Chapter (94-2) - မင်္ဂလာဦးခုတင်ထက်က ဘိုးဘေးလေးများ
....... ခဏနေဦး... ယဲ့ချင်းဟွမ်ရုတ်တရက် သဘောပေါက်သွားသည်။ ထိုတွင် သူက ကျင်းဝမ်ဆီမှာ မျိုးဆက်မရှိဘူးလို့ ထင်ခဲ့ပေမယ့် ကျင်းဝမ်ထံတွင် ကျန်းမာသော သားလေးယောက်ရှိနေပြီဖြစ်သည်။
ထိုအချိန်တွင် သူ့ဇနီးဖြစ်သူမှာ ကိုယ်ဝန်ရှိနေဆဲဖြစ်လို့ သူ့မှာ ပြောစရာစကား ပျောက်ဆုံးသွားပြန်သည်။
ကျင်းဝမ်ကို ယဲ့ချင်းဟွမ်က မွေးစားဖို့ပြောခဲ့တာက ကျင်းဝမ်ကို စော်ကားချင်လို့မဟုတ်ပဲ ကျင်းဝမ် အတွက် စိုးရိမ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျင်းဝမ်က ယဲ့ချင်းဟွမ်ကို ဒေါသမထွက်ပေ။ ယဲ့ချင်းဟွမ်သည် ထိုနေရာတွင် တုံးအစွာ မတ်တပ်ရပ်နေပြီး အနည်းငယ် ဒုက္ခရောက်နေသလို ခံစားခဲ့ရသည်။ ညီရင်းအစ်ကိုရင်းချလို ချစ်ခင်လို့ သူ့သွေးသားကိုပင် ပေးအပ်ဖို့ သူက စိတ်ကို တင်းကာ ပေးအပ်ဖို့လုပ်ခဲ့သေးသည်။
အချိန်သိပ်မစောတော့လို့ မင်္ဂလာဆောင်ပွဲကို မြန်မြန်ပြီးအောင် လုပ်ရမယ်။ သူတို့က ထိုမင်္ဂလာအချိန်ကို လက်လွှတ်မခံနိုင်ပေ။ ကျင်းဝမ် အခမ်းအနားမှူးအား မျက်လုံးအမူအရာပြလိုက်တော့ အခမ်းအနားမှူးက ချက်ချင်းပင် မိန့်ခွန်း စတင်ပြောလိုက်သည်။
ပုလဲသရဖူကို ဝတ်ဆင်ထားသည့်အတွက် လီယွီသည် သူ့မျက်နှာပေါ်ရှိ သရဖူမှ ချိတ်ဆွဲထားသော အဆင်တန်ဆာများ ကာရံထားသဖြင့် ဘာဖြစ်သွားသည်မသိ။ ကျင်းဝမ်သည် သူ့ဘေးနားသို့ ခပ်သွက်သွက်လျှောက်လာသည်။
"အရှင့်သား " လီယွီက ပြုံးပြီး လှမ်းခေါ်လိုက်သည်။
ကျင်းဝမ် ဒီနေ့ ဘယ်လောက်ပဲ ပြုံးနေပါစေ သူ မပင်ပန်းသလို ခံစားရသည်။ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး လီယွီ၏လက်ကို နွေးထွေးသော လက်ဖဝါးကို ဆုပ်ကိုင်လိုက်သည်။
သူတို့လက်ကို ဆုပ်ကိုင်လိုက်သည်နှင့် တပြိုင်နက် ခမ်းနားသော ခန်းမကြီးသည် ချက်ချင်း တိတ်ဆိတ်သွားပြီး ငြိမ်သက်သွားသည်။
လီယွီ၏ မျက်လုံးထောင့်မှ မီးရှူးမီးပန်းသဖွယ် တွေ့လိုက်ရသည်။ ဘာတွေဖြစ်နေတာလဲ? ဝမ်ဖေး က မီးပုံထဲကို ခုန်ဆင်းရမှာလား ?
သူ့ရဲ့ ဝတ်စုံနဲ့ ညှိပြီး မီးပုံထဲပြုတ်ကျရင် ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ် အဖိုးတန် မင်္ဂလာဝတ်စုံကို မီးလောင်သွားတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့လိုဖြစ်ရင် နှစ်ယောက်စလုံးက ကံဆိုးလိမ့်မည်။
သူ တုံ့ဆိုင်းနေချိန်တွင် ကျင်းဝမ် သူ့ခါးတွင် လက်ကိုဖက်ကာ ပေါ့ပေါ့ပါးပါးလေး မြှောက်လိုက်သည်။ လီယွီသည် သူ့ခြေနှစ်ဖက်လုံး မြေပြင်ပေါ်မှ လွတ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ့လည်း အံသြသွားသည်။ လျှပ်တပြက်အတွင်း သူက မြေပြင်ပေါ် ပြန်ရောက်လာပြီး မီးပုံကြီးကို နောက်တွင် ချန်ထားခဲ့သည်။
လီယွီ၏ မျက်နှာသည် လုံးဝနီမြန်းနေပြီး ပုလဲသရဖူ၏ ချိတ်ဆွဲထားသော အဆင်တန်ဆာများကပင် သူရှက်သွေးဖြန်းနေသည်ကို မဖုံးကွယ်နိုင်ပေ။ ကျင်းဝမ် လူအုပ်ကြီးရှေ့တွင် အမှန်တကယ်ပင် သူ့ကို ပွေ့ချီ သယ်ဆောင်လာပြီး မီးပုံကို ဖြတ်ကျော်သွားခဲ့သည်။
ဝမ်ရယ် က တကယ်ကို ရိုမန်းတစ်ဆန်လွန်းတယ်။
လေးစားအပ်သော ဧည့်သည်များသည် သဘောကောင်းစွာဖြင့် ရယ်မောလိုက်ကြသည်။
