Chapter (125-2) - လော့လန်ပြည်
လီယွီက ကျင်းဝမ် တစ်ယောက် စကားလုံးအချို့၏ အသံထွက်ကို ရုတ်တရက် မေ့သွားမည်ကို စိုးရိမ်သောကြောင့် အရေးပေါ်အချိန်များတွင် ကြည့်နိုင်ဖို့ အသုံးများသော စကားလုံးများ၏ အသံထွက် ဖျင်းယင်း စာအုပ်ကို စီစဉ်ပေးခဲ့သည်။ ကျင်းဝမ်က သူနဲ့အတူ ထိုစာအုပ်ကို နေရာတိုင်းကို အမြဲ ယူဆောင်လာခဲ့တယ်။ မေ့သွားသည်ဖြစ်စေ မမေ့သည်ဖြစ်စေ တစ်ချက်လောက်တော့ သူ ဖွင့်ကြည့်ဖို့ လိုနေသေးသည်။
လီယွီတစ်ယောက်လုံး သူ့ဘေးတွင်ရှိနေသော်လည်း ကျင်းဝမ်က ဝမ်ဖေး အပေါ်ထားသည့် ပြောင်မြောက်သော အချစ်ကို မရပ်တန့်နိုင်ပေ။
မင်းကြီး: "......"
ကျင်းဝမ်၏ ဆွံ့အခြင်းက ပျောက်ကင်းလာပြီးနောက် ကျင်း-ဝမ်ဖေး နှင့် ကျင်းဝမ်အကြား ချိုမြိန်သော ချစ်ခြင်းက အဆင့်တစ်ဆင့်သို့ တိုးလာသည်ဟု ဧကရာဇ်မင်းကြီး ခံစားခဲ့ရသည်။ ဧကရာဇ်သည် သူ့သားနှင့် သားမက်ကြား ချစ်ကြည်ရင်းနှီးသည်ကို မြင်ရပြီး သူက ပြုံးကာ မျက်နှာကို တဖက်သို့ လှည့်လိုက်သည်။ ဒါက ခွေးအစာကို ကြိမ်ဖန်များစွာ ကျွေးမွေးခံရသည့် ခံစားချက်ဖြစ်သည်။
(ခွေးစာကျွေးခံရခြင်း = စုံတွဲတွေ ကိုယ့်အရှေ့မှာ ချစ်ကြည်နူးပြသည်ကို မြင်ရခြင်း)
အဓိကအကြောင်းအရာကိုပြန်သွားကာ ကျင်းဇနီးမောင်နှံနှင့် စကားအနည်းငယ်ပြောပြီးနောက် ဧကရာဇ်ဘုရင်က သူ၏လက်ရှိအခြေအနေများကို ရှင်းပြခဲ့သည်။
"ခမည်းတော်က တကယ့်ကို ပညာရှိပဲ။ ခမည်းတော် သဲလွန်စတွေ အများကြီး ရှာတွေ့တာ မြန်လိုက်တာ။"
လီယွီက ပထမဆုံး မင်းကြီးကို ချီးမွမ်းစကားဆိုလိုက်သည်။ ဧကရာဇ်သည် ဤအချက်ကို အစွမ်းကုန် စုံစမ်းခဲ့ပြီး သတင်းအချက်အလတ်များ လျင်မြန်စွာ ရောက်ရှိလာတယ်ဆိုတာ သေချာသည်။ လီယွီသည် ဤနေရာတွင် လျှို့ဝှက်ဇာတ်လမ်းကို သိလိမ့်မည်ဟု ထင်ထားပေမယ့် ပါဝင်သည့် လူအနည်းငယ်က အမှန်တကယ်ပင် သေဆုံးသွားလိမ့်မည်ဟု လီယွီက မထင်ထားခဲ့ပေ။
မထင်မှတ်ဘဲ ချီးမွမ်းခြင်းခံရသောအခါ ဧကရာဇ်က ချောင်းဟန့်လိုက်မိသည်။
"ဒါပေမယ့် ပြစ်မှုကျူးလွန်သူရဲ့ သဲလွန်စက လမ်းပျောက်သွားပြီလေ။ လောလောဆယ် ဘာမှ ဆက်လုပ်လို့မရတော့ဘူး "
လီယွီသည် ဤစကားလုံးများကို စောင့်မျှော်နေတာဖြစ်သည်။
"ဒီလူတွေက ဒီမှာမရှိတော့ပေမယ့် "သက်သေပစ္စည်း" တွေ ရှိနေတုန်းပါပဲ။ အချို့ "အရာတွေ"ကို ပြောင်းလဲလို့ မရပါဘူး ခမည်းတော်ဘုရား....ဒါကြောင့် ရွယ်ယား ဘယ်က လာတယ်ဆိုတာ မစုံစမ်းပဲ မနေပါနဲ့...."
