Chapter (81-2) - ငါးကြင်းနတ်ဆိုးတွေလည်း ယန်စွမ်းအားကို စုပ်ယူကြတာပဲ
ကျင်းဝမ်ဆိုလိုတာက ရှောင်ယွီက သူ့အဝတ်အစားတွေပြောင်းဖို့ ကူညီချင်ခဲ့တာ အရမ်းကောင်းပေမယ့် အရင်က အဝတ်အစားတွေက လိုက်ဖက်မှုမရှိဘူးလို့ ဆိုလိုတာဖြစ်သည်။
မေးခွန်းအမှတ်အသားများနှင့် ပြည့်နှက်နေသော လီယွီသည် ကျင်းဝမ်ကို အဝတ်သစ် ပြောင်းလဲရန် ကူညီပေးခဲ့သည်။ ဤဝတ်စုံသည် ကျင်းဝမ်၏ အလှပဆုံးဝတ်စုံဖြစ်နိုင်သည်။ အနီရောင် အောက်ခံမှာ ရွှေချည်ဖြင့် ဖောက်ထားတယ်။ ကျောက်စိမ်းခါးပတ်တွင် ပုလဲများဖြင့် မြှုပ်ထားသည်။ ကျင်းဝမ်က ဒါကို ဝတ်ပြီး ဆံပင်ကို အနီရောင် ဖဲကြိုးဖြင့် ပတ်ထားလိုက်ရင် ဒါက မင်္ဂလာဆောင်ရင် ဝတ်သည့် သတို့သားဝတ်စုံနှင့်ပင် တူနေတော့သည်။
လီယွီသည် ယခုအချိန်တွင် ကျင်းဝမ်သည် အနီရောင်ဆံပင်ဖဲကြိုးတစ်ချောင်းနှင့် ကျောက်စိမ်း ဘီးတစ်ချောင်းကို ထုတ်ယူကာ လီယွီအား အပ်ပေးသည်ကို မြင်သောအခါတွင် လီယွီသည် လျှို့ဝှက်စွာ ရယ်မောနေခဲ့သည်။
လီယွီ: "......"
လီယွီက သူ ဘာကိုဆိုလိုသည်ကို ယောင်ဝါးဝါးနားလည်ပြီး ပြုံးကာပြောလိုက်သည်-
"ဆံပင်ချည်ထားတာ တော်တော်ဆိုးတယ်။ အရမ်း ရုပ်ဆိုးတဲ့ပုံပဲ။ အဲ့ဒါအဆင်ပြေရဲ့လား?"
ကျင်းဝမ်က ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံနေတုန်းပဲ။
လီယွီက သူ့ကို အားလုံးပုံအပ်ထားလို့ လီယွီလည်း ကျင်းဝမ်အတွက် အတတ်နိုင်ဆုံး ဆံပင်ကို ဖြီးပေးကာ ချည်နှောင်ပေးခဲ့သည်။
နောက်ဆုံးတော့ ချစ်သူကို သပ်ရပ်အောင် သပ်သပ်ရပ်ရပ်ပြင်ဆင်ပေးပြီး လီယွီက စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။
"ကျွန်တော်လည်း အဝတ်အစားလဲချင်တယ်!"
