Chapter (116-1) - မင်းကြီး၏ယုံကြည်မှုှု
အကယ်၍ ထိုသို့စွပ်စွဲချက်က အခြားသော တော်ဝင်မြေးတော်များ ဖြစ်ပါက ဧကရာဇ်က ဖြစ်နိုင်သည်ဟုတွေးလိမ့်မည်။ သူသည် ဒါကို အခွင့်ရေးလို သဘောထားကာ သွေးသားစမ်းသပ်ရန် သဘောတူလိမ့်မည်။ လူဆိုတာ အမြဲတစေ မရင်းနှီးသူများနှင့် မရင်းနှီးသော အရာများအပေါ်တွင် သံသယထားတတ်သည်။ သို့သော်လည်း ကျင်းဝမ်၏ကလေးများအတွက်မူ သူတို့သုံးဦးသည် ငယ်စဉ်က ကျင်းဝမ်နှင့် အလွန်ဆင်တူကြောင်း ဧကရာဇ်က လုံးဝ မှတ်မိနေလို့ သူ့ကို မျက်ကန်းများ မှတ်နေတာလား။
ဆန့်ကျင်ဘက်အနေနဲ့ သူ့ကို သံသယဖြစ်စေတဲ့အရာကတော့ မင်းသားလီထံ ဒီလျှို့ဝှက်ချက်ကို သတင်းပေးခဲ့တဲ့ သတင်းပေးသူ၊ ကိုယ်လုပ်တော် လျှို ရဲ့ အရှုပ်တော်ပုံနဲ့ တစ်စုံတစ်ဦးနဲ့ ဆုံတွေ့နေတာကို ဖမ်းမိခြင်းဖြစ်ရပ်သာ ဖြစ်သည်။ ဧကရာဇ်မင်းသည် လော့လွေ့စိန်းကို ထိုသတင်းကို ထိန်းချုပ်ရန် အမိန့်ပေးထားပြီးဖြစ်သည်။ ဒါနဲ့ မင်းသားလီက ဒီအကြောင်းကို ဘယ်ကနေ သိခဲ့တာလဲ။
မင်းသားလီအပေါ် ဧကရာဇ်မင်း၏ယုံကြည်မှုသည် ခဏတာပေါ်လာတာမဟုတ်ပေ။ ယင်းအစား ငယ်စဉ်ကတည်းက တဖြည်းဖြည်း ယုံကြည်လာခဲ့တာဖြစ်သည်။ ဒီလိုမှမဟုတ်ရင် ဒီညီငယ်ကို တော်ဝင်မိသားစုမျိုးနွယ်ကို ထိန်းချုပ်ဖို့ ခွင့်မပြုဘဲ တော်ဝင်မျိုးနွယ်ဆက်နွယ်တဲ့ ပြဿနာအားလုံးကို ဂရုစိုက်ဖို့ တာဝန်ပေးမှာ မဟုတ်ဘူး။ ဒါက မင်းသားလီရဲ့ အကြံအစည်တစ်ခု မဟုတ်ဘူးဆိုတာ သူ သေချာပေါက် သိသည်။ အဲဒီအခါမှာ တစ်စုံတစ်ယောက်က ဒီအချက်အလက်ကို မင်းသားလီထံ တမင်တကာ လွှဲပေးခဲ့တယ်လို့ ဆိုလိုခြင်းဖြစ်သည်။
ပထမတော့ လျှို့ဝှက်စာတစ်စောင်ရှိတော့ မင်းသားလီကို ကိုယ်လုပ်တော် လျှို ရဲ့ ယောကျာ်း တစ်ယောက်နှင့် တွေ့ဆုံကြောင်းကို မင်းသားလီကို စစ်ဆေးခွင့် ပေးလိုက်သည်။ ထုံးစံအတိုင်း မင်းသားလီသည် ဧကရာဇ်မင်းအား သတိပေးရန် အမဲလိုက်စခန်းသို့ ပြေးရလောက်အောင် ရေးထား သောစာထဲကပါသည့် အကြောင်းအရာများအတွက် ပို၍ စိုးရိမ်ပူပန်မိသည်။ ဧကရာဇ်သည် အခြေအနေ အများစုတွင် မင်းသားလီ၏အကြံဉာဏ်ကို နားထောင်လေ့ရှိသည်။ ကျင်းဝမ် ရဲ့ ကလေးတွေအပေါ် နားလည်မှု မပေးခဲ့ဘူးဆိုရင် အဲဒီကလေးတွေနဲ့ အဌမမင်းသားတို့ဟာ သူတို့ရဲ့ သွေးသားမျိုးဆက် အထောက်အထားတွေကို အတည်ပြုဖို့ အတင်းအကြပ် စစ်ဆေးဖို့ ခိုင်းစေခံရနိုင်သည်။
အဲဒါတွေနဲ့ပတ်သတ်ပြီးရင် ဘာဖြစ်မယ်ဆိုတာ သတင်းပေးစာထဲမှာ ရေးထားပြီးဖြစ်သည်။ သူတို့သည် "ကျင်းဝမ်" နှင့် တော်ဝင်မိသားစုဝင်မဟုတ်ကြောင်း သက်သေပြဖို့ပဲ မဟုတ်လား။
ဧကရာဇ်မင်းသည် လွန်ခဲ့သည့်နှစ်များစွာက ထီးနန်းတိုက်ပွဲကို တွေ့ကြုံခဲ့ဖူးပြီး ရှက်ဖွယ်ကောင်းသော အကြောင်းရာစွာကိုလည်း သိခဲ့သည်။ အဲဒါကြောင့် သူက အခုဖြစ်ပျက်သည့်အပေါ် ဒေါသအရမ်းထွက် နေခြင်းဖြစ်သည်။