လီယွီ၏ စကားလုံးများက တကယ့်အဓိက အချက်ကို ထိမှန်သွားခဲ့သည်။
ထိုနေ့တွင် ရွယ်ယားက နှင်းထူထပ်သော တောင်ထိပ်တွင်သာ ပေါက်ရောက်သည်ဟု သမားတော်အိုကြီး ပြောသည်ကို ကြားလိုက်ရသည်။ ယခု နိုင်ငံ၏ နယ်နိမိတ်အတွင်းတွင် နှင်းထူထပ်သော တောင်များ မရှိသောကြောင့် ရွယ်ယားကို မြင်ရဖို့ဆိုတာ အင်မတ် ရှားပါးလှသည်။ တော်ဝင်ဆေးကုသဆောင်မှာပင် ရွယ်ယားမရှိပေ။
"........ ဒါက သံသယဖြစ်စရာ တစ်ခုပဲ။ ပူလျှိုက တော်ဝင်သမားတော်တွေတောင် လက်လှမ်းမမီတဲ့ ဆေးကို ဘာကြောင့် ပိုင်ဆိုင်နိုင်တာလဲ။ ဒါ့အပြင် ရွယ်ယားက ပုံမှန်အားဖြင့် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဖြည့်စွက်စာဖြစ်တယ်။ ဂျင်ဆင်းနှင့်တွေ့ပြီးမှသာ အဆိပ်ဖြစ်လာလိမ့်မည်။ နောက်ကွယ်က တကယ့် တရားခံက ဒီ ဆေးအကြောင်းကို သေချာသိရမယ်။ ဒါမှမဟုတ် အနည်းဆုံးတော့ ရွယ်ယားရဲ့အဆိပ်အကြောင်း သိလိမ့်မယ်လို့ ထင်ပါတယ်။"
ဆေးဖော်မြူလာသည် မူလက ခန္ဓာကိုယ်အား သန်မာစေသော ဆေးညွှန်းဖြစ်သည်ဟု သမားတော်အိုက ပြောခဲ့သည်။ သို့သော် ရွယ်ယား ဆေးတမယ်ကို ထပ်တိုးလိုက်ပါက ဖြစ်လာမည့် အကျိုးသက်ရောက်မှုကို မသိသူများသည် ရွယ်ယားကိုထည့်ခြင်းဖြင့် ဖြည့်စွက်စာထည့်လိုက်သကဲ့သို့ဖြစ်မည်ဟုသာ ယုံကြည် ကြမည်ဖြစ်သည်။ ဤအရာသည် လူတွေရဲ့ မျက်စိရှေ့မှာပင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဖြစ်သည်။
လီယွီ၏ စကားများသည် ဤနေရာတွင် ရပ်သွားသည်။ သူ့ရင်ထဲမှာ စိုးရိမ်စိတ်တွေ တရိပ်ရိပ်နဲ့ တိုးလာခဲ့သည်။ ရွယ်ယားဟာ ဒီနိုင်ငံမှာ ရှားပါးသည်။ ထိုအဆိပ်သည် တိုင်းတပါးသား များနှင့် ဆက်စပ် နေနိုင်မလား...
သို့သော် ဤနှစ်များအတွင်းတွင် ဧကရာဇ်၏ အနောက်နန်းဆောင်ထဲမှာ တိုင်းတပါးက ကိုယ်လုပ်တော်များ မရှိခဲ့ပေ။
ဥပမာ ကျင်းကျွယ်ပြည်မျိုးပေါ့... ဧကရာဇ်သည် ကျင်းကျွယ်ပြည် နှင့် မဟာမိတ်ဖွဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးအောင် လက်ထပ်ပွဲ လုပ်ခဲ့သည့်တိုင် ဧကရာဇ်ဘုရင်သည် ကျင်းကျွယ်ပြည် မင်းသမီးကို မင်းသားတစ်ပါးနှင့် လက်ထပ်ခွင့်ပြုပေမယ့် သူကိုယ်တိုင်က ကျင်းကျွယ်ပြည်မှ မည်သူ့ကိုမျှ ကိုယ်လုပ်တော် အဖြစ်ကောက်ယူမည်မဟုတ်ပေ။
ဒါက ဧကရာဇ်မင်း၏ ပုံစံဖြစ်သည်။
ပူလျှို၏ ရွယ်ယားသည် တိုင်းတပါးမှ လာသည့် အရာ ဖြစ်မည်ဟု လီယွီသံသယရှိခဲ့သည်။ ရွယ်ယားက ဘယ်က လာတာလဲ။ ပူလျှို ကိုယ်တိုင်က တိုင်းတပါးသား တစ်ယောက်လား။
လီယွီ အကြောင်းကို ပိုတွေးလေလေ သံသယဖြစ်လေပင်။ သူ့ မသိစိတ်ကတွေးမိပြီး မင်းကြီးကို နူတ်မှ ထုတ်မေးလိုက်မိသည်။
ဧကရာဇ်သည် ထိုအမေးကြောင့် ခေတ္တမျှ အံ့အားသင့်သွားပြီး လေးလေးနက်နက် တွေးတောမိသွားသည်။ ခဏအကြာတွင်၊ သူသည် "လူတွေကို ရွယ်ယားအကြောင်းကို စတင်စုံစမ်းပြီး ရှာဖွေမှုကို ဆက်လက်လုပ်ဆောင်ဖို့ ကျန်း..အမိန့်ပေးမှာပါ" လို့ ပြောခဲ့သည်။
လီယွီသည် ဧကရာဇ်မင်း ဆက်မပြောချင်တော့သည်ကို မြင်လိုက်ရပြီး ဆက်မမေးတော့ပေ။
ကန်ချင်း နန်းတော်မှ ထွက်ခွာပြီးနောက် လီယွီသည် ကျင်းဝမ်ကို တံတောင်ဆစ်ဖြင့် အသာအယာထိကာ တီးတိုးမေးလိုက်သည်။
"ထျန်းချီ၊ နှင်းတောင်တွေရှိတဲ့နေရာကို သိလား"
အပြင်မှာ ကျင်းဝမ်က စကားပြောဖို့ အဆင်မပြေဘူး။ ထို့ကြောင့် သူသည် လီယွီ၏ လက်ဖဝါးကို အသုံးပြု၍ လော့လန်ဟူသော စကားလုံးနှစ်လုံးကို ရေးပြခဲ့သည်။
"လော့လန်က ဘာလဲ...?" လီယွီ အံသြသွားသည်။ သူသည် ကူးပြောင်းလာသောငါး ဖြစ်သည်။ ဒီလို လူမျိုးနှင့်ပတ်သက်သော ပထဝီဝင်ပညာက သူ့အတွက် သနားစရာကောင်းအောင်ပင် ဘာမှ မသိရပေ။ မူရင်းဝတ္ထုကြောင့် သူသည် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် ကျင်းကျွယ်ပြည်ကိုသာ သိသည်။ လော့လန်အကြောင်းကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်ဖြစ်သည်။
ကျင်းဝမ်က လော့လန် မှာ နှင်းတောင်တွေရှိတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ က ခမည်းတော်က လော့လန်ပြည်ကို ဖျက်ဆီးပစ်လိုက်တယ် ဟု တိတ်တဆိတ် ရေးပြခဲ့သည်။
လီယွီ: ".............................."