သူ့ရဲ့ နေရာလွတ်ထဲမှာ သူ့အတွက် ကျင်းဝမ်ချုပ်ခိုင်းထားသည့် ဝတ်စုံအသစ်ကိုသိမ်းထားသည်။ ကျင်းဝမ်၏ ခံယူချက်က မည်သည့်နေရာတွင်ပင်ရှိစေကာမူ သူ၏ဇနီးသည်အတွက် လုံလောက်သော အဝတ်အစားရှိရမည်။ တော်ဝင်မြို့မှ မထွက်ခွာမီ ကျင်းဝမ်သည် လီယွီအတွက် အဝတ်များစွာကို တစ်ခါတည်း ချုပ်ပေးခဲ့သည်။ ယခင်က ပြုလုပ်ခဲ့သော ပစ္စည်းများကိုပါ ထည့်ပေါင်းလိုက်လျှင် လီယွီသည် ရှိသည့် အဝတ်စားကို ထပ်ခါတလဲလဲ ဝတ်ဖို့မလိုပဲ အဝတ်မထပ်အောင် လဲလှယ်ဝတ်နိုင်သည်။
ယခု သူထုတ်လိုက်သောဝတ်စုံကို လီယွီ အထူးနှစ်သက်သည်။
တစ်ချိန်က ကျင်းဝမ်သည် ထိုဝတ်စုံတွင် ကျောက်မျက်များစွာ မထည့်ခဲ့ပေ။ ယင်းအစား၊ သူသည် အလွန်သိက္ခာရှိသော ကြက်သွေးရောင် ပိုးထည်ဝတ်ရုံဖြစ်သည်။ ဝတ်လုံပေါ်တွင် (ပီအိုနီပန်း) ပျိုနီပန်းပွင့်များကို ပန်းထိုးထားကာ ထိုပန်းတွေနဲ့ ကစားနေသည့် ငါးရုပ်ပုံရှိသည်။ ရွှေချည်ထိုးထားသော ပျိုနီပန်းများသည် အဝတ်၏ ခါးအထိ အလွှာအလိုက် အထပ်ထပ် ဖုံးအုပ်ထားသည်။ ခါးတစ်ဝိုက်တွင် ပျိုနီ ပန်းရနံ့ကို ရှုရှိုက်နေသည့် ငါးကြင်းလေးပုံကလည်း တကယ့်ကို အစစ်နှင့်တူလွန်းလှသည်။
(peony - ပီအိုနီ- ပျိုနီ= တရုတ်နှင်းဆီ သို့မဟုတ် လက်ဖက်နှင်းဆီ)
ဒီဝတ်စုံရဲ့ ချည်ထိုးထားတာက အလွန်ထူးခြားလှသည်။ ပျိုနီပန်းပွင့်တိုင်းသည် လှပပြီး ဆွဲဆောင်မှုရှိသည်။ ငါးကလေးရဲ့အမြီးဖျားက ငွေရောင်ဖြစ်ကာ ရွှေရောင် ငါးအကြေးခွံများသည် အလင်းရောင်ဖြင့် လင်းလက်နေပုံရသည်။
ယခင်က လီယွီသည် သူ၏ငါးအသွင်အပြင်နှင့် အလွန်ဆင်တူသည့် ငွေရောင်ဝတ်ရုံတစ်ခုရှိသည်။ ဤအဝတ်အစားထဲက ငါးရုပ်လေးက သူ့ရဲ့ ငါးပုံစံကို လုံးဝ ပုံတူကူးထားပုံရသည်။ ငါး၏အရွယ်အစားသည်ပင်တူနေသည်။ လီယွီသည် တစ်ချက်ကြည့်ရုံဖြင့် သဘောကျသွားသည်။
ကျင်းဝမ်က အနီရောင်ဝတ်ထားတာကြောင့် လီယွီလည်း ဝတ်ချင်ခဲ့တာ။ လိုက်ဖက်ညီတဲ့ စုံတွဲဝတ်စုံမျိုးပေါ့။ ယဲ့သခင်လေး ရဲ့ မင်္ဂလာဆောင်မှာလည်း သတို့သားနဲ့ သတို့သမီးက ဆင်တူဝတ်ဆင်ထားကြတယ်။
လီယွီသည် သူ့အဝတ်အစားကို ပြောင်းလိုက်သည်။ ကျင်းဝမ်က သူ့ဆံပင်တွေကို တိတ်တဆိတ် စည်းပေးပြီး လီယွီရဲ့ ခါးမှာ ငါးနှစ်ကောင်ပါတဲ့ ခါးပတ်ကို ပတ်ပေးခဲ့တယ်။
အဝတ်အစားဝတ်ပြီးနောက် နှစ်ယောက်သား မျက်နှာချင်းဆိုင်ကာ တစ်ယောက်ကိုတစ်ယောက် ငေးမောကြည့်လိုက်မိသည်။
"အာ..ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ" လီယွီသည် မတော်တဆ လန့်သွားကာ မေးလိုက်သည်။ ပြုံးရင်း ကျင်းဝမ်က သူ့ကို လှမ်းကိုင်လိုက်သည်။
လီယွီ: "......"
လီယွီသည် စိတ်ထဲကနေ မရပ်မနား အော်ဟစ်လိုက်သည်-
လာ....လာစမ်းပါ.... ဒီလူက နောက်တဆင့်ကို တက်တော့မယ် ထင်တယ်...
ဒီတစ်ခါ ဘာဖြစ်လာမှပါလိမ့် ....
