Chapter (91-1) - ကလေးသုံးယောက်ကို စည်းရုံးခြင်း
ပေါင်းရိသည် မွေးကင်းစကလေးအဖြစ်သို့ ရုတ်တရက်ပြောင်းသွားသောကြောင့် လင်းယွီမှာ မီးဖွားဖို့ ဗိုက်နာနေပြီလို့ အစေခံများအား အသိပေးရုံမှတစ်ပါး ကျင်းဝမ်မှာ ရွေးချယ်စရာမရှိတော့ပေ။
ကြိုတင်ပြင်ဆင်ထားသည့် 'သားဖွားပေးဖို့လက်သည်'ကိုလည်း အိမ်ထဲသို့ ဖိတ်ခေါ်ခဲ့သည်။ ကျင်းဝမ်က ဘေးခန်းမှ ကိုယ်တိုင် စောင့်နေဆဲဖြစ်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က ဝမ့်ရှီးတစ်ယောက် အခန်းအပြင်ဘက်ကနေ အာရုံစိုက်နေခဲ့သည်။ ကလေးငိုသံကို ရုတ်ခြည်းကြားလိုက်ရသောအခါ အလွန်ဝမ်းသာသွားသည်။ သို့သော်လည်း သခင်ငယ်လေးကို ကိုယ်တိုင် မတွေ့ရသေးလို့ အသည်းနှလုံးကို လက်သည်းနှင့်ကုတ်ခြစ်ခံရသည့်နှယ် ခံစားနေရစဉ် ကျင်းဝမ်က ကလေးတစ်ဦးကို ပွေ့ကာ ထွက်လာပြီးနောက်ထပ် ကလေးကျန်သေးသည်ဟု သတင်းပေးခဲ့သည်။
တခဏတာ အံ့သြသွားပြီးနောက် ဝမ့်ရှီးက ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။ နောက်ပိုင်း သခင်လေးလီရဲ့ဗိုက်ဟာ ပုံမှန်ကိုယ်ဝန်ဆောင်အမျိုးသမီးထက် ပိုကြီးလာခဲ့သဖြင့် ဝမ့်ရှီးက ကလေးတစ်ယောက်ထက် ပိုနိုင်သည်ဟု မှန်းဆခဲ့သော်လည်း ကျင်းဝမ်က ဘယ်အချက်ကိုမှ ပေါ့ပေါ့ဆဆ မထုတ်ဖော်ချင်ခဲ့ပေ။ ဝမ့်ရှီးသာ ခန့်မှန်းရုံသာ တတ်နိုင်ပြီး ထိုသတင်းကို မဖြန့်ဝံ့ပေ။
ယခုတော့ ကလေးကအမွှာများဖြစ်ကြောင်း သိလိုက်ရသောအခါ ဝမ့်ရှီးသည် အလွန်ဝမ်းသာသွားပြီး ကလေးတွေ လျှောလျှောရှုရှုမွေးလာနိုင်ရန် မိုးနတ်မင်းထံ ချက်ချင်းဆုတောင်းလိုက်လေသည်။
အမွှာမွေးရတာ ပင်ပန်းလွန်းပြီး အန္တရာယ်များလွန်းတယ်လို့ ဆိုကြသဖြင့် ဝမ့်ရှီးသည် သခင်လေးလီနှင့် သခင်ငယ်လေးများအားလုံး ဘေးကင်းပြီး နေကောင်းလာရန် မျှော်လင့်ခဲ့သည်။
မွေးခန်းအပြင်ဘက်မှာ ဝမ့်ရှီးနဲ့ ကျွန်တွေ အားလုံးက စိတ်လှုပ်ရှားစွာ စောင့်နေကြပြီး မွေးခန်းထဲက မြင်ကွင်းက တစ်မျိုးဖြစ်နေသည်။
"သားဖွားလက်သည် "အဖြစ်ရုပ်ဖျက်ထားသူက ကျင်းဝမ်၏ သစ္စာရှိ လက်အောက်ငယ်သားများထဲမှ တစ်ဦးဖြစ်သည်။ သူက ဆေးပညာ တချို့ သိသဖြင့် သူတို့ဝင်လာပြီးနောက် ပေါင်းရိရဲ့ကိုယ်ပေါ်က ရေတွေကို သုတ်ပေးပြီး ပေါင်းရိ၏ ကျန်းမာရေးကို စစ်ဆေးပေးသည်။ ထို့နောက် လီယွီ ရစ်ပတ်ထားခဲ့သော ချည်ထည်အဝတ်များဖြင့် ကောင်းစွာ ပြန်ပတ်ပေးခဲ့ကြသည်။
"သူ ဝမ်းနည်းလွန်းလို့ ငိုနေတာလား။ ဒါမှမဟုတ် တစ်နေရာရာမှာ အဆင်မပြေဖြစ်နေတာလား" လီယွီက တိတ်တိတ်ဆိတ်ဆိတ် မေးလိုက်သည်။
ပေါင်းရိက ငါးတစ်ကောင်ဖြစ်တုန်းက မျက်ရည်တစ်စက်တောင် မငိုခဲ့ဖူးဘူး။ သူသည် လူသားအဖြစ်သို့ ပြောင်းလဲပြီးနောက် ဘာကြောင့် ဒီလောက် ဝမ်းနည်းပမ်းနည်း ငိုနေရတာလဲ။
သစ္စာစောင့်သိသော ငယ်သားသည် စစ်ဆေး ပြီးသွားသည်နှင့ "မင်းသားလေး၏ ခန္ဓာကိုယ်က အရမ်း ကျန်းမာပါတယ်" ဟု လေးလေးစားစား ပြောဆိုခဲ့သည်။
သစ္စာရှိ လက်အောက်ငယ်သားသည် ထိုကလေးငယ် ဘယ်ကရောက်လာသည်ကို အမှန်တကယ် မသိခဲ့ပေ။ သူ သိထားရမည့် တစ်ခုတည်းသော အရာမှာ ထိုကလေးသည် မင်းသားငယ် ဖြစ်သည် ။ ထို့ အပြင် သူက သခင်တွေ မေးသမျှကို ဖြေပေးလိုက်သည် ။
"မင်းသားငယ်လေး ငိုရတဲ့အကြောင်းရင်းက မွေးကင်းစကလေးများအားလုံး ထိုကဲ့သို့ ငိုကြွေးလေ့ရှိသောကြောင့်ဖြစ်ပါတယ်။"
ပေါင်းရိက ဘာကြောင့် ငိုနေမှန်း မသိသေးတဲ့ လီယွ- "......"