ဒါကြောင့် ဒီနိုင်ငံဟာ အမြစ်ပြတ်ပြီးခဲ့တာပေါ့... သူ တစ်ခါမှ မကြားဖူးတာ မဆန်းပါဘူး။
ဒါဆို ရွယ်ယားက လော့လန်ကနေ လာတာလား။
ကျင်းဝမ်ကို အန္တရာယ်ပြုဖို့ နောက်ကွယ်ကတရားခံက ဧကရာဇ်ကို အာ ရန်ငြိုးရှိလို့ ဖြစ်နိုင်တယ်ဆိုပြီး သူတွေးနေခဲ့သည်။ ဒါဆို ကြေကွဲစရာကောင်းလောက်အောင် မျိုးသုဉ်းသွားခဲ့တဲ့ လော့လန်ပြည်က လူတွေက ဧကရာဇ်ကို လက်စားချေဖို့ အခွင့်အရေးကို စောင့်စားဖို့အတွက် နန်းတော်ထဲကို စိမ့်ဝင်လာတာလား။
ဒါမှမဟုတ် လီယွီက အခုပဲ ဧကရာဇ်ရဲ့ ရှောင်တိမ်းနေတဲ့ အကြည့်တွေကို ပြန်အမှတ်ရပြီး ဧကရာဇ်မင်းကြီးဟာ လော့လန်က အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ခဲ့ဖူးပြီး သူ့ အနောက်ဆောင်ထဲကို သွင်းခဲ့ဖူးတာ သေချာသည်။ သို့သော် ဧကရာဇ်မင်းသည် ဧကရီ ရှောင်ဟွေ့ကို အချစ်ဆုံးဖြစ်သောကြောင့် လော့လန်မှ ကိုယ်လုပ်တော်က အချစ်မရှိရလို့ မင်းကြီးကို စတင်မုန်းတီးလာလိမ့်မည်။ ဒါကြောင့် သူမက ကျင်းဝမ်ကို တမင်သက်သက် ခုလို နာကျင်စေခဲ့တာလား။
လီယွီ ထိုအကြောင်းကို ပိုတွေးလေလေ၊ သူ၏ အတွေးများသည် ပို၍ ပြင်းထန်လေလေဖြစ်သည်။ ကျင်းဝမ်က ပြုံးပြီး လီယွီ၏ အင်္ကျီကို ဆွဲကိုင်လိုက်သည်။
ကိုယ့်နောက်လိုက်ခဲ့ပါ..... ကျင်းဝမ်က သူ့မျက်လုံးတွေနဲ့ အချက်ပြလိုက်သည်။
လီယွီသည် ကျင်းဝမ်နောက်သို့ ခဏလောက် လမ်းလျှောက်လိုက်သည်။ ကျင်းဝမ်က သူ့ကို အတော်လေး ရင်းနှီးတဲ့ ခြံဝင်းတစ်ခုဆီ ခေါ်ဆောင်လာခဲ့တာကို သူတွေ့ရှိခဲ့သည်။ လီယွီသည် ခြံဝင်း ကမ္ပည်းပြားကို တစ်ချက်ကြည့်လိုက်သည်။ ကျင်းထိုက် နန်းတော်။
သူ သည် ငါးတစ်ကောင်ဖြစ်စ အချိန်ကို ပြန်ပြောင်းသတိရကာ ကျင်းထိုက်နန်းတော်၌ ရက်အနည်းငယ် ကြာအောင်ပင် နေထိုင်ခဲ့သည်။ တစ်နှစ်ကျော်ကြာပြီးနောက် လီယွီသည် ယခုအခါ ကျင်းဝမ်အိမ်တော်တွင် ပိုမိုနေထိုင်လာခဲ့သည်။ ကျင်းထိုက် နန်းတော်သည် သူနှင့် သိပ် မရင်းနှီးသောနေရာတစ်ခု ဖြစ်လာခဲ့သည်။ အဲ့ဒါကြောင့် သူ ချက်ချင်းမမှတ်မိလိုက်ဘူး။
ကျင်းထိုက် နန်းတော်တွင် အစေခံများရှိသည်။ သူတို့၏သခင် ကျင်းဝမ်ကိုတွေ့သောအခါ အားလုံးက ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။
ကျင်းဝမ်က ထိုလူတွေကို အာရုံမစိုက်ပဲ လီယွီကို ဆွဲခေါ်ကာ အိပ်ခန်းကို ဝင်လိုက်သည်။
လီယွီ: ???
