(Completed) အာဏာရှင်ဆိုးကြီးရ...
By MayKingMK119
1M 186K 2.6K
Genre _ Historical, Romance, Comedy, Yaoi More
Characters
Chapter (51) _ တိုဖူးစားခံလိုက်ရတဲ့ ရှောင်ယွီလေး
Chapter (1_50)
Chapter (52) _ အနမ်းသူခိုးကို အပြစ်ပေးရမယ်
Chapter (53)_ ကျင်းဝမ်ရဲ့အိပ်ယာပေါ် တွယ်တက်ချင်တဲ့ ကိုယ်လုပ်တော်လေး
(U) Chapter (54)_ လှည့်စားခံရတဲ့ ငါးကလေး.....
(z) Chapter (54)_ လွည့္စားခံရတဲ့ ငါးကေလး.....
Chapter (55-1)_ ရုပ်တုလေး ဖက်အိပ်နေသည့် ရှောင်ယွီ
Chapter (55-2)_ ဖျားသွားသော ငါးကလေး
(U+Z) Chapter (56) - စိတ်ပျော့လာသော ငါးကလေး
Chapter (57-1)_ အလိမ်ပေါ်သွားပြီလား....
Chapter (57-2)_ ချူးရန့်ရီကို အပြစ်ပေးခြင်း
(U/Z) Chapter (58-1) _ ဒါက ချိန်းတွေ့တာပဲ မဟုတ်လား...
Chapter (58-2) _ ဝမ်ရယ်နဲ့ ဝမ်ဖေးကို ကြိုဆိုပါတယ်
Chapter (59-1) - ငါးကလေးကို အချဉ်ဖမ်းချင်သည့် ကုန်သည်
Chapter (59-2) -ညစ်ပတ်တဲ့ ကုန်သည်ကို ပညာပေးလိုက်သည့် ငါးကလေး
Chapter (60-1) - သခင်လေးယဲ့နှင့် တွေ့ဆုံခြင်း
Chapter (60-2) - ငါးကလေး ခိုးနမ်းခံလိုက်ရခြင်း....
Chapter (61-1)- ရှာလကာရည်သောက်နေသော ကျင်းဝမ် အရှင့်သား.....
Chapter (61-2)_ အနမ်းကို မျှော်လင့်နေမိသော ရှောင်ယွီ
Chapter (62-1) - အရှင့်သားကို ကျွန်တော် စိတ်မဆိုးတော့ပါဘူး
Chapter (62-2) - ကျင်းဝမ်ရဲ့ လျှို့ဝှက်ချက်ကြီး
Chapter (63-1) _ XXX လုပ်နေချိန် ငါးအသွင်ပြန်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ
Chapter (63-2) _ ငါးကြင်မိစ္ဆာက သူ့ဆီက ယန်စွမ်းအားကို စုပ်ယူချင်လို့လား
Chapter (64-1) _ ရှောင်ယွီရဲ့ စည်းကမ်း သုံးချက်
Chapter (64-2) _ အလုပ်တက်သည့် ရည်းစားနောက် လိုက်နေရသည့် ငါးကလေး
Chapter (65) : ငါကိုယ်တော်ရဲ့ ချစ်သူ ချက်ပေးလိုက်တဲ့ဟင်းတွေ.....
Chapter (66):"ငါ့ အနှစ်တွေကို စုပ်ယူစေချင်တယ်"
Chapter (67)_ မုထျန်းရှောင်နှင့် ချူးရန့်ရီ
Chapter (68): ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေကို အတူတူ မျှဝေပါ
Chapter (69) - ဆွေပြမျိုးပြ....
Chapter (70) - နောက်ထပ်လျှို့ဝှက်ချက်.....
Chapter (71) - ရှာလကာရည်သောက်သော ကျင်းဝမ်
Chapter (72) - အခြားယောကျာ်းတွေကို မကြည့်နဲ့....
Chapter (73) - တိုဖူးဖြင့် အာဏာရှင်ကြီးကို အနိုင်ယူလိုက်သည့် ရှောင်ယွီ
Chapter (74) _ မုထျန်းချီရဲ့ အရိပ်ပြကွက်
Chapter (75) _ ရှောင်ယွီလေးရဲ့ အချစ်
Chapter (76) _ မခွဲအတူ ပျော်ရွှင်မှုနဲ့ ဆင်းရဲမှုကို မျှဝေခံစားမယ်
Chapter (77-1) - ပျော်ရွှင်မှု၊ ဝမ်းနည်းမှုကို အတူဝေမျှခြင်း
Chapter (77-2) - ကိုယ်ဝန်ရှိနေသော ဝမ်ဖေး
Chapter (77-3) - မီးမွှေးနေသည့် ငါးကလေး
Chapter (77-4) - လုပ်ကြံခံရသည့် ငါးကလေး
(Zawgyi) Chapter (77-4) - လုပ်ကြံခံရသည့် ငါးကလေး
Chapter (78-1) -ငါးကလေးရဲ့ တိတ်တခိုး မျှော်လင့်ချက်
Chapter (78-2) - နားလည်လက်ခံပေးတဲ့ချစ်သူ
Chapter (79-1)- မင်းဒီမှာ ဘယ်လောက်ကြာကြာ နေနိုင်မလဲ။
Chapter (79-2)-"အချစ်မီးပုံကြီး တောက်လောင်သလို စွဲလန်းခြင်း" မစ်ရှင်
Chapter (80-1) -အနောက်ဘက် တောင်တန်းပေါ်မှ ဓါးပြအုပ်စု
Chapter (80-2) - ဓါးပြများကို ထောင်ချောက်ဆင် တိုက်ခိုက်ခြင်း
Chapter (81-1) - ကျင်းဝမ်ရဲ့ အောင်ပွဲ
Chapter (81-2) - ငါးကြင်းနတ်ဆိုးတွေလည်း ယန်စွမ်းအားကို စုပ်ယူကြတာပဲ
Chapter (82-1) - အရှင့်သားရဲ့ယန်စွမ်းအားက ခြောက်ကပ်သွားပြီလား
Chapter (82-2) -ငါးက လုပ်ပဲ လုပ်ချင်တာ...ကလေး မမွေးချင်ဘူး!!
