Chapter (128-2) - နန်းတော်ကို ထိန်းချုပ်ထားခြင်း
လီယွီသည် ကျင်းဝမ်ကို သိုင်းဖက်ကာ ပြုံးလျက်ပြောလိုက်သည်။
" ကျွန်တော် တစ်နေကုန် အနားယူနေတာ၊ ဘယ်လိုလုပ် ပင်ပန်းရမှာလဲ ။ စိတ်မပူပါနဲ့။"
ကိုယ်ဝန်ဆောင်ချိန်မှာ လူတွေ လမ်းမလျှောက်နိုင်သလိုမျိုး မဟုတ်ပေ။ ကျင်းဝမ်သည် ကိုယ်ဝန်နှင့် ပတ်သတ်လာလျှင် အနည်းငယ်လွန်ကဲလွန်းသည်ဟု သူ အမြဲတမ်းခံစားမိသည်။
ထို့အပြင်၊ ဒါက ကန်ချင်း နန်းတော်တွင် သူတို့ကို အခစားဝင်ဖို့ ဧကရာဇ်မင်းမြတ်ထုတ်ပြန်ခဲ့သည့် အမိန့်တော်ဖြစ်သည်။ ယခုအချိန်အထိ လီယွီသည် ဧကရာဇ်ကို ကြိမ်ဖန်များစွာမြင်ဖူးပြီး ကျင့်သား ရနေလေပြီ။ ဧကရာဇ်၏ဆန္ဒကို လွန်ဆန်ရန်မလိုအပ်ဟု သူ ထင်သည်။
ယခုအချိန်တွင် ကျင်းဝမ်သည် အုပ်စိုးရှင်ရာထူးနှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။ ဤအရာကြောင့် ဧကရာဇ်နှင့် အခြားသူများ၏ ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရပါက သို့မဟုတ် ဧကရာဇ် မပျော်မရွှင်ဖြစ်အောင် လုပ်စ်မိပါက ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်လိမ့်မည်။
လီယွီ၏အမူအရာမှာ "ငါ့ကို ခေါ်ပါ၊ ငါအရမ်းချောတယ်" ဟူသော အမူအရာနှင့် ပြည့်နေသည်။ ကျင်းဝမ်ပြုံးပြီး နောက်ဆုံးတော့ လီယွီကို အတူခေါ်သွားရန် သဘောတူလိုက်သည်။ သို့သော်လည်း လီယွီကို စောင့်ရှောက်ရန် အစေခံများစွာကို ယူဆောင်လာရန် သူ အခိုင်အမာ ပြောခဲ့သေးသည်။
လီယွီကိုယ်တိုင်က "နိုင်ငံကို မျှဝေခြင်း" မစ်ရှင်၏ နောက်ဆုံးရ သတင်းကို ရုတ်တရက် သတိရသွားသည်။ ဤအချိန်သည် ဧကရာဇ်နန်းတော်သို့ ဝင်ရောက်ခြင်းမှာ ကျင်းဝမ်နန်းတက်ခြင်းနှင့် ဆက်စပ်နေခြင်း ဖြစ်နိုင်မလား။ ဒါက ပွဲကြီးဖြစ်ကောင်းဖြစ်နိုင်မလား။