ယဲ့ချင်းဟွမ်ကလည်း သဘောကျစွာ အကျယ်ကြီး ရယ်လိုက်သည် ။ သူတို့နောက်က လိုက်လာတဲ့ ဘုန်းကြီးတွေတောင် မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။ နောက်ဆုံးတွင် ဒူးထောက်ကန်တော့ကာ အရိုသေးပေးခြင်း အခမ်းအနားကျင်းပရန် အချိန်ကျရောက်ခဲ့သည်။
လီယွီသည် ကျင်းဝမ်၏ဘေးတွင် ရပ်နေသည်။ သူတို့နှစ်ဦး အတူတကွ စိတ်ရင်းမှန်ဖြင့် ကောင်းကင်နှင့်မြေကြီးကိုလည်းကောင်း၊ မိခင်နှင့်ဖခင်တို့၏ ထိုင်ခုံများဆီသို့ စိတ်ရင်းမှန်ဖြင့် ကန်တော့ခဲ့ကြသည်။
နောက်ဆုံးမှာတော့ တစ်ယောက်ကို တစ်ယောက် လေးစားစွာ မျက်နှာမူပြီး တစ်ယောက်နဲ့တစ်ယောက် ခေါင်းငုံ့ကာ အရိုသေပေးခဲ့ကြသည်။
တကယ်တော့ ကျင်းဝမ်က အရင်ကတည်းက သူနဲ့ လက်ထပ်စာချုပ်ကို လက်မှတ်ရေး ထိုးထားပြီးသားပါ။ သူတို့လင်လင်တွေ ဖြစ်ပြီးနေပြီ။ ဒီမင်္ဂလာပွဲကြီးဟာ ကမ္ဘာအနှံ့က လူတွေကို ကြေငြာဖို့ သက်သက်သာ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ကြေငြာချက်ကတော့ အခုမှစပြီး မင်းဟာ ငါ့အတွက်ပဲဖြစ်ပြီး ငါက မင်းအတွက်ပဲ ဖြစ်တယ်။
ကျင်းဝမ်က ဝမ့်ရှီးကို ဧည့်သည်တွေကို ဧည့်ခံခိုင်းလိုက်ပြီး သူကိုယ်တိုင်က လီယွီကို သတို့သမီးအခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
သူသည် သဲနာရီကို ကြည့်တတ်သည့် အကျင့်ရနေပြီး ငွေရောင်နာရီကို ရံဖန်ရံခါ စိုက်ကြည့်ရင်း အချိန်ကုန်သွားခဲ့သည်။ ရှောင်ယွီ အသွင်ပြောင်းတော့မည်။ ဒါကြောင့် သူက ရှောင်ယွီကို စောင့်ရှောက်ဖို့ လိုသည်။ သူတို့ရဲ့ နေ့ထူးနေ့မြတ်မှာ အုတ်အော်သောင်းနင်း မဖြစ်စေချင်ပေ။
အပိုလူတွေကို အကုန်ရှင်းပစ်လိုက်ကာ ကျင်းဝမ်က လီယွီ၏ မျက်နှာရှေ့တွင် ချိတ်ဆွဲထားသော အဆင်တန်ဆာများကို ပင့်မြှောက်ရန် မင်္ဂလာတုတ်တံကို အသုံးပြုခဲ့သည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အကြာကြီးကြည့်ပြီးနောက် တပြိုင်နက်တည်း ပြုံးလိုက်ကြသည်။
ကျင်းဝမ် သူ့င်္အကျီလက်ထဲ နှိုက်လိုက်စဉ် လီယွီသည် သူ့အား မျှော်တလင့်လင့်ကြည့်ကာ ထိုတစ်ကြိမ်တွင် သူ ဘယ်လို မှတ်စုထုတ်လာမည်ကို ခန့်မှန်းလိုက်သည်။ ဒါမှမဟုတ် မင်္ဂလာပွဲကြီးနဲ့ပတ်သက်တဲ့ တခြားထူးခြားတဲ့လက်ဆောင်တစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော်၊ ကျင်းဝမ် သူ့င်္အကျီလက်ထဲမှ လျှို့ဝှက်ဆန်းကြယ်မှု တစ်စုံတစ်ရာ မရှိပေ။ အဲဒီအစား သူ့ င်္အကျီလက်ထဲမှ ပြွန်ရှည်နဲ့တူတဲ့ သေတ္တာတစ်ခုကို ဆွဲထုတ်လိုက်သည်။
ကျင်းဝမ် သေတ္တာကိုဖွင့်လိုက်သည်။ သေတ္တာအတွင်းတွင် ပန်းချီကားတစ်ချပ်ကို ကိုင်ဆောင်ထားသည်။
ကျင်းဝမ်၏ အကြည့်အောက်တွင် လီယွီသည် ပန်းချီကားကို ဖွင့်လိုက်သည်။ ကျင်းဝမ်ရေးဆွဲထားသော ငါးကလေးတွေ၏ ပန်းချီကားဖြစ်သည်။ အကြီးနှစ်ကောင်နှင့် ငါး အသေးလေးတွေဖြစ်သည်။ အကောင်ကြီးတွေထဲက တစ်ကောင်က အမြီးဖျားတွင် ငွေရောင်ရှိကာ ကိုယ်ထည်ပေါ်တွင် ရွှေရောင်အကွက်တွေ ပါတဲ့ ငါးဖြစ်သည်၊ ဒါဟာ လီယွီရဲ့ ငါးပုံစံအသွင်အပြင်ပဲ။ အသေးလေးများမှာ ရွှေရောင်၊ ငွေနဲ့ ရွှေရောင်အစပ်၊ ငွေရောင်သီးသန့်နှင့် အနက်ရောင်တို့ဖြစ်သည်။ ဒီငါးလေးကောင်က သူတို့ ကလေးတွေဆိုတာ တချက်ကြည့်ရုံနှင့် ပြောနိုင်သည်။
သို့သော် ဤနေရာတွင် တစ်စုံတစ်ခုတော့ မမှန်ပေ။ လီယွီက ထပ်ခါထပ်ခါ ရေတွက်လိုက်သည်။ သူနှင့် ငါးကလေးများ အတူတူ ငါးကောင်မျှသာ ဖြစ်သည်။ ပန်းချီကားထဲမှာ ဘာလို့ နောက်ထပ်ငါးနက်ကြီး ရှိနေရတာလဲ။
သူက ဘယ်သူလဲ?