Chapter (83-1)- သူ့ဗိုက်က ပြားနေသေးတယ်
Chapter (83-2)- ငါ့ဗိုက်ကို အမှတ်တမဲ့ မထိနဲ့လေ....
Chapter (84-1) - ရှောင်ယွီရဲ့ကလေးတွေ
Chapter (84-2) - ငါ မင်းကိုယ်စား ငါးကလေးတွေ မွေးလာအောင် ပြုစုပေးမယ်
Chapter (85-1)- အကြွားပိုလွန်းတဲ့ ဖေဖေကြီး
Chapter (85-2) - လက်ထပ်ခွင့်တောင်းခြင်း
Chapter (86-1)- ငါးကလေးများကို သင်ကြားပေးနေသည့် ငါးဖေဖေကြီး
Chapter (86-2) - ဘုရင်ကြီးကို တပတ်ရိုက်ခြင်း
Chapter (87-1) - ကျင်းဝမ်အတွက် သတို့သမီးလိုက်ရှာခြင်း
Chapter (87-2) - ကျိုင်းကောင်အုပ် ကျရောက်ခြင်း
Chapter (88-1) - ကျိုင်းကောင်အုပ်ကို နှိမ်နှင်းခြင်း
Chapter (88-2) - ဘဲစစ်တပ်
Chapter (89-1) -ကျိုင်းကောင်ကပ်ဘေးကို အောင်နိုင်ခြင်း
Chapter (89-2) - အရန်ကြင်ယာတော်အဖြစ် ခန့်အပ်ခြင်း
Chapter (90-1) - ကိုယ်ဝန်အတုကို ဖန်တီးခြင်း
Chapter (90-2) -လူသားဖြစ်လာတဲ့ ငါးပေါက် လေးကောင်
Chapter (91-1) - ကလေးသုံးယောက်ကို စည်းရုံးခြင်း
Chapter (91-2) - ကျင်းဝမ်၏သွေးသားအမှန်
Chapter (92-1) - ချောက်ချခံရသည့် တတိယမင်းသား
Chapter (92-2) - နောက်ကွယ်မှ တရားခံအစစ်
Chapter (93-1) - ပါးပါးနှစ်ယောက်ကို တွယ်ကပ်နေသည့် ပေါက်စလေးများ
Chapter (93-2) - အရူးတွေ... အားလုံး...အရူးတွေပဲ....
Chapter (94-2) - မင်္ဂလာဦးခုတင်ထက်က ဘိုးဘေးလေးများ
Chapter (95-1)- ဝမ်းကွဲရဲ့ ဝါသနာဆန်း
Chapter (95-2) - ရေသူထီး နှင့် ငါးလူသား
Chapter (96-1) - ဦးလေးယဲ့နှင့် ဖက်တီးလေးများ
Chapter (96-2) - ငါးလူသားလေး ရှောင်ယွီ
Chapter (97-1) - ရေသူထီးလေး ရှောင်ယွီ
Chapter (97-2) - ' ဓားပြတွေကို သုတ်သင်ဖို့ အချိန်တန်ပြီ'
Chapter (98-1) - ပြင်ပမှ ကလေးငိုသံများ
Chapter (98-2) - ထောက်ချောက်ထဲ ကျသွားသည့် ရှောင်ယွီ
Chapter (99-1) - အရှင်မင်းသား လာကယ်ပြီ
Chapter (99-2)- အပြစ်ပေးခံလိုက်ရသည့် ရှောင်ယွီ
Chapter (100-1) _ တကယ့် တရားခံအစစ်
Chapter (100-2) - တုံအ မိုက်မဲသည့် လင်လင်စုံတွဲ
Chapter (101-1) - တစ်စိတ်တပိုင်းသာ အောင်မြင်သော မစ်ရှင်
Chapter (101-2) - ရှာလကာရည်သောက်သော ထျန်းချီ.....
Chapter (102-1) - အဖိုးဆီကို စာရေးသည့် ကလေးများ
Chapter (102-2) - ဉာဏ်ကြီးရှင်ပေါင်းရိ
Chapter (103-1) - အကိုကြီးပျော်အောင် အနမ်းပေးမယ်
Chapter (103-2)- အမျိုးသားကိုယ်လုပ်တော် ချူးကွေ့ရန်
Chapter (104-1) - ရွှေမြို့တော်သို့ ထွက်ခွာပြီ
Chapter (104-2) - ဖက်တီးလေး ကျင်းဝမ်
Chapter (105-1) - အဖိုးနှင့် မြေးများ
Chapter (105-2) - အချစ်ပြိုင်ဖက် ဖက်တီးလေး
Chapter (106-1) - သမီးလေး တစ်ယောက် ထပ်မွေးရမလား
Chapter (106-2) - မနာလိုစိတ်အားကြီးသည့် ဆဌမ မင်းသား
Chapter (107-1) _ ကျင်းဝမ်ရဲ့အားနည်းချက်ကို ဆုပ်ကိုင်မိပြီ
Chapter (107-2) - အရုပ်လုကြသည့် ကလေးပေါက်စလေးများ
Chapter (108-1) - ဝမ်ဖေးရဲ့ သြဝါဒ
Chapter (108-2) _ ကျင်းဝမ်၏ နို့ထိန်း
Chapter (109-1) - ပုလျှိုရဲ့ ပြစ်မှု
Chapter (109-2)-"ထျန်းချီ... တခြားငါးကို ထိတွေ့မကစားရဘူး!"
Chapter (110-1) _ ပေါင်းဆုနှင့် ရှုန်ဖုန်
Chapter (110-2) - သမီးလေး တစ်ယောက်ရအောင် လုပ်ကြစို့
Chapter (111-1) - ဘာကြောင့် ကိုယ်ဝန်က မရသေးတာလဲ
Chapter (111-2)- ထျန်းချီ ကျွန်တော့်ထဲကို မထည့်နဲ့တော့လေ
Chapter (112-1) _ ဆဌမ မင်းသားရဲ့ အကောက်ဉာဏ်
Chapter (112-2)- ကတုံးပေါ်ထပ်ကွက်ခြင်း
Chapter (113-1) - တော်ဝင်အမဲလိုက်ပွဲ
Chapter (113-2) - အချစ်စွမ်းအား
Chapter (114-1) - အမဲလိုက္ပြဲရလဒ္
Chapter (114-2) - ညီအစ်ကိုလေးယောက်၏ ချစ်ခြင်း
Chapter (115-1) -ကလေးတွေက ကျင်းဝမ်ရဲ့သွေးသားတွေ မဟုတ်ဘူး
Chapter (115-2) - ပေါင်းရိအပေါ် ယဲ့ယဲ့၏ယုံကြည်မှု
Chapter (116-1) - မင်းကြီး၏ယုံကြည်မှုှု
Chapter (116-2)- ကျင်းဝမ်ကို မင်းကြီး သံသယ ဝင်နေပြီလား....
