Chapter (138-1) - အိမ်ရှေ့စံနှင့် အိမ်ရှေ့စံကြင်ယာတော်အတွက် နောက်ထပ် မင်္ဂလာပွဲ
မင်းသားလီနှင့် ဝန်ကြီးခြောက်ဦးတို့သည် ဧကရာဇ်၏ ဆုံးဖြတ်ချက်ကို ခန့်မှန်းထားပြီးသားဖြစ်သည်။ သို့သော် အိမ်ရှေ့မင်းသား အလောင်းလျာကို ဒီလောက် မြန်ဆန်စွာ ဆုံးဖြတ်ထားမည်ဟု မမျှော်လင့်ထားမိပေ။ လွန်ခဲ့သော နှစ်ဆယ်ကျော် အတွင်းတွင် ဧကရာဇ်သည် ယခင်က မည်သူ့ကိုမျှ အိမ်ရှေ့မင်းသားအဖြစ် တရားဝင် မခန့်အပ်ခဲ့ပေ။ မင်းသားအချို့ကို အထူး မျှော်လင့်ချက်ဖြင့် ဆက်ဆံပုံရသော်လည်း ဧကရာဇ်သည် သူတို့အား ပြုစုပျိုးထောင်ခြင်း နှင့် သူတို့ကို စောင့်ရှောက်ခြင်း အပေါ် ပိုမိုအာရုံစိုက်ခဲ့သည်။ သူက မည်သည့်ဆုံးဖြတ်ချက်ကိုမျှ မကြေငြာခဲ့ပေ။
မင်းသားလီနှင့် ဝန်ကြီးများအားလုံး ကျင်းဝမ်၏လုပ်ရပ်ကို အလွန်ကျေနပ်ခဲ့ကြသည်။ ကျင်းဝမ်ကို နောက်အုပ်စိုး အရှင်အဖြစ် ဧကရာဇ်က ခန့်အပ်ခြင်းကို သူတို့က အမှန်တကယ် ကန့်ကွက် ခြင်းမရှိပေ။ သို့သော် သစ္စာရှိသူတွေ အနေဖြင့် မင်းကြီးမိန့်ဆိုသည်ကို အရမ်း လှိုက်လှိုက်လှဲလှဲ တန်းပြီး လက်မခံနိုင်ပေ။ အုပ်စိုးအရှင်၏ နှလုံးသားသည် နားလည်ရ ခက်သည်။ မင်းသားလီနှင့် ဝန်ကြီးများသည် ဒူးထောက်ကာ တညီတညွတ်တည်း ဒူးထောက်ကာ လျှောက်တင်လိုက်သည်။
" အရှင်မင်းကြီးက သက်တော်ငယ်ပါသေးတယ်။ ဒါကို သေသေချာချာ ပြန်စဉ်းစားပေးတော်မူပါ"
မင်းသားလီနဲ့ ဝန်ကြီးတွေက ထပ်တလဲလဲလျှောက်တင်ခဲ့သည်။
ဧကရာဇ်က ပြုံးလိုက်သော်လည်း ပြန်မဖြေခဲ့ပေ။
သူ့အသက်က ငယ်သေးသည်ဟုလည်း မထင်တော့ပေ။ နန်းတော်ထဲက အာဏာသိမ်းမှု ဖြစ်ပျက်သွား ပြီးနောက်တွင် သူ့ဆီမှာ ငယ်ရွယ်သူတွေရဲ့တက်ကြွမှု မရှိတော့ကြောင်း သိလိုက်ရသည်။ မင်းသမီး လန်ယာ ၏ ရုတ်တရက် ထိုးနှက်ချက်နှင့် ရင်ဆိုင်ရသောအခါတွင် သူ လုံးဝ ခံနိုင်ရည် မရှိခဲ့ပေ။ ဒါဟာ ဘုရင်တစ်ပါးအတွက် အရှက်ကွဲစေသည့် အချက်လည်း ဖြစ်သည်။ သူသည် အချိန်တိုလေးသာ ချုပ်နှောင်ခံထားခဲ့ရပေမယ့် ရန်သူက သစ္စာမဲ့လွန်းပြီး သူတစ်ခါမှ မတွေးဖူးသော တစ်စုံတစ်ယောက်အဖြစ် အယောင်ဆောင်ထားသည်။ ထိုသို့သော ဆိုးရွားသော အခြေအနေတွင် သူက ဖမ်းဆီးပြီး အခြားနေရာကို ပို့ဆောင်ခံရပြီးနောက် သူ၏ အသက်အရွယ်ကြီးရင့်လာခြင်းက ပိုသိသာလာသည်။ သူ့စိတ်က ဘယ်လိုပဲ သက်သာလာပါစေ၊ သူ့ရဲ့ စွမ်းအင်တွေက အရင်ကလို ပြန်ဖြစ်လာမှာ မဟုတ်ဘူး။
ဘယ်လိုပဲ မသိချင်ယောင်ဆောင်ထားပေမယ့် ရှေးခေတ်က လူတွေက အသက် ၇၀ ဝန်းကျင်တွင် ကွယ်လွန်သွားကြသည်။ ဒီပုံနဲ့ တွက်ကြည့်မယ်ဆိုရင် သူ့ဘဝ သက်တမ်း တော်တော်များများ ကုန်ဆုံးသွား ပြီးသွားပြီ။ နောင်နှစ်ပေါင်း ဘယ်လောက်ပဲ အသက်ရှင်နိုင်မည်ကို မည်သူမှ မသိနိုင်ပေ။ ဧကရီ ရှောင်ဟွေ့နှင့် စတုတ္ထ မင်းသားကွယ်လွန်ခြင်းသည်လည်း သူ့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။
သူသည် ဧကရာဇ်ဖြစ်ခဲ့သည်မှာ အချိန် ကြာမြင့်နေပြီဖြစ်သည်။ အချို့သောနေရာများတွင် သူသည် လုံးဝ အာဏာမရှိပေ။ ကွယ်လွန်သွားသော ဇနီးနှင့်သားကို ပြန်လည်ခေါ်ဆောင်ရန် တန်ခိုးနှင့် သြဇာကို သုံးလို့ မရနိုင်ပေ။ အချိန်ကုန်လွန်ခြင်းကိုလည်း ဘာနဲ့မှ လဲလှယ်လို့ မရပေ။ အချိန်အတော်ကြာအောင် သူ့လက်ထဲမှာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့တဲ့ တောဝင်အာဏာကို လက်လွတ်ပေးဖို့ အချိန်တန်ပြီ။