ရင်ခုန်စရာ အချစ် ငှက်ကလေးလိုလား... ဒါမှမဟုတ် ရွှေငါးလေးတစ်ကောင်က သူ့ကို ပျော်ရွှင်စေမှာလား။
- တကယ်တော့ အဲဒီလို မဖြစ်လာခဲ့ဘူး..
ကျင်းဝမ်က သူ့င်္အကျီလက်ထဲက ကျောက်တုံးတစ်တုံးကို ဆွဲထုတ်ပြီး လီယွီရဲ့ လက်ဖဝါးထဲ ထည့်လိုက်သည်။
လီယွီက သေသေချာချာကြည့်သည်။ ထိုကျောက်တုံးသည် ငါးပုံသဏ္ဍာန်ရှိပြီး အလွန်ရင်းနှီးပုံရသည်။
ဒါက ကျင်းအိမ်တော်ရှိ ငါးကန်ကြီးရဲ့အောက်ခြေမှာရှိတဲ့ ကျင်းဝမ်ရဲ့ ကျောက်စိမ်းရုပ်ကြီးရဲ့ဘေးမှာ သူက ပါးစပ်နဲ့ကိုက်ချီလာတဲ့ ငါးပုံသဏ္ဍာန်ကျောက်တုံး မဟုတ်ဘူးလား?
လီယွီသည် ထိုစဉ်က ရေကန်ထဲကို ဝုန်းဒိုင်းကြဲချလိုက်ပြီး သူဖျားသွားသည်ကို ယောင်ဝါးဝါး သတိရလိုက်သည်။ အဲဒီနောက်မှာတော့ ကျောက်တုံးနဲ့ ကျောက်စိမ်းရုပ် ပျောက်ကွယ်သွားပြီး ဘယ်ရောက်သွားလဲဆိုတာ မသိတော့ဘူး။ လီယွီသည် ရေစီးကြောင်းနဲ့မျှောပါသွားသည်ဟု ထင်ကာ သူ အတော်လေး ကံဆိုးသည်ဟု ခံစားခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ သူက အဲ့ရုပ်တုတွေကို သိပ်ဂရုမစိုက်တော့ပေ။ ငါးပုံသဏ္ဍာန်ကျောက်တုံးသည် ကျင်းဝမ်၏ လက်ထဲတွင်ရှိမည်ကို သူ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။
"အရှင်မင်းသား.... ဒါကို ဘယ်လို ရှာတွေ့တာလဲ။"
လီယွီသည် ကျောက်တုံးလေးကို သဘောကျစွာ ငေးမောလိုက်သည်။ သူအရင်က ဒီလိုလူ့ပုံစံ အသေးလေးနဲ့ မကစားဖူးဘူး။
ကျင်းဝမ်က လီယွီကို ဤကျောက်တုံးလက်ဆောင်အဖြစ် ပေးချင်ရုံသာဖြစ်သည်။ သူဘယ်လိုရှာတွေ့ခဲ့လဲ ကျင်းဝမ်က မဆွေးနွေးချင်တာကြောင့် ရှင်းပြဖို့ အချိန်တော်တော်ကြာခဲ့တယ်။
လီယွီသည် ကျောက်ရုပ်လေးရဲ့ မျက်နှာပြင်ပေါ်ကို ငေးမောကြည့်သည်။ ထို့နောက် သူက လင်းလက်တောက်ပသော မျက်လုံးများဖြင့် ကျင်းဝမ်ကို ရုတ်တရက်ကြည့်လိုက်ပြီး မေးလိုက်သည်။
"ဒီကျောက်စိမ်းရုပ်လေးလည်း အရှင့်မင်းသားဆီမှာလား"
ကျောက်စိမ်းရုပ်လေး...ဟုတ်လား?