Chapter (117-1) - လူတိုင်းက ပေါင်းရိကို အကူညီတောင်း၇တာ ကြိုက်တယ်
Chapter (117-2) -ညီလေးတွေကို ကာကွယ်ပေးမယ့် အကိုကြီး
Chapter (118-1) _ ရလဒ်ကို ပြောင်းလဲခြင်း
Chapter (118-2) - နောက်ကွယ်က တရားခံပေါ်ပြီ
Chapter (119-1) - ငါ မင်းကို အမြဲတမ်း ကောင်းကောင်းဆက်ဆံပါ့မယ်
Chapter (119-2) - လီယွီရဲ့ အကြင်နာတရား
Chapter (120-1) - အကြင်နာကင်းမဲ့သည့် ဆဌမမင်းသား
Chapter (120-2) - မင်းကြီးကို လုပ်ကြံခြင်း
Chapter (121-1) - နှစ်ဆယ်ချီ အဆိပ်မိနေခြင်း
Chapter (121-2) - ဆွံ့အခြင်း၏ အကြောင်းရင်း
Chapter (122-1) - ဆေးနည်း
Chapter (122-2) - ပူလျှို၏အခန်းကို ဝင်ရောက်စစ်ဆေးခြင်း
Chapter (123-1) - ရွယ်ယားမှုန့်
Chapter (123-2) - ချစ်သူ့ ခေါ်သံ
Chapter (124-1) - ဝမ်းသာဝမ်းနည်း
Chapter (124-2) - သမီးလေးတစ်ယောက် အရင်လုပ်ကြမလား...
Chapter (125-1) - ခွေးစာကျွေးခံရသည့် မင်းကြီး
Chapter (125-2) - လော့လန်ပြည်
Chapter (126-1) - "အနွေးဂျက်ကက်လေး" မစ်ရှင်
Chapter (126-2) - မွေးကြတာပေါ့....
Chapter (127-1) - လော့လန်ကိုယ်လုပ်တော်
Chapter (127-2) - ဖျောင်းရွှယ်
Chapter (128-1) _ သခင်မ အနားတွင်သာ နေချင်သည့် ဖျောင်းရွှယ်
Chapter (128-2) - နန်းတော်ကို ထိန်းချုပ်ထားခြင်း
Chapter (129-1) - ဝမ်ဖေး...ဆက်ခံသူလေးက အရမ်းငိုနေတယ်
Chapter (129-2) - အပြတ်ငြင်းလိုက်တဲ့ ပေါင်းရိ
Chapter (130-1) - ငါးကိုယ်တိုင် လိုက်စုံစမ်းမယ်
Chapter (130-2) - လောင်ကုန်းနဲ့ပြန်ဆုံပြီ
Chapter (131-1) - လောင်ကုန်းကို ကယ်တင်သည့် ငါး
Chapter (131-2) - မင်းသမီး လန်ယာ
Chapter (132-1) - ဘုရင်မဖြစ်ချင်သည့် လန်ယာမင်းသမီး
Chapter (132-2) - လောင်ကုန်းကို ကယ်မယ့် ငါး
Chapter (133-1) - ငါးလူသားနှင့်တိုးသည့် လူတစ်စု
Chapter (133-2) - ကလေးတွေနဲ့ သူတို့အိမ်ကို ကာကွယ်ရမယ်
Chapter (134-1) - မင်းကြီးကို ကယ်တင်ခြင်း
Chapter (134-2) - အလုံးစုံပျက်သုဉ်းခြင်း အဆိပ်နှင့် မင်းသမီး လန်ယာ
Chapter (135-1) - ဆက်ဆီကျသည့် လောင်ကုန်းရဲ့ စကားသံ
Chapter (135-2) - မြင်းစီးမတော်ပေမယ့် အခြားအရာ စီးတာတော်တဲ့သူ
Chapter (136-1)- အဖိုးကို နှစ်သိမ့်ပေးသည့် ဝတုတ်လေးများ
Chapter (136-2)- ရှောင်ယွီရဲ့ အချစ်ပြိုင်ဖက်များ
Chapter (137-1) - ရှာလကာရည်သောက်နေသော ငါးကလေး
Chapter (137-2) - အပျော်လုံးဆို့သွားသည့် မင်းကြီး
Chapter (138-1) - အိမ်ရှေ့စံ အတွက် နောက်ထပ် မင်္ဂလာပွဲ
Chapter (138-2) - ငါ့ချစ်သူက အိမ်ရှေ့စံမင်းသား အားးးးးးးးး!
Chapter (139-1) - ဖူးဖူးမှုတ် အချစ်ခံရသည့် ထိုက်ကျူဖေး
Chapter (139-2) - မူလရုပ်သွင် ပြန်ပြောင်းစေရန် အကောက်ကြံခြင်း
Chapter (140-1) - ယုံးဖူနန်းတော်မှ သူလျှို
Chapter (140-2) - အသွင်ပြောင်းကြတာပေါ့....
