Chapter (95-1)- ဝမ်းကွဲရဲ့ ဝါသနာဆန်း
ယဲ့ချင်းဟွမ်ကလွဲလို့ ကျင်းဝမ်ရဲ့ နေ့ထူးနေ့မြတ်မှာ သတို့သမီးအခန်းကို သာမန်လူတွေက နှောင့်ယှက်ဝံ့မှာ မဟုတ်ဘူး။ သခင်လေးယဲ့သည် သာမန်လူမဟုတ်ပေ။
ဝမ့်ရှီး၏ စီစဉ်မှုများအရ လေးစားရသော ဧည့်သည်များသည် ဝိုင်အနည်းငယ်သောက်ပြီး စောစောက နှုတ်ဆက်ကြသည်။ ယဲ့ချင်းဟွမ်သာလျှင် သတို့သမီးအခန်းအပြင်ဘက်သို့ လှည့်ထွက်သွားသည်။
"အရှင်မင်းသားရဲ့ နောက်တစ်ကြိမ် ဆွဲထုတ်ခံချင်တာလား" ဝမ့်ရှီးက သူ့ကို အပြုံးဖြင့် တားသည်။
ကျင်းဝမ် အမိန့်ပေးခဲ့သည်။ သတို့သမီးအခန်းအနီးတွင် မည်သူမျှ ခြေတစ်လှမ်းမျှ လှမ်းခွင့်မရခဲ့ပေ။ ဝမ့်ရှီးလည်း နောက်ပြောင်ချင်ရင်တောင် သူ ဘာမှ မလုပ်နိုင်ဘူး။
"မြို့ထဲမှာ စားသောက်ဆိုင်တစ်ဆိုင် ရှိတယ်။ အဲ့ဒါက ဝမ်ရယ်နဲ့ ဝမ်ဖေး ဖွင့်လှစ်ခဲ့တဲ့ ဘဲကင်ရောင်းတဲ့ ဆိုင်ဖြစ်သည်။ ဒီနေ့က မင်္ဂလာပွဲနေ့ကြီးဖြစ်လို့ ဆိုင်အတွင်းက ဘဲကင်တွေကို အခမဲ့ လွတ်လပ်စွာ စားသုံးနိုင်တယ်။ သခင်လေး ပျင်းရင် အဲ့ဒီဘက်ကို လျှောက်သွားလို့ရတယ်။"
ဝမ့်ရှီးသည် သခင်လေးယဲ့အတွက် အစီအစဉ်များပင် ပြုလုပ်ထားပြီးဖြစ်သည်။
ယဲ့ချင်းဟွမ်သည် ကျင်းဝမ်ကို အခြားနေ့မှ သွားရန်ပြောကာ အနည်းငယ် ခိုးကြောင်ခိုးဝှက်ဖြင့် မင်္ဂလာ ဦးခန်းမကို သွားရန် စီစဉ်ထားသည်။ မထင်မှတ်ပဲ၊ ဝမ့်ရှီးက သူ့ကို တားလိုက်သည်။ ဝမ့်ကုန်းကုန်း သည် ကျင်းဝမ်နှင့် သခင်လီတို့ကြားက ဆက်ဆံရေးကို တစ်ဖန်ပြန်လည်ကောင်းစေရန် လုပ်နေစဉ် မနှောက်ယှက်ခြင်းဖြင့် ကူညီရန်ပြောခဲ့တော့ ယဲ့ချင်းဟွမ်က ဆက်နေဖို့ ရှက်သွားခဲ့သည်။
အခန်းတွင်းရှိ ဖယောင်းတိုင်အနီများ ငြိမ်းနေပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မင်္ဂလာခန်းမကို သွားနှောက်ယှက်ရတာ ပျော်စရာတော့ မရှိဘူး။ ဘဲကင်သွားစားတာ သိပ်မဆိုးဘူး~
ယဲ့ချင်းဟွမ်ထိုသို့တွေးနေစဉ် ရုတ်တရက် မင်္ဂလာအိပ်ခန်း အတွင်းတံခါးမှာ ရုတ်တရက်ပွင့်လာကာ ခန္ဓာကိုယ် အပေါ်ပိုင်း ကိုယ်တုံးလုံးကြီးနှင့် ကျင်းဝမ် သူ့လက်ထဲတွင် တစ်စုံတစ်ခု ထုပ်ပိုးထားသော အဝတ်ထုပ်ကို ကိုင်ဆောင်ကာ ယဲ့ချင်းဟွမ်နှင့် ဝမ့်ရှီးဆီသို့ ပြေးလာခဲ့သည်။
ကျင်းဝမ်က ခေါင်းကို အေးအေးဆေးဆေး ခေါင်းညိတ်လိုက်ပြီး သူ့လက်နှစ်ဖက်ထဲက အရာကို ကာကွယ်ရန် အာရုံစိုက်ကာ ခြေလှမ်းကြီးများဖြင့် တစ်ဖက်ခန်းထဲသို့ လျှောက်သွားသည်။
ယဲ့ချင်းဟွမ် နှင့် ဝမ့်ရှီး- "......"
ယဲ့ချင်းဟွမ်၏ အမြင်အာရုံမှာ အလွန်ကောင်းမွန်သည်။ သူသည် ကျင်းဝမ်၏လက်မောင်းထဲရှိ အဝတ်ထုပ်အပြင်ဘက်တွင် ပေါ်နေသော ငါးအမြီးလေးကို တစ်ချက်ကြည့်လိုက်သည်။
ကျင်းဝမ်နှစ်သက်ခဲ့သော ငါးကလေး၏အမြီး၊ ငွေရောင်နှင့် ရွှေရောနှောထားသည်။ ယဲ့ချင်းဟွမ်က အဲဒါကို ကောင်းကောင်း စွဲလန်းလို့ ဘယ်တော့မှ မှားမည် မဟုတ်ပေ။
အခုလေးတင် ဘာဖြစ်သွားတာလဲ။
ယဲ့ချင်းဟွမ်လန့်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက ဝမ့်ရှီးကို ခပ်တိုးတိုးမေးလိုက်သ်။
"ဝမ့်ကုန်းကုန်း... ကျင်းဝမ်...သူ........"