လီယွီပြောနေတာတွေကို ကျင်းဝမ်က မြန်မြန်နားလည်သွားတယ်။ မူလက လျှို့ဝှက်ထားရန် ကြံစည်ခဲ့ပေမယ့် ငါးကလေးက လိုချင်တဲ့အတွက် လီယွီရဲ့ လက်ဖဝါးထဲကို ကျောက်စိမ်းရုပ်လေး ထည့်လိုက်တယ်။
လက်တစ်ဖက်က ကျောက်စိမ်းရုပ်ကို ကိုင်ထားပြီး လက်တစ်ဖက်က ငါးပုံသဏ္ဍာန် ကျောက်တုံးကို ကိုင်ထားရင်း လီယွီက အပြုံးကြီးကြီး ပြုံးပြရင်း မျက်လုံးများပင် ကွေးညွတ်သွားခဲ့သည်။
ကျင်းဝမ်သည် ငါးကလေး က ထိုအရုပ်တွေ ကစားနောကို ခဏတာ တိတ်တဆိတ် ကြည့်နေသည်။ လီယွီသည် သူတို့ကို ဘေးကိုဖယ်ထုတ်ပြီးနောက် ကျင်းဝမ်သည် နောက်ကိုလှည့်၍ လျှို့ဝှက်စွာ သိမ်းထားသည့် ပုလင်းများစွာကို ထုတ်လာခဲ့သည်။
လီယွီ: "......"
ပုလင်းအဖုံးမှ တဆင့် လီယွီသည် ဇီးသီးစိမ်းဝိုင်၏ ရနံ့ကို ရနိုင်သည်။ ကျင်းဝမ်သည် ဤအရာအား ရွှေမြို့တော်မှ ယူဆောင်လာကြောင်း သူ မသိခဲ့ပေ-
"အရှင်မင်းသားက ကျင်းအိမ်တော်မှာ ရှိတဲ့ အရာအားလုံးကို ရွှေ့လိုက်တာလား။"
ကျင်းဝမ်က ခေါင်းယမ်းပြီးနောက် ဝိုင်ပုလင်းကိုဖွင့်ရန် ငွေဓားကို အသုံးပြုခဲ့သည်။
ဒါက အရင်က တစ်ခါမှ မဖွင့်ဖူးတဲ့ ဝိုင်ပုလင်းဖြစ်ပြီး ဖွင့်လိုက်သည်နှင့် တပြိုင်နက် သင်းပျံ့သောရနံ့သည် လီယွီကို သွားရည်ကျစေခဲ့သည်။
ကျင်းဝမ်သည် လီယွီအား အရက်အကုန် မသောက်မိစေရန် ထုံးစံအတိုင်း ကျောက်စိမ်းခွက်ငယ်နှစ်ခွက်ကို ဆွဲထုတ်ကာ ထည့်ပေးလိုက်သည်။ ထိုဝိုင်ခွက်နှစ်ခွက်သည်လည်း အနည်းငယ်ထူးခြားပါသည်။ ခွက်တစ်ခုစီတွင် လက်ဝဲဘက်တွင် ငါးတစ်ကောင် ၊ ညာဘက်တွင် ငါးတစ်ကောင်စီ ထွင်းထုထားသည်။ ခွက်နှစ်ခုကို ပေါင်းစည်းလိုက်ပါက ပြီးပြည့်စုံသော စက်ဝိုင်းပုံတစ်ခု ဖြစ်လာအောင် ပြုလုပ်ခဲ့သည်။
ကျင်းဝမ်က ခွက်နှစ်ခွက်ကို ဝိုင် နဲ့ဖြည့်ပြီး ခွက်တစ်ခွက်ကို လီယွီကို ပေးလိုက်တယ်။
လီယွီသည် ကျင်းဝမ်ကို လျှို့ဝှက်စွာ ကြည့်လိုက်ပြီး ဝိုင်ခွက်ကို ပါးစပ်နားကို တိုးကပ်လိုက်ပေမယ့် ကျင်းဝမ်သည် ဝိုင်ခွက်ကို ကိုင်ထားသော်လည်း လုံးဝမလှုပ်ပါ။ အဲဒီအစားလီယွီရဲ့လက်ကို တည့်တည့် ဆုပ်ကိုင်ထားလိုက်တယ်။
လီယွီသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိပြီး သူ့လက်မောင်းကို ရွှေ့ကာ ကျင်းဝမ်ရဲ့လက်နှင့် ယှက်ကာ ဝိုင်ကို သောက်လိုက်ကြသည်။ လူနှစ်ယောက်ကို လက်တွေကို ရောယှက်ကာ ခွက်ထဲမှ ဝိုင်ကို တပြိုင်နက်တည်း မော့သောက်လိုက်သည်။
"......ဒီဝိုင်က တကယ်အရသာရှိတယ်"
လီယွီသည် ပထမအကြိမ်သောက်ဖူးသည်ထက် ပိုအရသာကောင်းသည်ဟု ခံစားမိသည်။
ကျင်းဝမ်သည် ခပ်မှိုင်းမှိုင်းပြုံးကာ မယ်တော်မိဖုရားခေါင်ကြီး နတ်ရွာမစံခင်ကတည်းက သိမ်းထားသည့် ဝိုင်ဖြစ်ပြီး ခရီးထွက်မလာခင် သူ့အဖိုး ချန်အန်းမြို့စားအိုကြီးက ပေးအပ်ခဲ့ကြောင့် နောက်ပိုင်း ရှောင်ယွီကို ပြောပြမည်ဟု ကျင်းဝမ်တွေးနေသည်။ ဒါက သူတို့မင်္ဂလာပွဲအတွက် ရည်ရွယ်ထားတဲ့ ဝိုင်ဖြစ်မယ်ထင်တယ်။
သူတို့က အဝတ်အစားလဲတာ မြန်တယ်။ အခု ဝိုင်ကိုလည်း အတူ သောက်သုံးခဲ့သည်။ ပြီးနောက်......အဘွားအိုဆီက ရလာသည့် ပန်းကုံးကို ကျင်းဝမ်ထံ ပေးအပ်ဖို့ လီယွီ မေ့လုနီးပါးဖြစ်နေသည်။
လီယွီက သူယူလာတဲ့ ပန်းကုံးကို ကျင်းဝမ်ကို ပေးအပ်ပြီး အဖွားအိုရဲ့ ဇာတ်လမ်းကို အတိုချုံး ပြောပြလိုက်တယ်။
"... အရှင့်သား တကယ်အဲ့လို လုပ်ခဲ့တာလား "
လီယွီသည် ကျင်းဝမ် တကယ်လုပ်ခဲ့တာ ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ကြောင်း သိသော်လည်း သူ အံ့အားသင့်နေဆဲဖြစ်သည်။ တကယ်တော့၊ ကျင်းဝမ်ဟာ ငါးကလေးကို ကယ်တင်တာအပြင်၊ အခြားလူကိုလည်းကယ်တင်ခဲ့သည်။
တကယ်တော့ ဒီအထဲမှာ နားလည်မှုလွဲတာ နည်းနည်းရှိပေမယ့် ကျင်းဝမ်က အနည်းငယ် မှင်တက်စွာ ခေါင်းညိတ်လိုက်သည်။
ကျင်းဝမ်ကိုယ်တိုင်က အနောက်တောင်တန်းဒေသမှ အရပ်သားတွေက သူ့အပေါ် ဘယ်လို ထင်မြင်နေတယ်ဆိုတာ လုံးဝ ဂရုမစိုက်ပါဘူး။ အဘွားကြီးကို ကယ်တင်ရတဲ့ အကြောင်းရင်းက တကယ်တော့ သနားခြင်း သို့မဟုတ် ကရုဏာကြောင့် မဟုတ်ပါဘူး။ သူသည် ငယ်စဉ်ကတည်းက အထီးကျန်နေပြီး အခြားသူများကို ဂရုမစိုက်တတ်သူဖြစ်သည်။ အခုချိန်ထိ သူ့နှလုံးသားက အေးစက်မာကျောနေဆဲ။ သို့သော်လည်း ရှောင်ယွီသည် အရပ်သားများကို စိတ်ပူပြီး သူတို့ကို မထိခိုက်စေလိုပေ။ ထို့ကြောင့်၊ ကျင်းဝမ်သည် ရှောင်ယွီ၏ဆန္ဒကို အကောင်အထည်ဖော်ရန်သာ လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ကျင်းဝမ်က ဒါကို ရှောင်ယွီကို ရှင်းပြဖို့ခက်တယ်။ လီယွီက ပန်းကုံးကို ပေးလိုက်သည်။ ကျင်းဝမ်က ပြုံးပြုံးရွှင်ရွှင်ဖြင့် လီယွီ၏ ခေါင်းပေါ် ပြန်တင်ပေးလိုက်သည်။ ရှောင်ယွီက ဒီကျေးဇူးတင်တဲ့ ပန်းကုံးကို လက်ခံရတာ ပိုသင့်လျော်ပါတယ်။