Chapter (141-1) _ အခွင့်ရေးမရခဲ့သည့် ချူးကွေ့ရန်
Chapter (141-2) - နို့ထိန်း ချောချောလေး
Chapter (142-1) _ ထိုက်ကျူဖေးက ငါးနတ်ဆိုး ဖြစ်ကြောင်းပါ
Chapter (142-2) - ငါ ဘယ်သူဆိုတာ အရင်ကြည့်သင့်တယ်
Chapter (143-1) - အအေးနန်းတော်ကို အပို့ခံရတော့မလား
Chapter (143-2) - ခင်ဗျား နို့စို့တာကို ရပ်တန့်ဖို့ အစီအစဉ် မရှိဘူးလား
Chapter (144-1) - ဖျောင်းရွှယ် Vs အိမ်ရှေ့စံမင်းသား
Chapter (144-2) - ဖျောင်းရွှယ်အတွက် ကလဲ့စား
Chapter (145-1) - အချစ်ဘန်းတိုး သို့မဟုတ် ထိုက်ကျူဖေး၏ထမင်းဘူး
Chapter (145-2) - အချစ်နဲ့ အရာရာကို ရင်ဆိုင်မယ်
Chapter (146-1) - ထျန်းချီ....ကျွန်တော် မွေးတော့မယ်
Chapter (146-2) - ငါးပါးပါးနိုးလာတာကို စောင့်မယ်။ ညီမလေးကို စောင့်မယ်
Chapter (147-1) _ ကုန်းကျူဘွဲ့ ပေးအပ်ခံရခြင်း
Chapter (147-2) - လျန်ရှီး၏ကျေးဇူးတင်လက်ဆောင်
Chapter (148-1) - သူက နတ်ဆိုးလား
Chapter (148-2) - ငါ့ခင်ပွန်းက ဒီလိုမျိုး ထူးထူးဆန်းဆန်း စိတ်ဝင်စားမှု မရှိဘူး
Chapter (149-1) - မုဆိုးမများကို ကူညီပေးမယ့် ငါးကလေး
Chapter (149-2) - နောက်ဆုံး စမ်းသပ်မှု
Chapter (150-1) - အိမ်ရှေ့စံမင်းသားမှာ အထူးအခွင့်အရေးတွေ ရှိတယ်
Chapter (150-2) - အရင်တုန်း ကပြောခဲ့တဲ့ အကြောင်းကို ပြန်ဆွေးနွေးလို့ရမလား
Chapter (151-1) - ချောင်းကြည့်ခြင်း
Chapter (151-2) -ကျွန်တော် ခင်ဗျား နဲ့ မခွဲပါဘူး
Chapter (152-1) - မင်းအတွက်သာဆိုရင် ငါ့အသက်သေသွားလည်း ကိစ္စမရှိဘူး
Chapter (152-2) - ငါးကြင်းနတ်ဆိုးရဲ့ အသိုက်ကို လိုက်လည်ခြင်း
Chapter (153) - ကလေးလေးမုထန်းချီ၊ မင်းအဖေ လီယွီက မင်းကို ရှာနေတယ်။
Chapter (154) - အနမ်းတပွင့်
Chapter (155) ကစားကွင်းမှာ အတူတူ ကစားမယ်
Chapter 156- End - သလင်းနန်းတော်ထဲမှ ငါးမိသားစု
Chapter (94-1) - ပါးပါးတွေရဲ့မင်္ဂလာပွဲ
4.6K 980 18
By MayKingMK119
Chapter (94-1) - ပါးပါးတွေရဲ့မင်္ဂလာပွဲ
ကျင်းဝမ်ရဲ့စိတ်ထဲမှာတော့ ရှောင်ယွီ ငါးအဖြစ် ပြောင်းလဲမယ့် လက်ကျန်အချိန်ကို တွက်ချက်နေခဲ့သည်။ မြို့ပတ်ပတ်လည်တွင် လူတွေ ကြိတ်ကြိတ်တိုး ဝိုင်းကြည့်နေပေမယ့် ထိုခေတ်အခါက ရထားစီးနိုင်သူ ရှားပါးသောကြောင့် သူတို့ ရထားလုံးသွားလာသည့် အရှိန်ကို တိုးမြင့်နိုင်ခဲ့သည်။
ရထားမောင်းသူသည် အထူးမစ်ရှင်ကို ဒီအချိန်မတိုင်မီလေးတင်မှ လက်ခံရရှိခဲ့သည်။ မင်္ဂလာဆောင် သည့်နေ့တွင် သူက အရှိန်ကို မြှင့်ချင်သော်လည်း တစ်ချိန်တည်းမှာပင် ကျင်းဝမ်နှင့် ဝမ်ဖေး ကို မနှောင့်ယှက်ချင်ပေ။ ရထားမောင်းသူသည် ကျင်းအိမ်တော်တွင် အလုပ်လုပ်ခဲသည်မှာ နှစ်အတော်ကြာနေပြီဖြစ်သည်။ ကျင်းဝမ် ခမျာ နောက်ဆုံးမှာ ဝမ်ဖေး ကို လက်ထပ်ဖို့ ရှာတွေ့ခဲ့တာကို ဂုဏ်ပြုဖို့အတွက် သူက ရထားလုံးမောင်းသည့် တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ဖို့ အပြင်ထွက်ပြီး တစ်လတိတိ လေ့ကျင့်ခဲ့သေးသည်။
လမ်းများတစ်လျှောက်တွင် ကျင်းအိမ်တော်၏ အစောင့်များက ဝမ်ရယ်နှင့် ဝမ်ဖေး၏ လုံခြုံရေးအတွက် တာဝန်ရှိသည်။ သူတို့သည် အလွန်အမင်း စိတ်လှုပ်ရှားနေသော အရပ်သားများကို အရမ်း နီးကပ် မလာစေရန် တားဆီးထားသည်။ မင်္ဂလာရထားလုံးသည် ကျင်းအိမ်တော်သို့ အေးအေးချမ်းချမ်း ချောမွေ့စွာ ပြန်ရောက်ခဲ့သည်။ ထို့နောက် မင်္ဂလာပွဲကျင်းပရန် အချိန်တန်ပြီဖြစ်သည်။