အဌမမင်းသား၏ သွေးစစ်ချက် ရလဒ်သည်မည်သို့ပင်ဖြစ်ပါစေ၊ ကိုယ်လုပ်တော် လျှို ကြောင့် အဌမမင်းသားကို အမြဲတမ်း မကြည်သာခြင်း၊ သံသယဝင်ခြင်းဖြင့်သာ အဆုံးသတ်သွားလိမ့်မည်။ တစ်ချိန်တည်းတွင်၊ ကျင်းဝမ် ၏ကလေးများနှင့် ပတ်သတ်ပြီး ပြဿနာတစ်စုံတစ်ရာရှိခဲ့ပါက၊ သူ နှင့် ကျင်းဝမ်၏ ဆက်ဆံရေးလည်း အဆုံးသတ်သွားဖွယ်ရှိသည်။
ထိုသည်မှာ ကျောက်ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို သတ်ဖို့ စီစဉ်ထားသည့် အန္တရာယ်ပင်ဖြစ်သည်။ အကယ်၍သာ ထိုအစီစဉ် အမှန်တကယ်အောင်မြင်ခဲ့ပါက အဌမမင်းသားနှင့် ကျင်းဝမ် တို့ကို သူက စွန့်ပစ်ရမည်ဖြစ်သည်။
ကံကောင်းစွာပဲ၊ ဒီကလေးတွေအပေါ် သူ့ရဲ့ယုံကြည်မှုကြောင့် ဒီအဆိပ်ပြင်းတဲ့အစီအစဉ်ကို ချက်ခြင်းမြင်လိုက်နိုင်သည်။ မဟုတ်ရင် သူ လှည့်စားခံရရင် ပေါင်းရိ ဘာဖြစ်သွားမလဲ။
ဧကရာဇ်သည် ထပ်၍မတွေးဝံ့တော့ပေ။
"ထျန်းချီ မင်းမှာ အကြံရှိလား"
ဧကရာဇ်က ကျင်းဝမ်ကို မေးလိုက်သည်။ ကျင်းဝမ် လည်း သူ လုပ်သလိုမျိုး ဒီနေရာမှာ ပြဿနာတွေကို မြင်နိုင်မယ်လို့ မျှော်လင့်မိသည်။
ကျင်းဝမ် လည်း လေးလေးနက်နက် တွေးနေမိသည်။ ပေါင်းရိအပေါ် ဧကရာဇ်၏ အကာအကွယ်ပေး သောခံစားချက်သည် သူ၏မူလအစီအစဉ်များကို အနည်းငယ်ပြောင်းလဲရန် လိုအပ်နိုင်ကြောင်း ကျင်းဝမ် သဘောပေါက်သွားခဲ့သည်။
ကျင်းဝမ် ခဏစဉ်းစားပြီးနောက် ဧကရာဇ်မင်းထံမှ စုတ်တံနှင့်စာရွက်ကိုတောင်းကာ မြန်မြန်ဆန်ဆန် ရေးသားခဲ့သည်။
ကိုယ်လုပ်တော် လျှိုက ငါးစာဖြစ်တယ်။ တစ်စုံတစ်ယောက် သားတော်ကို မှားယွင်းတဲ့ စွဲချက်တစ်ခု ဖန်တီးဖို့ ပေါင်းရိကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာဖြစ်တယ်...
ဧကရာဇ်သည် ခေါင်းညိတ်လိုက်ည်။ ကျင်းဝမ် က တော်တော် ဉာဏ်ကောင်းပြီး ထိုးထွင်းမြင်နိုင်တဲ့ပုံပဲ။
ဧကရာဇ်က မေးလာတဲ့အတွက် ကျင်းဝမ် က တခြားအရာတွေကို ထုတ်ပြောဖို့ အခွင့်အရေးရခဲ့သည်။
လွန်ခဲ့သောရက်အနည်းငယ်က သူခိုးတစ်ယောက်က ပေါင်းရိရဲ့ သွေးကိုခိုးယူဖို့ ကျင်းအိမ်တော်ကို တိတ်တဆိတ်ဝင်ရောက်လာခဲ့တယ်။ ဒါပေမယ့် သူက အခြားသူရဲ့ သွေးကိုပဲ ရရှိခဲ့တယ်ဆိုတာ မသိကြဘူး။
ကျင်းဝမ် သည် ဧကရာဇ်၏ တန်ပြန်တိုက်ခိုက်ခြင်းက သူ့ အစီစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သည်ကို ဧကရာဇ်မင်း မသိစေဘဲ ယင်းကို လိမ္မာပါးနပ်စွာ ရှင်းပြရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ ထိုသူခိုးနောက်ကွယ်တွင် မည်သူရှိနိုင်မလဲ....ဆိုတာ ကျင်းဝမ် က တိုက်ရိုက်ပြောလိုက်ရင် မင်းကြီးက သူ့ကို သံသယဝင်သွားနိုင်သည်။
ဤနေရာတွင် မည်သူက အကျိုးအရှိဆုံးဖြစ်မည်ကို ဖော်ပြရန် မလိုအပ်ကြောင်း ကျင်းဝမ် က ယုံကြည်သည်။ ဧကရာဇ်တစ်ယောက် ဒါကို သူ့ဘာသာသူ အဖြေထုတ်နိုင်သည်။
မင်းကြီး: "......"