ဧကရာဇ်နန်းတော်အတွင်း ရန်သူတပ်များ ရှိနေသေးသည်။ သတိထားရန်အလို့ငှာ လီယွီသည် သူ အသုံးပြုလေ့ရှိသော အရာအချို့ကို သူ၏ နေရာလွတ်ထဲတွင် ထည့်ထားရုံသာမက မြိအောင် ထက်သည့် ဓားမြှောင်တစ်ချောင်းကိုလည်း ထည့်သွင်းခဲ့သည်။
နန်းတော်ထဲကို မြန်မြန်ဝင်ကြပေမဲ့ ကိုယ်ရေးကိုယ်တာအစေခံက ဧကရာဇ်မင်းကြီးကိုတွေ့ဖို့ ကန်ချင်း နန်းတော်ကို တိုက်ရိုက်မခေါ်ခဲ့ပေ။ ယင်းအစား၊ သူသည် သူတို့အား အနီးနားရှိ ချန်းချုံး နန်းတော်သို့ ခေါ်ဆောင်သွားပြီး သူတို့ကို ထိုနေရာတွင် ခေတ္တစောင့်ဆိုင်းစေခဲ့သည်။
နန်းတော်အပြင်ဘက်တွင် အစောင့်များစွာပေါ်လာပြီး ထိုနေရာကို ဝိုင်းရံလိုက်သောသည့်အချိန် ကျင်းဝမ်တို့နှစ်ဦးက အဆောင်ထဲ ဝင်ထိုင်လိုက်ကြသည်။
ကိုယ်ရေးကိုယ်တာအစေခံက တောင်းပန်စကားဆိုလိုက်သည်–
"ဧကရာဇ်မင်းကြီးက မကြာသေးမီက နေမကောင်းဖြစ်နေခဲ့လို့ ဒီနေရာမှာ ခဏစောင့်ဆိုင်းဖို့မင်းကြီးက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဝမ်ရယ်နဲ့ဝမ်ဖေး ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ အခုအချိန်မှာတော့ တခြားမင်းသားတွေ အားလုံးက ကန်ချင်း နန်းတော်မှာ စောင့်နေကြတယ်။ ဧကရာဇ်မင်းကြီးက ဝမ်ရယ်တို့ကို တတ်နိုင်သမျှ မြန်မြန် အခစားဝင်ဖို့ ခေါ်ပါလိမ့်မယ် "
ကျင်းဝမ်နှင့် လီယွီတို့သည် တစ်စုံတစ်ခုမျှ မမှန်ကြောင်းကို နှစ်ယောက်လုံး သိလိုက်ကြသည်။ ဧကရာဇ်မင်းကြီးသည် ယခင်က ကျန်းမာရေးကောင်းနေပါလျက် ရက်အနည်းငယ်အတွင်း ရုတ်တရက် ဘယ်လိုနေမကောင်းဖြစ်တာလဲ။
ထို့အပြင်၊ ကိုယ်ရေးကိုယ်တာအစေခံသည် ကျင်းအိမ်တော်မှ မှ မထွက်ခွာမီ အဘယ်ကြောင့် ထိုသတင်းကို မပြောခဲ့တာလဲ။ မူရင်းဝတ္ထုမှာ ဧကရာဇ်မင်းကြီးက မဖျားနာခဲ့ဘူးဆိုတာ လီယွီ သတိရလိုက်မိသည်...။
နေဦး... ဇာတ်ကွက်ပြောင်းသွားတာ ကြာနေပြီပဲ....