ခရီးလမ်းအကွာအဝေးကြောင့် ဧကရာဇ်သည် ကျင်းဝမ်၏မင်္ဂလာပွဲကြီးတွင် မပေါ်လာနိုင်ခဲ့ပေမယ့် လက်ဆောင်များ ပေးအပ်ခြင်းဖြင့် ဧကရာဇ်၏ ချစ်ခြင်းမေတ္တာကို လှစ်ဟဖော်ပြခဲ့သည်။ ဝမ့်ရှီးသည် လက်ဆောင်များစာရင်းကို တစ်နာရီကြာ ရွတ်ဖတ်ခဲ့သည့်တိုင် မပြီးနိုင်သေးပေ။ တော်ဝင်မြို့တော်မှ လာသော စီတန်းနေသည့် လက်ဆောင်များက မင်္ဂလာခန်းမ မှ ကျင်းအိမ်တော်အပြင်ဘက် အထိ လက်ဆောင်များဆပ်တိုက်သယ်ဆောင်နေဆဲဖြစ်သည်။
ထိုမင်္ဂလာပွဲကြီးအတွက် ဂုဏ်ပြု ဝိုင်သောက်ရန် လေးစားရသော ဧည့်သည်များအဖြစ် ဖိတ်ကြားခံရသူ အများအပြားပင် မရှိခဲ့ပေ။ ကျင်းဝမ် ရှုပ်ထွေးလွန်းသော လုပ်နည်းလုပ်ထုံးများကို မကြိုက်ပေ။ သို့သော် ထိုသည်မှာ ရှောင်ယွီနှင့် သူ၏မင်္ဂလာပွဲဖြစ်သည်။ ကျင်းဝမ်က မင်္ဂလာခန်းမကို အစဉ်လာဖြင့် လုံးလုံးလျားလျား မတူညီတာလည်း မဖြစ်စေချင်ပေ။ ထို့ကြောင့် မြို့တော်ဝန်နှင့် ဒေသအလိုက် ဂုဏ်သိက္ခာရှိသော အကြီးအကဲအချို့အား ဂုဏ်ပြု ဧည့်သည်အဖြစ် တက်ရောက်ရန် အမိန့်ပေးခဲ့သည်။ လီယွီနဲ့ တော်တော်လေး ဆက်ဆံရေးကောင်းတဲ့ အဒေါ်ရွှီ ကိုလည်း ဖိတ်ကြားထားသည်။ လေးစားအပ်သော ဧည့်သည်များသည် မြင့်မြတ်သော အရာရှိများ သို့မဟုတ် ရာထူး အဆင့်တန်းမမြင့်ပေမယ့် ဂုဏ်သတင်းကျော်ဇော်သူများဖြစ်ကြသည်။
မင်္ဂလာခန်းမ၏ ဂုဏ်ထူးဆောင်ထူးဆောင် ထိုင်ခုံများတွင်၊ ဧကရာဇ်အမိန့်တော်ကို ထားရှိသည်။ ဧကရီ ရှောင်ဟွေ့၏ အောက်မေ့ဖွယ် ရုပ်ပုံကားချပ်ကို သူမထိုင်ရမည့်နေရာတွင် ထားရှိခဲ့သည်။
မင်္ဂလာအခမ်းအနားမှူးသည် ကျင်းဝမ်ထံမှ အခမ်းနားစတင်ဖို့ အချက်ပြမှုကို ရရှိပြီးနောက် အပြေးမြန်သည့် မြင်းတစ်ကောင်ပမာ လှစ်ခနဲရောက်ရှိလာပြီး မင်္ဂလာသြဝါဒမိန့်ခွန်းကို စတင်ပြောတော့သည်။ ခရီးမှ ခုလေးတင်ရောက်လာသည့် တစ်ဝမ်းကွဲညီအစ်ကို ယဲ့ချင်းဟွမ်လည်း မြင်းပေါ်မှ ခုန်ဆင်းကာ မင်္ဂလာခန်းမထဲသို့ စိတ်လှုပ်ရှားစွာ ပြေးဝင်လာခဲ့သည်။
ချန်အန်းအိမ်တော်သည် ကျင်းဝမ်၏မင်္ဂလာပွဲကြီးအကြောင်းကို သိရှိပြီးနောက်၊ တစ်စုံတစ်ဦးကို လာ၍ ချီးကျူးဂုဏ်ပြုရန် စေလွှတ်လိုက်သည်။ ထိုတာဝန်ကို ယဲ့ချင်းဟွမ်က လိုလိုလားလားလက်ခံပြီး မတွေ့ရတာ တစ်နှစ်လောက်ရှိပြီဖြစ်တဲ့ သူ့ဝမ်းကွဲကိုလည်း အရမ်းလွမ်းလို့ တွေ့ရန် လာခဲ့သည်။
"ထျန်းချီ.... မင်းရဲ့နေ့ထူးနေ့မြတ်မှာ ဂုဏ်ပြုဖို့ မယ့်နေ့ကို နောက်ဆုံးတော့ ရောက်ခဲ့ပြီကွ !" ယဲ့ချင်းဟွမ်က ကျင်းဝမ်၏ ပုခုံးကို ပြုံးလျက် ပုတ်လိုက်သည်။
ရှားရှားပါးပါးအခါသမယတွင်၊ ကျင်းဝမ် သူ့လက်ကို အထိမခံခဲ့ပေ။ အဲဒီအစား ကျင်းဝမ် ခပ်ဖျော့ဖျော့ပြုံးပြီး ဝိုင်ခွက်ကို ယူလာကာ ယဲ့ချင်းဟွမ်နဲ့အတူ တစ်ခွက်သောက်ဖို့ ဝမ့်ရှီးကို အမိန့်ပေးလိုက်သည်။
ဂုဏ်ပြုဝိုင်အရက်ကို သောက်ပြီးနောက် ယဲ့ချင်းဟွမ်သည် ချက်ချင်းပင် နူတ်သွက်အာသွက်ဖြစ်လာသည်။ ထို့အပြင် သခင်လေးယဲ့သည် သူပြောချင်သော စကားများကို ဗိုက်ပြည့် သယ်ဆောင်လာသလို တရစပ်ပြောတော့သည်။