လီယွီသည် အတန်ကြာအောင် တွေးလိုက်သည်။ ကျင်းဝမ်၏ မင်္ဂလာဝတ်စုံအောက်ရှိ နက်မှောင်သော အရောင်ရှိသော ဝတ်ရုံကို လီယွီမှ မတွေ့မီအထိ လီယွီသည် ကျင်းဝမ်က သူ့ကိုယ်သူ ထိုငါးနက်ကြီးအဖြစ် ဆွဲထားလိုက်ကြောင်း လီယွီ သတိမပြုမိပေ။ ထိုငါးအုပ်စုက မိသားစုတစ်စုတည်းဖြစ်ကာ သူ့ကိုယ်ကိုယ် ငါးအဖြစ် ရေးဆွဲခဲ့ကြောင်း ထင်ရှားသည်။
လီယွီသည် အလွန်ကြီးကျယ်ခမ်းနားသော အနက်ရောင်ငါးကြီးကြီးကို နှစ်သက်စွာ အချိန်အတော်ကြာ ကြည့်ပြီးနောက် နောက်ဆုံးတွင် သူသည် ပန်းချီကားကို တုံ့ဆိုင်းစွာ ချလိုက်ပြီး ပြောလိုက်သည်။
"လက်ဆောင်အတွက် ကျေးဇူးပါပဲ အရှင်မင်းသား"
မင်္ဂလာဆောင်ပြီးခါစ လက်ဆောင်ကို ကျင်းဝမ် ပေးပြီးနောက် သူတို့ ယခင်နေ့က သောက်သုံးခဲ့သည့် အလားတူ ကျောက်စိမ်းခွက်တစ်စုံကို ထုတ်ယူကာ ဇီးသီးစိမ်းဝိုင်နှင့် ပြည့်အောင်ဖြည့်လိုက်သည်။
ထိုတစ်ကြိမ်တွင် လီယွီသည် ဦးစွာသောက်ပြီး ကျင်းဝမ်၏ပါးစပ်ထဲသို့ နူတ်ခမ်းချင်းတေ့ကာ တိုက်လိုက်သဖြင့် နည်းနည်း ကတုန်ကယင်ဖြစ်သွားရသေးသည်။
ငွေရောင်နာရီထဲကသဲက တဖြည်းဖြည်း ကုန်လွန်သွားချိန်ထိ လူနှစ်ယောက်၏ ရုပ်ပုံများသည် ကုတင်ပေါ်တွင် လူးလိမ့်ကာ နီးကပ်စွာ ရောယှက်နေသည်။
မီးတောက်များ ပြင်းပြင်းထန်ထန် တောက်လောင်နေသကဲ့သို့ လှိုင်းလုံးများနှင့် ကလေးငယ်များ၏ ငိုကြွေးသံများသည် အနီးနားရှိ အခန်းတွင်းမှ အချိန်မတန်ဘဲ ဖြတ်သန်းဝင်ရောက်လာသည်။
လီယွီ၊ ကျင်းဝမ်- "......"
နှစ်ယောက်သား ခေတ္တရပ်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
လီယွီသည် အသက်ကို အလုကယ်ရှုကာ မောဟိုက်နေဆဲဖြစ်သည်။ သူက
"အ..အရှင်မင်းသား... ကလေးတွေ......"
ဒါက ပါးပါးတွေအတွက် အဆင်မပြေမှုတစ်ခုပါပဲ။ သူတို့ဟာ သူတို့ရဲ့ အပျော်တွေကိုပဲ ဂရုစိုက်ကာ ကလေးတွေကို ဂရုမစိုက်သလိုမျိုး မဟုတ်ဘူး။
ကျင်းဝမ်က အသက်ပြင်းပြင်းရှုကာ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီး ကလေးတွေကို ခေါ်ဆောင်ဖို့ ဘေးခန်းကို ထွက်သွားခဲ့သည်။
ပေါင်းရိ၊ ပေါင်းအာ့၊ ပေါင်းစန်းနှင့် ပေါင်းဆုတို့သည် ပြင်းထန်စွာ ငိုကြွေးခဲ့ကြရာ သူတို့၏ မျက်နှာလေးများသည် ရှုံ့မဲ့ကာတွန့်လိမ်နေကြသည်။ နောက်ဆုံးတွင် သူတို့သည် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ကြည့်ရှုရန် မင်္ဂလာခန်းမသို့ ခေါ်ဆောင်လာခဲ့သော်လည်း ငါးပါးပါးက သူတို့အား သတိမပြု မိခဲ့ပေ။ သိပ်မကြာခင်မှာပဲ ပါးပါး နှစ်ယောက်လုံး တစ်နေရာရာကို ထွက်ကာ ပျောက်ကွယ်သွားခဲ့တယ်။ နို့ထိန်းက သူတို့ကို အမြန်ပြန်ခေါ်လာပြန်သည်။ ပါးပါးတွေရဲ့ ပွေ့ဖက်နှစ်သိမ့်မှု ကင်းမဲ့နေသဖြင့် လိမ္မာရေးခြားဆုံးဟု ကြွားလုံးထုတ်နေတတ်သော ပေါင်းရိသည်ပင် ပေါက်ကွဲလာတော့မည်။
ကျင်းဝမ်ပါးပါး ပေါ်လာသည်နှင့်တပြိုင်နက် အခြား ပေါက်စလေးများက ချက်ချင်း တိတ်ဆိတ်သွားသည်။ တားမရလောက်အောင် ငိုနေသော ပေါင်းဆုသည် ရှိုက်လို့နေသည်။
ကျင်းဝမ်က ခေါင်းခါလိုက်သည်။ လက်နှစ်ဖက်ဖြင့် ငါးကလေးအားလုံးကို သတို့သမီးအခန်းသို့ သယ်ဆောင်သွားခဲ့ရတော့သည်။
နောက်ဆုံးတွင် ဘိုးဘေးလေးများက ကြင်စဦး လင်လင်နှစ်ယောက်၏ အိပ်ယာပေါ်တွင်ရှိနေသည့် သူတို့၏ငါးပါးပါးကို မြင်ပြီး သူနှင့်အတူတူအိပ်ချင်လို့ ငါးပါးပါးကို တပြိုင်တည်း လှမ်းကာ ဖမ်းဆုပ်ကြသည်။
တစ်ဖန် မီးပုံကြီးထဲတွင် ဝိုင်းခံထားရသော လီယွီ၊ "......"