လီယွီ၏ နှလုံးသားလေးက ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။ သူသည် ထိုအပါးတော်မြဲ ကုန်းကုန်းကို တားလိုက်ပြီး မေးလိုက်သည်။
"ခမည်းတော် ဘယ်လို နေမကောင်းဖြစ်တာလဲ။ ဘယ် တော်ဝင်သမားတော်တွေ လာကြည့်တာလဲ။ တော်ဝင်သမားကြီးက ဘာပြောခဲ့သေးလဲ။"
အပါးတော်မြဲ - "ဧကရာဇ်မင်းကြီးက ညက ရုတ်တရက် အအေးမိသွားလို့ပါ။ တော်ဝင်သမားတော်လား... မင်းကြီးကို ကုသပေးဖို့ နန်းတွင်းထဲက သမားတော်အားလုံး ရောက်ရှိနေပါတယ်။ စိတ်ချပါ ဝမ်ဖေး"
ထိုအပါးတော်မြဲက တိကျသေချာသည့် အဖြေကို မပေးပဲ ယောင်ဝါးဝါးလုပ်နေသည်။ လော့ကုန်းကုန်းသာဆိုလျှင် ဒီလိုအမှားမျိုး မကျူးလွန်နိုင်ပေ။ ထိုအပါးတော်မြဲကို လီယွီက အတိအကျမေးပြီးနောက် စကားအနည်းငယ်သာ ထုတ်ပြောလာခဲ့သည်။
လီယွီသည် အလွန်ဆိုးရွားသော ခံစားချက်ကို ရလာသည်။ ဧကရာဇ်မင်း နာမကျန်းဖြစ်ရသည့် အကြောင်းအရင်း တစ်ခုခုရှိနေသလား။ ချန်းချုံး နန်းတော်တွင် အစောင့်အကြပ်များစွာရှိသည်၊ ထို့ကြောင့် အေးနန်းတော်တွင် အဘယ်ကြောင့် အစောင့်နည်းနေရတာလဲ။
လီယွီနှင့် ကျင်းဝမ်တို့သည် တစ်ယောက်နှင့်တစ်ယောက် မကြာခဏ ကြည့်လိုက်မိသည် ။ ကျင်းဝမ်လည်း သံသယဖြစ်နေလောက်သည်ဟု လီယွီ ခံစားလိုက်ရသည်။
အပါးတော်မြဲက သူတို့ကို ခွဲထားချင်ပုံရသည်။ အပါးတော်မြဲက ကျင်းဝမ်ကို ကန်ချင်းနန်းဆောင်ကို အရင်လိုက်ခဲ့ဖို့ ခေါ်လိုက်သည်။
လီယွီ- "ကျွန်တော်က ဝမ်ရယ်နဲ့ ဘာကြောင့် အတူ မလိုက်နိုင်ရမှာလဲ ။"
အပါးတော်မြဲက သူ့အား တားရန် စိတ်မသက်မသာဖြင့် ပြောလိုက်သည်။
"ဧကရာဇ်က ဝမ်ဖေးကို နန်းတော်ထဲ ဝင်ခွင့်ပြုပေမယ့် နာမကျန်းဖြစ်နေချိန်မှာ မင်းသားကိုပဲ သူနဲ့ သီးသန့်လာတွေ့ဖို့ ခေါ်ခိုင်းလိုက်တယ်။ ဒါကြောင့် ဝမ်ဖေးက ဒီမှာစောင့်နေရင် ပိုကောင်းပါတယ်။ ဧကရာဇ်မင်းကြီးကလည်း ဝမ်ဖေးကို ခဏနေရင် ခေါ်လောက်ပါတယ် "
အပါးတော်မြဲက ဧကရာဇ်မင်း၏ အမိန့်ကို ဆင်ခြေအဖြစ် အသုံးပြုခဲ့လို့ လီယွီက ဆက်မတားနိုင်တော့ပေ။
ထို့အပြင်၊ ဤနေရာတွင် လျှို့ဝှက်ကြံစည်မှုတစ်စုံတစ်ရာရှိခဲ့လျှင်ပင် ကျင်းဝမ်သည် တော်ဝင်အမိန့်တော်အတိုင်း လိုက်နာဖို့ လိုအပ်နေသေးသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ဧကရာဇ်မင်း၏ အခြေအနေမှန်ကို ယခု သွားစစ်ကြည့်ခြင်းဖြင့် သိရှိနိုင်ပေလိမ့်မည်။
ကျင်းဝမ်သည်လီယွီကို အနီးကပ်ဆွဲဖက်ကာ အနည်းငယ် စောင်းနေသော ကော်လာကို ဆန့်ထုတ် ပေးလိုက်သည်။
"ထျန်းချီ....."