ယခင်က သူသည် ကျင်းဝမ်အား အစိုးရရေးရာများကို စမ်းသပ် စီမံခန့်ခွဲရန် ခွင့်ပြုခဲ့သည်။ ကျင်းဝမ်သည် အမှန်တကယ် ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ကြောင်း သူ တွေ့ရှိခဲ့သည်။ ဧကရာဇ်သည် ကျင်းဝမ်ကို ဆက်ခံသူအဖြစ် ဆုံးဖြတ်ပြီးပြီဖြစ်သောကြောင့် ထိုလုပ်နိုင်စွမ်းကို အလွန်ကျေနပ်သွားသည်။ ဒါကြောင့် ဘာကြောင့် သူက စောစီးစွာ အိမ်ရှေ့စံကို ကြေညာပြီး နောင်တကင်းကင်းနဲ့ အာဏာကို မစွန့်လွှတ်နိုင်ရမလဲ။ ။ မည်သို့ပင်ဆိုစေကာမူ သူက တိုင်းပြည် အုပ်ချုပ်ရန်စိတ်မဝင်စားတော့ပေ။ အိမ်ရှေ့မင်းသားကို လုပ်ပိုင်ခွင့်လွှဲအပ်ပြီး တိုင်းပြည်ကို စီမံခိုင်းတာက ပို၍တရားဝင်ပြီး ကျင်းဝမ် အနာဂတ် နန်းတက်သည့်အခါ အခြေနေတွေက ဖရိုဖရဲဖြစ်မည်မဟုတ်ပေ။
ဧကရာဇ်သည် ထိုအကြောင်းကို စဉ်းစားရန် အချိန်အနည်းငယ်သာ လိုအပ်ပြီး သူက သက်ရှိထင်ရှား ရှိလျက်နှင့်ပင် နောက်အုပ်စိုးရှင် နန်းတက်ခြင်းအတွက်ကို ရှေ့ရှုနေပြီဖြစ်သည်ကို သူ အံ့သြစွာ သတိထားလိုက်မိသည်။
သို့သော်၊ ကျင်းဝမ်ကို အနာဂတ် အုပ်စိုးရှင်အဖြစ် သတ်မှတ်ခြင်း အနှေးနှင့်အမြန် ကြေငြာရမည့် ဖြစ်ရပ်ပင်။ ဒါကြောင့် ယခုအဖြစ်ပျက်ကို ဧကရာဇ်သည် အလွန်လျင်မြန်စွာ လက်ခံနိုင်ခဲ့သည်။
မင်းသားလီနှင့် ဝန်ကြီးများသည် ကြိမ်ဖန်များစွာ တောင်းပန်ခဲ့သော်လည်း ဧကရာဇ်သည် စိတ်ပြောင်းခြင်းမရှိပေ။ မင်းသားလီနှင့် ဝန်ကြီးများသည် ဧကရာဇ်မြတ်၏ ဆုံးဖြတ်ချက်အားလုံးကို ထောက်ခံရန် အစွမ်းကုန် ကြိုးစားမည်ဖြစ်ကြောင်း နောက်ဆုံးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့နောက် ဧကရာဇ်မြတ်သည် မင်းသားလီအား နံနက်တိုင်းတရားခွင်အတွင်း ကျင်းဝမ်မင်းသားကို အိမ်ရှေ့စံအဖြစ် တရားဝင်ခန့်အပ်ရန်အတွက် မင်းသားလီအား ဘုရင်မင်းမြတ်၏ အမိန့်တော်အား လူတိုင်းဖတ်ရှုရန် အမိန့်ပေးခဲ့သည်။
ဧကရာဇ်သည် ကျင်းဝမ်ကို အချိန်မီ အသိမပေးခဲ့ပေ။ ထို့ကြောင့် ကျင်းဝမ်က နံနက်ခင်း ညီလာခံကို တက်ရောက်စဉ် မင်းကြီးက သူ့ကို အိမ်ရှေ့မင်းသားအဖြစ် ခန့်ထားလိမ့်မည်ဟု ကျင်းဝမ် မမျှော်လင့်ခဲ့မိပေ။ ကျင်းဝမ်သည် အချိန်အတော်ကြာ ထိတ်လန့်သွားမိသည်။ ထို့နောက် မင်းသားလီ၏ ထပ်ခါတလဲလဲ တိုက်တွန်းမှုအောက်တွင် ကျင်းဝမ်က ဒူးထောက်ကာ အမတ်ကြီး အရာရှိကြီးများရှေ့တွင် အမိန့်ပြန်တမ်းကို လက်ခံကာ မင်းကြီးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ထိုအခိုက်အတန့်တွင် သူ့မှာ အတွေးတွေ ဝေဝေဝါးဝါးဖြစ်နေသည်။ သတိပြန်ကပ်မိချိန် မင်းကြီးကို ကျေးဇူးတင်စကားပြောပြီး မင်းကြီးရှိရာ နန်းဆောင်ကို ဦးတည်ကာ ဦးချ အရိုသေပေးပြီးလေပြီ။
ကျင်းဝမ်က တိုင်းပြည်အတွက် ဘယ်လောက် အရေးကြီးသည်ဆိုတာ လူတိုင်းသိစေရန် အိမ်ရှေ့စံမင်းသား ရာထူးကို ပေးအပ်ပြီးနောက် ဧကရာဇ်သည် ပူပူနွေးနွေး အိမ်ရှေ့စံမင်းသားအား ပြတ်ပြတ်သားသား အားပေးစကားပေးကာ အိမ်ရှေ့မင်းသားအား အရေးကြီး ဌာနခွဲတစ်ခုစီ၏ မတူညီသောအရေးကိစ္စများကို အမြန်သိစေရန် လက်တွဲခေါ်ဖို့ ဌာနဆိုင်ရာ် ဝန်ကြီးအားလုံးကို အမိန့်ပေးခဲ့သည်။ အစိုးရ၏ တရားရုံး ကိစ္စများကို စီမံခန့်ခွဲရာတွင် ကူညီပေးခိုင်းသည်။
အခမ်းနားရေးရာ ဝန်ကြီးသည် ဧကရာဇ်အမိန့်ကို လက်ခံရရှိပြီး အိမ်ရှေ့စံမင်းသားအတွက် သရဖူကို ချက်ချင်းပြင်ဆင်ခဲ့သည်။ ညီလာခံ ပြီးသွားပြီးနောက် ဧကရာဇ်က အိမ်ရှေ့မင်းသား တစ်ယောက်တည်း ကျန်နေစေခဲ့သည်။
"ထျန်းချီ မင်းဘယ်လိုခံစားရလဲ" ဧကရာဇ်က မေးလိုက်သည်။
မုထျန်းချီ ဒီမနက်တရားရုံးကိုသွားတုန်းက ပတ်ဝန်းကျင်ကလူတွေအားလုံးက သူ့ကို အရှင်မင်းသား ကျင်းဝမ်လို့ ခေါ်နေကြတုန်းဖြစ်သည်။ တော်ဝင်အမိန့်ကို လူသိရှင်ကြားကြေညာပြီးနောက် "တော်ဝင် အိမ်ရှေ့မင်းသား" ဖြစ်လာခဲ့သည်။ ဒါက တကယ်ကို ရုတ်တရတ်ဆန်လွန်းတယ်လို့ ခံစားလိုက်ရသည်။ ဒါကြောင့် မင်းကြီးမေးလာစဉ် စိတ်ရှုပ်ထွေးနေပြီး ခေါင်းသာညိတ်ပြလိုက်နိုင်သည်။