လီယွီရဲ့ အတွေးတွေက မှောင်လာပြီး သူ့မျက်နှာလေးက အနည်းငယ်နီမြန်းလာသည်။ မကြာသေးမီက သူသည် သမီးလေးလိုချင်ကြောင်း ငြီးတွားနေခဲ့သည်။ သို့သော်၊ ကျင်းဝမ်ထံမှ အနှစ်တွေကို အကြိမ်ပေါင်းများစွာ စုပ်ယူပြီးနောက် ကျင်းဝမ်၏ မျက်လုံးအောက်တွင် မျက်ကွင်းမည်းတွေ ဖြစ်အောင် လုပ်ခဲ့ပေမယ့် သူ့ထံတွင် သမီးတစ်ယောက်မျှ မရှိခဲ့သေးပေ။
"စိတ်ဝိညာဉ်ထဲသို့ တစ်ချက်တည်းရောင်အောင် လုပ်ဆောင်ခြင်း" မစ်ရှင် မရှိသဖြင့် ကလေးရဖို့က ခက်ခဲလှသည်။ လီယွီသည် သမီးတစ်ယောက်၇ဖို့အတွက် စိတ်မရှည်စွာ ဆုတောင်းခဲ့ပြီး အနည်းငယ် အယူသီးလာခဲ့သည်။
"တော်ဝင်မြို့တော်၊ ကျင်းအိမ်တော်" နှင့် "သမီး" ဟူသော စကားလုံးများ အချင်းချင်း ဆန့်ကျင်ဘက် ဖြစ်နေသလားပင် သူက စတင် သံသယဖြစ်မိသည်။ နောက်တစ်ကြိမ် ကလေးရအောင် ကြိုးစားဖို့ နေရာကို ပြောင်းဖို့ လိုသလားလို့ပင် တွေးနေခဲ့သည်။ ကျင်းဝမ်သည် လီယွီ၏ အလွန် ထောက်ထားစာနာသော ခင်ပွန်းကောင်း ဟူသော နာမည်နှင့် လိုက်လျောညီထွေစွာပင် ခေါင်းညိတ်ပြလိုက်ကာ ခေါင်းအုံးတစ်လုံး ယူလာခဲ့သည်။
ကျင်းထိုက် နန်းတော်က ကောင်းတယ်။ သူတို့ အချင်းချင်း တွေ့ဆုံရာ နေရာအဖြစ်လည်း ရေတွက်နိုင်သည်။ ဒီနေရာက နိမိတ်ကောင်းတဲ့နေရာဖြစ်လို့ ကလေးရနိုင်တယ်....
ကျင်းဝမ်သည် လော့လန်နှင့် ပတ်သက်သည့် အရာတစ်ခုကို သိပြီး ထိုစာကို ယူရန် လှည့်လိုက်သည်။ သူ ပြန်လှည့်ကြည့်လိုက်တော့ ဒီအချိန်တိုလေးအတွင်းမှာ ငါးကြင်းနတ်ဆိုးဟာ စောင်တွေထဲကို ချိုးငှက်တစ်ကောင်လို ဝင်နေပြီဖြစ်ပြီး စိုလက်တောက်ပနေတဲ့ မျက်လုံးတစ်စုံနဲ့ကြည့်ကာ လက်ယပ်ခေါ်ကာ သူ့ကို ဆွဲဆောင်နေတာကို တွေ့လိုက်ရသည်။
ကျင်းဝမ်: "......"
*******-********
Chapter (125-2) - ေလာ့လန္ျပည္
လီယြီက က်င္းဝမ္ တစ္ေယာက္ စကားလုံးအခ်ိဳ႕၏ အသံထြက္ကို ႐ုတ္တရက္ ေမ့သြားမည္ကို စိုးရိမ္ေသာေၾကာင့္ အေရးေပၚအခ်ိန္မ်ားတြင္ ႀကည့္နိုင္ဖို႕ အသုံးမ်ားေသာ စကားလုံးမ်ား၏ အသံထြက္ ဖ်င္းယင္း စာအုပ္ကို စီစဥ္ေပးခဲ့သည္။ က်င္းဝမ္က သူနဲ႔အတူ ထိုစာအုပ္ကို ေနရာတိုင္းကို အၿမဲ ယူေဆာင္လာခဲ့တယ္။ ေမ့သြားသည္ျဖစ္ေစ မေမ့သည္ျဖစ္ေစ တစ္ခ်က္ေလာက္ေတာ့ သူ ဖြင့္ၾကည့္ဖို႔ လိုေနေသးသည္။
လီယြီတစ္ေယာက္လံုး သူ႔ေဘးတြင္ရွိေနေသာ္လည္း က်င္းဝမ္က ဝမ္ေဖး အေပၚထားသည့္ ေျပာင္ေျမာက္ေသာ အခ်စ္ကို မရပ္တန႔္နိုင္ေပ။
မင္းႀကီး: "......"