ကျင်းဝမ် တော်ဝင်မြို့တော် မှ ထွက်ခွာသွားသောအခါတွင်၊ တစ်ချိန်က ချန်အန်းအိမ်တော်သို့ ကျင်းဝမ်က နန်းတွင်းက အခြေနေ အပြောင်းအလဲကို တိတ်တဆိတ် စောင့်ကြည့်စေလိုသောစာတစ်စောင် ပေးပို့ခဲ့သည်။ ကျင်းဝမ်ကို နယ်စပ်ဒေသကို စေလွှတ်ခြင်းမပြုဖို့ ဧကရာဇ်မင်းကြီးထံ အသနားခံစာကို သူတို့ကိုယ်တိုင် မတောင်းဆိုသင့်ခဲ့ပေ။ ထို့အပြင် အနောက်ဘက် နယ်စပ်ဒေသတို့ ကျင်းဝမ်နှင့် ဆက်သွယ်ဖို့ သီးသန့်စာလည်း ပေးပို့ရန် မဖြစ်နိုင်ပေ။ ကျင်းဝမ် ထွက်သွားပြီးနောက်၊ ငြိမ်ငြိမ်ထိုင်နိုင်သူမှာ ချန်အန်းနယ်စားအိုကြီး ယဲ့ချန်သာ ဖြစ်သည်။ ကျင်းဝမ်အတွက် တခြားလူတွေ အားလုံးက စိတ်ပူနေကြသည်။ ယခုနှစ်တစ်လျှောက်လုံးတွင်၊ ကျင်းဝမ် အနောက်တောင်တန်းဒေသတွင် ဓားပြများနှင့် ကျိုင်းကောင်ကပ်ဘေးကို ကြုံတွေ့ခဲ့ရသည်။ ဧကရာဇ်သည် ကျင်းဝမ်၏ မူလတာဝန်ကို ဆဌမမင်းသားကို ပေးခဲ့သည်။ ယဲ့ချင်းဟွမ်က ဒီဖြစ်ရပ်ကို မခံမရပ်နိုင်ဖြစ်ခဲ့ကာ ကျင်းဝမ်အား တော်ဝင်မြို့တော်ကို ပြန်လာခွင့်ပြုရန် ဧကရာဇ်ထံ ပန်ကြားလိုခဲ့သည်။
ကံကောင်းထောက်မစွာ၊ ချန်အန်းမြို့စားအိုကြီးသည် ကျင်းဝမ်ကို ယုံကြည်သင့်ကြောင့် သူ့မြေးဖြစ်သူကို ချက်ချင်း ဖျောင်းဖျနိုင်ခဲ့သည်။ ချန်အန်းမြို့စားအိုကြီးသည် အခြေနေမှန်ကို အရမ်းကို သဘောပေါက်လွယ်သူ ဖြစ်သည်။ ကျင်းဝမ် ယခုအချိန်တွင် အလွန်သိမ်မွေ့သော အခြေအနေတွင် ရှိနေသည်။ ချန်အန်းအိမ်တော်က ရှေ့တက်ပြောပေးပါက ဒါက ကျင်းဝမ်ကို ကူညီရာမရောက်ပေ။ ဒီ့အစား သူတို့က ကျင်းဝမ်၏ယခင်ကြိုးစားအားထုတ်မှုအားလုံးကို ဖြုန်းတီးပစ်လိုက်သလို ဖြစ်လိမ့်မည်။ ထို့ကြောင့် ယဲ့ချင်းဟွမ်သည် ဆက်လက်စောင့်ဆိုင်းရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
ဤစောင့်ဆိုင်းမှုကြောင့် ကျင်းဝမ်သည် လီယွီအတွက် ဘွဲ့တစ်ခု ရအောင် လုပ်ဆောင်ခဲ့ကြောင်း သတင်းများ ရောက်ရှိလာခဲ့သည်။ ဧကရာဇ်သည် ကျင်းဝမ်၏လက်ထပ်ခြင်းကို အတည်ပြုပေးခဲ့သည်။ ယဲ့ချင်းဟွမ်သည် ချန်အန်းမြို့စားအိုကြီး၏ အကြံဉာဏ်ကို ဆက်လက် လိုက်နာပြီး တိတ်ဆိတ်နေခဲ့သည်။ အရင်က သခင်လေးလီကို သူ မြင်ဖူးသည်။ သူသည် တဖက်လူကို မြင်ဖူးရုံသာမက၊ ချန်အန်းအိမ်တော် မှ လူတိုင်းသည် သခင်လေးလီကို ချစ်ကြပြီး၊ သူတို့က လိုက်ဖက်ညီသော အိမ်ထောင်ဖက်တွေ ဖြစ်သည်ဟု ခံစားမိကြသည်။ သို့သော်လည်း သခင်လေးလီသည် ယောက်ျားဖြစ်သည်။ ထို့ကြောင့် အမျိုးသားဝမ်ဖေးကို လက်ထပ်ခြင်းက ထီးနန်းစွန့်သည့် သဘောလည်းဖြစ်သည်။ ကျင်းဝမ် သူ့အနာဂါတ်မှာ သူ့သွေးသားမျိုးဆက်ကို ဘယ်လို ဖြတ်တောက်ပစ်နိုင်တာလဲ။
နှုတ်ခမ်းကို တင်းတင်းစေ့ထားသည့် မြို့စားအိုကြီး ယဲ့ချန်းက လီယွီသည် ကျင်းဝမ်အတွက် ကျန်းမာသန်စွမ်းသည့် သားလေးယောက်ကို ပေးထားပြီးကြောင်း ယဲ့ချင်းဟွမ်ကို အမှန်တကယ် မပြောခဲ့ပေ။ ကလေးတွေကြောင့် ကျင်းဝမ်ရဲ့ အနာဂါတ်က ပြဿနာမဖြစ်တော့ပေ။ ထို့ကြောင့် ယခုအချိန်တွင် အဖြစ်မှန်ကို မသိထားသည့် ယဲ့ချင်းဟွမ်အမှန်တကယ် ကျင်းဝမ်ကို နှစ်သိမ့်ချင်နေသည်။
"စိတ်မပူပါနဲ့။ မင်းရဲ့ မျိုးဆက် ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းဆိုတာ အမြဲရှိတယ်။"
ယဲ့ချင်းဟွမ်က ကျင်းဝမ်ကို ဘေးကိုဆွဲလိုက်ပြီး တိတ်တဆိတ်ပြောလိုက်သည်။
" ငါ မင်းကို ဒီလိုပြောပြီး မင်းရဲ့စိတ်တွေကို ဆွဲဆောင်တာ မလုပ်သင့်ဘူး။ ဒါပေမယ့် ခမည်းတော်နဲ့မယ်တော် နှစ်ယောက်လုံးက မင်းအတွက် သီးသန့်စဉ်းစားထားတာ ရှိတယ်။ သခင်လေးလီက အနာဂတ်မှာ လူတွေ ဝေဖန်တာကို ရှောင်ရှားရန် တစ်ခုတည်းသောနည်းလမ်းမှာ မင်းဆီမှာ သွေးသားမျိုးဆက်ရှိတာပဲဖြစ်တယ်။ သခင်လေးလီကို မစွန့်ပစ်ချင်ဘူးဆိုရင် မင်းက ငါတို့မျိုးရိုးထဲက ကလေးတစ်ယောက်ကို မင်းရဲ့ကလေးအနေနဲက မွေးစားလို့ရတယ်။ မင်းနဲ့ သင့်တော်တဲ့ ကလေးလည်း ရှိတယ် ၊ "
ကျင်းဝမ် မျက်ခုံးပင့်ကာ ဝိုင်ခွက်ကို ချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
ယဲ့ချင်းဟွမ် : "......"