မေ့လိုက်ပါတော့....ငါးပါးပါးက ပေါင်းရိ အသက်ကြီးပြီး စကားပြောတတ်လာတဲ့အခါမှ မေးလိုက်တော့မယ်....
ပေါင်းရိ၏ ခန္ဓာကိုယ်က ကျန်းမာနေလို့ သူ့ငိုသံက ကျယ်လောင်ပြတ်သားစွာပေါ်လာသည်။ ကျင်းဝမ်လည်း ထိုအခါမှ စိတ်သက်သာရာရသွားသည်။
သူ မှတ်မိသည့်အချိန်မှစ၍ သူက ဆွံ့အ သွားခဲ့သော သူ့ရဲ့ မသန်စွမ်းမှုက မျိုးရိုးလိုက်ကာ သားသမီးများထံ ကူးစက်နိုင်ခြေများသည်ဟု တော်ဝင်သမားတော်များက ပြောခဲ့သည်။
သူနဲ့ ရှောင်ယွီနှစ်ယောက်စလုံးက ယောက်ျားလေးတွမို့လို့ အရင်က ဒီကိစ္စကို စိတ်ပူနေစရာမလိုဘူး။ နောက်ပိုင်းမှာ သူ မမျှော်လင့်ဘဲ ငါးပေါက်လေးတွေ မွေးလာခဲ့တယ်။ ရှောင်ယွီက သူတို့ကလေး ငါးပေါက်လေးတွေက ပါးပါး ဆိုတဲ့ အခေါ်ဝေါ်ကို ဘယ်လိုခေါ်တတ်တယ်ဆိုတာ ဂုဏ်ယူစွာပြောပြခဲ့သည်။ ထိုအချိန်တွင် ကျင်းဝမ်ခံစားမိသည်မှာ သူ၏ဆွံ့အမှုက ငါးကြင်းနတ်ဆိုး၏ ကလေးများထံ မကူးစက်နိုင်တော့ဘူးဆိုတာပဲဖြစ်သည်။
သို့သော် သူက ငါးကလေးများ၏ အသံကို လူကိုယ်တိုင်ကြားရန် မဖြစ်နိုင်ပေ။ ရှောင်ယွီစိတ်ပျက်သွားမှာကို သူကြောက်လို့ ရှောင်ယွီကို ဘာမှမပြောဘဲနေလိုက်တယ်။ အခု ပေါင်းရိက အဆင်ပြေကြောင်း သက်သေပြလိုက်တာကြောင့် ကျင်းဝမ်ဟာ နောက်ဆုံးမှာ ကြောက်ရွံ့စိုးထိတ်နေနဖို့ မလိုအပ်တော့ဘူး။
လက်အောက်ငယ်သားက မင်းသားငယ်လေး အားလုံးအဆင်ပြေကြောင်း သတင်းပို့ပြီးနောက် ပေါင်းရိသည် မွေးကင်းစကလေးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ယခုအခါ အခြားငါးကလေးများလည်း ပြောင်းလဲဖို့အချိန်တန်ပြီဖြစ်သည်။
ကျင်းဝမ်သည် သစ္စာရှိလက်အောက်ငယ်သားအား အခြားအခန်းသို့ ခေတ္တပြောင်းရွှေ့ရန် အမိန့်ပေးခဲ့ပြီး သူနှင့် လီယွီတို့သာ ထိုအခန်းထဲကျန်နေရစ်ခဲ့သည်။ သူတို့နှစ်ဦးသည် အခြားငါးကလေးများပုံစံပြောင်းမည့် အချိန်ကို တိတ်တဆိတ်စောင့်ဆိုင်းနေကြသည်။
"ကိုယ်ဝန်" မှ "မွေးဖွားခြင်း" အထိ၊ ကျင်းဝမ်သည် အရာအားလုံးကို တော်တော့်ကို တွေးတောခဲ့ပြီး ကံကောင်းထောက်မစွာ ဘာမှ မဖြစ်ခဲ့ပေ။ သို့သော် သူတို့နှစ်ဦး ပေါင်းစည်းလိုက်သည်နှင့်ပင် ငါးဥလေးများ တပြိုင်တည်း ဥလာသလို ငါးကလေးငယ်များ အားလုံး တညီတညွတ်တည်း ပြောင်းလဲသွားလိမ့်မည်ဟု ထင်မှတ်ခဲ့ပေမယ့် ငါးပေါက်လေးတွေက တစ်ယောက်ပြီးမှ တစ်ယောက် ပြောင်းလဲလာခဲ့သည်။
ပေါင်းရိသည် ရုတ်တရက် ပြောင်းလဲသွားသောကြောင့် အခြားငါးကလေးများသည် 'မြန်မြန်ဆန်ဆန် အောင်အောင်မြင်မြင် ပြောင်းလဲ'လာဖို့ လိုအပ်သည်။