ဧကရာဇ်မင်းသည် နောက်ဆုံးတွင် ပေါင်းရိသည် ကျင်းဝမ် ငယ်ရွယ်စဉ်ကနှင့် အလွန်ဆင်တူသော အကြောင်းရင်းကို နားလည်ခဲ့သည်။ သူ့ကိုယ်သူလည်း အပြစ်တင်လိုက်မိသည်။ ကျင်းဝမ် ၏စကားများက အခုဖြစ်နေသည့်အဖြစ်ပျက်က ကြိုတင်ကြံစည်မှုဖြစ်ကြောင်း ပိုမိုသက်သေပြခဲ့သည်။
ဒါဆို ကိုယ်လုပ်တော် လျှို ရဲ့အဖြစ်ပျက်ကော ဘယ်လိုလဲ။
ယခုတော့ ဧကရာဇ်မင်းသည် ကိုယ်လုပ်တော်လျှိုတစ်ယောက် မြေပြင်ပေါ်တွင် ဒူးထောက်ပြီး သူ့ကို အသဲအသန် တောင်းပန်နေပုံကို ပြန်သတိရလာသည်။ ကိုယ်လုပ်တော်လျှို ၏တဲအတွင်း၌ ထူးဆန်းသောလူ တစ်ဦးကို ဖမ်းမိခဲ့သည်။ ကိုယ်လုပ်တော် လျှို ကလည်း သူမသည် တစ်ချိန်က ထိုလူကို သိကြောင်း ဝန်ခံခဲ့သည်။ သို့သော်လည်း ကိုယ်လုပ်တော်လျှိုသည် နန်းတော်သို့ ဝင်ရောက်ပြီးနောက် သူတို့ နှစ်ဦး ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ခဲပြီးကြောင်း အကြိမ်ကြိမ် ကျိန်ဆိုခဲ့သည်။ ထိုလူသည် အမဲလိုက်ကွင်းအတွင်း ရုတ်တရက်ပေါ်လာပြီး သူမ၏တဲထဲသို့ အဘယ်ကြောင့် ဝင်လာသည်ကို သူမပင်မသိခဲ့ေ။
ဟိုမှာ- ဒီမှာ လူတွေ ဝင်ချင်သလို ဝင်နိုင်အောင် လုံခြုံရေးက ဘယ်လိုတွေဖြစ်ကုန်ပြီလဲ...
ကံကောင်းစွာနဲ့ပဲ မနေ့က သူ့ဒေါသကြောင့် လူကိုတစ်ခါတည်း မသတ်ခဲ့မိပေ။ မဟုတ်ရင် ဒီအဖြစ်ပျက်မှန်ကို ပြန်ပြောနိုင်မယ့် အသက်ရှင်နေမယ့်သူ မရှိနိုင်တော့ဘူး။
ကိုယ်လုပ်တော် လျှို ကို ဧကရာဇ်နန်းတော်သို့ ညတွင်းချင်း ပြန်ပို့ပြီးဖြစ်သည်။ ဧကရာဇ်သည် ထိုလူကို စစ်ဆေးမေးမြန်းရန် ဆုံးဖြတ်ခဲ့သည်။ဟိုအစောင့်တွေက သူ့အသက်ရှုသံ ရပ်တန့်လုနီးပါးထိ ရိုက်နှက်ခံခဲ့ရလို့ သဲလွန်စအသစ်များ ရှိကောင်းရှိနိုင်လောက်မည်ထင်သည်။
"မင်း ဒီမှာနေ။ တဲကိုပြန်ဖို့ မလိုဘူး။ အမှန်တရားကို စုံစမ်းပြီးတဲ့အထိ စောင့်နေ။" ဧကရာဇ်က ကျင်းဝမ် ကို ပြောလိုက်သည်။
ဧကရာဇ်က ကျင်းဝမ်ကို မယုံကြည်တဲ့အတွက်ကြောင့် မဟုတ်ပေ။ ယင်းအစား၊ ဧကရာဇ်သည် ယခုဖြစ်ရပ် နောက်ကွယ်ရှိတရားခံအား မှားယွင်းသောသဲလွန်စကို ပေးကာ မြှားခေါ်ချင်သဖြင့် တမင်လုပ်နေခြင်း ဖြစ်သည်။ ကျင်းဝမ် က ပိတ်လှောင်ခံထားရသည်ဟု အခြားသူများက ယုံကြည်စေခြင်းဖြင့် စုံစမ်းစစ်ဆေးမှုကို ပိုမိုချောမွေ့စေမည်ဖြစ်သည်။
ဧကရာဇ်သည် အခြားအစီအစဉ်အချို့ရှိရမည်ကို ကျင်းဝမ် နားလည်ပြီး ဒူးထောက်လိုက်သည်။
"ထျန်းချီ မင်းဘာဖြစ်နေတာလဲ" ဧကရာဇ်သည် ကျင်းဝမ်၏ အဓိပ္ပါယ်ကို နားမလည်ပေ။
ကျင်းဝမ် သည် သူ့တဲဆီသို့ လက်ညှိုးညွှန်ပြပြီး ဧကရာဇ်ကို ကြည့်လိုက်သည်။
ဧကရာဇ်က မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။
"လီယွီနဲ့ ကလေးတွေကို စိတ်ပူနေတာလား။ မပူပါနဲ့။ လော့လွေ့စိန်းက မင်းအတွက် နှုတ်ကတိစကား ပေးလို့ရတယ်။"
စိတ်ပူရုံသာမက ကျင်းဝမ်က ခေါင်းကို ငြင်သာစွာ ယမ်းလိုက်သည်။
မင်းကြီးက ကျင်းဝမ်နှင့် သူ့ဝမ်ဖေးကြား အတော်လေးကို ချစ်ခင်ကြသည်ကို ပြန်သတိရလိုက်ကာ ပြောလိုက်သည်။
"မင်းရဲ့ဝမ်ဖေးဆီကို စာရေးပြီး မင်းတံဆိပ်ကို ခပ်နှိပ်ပြီး လော့လွေ့စိန်းကို သွားပို့ခိုင်းမလား?"