က်င္းဝမ္၏ ဆြံ႕အျခင္းက ေပ်ာက္ကင္းလာၿပီးေနာက္ က်င္း-ဝမ္ေဖး ႏွင့္ က်င္းဝမ္အႀကား ခ်ိဳၿမိန္ေသာ ခ်စ္ျခင္းက အဆင့္တစ္ဆင့္သို႔ တိုးလာသည္ဟု ဧကရာဇ္မင္းႀကီး ခံစားခဲ့ရသည္။ ဧကရာဇ္သည္ သူ႕သားနွင့္ သားမက္ႀကား ခ်စ္ႀကည္ရင္းနွီးသည္ကို ျမင္ရၿပီး သူက ျပံဳးကာ မ်က္နွာကို တဖက္သို႕ လွည့္လိုက္သည္။ ဒါက ေခြးအစာကို ႀကိမ္ဖန္မ်ားစြာ ေကြ်းေမြးခံရသည့္ ခံစားခ်က္ျဖစ္သည္။
(ေခြးစာေကြ်းခံရျခင္း = စံုတြဲေတြ ကိုယ့္အေရွ႕မွာ ခ်စ္ႀကည္နူးျပသည္ကို ျမင္ရျခင္း)
အဓိကအေၾကာင္းအရာကိုျပန္သြားကာ က်င္းဇနီးေမာင္ႏွံႏွင့္ စကားအနည္းငယ္ေျပာၿပီးေနာက္ ဧကရာဇ္ဘုရင္က သူ၏လက္ရွိအေျခအေနမ်ားကို ရွင္းျပခဲ့သည္။
"ခမည္းေတာ္က တကယ့္ကို ပညာရွိပဲ။ ခမည္းေတာ္ သဲလြန္စေတြ အမ်ားႀကီး ရွာေတြ႕တာ ျမန္လိုက္တာ။"
လီယြီက ပထမဆုံး မင္းႀကီးကို ခ်ီးမြမ္းစကားဆိုလိုက္သည္။ ဧကရာဇ္သည္ ဤအခ်က္ကို အစြမ္းကုန္ စုံစမ္းခဲ့ၿပီး သတင္းအခ်က္အလတ္မ်ား လ်င္ျမန္စြာ ေရာက္ရွိလာတယ္ဆုိတာ ေသခ်ာသည္။ လီယြီသည္ ဤေနရာတြင္ လွ်ိဳ႕ဝွက္ဇာတ္လမ္းကို သိလိမ့္မည္ဟု ထင္ထားေပမယ့္ ပါဝင္သည့္ လူအနည္းငယ္က အမွန္တကယ္ပင္ ေသဆုံးသြားလိမ့္မည္ဟု လီယြီက မထင္ထားခဲ့ေပ။
မထင္မွတ္ဘဲ ခ်ီးမြမ္းျခင္းခံရေသာအခါ ဧကရာဇ္က ေခ်ာင္းဟန္႕လိုက္မိသည္။
"ဒါေပမယ့္ ျပစ္မႈက်ဴးလြန္သူရဲ႕ သဲလြန္စက လမ္းေပ်ာက္သြားျပီေလ။ ေလာေလာဆယ္ ဘာမွ ဆက္လုပ္လို႕မရေတာ့ဘူး "
လီယြီသည္ ဤစကားလုံးမ်ားကို ေစာင့္ေမွ်ာ္ေနတာျဖစ္သည္။
"ဒီလူေတြက ဒီမွာမရွိေတာ့ေပမယ့္ "သက္ေသပစၥည္း" ေတြ ရွိေနတုန္းပါပဲ။ အခ်ိဳ႕ "အရာေတြ"ကို ေျပာင္းလဲလို႕ မရပါဘူး ခမည္းေတာ္ဘုရား....ဒါေႀကာင့္ ရြယ္ယား ဘယ္က လာတယ္ဆုိတာ မစုံစမ္းပဲ မေနပါနဲ႕...."
