိုက္႐ိုက္မေျပာေသာ္လည္း သူ႔စကားေတြရဲ႕ ဆိုလိုရင္း အဓိပၸါယ္မွာ အလြန္ထင္ရွားေနၿပီျဖစ္သည္။
မင္းႀကီး: "......"
ဧကရာဇ္၏ ပထမဆုံးတုံ႔ျပန္မႈသည္ မယုံၾကည္မႈျဖစ္သည္။ တကယ့္အသက္ရွင္ေနတဲ့လူဟာ နတ္ဆိုးတစ္ပါး ျဖစ္တယ္လို႔ သူ႔ကိုယုံၾကည္ေစဖို႔အတြက္ စကားလုံးသက္သက္က ဘယ္လိုျဖစ္ႏိုင္မလဲ။ ဒါက နည္းနည္းေတာ့ ေပၚတင္ေခ်ာက္ခ်လြန္းေနျပီ။
ဧကရာဇ္က ခ်ဴးရန္႕ယြီကို ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈတ္ခ်လိုက္သည္–
"ဒါက ဘာကိုဆိုလိုတာလဲ။ ေမာင္မင္းက ထိုက္က်ဴေဖး ကို က်ိန္ဆဲဖို႔ ႀကိဳးစားေနတာလား။"
ဧကရာဇ္သည္ ခ်ဴးေကြ႕ရန္ ကို အထင္ႀကီးစရာေကာင္းသည္ဟု ခံစားမိေသာ္လည္း ထိုက္က်ဴေဖး သည္ သူ၏ မိသားစုဝင္ ေခြ်းမေလး ျဖစ္သည္။ ဤသို႕ စြပ္စြဲခ်က္ေလးေလာက္က ထိုက္က်ဴေဖး ၏ အေနအထားကို လႈပ္ခတ္သြားေစရန္ မလုံေလာက္ေပ။ ဆန႔္က်င္ဘက္အေနႏွင့္၊ ဧကရာဇ္က ခ်ဴးေကြ႕ရန္တစ္ေယာက္ မနာလို ဝန္တိုျဖစ္ကာ ေခ်ာက္ခ်သည္ဟုသာ ထင္ျမင္လာေစသည္။
ေပါင္းရိ သည္ ဧကရာဇ္ အဖိုးေတာ္၏ နားတြင္ ရွိေနသျဖင့္ ထိုစကားအားလုံးကို ပြင့္ပြင့္လင္းလင္း ၾကားလိုက္ရသည္။ ငါးပါးပါးကို ဒိီလူက ရွာေတြ႕ၿပီလားဟု သူ႔တစ္ေယာက္တည္း ေတြးေနမိသည္။
ေပါင္းရိ သည္ အဖိုးေတာ္၏ နဂါးဝတ္႐ုံ အၤက်ီလက္ကို အလ်င္စလို ဆြဲလိုက္သည္။
ဒါကိုျမင္ေတာ့ ဧကရာဇ္ဘုရင္က သူ႔ကို ေကာက္ေပြ႕လိုက္ၿပီး ခ်ဴးေကြ႕ရန္ ရဲ႕ မထင္မွတ္တဲ့ တင္ေလွ်ာက္စကားေႀကာင့္ ေပါင္းရိ မေႀကာက္သြားေစဖို႕ ေပါင္းရိ ကို သူ႕ ဒူးေပၚ ေပြ႕ခ်ီထားလိုက္သည္။
ခ်ဴးရန္႕ယြီ သည္ ဧကရာဇ္မင္းအား တစ္ခ်ိန္က ကူညီခဲ့ဖူးေသာ္လည္း ဧကရာဇ္မင္းသည္ ထိုက္က်ဴေဖး ကို သြားပုပ္ေလလႊင့္ ေျပာဆိုကာ ဂုဏ္သေရ ညႇိဳးႏြမ္းေစမည့္ ကိုယ္လုပ္ေတာ္တစ္ဦးကို ဒီအတိုင္း ရွိခြင့္မျပဳေပ။
"တစ္ေယာက္ေယာက္လာစမ္း! ခ်ဴးေကြ႕ရန္ က အဓိပၸါယ္မဲ့တဲ့ စကားေတြကို ေျပာေနတယ္။ သူ႔ကို ဆြဲထုတ္ျပီး အျပစ္ေပးတဲ့ဌာနလက္ထဲကို အပ္လိုက္!"