လီယွီသည် သူတကယ် မိုက်မဲသည့် အရာတစ်ခုကို လုပ်လိုက်သလို ခံစားလိုက်ရသည်။ ဒီလို အရည်အသွေးကောင်းတဲ့ မင်္ဂလာညချမ်းလေးဟာ ဒီလိုမျိုး ဖြုန်းတီးပစ်လိုက်ရတော့တာပဲ။ သူက ကျင်းဝမ်ကို တောင်းပန်ချင်ပေမယ့် ကျင်းဝမ်မ်ကတော့ ပြောထားပြီးသားဖြစ်သည်။ ကျင်းဝမ်က မျက်လုံးပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်နေသော လီယွီအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
ထိုကဲ့သို့ဖြင့် လီယွီသည် ကလေးငယ်များ ဝိုင်းရံထားသော်လည်း သူတို့နှစ်ဦး မခွဲခွာအတူနေနိုင်ကြသေးသည်။
"အရှင်မင်းသား..ကျွန်တော့်ကြောင့် အရမ်းညောင်းနေလား"
ကျင်းဝမ်၏ပခုံးပေါ် ခေါင်းအုံးရင်း မျက်နှာကို မော့ထားရင်း လီယွီသည် သူ့အောက်ကလူ ပင်ပန်းမည်ကို ကြောက်နေသည်။
ကျင်းဝမ် ခေါင်းယမ်းပြီး ကလေးတွေရဲ့မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်သည်။ သူသည် လီယွီ၏ခါးကို လက်နှစ်ဖက်ဖြင့် ပတ်ထားသည်။ လီယွီသည် အဆက်မပြတ် အော်ဟစ်နေချိန်တွင် ကျင်းဝမ်က သူ့ကို ထပ်ခါထပ်ခါ နမ်းလိုက်သည်။
လီယွီသည် အော်သံရပ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။ ကလေးတွေက သူ့ဘေးမှာ ရှိနေတာကြောင့် ထူးထူးဆန်းဆန်း အသံတွေ မထုတ်နိုင်ခဲ့ဘူး။ နှစ်ယောက်သား အပြန်အလှန် ဖိကပ်ကာ ချစ်ခြင်းမေတ္တာ ကို ဖော်ပြသည့် အနမ်းများ ပြတ်တောင်းပြတ်တောင်း ဖလှယ်ကြသည်။
ကလေးများ အားလုံး အိပ်ပျော်သွားသည်အထိ စောင့်ဆိုင်းခဲ့ကြပြီး လီယွီသည် ငါးအဖြစ်သို့ ပြန်လည်ရောက်ရှိမည့်အချိန်ကို စောင့်ကာ ညသန်းခေါင်ကျော်သည်အထိ စောင့်ဆိုင်းခဲ့ကြသည်။ ဘယ်လောက်ကြာကြာ စောင့်ခဲ့ရပါစေ၊ သူတို့နှစ်ယောက်ရဲ့ ရင်းနှီးတဲ့ အခိုက်အတန့်တွေကို နောက်ဆုံးမှာ ပြန်လည်ရောက်လာပြီး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကာ မြိုချထားမတတ် နမ်းရှိုက်ကာ ချစ်တင်းနှောလိုက်ကြတော့သည်။
*********-*********
Chapter (94-2) - မဂၤလာဦးခုတင္ထက္ ဘိုးေဘးေလးမ်ား
....... ခဏေနဦး... ယဲ့ခ်င္းဟြမ္႐ုတ္တရက္ သေဘာေပါက္သြားသည္။ ထိုတြင္ သူက က်င္းဝမ္ဆီမွာ မ်ိဳးဆက္မရွိဘူးလို႕ ထင္ခဲ့ေပမယ့္ က်င္းဝမ္ထံတြင္ က်န္းမာေသာ သားေလးေယာက္ရွိေနၿပီျဖစ္သည္။
ထိုအခ်ိန္တြင္ သူ႕ဇနီးျဖစ္သူမွာ ကိုယ္ဝန္ရွိေနဆဲျဖစ္လို႕ သူ႕မွာ ေျပာစရာစကား ေပ်ာက္ဆုံးသြားျပန္သည္။
က်င္းဝမ္ကို ယဲ့ခ်င္းဟြမ္က ေမြးစားဖို႕ေျပာခဲ့တာက က်င္းဝမ္ကို ေစာ္ကားခ်င္လို႕မဟုတ္ပဲ က်င္းဝမ္ အတြက္ စိုးရိမ္ေသာေၾကာင့္ျဖစ္သည္။ ထို႔ေၾကာင့္ က်င္းဝမ္္က ယဲ့ခ်င္းဟြမ္ကို ေဒါသမထြက္ေပ။ ယဲ့ခ်င္းဟြမ္သည္ ထိုေနရာတြင္ တံုးအစြာ မတ္တပ္ရပ္ေနျပီး အနည္းငယ္ ဒုကၡေရာက္ေနသလို ခံစားခဲ့ရသည္။ ညီရင္းအစ္ကိုရင္းခ်လို ခ်စ္ခင္လို႕ သူ႕ေသြးသားကိုပင္ ေပးအပ္ဖို႕ သူက စိတ္ကို တင္းကာ ေပးအပ္ဖို႕လုပ္ခဲ့ေသးသည္။