လီယြီ၏ စကားလုံးမ်ားက တကယ့္အဓိက အခ်က္ကို ထိမွန္သြားခဲ့သည္။
ထိုေန႔တြင္ ရြယ္ယားက ႏွင္းထူထပ္ေသာ ေတာင္ထိပ္တြင္သာ ေပါက္ေရာက္သည္ဟု သမားေတာ္အုိႀကီး ေျပာသည္ကို ႀကားလိုက္ရသည္။ ယခု နုိင္ငံ၏ နယ္နိမိတ္အတြင္းတြင္ ႏွင္းထူထပ္ေသာ ေတာင္မ်ား မရွိေသာေၾကာင့္ ရြယ္ယားကို ျမင္ရဖုိ႕ဆုိတာ အင္မတ္ ရွားပါးလွသည္။ ေတာ္ဝင္ေဆးကုသေဆာင္မွာပင္ ရြယ္ယားမရွိေပ။
"........ ဒါက သံသယျဖစ္စရာ တစ္ခုပဲ။ ပူလွ်ိဳက ေတာ္ဝင္သမားေတာ္ေတြေတာင္ လက္လွမ္းမမီတဲ့ ေဆးကို ဘာေၾကာင့္ ပိုင္ဆိုင္နိုင္တာလဲ။ ဒါ့အျပင္ ရြယ္ယားက ပုံမွန္အားျဖင့္ က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ ျဖည့္စြက္စာျဖစ္တယ္။ ဂ်င္ဆင္းႏွင့္ေတြ႕ၿပီးမွသာ အဆိပ္ျဖစ္လာလိမ့္မည္။ ေနာက္ကြယ္က တကယ့္ တရားခံက ဒီ ေဆးအေႀကာင္းကို ေသခ်ာသိရမယ္။ ဒါမွမဟုတ္ အနည္းဆုံးေတာ့ ရြယ္ယားရဲ႕အဆိပ္အေၾကာင္း သိလိမ့္မယ္လို႕ ထင္ပါတယ္။"
ေဆးေဖာ္ျမဴလာသည္ မူလက ခႏၶာကိုယ္အား သန္မာေစေသာ ေဆးၫႊန္းျဖစ္သည္ဟု သမားေတာ္အိုက ေျပာခဲ့သည္။ သို႔ေသာ္ ရြယ္ယား ေဆးတမယ္ကို ထပ္တိုးလိုက္ပါက ျဖစ္လာမည့္ အက်ိဳးသက္ေရာက္မႈကို မသိသူမ်ားသည္ ရြယ္ယားကိုထည့္ျခင္းျဖင့္ ျဖည့္စြက္စာထည့္လိုက္သကဲ့သို႔ျဖစ္မည္ဟုသာ ယုံၾကည္ ႀကမည္ျဖစ္သည္။ ဤအရာသည္ လူေတြရဲ႕ မ်က္စိေရွ႕မွာပင္ ရည္ရြယ္ခ်က္ရွိရွိ လုပ္ခဲ့တာျဖစ္သည္။
လီယြီ၏ စကားမ်ားသည္ ဤေနရာတြင္ ရပ္သြားသည္။ သူ႔ရင္ထဲမွာ စိုးရိမ္စိတ္ေတြ တရိပ္ရိပ္နဲ႔ တိုးလာခဲ့သည္။ ရြယ္ယားဟာ ဒီႏိုင္ငံမွာ ရွားပါးသည္။ ထိုအဆိပ္သည္ တိုင္းတပါးသား မ်ားနွင့္ ဆက္စပ္ ေနနုိင္မလား...
သို႔ေသာ္ ဤႏွစ္မ်ားအတြင္းတြင္ ဧကရာဇ္၏ အေနာက္နန္းေဆာင္ထဲမွာ တိုင္းတပါးက ကိုယ္လုပ္ေတာ္မ်ား မရွိခဲ့ေပ။
ဥပမာ က်င္းကြ်ယ္ျပည္မ်ိဳးေပါ့... ဧကရာဇ္သည္ က်င္းကြ်ယ္ျပည္ ႏွင့္ မဟာမိတ္ဖြဲ႕ၿပီး ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးေအာင္ လက္ထပ္ပြဲ လုပ္ခဲ့သည့္တိုင္ ဧကရာဇ္ဘုရင္သည္ က်င္းကြ်ယ္ျပည္ မင္းသမီးကို မင္းသားတစ္ပါးႏွင့္ လက္ထပ္ခြင့္ျပဳေပမယ့္ သူကိုယ္တိုင္က က်င္းကြ်ယ္ျပည္မွ မည္သူ႔ကိုမွ် ကိုယ္လုပ္ေတာ္ အျဖစ္ေကာက္ယူမည္မဟုတ္ေပ။
ဒါက ဧကရာဇ္မင္း၏ ပုံစံျဖစ္သည္။
ပူလွ်ိဳ၏ ရြယ္ယားသည္ တိုင္းတပါးမွ လာသည့္ အရာ ျဖစ္မည္ဟု လီယြီသံသယရွိခဲ့သည္။ ရြယ္ယားက ဘယ္က လာတာလဲ။ ပူလွ်ိဳ ကိုယ္တိုင္က တိုင္းတပါးသား တစ္ေယာက္လား။
လီယြီ အေၾကာင္းကို ပိုေတြးေလေလ သံသယျဖစ္ေလပင္။ သူ႕ မသိစိတ္ကေတြးမိျပီး မင္းႀကီးကို နူတ္မွ ထုတ္ေမးလိုက္မိသည္။
ဧကရာဇ္သည္ ထိုအေမးေႀကာင့္ ေခတၱမွ် အံ့အားသင့္သြားၿပီး ေလးေလးနက္နက္ ေတြးေတာမိသြားသည္။ ခဏအၾကာတြင္၊ သူသည္ "လူေတြကို ရြယ္ယားအေႀကာင္းကို စတင္စုံစမ္းၿပီး ရွာေဖြမႈကို ဆက္လက္လုပ္ေဆာင္ဖို႔ က်န္း..အမိန႔္ေပးမွာပါ" လို႔ ေျပာခဲ့သည္။
လီယြီသည္ ဧကရာဇ္မင္း ဆက္မေျပာခ်င္ေတာ့သည္ကို ျမင္လိုက္ရၿပီး ဆက္မေမးေတာ့ေပ။
ကန္ခ်င္း နန္းေတာ္မွ ထြက္ခြာၿပီးေနာက္ လီယြီသည္ က်င္းဝမ္ကို တံေတာင္ဆစ္ျဖင့္ အသာအယာထိကာ တီးတိုးေမးလိုက္သည္။