ဧကရာဇ္က ခ်က္ခ်င္း အမိန႔္ေပးလိုက္သည္။
အပါးေတာ္ျမဲ ေလာ့ ေရာက္လာၿပီး ခ်ဴးရန္႕ယြီကို လူေသလို ႀကည့္ကာ ဖမ္းဆီးလိုက္သည္။
ဧကရာဇ္သည္ ထိုက္က်ဴေဖး အေပၚ အလြန္ေကာင္းမြန္ေသာ သေဘာထားရွိသည္။ ခ်ဴးေကြ႕ရန္ ဒီမွာ ေနရတာ ၿငီးေငြ႕ေနၿပီလား။ ထိုစကားမ်ားသည္ အိမ္ေရွ႕မင္းသား၏နားသို႔ ပ်ံ႕ႏွံ႔သြားပါက ဧကရာဇ္မင္းႏွင့္ အိမ္ေရွ႕မင္းသားတို႔ကိုလည္း ေစာ္ကားရာေရာက္ေပလိမ့္မည္။
"အရွင္မင္းႀကီး...ကြ်န္ေတာ္မ်ိဳး ေတာင္းပန္ပါတယ္။ ကြ်န္ေတာ္မ်ိဳး စကားကို နားေထာင္ေပးေတာ္မူပါ။ ဒီငါးကို အရွင္မင္းႀကီး ျမင္ဖူးတယ္ မဟုတ္လား။ သူက လူနဲ႔အရမ္း တူတယ္လို႔ မထင္ဘူးလား။ ဒ့ါအျပင္၊ ထိုက္က်ဴေဖးနဲ႕ အဲ့ဒီ ငါးက တစ္ခ်ိန္တည္း အတူေပၚလာတာကို အရွင္မင္းႀကီး မျမင္ဖူးဘူး မဟုတ္လား။ အေၾကာင္းျပခ်က္က အလြန္ရွင္းပါတယ္။ တကယ္ေတာ့ ထိုက္က်ဴေဖး က အဲဒီငါးျဖစ္ေနလို႕ပဲ။ အဲဒါေၾကာင့္ သူတို႔ႏွစ္ေယာက္ အတူတူ ေပၚလာဖို႔ မျဖစ္ႏိုင္ဘူး။ ကြ်န္ေတာ္မ်ိဳးရဲ႕ စကားအားလုံးက အမွန္တရားျဖစ္တယ္ဆိုတာ ကြ်န္ေတာ္မ်ိဳး အာမခံႏိုင္သည္ ။ ကြ်န္ေတာ္မ်ိဳးရဲ႕စကားေတြက မုသားျဖစ္ရင္ ေကာင္းကင္ကေန မိုးႀကိဳးပစ္ခ်ပါေစ!"
ခ်ဴးရန္႕ယြီ သည္ ဧကရာဇ္မင္းအား ယုံၾကည္ေစရန္ အသက္ ေသမည္ကိုပင္ မေၾကာက္ဘဲ သူ႕အသက္ကို ရင္းကာ က်ယ္ေလာင္စြာ က်ိန္ဆိုလိုက္သည္။
"အရွင္မင္းႀကီး....ခဏေလာက္ အခ်ိန္ေပးျပီး စဥ္းစားေတာ္မူပါ။ ထိုက္က်ဴေဖးရဲ႕ အမည္က လီယြီျဖစ္တယ္။ ဒါေႀကာင့္ သူက ငါးနတ္ဆိုးဆိုတာ ရွင္းပါတယ္!"
ခ်ဴးရန္႕ယြီ ၏စကားေၾကာင့္ ဧကရာဇ္ ေဒါသထြက္လာသည္။ ရယ္စရာေကာင္းေသာ စကားမ်ားကို ၾကားၿပီးေနာက္ ေပါင္းရိ ၏ ေခါင္းေလးလည္းပင္ ယမ္းလိုက္မိသည္။ သူ နည္းနည္းေလးေတာင္ တုန္ေနခဲ့သည္။ ဧကရာဇ္သည္ ေျမးေတာ္ေလး ေႀကာက္မည္ကို စိတ္ပူၿပီး ေဒါသ ထြက္ကာ ခ်ဴးရန္႕ယြိီကို ေအာ္လိုက္သည္။
"ပါးစပ္ပိတ္ထား။ ငါကိုယ္ေတာ္ မယုံဘူး။ သူ႔နာမည္က လီယြီမို႔လို႔ ငါးနတ္ဆိုးျဖစ္လာမွာလား?"
အခု သူတို႔ မင္းဆက္တြင္ ႀကီးက်ယ္ထင္ရွားတဲ့ စစ္ေသနာပတိခ်ဳပ္ႀကီး၏အမည္တြင္ ထု (ယုန္) ဆိုသည့္ အမည္ပါေနသည္။ ဒါ့အျပင္ ထင္ရွားေက်ာ္ၾကားသည့္ ေတးဂီတ အႏုပညာရွင္ႀကီး၏အမည္တြင္ ေကြး (လိပ္) ဆိုသည့္ အမည္ပါသည္။ ဒီအတြက္ သူတို႔က ယုန္နတ္ဆိုးနဲ႔ လိပ္နတ္ဆိုးေတြ ျဖစ္ရ ေတာ့မွာလား?