အခ်ိန္သိပ္မေစာေတာ့လို႕ မဂၤလာေဆာင္ပြဲကို ျမန္ျမန္ၿပီးေအာင္ လုပ္ရမယ္။ သူတို႔က ထိုမဂၤလာအခ်ိန္ကို လက္လႊတ္မခံနိုင္ေပ။ က်င္းဝမ္ အခမ္းအနားမႉးအား မ်က္လုံးအမူအရာျပလိုက္ေတာ့ အခမ္းအနားမႉးက ခ်က္ခ်င္းပင္ မိန႔္ခြန္း စတင္ေျပာလိုက္သည္။
ပုလဲသရဖူကို ၀တ္ဆင္ထားသည့္အတြက္ လီယြီသည္ သူ႔မ်က္ႏွာေပၚရွိ သရဖူမွ ခ်ိတ္ဆြဲထားေသာ အဆင္တန္ဆာမ်ား ကာရံထားသျဖင့္ ဘာျဖစ္သြားသည္မသိ။ က်င္းဝမ္္သည္ သူ႔ေဘးနားသို႔ ခပ္သြက္သြက္ေလွ်ာက္လာသည္။
"အရွင့္သား " လီယြီက ၿပဳံးၿပီး လွမ္းေခၚလိုက္သည္။
က်င္းဝမ္ ဒီေန႔ ဘယ္ေလာက္ပဲ ၿပဳံးေနပါေစ သူ မပင္ပန္းသလို ခံစားရသည္။ သူ႔လက္ကို ဆန႔္ထုတ္လိုက္ၿပီး လီယြီ၏လက္ကို ေႏြးေထြးေသာ လက္ဖဝါးကို ဆုပ္ကိုင္လိုက္သည္။
သူတို႔လက္ကို ဆုပ္ကိုင္လိုက္သည္ႏွင့္ တၿပိဳင္နက္ ခမ္းနားေသာ ခန္းမႀကီးသည္ ခ်က္ခ်င္း တိတ္ဆိတ္သြားၿပီး ၿငိမ္သက္သြားသည္။
လီယြီ၏ မ်က္လုံးေထာင့္မွ မီးရႉးမီးပန္းသဖြယ္ ေတြ႕လိုက္ရသည္။ ဘာေတြျဖစ္ေနတာလဲ? ဝမ္ေဖး က မီးပံုထဲကို ခုန္ဆင္းရမွာလား ?
သူ႔ရဲ႕ ဝတ္စံုနဲ႕ ညွိျပီး မီးပံုထဲျပဳတ္က်ရင္ ဘယ္လိုလုပ္မလဲ။ ဒါမွမဟုတ္ အဖိုးတန္ မဂၤလာဝတ္စုံကို မီးေလာင္သြားတာလည္း ျဖစ္ႏိုင္ပါတယ္။ အဲ့လိုျဖစ္ရင္ ႏွစ္ေယာက္စလုံးက ကံဆိုးလိမ့္မည္။
သူ တုံ႔ဆိုင္းေနခ်ိန္တြင္ က်င္းဝမ္ သူ႔ခါးတြင္ လက္ကိုဖက္ကာ ေပါ့ေပါ့ပါးပါးေလး ေျမႇာက္လိုက္သည္။ လီယြီသည္ သူ႔ေျခႏွစ္ဖက္လုံး ေျမျပင္ေပၚမွ လြတ္သြားသည္ကို ႐ုတ္တရက္ ခံစားလိုက္ရသည္။ တစ္ခ်ိန္တည္းမွာပင္ သူ႔လည္း အံၾသသြားသည္။ လွ်ပ္တျပက္အတြင္း သူက ေျမျပင္ေပၚ ျပန္ေရာက္လာျပီး မီးပံုႀကီးကို ေနာက္တြင္ ခ်န္ထားခဲ့သည္။
လီယြီ၏ မ်က္ႏွာသည္ လုံးဝနီျမန္းေနၿပီး ပုလဲသရဖူ၏ ခ်ိတ္ဆြဲထားေသာ အဆင္တန္ဆာမ်ားကပင္ သူရွက္ေသြးျဖန္းေနသည္ကို မဖုံးကြယ္ႏိုင္ေပ။ က်င္းဝမ္ လူအုပ္ႀကီးေရွ႕တြင္ အမွန္တကယ္ပင္ သူ႔ကို ေပြ႕ခ်ီ သယ္ေဆာင္လာၿပီး မီးပံုကို ျဖတ္ေက်ာ္သြားခဲ့သည္။
ဝမ္ရယ္ က တကယ္ကို ႐ိုမန္းတစ္ဆန္လြန္းတယ္။
ေလးစားအပ္ေသာ ဧည့္သည္မ်ားသည္ သေဘာေကာင္းစြာျဖင့္ ရယ္ေမာလိုက္ႀကသည္။
ယဲ့ခ်င္းဟြမ္ကလည္း သေဘာက်စြာ အက်ယ္ႀကီး ရယ္လိုက္သည္ ။ သူတို႔ေနာက္က လိုက္လာတဲ့ ဘုန္းႀကီးေတြေတာင္ မ်က္ေတာင္မခတ္တမ္း ႀကည့္ေနမိသည္။ ေနာက္ဆုံးတြင္ ဒူးေထာက္ကန္ေတာ့ကာ အရိုေသးေပးျခင္း အခမ္းအနားက်င္းပရန္ အခ်ိန္က်ေရာက္ခဲ့သည္။
လီယြီသည္ က်င္းဝမ္္၏ေဘးတြင္ ရပ္ေနသည္။ သူတို႔ႏွစ္ဦး အတူတကြ စိတ္ရင္းမွန္ျဖင့္ ေကာင္းကင္ႏွင့္ေျမႀကီးကိုလည္းေကာင္း၊ မိခင္ႏွင့္ဖခင္တို႔၏ ထိုင္ခုံမ်ားဆီသို႔ စိတ္ရင္းမွန္ျဖင့္ ကန္ေတာ့ခဲ့ၾကသည္။