"......အကောင်းဆုံးလုပ်။" ဧကရာဇ်က သူ့ကို ပြုံးပြုံးလေးဖြင့် ပြောကာ ပခုံးပေါ် လက်တင်လိုက်သည်။
တကယ်တော့ ဧကရာဇ်ရဲ့ ဗိုက်ထဲမှာ စကားလုံးတွေနဲ့ ပြည့်နေပေမယ့် သူ့သားတော်ကို အများကြီးမပြောပဲ သူ့ဖာသာ လေ့လာသိရှိစေချင်သည်။
ဒီအိမ်ရှေ့မင်းသားရာထူးနဲ့ပတ်သက်ပြီး သားအဖ ဆက်ဆံရေးမှာ အခက်အခဲတွေ အများကြီးကြားက တည်ဆောက်ခဲ့ကြတဲ့ ဆက်ဆံရေးမျိုးဖြစ်သည်။
မင်းသမီး လန်ယာ ၏ အာဏာသိမ်းခြင်း ဖြစ်ပျက်ချိန်တွင် သူ့မြေးငယ်လေး ပေါင်းရိက သူ့ရဲ့လောက်လေးခွလေးကို ကောက်ကိုင်လိုက်ပြီး အဖိုးကို ကယ်တင်ချင်တယ်လို့ ပြောခဲ့ကြောင်း ဧကရာဇ်ကြားသိခဲ့ရသည်။
ထိုကလေးငယ်နှင့်ပတ်သက်၍ ဧကရာဇ်၏ ရင်ထဲ ကျေနပ် နှစ်သိမ့်မှုကို ခံစားခဲ့ရသော်လည်း ထိုကလေးငယ်လေးက ဘာကြောင့် ဒီလိုမျိုး ရဲစွမ်းသတ္တိရှိရသလဲ ဆိုတာ နည်းနည်း အံ့သြသွားမိသည်။ ဧကရာဇ်က သူ့ကို ဆုချရမလားဟု တွေးမိကာ ပေါင်းရိကို ဘာကြောင့် အဖိုးတော်ကို လာကယ်ချင်သလဲဟု မေးမြန်းခဲ့ပေမယ့် ကလေးငယ်လေးက သူ့ဖာသာ ရေလည်အောင် မရှင်းပြနိုင်ခဲ့ပေ။
ဒါပေမယ့် လီယွီက ရိုးရှင်းစွာ ဝင်ဖြေပေးလိုက်သည်။
"ခမည်းတော်က သူ့အဘိုးပဲ။ သူ လာကယ်တာ ဖြစ်သင့်ပါတယ်"
ရှင်ဘုရင်တစ်ပါးအနြေဖြင့် သူက လူတွေရဲ့ လှုပ်ဆောင်ချက်နဲ့ ထိုလုပ်ဆောင်ချက်နောက်ကွယ်က ရည်ရွယ်ချက်ကို သိမြင်ခဲ့ပြီးဖြစ်သည်။ ဒါပေမယ့် ဒီလောကမှာ ဘာမှ ပြန်မရချင်ပဲ လုပ်ဆောင် ပေးချင်သူတွေရှိသေးတယ်ဆိုတာ သူ လုံးဝကို မေ့လျော့နေခဲ့သည်။
ဥပမာ ပြောရမယ်ဆိုရင် မိသားစု ချစ်ခြင်းပဲ။ ပေါင်းရိဆိုရင် သူ့အဖိုးကို ကယ်တင်ဖို့ လုပ်တယ်ဆိုတာ မိသားစု ချစ်ခြင်းကြောင့်ပဲ....
ပေါင်းရိလည်း ဒီလိုပဲ။ ကျင်းဝမ်လည်း အလားတူပါပဲ။ ကျင်းဝမ်က ဖွင့်မပြောပေမယ့် ဒီစိတ်ထားရှိတယ်ဆိုတာ မင်းကြီး သေချာသိသည်။ ထိုနေ့တွင် ကျင်းဝမ်က သူ့ကို မကယ်တင်ဘဲ မင်းသမီး လန်ယာထံမှ သတ်ဖြတ်ခြင်းကို ခံရလျှင်လည်း ဘယ်သူမှ ကျင်းဝမ်ကို အပြစ်မတင်ပေ။ အဲ့လိုသာ ဖြစ်ရင် ကျင်းဝမ်က အခုချိန်မှာ ထီးနန်းကို တခါတည်း ဆက်ခံနိုင်လေပြီ။
သို့သော် ကျင်းဝမ်သည် အမှန်တကယ် ထိုသို့ မလုပ်ခဲ့ပါ။ ဒါကလည်း သားအဖ ဆက်ဆံရေးကြောင့်ပဲ မဟုတ်လား။
ဧကရာဇ်သည် စေ့စေ့စပ်စပ်တွေးပြီး တခါမှ မပြောဖူးသော စကားတစ်ခွန်းကို ပြောလိုက်သည်။
"ထျန်းချီ၊ မင်း ခမည်းတော်ကို စိတ်မပျက်စေလို့ ခမည်းတော်လည်း မင်းကို စိတ်မပျက်စေရဘူး "
အိမ်ရှေ့မင်းသားက ဧကရာဇ်က သူ့ကို ဒီလောက်ယုံကြည်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ သူလည်း ကြိုးစားချင်စိတ်ရှိကာ ခေါင်းကို ဖြည်းညှင်းစွာ ငြိမ့်ပြလိုက်သည်။
"အင်း၊ ခမည်းတော် စဉ်းစားနေတာကြာပြီ"
ဧကရာဇ်သည် အိမ်ရှေ့စံမင်းသားကို ကြင်နာစွာကြည့်လိုက်သည်။ သူသည် အိမ်ရှေ့စံမင်းသားဖြစ်နေပြီ ဖြစ်သောကြောင့်၊ ဧကရာဇ်ဧကရာဇ်သည် ချုံပုတ်တစ်ဝိုက်တွင် ရိုက်နှက်ပြီး မြွေကို ခြောက်လှန့်သလို သူတွေးနေသည့်အရာကို တိုက်ရိုက်ပြောရန် မလိုအပ်တော့ဘူးလို့ ခံစားရသည်။
"အဲဒီတုန်းက မင်းအနောက်တောင်တန်းမှာ လက်ထပ်ခဲ့တယ်။ ငါ မင်းရဲ့ လက်ထပ်ပွဲကို မတက်နိုင်ခဲ့လို့ နောင်တရတုန်းပဲ။ ဒါကြောင့် မင်း အိမ်ရှေ့စံ သရဖူဆောင်းပြီးရင် မင်းနဲ့ ထိုက်ကျူဖေး (အိမ်ရှေ့စံ ကြင်ယာတော်) အတွက် နောက်ထပ်မင်္ဂလာပွဲတစ်ခုစီစဉ် ပေးမယ်လို့ ခမည်းတော် တွေးနေတယ်... ထျန်းချီ ...မင်း ဘယ်လိုထင်လဲ"
အိမ်ရှေ့မင်းသား- "......"
ကျင်းအိမ်တော်..............