သာမန်ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးတွင် ကလေးများစွာကို တစ်ကြိမ်တည်းမွေးပါက၊ အချိန်က သိပ်ခြားပြီးမှ မွေးမည်မဟုတပေ။ တစ်နာရီခြား ဒါမှမဟုတ် နှစ်နာရီခြားမွေးမယ်ဆိုရင်တောင် အဆင်ပြေသည်။ တကယ်လို့ အချိန်ကွာဟချက်က တစ်ရက် သို့မဟုတ် နှစ်ရက်သာဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒါက စိတ်ကူးမယဉ်နိုင်လောက်အောင် အန္တရာယ်များလွန်းသည်။
ထို့ကြောင့် ယခုလက်ရှိတာဝန်မှာ ကျန်ငါးလေးများကို တတ်နိုင်သမျှ မြန်မြန်အသွင်ပြောင်းစေရန်ဖြစ်သည်။
ပေါင်းရိကို နမူနာအဖြစ်ထားကာ လီယွီက အခြားကလေးငယ်များသည် အသွင်ပြောင်းရာတွင် တစ်ယောက်ပြီး တစ်ယောက် ပိုကောင်းအောင် ကြိုးစားသင့်သည်ဟု လီယွီက ထင်မြင်ခဲ့သည်။ သို့သော်လည်း အကြောင်းရင်းမသိရဘဲ ကျန်ငါးကလေး ၃ ကောင်လုံး တဆတ်ဆတ်တုန်ယင်နေပြီး အားလုံး ပူးကပ်နေကြသည်။
လီယွီ: ?
လီယွီသည် အချိန်အတော်ကြာအောင် စောင့်ခဲ့ပေမယ့် ပေါင်းအာ့မှာ ဘာမှ လှုပ်ရှားမှု မရှိသေးပေ။ ဒီအတိုင်းဆက်သွားလို့မရတော့ဘူး။
လီယွီသည် ကျင်းဝမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ငါးကလေးတွေ ဘာဖြစ်သွားသည်ကို မေးရန် သူ့ကိုယ်သူ ငါးအဖြစ်သို့ ပြောင်းလဲသွားသည်။
သူသည် ငါးပုံစံပြန်လာပြီး ငါးကန်ထဲသို့ ကူးခတ်လာသောအခါတွင် ငါးကလေးများသည် ချက်ချင်းပင် ကူးခတ်လာပြီး သူ့ပတ်ဝန်းကျင်တွင် စုရုံးလာကြသည်။
"ပါးပါး! ပါးပါး!" ပေါင်းအာ့၊ ပေါင်းစန်းနှင့် ပေါင်းဆုတို့က တညီတညွတ်တည်း ငိုကာ ပြောခဲ့သည်-
"ကြောက်စရာကြီး။ အကိုကြီး ရုတ်တရက် လူသား ဖြစ်သွားတယ်...ဝူး....ဝူး....ဝူး....QQ "
လီယွီ : "........."
လီယွီက ရွှင်မြူးစွာဖြင့် ကလေးတွေကို စည်းရုံးလိုက်သည်။
"မင်းတို့တွေက လူသားတွေအဖြစ် မပြောင်းလဲချင်ကြဘူးလား"
ပေါင်းအာ့၊ ပေါင်းစန်း၊ ပေါင်းဆု တို့ တပြိုင်နက်တည်း ခေါင်းယမ်းကာ ဖြေခဲ့ကြသည်။
"ဟင့်အင်း...လူသား မဖြစ်ချင်ဘူး!"
လီယွီ: "......မင်းတို့ ဘာလို့ မဖြစ်ချင်ကြတာလဲ?"
လူသားအဖြစ်က ပိုပြီး စိတ်ဝင်စားစရာကောင်းတယ်လို့ ခံစားမိသည့် ငါးပါးပါးကြီးတစ်ယောက် သူ့ကလေးတွေ ဘာကြောင့် လူသားအဖြစ်ကို ပြောင်းဖို့ ငြင်းဆန်ရသလဲဆိုတာ နားမလည်တော့ပေ။
ပေါင်းအာ့က တုန့်ဆိုင်းစွာ ဖြေခဲ့သည်။
"ပါးပါး...သား အရင်တုန်းကလို လူသား မဖြစ်ချင်တော့ဘူး။ အကိုကြီးက လူသားဖြစ်သွားတော့ သူက လှုပ်ရှားလို့တောင် မရတော့ဘူး။ ဒါကြောင့် သား လူ မဖြစ်ချင်ဘူး "
"မှန်ပါတယ်၊ အသွင်ပြောင်းတာက အရမ်းကြောက်စရာကောင်းတယ်!" ပေါင်းစန်းက ဆက်ပြောခဲ့သည်။
"ကျွန်တော်လည်း အရင်က လူပုံစံပြောင်းချင်ပေမယ့် အစ်ကိုကြီး စကားတောင် မပြောတတ်ဘူး။ အစ်ကိုကြီးလိုဖြစ်လာမှာကို ကြောက်တယ်။"
ပေါင်းဆုက ပြတ်ပြတ်သားသားပြောသည်။ "အဖေ၊ ကျွန်တော် မပြောင်းလဲဘူးနော်!"