သူ့မင်္ဂလာဆောင်ညမှာ ငါးကို ကိုင်ဆောင်ထားလျက် သတို့သမီးအခန်းထဲက ဘာကြောင့် ပြေးလာပြီး ဒီလောက်စိတ်ပျက်စရာအခြေအနေရှိရတာလဲ။
ဝမ့်ရှီးလည်း အလွန်တုန်လှုပ်သွားသည်။ သို့သော်လည်း ဝမ့်ကုန်းကုန်း သည် သခင်လေးယဲ့ထက် အတွေ့အကြုံပို၍ရှိတာ ထင်ရှားသည်။ သူ့မျက်လုံးထဲမှာတော့ အရှင့်သားက ဘာအမှားမှ မလုပ်နိုင်ပါဘူး။ ဝမ့်ရှီးက ခပ်မြန်မြန် တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
"သခင်လေး..အရှင့်သားက ဒါကို သဘောကျတယ်လေ"
ယဲ့ချင်းဟွမ်: "......"
ကျင်းဝမ်က ဒီနည်းကို ကြိုက်တာလား...။ သူ့အချစ်တော်ငါးနဲ့လေ....
ကျင်းဝမ်က တကယ်ပဲ ဒီလိုစိတ်ဝင်စားမှုမျိုး ရှိခဲ့တာလား။
တစ်စက္ကန့်တွင်းမှာပင်၊ ယဲ့ချင်းဟွမ်သည် မင်္ဂလာဆောင်ခါစ ဝမ်ဖေးကို စာနာသင့်သလား သို့မဟုတ် ကျင်းဝမ်လက်ထဲမှ ငါးကို စာနာသင့်သလား မသိတော့ပေ။
လီယွီသည် ကျင်းဝမ်၏ ရင်ခွင်ထဲတွင် ပုန်းနေပြီး ခေါင်းကို မော့မကြည့်ဝံ့ပေ။ ကျင်းဝမ် ငါးတစ်ကောင်အဖြစ် ပြန်ပြောင်းပြီး သူ့ကို ပြုစုစောင့်ရှောက်ဖို့ လိုအပ်တာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ လီယွီ လုံးဝ မစိုးရိမ်ပါ။ မင်္ဂလာဦးညဖြစ်သောကြောင့် ငါးကလေးများအိပ်ပြီးနောက် သူတို့နှစ်ဦး ဘာကိုမှ ဂရုမစိုက်ကြတော့ပေ။ သတို့သမီးအခန်းထဲမှာ ငါးကန်တစ်ကန်မျှ မထားရှိလို့ ငါးတစ်ကောင်အဖြစ်သို့ ပြန်မပြောင်းမီအထိ သူတို့အချင်း ချင်း ထိတွေ့နေခဲ့သည်။
ဝမ့်ရှီးက အတော်လေးကို စေ့စေ့စပ်စပ်တွေးကာ လုပ်ပေးထားသည်ဟု ဆိုနိုင်သည်။ မင်္ဂလာအိပ်ခန်းကို စီစဉ်သောအခါ သခင်နှစ်ယောက် အရက်မူးပြီး ငါးကန်ထဲသို့ မတော်တဆ ဝင်တိုက်ကာ ပြုတ်ကျမည်ကို စိုးရိမ်သောကြောင့် ဘေးခန်းထဲကို ငါးကန်ကို ခေတ္တရွှေ့လိုက်သည်။ နေ့ထူးနေ့မြတ်ဖြစ်သောကြောင့် လီယွီနှင့် ကျင်းဝမ်တို့သသည် တစ်ယောက်နှင့်တစ်ယောက်သာ အာရုံစူးစိုက်နေခဲ့ပြီး အခန်းထဲ ငါးကန်မရှိသည်ကို အချိန်မီမသိလိုက်ကြပေ။
လီယွီ အသွင်ပြောင်းပြီးသည့်နောက်တွင် အခန်းတွင်းက အပြောင်းလဲကို သိရှိသွားခဲ့သည်။ ကျင်းဝမ် ငါးကန် ရွှေ့ထားမည့်နေရာကို အကြမ်းဖျင်း ခန့်မှန်းပြီး လီယွီအား ငါးကန်ထဲထည့်ပေးရန် သတို့သမီးအခန်းမှ အမြန်ခေါ်ထုတ်ခဲ့သည်။ ဒီလို ဖရိုဖရဲ မင်္ဂလာပွဲညမျိုးဟာ လုံးဝ မကြုံစဖူး ထူးထူးခြားခြားပါပဲ။
ကျင်းဝမ် လျင်မြန်စွာလှုပ်ရှားလိုက်သည်။ သူက ဘယ်သူ့ကိုမှ အသိမပေးဖို့လုပ်ထားပေမယ့် လမ်းတဝက်မှာ ဝမ့်ရှီ၊ ယဲ့ချင်းဟွမ်တို့ဖြင့် တည့်တည့် တိုးခဲ့သည်။
ကံကောင်းလို့သူတို့က ဘာမှ သတိမထားမိလို့သာပေါ့။ မဟုတ်ရင် နောင်မှာ သူတို့ မျက်နှာကိုပင် ကြည့်ရဲတော့မည် မဟုတ်ပေ။
ကျင်းဝမ် လီယွီကို ငါးကန်ထဲမှာ အခြေချပြီး သူ ပြန်မပြောင်းနိုင်မချင်း စောင့်နေခဲ့သည်။ လီယွီသည် System အား မေးမြန်းရန် လုပ်သင့်သည်ဆိုတာ စတင်စဉ်းစားခဲ့ပြီး နောက်ဆုံးတွင် ငါးအသွင် ပြောင်းသွားရသည့် ဘဝက မည်သည့်အချိန်တွင် အဆုံးသတ်နိုင်မလဲ။
ငါးကလေးများသည် လူသားအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သည်။ ပြောင်းလဲခြင်းမရှိဘဲ သူတို့၏ပုံစံကို နှစ်အတော်ကြာ ထိန်းသိမ်းထားနိုင်သည်။ ငါးပါးပါးဖြစ်သည့် သူက အနားတွင်ရှိနေရဆဲဖြစ်သည်၊ သူ၏အထောက်အထားကို ဖော်ထုတ်ခံရမည်ကို ကြောက်နေသေးတာက အဓိပ္ပာယ်မရှိပေ။
ငါးကလေးများသည် "ကြီးပြင်း၍ လူဖြစ်လာပြီ" ဖြစ်သောကြောင့် ယုတ်ညံ့သော System သည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ ပင်မ မစ်ရှင်က ဆက်လုပ်ခိုင်းမည့်ပုံ မပေါ်သေးပေ။
လီယွီသည် ငါးတပိုင်း၊ လူတပိုင်း ဘဝဖြင့် ကျင်းဝမ်ထံမှ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်းခံရပြီး သူ၏နေ့ရက်များကို သက်တောင့်သက်သာ ဖြတ်သန်းခဲ့သည်။ တခါတရံမှာ ဒီလို အချိန်တွေ ဖြတ်သန်းရတာ မဆိုးဘူးလို့ သေချာပေါက် တွေးမိသည်။ သို့သော် ထိုသို့သော ရင်တုန်ဖွယ် အဖြစ်အပျက်ကို တွေ့ကြုံပြီးနောက်၊ သူသည် လုံးဝ လူသားအဖြစ် တစ်ဖန် ပြန်ပြောင်းနိုင်ရန် စတင် တွေးတောလာခဲ့သည်။
သို့သော်လည်း လောလောဆယ်တွင် သူသည် သူ၏မင်္ဂလာညကို ဦးစွာကုန်ဆုံးသည်အထိ စောင့်ရန် လိုအပ်သည်။
ကလေးတွေက သတို့သမီးအခန်းထဲမှာ အိပ်နေတုန်း။ သူကသာ သူ၏အခွံကို ဖယ်ထုတ်ခံရသော ပုစဉ်းရင်ကွဲကဲ့သို့ ဖြစ်နေသည်။ နေရာပြောင်းလိုက်တာလည်း မဆိုးလှပေ......