ယဲ့ချင်းဟွမ်က ကျင်းဝမ်က သူဆိုလိုတာကိ သဘောပေါက်သင့်တယ်လို့ တွေးပြီး ထပ်မံ မေးလိုက်သည်။
"... တခြားသူတွေရဲ့ သွေးသားကို လက်မခံချင်ဘူးလား။"
မလိုလားရုံမကဘယ်ကမလဲ....ကျင်းဝမ်က ခေါင်းညိတ်လိုက်သည်။
ယဲ့ချင်းဟွမ်- "မင်းက တခြားသူတွေရဲ့ သွေးသားကို တကယ်စိတ်မဝင်စားရင် ငါ ဘယ်လိုလုပ်မလဲ။"
ယဲ့ချင်းဟွမ်က သူ့ခေါင်းကို ကုတ်လိုက်ပြီး ထပ်ပြောလိုက်သည်။
"ဒါက ငါ့ကိုယ်ပိုင် အကြံပဲ။ မင်းသမီးက အခု ကိုယ်ဝန်ရှိနေတယ်။ ငါတို့ရဲ့ နောင်မွေးလာမယ့် ဒုတိယသားကို မင်းကို မွေးစားဖို့ သူ့ကို ငါ စည်းရုံးပေးနိုင်တယ်။ ငါလည်း ဒီလိုမျိုး မဖြစ်စေချင်ဘူး။ ဒါပေမယ့် တခြားဘယ်နည်းလမ်းမှ အလုပ်မဖြစ်ဘူးဆိုရင် ဒါက အကောင်းဆုံးရွေးချယ်မှုပဲ။"
ယဲ့ချင်းဟွမ်ပြောနေသည့် လေသံသည် အတော်ပင် ကြေကွဲဖွယ်ကောင်းပြီး သူ့အသွေးအသားကို ခွဲပေးဖို့ တွန့်ဆုတ်နေသကဲ့သို့ ဖြစ်နေသည်။
ကျင်းဝမ် : "......"
ယဲ့ချင်းဟွမ်က ဘယ်လိုဖြစ်ပြီး ဒီအတွေးရလာတယ်ဆိုတာ ကျင်းဝမ် နားမလည်တော့ပေ။ ဒီစကားကို ကြားလိုက်တဲ့အချိန် ဝမ့်ရှီးက အချိန်ကိုက် နို့ထိန်းကို ခေါ်လာစေခဲ့သည်။
"အရှင့်သား....သခင်ငယ်လေးတွေက အရမ်းကို ငိုနေလို့ ဒီကျွန်အိုကြီးလည်း ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး ဒီမင်္ဂလာခန်းမထဲကို သခင်ငယ်လေးနဲ့နို့ထိန်းကို ခေါ်လာရပါတော့တယ်"
နို့ထိန်းတွေက အသက်ထွက်ဖို့ တဲတဲလေးသာ ကျန်တော့သည်ဟု ဝမ့်ရှီးက မပြောဝံ့ဘဲ သခင်လေး လေးယောက်တွင် သုံးယောက်က လူးလိမ့်ငိုကြွေးနေရာမှ မထနိုင်ဘဲ အခန်းထဲမှ မျက်ရည်များ နစ်မြုပ်လုမတတ်ဖြစ်နေခဲ့သည်။ နို့ထိန်းများသည် သူတို့ကို နှစ်သိမ့်ရန် မည်သို့ပင် ကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ပေ။ ဝမ့်ရှီးသည် မင်္ဂလာခန်းမက လူများကာ အရမ်းဆူညံနေမည်ဟုထင်သည်။ ဒါကြောင့် သခင်လေးတွေက ကြိုက်ချင် ကြိုက်နိုင်လောက်မည်ဟု တွေးကာ ခဏတဖြုတ်ကြည့်စေဖို့ ကလေးများကို ခေါ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ ကျင်းဝမ်နှင့် ဝမ်ဖေး ကိုတွေ့သောအခါ သခင်ငယ်လေးတွေက ထွက်ခွာရန် လုံးဝငြင်းဆန်ခဲ့သည်ကို မည်သူ သိနိုင်မှာလဲ။ သခင်လေးတွေက သူတို့ရဲ့ ပါးပါး လက်ထပ်တာကို ကြည့်ချင်တယ်လို့ ဆိုလိုတာပဲမဟုတ်လား။
ကျင်းဝမ် သူ့သားတွေကို တွေ့ချင်ပြီး ယဲ့ချင်းဟွမ်ကို သူနဲ့အတူတူ လာကြည့်ဖို့ ညွှန်ကြားခဲ့သည်။
လုံးဝအံ့အားသင့်သွားသော ယဲ့ချင်းဟွမ်သည် ရင်သွေးငယ်များကို ရွှေရောင် ဝတ်ရုံ တစ်ထည်စီပတ်ထားပြီး ရွှေငွေစပ်ထာသည့် ဝတ်ရုံ၊ ငွေရောင်နှင့် အနက်ရောင် ချည်ထည်အဝတ်အစားများ ရောစပ်ထားသည်ကို တွေ့လိုက်ရသည်။ သူတို့ကို ဝမ့်ရှီးနှင့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးတို့က သယ်ဆောင်လာခဲ့သည်။
ဒါက ဘယ်သူတွေလဲ၊ သူတို့မှာ ကျင်းဝမ်နဲ့ ဘယ်လိုဆက်ဆံရေးရှိသလဲ။ ယဲ့ချင်းဟွမ်သည် အဖြစ်မှန်ကို လုံးဝကို တွေးတောနိုင်စွမ်း ဆုံးရှုံးသွားခဲ့သည်။
ဝမ့်ရှီးက ပြုံးပြီးပြောလိုက်သည်။