ကျင်းဝမ်က ခဏတုန့်ဆိုင်းသွားပြီးမှ ခေါင်းယမ်းလိုက်ပြန်သည်။
မင်းကြီး: "......"
"မင်းဘာလိုချင်တာအမှန်လဲ"
ကြိမ်ဖန်များစွာ မှန်းဆသော်လည်း မှန်ကန်စွာ မရနိုင်သောကြောင့် ဧကရာဇ်သည် အနည်းငယ် စိတ်ဆိုးသွားခဲ့သည်။ သူ မသိစိတ်က အသံထွက်လာသည်-
"သူတို့ကို ငါ ခေါ်လာပြီး မင်းနဲ့ အတူတူ နေခိုင်းရမှာလား"
ဧကရာဇ်သည် မူလက ထိုအရာကို ပေါ့ပေါ့ဆဆပြောထွက်ခဲ့ပေမယ့် မထင်မှတ်ပဲ၊ ကျင်းဝမ် က သူ့လက်ကို လေးလေးနက်နက် ဆုပ်ကိုင်လိုက်ပြီး သူ့ကို ကျေးဇူးတင်နေမိသည် ။
မင်းကြီး: "......"
ဧကရာဇ်သည် ကျင်းဝမ် ကြောင့် သေလုနီးပါး ဒေါသထွက်ခဲ့သည်။ သူ့လက်ကို ဝှေ့ယမ်းပြီး အမြန်ပြောလိုက်သည်။
"ကောင်းပြီ။ ငါ လော့လွေ့စိန်းကို ကိုယ်တိုင် သွားခေါ်ခိုင်းလိုက်မယ်"
လော့လွေ့စိန်းက ချက်ချင်း သဘောတူပြီး ကျင်းဝမ် ကို သူ ဘယ်လိုပြောခဲ့ရမလဲလို့ မေးခဲ့သည်။
ကျင်းဝမ် သည် ခေါင်းငုံ့ကာ အနီရောင်ကြိုးဖြင့် ချည်ထားသော ငွေရောင်ပုလဲလုံးကို ဆွဲထုတ်လိုက်သည်။
ဧကရာဇ်သည် လက်တွေ့တွင် ကိုယ်လက်မအီမသာဖြစ်ခဲ့ပြီး ကျင်းဝမ်ကို နောက်ထပ်အနှောက်အယှက် မပေးလိုကြောင်း ထုတ်ဖော်ခဲ့သည်။ ကျင်းဝမ် ၏လည်ပင်းမှာ ချိတ်ဆွဲထားတဲ့ ထိုအရာတစ်ခုပဲ မရည်ရွယ်ဘဲ မြင်လိုက်သေးတယ်။ ငွေရောင်ပုလဲလုံးအပြင် အခြားအရာ ရှိနေသေးသည်။
ဧကရာဇ်သည် တိတ်ဆိတ်စွာ ကျိန်ဆဲလိုက်သည်။ အဲဒါ ဘာကြီးလဲ။
ကျင်းဝမ် သည် ငွေရောင်ပုလဲကို လွှဲပေးတော့မည်။ မင်းကြီး တွေးကြည့်နေစဉ် ကျင်းဝမ်က ထိုအရာကို ဖယ်လိုက်ပြီး ဒူးထောက်လိုက်ပြန်တယ်။
"မင်း အခု ငြင်းနေတာလား?" ဧကရာဇ်က မကျေမနပ်နဲ့ပြောလိုက်သည်။
ကျင်းဝမ် ၏ မျက်လုံးများက တောက်ပနေသည်။ ဧကရာဇ်မင်းအား တောင်းပန်ပြီး သူ့တောင်းဆိုချက် အမှန်ကို ထုတ်ပြခဲ့သည်။
ကျင်းဝမ်သည် ဧကရာဇ်မင်းထံသို့ သွားပြီးနောက် လီယွီနှင့် ကလေးများ တဲထဲတွင် ကျန်ခဲ့သည်။ ကျင်းဝမ် ယခုနေရာတွင်မရှိသောကြောင့် သူနှင့်စကားပြောမည့်သူမရှိပေ။ လီယွီသည် အနည်းငယ် စိတ်ရှုပ်သွားသည်။
***********-*********
Chapter (116-1)- မင္းႀကီး၏ယုံႀကည္မႈႈ
အကယ္၍ထိုသို႕စြပ္စြဲခ်က္က အျခားေသာ ေတာ္ဝင္ေျမးေတာ္မ်ားျဖစ္ပါက ဧကရာဇ္က ျဖစ္နို္င္သည္ဟုေတြးလိမ့္မည္။ သူသည္ ဒါကို အခြင့္ေရးလို သေဘာထားကာေသြးသားစမ္းသပ္ရန္ သေဘာတူလိမ့္မည္။ လူဆိုတာ အၿမဲတေစ မရင္းႏွီးသူမ်ားႏွင့္ မရင္းႏွီးေသာအရာမ်ားအေပၚတြင္ သံသယထားတတ္သည္။ သို႔ေသာ္လည္း က်င္းဝမ္၏ကေလးမ်ားအတြက္မူ သူတို႔သုံးဦးသည္ငယ္စဥ္က က်င္းဝမ္ႏွင့္ အလြန္ဆင္တူေၾကာင္းဧကရာဇ္က လံုးဝ မွတ္မိေနလို႕ သူ႕ကို မ်က္ကန္းမ်ား မွတ္ေနတာလား။