ဘယ်သူကထင်မှာလဲ၊ စည်းရုံးရေးက မအောင်မြင်သေးဘူး။ မျက်လုံးပြူးကျယ်နေသော ငါးကလေးများသည် ပုန်ကန်ရန် ကြိုးစားနေပြီဖြစ်သည်။
ငါးကလေးသုံးကောင်ကို ဘောလုံးတစ်လုံးထဲတွင် စုပြုံထားမည်ဆိုပါက လီယွီက သူတို့ကို ကိုင်တွယ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ငါးကလေးသုံးကောင်၏ မဟာမိတ်ဖွဲ့ထားသည်ကို ခွဲထုတ်ရန် ပထမဆုံး အစီအစဉ် ချမှတ်ရန်လိုအပ်သည်။
လီယွီသည် မက်မွန်ပွင့်ကွတ်ကီးကို ပေါင်းဆုဆီသို့ ဦးစွာပစ်ချလိုက်သည်။ ပေါင်းဆုက သူ့အစ်ကိုတွေ အကြောင်း ချက်ချင်းမေ့သွားပြီး မက်မွန်ပွင့်ကွတ်ကီးကို စားဖို့သာ အာရုံစိုက်လိုက်သည်။
လီယွီသည် ကျန်ရှိသော ပေါင်းအာ့နှင့် ပေါင်းစန်းကို သီးခြား စည်းရုံးခဲ့သည်။
ဒီကလေးနှစ်ယောက်ထဲတွင် တစ်ယောက်က စားရတာ ကြိုက်တယ်၊ တစ်ယောက်က ချောမောလှပတဲ့ အရာတွေကို နှစ်သက်တယ်ဆိုတာ သူ သိတဲ့အတွက်ကြောင့် သူတို့ရဲ့ တစ်ဦးချင်းအကြိုက်တွေကို အာရုံစိုက်ခဲ့သည်။
လီယွီက ပေါင်းအာ့ကို စိတ်ရှည်ရှည်နဲ့ စနစ်တကျပြောခဲ့သည်။
"လူသားအဖြစ် ပြောင်းလဲသွားတာက တကယ်ကို ကောင်းပါတယ်။ မင်းက ပါးပါးလို ဖြစ်နိုင်တယ်။ မက်မွန်ပွင့်ကွတ်ကီးနဲ့ ငါးစာအပြင် အခြားအရသာရှိတဲ့ အစားအစာတွေကိလည်း များများစားနိုင်မယ်လေ။ ပြီးတော့ မင်းကြိုက်သလောက် ဘဲလေးတွေနဲ့ ကစားလို့ရတယ်။"
ပေါင်းအာ့က အရသာရှိတဲ့ အစားအစာတွေ အများကြီးစားဖို့ရှိတယ်လို့ ကြားတဲ့အခါ သူ့မျက်လုံးတွေက တောက်ပလာခဲ့သည်။ သူသည် ဘဲငယ်များကို အလွန်နှစ်သက်သော်လည်း ပါးပါးက ဘဲပေါက်လေးတွေနှင့် နီးစပ်ရန် ခွင့်မပြုခဲ့ပေ။ ဒါဖြင့် သူသည် လူသားအဖြစ်သို့ ပြောင်းလဲမည်ဆိုပါက သူ့ကို ခွင့်ပြုမှာလား။
အစားအသောက်နှင့် အပျော်အပါးမက်တဲ့ ပေါင်းအာ့သည် ပါးပါးရဲ့စကားတွေကြောင့် စိတ်အားထက်သန်စွာဖြင့် သူ့နှလုံးသားသားထဲကနေ တလှပ်လှပ်ခံစားလိုက်ရသည်။
လီယွီက ပေါင်းစန်းကိုပြောလိုက်ပြန်သည်။
"မင်းသာ လူအဖြစ်ပြောင်းပြီးရင် မင်းပါးပါးလို အဝတ်အစားတွေဝတ်ပြီး တောက်ပြောင်ပြောင်လက်နေတဲ့ လက်ဝတ်ရတနာတွေကို ဝတ်ဆင်နိုင်မှာပဲ"
****-**********
Chapter (91-1) - ကေလးသံုးေယာက္ကို စည္းရံုးျခင္း
ေပါင္းရိသည္ ေမြးကင္းစကေလးအျဖစ္သို႔ ႐ုတ္တရက္ေျပာင္းသြားေသာေၾကာင့္ လင္းယြီမွာ မီးဖြားဖို႔ ဗိုက္နာေနၿပီလို႔ အေစခံမ်ားအား အသိေပး႐ုံမွတစ္ပါး က်င္းဝမ္မွာ ေ႐ြးခ်ယ္စရာမရွိေတာ့ေပ။
ႀကိဳတင္ျပင္ဆင္ထားသည့္ 'သားဖြားေပးဖို႔လက္သည္'ကိုလည္း အိမ္ထဲသို႔ ဖိတ္ေခၚခဲ့သည္။ က်င္းဝမ္က ေဘးခန္းမွ ကိုယ္တိုင္ ေစာင့္ေနဆဲျဖစ္သည္။