နောက်ဆုံးတွင်၊ ကျင်းဝမ်နှင့် ဝမ်ဖေး ၏ မင်္ဂလာညကို သတို့သမီးအခန်း၏ ဘေးအိမ်တွင် ကုန်ဆုံးခဲ့သည်။
တောက်ပပြီးနေရောင်ဖြာသည့် နောက်တစ်နေ့နံနက်စောစောတွင် လီယွီသည် ငါးပန်ကိတ်ကဲ့သို့ ပြန့်ကားနေသော ငွေရောင်ကျောက်တုံးပေါ်တွင် လှဲသေည်။ ကျင်းဝမ်က သူ စားချင်သော အစားအစာများကို ပြင်ဆင်ပြီး ငါးကလေးများကို စစ်ဆေးရန် ခေါ်ထုတ်မလာမီ မြက်ခင်းစိမ်းရောင် စောင်ထဲတွင် ခိုအောင်းနေခဲ့သည်။
အနောက်တောင်တန်းဒေသကို တာဝန်ခံသူအဖြစ် ကျင်းဝမ် သူ့ကိုယ်သူ မင်္ဂလာဦး အားလပ်ရက်ပေးထားရုံတင်မကဘူး။ ပြည်သူအများအတွက် အားလပ်ရက်လည်းသတ်မှတ်ကာ ဂုဏ်ပြုပွဲအဖြစ် ပေးအပ်ခဲ့သည်။
အခန်းထဲက ထွက်သွားပြီး လှည့်ကြည့်လိုက်တာနဲ့ သူ့မျက်လုံးအောက်မှာ အနက်ရောင်အိတ်တွေ ပါတဲ့ သခင်လေးယဲ့ကို တွေ့လိုက်ရသည်။
ယဲ့ချင်းဟွမ်သည် ကျင်းဝမ်၏လျှို့ဝှက်ချက်ကို မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိခဲ့ပြီး အလွန်စိုးရိမ်ပူပန်နေခဲ့သည်။ သူက စားသောက်ဆိုင်သို့သွား၍ ဘဲကင်သုံးကောင်စားသော်လည်း စိတ်မငြိမ်သက်သေးပေ။ ကျင်းဝမ်သည် သတို့သမီးအခန်းသို့ ပြန်မလာသေးကြောင်း သူ ပြန်သွားသောအခါ သိလိုက်ရတော့ သခင်လေးယဲ့သည် သူ့ဝမ်းကွဲအတွက် ပို၍ပင် စိုးရိမ်လာသည်။
လီယွီသည် သူ့သူငယ်ချင်းဖြစ်ပြီး ကျင်းဝမ်က သူနှင့်နီးစပ်သော ဝမ်းကွဲညီအစ်ကို ဖြစ်သလို ချန်အန်းအိမ်တော်က လူဖြစ်သည်။ ယုတ္တိကျကျပြောမယ်ဆိုရင် ယဲ့ချင်းဟွမ်က ဘယ်သူ့ဘက်က ရပ်တည်သင့်တယ်ဆိုတာ သိသည်။
ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာအရတော့ သူက မတ်တပ်ရပ်မနေနိုင်အောင် ပြိုလဲသွားတော့သည်။
"နောက်ဆုံးတော့ မင်းက သခင်လေးလီနဲ့ လက်ထပ်နိုင်ခဲ့တယ်။ သေချာပေါက် သူ့ကို မတရား ဆက်ဆံလို့ မရဘူး!"
ယဲ့ချင်းဟွမ်သည် ထိုစကားများဖြင့် ပစ်ပေါက်ကာ ခေါင်းကို လှည့်ကာ ထွက်သွားတော့သည်။
ကျင်းဝမ် : .......?
ကျင်းဝမ် သူ့ခေါင်းကို နားမလည်စွာ ပွတ်ကာ ယဲ့ချင်းဟွမ်ကို အလိုလို လျစ်လျူရှုလိုက်သည်။
ခဏအကြာတွင် ဝမ့်ရှီးသည် ကျင်းဝမ်ကို ကြည့်ကာ ချီတုံချတုံဖြင့် ပြောခဲ့သည်။
"အရှင်မင်းသား....ဒီကျွန်အို... တစ်ခုပဲ ပြောပါရစေ။ အရှင်...အရှင် အနာဂတ်မှာ ဝမ်ဖေး ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်။"
ကျင်းဝမ် - "......."