ရုတ်တရတ် စိတ်ကူးပေါ်လာသဖြင့် လီယွီက ပေါင်းရိကို စာရေးနည်းကို သင်ပေးနေသည်။
ပေါင်းရိသည် အသက် တစ်နှစ်ကျော်ရုံလေးသာ ရှိသေးသည်ကို မကြည့်နဲ့၊ သူက စကားလုံးတွေ အများကြီးကို မှတ်မိနေပြီ။ ဧကရာဇ်သည် ပေါင်းရိအတွက် ဆရာတစ်ဦးကို အထူးခန့်အပ်ခဲ့သည်။ နေ့တိုင်း ဆရာက ပေါင်းရိကို အိမ်စာတွေ ပေးခိုင်းပြီး ပေါင်းရိကို အိမ်ပြန်ပြီး စာရေးလေ့ကျင့်ခိုင်းခဲ့သည်။
ပေါင်းရိသည် ငယ်ရွယ်သော်လည်း တော်ဝင်စာသင်ကျောင်းတွင် အသန်မာဆုံး ကလေးဖြစ်သည်။ ဆရာ ပေးအပ်သည့် အိမ်စာကို ကျေပွန်အောင် အမြဲဆောင်သည်။ တခြားကလေးတွေက အတန်းက ပြန်လာတဲ့အခါ သရေစာတွေစားပြီး အိပ်သွားကြပေမယ့် ပေါင်းရိသည် ခဏသာ အိပ် ပြီးနောက် သူ့ဖာသာ ထကာ စာရေးလေ့ကျင့်ရန် ဝမ့်ရှီးအား စာရွက်ပြင်ခိုင်းသည်။
ထုံးစံအတိုင်း သူ့မှာ ဆရာတွေ သင်ပေးတာကို ကြိုးစားလုပ်နေသည်။ အဖိုးတော် ဧကရာဇ်သည် သူ့ကို အထူးဂရုစိုက်ကာ စစ်ဆေးလေ့ရှိသည်။ သူ့ရဲ့ နူးညံ့တဲ့ လက်ကလေးက စုတ်တံကို ကိုင်လိုက်ချိန်မှာတော့ သူက တကယ်ကို သပ်သပ်ရပ်ရပ် နှင့် ရေးသားနိုင်မည့်ပုံပေါ်သည်။ သို့သော် သူရေးခဲ့သော စကားလုံးများသည် ကြည့်ကောင်းသည်ဟု မယူဆနိုင်ပေ။
သို့သော်၊ ထိုအချက်သည် ပေါင်းရိ၏ကြိုးစားအားထုတ်နေသောနှလုံးသားကို ထိခိုက်စေပေ။
လီယွီသည် မူလက အမှတ်တမဲ့ စာကြည့်ခန်းက ဖြတ်သွားခဲ့သည်။ ပေါင်းရိက စာရေးနေရင်း လေထဲမှာ တင်ပါးလေးကို မြှောက်ထားတာတွေ့လိုက်ရသည်။ သူလေးရဲ့ ဝဝဖောင်းဖောင်း မျက်နှာလေးက လေးနက်တည်ကြည်နေပြီး မျက်မှော်ငလေး တွန့်နေသည်။ အကြောင်းပြချက်တစ်ခုခုကြောင့် လီယွီသည် သူ့ခင်ပွန်းသည်နှင့် ပေါင်းရိရဲ့ အမူယာက တူညီနေသည်ကို မြင်လိုက်ရပြီး ခင်ပွန်းဖြစ်သူအကြောင်း တွေးကာ ရယ်မောလိုက်မိသည်။ အရမ်းကို ရယ်မောမိပြီး ဗိုက်နာသွားမှ မနည်း အရယ်ရပ်လိုက်ရသည်။
ထို့နောက် ပေါင်းရိရေးနေသည့် စာလုံးများကို တစ်ချက်ကြည့်လိုက်ပြီးနောက် လီယွီသည် တကယ်ကို ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ငါးပါးပါးက ရယ်မောနေသဖြင့် ပေါင်းရိက သူ့နှုတ်ခမ်းတွေကို စူလိုက်ပုံက နူတ်ခမ်းလေးနားတွင် တခုခုပင် ချိတ်ဆွဲထားလို့ပင် ရနိုင်လောက်သည်။
"ပေါင်းရိ..ကောင်းကောင်းလုပ်ခဲ့တာပဲ။ ပါးပါးက ပေါင်းရိကို ထပ် သင်ပေးမှာပေါ့"
လီယွီသည် သားဖြစ်သူအား ရယ်မောပြီးနောက် အခြေအနေကို ချက်ချင်း ပြန်ထိန်းခဲ့သည်။ ကျင်းဝမ်က သူ့ကို အဲဒီတုန်းက ရှေ့စာလုံးတွေ ရေးတတ်အောင် သေချာ သင်ပေးခဲ့တာကို ပြန်သတိရပြီး သူ့နှလုံးသားထဲမှာ ချိုမြိန်မှုတစ်ခု ခံစားလိုက်ရသည်။ လီယွီသည် ကျင်းဝမ်ကို အတုယူကာ ပေါင်းရိ၏ နူးညံ့သောလက်လေးကို အုပ်မိုးကာ စာလုံးရေးနည်းကို သင်ပေးလိုက်သည်။ သူရေးခဲ့သလိုပဲ လိုက်ရေးရန် ပြောခဲ့သည်။
"ပေါင်းရိက ဖေဖေရေးတဲ့ စာလုံးကို လိုက်ရေးလို့ရတယ်။"
*******-*********
Chapter (138-1) - အိမ္ေရွ႕စံနွင့္ အိမ္ေရွ႕စံႀကင္ယာေတာ္အတြက္ ေနာက္ထပ္ မဂၤလာပြဲ
မင္းသားလီႏွင့္ ဝန္ႀကီးေျခာက္ဦးတို႔သည္ ဧကရာဇ္၏ ဆုံးျဖတ္ခ်က္ကို ခန႔္မွန္းထားၿပီးသားျဖစ္သည္။ သို႕ေသာ္ အိမ္ေရွ႕မင္းသား အေလာင္းလ်ာကို ဒီေလာက္ ျမန္ဆန္စြာ ဆံုးျဖတ္ထားမည္ဟု မေမွ်ာ္လင့္ထားမိေပ။ လြန္ခဲ့ေသာ နွစ္ဆယ္ေက်ာ္ အတြင္းတြင္ ဧကရာဇ္သည္ ယခင္က မည္သူ႔ကိုမွ် အိမ္ေရွ႕မင္းသားအျဖစ္ တရားဝင္ မခန႔္အပ္ခဲ့ေပ။ မင္းသားအခ်ိဳ႕ကို အထူး ေမွ်ာ္လင့္ခ်က္ျဖင့္ ဆက္ဆံပုံရေသာ္လည္း ဧကရာဇ္သည္ သူတို႔အား ျပဳစုပ်ိဳးေထာင္ျခင္း ႏွင့္ သူတို႔ကို ေစာင့္ေရွာက္ျခင္း အေပၚ ပိုမိုအာ႐ုံစိုက္ခဲ့သည္။ သူက မည္သည့္ဆုံးျဖတ္ခ်က္ကိုမွ် မေၾကျငာခဲ့ေပ။