လြန္ခဲ့သည့္ရက္အနည္းငယ္က ဝမ့္ရွီးတစ္ေယာက္ အခန္းအျပင္ဘက္ကေန အာ႐ုံစိုက္ေနခဲ့သည္။ ကေလးငိုသံကို ႐ုတ္ျခည္းၾကားလိုက္ရေသာအခါ အလြန္ဝမ္းသာသြားသည္။ သို႔ေသာ္လည္း သခင္ငယ္ေလးကို ကိုယ္တိုင္ မေတြ႕ရေသးလို႔ အသည္းႏွလုံးကို လက္သည္းႏွင့္ကုတ္ျခစ္ခံရသည့္ႏွယ္ ခံစားေနရစဥ္ က်င္းဝမ္က ကေလးတစ္ဦးကို ေပြ႕ကာ ထြက္လာၿပီးေနာက္ထပ္ ကေလးက်န္ေသးသည္ဟု သတင္းေပးခဲ့သည္။
တခဏတာ အံ့ၾသသြားၿပီးေနာက္ ဝမ့္ရွီးက ခ်က္ခ်င္းပင္ စိတ္လႈပ္ရွားသြားသည္။ ေနာက္ပိုင္း သခင္ေလးလီရဲ႕ဗိုက္ဟာ ပုံမွန္ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးထက္ ပိုႀကီးလာခဲ့သျဖင့္ ဝမ့္ရွီးက ကေလးတစ္ေယာက္ထက္ ပိုႏိုင္သည္ဟု မွန္းဆခဲ့ေသာ္လည္း က်င္းဝမ္က ဘယ္အခ်က္ကိုမွ ေပါ့ေပါ့ဆဆ မထုတ္ေဖာ္ခ်င္ခဲ့ေပ။ ဝမ့္ရွီးသာ ခန႔္မွန္း႐ုံသာ တတ္ႏိုင္ၿပီး ထိုသတင္းကို မျဖန႔္ဝံ့ေပ။
ယခုေတာ့ ကေလးကအမႊာမ်ားျဖစ္ေၾကာင္း သိလိုက္ရေသာအခါ ဝမ့္ရွီးသည္ အလြန္ဝမ္းသာသြားၿပီး ကေလးေတြ ေလွ်ာေလွ်ာရႈရႈေမြးလာႏိုင္ရန္ မိုးနတ္မင္းထံ ခ်က္ခ်င္းဆုေတာင္းလိုက္ေလသည္။
အမႊာေမြးရတာ ပင္ပန္းလြန္းၿပီး အႏၲရာယ္မ်ားလြန္းတယ္လို႔ ဆိုၾကသျဖင့္ ဝမ့္ရွီးသည္ သခင္ေလးလီႏွင့္ သခင္ငယ္ေလးမ်ားအားလုံး ေဘးကင္းၿပီး ေနေကာင္းလာရန္ ေမွ်ာ္လင့္ခဲ့သည္။
ေမြးခန္းအျပင္ဘက္မွာ ဝမ့္ရွီးနဲ႔ ကြၽန္ေတြ အားလုံးက စိတ္လႈပ္ရွားစြာ ေစာင့္ေနၾကၿပီး ေမြးခန္းထဲက ျမင္ကြင္းက တစ္မ်ိဳးျဖစ္ေနသည္။
"သားဖြားလက္သည္ "အျဖစ္႐ုပ္ဖ်က္ထားသူက က်င္းဝမ္၏ သစၥာရွိ လက္ေအာက္ငယ္သားမ်ားထဲမွ တစ္ဦးျဖစ္သည္။ သူက ေဆးပညာ တခ်ိဳ႕ သိသျဖင့္ သူတို႔ဝင္လာၿပီးေနာက္ ေပါင္းရိရဲ႕ကိုယ္ေပၚက ေရေတြကို သုတ္ေပးၿပီး ေပါင္းရိ၏ က်န္းမာေရးကို စစ္ေဆးေပးသည္။ ထို႔ေနာက္ လီယြီ ရစ္ပတ္ထားခဲ့ေသာ ခ်ည္ထည္အဝတ္မ်ားျဖင့္ ေကာင္းစြာ ျပန္ပတ္ေပးခဲ့ၾကသည္။
"သူ ဝမ္းနည္းလြန္းလို႔ ငိုေနတာလား။ ဒါမွမဟုတ္ တစ္ေနရာရာမွာ အဆင္မေျပျဖစ္ေနတာလား" လီယြီက တိတ္တိတ္ဆိတ္ဆိတ္ ေမးလိုက္သည္။
ေပါင္းရိက ငါးတစ္ေကာင္ျဖစ္တုန္းက မ်က္ရည္တစ္စက္ေတာင္ မငိုခဲ့ဖူးဘူး။ သူသည္ လူသားအျဖစ္သို႔ ေျပာင္းလဲၿပီးေနာက္ ဘာေၾကာင့္ ဒီေလာက္ ဝမ္းနည္းပမ္းနည္း ငိုေနရတာလဲ။
သစၥာေစာင့္သိေသာ ငယ္သားသည္ စစ္ေဆး ၿပီးသြားသည္ႏွင့ "မင္းသားေလး၏ ခႏၶာကိုယ္က အရမ္း က်န္းမာပါတယ္" ဟု ေလးေလးစားစား ေျပာဆိုခဲ့သည္။
သစၥာရွိ လက္ေအာက္ငယ္သားသည္ ထိုကေလးငယ္ ဘယ္ကေရာက္လာသည္ကို အမွန္တကယ္ မသိခဲ့ေပ။ သူ သိထားရမည့္ တစ္ခုတည္းေသာ အရာမွာ ထိုကေလးသည္ မင္းသားငယ္ ျဖစ္သည္ ။ ထို႔ အျပင္ သူက သခင္ေတြ ေမးသမွ်ကို ေျဖေပးလိုက္သည္ ။
"မင္းသားငယ္ေလး ငိုရတဲ့အေၾကာင္းရင္းက ေမြးကင္းစကေလးမ်ားအားလုံး ထိုကဲ့သို႔ ငိုေႂကြးေလ့ရွိေသာေၾကာင့္ျဖစ္ပါတယ္။"
ေပါင္းရိက ဘာေၾကာင့္ ငိုေနမွန္း မသိေသးတဲ့ လီယြ- "......"