ဆန႔္က်င္ဘက္အေနနဲ႔သူ႔ကို သံသယျဖစ္ေစတဲ့အရာကေတာ့ မင္းသားလီထံ ဒီလွ်ိဳ႕ဝွက္ခ်က္ကို သတင္းေပးခဲ့တဲ့သတင္းေပးသူ၊ ကိုယ္လုပ္ေတာ္ လွ်ိဳ ရဲ႕ အရႈပ္ေတာ္ပုံနဲ႔ တစ္စုံတစ္ဦးနဲ႔ဆုံေတြ႕ေနတာကို ဖမ္းမိျခင္းျဖစ္ရပ္သာ ျဖစ္သည္။ ဧကရာဇ္မင္းသည္ ေလာ့ေလြ႕စိန္းကို ထိုသတင္းကို ထိန္းခ်ဳပ္ရန္ အမိန႔္ေပးထားၿပီးျဖစ္သည္။ ဒါနဲ႔ မင္းသားလီက ဒီအေၾကာင္းကိုဘယ္ကေန သိခဲ့တာလဲ။
မင္းသားလီအေပၚဧကရာဇ္မင္း၏ယုံၾကည္မႈသည္ ခဏတာေပၚလာတာမဟုတ္ေပ။ ယင္းအစား ငယ္စဥ္ကတည္းက တျဖည္းျဖည္း ယံုႀကည္လာခဲ့တာျဖစ္သည္။ ဒီလိုမွမဟုတ္ရင္ ဒီညီငယ္ကိုေတာ္ဝင္မိသားစုမ်ိဳးႏြယ္ကို ထိန္းခ်ဳပ္ဖို႔ ခြင့္မျပဳဘဲေတာ္ဝင္မ်ိဳးႏြယ္ဆက္ႏြယ္တဲ့ ျပႆနာအားလုံးကို ဂ႐ုစိုက္ဖို႔ တာဝန္ေပးမွာ မဟုတ္ဘူး။ဒါက မင္းသားလီရဲ႕ အႀကံအစည္တစ္ခု မဟုတ္ဘူးဆိုတာ သူ ေသခ်ာေပါက္ သိသည္။ အဲဒီအခါမွာ တစ္စုံတစ္ေယာက္က ဒီအခ်က္အလက္ကိုမင္းသားလီထံ တမင္တကာ လႊဲေပးခဲ့တယ္လို႔ ဆိုလိုျခင္းျဖစ္သည္။
ပထမေတာ့လွ်ိဳ႕ဝွက္စာတစ္ေစာင္ရွိေတာ့ မင္းသားလီကို ကိုယ္လုပ္ေတာ္ လွ်ိဳ ရဲ႕ ေယာက်ာ္း တစ္ေယာက္နွင့္ေတြ႕ဆံုေႀကာငး္ကို မင္းသားလီကို စစ္ေဆးခြင့္ ေပးလိုက္သည္။ ထုံးစံအတိုင္း မင္းသားလီသည္ ဧကရာဇ္မင္းအားသတိေပးရန္ အမဲလိုက္စခန္းသို႔ ေျပးရေလာက္ေအာင္ ေရးထား ေသာစာထဲကပါသည့္ အေၾကာင္းအရာမ်ားအတြက္ ပို၍ စိုးရိမ္ပူပန္မိသည္။ဧကရာဇ္သည္ အေျခအေန အမ်ားစုတြင္ မင္းသားလီ၏အႀကံဉာဏ္ကို နားေထာင္ေလ့ရွိသည္။ က်င္းဝမ္ရဲ႕ ကေလးေတြအေပၚ နားလည္မႈ မေပးခဲ့ဘူးဆိုရင္ အဲဒီကေလးေတြနဲ႔ အဌမမင္းသားတို႔ဟာ သူတို႔ရဲ႕ ေသြးသားမ်ိဳးဆက္ အေထာက္အထားေတြကိုအတည္ျပဳဖို႔ အတင္းအၾကပ္ စစ္ေဆးဖို႕ ခိုင္းေစခံရႏိုင္သည္။
အဲဒါေတြနဲ႕ပတ္သတ္ၿပီးရင္ဘာျဖစ္မယ္ဆိုတာ သတင္းေပးစာထဲမွာ ေရးထားၿပီးျဖစ္သည္။ သူတို႔သည္"က်င္းဝမ္" ႏွင့္ ေတာ္ဝင္မိသားစုဝင္မဟုတ္ေၾကာင္းသက္ေသျပဖို႕ပဲ မဟုတ္လား။
ဧကရာဇ္မင္းသည္လြန္ခဲ့သည့္ႏွစ္မ်ားစြာက ထီးနန္းတိုက္ပြဲကို ေတြ႕ႀကဳံခဲ့ဖူးၿပီး ရွက္ဖြယ္ေကာင္းေသာအေႀကာင္းရာစြာကိုလည္း သိခဲ့သည္။ အဲဒါေၾကာင့္ သူက အခုျဖစ္ပ်က္သည့္အေပၚ ေဒါသအရမ္းထြက္ ေနျခင္းျဖစ္သည္။