သူ့ခေါင်းပေါ်တွင် ပန်းကုံးတစ်ခုနှင့် လီယွီသည် အလွန်ပျော်မြူးနေခဲ့သည်။ ပြုံးနေလျက် ပန်းကုံးထဲမှ အနီရောင် ပန်းတစ်ပွင့်ကို ဆွဲထုတ်ပြီး ကျင်းဝမ်၏ ရင်ဘတ်ပေါ်တွင် ထိုးပေးလိုက်သည်။ အနီရောင်ဝတ်ပြီး ဝိုင်သောက်ပြီး အခု ပန်းရင်ထိုးနဲ့ ကျင်းဝမ်က သတို့သားအသစ်တစ်ယောက်ပဲ။
လီယွီသည် 'မီးတောက်နေသောသစ်သားခြောက်ကဲ့သို့ စိတ်အားထက်သန်သော' မစ်ရှင်ကို မလွဲမသွေ ပြန်ပြောပြခဲ့ပြီး အာခေါင်တွေ ခြောက်လာခဲ့သည်။ သူ့ရင်ထဲ ပူလောင်လာတာကို သူ မခံစားနိုင်တော့ပေ။
"အရှင့်သား... ပင်ပန်းနေပြီလား" လီယွီက မျက်နှာနီမြန်းကာ မေးလိုက်သည်။
ဒီငါးကလေးနဲ့ ချစ်ရည်လူးဖို့ ထပ်ပြီး အခွင့်အရေး ဆုံးရှုံးမှာကို ကြောက်လို့ ကျင်းဝမ်က ဓားပြတွေကို ဆယ်ခါပြန်လောက် ဖြိုချဖို့ လုံလောက်တဲ့ စွမ်းအင်ကို ထုတ်လိုက်ပြီး ခေါင်းကို ခါယမ်းလိုက်တယ်။
လီယွီ: "အင်း...? မပင်ပန်းဘူးလား...ကျွန်တော်တို့ စကားုနည်းနည်းထပ်ပြောရအောင်..."
အဓိကအကြောင်းအရာကနေ ဝေးကွာသွားသလိုခံစားရတဲ့ ကျင်းဝမ်၊ "......"
ဒီအခွင့်အရေးကို လက်လွတ်ခံဖို့ မဖြစ်နိုင်သောကြောင့် ကျင်းဝမ်သည် ငါးကလေးရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့နားကို နီးကပ်လာစေသည်။
နူးညံ့စွာ ထိတွေ့နမ်းရှိုက်လိုက်သည့် နှုတ်ခမ်းများသည် အလွန်နူးညံ့ပြီး ရိုမန်တစ်ဆန်သော အနမ်းတစ်ခုဖြစ်လာခဲ့ကာ သူတို့စိတ်ထဲ ဇီသီးစိမ်းဝိုင်၏ရနံ့များဖြင့် ပြည့်နေသည်။ အနမ်းထဲ နှစ်မြှုပ်ပြီး လီယွီက တိတ်ဆိတ်စွာ ညည်းညူလိုက်သည်။ ကျင်းဝမ်က သူ့ခါးကို ဖက်ပြီး ပွေ့ချီလိုက်သည်။ လီယွီသည် ဘာဖြစ်မည်ကို သဘောပေါက်သွားပုံရပြီး အနည်းငယ် ရုန်းကန်နေပုံရသည်။
ကျင်းဝမ်က သူ့ကို အနီရောင်တောက်တောက် စောင်နဲ့ အုပ်ထားတဲ့ ကုတင်ပေါ်ကို သယ်သွားတယ်။
လီယွီသည် စောင်ကို တစ်ချက်ကြည့်ကာ ရှက်ရွံ့သော်လည်း ဝမ်းသာသွားသည်။ ကျင်းဝမ်သည် စောစောက သူ့ဆံပင်ကို ကိုယ်တိုင်ကိုယ်ကျ ချည်ကာ အဝတ်ဝတ်ရန် ကူညီပေးခဲ့သည်။ ယခုလည်း လီယွီရဲ့ အဝတ်ကို ပြန်ဖြေလျှော့ပေးရာတွင်လည်း အလွန်အမင်း စိတ်ရှည်သည်းခံနေခဲ့သည်။