ေမ့လိုက္ပါေတာ့....ငါးပါးပါးက ေပါင္းရိ အသက္ႀကီးၿပီး စကားေျပာတတ္လာတဲ့အခါမွ ေမးလိုက္ေတာ့မယ္....
ေပါင္းရိ၏ ခႏၶာကိုယ္က က်န္းမာေနလို႔ သူ႔ငိုသံက က်ယ္ေလာင္ျပတ္သားစြာေပၚလာသည္။ က်င္းဝမ္လည္း ထိုအခါမွ စိတ္သက္သာရာရသြားသည္။
သူ မွတ္မိသည့္အခ်ိန္မွစ၍ သူက ဆြံ႕အ သြားခဲ့ေသာ သူ႔ရဲ႕ မသန္စြမ္းမႈက မ်ိဳး႐ိုးလိုက္ကာ သားသမီးမ်ားထံ ကူးစက္ႏိုင္ေျခမ်ားသည္ဟု ေတာ္ဝင္သမားေတာ္မ်ားက ေျပာခဲ့သည္။
သူနဲ႔ ေရွာင္ယြီႏွစ္ေယာက္စလုံးက ေယာက္်ားေလးတြမို႔လို႔ အရင္က ဒီကိစၥကို စိတ္ပူေနစရာမလိုဘူး။ ေနာက္ပိုင္းမွာ သူ မေမွ်ာ္လင့္ဘဲ ငါးေပါက္ေလးေတြ ေမြးလာခဲ့တယ္။ ေရွာင္ယြီက သူတို႔ကေလး ငါးေပါက္ေလးေတြက ပါးပါး ဆိုတဲ့ အေခၚေဝၚကို ဘယ္လိုေခၚတတ္တယ္ဆိုတာ ဂုဏ္ယူစြာေျပာျပခဲ့သည္။ ထိုအခ်ိန္တြင္ က်င္းဝမ္ခံစားမိသည္မွာ သူ၏ဆြံ႕အမႈက ငါးၾကင္းနတ္ဆိုး၏ ကေလးမ်ားထံ မကူးစက္ႏိုင္ေတာ့ဘူးဆိုတာပဲျဖစ္သည္။
သို႔ေသာ္ သူက ငါးကေလးမ်ား၏ အသံကို လူကိုယ္တိုင္ၾကားရန္ မျဖစ္ႏိုင္ေပ။ ေရွာင္ယြီစိတ္ပ်က္သြားမွာကို သူေၾကာက္လို႔ ေရွာင္ယြီကို ဘာမွမေျပာဘဲေနလိုက္တယ္။ အခု ေပါင္းရိက အဆင္ေျပေၾကာင္း သက္ေသျပလိုက္တာေၾကာင့္ က်င္းဝမ္ဟာ ေနာက္ဆုံးမွာ ေၾကာက္႐ြံ႕စိုးထိတ္ေနနဖို႔ မလိုအပ္ေတာ့ဘူး။
လက္ေအာက္ငယ္သားက မင္းသားငယ္ေလး အားလုံးအဆင္ေျပေၾကာင္း သတင္းပို႔ၿပီးေနာက္ ေပါင္းရိသည္ ေမြးကင္းစကေလးအျဖစ္သို႔ ေျပာင္းလဲသြားခဲ့ၿပီး ယခုအခါ အျခားငါးကေလးမ်ားလည္း ေျပာင္းလဲဖို႔အခ်ိန္တန္ၿပီျဖစ္သည္။
က်င္းဝမ္သည္ သစၥာရွိလက္ေအာက္ငယ္သားအား အျခားအခန္းသို႔ ေခတၱေျပာင္းေ႐ႊ႕ရန္ အမိန႔္ေပးခဲ့ၿပီး သူႏွင့္ လီယြီတို႔သာ ထိုအခန္းထဲက်န္ေနရစ္ခဲ့သည္။ သူတို႔ႏွစ္ဦးသည္ အျခားငါးကေလးမ်ားပုံစံေျပာင္းမည့္ အခ်ိန္ကို တိတ္တဆိတ္ေစာင့္ဆိုင္းေနၾကသည္။
"ကိုယ္ဝန္" မွ "ေမြးဖြားျခင္း" အထိ၊ က်င္းဝမ္သည္ အရာအားလုံးကို ေတာ္ေတာ့္ကို ေတြးေတာခဲ့ၿပီး ကံေကာင္းေထာက္မစြာ ဘာမွ မျဖစ္ခဲ့ေပ။ သို႔ေသာ္ သူတို႔ႏွစ္ဦး ေပါင္းစည္းလိုက္သည္ႏွင့္ပင္ ငါးဥေလးမ်ား တၿပိဳင္တည္း ဥလာသလို ငါးကေလးငယ္မ်ား အားလုံး တညီတၫြတ္တည္း ေျပာင္းလဲသြားလိမ့္မည္ဟု ထင္မွတ္ခဲ့ေပမယ့္ ငါးေပါက္ေလးေတြက တစ္ေယာက္ၿပီးမွ တစ္ေယာက္ ေျပာင္းလဲလာခဲ့သည္။
ေပါင္းရိသည္ ႐ုတ္တရက္ ေျပာင္းလဲသြားေသာေၾကာင့္ အျခားငါးကေလးမ်ားသည္ 'ျမန္ျမန္ဆန္ဆန္ ေအာင္ေအာင္ျမင္ျမင္ ေျပာင္းလဲ'လာဖို႔ လိုအပ္သည္။