မင္းသားလီႏွင့္ ဝန္ႀကီးမ်ားအားလုံး က်င္းဝမ္၏လုပ္ရပ္ကို အလြန္ေက်နပ္ခဲ့ၾကသည္။ က်င္းဝမ္ကို ေနာက္အုပ္စိုး အရွင္အျဖစ္ ဧကရာဇ္က ခန႔္အပ္ျခင္းကို သူတို႔က အမွန္တကယ္ ကန႔္ကြက္ ျခင္းမရွိေပ။ သို႔ေသာ္ သစၥာရွိသူေတြ အေနျဖင့္ မင္းႀကီးမိန္႕ဆိုသည္ကို အရမ္း လိႈက္လိႈက္လွဲလွဲ တန္းျပီး လက္မခံႏိုင္ေပ။ အုပ္စိုးအရွင္၏ ႏွလုံးသားသည္ နားလည္ရ ခက္သည္။ မင္းသားလီႏွင့္ ဝန္ႀကီးမ်ားသည္ ဒူးေထာက္ကာ တညီတၫြတ္တည္း ဒူးေထာက္ကာ ေလွ်ာက္တင္လိုက္သည္။
" အရွင္မင္းႀကီးက သက္ေတာ္ငယ္ပါေသးတယ္။ ဒါကို ေသေသခ်ာခ်ာ ျပန္စဥ္းစားေပးေတာ္မူပါ"
မင္းသားလီနဲ႔ ဝန္ႀကီးေတြက ထပ္တလဲလဲေလွ်ာက္တင္ခဲ့သည္။
ဧကရာဇ္က ၿပဳံးလိုက္ေသာ္လည္း ျပန္မေျဖခဲ့ေပ။
သူ႕အသက္က ငယ္ေသးသည္ဟုလည္း မထင္ေတာ့ေပ။ နန္းေတာ္ထဲက အာဏာသိမ္းမႈ ျဖစ္ပ်က္သြား ၿပီးေနာက္တြင္ သူ႕ဆီမွာ ငယ္႐ြယ္သူေတြရဲ႕တက္ႀကြမႈ မရွိေတာ့ေၾကာင္း သိလိုက္ရသည္။ မင္းသမီး လန္ယာ ၏ ႐ုတ္တရက္ ထိုးႏွက္ခ်က္ႏွင့္ ရင္ဆိုင္ရေသာအခါတြင္ သူ လုံးဝ ခံႏိုင္ရည္ မရွိခဲ့ေပ။ ဒါဟာ ဘုရင္တစ္ပါးအတြက္ အရွက္ကြဲေစသည့္ အခ်က္လည္း ျဖစ္သည္။ သူသည္ အခ်ိန္တိုေလးသာ ခ်ဳပ္ေနွာင္ခံထားခဲ့ရေပမယ့္ ရန္သူက သစၥာမဲ့လြန္းၿပီး သူတစ္ခါမွ မေတြးဖူးေသာ တစ္စုံတစ္ေယာက္အျဖစ္ အေယာင္ေဆာင္ထားသည္။ ထိုသို႔ေသာ ဆိုး႐ြားေသာ အေျခအေနတြင္ သူက ဖမ္းဆီးျပီး အျခားေနရာကို ပို႔ေဆာင္ခံရၿပီးေနာက္ သူ၏ အသက္အ႐ြယ္ႀကီးရင့္လာျခင္းက ပိုသိသာလာသည္။ သူ႕စိတ္က ဘယ္လိုပဲ သက္သာလာပါေစ၊ သူ႔ရဲ႕ စြမ္းအင္ေတြက အရင္ကလို ျပန္ျဖစ္လာမွာ မဟုတ္ဘူး။
ဘယ္လိုပဲ မသိခ်င္ေယာင္ေဆာင္ထားေပမယ့္ ေရွးေခတ္က လူေတြက အသက္ ၇၀ ဝန္းက်င္တြင္ ကြယ္လြန္သြားၾကသည္။ ဒီပံုနဲ႕ တြက္ၾကည့္မယ္ဆုိရင္ သူ႔ဘဝ သက္တမ္း ေတာ္ေတာ္မ်ားမ်ား ကုန္ဆံုးသြား ၿပီးသြားၿပီ။ ေနာင္ႏွစ္ေပါင္း ဘယ္ေလာက္ပဲ အသက္ရွင္နုိင္မည္ကို မည္သူမွ မသိနုိင္ေပ။ ဧကရီ ေရွာင္ေဟြ႕ႏွင့္ စတုတၳ မင္းသားကြယ္လြန္ျခင္းသည္လည္း သူ႔အတြက္ ႀကီးမားေသာ ထိုးႏွက္ခ်က္တစ္ခု ျဖစ္ခဲ့သည္။
သူသည္ ဧကရာဇ္ျဖစ္ခဲ့သည္မွာ အခ်ိန္ ၾကာျမင့္ေနၿပီျဖစ္သည္။ အခ်ိဳ႕ေသာေနရာမ်ားတြင္ သူသည္ လုံးဝ အာဏာမရွိေပ။ ကြယ္လြန္သြားေသာ ဇနီးႏွင့္သားကို ျပန္လည္ေခၚေဆာင္ရန္ တန္ခိုးႏွင့္ ၾသဇာကို သံုးလို႕ မရနိုင္ေပ။ အခ်ိန္ကုန္လြန္ျခင္းကိုလည္း ဘာနဲ႕မွ လဲလွယ္လို႕ မရေပ။ အခ်ိန္အေတာ္ၾကာေအာင္ သူ႔လက္ထဲမွာ တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားခဲ့တဲ့ ေတာဝင္္အာဏာကို လက္လြတ္ေပးဖို႕ အခ်ိန္တန္ၿပီ။
ယခင္က သူသည္ က်င္းဝမ္အား အစိုးရေရးရာမ်ားကို စမ္းသပ္ စီမံခန႔္ခြဲရန္ ခြင့္ျပဳခဲ့သည္။ က်င္းဝမ္သည္ အမွန္တကယ္ ေကာင္းမြန္စြာ လုပ္ေဆာင္ခဲ့ေၾကာင္း သူ ေတြ႕ရွိခဲ့သည္။ ဧကရာဇ္သည္ က်င္းဝမ္ကို ဆက္ခံသူအျဖစ္ ဆုံးျဖတ္ၿပီးၿပီျဖစ္ေသာေၾကာင့္ ထိုလုပ္နုိင္စြမ္းကို အလြန္ေက်နပ္သြားသည္။ ဒါေႀကာင့္ ဘာေႀကာင့္ သူက ေစာစီးစြာ အိမ္ေရွ႕စံကို ေၾကညာၿပီး ေနာင္တကင္းကင္းနဲ႕ အာဏာကို မစြန႔္လႊတ္နိုင္ရမလဲ။ ။ မည္သို႔ပင္ဆိုေစကာမူ သူက တိုင္းျပည္ အုပ္ခ်ဳပ္ရန္စိတ္မဝင္စားေတာ့ေပ။ အိမ္ေရွ႕မင္းသားကို လုပ္ပိုင္ခြင့္လႊဲအပ္ျပီး တုိင္းျပည္ကို စီမံခုိင္းတာက ပို၍တရားဝင္ၿပီး က်င္းဝမ္ အနာဂတ္ နန္းတက္သည့္အခါ အေျခေနေတြက ဖ႐ိုဖရဲျဖစ္မည္မဟုတ္ေပ။