ငါးပန်ကိတ်ကဲ့သို့မလှုပ်မယှက်ဖြင့် လီယွီတစ်ယောက် အားဖြည့်ရန် အိပ်စက်နေသည်။ ထို့နောက် သူနိုးလာပြီးနောက် လူမရှိသည့်အခိုက် System ထဲသို့ ဝင်ခဲ့သည်။
မနေ့ညက အဆုံးမှာတော့ သူ ဗရုတ်သုတ်ခနဲ့ အိပ်ပျော်သွားတဲ့အခါ System ရဲ့ အသံကို ကြားလိုက်တယ်လို့ ထင်ရပေမယ့် သိပ်တော့ မသေချာဘူး။
System သည် 'အလွန်အမင်းအလုပ်များ' ဖြစ်နေချိန်တွင် အကြောင်းကြားချက်များကို ထပ်တင်ပေးသည်ကို အမြဲနှစ်သက်သည်။
ရိုးရိုးသားသားပြောရလျှင် သူသည် System ထဲသို့ မဝင်ရောက်လာသည်မှာ အချိန်အတော်ကြာ နေပြီဖြစ်သည်။ နောက်ဆုံးအကြိမ်၊ သူသည် "ငါးပေါက်ကလေးများ ကြီးပြင်းပြီး လူသားဖြစ်လာခြင်း" တာဝန်အတွက် ဆုငွေရယူရန် ဝင်ရောက်ခဲ့သည်။ တကယ်တော့ ဒါဟာ တိုက်ဆိုင်မှုပါပဲ။ ထိုအချိန်တွင်၊ ငါးကလေးများသည် မွေးကင်းစကလေးများအဖြစ်သို့ ပြောင်းလဲသွားခြင်းအပေါ် သူ စိတ်ပျက်နေမိသည်။ ဝမ့်ကုန်းကုန်းနှင့် အခြားလူများက ငါးလေးတွေ ဘယ်ရောက်သွားသလဲဆိုတာ သူ ဘယ်လိုရှင်းပြရမလဲ။ ငါးလေးကောင်သည် တစ်ပြိုင်နက် ပျောက်ကွယ်သွားပြီး ကလေးလေးယောက်ကိုလည်း မွေးဖွားခဲ့သည်။ အဲဒါက လူတွေကို သံသယဖြစ်စေမှာ မဟုတ်ဘူးလား။
ကံကောင်းစွာဖြင့်၊ System က သူ့အား ပေးသောဆုမှာ ငါးလေးကောင်နှင့် ကိုက်ညီသော ငါးခေါင်းအုံးလေးခုဖြစ်သည်။ ဒါက တကယ်ပဲ သူ့ကို အများကြီး ကူညီပေးခဲ့တယ်။
ယခုအခါ ငါးကလေးငယ်များတွင် ငါးခေါင်းအုံးများလည်း ရှိနေပြီ။ လီယွီသည် ဒါကို စဉ်းစားပြီးနောက် ကျင်းဝမ်၏အကူအညီဖြင့် ငါးခေါင်းအုံးလေးများ၏ ပါးစပ်တစ်ခုစီတွင် သံလိုက်များထည့်ထားသည်။ ထို့နောက် သူ့ကိုယ်ပိုင် ငါးခေါင်းအုံး၏ အမြီးတွင် အချို့ကို ကပ်ထားလိုက်သည်။ ထိုကဲ့သို့ပင်၊ သူနှင့် ငါးကလေးငယ်များ ဝိုင်းကြီးပတ်ပတ် ကစားနေချိန်ကဲ့သို့ပင် ငါးအားလုံးကို စက်ဝိုင်းပုံ သူ့နောက်က တန်းလန်းတန်းလန်း လိုက်လာအောင် လုပ်နိုင်ခဲ့သည်။
အချိန်အများစုတွင်၊ ယုတ်ညံ့သောSystem သည် သူ့ကိုအပြစ်တင်ရန် နှစ်သက်သော်လည်း အချို့သောကိစ္စများတွင်၊ သူသည် အလွန်ယုံကြည်စိတ်ချရဆဲဖြစ်သည်။
သူသည် စာအုပ်တစ်အုပ်ထဲ ကူးပြောင်းသွားပြီး ငါးတစ်ကောင်အဖြစ် ပြောင်းလဲကာ System၏ ကျေးဇူးကြောင့် အလုပ်မျိုးစုံကို လုပ်ခိုင်းခြင်းခံခဲ့ရသည်။ သို့သော် Systemကြောင့်လည်း သူ၏ နှလုံးသား တစ်ဝက်ကို စာအုပ်ထဲတွင် ရှာဖွေနိုင်ခဲ့သည်။
ယခင်က လီယွီသည် System အား အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့သော်လည်း ယခုအခါတွင် သူ ခံစားခဲ့ရပုံကို ဖော်ပြရန် ခက်ခဲလာသည်။
*********-********
Chapter (95-1)- ဝမ္းကြဲရဲ႕ ဝါသနာဆန္း
ယဲ့ခ်င္းဟြမ္ကလြဲလို႔ က်င္းဝမ္ရဲ႕ ေန႔ထူးေန႔ျမတ္မွာ သတို႔သမီးအခန္းကို သာမန္လူေတြက ေႏွာင့္ယွက္ဝံ့မွာ မဟုတ္ဘူး။ သခင္ေလးယဲ့သည္ သာမန္လူမဟုတ္ေပ။
ဝမ့္ရွီး၏ စီစဥ္မႈမ်ားအရ ေလးစားရေသာ ဧည့္သည္မ်ားသည္ ဝိုင္အနည္းငယ္ေသာက္ၿပီး ေစာေစာက ႏႈတ္ဆက္ၾကသည္။ ယဲ့ခ်င္းဟြမ္သာလွ်င္ သတို႔သမီးအခန္းအျပင္ဘက္သို႔ လွည့္ထြက္သြားသည္။