ေနာက္ဆုံးမွာေတာ့ တစ္ေယာက္ကို တစ္ေယာက္ ေလးစားစြာ မ်က္ႏွာမူၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ေခါင္းငုံ႔ကာ အရိုေသေပးခဲ့ၾကသည္။
တကယ္ေတာ့ က်င္းဝမ္က အရင္ကတည္းက သူနဲ႔ လက္ထပ္စာခ်ဳပ္ကို လက္မွတ္ေရး ထိုးထားၿပီးသားပါ။ သူတို႔လင္လင္ေတြ ျဖစ္ျပီးေနၿပီ။ ဒီမဂၤလာပြဲႀကီးဟာ ကမာၻအႏွံ႔က လူေတြကို ေၾကျငာဖို႔ သက္သက္သာ က်င္းပခဲ့ျခင္း ျဖစ္သည္။
ေၾကျငာခ်က္ကေတာ့ အခုမွစၿပီး မင္းဟာ ငါ့အတြက္ပဲျဖစ္ၿပီး ငါက မင္းအတြက္ပဲ ျဖစ္တယ္။
က်င္းဝမ္က ဝမ့္ရွီးကို ဧည့္သည္ေတြကို ဧည့္ခံခိုင္းလိုက္ျပီး သူကိုယ္တိုင္က လီယြီကို သတို႔သမီးအခန္းသို႔ ေခၚေဆာင္သြားခဲ့သည္။
သူသည္ သဲနာရီကို ႀကည့္တတ္သည့္ အက်င့္ရေနျပီး ေငြေရာင္နာရီကို ရံဖန္ရံခါ စိုက္ၾကည့္ရင္း အခ်ိန္ကုန္သြားခဲ့သည္။ ေရွာင္ယြီ အသြင္ေျပာင္းေတာ့မည္။ ဒါေႀကာင့္ သူက ေရွာင္ယြီကို ေစာင့္ေရွာက္ဖို႔ လိုသည္။ သူတို႔ရဲ႕ ေန႔ထူးေန႔ျမတ္မွာ အုတ္ေအာ္ေသာင္းနင္း မျဖစ္ေစခ်င္ေပ။
အပိုလူေတြကို အကုန္ရွင္းပစ္လိုက္ကာ က်င္းဝမ္က လီယြီ၏ မ်က္ႏွာေရွ႕တြင္ ခ်ိတ္ဆြဲထားေသာ အဆင္တန္ဆာမ်ားကို ပင့္ေျမႇာက္ရန္ မဂၤလာတုတ္တံကို အသုံးျပဳခဲ့သည္။ ႏွစ္ေယာက္သား တစ္ေယာက္ကိုတစ္ေယာက္ အၾကာႀကီးၾကည့္ၿပီးေနာက္ တျပိဳင္နက္တည္း ၿပဳံးလိုက္ၾကသည္။
က်င္းဝမ္ သူ႔အၤက်ီလက္ထဲ နိႈက္လိုက္စဥ္ လီယြီသည္ သူ႔အား ေမွ်ာ္တလင့္လင့္ၾကည့္ကာ ထိုတစ္ႀကိမ္တြင္ သူ ဘယ္လို မွတ္စုထုတ္လာမည္ကို ခန႔္မွန္းလိုက္သည္။ ဒါမွမဟုတ္ မဂၤလာပြဲႀကီးနဲ႔ပတ္သက္တဲ့ တျခားထူးျခားတဲ့လက္ေဆာင္တစ္ခုလည္း ျဖစ္ေကာင္းျဖစ္ႏိုင္သည္။
သို႔ေသာ္၊ က်င္းဝမ္ သူ႔အၤက်ီလက္ထဲမွ လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈ တစ္စုံတစ္ရာ မရွိေပ။ အဲဒီအစား သူ႕ အၤက်ီလက္ထဲမွ ႁပြန္ရွည္နဲ႔တူတဲ့ ေသတၱာတစ္ခုကို ဆြဲထုတ္လိုက္သည္။
က်င္းဝမ္ ေသတၱာကိုဖြင့္လိုက္သည္။ ေသတၱာအတြင္းတြင္ ပန္းခ်ီကားတစ္ခ်ပ္ကို ကိုင္ေဆာင္ထားသည္။
က်င္းဝမ္္၏ အၾကည့္ေအာက္တြင္ လီယြီသည္ ပန္းခ်ီကားကို ဖြင့္လိုက္သည္။ က်င္းဝမ္္ေရးဆြဲထားေသာ ငါးကေလးေတြ၏ ပန္းခ်ီကားျဖစ္သည္။ အႀကီးႏွစ္ေကာင္နွင့္ ငါး အေသးေလးေတြျဖစ္သည္။ အေကာင္ႀကီးေတြထဲက တစ္ေကာင္က အျမီးဖ်ားတြင္ ေငြေရာင္ရွိကာ ကိုယ္ထည္ေပၚတြင္ ေ႐ႊေရာင္အကြက္ေတြ ပါတဲ့ ငါးျဖစ္သည္၊ ဒါဟာ လီယြီရဲ႕ ငါးပုံစံအသြင္အျပင္ပဲ။ အေသးေလးမ်ားမွာ ေ႐ႊေရာင္၊ ေငြနဲ႕ ေ႐ႊေရာင္အစပ္၊ ေငြေရာင္သီးသန္႕နွင့္ အနက္ေရာင္တို႔ျဖစ္သည္။ ဒီငါးေလးေကာင္က သူတုိ႕ ကေလးေတြဆုိတာ တခ်က္ႀကည့္ရံုနွင့္ ေျပာနိုင္သည္။
သို႔ေသာ္ ဤေနရာတြင္ တစ္စုံတစ္ခုေတာ့ မမွန္ေပ။ လီယြီက ထပ္ခါထပ္ခါ ေရတြက္လိုက္သည္။ သူႏွင့္ ငါးကေလးမ်ား အတူတူ ငါးေကာင္မွ်သာ ျဖစ္သည္။ ပန္းခ်ီကားထဲမွာ ဘာလို႔ ေနာက္ထပ္ငါးနက္ႀကီး ရွိေနရတာလဲ။
သူက ဘယ္သူလဲ?