ဧကရာဇ္သည္ ထိုအေၾကာင္းကို စဥ္းစားရန္ အခ်ိန္အနည္းငယ္သာ လိုအပ္ၿပီး သူက သက္ရွိထင္ရွား ရွိလ်က္နွင့္ပင္ ေနာက္အုပ္စိုးရွင္ နန္းတက္ျခင္းအတြက္ကို ေရွ႕ရႈေနၿပီျဖစ္သည္ကို သူ အံ့ႀသစြာ သတိထားလိုက္မိသည္။
သို႔ေသာ္၊ က်င္းဝမ္ကို အနာဂတ္ အုပ္စိုးရွင္အျဖစ္ သတ္မွတ္ျခင္း အေႏွးနွင့္အျမန္ ေႀကျငာရမည့္ ျဖစ္ရပ္ပင္။ ဒါေႀကာင့္ ယခုအျဖစ္ပ်က္ကို ဧကရာဇ္သည္ အလြန္လ်င္ျမန္စြာ လက္ခံနိုင္ခဲ့သည္။
မင္းသားလီႏွင့္ ဝန္ႀကီးမ်ားသည္ ႀကိမ္ဖန္မ်ားစြာ ေတာင္းပန္ခဲ့ေသာ္လည္း ဧကရာဇ္သည္ စိတ္ေျပာင္းျခင္းမရွိေပ။ မင္းသားလီႏွင့္ ဝန္ႀကီးမ်ားသည္ ဧကရာဇ္ျမတ္၏ ဆုံးျဖတ္ခ်က္အားလုံးကို ေထာက္ခံရန္ အစြမ္းကုန္ ႀကိဳးစားမည္ျဖစ္ေၾကာင္း ေနာက္ဆုံးတြင္ ထုတ္ေဖာ္ေျပာၾကားခဲ့သည္။
ထို႔ေနာက္ ဧကရာဇ္ျမတ္သည္ မင္းသားလီအား နံနက္တိုင္းတရားခြင္အတြင္း က်င္းဝမ္မင္းသားကို အိမ္ေရွ႕စံအျဖစ္ တရားဝင္ခန႔္အပ္ရန္အတြက္ မင္းသားလီအား ဘုရင္မင္းျမတ္၏ အမိန႔္ေတာ္အား လူတိုင္းဖတ္ရႈရန္ အမိန႔္ေပးခဲ့သည္။
ဧကရာဇ္သည္ က်င္းဝမ္ကို အခ်ိန္မီ အသိမေပးခဲ့ေပ။ ထို႕ေႀကာင့္ က်င္းဝမ္က နံနက္ခင္း ညီလာခံကို တက္ေရာက္စဥ္ မင္းႀကီးက သူ႕ကို အိမ္ေရွ႕မင္းသားအျဖစ္ ခန႔္ထားလိမ့္မည္ဟု က်င္းဝမ္ မေမွ်ာ္လင့္ခဲ့မိေပ။ က်င္းဝမ္သည္ အခ်ိန္အေတာ္ၾကာ ထိတ္လန႔္သြားမိသည္။ ထို႔ေနာက္ မင္းသားလီ၏ ထပ္ခါတလဲလဲ တိုက္တြန္းမႈေအာက္တြင္ က်င္းဝမ္က ဒူးေထာက္ကာ အမတ္ႀကီး အရာရွိႀကီးမ်ားေရွ႕တြင္ အမိန္႕ျပန္တမ္းကို လက္ခံကာ မင္းႀကီးကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့သည္။
ထိုအခိုက္အတန႔္တြင္ သူ႔မွာ အေတြးေတြ ေဝေဝဝါးဝါးျဖစ္ေနသည္။ သတိျပန္ကပ္မိခ်ိန္ မင္းႀကီးကို ေက်းဇူးတင္စကားေျပာျပီး မင္းႀကီးရွိရာ နန္းေဆာင္ကို ဦးတည္ကာ ဦးခ် အရိုေသေပးျပီးေလျပီ။
က်င္းဝမ္က တိုင္းျပည္အတြက္ ဘယ္ေလာက္ အေရးႀကီးသည္ဆုိတာ လူတုိင္းသိေစရန္ အိမ္ေရွ႕စံမင္းသား ရာထူးကို ေပးအပ္ျပီးေနာက္ ဧကရာဇ္သည္ ပူပူေႏြးေႏြး အိမ္ေရွ႕စံမင္းသားအား ျပတ္ျပတ္သားသား အားေပးစကားေပးကာ အိမ္ေရွ႕မင္းသားအား အေရးႀကီး ဌာနခြဲတစ္ခုစီ၏ မတူညီေသာအေရးကိစၥမ်ားကို အျမန္သိေစရန္ လက္တြဲေခၚဖုိ႕ ဌာနဆိုင္ရာ္ ဝန္ႀကီးအားလုံးကို အမိန႔္ေပးခဲ့သည္။ အစိုးရ၏ တရား႐ုံး ကိစၥမ်ားကို စီမံခန႔္ခြဲရာတြင္ ကူညီေပးခိုင္းသည္။
အခမ္းနားေရးရာ ဝန္ႀကီးသည္ ဧကရာဇ္အမိန႔္ကို လက္ခံရရွိၿပီး အိမ္ေရွ႕စံမင္းသားအတြက္ သရဖူကို ခ်က္ခ်င္းျပင္ဆင္ခဲ့သည္။ ညီလာခံ ျပီးသြားၿပီးေနာက္ ဧကရာဇ္က အိမ္ေရွ႕မင္းသား တစ္ေယာက္တည္း က်န္ေနေစခဲ့သည္။
"ထ်န္းခ်ီ မင္းဘယ္လိုခံစားရလဲ" ဧကရာဇ္က ေမးလိုက္သည္။
မုထ်န္းခ်ီ ဒီမနက္တရား႐ုံးကိုသြားတုန္းက ပတ္ဝန္းက်င္ကလူေတြအားလုံးက သူ႔ကို အရွင္မင္းသား က်င္းဝမ္လို႔ ေခၚေနၾကတုန္းျဖစ္သည္။ ေတာ္ဝင္အမိန႔္ကို လူသိရွင္ၾကားေၾကညာၿပီးေနာက္ "ေတာ္ဝင္ အိမ္ေရွ႕မင္းသား" ျဖစ္လာခဲ့သည္။ ဒါက တကယ္ကို ႐ုတ္တရတ္ဆန္လြန္းတယ္လို႕ ခံစားလိုက္ရသည္။ ဒါေႀကာင့္ မင္းႀကီးေမးလာစဥ္ စိတ္ရႈပ္ေထြးေနျပီး ေခါင္းသာညိတ္ျပလိုက္နိုင္သည္။