ဒီခ်ဴးေကြ႕ရန္က ႐ူးသြားၿပီလား? အဲ့လိုျဖစ္ဖို႔ ေသခ်ာတယ္။
ထိုက္က်ဴေဖးက ငါးနဲ႔အတူ မင္းႀကီးေရွ႕မွာ တစ္ၿပိဳင္တည္း ေပၚမလာဖူးေပ။ ဒါနဲ႔ပဲ သူ႔ကို ငါးၾကင္းနတ္ဆိုးလို႔ သမုတ္ေရေတာ့မွာလား?
လုံးဝကို အဓိပၸါယ္မဲ့လိုက္တာ။
အပါးေတာ္ျမဲ ေလာ့ထံမွ အျပင္သို႔ ဆြဲထုတ္ခံေနရသည့္ ခ်ဴးရန္႕ယြီ က အသည္းအသန္ ေအာ္ဟစ္ကာ ေလွ်ာက္တင္လိုက္သည္။
"အရွင္မင္းႀကီး....ကြ်န္ေတာ္ အမွန္တိုင္းေျပာေနတာပါ။ ထိုက္က်ဴေဖးက အခု သူ႕ရဲ႕ မူလပုံစံကို ျပန္ေျပာင္းေအာင္ လုပ္ခံထားရပါျပီ။ သူက နန္းေတာ္ကို လာတဲ့ ထမ္းစင္ထဲမွာ ပုန္းဖို႕ လုပ္ေနပါတယ္။ အရွင္မင္းႀကီး စစ္ေဆးဖို႕ တစ္ေယာက္ေယာက္ကို ေစလႊတ္မယ္ဆုိရင္ ဒါကို ေသခ်ာ သိႏိုင္ပါလိမ့္မယ္"
ဧကရာဇ္က သူ႔စကားကို နားမေထာင္ခ်င္ဘူး။ ဒီအခ်ိန္မွာပဲ အိမ္ေရွ႕မင္းသားက ေတြ႕ခြင့္ ေတာင္းေနေႀကာင္း အေစခံတစ္ဦးမွ လာေလွ်ာက္တင္ခဲ့သည္။
အခ်ိန္မီေလးပဲ... ဧကရာဇ္မင္းသည္ အိမ္ေရွ႕မင္းသားကို အလ်င္အျမန္ ဝင္ခိုင္းလိုက္သည္။
"ထ်န္းခ်ီ ၊ ခ်ဴးေကြ႕ရန္ က ထိုက္က်ဴေဖး ကို စြပ္ဆြဲဖုိ႕ လုပ္ေနတယ္။ ဒါကို မင္း ဘယ္လိုေျဖရွင္းခ်င္လဲ။"
ခ်ဴးေကြ႕ရန္၏ တရစပ္ ေအာ္ဟစ္သံေၾကာင့္ ဧကရာဇ္က ေခါင္းကိုက္လာသည္။ သူ၏ အဖိုးတန္ေျမးေလး ေပါင္းရိ ကို စိတ္တည္ၿငိမ္ေအာင္ထားရန္ စိုးရိမ္သျဖင့္ ထိုျပႆနာကို အိမ္ေရွ႕မင္းသားထံ တိုက္႐ိုက္ပစ္ခ် ေပးလိုက္ေတာ့သည္။
မုထ်န္းခ်ီ က ေအးစက္စြာေျပာလိုက္သည္။
"ခမည္းေတာ္.... ကြၽန္ေတာ့္ငါးက လူနဲ႔တူတယ္ဆုိတာ လူတိုင္းသိၿပီးသားပါ။ ထိုက္က်ဴေဖး ကို အတင္းအဖ်င္းေျပာၿပီး ညစ္ပတ္ေနတဲ့ေရေတြကို ေလာင္းခ်ေနတဲ့သူေတြရွိေနမယ္လို႔ ဘယ္သူ ထင္မိမွာလဲ။ အမွန္ေတာ့၊ ထိုက္က်ဴေဖး ကို သူတို႔ ဘယ္လို စြပ္ဆဲြဖို႔ ႀကံစည္ေနလဲဆိုတာ ကြ်န္ေတာ္ ၾကားခ်င္ပါတယ္"
ဧကရာဇ္မင္းသည္ အိမ္ေရွ႕မင္းသားအား အံ့အားသင့္စြာ အၾကည့္ တစ္ခ်က္ ေပးလိုက္သည္။ အိမ္ေရွ႕မင္းသားက ခ်ဴးရန္႕ယြီ ကို ဒီေနရာမွာ ဆက္ေျပာေစခ်င္ခဲ့တာလား။