လီယွီက ကျင်းဝမ်ကို သူ့လုံခြုံရေးကို သတိထားဖို့ သတိပေးလိုရင်း တိုးတိုးလေးပြောလိုက်သည်။
ကျင်းဝမ်ခေါင်းညိတ်လိုက်ပြီး လီယွီ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူသည် လီယွီ၏ လက်ဖဝါးတွင် "အစောင့်တွေ" ဟု လျင်မြန်စွာ ရေးခဲ့သည်။
ဒါက လီယွီကို အကာအကွယ်ပေးမယ့် အနီးအနားမှာ လျှို့ဝှက်အစောင့်တွေ ရှိတယ်လို့ သတိပေး လိုက်တာဖြစ်သည်။ လီယွီ ကြောက်ရွံ့စိုးရိမ်နေသည့် အရာများအားလုံးကို ကျင်းဝမ်က ကြိုတင် တွေးထားပြီးဖြစ်လောက်သည်။
ကျင်းဝမ်က နှုတ်ဆက်စကားပြောနေသလိုမျိုး သူ့လက်တွေကို ပြင်းပြင်းထန်ထန် ညှစ်ထားပြန်သည်။
"အရှင်မင်းသား ခဏစောင့်ပါဦး။ အရှင့်အဝတ်တွေကို ပြန့်အောင် ပြင်ဆင်ခွင့်ပေးတော်မူပါ"
လီယွီသည် စဉ်းစားပြီးနောက် ပြောလိုက်သည်။
သူတို့ကို စိုက်ကြည့်နေတဲ့ အပါးတော်မြဲက သူတို့ကို အရမ်းချစ်သည့် အတွဲဟုသာ မြင်လိမ့်မည်။ ဒါကြောင့် သူက ချောင်းဟန့်ကာ တဖက်ကိုလှည့်သွားသည်။
လီယွီသည် ကျင်းဝမ်၏ ကော်လာနှင့် င်္အကျီလက်ကို သွက်သွက်လက်လက် ပြင်လိုက်သည်။
ဒါတင်မကဘဲ သူက ငုံ့ကိုင်းပြီး ကျင်းဝမ်ရဲ့ ဘွတ်ဖိနပ်တွေကို ချိန်ညှိပေးလိုက်သည်။
ကျင်းဝမ်က သူ့ကို ဒီလို လုပ်ပေးဖို့ မမျှော်လင့်ထားလို့ တုန်လှုပ်သွားသည်။ သူက လီယွီကို ကူညီဖို့ ချက်ချင်း ငုံ့လိုက်ပေမယ့် လီယွီက သူ့နှုတ်ခမ်းပေါ် လက်ညိုးထိုးကာ တိုးတိုးလေး အချက်ပြကာ ကျင်းဝမ်၏ မျက်လုံးများရှေ့တွင် သူသည် ဓားမြှောင်ကို ကျင်းဝမ်၏ ဖိနပ်ထဲသို့ ထည့်လိုက်သည်။
(Happy New Year)
*******-***********
Chapter (128-2) - နန္းေတာ္ကို ထိန္းခ်ဳပ္ထားျခင္း