"......အေကာင္းဆုံးလုပ္။" ဧကရာဇ္က သူ႔ကို ၿပဳံးၿပဳံးေလးျဖင့္ ေျပာကာ ပခုံးေပၚ လက္တင္လိုက္သည္။
တကယ္ေတာ့ ဧကရာဇ္ရဲ႕ ဗိုက္ထဲမွာ စကားလုံးေတြနဲ႔ ျပည့္ေနေပမယ့္ သူ႕သားေတာ္ကို အမ်ားႀကီးမေျပာပဲ သူ႕ဖာသာ ေလ့လာသိရွိေစခ်င္သည္။
ဒီအိမ္ေရွ႕မင္းသားရာထူးနဲ႔ပတ္သက္ၿပီး သားအဖ ဆက္ဆံေရးမွာ အခက္အခဲေတြ အမ်ားႀကီးၾကားက တည္ေဆာက္ခဲ့ၾကတဲ့ ဆက္ဆံေရးမ်ိဳးျဖစ္သည္။
မင္းသမီး လန္ယာ ၏ အာဏာသိမ္းျခင္း ျဖစ္ပ်က္ခ်ိန္တြင္ သူ႕ေျမးငယ္ေလး ေပါင္းရိက သူ႔ရဲ႕ေလာက္ေလးခြေလးကို ေကာက္ကိုင္လိုက္ၿပီး အဖိုးကို ကယ္တင္ခ်င္တယ္လို႔ ေျပာခဲ့ေႀကာင္း ဧကရာဇ္ၾကားသိခဲ့ရသည္။
ထိုကေလးငယ္ႏွင့္ပတ္သက္၍ ဧကရာဇ္၏ ရင္ထဲ ေက်နပ္ ႏွစ္သိမ့္မႈကို ခံစားခဲ့ရေသာ္လည္း ထိုကေလးငယ္ေလးက ဘာေႀကာင့္ ဒီလိုမ်ိဳး ရဲစြမ္းသတၱိရွိရသလဲ ဆုိတာ နည္းနည္း အံ့ၾသသြားမိသည္။ ဧကရာဇ္က သူ႔ကို ဆုခ်ရမလားဟု ေတြးမိကာ ေပါင္းရိကို ဘာေႀကာင့္ အဖိုးေတာ္ကို လာကယ္ခ်င္သလဲဟု ေမးျမန္းခဲ့ေပမယ့္ ကေလးငယ္ေလးက သူ႕ဖာသာ ေရလည္ေအာင္ မရွင္းျပနိုင္ခဲ့ေပ။
ဒါေပမယ့္ လီယြီက ရိုးရွင္းစြာ ဝင္ေျဖေပးလိုက္သည္။
"ခမည္းေတာ္က သူ႔အဘိုးပဲ။ သူ လာကယ္တာ ျဖစ္သင့္ပါတယ္"
ရွင္ဘုရင္တစ္ပါးအေျႏျဖင့္ သူက လူေတြရဲ႕ လႈပ္ေဆာင္ခ်က္နဲ႔ ထိုလုပ္ေဆာင္ခ်က္ေနာက္ကြယ္က ရည္႐ြယ္ခ်က္ကို သိျမင္ခဲ့ၿပီးျဖစ္သည္။ ဒါေပမယ့္ ဒီေလာကမွာ ဘာမွ ျပန္မရခ်င္ပဲ လုပ္ေဆာင္ ေပးခ်င္သူေတြရွိေသးတယ္ဆိုတာ သူ လုံးဝကို ေမ့ေလ်ာ့ေနခဲ့သည္။
ဥပမာ ေျပာရမယ္ဆိုရင္ မိသားစု ခ်စ္ျခင္းပဲ။ ေပါင္းရိဆိုရင္ သူ႔အဖိုးကို ကယ္တင္ဖို႔ လုပ္တယ္ဆိုတာ မိသားစု ခ်စ္ျခင္းေၾကာင့္ပဲ....
ေပါင္းရိလည္း ဒီလိုပဲ။ က်င္းဝမ္လည္း အလားတူပါပဲ။ က်င္းဝမ္က ဖြင့္မေျပာေပမယ့္ ဒီစိတ္ထားရွိတယ္ဆိုတာ မင္းႀကီး ေသခ်ာသိသည္။ ထိုေန႔တြင္ က်င္းဝမ္က သူ႔ကို မကယ္တင္ဘဲ မင္းသမီး လန္ယာထံမွ သတ္ျဖတ္ျခင္းကို ခံရလွ်င္လည္း ဘယ္သူမွ က်င္းဝမ္ကို အျပစ္မတင္ေပ။ အဲ့လိုသာ ျဖစ္ရင္ က်င္းဝမ္က အခုခ်ိန္မွာ ထီးနန္းကို တခါတည္း ဆက္ခံနုိင္ေလျပီ။
သို႔ေသာ္ က်င္းဝမ္သည္ အမွန္တကယ္ ထိုသို႕ မလုပ္ခဲ့ပါ။ ဒါကလည္း သားအဖ ဆက္ဆံေရးေၾကာင့္ပဲ မဟုတ္လား။
ဧကရာဇ္သည္ ေစ့ေစ့စပ္စပ္ေတြးၿပီး တခါမွ မေျပာဖူးေသာ စကားတစ္ခြန္းကို ေျပာလိုက္သည္။
"ထ်န္းခ်ီ၊ မင္း ခမည္းေတာ္ကို စိတ္မပ်က္ေစလို႕ ခမည္းေတာ္လည္း မင္းကို စိတ္မပ်က္ေစရဘူး "
အိမ္ေရွ႕မင္းသားက ဧကရာဇ္က သူ႔ကို ဒီေလာက္ယုံၾကည္လိမ့္မယ္လို႔ ဘယ္တုန္းကမွ မထင္ခဲ့မိဘူး။ သူလည္း ႀကိဳးစားခ်င္စိတ္ရွိကာ ေခါင္းကို ျဖည္းညႇင္းစြာ ၿငိမ့္ျပလိုက္သည္။
"အင္း၊ ခမည္းေတာ္ စဥ္းစားေနတာၾကာၿပီ"
ဧကရာဇ္သည္ အိမ္ေရွ႕စံမင္းသားကို ၾကင္နာစြာၾကည့္လိုက္သည္။ သူသည္ အိမ္ေရွ႕စံမင္းသားျဖစ္ေနၿပီ ျဖစ္ေသာေၾကာင့္၊ ဧကရာဇ္ဧကရာဇ္သည္ ခ်ဳံပုတ္တစ္ဝိုက္တြင္ ႐ိုက္ႏွက္ၿပီး ေျမြကို ေျခာက္လွန္႕သလို သူေတြးေနသည့္အရာကို တိုက္႐ိုက္ေျပာရန္ မလိုအပ္ေတာ့ဘူးလို႕ ခံစားရသည္။
"အဲဒီတုန္းက မင္းအေနာက္ေတာင္တန္းမွာ လက္ထပ္ခဲ့တယ္။ ငါ မင္းရဲ႕ လက္ထပ္ပြဲကို မတက္ႏိုင္ခဲ့လို႕ ေနာင္တရတုန္းပဲ။ ဒါေၾကာင့္ မင္း အိမ္ေရွ႕စံ သရဖူေဆာင္းၿပီးရင္ မင္းနဲ႔ ထိုက္က်ဴေဖး (အိမ္ေရွ႕စံ ႀကင္ယာေတာ္) အတြက္ ေနာက္ထပ္မဂၤလာပြဲတစ္ခုစီစဥ္ ေပးမယ္လို႔ ခမည္းေတာ္ ေတြးေနတယ္... ထ်န္းခ်ီ ...မင္း ဘယ္လိုထင္လဲ"
အိမ္ေရွ႕မင္းသား- "......"