တစ်စုံတစ်ခုကို ဆုံးရှုံးရမှာစိုးလို့ ဒီညမှာ လီယွီက နိဂုံးချုပ်အနေနဲ့ ချိုမြိန်သည့် ချစ်စကားကို ပြောသင့်တယ်လို့ ခံစားရတယ်။
ဒါကို သူအရင်က အကြိမ်တစ်သန်းလောက် စိတ်ကူးယဉ်ဖူးတယ်။ ကျင်းဝမ်ကို ဆွဲဆောင်နိုင်တဲ့ စကားလုံးတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်ဆိုရင် အကောင်းဆုံးပါပဲ။ ကျင်းဝမ်ဘယ်တော့မှ မမေ့နိုင်တဲ့ အရာတစ်ခု ဖြစ်စေချင်ခဲ့သည်။
ကျင်းဝမ်သည် ငါးကြင်းနတ်ဆိုးက လူသားရဲ့ ယန်စွမ်းအားကို စုပ်ယူခြင်း ဆိုတဲ့ ရယ်စရာ ဇာတ်လမ်းကို နှစ်သက်ပြီး သူ့အကြောင်းကို အဆက်မပြတ်တွေးတောနေခြင်းကို သတိရသောအခါ လီယွီသည် စိတ်လှုပ်ရှားလာပြီး ထိုအချစ်ဝတ္ထုထဲက နတ်ဆိုးများကဲ့သို့ လေသံဖြင့် သူ့ကို စနောက်ကာ ပြောဆိုခဲ့သည်-
"လောင်ကုန်း....ကျွန်တော်တို့ ငါးကြင်းနတ်ဆိုးတွေလည်း ယန်စွမ်းအားကို စုပ်ယူကြတာပဲ-"
စကားတောင်မဆုံးသေးခင် လီယွီက ကျင်းဝမ်ရဲ့ အကြည့်တွေ မည်းမှောင်သွားသလို ခံစားလိုက်ရတယ်။
********-**********
Chapter (81-2) - ငါးၾကင္းနတ္ဆိုးေတြလည္း ယန္စြမ္းအားကို စုပ္ယူႀကတာပဲ
က်င္းဝမ္ဆိုလိုတာက ေရွာင္ယြီက သူ႔အဝတ္အစားေတြေျပာင္းဖို႔ ကူညီခ်င္ခဲ့တာ အရမ္းေကာင္းေပမယ့္ အရင္က အဝတ္အစားေတြက လိုက္ဖက္မႈမရွိဘူးလို႔ ဆိုလိုတာျဖစ္သည္။
ေမးခြန္းအမွတ္အသားမ်ားႏွင့္ ျပည့္ႏွက္ေနေသာ လီယြီသည္ က်င္းဝမ္ကို အဝတ္သစ္ ေျပာင္းလဲရန္ ကူညီေပးခဲ့သည္။ ဤဝတ္စုံသည္ က်င္းဝမ္၏ အလွပဆုံးဝတ္စုံျဖစ္ႏိုင္သည္။ အနီေရာင္ ေအာက္ခံမွာ ေ႐ႊခ်ည္ျဖင့္ ေဖာက္ထားတယ္။ ေက်ာက္စိမ္းခါးပတ္တြင္ ပုလဲမ်ားျဖင့္ ျမႇဳပ္ထားသည္။ က်င္းဝမ္က ဒါကို ဝတ္ၿပီး ဆံပင္ကို အနီေရာင္ ဖဲႀကိဳးျဖင့္ ပတ္ထားလိုက္ရင္ ဒါက မဂၤလာေဆာင္ရင္ ဝတ္သည့္ သတုိ႕သားဝတ္စံုနွင့္ပင္ တူေနေတာ့သည္။
လီယြီသည္ ယခုအခ်ိန္တြင္ က်င္းဝမ္သည္ အနီေရာင္ဆံပင္ဖဲႀကိဳးတစ္ေခ်ာင္းႏွင့္ ေက်ာက္စိမ္း ဘီးတစ္ေခ်ာင္းကို ထုတ္ယူကာ လီယြီအား အပ္ေပးသည္ကို ျမင္ေသာအခါတြင္ လီယြီသည္ လွ်ိဳ႕ဝွက္စြာ ရယ္ေမာေနခဲ့သည္။
လီယြီ: "......"