"အရွင္မင္းသားရဲ႕ ေနာက္တစ္ႀကိမ္ ဆြဲထုတ္ခံခ်င္တာလား" ဝမ့္ရွီးက သူ႔ကို အၿပဳံးျဖင့္ တားသည္။
က်င္းဝမ္ အမိန႔္ေပးခဲ့သည္။ သတို႔သမီးအခန္းအနီးတြင္ မည္သူမွ် ေျခတစ္လွမ္းမွ် လွမ္းခြင့္မရခဲ့ေပ။ ဝမ့္ရွီးလည္း ေနာက္ေျပာင္ခ်င္ရင္ေတာင္ သူ ဘာမွ မလုပ္ႏိုင္ဘူး။
"ၿမိဳ႕ထဲမွာ စားေသာက္ဆိုင္တစ္ဆိုင္ ရွိတယ္။ အဲ့ဒါက ဝမ္ရယ္နဲ႕ ဝမ္ေဖး ဖြင့္လွစ္ခဲ့တဲ့ ဘဲကင္ေရာင္းတဲ့ ဆိုင္ျဖစ္သည္။ ဒီေန႔က မဂၤလာပြဲေန႕ႀကီးျဖစ္လို႕ ဆိုင္အတြင္းက ဘဲကင္ေတြကို အခမဲ့ လြတ္လပ္စြာ စားသုံးႏိုင္တယ္။ သခင္ေလး ပ်င္းရင္ အဲ့ဒီဘက္ကို ေလွ်ာက္သြားလို႔ရတယ္။"
ဝမ့္ရွီးသည္ သခင္ေလးယဲ့အတြက္ အစီအစဥ္မ်ားပင္ ျပဳလုပ္ထားၿပီးျဖစ္သည္။
ယဲ့ခ်င္းဟြမ္သည္ က်င္းဝမ္ကို အျခားေန႔မွ သြားရန္ေျပာကာ အနည္းငယ္ ခိုးေၾကာင္ခိုးဝွက္ျဖင့္ မဂၤလာ ဦးခန္းမကို သြားရန္ စီစဥ္ထားသည္။ မထင္မွတ္ပဲ၊ ဝမ့္ရွီးက သူ႔ကို တားလိုက္သည္။ ဝမ့္ကုန္းကုန္း သည္ က်င္းဝမ္္နွင့္ သခင္လီတို႕ႀကားက ဆက္ဆံေရးကို တစ္ဖန္ျပန္လည္ေကာင္းေစရန္ လုပ္ေနစဥ္ မေႏွာက္ယွက္ျခင္းျဖင့္ ကူညီရန္ေျပာခဲ့ေတာ့ ယဲ့ခ်င္းဟြမ္က ဆက္ေနဖို႔ ရွက္သြားခဲ့သည္။
အခန္းတြင္းရွိ ဖေယာင္းတိုင္အနီမ်ား ၿငိမ္းေနၿပီျဖစ္သည္။ ဘာပဲျဖစ္ျဖစ္ မဂၤလာခန္းမကို သြားေနွာက္ယွက္ရတာ ေပ်ာ္စရာေတာ့ မရွိဘူး။ ဘဲကင္သြားစားတာ သိပ္မဆိုးဘူး~
ယဲ့ခ်င္းဟြမ္ထိုသို႕ေတြးေနစဥ္ ရုတ္တရက္ မဂၤလာအိပ္ခန္း အတြင္းတံခါးမွာ ႐ုတ္တရက္ပြင့္လာကာ ခႏၶာကိုယ္ အေပၚပိုင္း ကိုယ္တုံးလုံးႀကီးနွင့္ က်င္းဝမ္ သူ႔လက္ထဲတြင္ တစ္စုံတစ္ခု ထုပ္ပိုးထားေသာ အဝတ္ထုပ္ကို ကိုင္ေဆာင္ကာ ယဲ့ခ်င္းဟြမ္ႏွင့္ ဝမ့္ရွီးဆီသို႔ ေျပးလာခဲ့သည္။
က်င္းဝမ္က ေခါင္းကို ေအးေအးေဆးေဆး ေခါင္းညိတ္လိုက္ၿပီး သူ႔လက္ႏွစ္ဖက္ထဲက အရာကို ကာကြယ္ရန္ အာ႐ုံစိုက္ကာ ေျခလွမ္းႀကီးမ်ားျဖင့္ တစ္ဖက္ခန္းထဲသို႔ ေလွ်ာက္သြားသည္။
ယဲ့ခ်င္းဟြမ္ နွင့္ ဝမ့္ရွီး- "......"
ယဲ့ခ်င္းဟြမ္၏ အျမင္အာ႐ုံမွာ အလြန္ေကာင္းမြန္သည္။ သူသည္ က်င္းဝမ္္၏လက္ေမာင္းထဲရွိ အဝတ္ထုပ္အျပင္ဘက္တြင္ ေပၚေနေသာ ငါးအၿမီးေလးကို တစ္ခ်က္ၾကည့္လိုက္သည္။
က်င္းဝမ္္ႏွစ္သက္ခဲ့ေသာ ငါးကေလး၏အၿမီး၊ ေငြေရာင္ႏွင့္ ေ႐ႊေရာေႏွာထားသည္။ ယဲ့ခ်င္းဟြမ္က အဲဒါကို ေကာင္းေကာင္း စြဲလန္းလို႕ ဘယ္ေတာ့မွ မွားမည္ မဟုတ္ေပ။
အခုေလးတင္ ဘာျဖစ္သြားတာလဲ။
ယဲ့ခ်င္းဟြမ္လန႔္သြားသည္။ အခ်ိန္အေတာ္ၾကာၿပီးေနာက္ သူက ဝမ့္ရွီးကို ခပ္တိုးတိုးေမးလိုက္သ္။
"ဝမ့္ကုန္းကုန္း... က်င္းဝမ္...သူ........"
သူ႔မဂၤလာေဆာင္ညမွာ ငါးကို ကိုင္ေဆာင္ထားလ်က္ သတို႔သမီးအခန္းထဲက ဘာေၾကာင့္ ေျပးလာၿပီး ဒီေလာက္စိတ္ပ်က္စရာအေျခအေနရွိရတာလဲ။
ဝမ့္ရွီးလည္း အလြန္တုန္လႈပ္သြားသည္။ သို႔ေသာ္လည္း ဝမ့္ကုန္းကုန္း သည္ သခင္ေလးယဲ့ထက္ အေတြ႕အႀကဳံပို၍ရွိတာ ထင္ရွားသည္။ သူ႔မ်က္လုံးထဲမွာေတာ့ အရွင့္သားက ဘာအမွားမွ မလုပ္ႏိုင္ပါဘူး။ ဝမ့္ရွီးက ခပ္ျမန္ျမန္ တည္ၿငိမ္စြာ တုံ႔ျပန္လိုက္သည္။
"သခင္ေလး..အရွင့္သားက ဒါကို သေဘာက်တယ္ေလ"
ယဲ့ခ်င္းဟြမ္: "......"