လီယြီသည္ က်င္းဝမ္ကို သို္င္းဖက္ကာ ျပံဳးလ်က္ေျပာလိုက္သည္။
" ကြ်န္ေတာ္ တစ္ေနကုန္ အနားယူေနတာ၊ ဘယ္လိုလုပ္ ပင္ပန္းရမွာလဲ ။ စိတ္မပူပါနဲ႔။"
ကိုယ္ဝန္ေဆာင္ခ်ိန္မွာ လူေတြ လမ္းမေလွ်ာက္ႏိုင္သလိုမ်ိဳး မဟုတ္ေပ။ က်င္းဝမ္သည္ ကိုယ္ဝန္နွင့္ ပတ္သတ္လာလွ်င္ အနည္းငယ္လြန္ကဲလြန္းသည္ဟု သူ အၿမဲတမ္းခံစားမိသည္။
ထို႔အျပင္၊ ဒါက ကန္ခ်င္း နန္းေတာ္တြင္ သူတို႕ကို အခစားဝင္ဖို႕ ဧကရာဇ္မင္းျမတ္ထုတ္ျပန္ခဲ့သည့္ အမိန႔္ေတာ္ျဖစ္သည္။ ယခုအခ်ိန္အထိ လီယြီသည္ ဧကရာဇ္ကို ႀကိမ္ဖန္မ်ားစြာျမင္ဖူးၿပီး က်င့္သား ရေနေလျပီ။ ဧကရာဇ္၏ဆႏၵကို လြန္ဆန္ရန္မလိုအပ္ဟု သူ ထင္သည္။
ယခုအခ်ိန္တြင္ က်င္းဝမ္သည္ အုပ္စိုးရွင္ရာထူးနွင့္ ေျခတစ္လွမ္းသာ ကြာေဝးေတာ့သည္။ ဤအရာေၾကာင့္ ဧကရာဇ္နွင့္ အျခားသူမ်ား၏ ျပစ္တင္ေဝဖန္ျခင္းကို ခံခဲ့ရပါက သို႔မဟုတ္ ဧကရာဇ္ မေပ်ာ္မ႐ႊင္ျဖစ္ေအာင္ လုပ္စ္မိပါက ဆုံးရႈံးမႈႀကီးႀကီးမားမားျဖစ္လိမ့္မည္။
လီယြီ၏အမူအရာမွာ "ငါ့ကို ေခၚပါ၊ ငါအရမ္းေခ်ာတယ္" ဟူေသာ အမူအရာႏွင့္ ျပည့္ေနသည္။ က်င္းဝမ္ၿပဳံးၿပီး ေနာက္ဆုံးေတာ့ လီယြီကို အတူေခၚသြားရန္ သေဘာတူလိုက္သည္။ သို႔ေသာ္လည္း လီယြီကို ေစာင့္ေရွာက္ရန္ အေစခံမ်ားစြာကို ယူေဆာင္လာရန္ သူ အခိုင္အမာ ေျပာခဲ့ေသးသည္။
လီယြီကိုယ္တိုင္က "ႏိုင္ငံကို မွ်ေဝျခင္း" မစ္ရွင္၏ ေနာက္ဆုံးရ သတင္းကို ႐ုတ္တရက္ သတိရသြားသည္။ ဤအခ်ိန္သည္ ဧကရာဇ္နန္းေတာ္သို႔ ဝင္ေရာက္ျခင္းမွာ က်င္းဝမ္နန္းတက္ျခင္းႏွင့္ ဆက္စပ္ေနျခင္း ျဖစ္ႏိုင္မလား။ ဒါက ပြဲႀကီးျဖစ္ေကာင္းျဖစ္ႏိုင္မလား။