လီယြီသည္ အတန္ၾကာေအာင္ ေတြးလိုက္သည္။ က်င္းဝမ္္၏ မဂၤလာဝတ္စုံေအာက္ရွိ နက္ေမွာင္ေသာ အေရာင္ရွိေသာ ၀တ္႐ုံကို လီယြီမွ မေတြ႕မီအထိ လီယြီသည္ က်င္းဝမ္က သူ႔ကိုယ္သူ ထိုငါးနက္ႀကီးအျဖစ္ ဆြဲထားလိုက္ေၾကာင္း လီယြီ သတိမျပဳမိေပ။ ထိုငါးအုပ္စုက မိသားစုတစ္စုတည္းျဖစ္ကာ သူ႕ကိုယ္ကိုယ္ ငါးအျဖစ္ ေရးဆြဲခဲ့ေႀကာင္း ထင္ရွားသည္။
လီယြီသည္ အလြန္ႀကီးက်ယ္ခမ္းနားေသာ အနက္ေရာင္ငါးႀကီးႀကီးကို ႏွစ္သက္စြာ အခ်ိန္အေတာ္ၾကာ ၾကည့္ၿပီးေနာက္ ေနာက္ဆုံးတြင္ သူသည္ ပန္းခ်ီကားကို တုံ႔ဆိုင္းစြာ ခ်လိုက္ၿပီး ေျပာလိုက္သည္။
"လက္ေဆာင္အတြက္ ေက်းဇူးပါပဲ အရွင္မင္းသား"
မဂၤလာေဆာင္ၿပီးခါစ လက္ေဆာင္ကို က်င္းဝမ္ ေပးျပီးေနာက္ သူတုိ႕ ယခင္ေန႕က ေသာက္သံုးခဲ့သည့္ အလားတူ ေက်ာက္စိမ္းခြက္တစ္စုံကို ထုတ္ယူကာ ဇီးသီးစိမ္းဝိုင္ႏွင့္ ျပည့္ေအာင္ျဖည့္လိုက္သည္။
ထိုတစ္ႀကိမ္တြင္ လီယြီသည္ ဦးစြာေသာက္ၿပီး က်င္းဝမ္္၏ပါးစပ္ထဲသို႔ နူတ္ခမ္းခ်င္းေတ့ကာ တိုက္လိုက္သျဖင့္ နည္းနည္း ကတုန္ကယင္ျဖစ္သြားရေသးသည္။
ေငြေရာင္နာရီထဲကသဲက တျဖည္းျဖည္း ကုန္လြန္သြားခ်ိန္ထိ လူႏွစ္ေယာက္၏ ႐ုပ္ပုံမ်ားသည္ ကုတင္ေပၚတြင္ လူးလိမ့္ကာ နီးကပ္စြာ ေရာယွက္ေနသည္။
မီးေတာက္မ်ား ျပင္းျပင္းထန္ထန္ ေတာက္ေလာင္ေနသကဲ့သို႔ လႈိင္းလုံးမ်ားႏွင့္ ကေလးငယ္မ်ား၏ ငိုေႂကြးသံမ်ားသည္ အနီးနားရွိ အခန္းတြင္းမွ အခ်ိန္မတန္ဘဲ ျဖတ္သန္းဝင္ေရာက္လာသည္။
လီယြီ၊ က်င္းဝမ္္- "......"
ႏွစ္ေယာက္သား ေခတၱရပ္ၿပီး တစ္ေယာက္ကို တစ္ေယာက္ ၾကည့္ေနၾကသည္။
လီယြီသည္ အသက္ကို အလုကယ္ရႈကာ ေမာဟိုက္ေနဆဲျဖစ္သည္။ သူက
"အ..အရွင္မင္းသား... ကေလးေတြ......"