"သခင်ငယ်လေးတွေက ဒီလိုမျိုးဝတ်ဖို့ မနည်းတွန်းအားပေးနေရတယ်။ နို့ထိန်းက မူလက သူတို့ကို ပိုပြီး တောက်ပတဲ့ ပွဲတက် အဝတ်အစားကို ပြောင်းချင်ပေမယ့် မလဲချင်လို့ ချက်ချင်း ငိုတော့တယ်။"
ကျင်းဝမ်က သူတို့ကို အပြစ်မတင်ဘဲ ခေါင်းညိတ်လိုက်သည်။ ဝမ့်ရှီးက မသိပေမယ့် သူ့ကလေးတွေအကြောင်းကို သူ ကောင်းကောင်းသိသည်။ ကလေးတွေ ဝတ်ထားတဲ့ ချည်ထည်အဝတ်အစားတွေရဲ့ အရောင်တွေက ငါးကလေးရဲ့အကြေးခွံအရောင်နဲ့ အတူတူပဲ။
ကျင်းဝမ် နို့ထိန်းထံမှ ပေါင်းဆုကို လက်ခံပြီး အတွေ့အကြုံရှိ ဟန်ဖြင့် ပွေ့ချီကာ တင်ပါးလေးကို အသာပုတ်ပေးလိုက်သည်။
ယဲ့ချင်းဟွမ်၏ မျက်လုံးများသည် ထိုအရာကိုကြည့်လိုက်ရင်း မေးလိုက်သည်။
"ဝမ့်ရှီး၊ ဒီကလေးတွေက?"
ဝမ့်ရှီးက သူတို့ကို 'သခင်ငယ်လေး' လို့ ဘာကြောင့် ခေါ်တာလဲ။ ကျင်းဝမ် ဘာလို့ သူတို့ကို ပွေ့ထား ရတာလဲ။
ဝမ့်ရှီးက သူ့ နဖူးသူ ပုတ်ကာ ပြောလိုက်သည်။
"တောင်းပန်ပါတယ် သခင်လေး၊ ခွင့်လွှတ်ပေးပါ။ ဒီကျွန်က အရမ်းပျော်နေပြီး မိတ်ဆက်ပေးဖို့ မေ့သွားတယ်။ ဒါက အရှင်မင်းသားရဲ့ သားလေးတွေပါ။ သခင်လေးလီ...အဲ... ဝမ်ဖေး က အရှင်မင်းသားအတွက် သူတို့ကို မွေးပေးခဲ့တာပါ။"
လီယွီက ကလေးမွေးနိုင်လား??
လျှပ်စီးကြောင်းဖြတ်စီးသွားသလို ခံစားလိုက်ရသောကြောင့် ယဲ့ချင်းဟွမ်သည် ဖြည်းညှင်းစွာ ခေါင်းလှည့်ကာ အလွန်မာနကြီးသောပုံဖြင့် ကလေးကို ချော့မြူနေသော ကျင်းဝမ်ကို စိုက်ကြည့်နေသည်။
ဝမ့်ရှီး၏စကားများက သူ့ကို အံ့အားသင့်သွားစေခဲ့သည်။ ယဲ့ချင်းဟွမ်က သူ ကြားလိုက်ရသည့် စကားကို သေချာနားလည်အောင်လုပ်ဖို့ အချိန်လိုသေးသည်။
လီယွီ...... ကျင်းဝမ်အတွက် ကလေးလေးယောက် မွေးခဲ့တာလား ?
အမျိုးသားတွေရော ကိုယ်ဝန်ရနိုင်လား။
ဝမ့်ရှီးသည် အလွန်အားနည်းဖျော့တော့နေသော ယဲ့ချင်းဟွမ်အား အရာအားလုံးကို ရိုးရိုးရှင်းရှင်း ရှင်းပြရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ ဖြစ်စဉ်တစ်ခုလုံးသည် ဝမ့်ရှီးကို အလွန်အားလျော့ စေသော်လည်း ကျင်းဝမ်က ကိုယ်ဝန်ကို တစ်ချိန်လုံးစောင့်ကြပ်ပေးနေသူတစ်ဦးဖြစ်ပြီး ကလေး မွေးပေးသည့် သားဖွားလက်သည် နှင့် အခြားသမားတော်များမှ သခင်လေးဦးအတွက် တကယ် မွေးဖွားပေးခဲ့ကြောင်း စစ်ဆေးထားသည့် အထောက်အထားများရှိသည်။ ထိုအရာအားလုံးဖြင့် ဝမ့်ရှီးသည် ထိုအရာသည် အတုမဖြစ်နိုင်ကြောင်း ကောင်းကင်ကို ကျိန်ဆိုကာ ပြောနိုင်သည်။
ယဲ့ချင်းဟွမ် သေချာပြောနိုင်တာက ကလေးသုံးယောက်က ကျင်းဝမ် ငယ်စဉ်က ရုပ်နှင့် အရမ်းတူတယ်။ ထိုအချိန်တွင်၊ ကျင်းဝမ် ပွေ့ထားသည့် ကလေးကတော့ လီယွီ နှင့် အလွန်တူသည်။ အတုဖြစ်လျှင် ထိုအချက်က တကယ့်အစစ်အမှန်လို့ ထင်ရသည်။
**********-******
ယဲ့ချင်းဟွမ် : "......"
ကျင်းဝမ် : "......"
"ဝမ့်ရှီး၊ ဒီကလေးတွေက?"
**********-******
Continue Reading
You'll Also Like
75.4K 7.5K 101
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
212K 22.1K 103
ဘာသာပြန်သူ - စွဲညို့အသင်း
123K 10.6K 67
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
1.8M 275K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...