အဌမမင္းသား၏ေသြးစစ္ခ်က္ ရလဒ္သည္မည္သို႔ပင္ျဖစ္ပါေစ၊ ကိုယ္လုပ္ေတာ္ လွ်ိဳ ေၾကာင့္ အဌမမင္းသားကိုအၿမဲတမ္း မႀကည္သာျခင္း၊ သံသယဝင္ျခင္းျဖင့္သာ အဆုံးသတ္သြားလိမ့္မည္။ တစ္ခ်ိန္တည္းတြင္၊ က်င္းဝမ္ ၏ကေလးမ်ားႏွင့္ ပတ္သတ္ျပီး ျပႆနာတစ္စုံတစ္ရာရွိခဲ့ပါက၊ သူ နွင့္ က်င္းဝမ္၏ဆက္ဆံေရးလည္း အဆုံးသတ္သြားဖြယ္ရွိသည္။
ထိုသည္မွာေက်ာက္ခဲတစ္လုံးႏွင့္ ငွက္ႏွစ္ေကာင္ကို သတ္ဖို႕စီစဥ္ထားသည့္ အႏၲရာယ္ပင္ျဖစ္သည္။ အကယ္၍သာ ထိုအစီစဥ္ အမွန္တကယ္ေအာင္ျမင္ခဲ့ပါကအဌမမင္းသားႏွင့္ က်င္းဝမ္ တို႔ကို သူက စြန႔္ပစ္ရမည္ျဖစ္သည္။
ကံေကာင္းစြာပဲ၊ဒီကေလးေတြအေပၚ သူ႔ရဲ႕ယုံၾကည္မႈေၾကာင့္ ဒီအဆိပ္ျပင္းတဲ့အစီအစဥ္ကိုခ်က္ျခင္းျမင္လိုက္နိုင္သည္။ မဟုတ္ရင္ သူ လွည့္စားခံရရင္ေပါင္းရိ ဘာျဖစ္သြားမလဲ။
ဧကရာဇ္သည္ထပ္၍မေတြးဝံ့ေတာ့ေပ။
"ထ်န္းခ်ီ မင္းမွာ အႀကံရွိလား"
ဧကရာဇ္ကက်င္းဝမ္ကို ေမးလိုက္သည္။ က်င္းဝမ္ လည္း သူ လုပ္သလိုမ်ိဳး ဒီေနရာမွာ ျပႆနာေတြကို ျမင္ႏိုင္မယ္လို႔ေမွ်ာ္လင့္မိသည္။
က်င္းဝမ္လည္းေလးေလးနက္နက္ ေတြးေနမိသည္။ ေပါင္းရိအေပၚ ဧကရာဇ္၏ အကာအကြယ္ေပး ေသာခံစားခ်က္သည္သူ၏မူလအစီအစဥ္မ်ားကို အနည္းငယ္ေျပာင္းလဲရန္ လိုအပ္ႏိုင္ေႀကာင္း က်င္းဝမ္ သေဘာေပါက္သြားခဲ့သည္။
က်င္းဝမ္ခဏစဥ္းစားၿပီးေနာက္ ဧကရာဇ္မင္းထံမွ စုတ္တံႏွင့္စာ႐ြက္ကိုေတာင္းကာ ျမန္ျမန္ဆန္ဆန္ ေရးသားခဲ့သည္။
ကိုယ္လုပ္ေတာ္လွ်ိဳက ငါးစာျဖစ္တယ္။ တစ္စုံတစ္ေယာက္ သားေတာ္ကို မွားယြင္းတဲ့ စြဲခ်က္တစ္ခု ဖန္တီးဖို႕ ေပါင္းရိကို ေထာင္ေခ်ာက္ဆင္ဖို႕ ႀကိဳးစားေနတာျဖစ္တယ္...
ဧကရာဇ္သည္ေခါင္းညိတ္လိုက္ည္။ က်င္းဝမ္ က ေတာ္ေတာ္ ဥာဏ္ေကာင္းျပီး ထိုးထြင္းျမင္နိုင္တဲ့ပံုပဲ။
ဧကရာဇ္ကေမးလာတဲ့အတြက္ က်င္းဝမ္ က တျခားအရာေတြကို ထုတ္ေျပာဖို႔ အခြင့္အေရးရခဲ့သည္။
လြန္ခဲ့ေသာရက္အနည္းငယ္ကသူခိုးတစ္ေယာက္က ေပါင္းရိရဲ႕ ေသြးကိုခိုးယူဖို႕ က်င္းအိမ္ေတာ္ကို တိတ္တဆိတ္ဝင္ေရာက္လာခဲ့တယ္။ဒါေပမယ့္ သူက အျခားသူရဲ႕ ေသြးကိုပဲ ရရွိခဲ့တယ္ဆိုတာ မသိႀကဘူး။
က်င္းဝမ္သည္ ဧကရာဇ္၏ တန္ျပန္တိုက္ခိုက္ျခင္းကသူ႕ အစီစဥ္ တစ္စိတ္တစ္ပိုင္းျဖစ္သည္ကို ဧကရာဇ္မင္း မသိေစဘဲ ယင္းကိုလိမၼာပါးနပ္စြာ ရွင္းျပရန္ အတတ္ႏိုင္ဆုံး ႀကိဳးစားခဲ့သည္။ ထိုသူခိုးေနာက္ကြယ္တြင္မည္သူရွိနိုင္မလဲ....ဆုိတာ က်င္းဝမ္ က တိုက္႐ိုက္ေျပာလိုက္ရင္ မင္းႀကီးကသူ႕ကို သံသယဝင္သြားနုိ္င္သည္။
ဤေနရာတြင္ မည္သူက အက်ိဳးအရွိဆုံးျဖစ္မည္ကိုေဖာ္ျပရန္ မလိုအပ္ေၾကာင္း က်င္းဝမ္ က ယုံၾကည္သည္။ ဧကရာဇ္တစ္ေယာက္ ဒါကို သူ႔ဘာသာသူ အေျဖထုတ္ႏိုင္သည္။
မင္းႀကီး: "......"