က်င္းဝမ္က ဒီနည္းကို ႀကိဳက္တာလား...။ သူ႕အခ်စ္ေတာ္ငါးနဲ႕ေလ....
က်င္းဝမ္္က တကယ္ပဲ ဒီလိုစိတ္ဝင္စားမႈမ်ိဳး ရွိခဲ့တာလား။
တစ္စကၠန႔္တြင္းမွာပင္၊ ယဲ့ခ်င္းဟြမ္သည္ မဂၤလာေဆာင္ခါစ ဝမ္ေဖးကို စာနာသင့္သလား သို႔မဟုတ္ က်င္းဝမ္လက္ထဲမွ ငါးကို စာနာသင့္သလား မသိေတာ့ေပ။
လီယြီသည္ က်င္းဝမ္္၏ ရင္ခြင္ထဲတြင္ ပုန္းေနၿပီး ေခါင္းကို ေမာ့မၾကည့္ဝံ့ေပ။ က်င္းဝမ္ ငါးတစ္ေကာင္အျဖစ္ ျပန္ေျပာင္းၿပီး သူ႔ကို ျပဳစုေစာင့္ေရွာက္ဖို႔ လိုအပ္တာ ဒါ ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ လီယြီ လုံးဝ မစိုးရိမ္ပါ။ မဂၤလာဦးညျဖစ္ေသာေၾကာင့္ ငါးကေလးမ်ားအိပ္ၿပီးေနာက္ သူတို႔ႏွစ္ဦး ဘာကိုမွ ဂ႐ုမစိုက္ၾကေတာ့ေပ။ သတို႔သမီးအခန္းထဲမွာ ငါးကန္တစ္ကန္မွ် မထားရွိလို႕ ငါးတစ္ေကာင္အျဖစ္သို႔ ျပန္မေျပာင္းမီအထိ သူတို႕အခ်င္း ခ်င္း ထိေတြ႕ေနခဲ့သည္။
ဝမ့္ရွီးက အေတာ္ေလးကို ေစ့ေစ့စပ္စပ္ေတြးကာ လုပ္ေပးထားသည္ဟု ဆိုနုိင္သည္။ မဂၤလာအိပ္ခန္းကို စီစဥ္ေသာအခါ သခင္ႏွစ္ေယာက္ အရက္မူးၿပီး ငါးကန္ထဲသို႔ မေတာ္တဆ ဝင္တိုက္ကာ ျပဳတ္က်မည္ကို စိုးရိမ္ေသာေၾကာင့္ ေဘးခန္းထဲကို ငါးကန္ကို ေခတၱေ႐ႊ႕လိုက္သည္။ ေန႔ထူးေန႔ျမတ္ျဖစ္ေသာေၾကာင့္ လီယြီႏွင့္ က်င္းဝမ္တို႕သသည္ တစ္ေယာက္ႏွင့္တစ္ေယာက္သာ အာ႐ုံစူးစိုက္ေနခဲ့ၿပီး အခန္းထဲ ငါးကန္မရွိသည္ကို အခ်ိန္မီမသိလိုက္ၾကေပ။
လီယြီ အသြင္ေျပာင္းၿပီးသည့္ေနာက္တြင္ အခန္းတြင္းက အေျပာင္းလဲကို သိရွိသြားခဲ့သည္။ က်င္းဝမ္ ငါးကန္ ေ႐ႊ႕ထားမည့္ေနရာကို အၾကမ္းဖ်င္း ခန႔္မွန္းၿပီး လီယြီအား ငါးကန္ထဲထည့္ေပးရန္ သတို႔သမီးအခန္းမွ အျမန္ေခၚထုတ္ခဲ့သည္။ ဒီလို ဖ႐ိုဖရဲ မဂၤလာပြဲညမ်ိဳးဟာ လုံးဝ မႀကဳံစဖူး ထူးထူးျခားျခားပါပဲ။
က်င္းဝမ္ လ်င္ျမန္စြာလႈပ္ရွားလိုက္သည္။ သူက ဘယ္သူ႔ကိုမွ အသိမေပးဖို႔လုပ္ထားေပမယ့္ လမ္းတဝက္မွာ ဝမ့္ရွီ၊ ယဲ့ခ်င္းဟြမ္တို႔ျဖင့္ တည့္တည့္ တိုးခဲ့သည္။
ကံေကာင္းလို႔သူတို႔က ဘာမွ သတိမထားမိလို႔သာေပါ့။ မဟုတ္ရင္ ေနာင္မွာ သူတို႔ မ်က္ႏွာကိုပင္ ၾကည့္ရဲေတာ့မည္ မဟုတ္ေပ။
က်င္းဝမ္ လီယြီကို ငါးကန္ထဲမွာ အေျခခ်ၿပီး သူ ျပန္မေျပာင္းႏိုင္မခ်င္း ေစာင့္ေနခဲ့သည္။ လီယြီသည္ System အား ေမးျမန္းရန္ လုပ္သင့္သည္ဆိုတာ စတင္စဥ္းစားခဲ့ၿပီး ေနာက္ဆုံးတြင္ ငါးအသြင္ ေျပာင္းသြားရသည့္ ဘဝက မည္သည့္အခ်ိန္တြင္ အဆုံးသတ္နိုင္မလဲ။
ငါးကေလးမ်ားသည္ လူသားအျဖစ္သို႔ ေျပာင္းလဲေနၿပီျဖစ္သည္။ ေျပာင္းလဲျခင္းမရွိဘဲ သူတို႔၏ပုံစံကို ႏွစ္အေတာ္ၾကာ ထိန္းသိမ္းထားႏိုင္သည္။ ငါးပါးပါးျဖစ္သည့္ သူက အနားတြင္ရွိေနရဆဲျဖစ္သည္၊ သူ၏အေထာက္အထားကို ေဖာ္ထုတ္ခံရမည္ကို ေၾကာက္ေနေသးတာက အဓိပၸာယ္မရွိေပ။