က်င္းအိမ္ေတာ္..............
႐ုတ္တရတ္ စိတ္ကူးေပၚလာသျဖင့္ လီယြီက ေပါင္းရိကို စာေရးနည္းကို သင္ေပးေနသည္။
ေပါင္းရိသည္ အသက္ တစ္ႏွစ္ေက်ာ္ရံုေလးသာ ရွိေသးသည္ကို မႀကည့္နဲ႕၊ သူက စကားလုံးေတြ အမ်ားႀကီးကို မွတ္မိေနၿပီ။ ဧကရာဇ္သည္ ေပါင္းရိအတြက္ ဆရာတစ္ဦးကို အထူးခန႔္အပ္ခဲ့သည္။ ေန႔တိုင္း ဆရာက ေပါင္းရိကို အိမ္စာေတြ ေပးခိုင္းၿပီး ေပါင္းရိကို အိမ္ျပန္ၿပီး စာေရးေလ့က်င့္ခိုင္းခဲ့သည္။
ေပါင္းရိသည္ ငယ္႐ြယ္ေသာ္လည္း ေတာ္ဝင္စာသင္ေက်ာင္းတြင္ အသန္မာဆုံး ကေလးျဖစ္သည္။ ဆရာ ေပးအပ္သည့္ အိမ္စာကို ေက်ပြန္ေအာင္ အၿမဲေဆာင္သည္။ တျခားကေလးေတြက အတန္းက ျပန္လာတဲ့အခါ သေရစာေတြစားၿပီး အိပ္သြားႀကေပမယ့္ ေပါင္းရိသည္ ခဏသာ အိပ္ ၿပီးေနာက္ သူ႕ဖာသာ ထကာ စာေရးေလ့က်င့္ရန္ ဝမ့္ရွီးအား စာရြက္ျပင္ခိုင္းသည္။
ထုံးစံအတိုင္း သူ႔မွာ ဆရာေတြ သင္ေပးတာကို ႀကိဳးစားလုပ္ေနသည္။ အဖိုးေတာ္ ဧကရာဇ္သည္ သူ႔ကို အထူးဂ႐ုစိုက္ကာ စစ္ေဆးေလ့ရွိသည္။ သူ႔ရဲ႕ ႏူးညံ့တဲ့ လက္ကေလးက စုတ္တံကို ကိုင္လိုက္ခ်ိန္မွာေတာ့ သူက တကယ္ကို သပ္သပ္ရပ္ရပ္ နွင့္ ေရးသားနုိင္မည့္ပံုေပၚသည္။ သို႔ေသာ္ သူေရးခဲ့ေသာ စကားလုံးမ်ားသည္ ၾကည့္ေကာင္းသည္ဟု မယူဆႏိုင္ေပ။
သို႔ေသာ္၊ ထိုအခ်က္သည္ ေပါင္းရိ၏ႀကိဳးစားအားထုတ္ေနေသာႏွလုံးသားကို ထိခိုက္ေစေပ။
လီယြီသည္ မူလက အမွတ္တမဲ့ စာႀကည့္ခန္းက ျဖတ္သြားခဲ့သည္။ ေပါင္းရိက စာေရးေနရင္း ေလထဲမွာ တင္ပါးေလးကို ေျမႇာက္ထားတာေတြ႕လိုက္ရသည္။ သူေလးရဲ႕ ဝဝေဖာင္းေဖာင္း မ်က္ႏွာေလးက ေလးနက္တည္ႀကည္ေနျပီး မ်က္ေမွာ္ငေလး တြန္႕ေနသည္။ အေၾကာင္းျပခ်က္တစ္ခုခုေၾကာင့္ လီယြီသည္ သူ႕ခင္ပြန္းသည္နွင့္ ေပါင္းရိရဲ ႕ အမူယာက တူညီေနသည္ကို ျမင္လိုက္ရျပီး ခင္ပြန္းျဖစ္သူအေၾကာင္း ေတြးကာ ရယ္ေမာလိုက္မိသည္။ အရမ္းကို ရယ္ေမာမိျပီး ဗိုက္နာသြားမွ မနည္း အရယ္ရပ္လိုက္ရသည္။
ထို႔ေနာက္ ေပါင္းရိေရးေနသည့္ စာလံုးမ်ားကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ လီယြီသည္ တကယ္ကို က်ယ္ေလာင္စြာ ရယ္ေမာလိုက္သည္။
ငါးပါးပါးက ရယ္ေမာေနသျဖင့္ ေပါင္းရိက သူ႔ႏႈတ္ခမ္းေတြကို စူလိုက္ပံုက နူတ္ခမ္းေလးနားတြင္ တခုခုပင္ ခ်ိတ္ဆြဲထားလို႕ပင္ ရနုိင္ေလာက္သည္။
"ေပါင္းရိ..ေကာင္းေကာင္းလုပ္ခဲ့တာပဲ။ ပါးပါးက ေပါင္းရိကို ထပ္ သင္ေပးမွာေပါ့"
လီယြီသည္ သားျဖစ္သူအား ရယ္ေမာၿပီးေနာက္ အေျခအေနကို ခ်က္ခ်င္း ျပန္ထိန္းခဲ့သည္။ က်င္းဝမ္က သူ႔ကို အဲဒီတုန္းက ေရွ႕စာလံုးေတြ ေရးတတ္ေအာင္ ေသခ်ာ သင္ေပးခဲ့တာကို ျပန္သတိရၿပီး သူ႔ႏွလုံးသားထဲမွာ ခ်ိဳၿမိန္မႈတစ္ခု ခံစားလိုက္ရသည္။ လီယြီသည္ က်င္းဝမ္ကို အတုယူကာ ေပါင္းရိ၏ ႏူးညံ့ေသာလက္ေလးကို အုပ္မိုးကာ စာလံုးေရးနည္းကို သင္ေပးလိုက္သည္။ သူေရးခဲ့သလိုပဲ လိုက္ေရးရန္ ေျပာခဲ့သည္။
"ေပါင္းရိက ေဖေဖေရးတဲ့ စာလံုးကို လိုက္ေရးလို႔ရတယ္။"
*******-*********