သာမန္ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦးတြင္ ကေလးမ်ားစြာကို တစ္ႀကိမ္တည္းေမြးပါက၊ အခ်ိန္က သိပ္ျခားၿပီးမွ ေမြးမည္မဟုတေပ။ တစ္နာရီျခား ဒါမွမဟုတ္ ႏွစ္နာရီျခားေမြးမယ္ဆိုရင္ေတာင္ အဆင္ေျပသည္။ တကယ္လို႔ အခ်ိန္ကြာဟခ်က္က တစ္ရက္ သို႔မဟုတ္ ႏွစ္ရက္သာျဖစ္ခဲ့မယ္ဆိုရင္ အဲ့ဒါက စိတ္ကူးမယဥ္ႏိုင္ေလာက္ေအာင္ အႏၲရာယ္မ်ားလြန္းသည္။
ထို႔ေၾကာင့္ ယခုလက္ရွိတာဝန္မွာ က်န္ငါးေလးမ်ားကို တတ္ႏိုင္သမွ် ျမန္ျမန္အသြင္ေျပာင္းေစရန္ျဖစ္သည္။
ေပါင္းရိကို နမူနာအျဖစ္ထားကာ လီယြီက အျခားကေလးငယ္မ်ားသည္ အသြင္ေျပာင္းရာတြင္ တစ္ေယာက္ၿပီး တစ္ေယာက္ ပိုေကာင္းေအာင္ ႀကိဳးစားသင့္သည္ဟု လီယြီက ထင္ျမင္ခဲ့သည္။ သို႔ေသာ္လည္း အေၾကာင္းရင္းမသိရဘဲ က်န္ငါးကေလး ၃ ေကာင္လုံး တဆတ္ဆတ္တုန္ယင္ေနၿပီး အားလုံး ပူးကပ္ေနၾကသည္။
လီယြီ: ?
လီယြီသည္ အခ်ိန္အေတာ္ၾကာေအာင္ ေစာင့္ခဲ့ေပမယ့္ ေပါင္းအာ့မွာ ဘာမွ လႈပ္ရွားမႈ မရွိေသးေပ။ ဒီအတိုင္းဆက္သြားလို႔မရေတာ့ဘူး။
လီယြီသည္ က်င္းဝမ္ကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ ငါးကေလးေတြ ဘာျဖစ္သြားသည္ကို ေမးရန္ သူ႔ကိုယ္သူ ငါးအျဖစ္သို႔ ေျပာင္းလဲသြားသည္။
သူသည္ ငါးပုံစံျပန္လာၿပီး ငါးကန္ထဲသို႔ ကူးခတ္လာေသာအခါတြင္ ငါးကေလးမ်ားသည္ ခ်က္ခ်င္းပင္ ကူးခတ္လာၿပီး သူ႔ပတ္ဝန္းက်င္တြင္ စု႐ုံးလာၾကသည္။
"ပါးပါး! ပါးပါး!" ေပါင္းအာ့၊ ေပါင္းစန္းႏွင့္ ေပါင္းဆုတို႔က တညီတၫြတ္တည္း ငိုကာ ေျပာခဲ့သည္-
"ေၾကာက္စရာႀကီး။ အကိုႀကီး ႐ုတ္တရက္ လူသား ျဖစ္သြားတယ္...ဝူး....ဝူး....ဝူး....QQ "
လီယြီ : "........."
လီယြီက ႐ႊင္ျမဴးစြာျဖင့္ ကေလးေတြကို စည္း႐ုံးလိုက္သည္။
"မင္းတို႔ေတြက လူသားေတြအျဖစ္ မေျပာင္းလဲခ်င္ၾကဘူးလား"
ေပါင္းအာ့၊ ေပါင္းစန္း၊ ေပါင္းဆု တို႔ တၿပိဳင္နက္တည္း ေခါင္းယမ္းကာ ေျဖခဲ့ၾကသည္။
"ဟင့္အင္း...လူသား မျဖစ္ခ်င္ဘူး!"
လီယြီ: "......မင္းတို႔ ဘာလို႔ မျဖစ္ခ်င္ၾကတာလဲ?"
လူသားအျဖစ္က ပိုၿပီး စိတ္ဝင္စားစရာေကာင္းတယ္လို႔ ခံစားမိသည့္ ငါးပါးပါးႀကီးတစ္ေယာက္ သူ႔ကေလးေတြ ဘာေၾကာင့္ လူသားအျဖစ္ကို ေျပာင္းဖို႔ ျငင္းဆန္ရသလဲဆိုတာ နားမလည္ေတာ့ေပ။
ေပါင္းအာ့က တုန႔္ဆိုင္းစြာ ေျဖခဲ့သည္။
"ပါးပါး...သား အရင္တုန္းကလို လူသား မျဖစ္ခ်င္ေတာ့ဘူး။ အကိုႀကီးက လူသားျဖစ္သြားေတာ့ သူက လႈပ္ရွားလို႔ေတာင္ မရေတာ့ဘူး။ ဒါေၾကာင့္ သား လူ မျဖစ္ခ်င္ဘူး "
"မွန္ပါတယ္၊ အသြင္ေျပာင္းတာက အရမ္းေၾကာက္စရာေကာင္းတယ္!" ေပါင္းစန္းက ဆက္ေျပာခဲ့သည္။
"ကြၽန္ေတာ္လည္း အရင္က လူပုံစံေျပာင္းခ်င္ေပမယ့္ အစ္ကိုႀကီး စကားေတာင္ မေျပာတတ္ဘူး။ အစ္ကိုႀကီးလိုျဖစ္လာမွာကို ေၾကာက္တယ္။"
ေပါင္းဆုက ျပတ္ျပတ္သားသားေျပာသည္။ "အေဖ၊ ကြၽန္ေတာ္ မေျပာင္းလဲဘူးေနာ္!"