ငါးကေလးမ်ားသည္ "ႀကီးျပင္း၍ လူျဖစ္လာျပီ" ျဖစ္ေသာေၾကာင့္ ယုတ္ညံ့ေသာ System သည္ သဲလြန္စမရွိဘဲ ေပ်ာက္ကြယ္သြားခဲ့သည္။ ပင္မ မစ္ရွင္က ဆက္လုပ္ခိုင္းမည့္ပံု မေပၚေသးေပ။
လီယြီသည္ ငါးတပိုင္း၊ လူတပိုင္း ဘဝျဖင့္ က်င္းဝမ္ထံမွ ေကာင္းမြန္စြာ ျပဳစုေစာင့္ေရွာက္ျခင္းခံရၿပီး သူ၏ေန႔ရက္မ်ားကို သက္ေတာင့္သက္သာ ျဖတ္သန္းခဲ့သည္။ တခါတရံမွာ ဒီလို အခ်ိန္ေတြ ျဖတ္သန္းရတာ မဆိုးဘူးလို႔ ေသခ်ာေပါက္ ေတြးမိသည္။ သို႔ေသာ္ ထိုသို႔ေသာ ရင္တုန္ဖြယ္ အျဖစ္အပ်က္ကို ေတြ႕ႀကဳံၿပီးေနာက္၊ သူသည္ လုံးဝ လူသားအျဖစ္ တစ္ဖန္ ျပန္ေျပာင္းနိုင္ရန္ စတင္ ေတြးေတာလာခဲ့သည္။
သို႔ေသာ္လည္း ေလာေလာဆယ္တြင္ သူသည္ သူ၏မဂၤလာညကို ဦးစြာကုန္ဆုံးသည္အထိ ေစာင့္ရန္ လိုအပ္သည္။
ကေလးေတြက သတို႔သမီးအခန္းထဲမွာ အိပ္ေနတုန္း။ သူကသာ သူ၏အခြံကို ဖယ္ထုတ္ခံရေသာ ပုစဥ္းရင္ကြဲကဲ့သို႔ ျဖစ္ေနသည္။ ေနရာေျပာင္းလိုက္တာလည္း မဆိုးလွေပ......
ေနာက္ဆုံးတြင္၊ က်င္းဝမ္္ႏွင့္ ဝမ္ေဖး ၏ မဂၤလာညကို သတို႔သမီးအခန္း၏ ေဘးအိမ္တြင္ ကုန္ဆုံးခဲ့သည္။
ေတာက္ပၿပီးေနေရာင္ျဖာသည့္ ေနာက္တစ္ေန႔နံနက္ေစာေစာတြင္ လီယြီသည္ ငါးပန္ကိတ္ကဲ့သို႔ ျပန႔္ကားေနေသာ ေငြေရာင္ေက်ာက္တုံးေပၚတြင္ လွဲေသည္။ က်င္းဝမ္က သူ စားခ်င္ေသာ အစားအစာမ်ားကို ျပင္ဆင္ၿပီး ငါးကေလးမ်ားကို စစ္ေဆးရန္ ေခၚထုတ္မလာမီ ျမက္ခင္းစိမ္းေရာင္ ေစာင္ထဲတြင္ ခုိေအာင္းေနခဲ့သည္။
အေနာက္ေတာင္တန္းေဒသကို တာဝန္ခံသူအျဖစ္ က်င္းဝမ္ သူ႔ကိုယ္သူ မဂၤလာဦး အားလပ္ရက္ေပးထား႐ုံတင္မကဘူး။ ျပည္သူအမ်ားအတြက္ အားလပ္ရက္လည္းသတ္မွတ္ကာ ဂုဏ္ျပဳပြဲအျဖစ္ ေပးအပ္ခဲ့သည္။
အခန္းထဲက ထြက္သြားၿပီး လွည့္ၾကည့္လိုက္တာနဲ႔ သူ႔မ်က္လုံးေအာက္မွာ အနက္ေရာင္အိတ္ေတြ ပါတဲ့ သခင္ေလးယဲ့ကို ေတြ႕လိုက္ရသည္။
ယဲ့ခ်င္းဟြမ္သည္ က်င္းဝမ္္၏လွ်ိဳ႕ဝွက္ခ်က္ကို မထင္မွတ္ဘဲ ရွာေဖြေတြ႕ရွိခဲ့ၿပီး အလြန္စိုးရိမ္ပူပန္ေနခဲ့သည္။ သူက စားေသာက္ဆုိင္သို႔သြား၍ ဘဲကင္သုံးေကာင္စားေသာ္လည္း စိတ္မၿငိမ္သက္ေသးေပ။ က်င္းဝမ္္သည္ သတို႔သမီးအခန္းသို႔ ျပန္မလာေသးေၾကာင္း သူ ျပန္သြားေသာအခါ သိလိုက္ရေတာ့ သခင္ေလးယဲ့သည္ သူ႕ဝမ္းကြဲအတြက္ ပို၍ပင္ စိုးရိမ္လာသည္။
လီယြီသည္ သူ႔သူငယ္ခ်င္းျဖစ္ၿပီး က်င္းဝမ္က သူႏွင့္နီးစပ္ေသာ ဝမ္းကြဲညီအစ္ကို ျဖစ္သလို ခ်န္အန္းအိမ္ေတာ္က လူျဖစ္သည္။ ယုတၱိက်က်ေျပာမယ္ဆုိရင္ ယဲ့ခ်င္းဟြမ္က ဘယ္သူ႔ဘက္က ရပ္တည္သင့္တယ္ဆိုတာ သိသည္။
ဒါေပမယ့္ စိတ္ပိုင္းဆိုင္ရာအရေတာ့ သူက မတ္တပ္ရပ္မေနႏိုင္ေအာင္ ျပိဳလဲသြားေတာ့သည္။
"ေနာက္ဆုံးေတာ့ မင္းက သခင္ေလးလီနဲ႔ လက္ထပ္ႏိုင္ခဲ့တယ္။ ေသခ်ာေပါက္ သူ႔ကို မတရား ဆက္ဆံလို႕ မရဘူး!"
ယဲ့ခ်င္းဟြမ္သည္ ထိုစကားမ်ားျဖင့္ ပစ္ေပါက္ကာ ေခါင္းကို လွည့္ကာ ထြက္သြားေတာ့သည္။
က်င္းဝမ္္ : .......?