ဒါက ပါးပါးေတြအတြက္ အဆင္မေျပမႈတစ္ခုပါပဲ။ သူတို႔ဟာ သူတို႔ရဲ႕ အေပ်ာ္ေတြကိုပဲ ဂ႐ုစိုက္ကာ ကေလးေတြကို ဂ႐ုမစိုက္သလိုမ်ိဳး မဟုတ္ဘူး။
က်င္းဝမ္က အသက္ျပင္းျပင္းရႈကာ သူ႕ကိုယ္သူ တည္ျငိမ္ေအာင္လုပ္ျပီး ကေလးေတြကို ေခၚေဆာင္ဖို႕ ေဘးခန္းကို ထြက္သြားခဲ့သည္။
ေပါင္းရိ၊ ေပါင္းအာ့၊ ေပါင္းစန္းႏွင့္ ေပါင္းဆုတို႔သည္ ျပင္းထန္စြာ ငိုေႂကြးခဲ့ၾကရာ သူတို႔၏ မ်က္ႏွာေလးမ်ားသည္ ရႈံ႕မဲ့ကာတြန္႕လိမ္ေနၾကသည္။ ေနာက္ဆုံးတြင္ သူတို႔သည္ စိတ္လႈပ္ရွားမႈ အျပည့္ျဖင့္ ၾကည့္ရႈရန္ မဂၤလာခန္းမသို႔ ေခၚေဆာင္လာခဲ့ေသာ္လည္း ငါးပါးပါးက သူတို႔အား သတိမျပဳ မိခဲ့ေပ။ သိပ္မၾကာခင္မွာပဲ ပါးပါး နွစ္ေယာက္လုံး တစ္ေနရာရာကို ထြက္ကာ ေပ်ာက္ကြယ္သြားခဲ့တယ္။ နို႕ထိန္းက သူတို႔ကို အျမန္ျပန္ေခၚလာျပန္သည္။ ပါးပါးေတြရဲ႕ ေပြ႕ဖက္ႏွစ္သိမ့္မႈ ကင္းမဲ့ေနသျဖင့္ လိမၼာေရးျခားဆုံးဟု ႂကြားလုံးထုတ္ေနတတ္ေသာ ေပါင္းရိသည္ပင္ ေပါက္ကြဲလာေတာ့မည္။
က်င္းဝမ္္ပါးပါး ေပၚလာသည္ႏွင့္တၿပိဳင္နက္ အျခား ေပါက္စေလးမ်ားက ခ်က္ခ်င္း တိတ္ဆိတ္သြားသည္။ တားမရေလာက္ေအာင္ ငိုေနေသာ ေပါင္းဆုသည္ ရႈိက္လို႕ေနသည္။
က်င္းဝမ္္က ေခါင္းခါလိုက္သည္။ လက္ႏွစ္ဖက္ျဖင့္ ငါးကေလးအားလုံးကို သတို႔သမီးအခန္းသို႔ သယ္ေဆာင္သြားခဲ့ရေတာ့သည္။
ေနာက္ဆုံးတြင္ ဘိုးေဘးေလးမ်ားက ၾကင္စဦး လင္လင္နွစ္ေယာက္၏ အိပ္ယာေပၚတြင္ရွိေနသည့္ သူတို႔၏ငါးပါးပါးကို ျမင္ၿပီး သူႏွင့္အတူတူအိပ္ခ်င္လို႕ ငါးပါးပါးကို တျပိဳင္တည္း လွမ္းကာ ဖမ္းဆုပ္ႀကသည္။
တစ္ဖန္ မီးပုံႀကီးထဲတြင္ ဝိုင္းခံထားရေသာ လီယြီ၊ "......"
လီယြီသည္ သူတကယ္ မိုက္မဲသည့္ အရာတစ္ခုကို လုပ္လိုက္သလို ခံစားလိုက္ရသည္။ ဒီလို အရည္အေသြးေကာင္းတဲ့ မဂၤလာညခ်မ္းေလးဟာ ဒီလိုမ်ိဳး ျဖဳန္းတီးပစ္လိုက္ရေတာ့တာပဲ။ သူက က်င္းဝမ္ကို ေတာင္းပန္ခ်င္ေပမယ့္ က်င္းဝမ္္မ္ကေတာ့ ေျပာထားၿပီးသားျဖစ္သည္။ က်င္းဝမ္္က မ်က္လံုးပုတ္ခတ္ပုတ္ခတ္ျဖင့္ ႀကည့္ေနေသာ လီယြီအား သူ႔ရင္ခြင္ထဲသို႔ ဆြဲသြင္းလိုက္သည္။
ထိုကဲ့သို႔ျဖင့္ လီယြီသည္ ကေလးငယ္မ်ား ဝိုင္းရံထားေသာ္လည္း သူတို႔ႏွစ္ဦး မခြဲခြာအတူေနနိုင္ႀကေသးသည္။
"အရွင္မင္းသား..ကြ်န္ေတာ့္ေႀကာင့္ အရမ္းေညာင္းေနလား"
က်င္းဝမ္္၏ပခုံးေပၚ ေခါင္းအုံးရင္း မ်က္နွာကို ေမာ့ထားရင္း လီယြီသည္ သူ႔ေအာက္ကလူ ပင္ပန္းမည္ကို ေၾကာက္ေနသည္။
က်င္းဝမ္ ေခါင္းယမ္းၿပီး ကေလးေတြရဲ႕မ်က္ႏွာကို တစ္ဖက္သို႔ လွည့္လိုက္သည္။ သူသည္ လီယြီ၏ခါးကို လက္ႏွစ္ဖက္ျဖင့္ ပတ္ထားသည္။ လီယြီသည္ အဆက္မျပတ္ ေအာ္ဟစ္ေနခ်ိန္တြင္ က်င္းဝမ္္က သူ႔ကို ထပ္ခါထပ္ခါ နမ္းလိုက္သည္။
လီယြီသည္ ေအာ္သံရပ္ရန္မွတပါး ေ႐ြးခ်ယ္စရာမရွိေပ။ ကေလးေတြက သူ႔ေဘးမွာ ရွိေနတာေၾကာင့္ ထူးထူးဆန္းဆန္း အသံေတြ မထုတ္ႏိုင္ခဲ့ဘူး။ ႏွစ္ေယာက္သား အျပန္အလွန္ ဖိကပ္ကာ ခ်စ္ျခင္းေမတၱာ ကို ေဖာ္ျပသည့္ အနမ္းမ်ား ျပတ္ေတာင္းျပတ္ေတာင္း ဖလွယ္ၾကသည္။
ကေလးမ်ား အားလုံး အိပ္ေပ်ာ္သြားသည္အထိ ေစာင့္ဆိုင္းခဲ့ၾကၿပီး လီယြီသည္ ငါးအျဖစ္သို႔ ျပန္လည္ေရာက္ရွိမည့္အခ်ိန္ကို ေစာင့္ကာ ညသန္းေခါင္ေက်ာ္သည္အထိ ေစာင့္ဆိုင္းခဲ့ၾကသည္။ ဘယ္ေလာက္ၾကာၾကာ ေစာင့္ခဲ့ရပါေစ၊ သူတို႔ႏွစ္ေယာက္ရဲ႕ ရင္းႏွီးတဲ့ အခိုက္အတန႔္ေတြကို ေနာက္ဆုံးမွာ ျပန္လည္ေရာက္လာျပီး တစ္ေယာက္ကိုတစ္ေယာက္ ေပြ႕ဖက္ကာ ျမိဳခ်ထားမတတ္ နမ္းရိႈက္ကာ ခ်စ္တင္းေႏွာလိုက္ႀကေတာ့သည္။
*********-*********