ဧကရာဇ္နန္းေတာ္အတြင္း ရန္သူတပ္မ်ား ရွိေနေသးသည္။ သတိထားရန္အလို႔ငွာ လီယြီသည္ သူ အသုံးျပဳေလ့ရွိေသာ အရာအခ်ိဳ႕ကို သူ၏ ေနရာလြတ္ထဲတြင္ ထည့္ထားရံုသာမက ျမိေအာင္ ထက္သည့္ ဓားေျမႇာင္တစ္ေခ်ာင္းကိုလည္း ထည့္သြင္းခဲ့သည္။
နန္းေတာ္ထဲကို ျမန္ျမန္ဝင္ၾကေပမဲ့ ကိုယ္ေရးကိုယ္တာအေစခံက ဧကရာဇ္မင္းႀကီးကိုေတြ႕ဖို႔ ကန္ခ်င္း နန္းေတာ္ကို တိုက္႐ိုက္မေခၚခဲ့ေပ။ ယင္းအစား၊ သူသည္ သူတို႔အား အနီးနားရွိ ခ်န္းခ်ံဳး နန္းေတာ္သို႔ ေခၚေဆာင္သြားၿပီး သူတို႔ကို ထိုေနရာတြင္ ေခတၱေစာင့္ဆိုင္းေစခဲ့သည္။
နန္းေတာ္အျပင္ဘက္တြင္ အေစာင့္မ်ားစြာေပၚလာၿပီး ထိုေနရာကို ဝိုင္းရံလိုက္ေသာသည့္အခ်ိန္ က်င္းဝမ္တုိ႕နွစ္ဦးက အေဆာင္ထဲ ဝင္ထိုင္လိုက္ၾကသည္။
ကိုယ္ေရးကိုယ္တာအေစခံက ေတာင္းပန္စကားဆိုလိုက္သည္–
"ဧကရာဇ္မင္းႀကီးက မၾကာေသးမီက ေနမေကာင္းျဖစ္ေနခဲ့လို႕ ဒီေနရာမွာ ခဏေစာင့္ဆိုင္းဖို႕မင္းႀကီးက အမိန္႕ထုတ္ျပန္ခဲ့ပါတယ္။ ဝမ္ရယ္နဲ႕ဝမ္ေဖး ေက်းဇူးျပဳျပီး ခြင့္လႊတ္ေပးပါ။ အခုအခ်ိန္မွာေတာ့ တျခားမင္းသားေတြ အားလုံးက ကန္ခ်င္း နန္းေတာ္မွာ ေစာင့္ေနၾကတယ္။ ဧကရာဇ္မင္းႀကီးက ဝမ္ရယ္တို႕ကို တတ္ႏိုင္သမွ် ျမန္ျမန္ အခစားဝင္ဖို႕ ေခၚပါလိမ့္မယ္ "
က်င္းဝမ္ႏွင့္ လီယြီတို႔သည္ တစ္စုံတစ္ခုမွ် မမွန္ေၾကာင္းကို ႏွစ္ေယာက္လုံး သိလိုက္ၾကသည္။ ဧကရာဇ္မင္းႀကီးသည္ ယခင္က က်န္းမာေရးေကာင္းေနပါလ်က္ ရက္အနည္းငယ္အတြင္း ႐ုတ္တရက္ ဘယ္လိုေနမေကာင္းျဖစ္တာလဲ။
ထို႔အျပင္၊ ကိုယ္ေရးကိုယ္တာအေစခံသည္ က်င္းအိမ္ေတာ္မွ မွ မထြက္ခြာမီ အဘယ္ေၾကာင့္ ထိုသတင္းကို မေျပာခဲ့တာလဲ။ မူရင္းဝတၳဳမွာ ဧကရာဇ္မင္းႀကိီးက မဖ်ားနာခဲ့ဘူးဆိုတာ လီယြီ သတိရလိုက္မိသည္...။
ေနဦး... ဇာတ္ကြက္ေျပာင္းသြားတာ ၾကာေနျပီပဲ....