"ထ်န္းခ်ီ၊ ႏွင္းေတာင္ေတြရွိတဲ့ေနရာကို သိလား"
အျပင္မွာ က်င္းဝမ္က စကားေျပာဖို႔ အဆင္မေျပဘူး။ ထို႔ေၾကာင့္ သူသည္ လီယြီ၏ လက္ဖဝါးကို အသုံးျပဳ၍ ေလာ့လန္ဟူေသာ စကားလုံးႏွစ္လုံးကို ေရးျပခဲ့သည္။
"ေလာ့လန္က ဘာလဲ...?" လီယြီ အံၾသသြားသည္။ သူသည္ ကူးေျပာင္းလာေသာငါး ျဖစ္သည္။ ဒီလို လူမ်ိဳးႏွင့္ပတ္သက္ေသာ ပထဝီဝင္ပညာက သူ႕အတြက္ သနားစရာေကာင္းေအာင္ပင္ ဘာမွ မသိရေပ။ မူရင္းဝတၳဳေၾကာင့္ သူသည္ အိမ္နီးခ်င္းႏိုင္ငံတစ္ခုျဖစ္သည့္ က်င္းကြ်ယ္ျပည္ကိုသာ သိသည္။ ေလာ့လန္အေၾကာင္းကို သူ ပထမဆုံးအႀကိမ္ ၾကားဖူးျခင္းပင္ျဖစ္သည္။
က်င္းဝမ္က ေလာ့လန္ မွာ ႏွင္းေတာင္ေတြရွိတယ္။ လြန္ခဲ့တဲ့ အႏွစ္ ၃၀ က ခမည္းေတာ္က ေလာ့လန္ျပည္ကို ဖ်က္ဆီးပစ္လိုက္တယ္ ဟု တိတ္တဆိတ္ ေရးျပခဲ့သည္။
လီယြီ: ".............................."
ဒါေၾကာင့္ ဒီႏိုင္ငံဟာ အျမစ္ျပတ္ၿပီးခဲ့တာေပါ့... သူ တစ္ခါမွ မၾကားဖူးတာ မဆန္းပါဘူး။
ဒါဆို ရြယ္ယားက ေလာ့လန္ကေန လာတာလား။
က်င္းဝမ္ကို အႏၲရာယ္ျပဳဖို႔ ေနာက္ကြယ္ကတရားခံက ဧကရာဇ္ကို အာ ရန္ျငိဳးရွိလို႕ ျဖစ္နုိင္တယ္ဆိုျပီး သူေတြးေနခဲ့သည္။ ဒါဆို ေၾကကြဲစရာေကာင္းေလာက္ေအာင္ မ်ိဳးသုဥ္းသြားခဲ့တဲ့ ေလာ့လန္ျပည္က လူေတြက ဧကရာဇ္ကို လက္စားေခ်ဖို႔ အခြင့္အေရးကို ေစာင့္စားဖို႔အတြက္ နန္းေတာ္ထဲကို စိမ့္ဝင္လာတာလား။
ဒါမွမဟုတ္ လီယြီက အခုပဲ ဧကရာဇ္ရဲ႕ ေရွာင္တိမ္းေနတဲ့ အၾကည့္ေတြကို ျပန္အမွတ္ရၿပီး ဧကရာဇ္မင္းႀကီးဟာ ေလာ့လန္က အမ်ိဳးသမီးတစ္ဦးနဲ႔ လက္ထပ္ခဲ့ဖူးၿပီး သူ႔ အေနာက္ေဆာင္ထဲကို သြင္းခဲ့ဖူးတာ ေသခ်ာသည္။ သို႔ေသာ္ ဧကရာဇ္မင္းသည္ ဧကရီ ေရွာင္ေဟြ႕ကို အခ်စ္ဆုံးျဖစ္ေသာေၾကာင့္ ေလာ့လန္မွ ကိုယ္လုပ္ေတာ္က အခ်စ္မရွိရလို႕ မင္းႀကီးကို စတင္မုန္းတီးလာလိမ့္မည္။ ဒါေႀကာင့္ သူမက က်င္းဝမ္ကို တမင္သက္သက္ ခုလို နာက်င္ေစခဲ့တာလား။
လီယြီ ထိုအေၾကာင္းကို ပိုေတြးေလေလ၊ သူ၏ အေတြးမ်ားသည္ ပို၍ ျပင္းထန္ေလေလျဖစ္သည္။ က်င္းဝမ္က ၿပဳံးၿပီး လီယြီ၏ အက်ႌကို ဆြဲကိုင္လိုက္သည္။
ကိုယ့္ေနာက္လိုက္ခဲ့ပါ..... က်င္းဝမ္က သူ႔မ်က္လုံးေတြနဲ႔ အခ်က္ျပလိုက္သည္။
လီယြီသည္ က်င္းဝမ္ေနာက္သို႔ ခဏေလာက္ လမ္းေလွ်ာက္လိုက္သည္။ က်င္းဝမ္က သူ႔ကို အေတာ္ေလး ရင္းႏွီးတဲ့ ၿခံဝင္းတစ္ခုဆီ ေခၚေဆာင္လာခဲ့တာကို သူေတြ႕ရွိခဲ့သည္။ လီယြီသည္ ျခံဝင္း ကမၸည္းျပားကို တစ္ခ်က္ၾကည့္လိုက္သည္။ က်င္းထိုက္ နန္းေတာ္။
သူ သည္ ငါးတစ္ေကာင္ျဖစ္စ အခ်ိန္ကို ျပန္ေျပာင္းသတိရကာ က်င္းထိုက္နန္းေတာ္၌ ရက္အနည္းငယ္ ႀကာေအာင္ပင္ ေနထိုင္ခဲ့သည္။ တစ္ႏွစ္ေက်ာ္ၾကာၿပီးေနာက္ လီယြီသည္ ယခုအခါ က်င္းဝမ္အိမ္ေတာ္တြင္ ပိုမိုေနထိုင္လာခဲ့သည္။ က်င္းထိုက္ နန္းေတာ္သည္ သူနွင့္ သိပ္ မရင္းႏွီးေသာေနရာတစ္ခု ျဖစ္လာခဲ့သည္။ အဲ့ဒါေၾကာင့္ သူ ခ်က္ခ်င္းမမွတ္မိလိုက္ဘူး။
က်င္းထိုက္ နန္းေတာ္တြင္ အေစခံမ်ားရွိသည္။ သူတို႔၏သခင္ က်င္းဝမ္ကိုေတြ႕ေသာအခါ အားလုံးက ယဥ္ေက်းစြာ ႏႈတ္ဆက္ၾကသည္။
က်င္းဝမ္က ထိုလူေတြကို အာ႐ုံမစိုက္ပဲ လီယြီကို ဆြဲေခၚကာ အိပ္ခန္းကို ဝင္လိုက္သည္။
လီယြီ: ???