ဧကရာဇ္မင္းသည္ေနာက္ဆုံးတြင္ ေပါင္းရိသည္ က်င္းဝမ္ ငယ္႐ြယ္စဥ္ကႏွင့္ အလြန္ဆင္တူေသာအေၾကာင္းရင္းကို နားလည္ခဲ့သည္။ သူ႕ကိုယ္သူလည္း အျပစ္တင္လိုက္မိသည္။ က်င္းဝမ္ ၏စကားမ်ားက အခုျဖစ္ေနသည့္အျဖစ္ပ်က္ကႀကိဳတင္ႀကံစည္မႈျဖစ္ေၾကာင္း ပိုမိုသက္ေသျပခဲ့သည္။
ဒါဆိုကိုယ္လုပ္ေတာ္ လွ်ိဳ ရဲ႕အျဖစ္ပ်က္ေကာ ဘယ္လိုလဲ။
ယခုေတာ့ဧကရာဇ္မင္းသည္ ကိုယ္လုပ္ေတာ္လွ်ိဳတစ္ေယာက္ေျမျပင္ေပၚတြင္ ဒူးေထာက္ၿပီး သူ႔ကို အသဲအသန္ ေတာင္းပန္ေနပုံကိုျပန္သတိရလာသည္။ ကိုယ္လုပ္ေတာ္လွ်ိဳ ၏တဲအတြင္း၌ ထူးဆန္းေသာလူ တစ္ဦးကိုဖမ္းမိခဲ့သည္။ ကိုယ္လုပ္ေတာ္ လွ်ိဳ ကလည္း သူမသည္ တစ္ခ်ိန္က ထိုလူကို သိေၾကာင္းဝန္ခံခဲ့သည္။ သို႔ေသာ္လည္း ကိုယ္လုပ္ေတာ္လွ်ိဳသည္ နန္းေတာ္သို႔ဝင္ေရာက္ၿပီးေနာက္ သူတို႕ နွစ္ဦး ဆက္ဆံေရးအားလုံးကိုျဖတ္ေတာက္ခဲျပီးေၾကာင္း အႀကိမ္ႀကိမ္ က်ိန္ဆိုခဲ့သည္။ထိုလူသည္ အမဲလိုက္ကြင္းအတြင္း ႐ုတ္တရက္ေပၚလာၿပီး သူမ၏တဲထဲသို႔ အဘယ္ေၾကာင့္ဝင္လာသည္ကို သူမပင္မသိခဲ့ေ။
ဟိုမွာ-ဒီမွာ လူေတြ ဝင္ခ်င္သလိုဝင္နုိင္ေအာင္ လံုျခံဳေရးက ဘယ္လိုေတြျဖစ္ကုန္ျပီလဲ...
ကံေကာင္းစြာနဲ႔ပဲမေန႔က သူ႔ေဒါသေၾကာင့္ လူကိုတစ္ခါတည္းမသတ္ခဲ့မိေပ။ မဟုတ္ရင္ ဒီအျဖစ္ပ်က္မွန္ကို ျပန္ေျပာနိုင္မယ့္ အသက္ရွင္ေနမယ့္သူ မရွိနိုင္ေတာ့ဘူး။
ကိုယ္လုပ္ေတာ္လွ်ိဳ ကို ဧကရာဇ္နန္းေတာ္သို႔ ညတြင္းခ်င္း ျပန္ပို႔ၿပီးျဖစ္သည္။ ဧကရာဇ္သည္ထိုလူကို စစ္ေဆးေမးျမန္းရန္ ဆုံးျဖတ္ခဲ့သည္။ဟိုအေစာင့္ေတြက သူ႔အသက္ရႈသံ ရပ္တန္႕လုနီးပါးထိ ရို္က္ႏွက္ခံခဲ့ရလို႕ သဲလြန္စအသစ္မ်ား ရွိေကာင္းရွိနိုင္ေလာက္မည္ထင္သည္။
"မင္း ဒီမွာေန။ တဲကိုျပန္ဖို႕ မလိုဘူး။အမွန္တရားကို စုံစမ္းၿပီးတဲ့အထိ ေစာင့္ေန။" ဧကရာဇ္က က်င္းဝမ္ကို ေျပာလိုက္သည္။
ဧကရာဇ္ကက်င္းဝမ္ကို မယုံၾကည္တဲ့အတြက္ေၾကာင့္ မဟုတ္ေပ။ယင္းအစား၊ ဧကရာဇ္သည္ ယခုျဖစ္ရပ္ ေနာက္ကြယ္ရွိတရားခံအား မွားယြင္းေသာသဲလြန္စကို ေပးကာ ျမွားေခၚခ်င္သျဖင့္တမင္လုပ္ေနျခင္း ျဖစ္သည္။ က်င္းဝမ္ က ပိတ္ေလွာင္ခံထားရသည္ဟု အျခားသူမ်ားကယုံၾကည္ေစျခင္းျဖင့္ စုံစမ္းစစ္ေဆးမႈကို ပိုမိုေခ်ာေမြ႕ေစမည္ျဖစ္သည္။
ဧကရာဇ္သည္အျခားအစီအစဥ္အခ်ိဳ႕ရွိရမည္ကို က်င္းဝမ္ နားလည္ၿပီး ဒူးေထာက္လိုက္သည္။
"ထ်န္းခ်ီ မင္းဘာျဖစ္ေနတာလဲ" ဧကရာဇ္သည္ က်င္းဝမ္၏ အဓိပၸါယ္ကိုနားမလည္ေပ။
က်င္းဝမ္သည္ သူ႔တဲဆီသို႔ လက္ညႇိဳးၫႊန္ျပၿပီး ဧကရာဇ္ကို ၾကည့္လိုက္သည္။
ဧကရာဇ္ကမ်က္ခုံးပင့္လိုက္ၿပီး ေမးလိုက္သည္။
"လီယြီနဲ႔ ကေလးေတြကို စိတ္ပူေနတာလား။ မပူပါနဲ႔။ ေလာ့ေလြ႕စိန္းကမင္းအတြက္ ႏႈတ္ကတိစကား ေပးလို႔ရတယ္။"
စိတ္ပူ႐ုံသာမကက်င္းဝမ္က ေခါင္းကို ျငင္သာစြာ ယမ္းလိုက္သည္။
မင္းႀကီးကက်င္းဝမ္ႏွင့္ သူ႔ဝမ္ေဖးၾကား အေတာ္ေလးကို ခ်စ္ခင္ၾကသည္ကို ျပန္သတိရလိုက္ကာေျပာလိုက္သည္။
"မင္းရဲ႕ဝမ္ေဖးဆီကိုစာေရးၿပီး မင္းတံဆိပ္ကို ခပ္ႏွိပ္ၿပီး ေလာ့ေလြ႕စိန္းကို သြားပို႔ခိုင္းမလား?"