ထိုက္က်ဴေဖး သည္ ငါးအျဖစ္သို႔ ေျပာင္းလဲသြားႏိုင္သည္ဟု ဆိုျခင္းသည္ ခ်ဴးရန္႕ယြီ ၏ တစ္ဖက္သတ္ဇာတ္လမ္းတစ္ခုသာျဖစ္သည္။ ဧကရာဇ္မင္းသည္ အိမ္ေရွ႕မင္းသားႏွင့္ ထိုက္က်ဴေဖး တို႕ အခ်င္းခ်င္း တစ္ဦးနွင့္တစ္ဦး မည္မွ်ခ်စ္ေၾကာင္း ရွင္းရွင္းလင္းလင္း သိေတာ္မူသည္။ အိမ္ေရွ႕မင္းသား၏ ပင္ကိုယ္စ႐ိုက္အရ ခ်ဴးရန္႕ယြီ ၏ ရဲရင့္ေသာ စြပ္စြဲခ်က္ကို မည္သို႔ သည္းခံႏိုင္မည္နည္း။ သို႔ေသာ္ အိမ္ေရွ႕မင္းသားသည္ လုံးဝၿငိမ္သက္ၿပီး ဒါကိုပင္ ေသခ်ာနားေထာင္ဖို႕ ေျပာေနတယ္ဆိုေတာ့ သူက ေျဖရွင္းမည့္နည္းကို ေတြးထားျပီးပံုေပၚသည္။
ထားလိုက္ပါ.....
ဧကရာဇ္မင္းသည္ ျပႆနာကို အိမ္ေရွ႕မင္းသားကို ကိုင္တြယ္ေျဖရွင္းေစလိုသည္ဟု မိန႔္ၾကားျပီး ျဖစ္သျဖင့္ အိမ္ေရွ႕မင္းသားကို စိတ္တုိင္းက် ကိုင္တြယ္ခြင့္ျပဳလိုက္မယ္...
ခ်ဴးရန္႕ယြီက အားတက္လာခဲ့သည္။ ယခုအခ်ိန္တြင္ သူ႕ကို အေတြ႕မခံခဲ့သည့္ အိမ္ေရွ႕မင္းသားသည္ အဘယ္ေၾကာင့္ ႐ုတ္တရက္ စိတ္ေျပာင္းသြားသည္ကို အေသအခ်ာ စဥ္းစားရန္ အခ်ိန္မရွိေပ။ အိမ္ေရွ႕မင္းသားက ဘာပဲေျပာေျပာ ေနာက္ဆုံးေတာ့ နားေထာင္ခ်င္စိတ္ရွိသြားခဲ့တာပဲ။
ခ်ဴးရန္႕ယြီ က အလ်င္စလိုေျပာလိုက္သည္၊
"အရွင္အိမ္ေရွ႕စံ....ကြ်န္ေတာ္က ဒါကို အရွင့္ရဲ႕အက်ိဳးအတြက္လုပ္ေနတာပါ... ေက်းဇူးျပဳၿပီး ထိုက္က်ဴေဖး ရဲ႕ထမ္းစင္ ကို စစ္ေဆးဖို႔ တစ္ေယာက္ေယာက္ကို ေစလႊတ္လိုက္ပါ"
မုထ်န္းခ်ီ က မ်က္ခုံးတစ္ခ်က္ပင့္လိုက္ၿပီး ေအးစက္စြာေျပာလိုက္သည္။
"ထမ္းစင္ မွာ တစ္ခုခု ထူးဆန္းေနလို႕လား"
မေမွ်ာ္လင့္ဘဲ အိမ္ေရွ႕မင္းသားက ခ်ဴးရန္႕ယြီ နဲ႔ ပူးေပါင္းၿပီး အရင္က ထိုက္က်ဴေဖး ထိုင္ခဲ့တဲ့ ထမ္းစင္ ကို ျပန္သယ္ဖို႔ အမိန႔္ေပးခဲ့သည္။
မ်ားမၾကာမီတြင္၊ ကိုယ္ေရးကိုယ္တာ အပါးေတာ္ျမဲ တစ္ဦးသည္ သလင္းေက်ာက္ပုလင္းကို ကိုင္ေဆာင္ကာ လ်င္ျမန္စြာျပန္လာခဲ့သည္-
"အရွင္မင္းသား...ထမ္းစင္ထဲမွာ ဘယ္သူမွမရွိဘူး၊ အထဲမွာ ငါးတစ္ေကာင္ပါရွိတဲ့ ဒီသလင္းေက်ာက္ ပုလင္းပဲရွိပါတယ္!"
*******-***