လီယြီ၏ ႏွလုံးသားေလးက ျပင္းထန္စြာ တုန္လႈပ္သြားေတာ့သည္။ သူသည္ ထိုအပါးေတာ္ျမဲ ကုန္းကုန္းကို တားလိုက္ျပီး ေမးလိုက္သည္။
"ခမည္းေတာ္ ဘယ္လို ေနမေကာင္းျဖစ္တာလဲ။ ဘယ္ ေတာ္ဝင္သမားေတာ္ေတြ လာႀကည့္တာလဲ။ ေတာ္ဝင္သမားႀကီးက ဘာေျပာခဲ့ေသးလဲ။"
အပါးေတာ္ျမဲ - "ဧကရာဇ္မင္းႀကီးက ညက ႐ုတ္တရက္ အေအးမိသြားလို႕ပါ။ ေတာ္ဝင္သမားေတာ္္လား... မင္းႀကီးကို ကုသေပးဖုိ႕ နန္းတြင္းထဲက သမားေတာ္အားလုံး ေရာက္ရွိေနပါတယ္။ စိတ္ခ်ပါ ဝမ္ေဖး"
ထိုအပါးေတာ္ျမဲက တိက်ေသခ်ာသည့္ အေျဖကို မေပးပဲ ေယာင္ဝါးဝါးလုပ္ေနသည္။ ေလာ့ကုန္းကုန္းသာဆိုလွ်င္ ဒီလိုအမွားမ်ိဳး မက်ဴးလြန္နုိ္င္ေပ။ ထိုအပါးေတာ္ျမဲကို လီယြီက အတိအက်ေမးၿပီးေနာက္ စကားအနည္းငယ္သာ ထုတ္ေျပာလာခဲ့သည္။
လီယြီသည္ အလြန္ဆိုး႐ြားေသာ ခံစားခ်က္ကို ရလာသည္။ ဧကရာဇ္မင္း နာမက်န္းျဖစ္ရသည့္ အေၾကာင္းအရင္း တစ္ခုခုရွိေနသလား။ ခ်န္းခ်ံဳး နန္းေတာ္တြင္ အေစာင့္အၾကပ္မ်ားစြာရွိသည္၊ ထို႔ေၾကာင့္ ေအးနန္းေတာ္တြင္ အဘယ္ေၾကာင့္ အေစာင့္နည္းေနရတာလဲ။
လီယြီႏွင့္ က်င္းဝမ္တို႔သည္ တစ္ေယာက္ႏွင့္တစ္ေယာက္ မၾကာခဏ ၾကည့္လိုက္မိသည္ ။ က်င္းဝမ္လည္း သံသယျဖစ္ေနေလာက္သည္ဟု လီယြီ ခံစားလိုက္ရသည္။
အပါးေတာ္ျမဲက သူတို႔ကို ခြဲထားခ်င္ပုံရသည္။ အပါးေတာ္ျမဲက က်င္းဝမ္ကို ကန္ခ်င္းနန္းေဆာင္ကို အရင္လိုက္ခဲ့ဖို႕ ေခၚလိုက္သည္။
လီယြီ- "ကြၽန္ေတာ္က ဝမ္ရယ္နဲ႕ ဘာေႀကာင့္ အတူ မလိုက္နုိင္ရမွာလဲ ။"
အပါးေတာ္ျမဲက သူ႔အား တားရန္ စိတ္မသက္မသာျဖင့္ ေျပာလိုက္သည္။
"ဧကရာဇ္က ဝမ္ေဖးကို နန္းေတာ္ထဲ ဝင္ခြင့္ျပဳေပမယ့္ နာမက်န္းျဖစ္ေနခ်ိန္မွာ မင္းသားကိုပဲ သူနဲ႕ သီးသန္႕လာေတြ႕ဖို႕ ေခၚခိုင္းလိုက္တယ္။ ဒါေႀကာင့္ ဝမ္ေဖးက ဒီမွာေစာင့္ေနရင္ ပိုေကာင္းပါတယ္။ ဧကရာဇ္မင္းႀကီးကလည္း ဝမ္ေဖးကို ခဏေနရင္ ေခၚေလာက္ပါတယ္ "
အပါးေတာ္ျမဲက ဧကရာဇ္မင္း၏ အမိန႔္ကို ဆင္ေျခအျဖစ္ အသုံးျပဳခဲ့လို႕ လီယြီက ဆက္မတားႏိုင္ေတာ့ေပ။
ထို႔အျပင္၊ ဤေနရာတြင္ လွ်ိဳ႕ဝွက္ႀကံစည္မႈတစ္စုံတစ္ရာရွိခဲ့လွ်င္ပင္ က်င္းဝမ္သည္ ေတာ္ဝင္အမိန႔္ေတာ္အတိုင္း လိုက္နာဖုိ႕ လိုအပ္ေနေသးသည္။
အဘယ္ေၾကာင့္ဆိုေသာ္ သူသည္ ဧကရာဇ္မင္း၏ အေျခအေနမွန္ကို ယခု သြားစစ္ႀကည့္ျခင္းျဖင့္ သိရွိႏိုင္ေပလိမ့္မည္။
က်င္းဝမ္သည္လီယြီကို အနီးကပ္ဆြဲဖက္ကာ အနည္းငယ္ ေစာင္းေနေသာ ေကာ္လာကို ဆန႔္ထုတ္ ေပးလိုက္သည္။
"ထ်န္းခ်ီ....."