လီယြီရဲ႕ အေတြးေတြက ေမွာင္လာျပီး သူ႕မ်က္နွာေလးက အနည္းငယ္နီျမန္းလာသည္။ မၾကာေသးမီက သူသည္ သမီးေလးလိုခ်င္ေၾကာင္း ၿငီးတြားေနခဲ့သည္။ သို႔ေသာ္၊ က်င္းဝမ္ထံမွ အႏွစ္ေတြကို အႀကိမ္ေပါင္းမ်ားစြာ စုပ္ယူၿပီးေနာက္ က်င္းဝမ္၏ မ်က္လုံးေအာက္တြင္ မ်က္ကြင္းမည္းေတြ ျဖစ္ေအာင္ လုပ္ခဲ့ေပမယ့္ သူ႕ထံတြင္ သမီးတစ္ေယာက္မွ် မရွိခဲ့ေသးေပ။
"စိတ္ဝိညာဥ္ထဲသို႔ တစ္ခ်က္တည္းေရာင္ေအာင္ လုပ္ေဆာင္ျခင္း" မစ္ရွင္ မရွိသျဖင့္ ကေလးရဖို႕က ခက္ခဲလွသည္။ လီယြီသည္ သမီးတစ္ေယာက္၇ဖို႕အတြက္ စိတ္မရွည္စြာ ဆုေတာင္းခဲ့ၿပီး အနည္းငယ္ အယူသီးလာခဲ့သည္။
"ေတာ္ဝင္ျမိဳ႕ေတာ္၊ က်င္းအိမ္ေတာ္" ႏွင့္ "သမီး" ဟူေသာ စကားလုံးမ်ား အခ်င္းခ်င္း ဆန္႕က်င္ဘက္ ျဖစ္ေနသလားပင္ သူက စတင္ သံသယျဖစ္မိသည္။ ေနာက္တစ္ႀကိမ္ ကေလးရေအာင္ ႀကိဳးစားဖို႔ ေနရာကို ေျပာင္းဖို႔ လုိသလားလို႕ပင္ ေတြးေနခဲ့သည္။ က်င္းဝမ္သည္ လီယြီ၏ အလြန္ ေထာက္ထားစာနာေသာ ခင္ပြန္းေကာင္း ဟူေသာ နာမည္ႏွင့္ လိုက္ေလ်ာညီေထြစြာပင္ ေခါင္းညိတ္ျပလိုက္ကာ ေခါင္းအုံးတစ္လုံး ယူလာခဲ့သည္။
က်င္းထိုက္ နန္းေတာ္က ေကာင္းတယ္။ သူတို႕ အခ်င္းခ်င္း ေတြ႕ဆုံရာ ေနရာအျဖစ္လည္း ေရတြက္ႏိုင္သည္။ ဒီေနရာက နိမိတ္ေကာင္းတဲ့ေနရာျဖစ္လို႕ ကေလးရနုိင္တယ္....
က်င္းဝမ္သည္ ေလာ့လန္ႏွင့္ ပတ္သက္သည့္ အရာတစ္ခုကို သိၿပီး ထိုစာကို ယူရန္ လွည့္လိုက္သည္။ သူ ျပန္လွည့္ၾကည့္လိုက္ေတာ့ ဒီအခ်ိန္တိုေလးအတြင္းမွာ ငါးၾကင္းနတ္ဆိုးဟာ ေစာင္ေတြထဲကို ခ်ိဳးငွက္တစ္ေကာင္လို ဝင္ေနၿပီျဖစ္ၿပီး စိုလက္ေတာက္ပေနတဲ့ မ်က္လုံးတစ္စုံနဲ႕ႀကည့္ကာ လက္ယပ္ေခၚကာ သူ႔ကို ဆြဲေဆာင္ေနတာကို ေတြ႕လိုက္ရသည္။
က်င္းဝမ္: "......"
*******-********