က်င္းဝမ္ သူ႔ေခါင္းကို နားမလည္စြာ ပြတ္ကာ ယဲ့ခ်င္းဟြမ္ကို အလိုလို လ်စ္လ်ဴရႈလိုက္သည္။
ခဏအၾကာတြင္ ဝမ့္ရွီးသည္ က်င္းဝမ္ကို ၾကည့္ကာ ခ်ီတုံခ်တုံျဖင့္ ေျပာခဲ့သည္။
"အရွင္မင္းသား....ဒီကြၽန္အို... တစ္ခုပဲ ေျပာပါရေစ။ အရွင္...အရွင္ အနာဂတ္မွာ ဝမ္ေဖး ကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံရမယ္။"
က်င္းဝမ္္ - "......."
ငါးပန္ကိတ္ကဲ့သို႕မလႈပ္မယွက္ျဖင့္ လီယြီတစ္ေယာက္ အားျဖည့္ရန္ အိပ္စက္ေနသည္။ ထို႔ေနာက္ သူႏိုးလာျပီးေနာက္ လူမရွိသည့္အခိုက္ System ထဲသို႔ ဝင္ခဲ့သည္။
မေန႔ညက အဆုံးမွာေတာ့ သူ ဗ႐ုတ္သုတ္ခနဲ႔ အိပ္ေပ်ာ္သြားတဲ့အခါ System ရဲ႕ အသံကို ၾကားလိုက္တယ္လို႔ ထင္ရေပမယ့္ သိပ္ေတာ့ မေသခ်ာဘူး။
System သည္ 'အလြန္အမင္းအလုပ္မ်ား' ျဖစ္ေနခ်ိန္တြင္ အေၾကာင္းၾကားခ်က္မ်ားကို ထပ္တင္ေပးသည္ကို အၿမဲႏွစ္သက္သည္။
႐ိုး႐ိုးသားသားေျပာရလွ်င္ သူသည္ System ထဲသို႔ မဝင္ေရာက္လာသည္မွာ အခ်ိန္အေတာ္ၾကာ ေနၿပီျဖစ္သည္။ ေနာက္ဆုံးအႀကိမ္၊ သူသည္ "ငါးေပါက္ကေလးမ်ား ႀကီးျပင္းၿပီး လူသားျဖစ္လာျခင္း" တာဝန္အတြက္ ဆုေငြရယူရန္ ဝင္ေရာက္ခဲ့သည္။ တကယ္ေတာ့ ဒါဟာ တိုက္ဆိုင္မႈပါပဲ။ ထိုအခ်ိန္တြင္၊ ငါးကေလးမ်ားသည္ ေမြးကင္းစကေလးမ်ားအျဖစ္သို႔ ေျပာင္းလဲသြားျခင္းအေပၚ သူ စိတ္ပ်က္ေနမိသည္။ ဝမ့္ကုန္းကုန္းနွင့္ အျခားလူမ်ားက ငါးေလးေတြ ဘယ္ေရာက္သြားသလဲဆုိတာ သူ ဘယ္လိုရွင္းျပရမလဲ။ ငါးေလးေကာင္သည္ တစ္ၿပိဳင္နက္ ေပ်ာက္ကြယ္သြားၿပီး ကေလးေလးေယာက္ကိုလည္း ေမြးဖြားခဲ့သည္။ အဲဒါက လူေတြကို သံသယျဖစ္ေစမွာ မဟုတ္ဘူးလား။
ကံေကာင္းစြာျဖင့္၊ System က သူ႔အား ေပးေသာဆုမွာ ငါးေလးေကာင္ႏွင့္ ကိုက္ညီေသာ ငါးေခါင္းအုံးေလးခုျဖစ္သည္။ ဒါက တကယ္ပဲ သူ႔ကို အမ်ားႀကီး ကူညီေပးခဲ့တယ္။
ယခုအခါ ငါးကေလးငယ္မ်ားတြင္ ငါးေခါင္းအုံးမ်ားလည္း ရွိေနျပီ။ လီယြီသည္ ဒါကို စဥ္းစားၿပီးေနာက္ က်င္းဝမ္္၏အကူအညီျဖင့္ ငါးေခါင္းအုံးေလးမ်ား၏ ပါးစပ္တစ္ခုစီတြင္ သံလိုက္မ်ားထည့္ထားသည္။ ထို႔ေနာက္ သူ႔ကိုယ္ပိုင္ ငါးေခါင္းအုံး၏ အၿမီးတြင္ အခ်ိဳ႕ကို ကပ္ထားလိုက္သည္။ ထိုကဲ့သို႔ပင္၊ သူႏွင့္ ငါးကေလးငယ္မ်ား ဝိုင္းႀကီးပတ္ပတ္ ကစားေနခ်ိန္ကဲ့သို႔ပင္ ငါးအားလုံးကို စက္ဝိုင္းပံု သူ႕ေနာက္က တန္းလန္းတန္းလန္း လိုက္လာေအာင္ လုပ္နုိင္ခဲ့သည္။
အခ်ိန္အမ်ားစုတြင္၊ ယုတ္ညံ့ေသာSystem သည္ သူ႔ကိုအျပစ္တင္ရန္ ႏွစ္သက္ေသာ္လည္း အခ်ိဳ႕ေသာကိစၥမ်ားတြင္၊ သူသည္ အလြန္ယုံၾကည္စိတ္ခ်ရဆဲျဖစ္သည္။
သူသည္ စာအုပ္တစ္အုပ္ထဲ ကူးေျပာင္းသြားၿပီး ငါးတစ္ေကာင္အျဖစ္ ေျပာင္းလဲကာ System၏ ေက်းဇူးေၾကာင့္ အလုပ္မ်ိဳးစုံကို လုပ္ခိုင္းျခင္းခံခဲ့ရသည္။ သို႔ေသာ္ Systemေၾကာင့္လည္း သူ၏ နွလံုးသား တစ္ဝက္ကို စာအုပ္ထဲတြင္ ရွာေဖြႏိုင္ခဲ့သည္။
ယခင္က လီယြီသည္ System အား အလြန္အမင္း စိတ္အေႏွာင့္အယွက္ျဖစ္ခဲ့ေသာ္လည္း ယခုအခါတြင္ သူ ခံစားခဲ့ရပုံကို ေဖာ္ျပရန္ ခက္ခဲလာသည္။
*********-********