လီယြီက က်င္းဝမ္ကို သူ႔လုံၿခဳံေရးကို သတိထားဖို႔ သတိေပးလိုရင္း တိုးတိုးေလးေျပာလိုက္သည္။
က်င္းဝမ္ေခါင္းညိတ္လိုက္ၿပီး လီယြီ၏လက္ကို ဆုပ္ကိုင္လိုက္သည္။ သူသည္ လီယြီ၏ လက္ဖဝါးတြင္ "အေစာင့္ေတြ" ဟု လ်င္ျမန္စြာ ေရးခဲ့သည္။
ဒါက လီယြီကို အကာအကြယ္ေပးမယ့္ အနီးအနားမွာ လွ်ိဳ႕ဝွက္အေစာင့္ေတြ ရွိတယ္လို႔ သတိေပး လိုက္တာျဖစ္သည္။ လီယြီ ေၾကာက္႐ြံ႕စိုးရိမ္ေနသည့္ အရာမ်ားအားလုံးကို က်င္းဝမ္က ႀကိဳတင္ ေတြးထားၿပီးျဖစ္ေလာက္သည္။
က်င္းဝမ္က ႏႈတ္ဆက္စကားေျပာေနသလိုမ်ိဳး သူ႔လက္ေတြကို ျပင္းျပင္းထန္ထန္ ညႇစ္ထားျပန္သည္။
"အရွင္မင္းသား ခဏေစာင့္ပါဦး။ အရွင့္အဝတ္ေတြကို ျပန္႕ေအာင္ ျပင္ဆင္ခြင့္ေပးေတာ္မူပါ"
လီယြီသည္ စဥ္းစားၿပီးေနာက္ ေျပာလိုက္သည္။
သူတို႔ကို စိုက္ၾကည့္ေနတဲ့ အပါးေတာ္ျမဲက သူတို႕ကို အရမ္းခ်စ္သည့္ အတြဲဟုသာ ျမင္လိမ့္မည္။ ဒါေႀကာင့္ သူက ေခ်ာင္းဟန္႕ကာ တဖက္ကိုလွည့္သြားသည္။
လီယြီသည္ က်င္းဝမ္၏ ေကာ္လာႏွင့္ အၤက်ီလက္ကို သြက္သြက္လက္လက္ ျပင္လိုက္သည္။
ဒါတင္မကဘဲ သူက ငုံ႕ကိုင္းျပီး က်င္းဝမ္ရဲ႕ ဘြတ္ဖိနပ္ေတြကို ခ်ိန္ညႇိေပးလိုက္သည္။
က်င္းဝမ္က သူ႔ကို ဒီလို လုပ္ေပးဖို႕ မေမွ်ာ္လင့္ထားလို႕ တုန္လႈပ္သြားသည္။ သူက လီယြီကို ကူညီဖို႔ ခ်က္ခ်င္း ငုံ႕လိုက္ေပမယ့္ လီယြီက သူ႔ႏႈတ္ခမ္းေပၚ လက္ညိဳးထိုးကာ တိုးတိုးေလး အခ်က္ျပကာ က်င္းဝမ္၏ မ်က္လုံးမ်ားေရွ႕တြင္ သူသည္ ဓားေျမႇာင္ကို က်င္းဝမ္၏ ဖိနပ္ထဲသို႔ ထည့္လိုက္သည္။
(Happy New Year)
*******-***********