က်င္းဝမ္ကခဏတုန႔္ဆိုင္းသြားၿပီးမွ ေခါင္းယမ္းလိုက္ျပန္သည္။
မင္းႀကီး: "......"
"မင္းဘာလိုခ်င္တာအမွန္လဲ"
ႀကိမ္ဖန္မ်ားစြာ မွန္းဆေသာ္လည္း မွန္ကန္စြာမရႏိုင္ေသာေၾကာင့္ ဧကရာဇ္သည္ အနည္းငယ္ စိတ္ဆိုးသြားခဲ့သည္။ သူ မသိစိတ္ကအသံထြက္လာသည္-
"သူတို႔ကိုငါ ေခၚလာျပီးမင္းနဲ႔ အတူတူ ေနခုိင္းရမွာလား"
ဧကရာဇ္သည္မူလက ထိုအရာကို ေပါ့ေပါ့ဆဆေျပာထြက္ခဲ့ေပမယ့္ မထင္မွတ္ပဲ၊ က်င္းဝမ္ ကသူ႔လက္ကို ေလးေလးနက္နက္ ဆုပ္ကိုင္လိုက္ၿပီး သူ႔ကို ေက်းဇူးတင္ေနမိသည္ ။
မင္းႀကီး: "......"
ဧကရာဇ္သည္က်င္းဝမ္ ေၾကာင့္ ေသလုနီးပါး ေဒါသထြက္ခဲ့သည္။ သူ႔လက္ကို ေဝွ႔ယမ္းၿပီး အျမန္ေျပာလိုက္သည္။
"ေကာင္းၿပီ။ငါ ေလာ့ေလြ႕စိန္းကို ကိုယ္တိုင္ သြားေခၚခိုင္းလိုက္မယ္"
ေလာ့ေလြ႕စိန္းကခ်က္ခ်င္း သေဘာတူၿပီး က်င္းဝမ္ ကို သူ ဘယ္လိုေျပာခဲ့ရမလဲလို႕ ေမးခဲ့သည္။
က်င္းဝမ္သည္ ေခါင္းငုံ႔ကာ အနီေရာင္ႀကိဳးျဖင့္ ခ်ည္ထားေသာ ေငြေရာင္ပုလဲလံုးကို ဆြဲထုတ္လိုက္သည္။
ဧကရာဇ္သည္လက္ေတြ႕တြင္ ကိုယ္လက္မအီမသာျဖစ္ခဲ့ၿပီး က်င္းဝမ္ကို ေနာက္ထပ္အေႏွာက္အယွက္ မေပးလိုေၾကာင္း ထုတ္ေဖာ္ခဲ့သည္။ က်င္းဝမ္ ၏လည္ပင္းမွာခ်ိတ္ဆြဲထားတဲ့ ထိုအရာတစ္ခုပဲ မရည္႐ြယ္ဘဲျမင္လိုက္ေသးတယ္။ ေငြေရာင္ပုလဲလံုးအျပင္ အျခားအရာ ရွိေနေသးသည္။
ဧကရာဇ္သည္တိတ္ဆိတ္စြာ က်ိန္ဆဲလိုက္သည္။ အဲဒါ ဘာႀကီးလဲ။
က်င္းဝမ္သည္ ေငြေရာင္ပုလဲကို လႊဲေပးေတာ့မည္။ မင္းႀကီး ေတြးၾကည့္ေနစဥ္က်င္းဝမ္က ထိုအရာကို ဖယ္လိုက္ၿပီး ဒူးေထာက္လိုက္ျပန္တယ္။
"မင္း အခု ျငင္းေနတာလား?" ဧကရာဇ္ကမေက်မနပ္နဲ႔ေျပာလိုက္သည္။
က်င္းဝမ္၏ မ်က္လုံးမ်ားက ေတာက္ပေနသည္။ ဧကရာဇ္မင္းအား ေတာင္းပန္ၿပီး သူ႔ေတာင္းဆိုခ်က္ အမွန္ကိုထုတ္ျပခဲ့သည္။
က်င္းဝမ္သည္ဧကရာဇ္မင္းထံသို႔ သြားၿပီးေနာက္ လီယြီႏွင့္ ကေလးမ်ား တဲထဲတြင္ က်န္ခဲ့သည္။ က်င္းဝမ္ယခုေနရာတြင္မရွိေသာေၾကာင့္သူႏွင့္စကားေျပာမည့္သူမရွိေပ။ လီယြီသည္ အနည္းငယ္ စိတ္ရႈပ္သြားသည္။
***********-*********