ဘယ္သူကထင္မွာလဲ၊ စည္း႐ုံးေရးက မေအာင္ျမင္ေသးဘူး။ မ်က္လုံးျပဴးက်ယ္ေနေသာ ငါးကေလးမ်ားသည္ ပုန္ကန္ရန္ ႀကိဳးစားေနၿပီျဖစ္သည္။
ငါးကေလးသုံးေကာင္ကို ေဘာလုံးတစ္လုံးထဲတြင္ စုၿပဳံထားမည္ဆိုပါက လီယြီက သူတို႔ကို ကိုင္တြယ္ႏိုင္မည္ မဟုတ္ေပ။ ထို႔ေၾကာင့္ သူသည္ ငါးကေလးသုံးေကာင္၏ မဟာမိတ္ဖြဲ႕ထားသည္ကို ခြဲထုတ္ရန္ ပထမဆုံး အစီအစဥ္ ခ်မွတ္ရန္လိုအပ္သည္။
လီယြီသည္ မက္မြန္ပြင့္ကြတ္ကီးကို ေပါင္းဆုဆီသို႔ ဦးစြာပစ္ခ်လိုက္သည္။ ေပါင္းဆုက သူ႔အစ္ကိုေတြ အေၾကာင္း ခ်က္ခ်င္းေမ့သြားၿပီး မက္မြန္ပြင့္ကြတ္ကီးကို စားဖို႔သာ အာ႐ုံစိုက္လိုက္သည္။
လီယြီသည္ က်န္ရွိေသာ ေပါင္းအာ့ႏွင့္ ေပါင္းစန္းကို သီးျခား စည္း႐ုံးခဲ့သည္။
ဒီကေလးႏွစ္ေယာက္ထဲတြင္ တစ္ေယာက္က စားရတာ ႀကိဳက္တယ္၊ တစ္ေယာက္က ေခ်ာေမာလွပတဲ့ အရာေတြကို ႏွစ္သက္တယ္ဆိုတာ သူ သိတဲ့အတြက္ေၾကာင့္ သူတို႔ရဲ႕ တစ္ဦးခ်င္းအႀကိဳက္ေတြကို အာ႐ုံစိုက္ခဲ့သည္။
လီယြီက ေပါင္းအာ့ကို စိတ္ရွည္ရွည္နဲ႔ စနစ္တက်ေျပာခဲ့သည္။
"လူသားအျဖစ္ ေျပာင္းလဲသြားတာက တကယ္ကို ေကာင္းပါတယ္။ မင္းက ပါးပါးလို ျဖစ္ႏိုင္တယ္။ မက္မြန္ပြင့္ကြတ္ကီးနဲ႔ ငါးစာအျပင္ အျခားအရသာရွိတဲ့ အစားအစာေတြကိလည္း မ်ားမ်ားစားႏိုင္မယ္ေလ။ ၿပီးေတာ့ မင္းႀကိဳက္သေလာက္ ဘဲေလးေတြနဲ႔ ကစားလို႔ရတယ္။"
ေပါင္းအာ့က အရသာရွိတဲ့ အစားအစာေတြ အမ်ားႀကီးစားဖို႔ရွိတယ္လို႔ ၾကားတဲ့အခါ သူ႔မ်က္လုံးေတြက ေတာက္ပလာခဲ့သည္။ သူသည္ ဘဲငယ္မ်ားကို အလြန္ႏွစ္သက္ေသာ္လည္း ပါးပါးက ဘဲေပါက္ေလးေတြႏွင့္ နီးစပ္ရန္ ခြင့္မျပဳခဲ့ေပ။ ဒါျဖင့္ သူသည္ လူသားအျဖစ္သို႔ ေျပာင္းလဲမည္ဆိုပါက သူ႔ကို ခြင့္ျပဳမွာလား။
အစားအေသာက္ႏွင့္ အေပ်ာ္အပါးမက္တဲ့ ေပါင္းအာ့သည္ ပါးပါးရဲ႕စကားေတြေၾကာင့္ စိတ္အားထက္သန္စြာျဖင့္ သူ႔ႏွလုံးသားသားထဲကေန တလွပ္လွပ္ခံစားလိုက္ရသည္။
လီယြီက ေပါင္းစန္းကိုေျပာလိုက္ျပန္သည္။
"မင္းသာ လူအျဖစ္ေျပာင္းၿပီးရင္ မင္းပါးပါးလို အဝတ္အစားေတြဝတ္ၿပီး ေတာက္ေျပာင္ေျပာင္လက္ေနတဲ့ လက္ဝတ္ရတနာေတြကို ဝတ္ဆင္ႏိုင္မွာပဲ"
****-**********