လီယြီက သူ ဘာကိုဆိုလိုသည္ကို ေယာင္ဝါးဝါးနားလည္ၿပီး ၿပဳံးကာေျပာလိုက္သည္-
"ဆံပင္ခ်ည္ထားတာ ေတာ္ေတာ္ဆိုးတယ္။ အရမ္း ရုပ္ဆိုးတဲ့ပံုပဲ။ အဲ့ဒါအဆင္ေျပရဲ႕လား?"
က်င္းဝမ္က ေခါင္းတညိတ္ညိတ္နဲ႔ ေထာက္ခံေနတုန္းပဲ။
လီယြီက သူ႔ကို အားလုံးပံုအပ္ထားလို႕ လီယြီလည္း က်င္းဝမ္အတြက္ အတတ္ႏိုင္ဆုံး ဆံပင္ကို ျဖီးေပးကာ ခ်ည္ေႏွာင္ေပးခဲ့သည္။
ေနာက္ဆုံးေတာ့ ခ်စ္သူကို သပ္ရပ္ေအာင္ သပ္သပ္ရပ္ရပ္ျပင္ဆင္ေပးျပီး လီယြီက စိတ္လႈပ္ရွားစြာနဲ႔ ေျပာလိုက္သည္။
"ကြ်န္ေတာ္လည္း အဝတ္အစားလဲခ်င္တယ္!"
သူ႕ရဲ႕ ေနရာလြတ္ထဲမွာ သူ႔အတြက္ က်င္းဝမ္ခ်ဳပ္ခိုင္းထားသည့္ ဝတ္စုံအသစ္ကိုသိမ္းထားသည္။ က်င္းဝမ္၏ ခံယူခ်က္က မည္သည့္ေနရာတြင္ပင္ရွိေစကာမူ သူ၏ဇနီးသည္အတြက္ လုံေလာက္ေသာ အဝတ္အစားရွိရမည္။ ေတာ္ဝင္ၿမိဳ႕မွ မထြက္ခြာမီ က်င္းဝမ္သည္ လီယြီအတြက္ အဝတ္မ်ားစြာကို တစ္ခါတည္း ခ်ဳပ္ေပးခဲ့သည္။ ယခင္က ျပဳလုပ္ခဲ့ေသာ ပစၥည္းမ်ားကိုပါ ထည့္ေပါင္းလိုက္လွ်င္ လီယြီသည္ ရွိသည့္ အဝတ္စားကို ထပ္ခါတလဲလဲ ဝတ္ဖို႕မလိုပဲ အဝတ္မထပ္ေအာင္ လဲလွယ္ဝတ္နိုင္သည္။
ယခု သူထုတ္လိုက္ေသာဝတ္စံုကို လီယြီ အထူးႏွစ္သက္သည္။
တစ္ခ်ိန္က က်င္းဝမ္သည္ ထိုဝတ္စုံတြင္ ေက်ာက္မ်က္မ်ားစြာ မထည့္ခဲ့ေပ။ ယင္းအစား၊ သူသည္ အလြန္သိကၡာရွိေသာ ၾကက္ေသြးေရာင္ ပိုးထည္ဝတ္႐ုံျဖစ္သည္။ ဝတ္လုံေပၚတြင္ (ပီအိုနီပန္း) ပ်ိဳနီပန္းပြင့္မ်ားကို ပန္းထိုးထားကာ ထိုပန္းေတြနဲ႕ ကစားေနသည့္ ငါး႐ုပ္ပုံရွိသည္။ ေ႐ႊခ်ည္ထိုးထားေသာ ပ်ိဳနီပန္းမ်ားသည္ အဝတ္၏ ခါးအထိ အလႊာအလိုက္ အထပ္ထပ္ ဖုံးအုပ္ထားသည္။ ခါးတစ္ဝိုက္တြင္ ပ်ိဳနီ ပန္းရနံ႔ကို ရႈရိႈက္ေနသည့္ ငါးၾကင္းေလးပံုကလည္း တကယ့္ကို အစစ္နွင့္တူလြန္းလွသည္။
(peony - ပီအိုနီ- ပ်ိဳနီ= တရုတ္နွင္းဆီ သို႕မဟုတ္ လက္ဖက္နွင္းဆီ)
ဒီဝတ္စုံရဲ႕ ခ်ည္ထိုးထားတာက အလြန္ထူးျခားလွသည္။ ပ်ိဳနီပန္းပြင့္တိုင္းသည္ လွပၿပီး ဆြဲေဆာင္မႈရွိသည္။ ငါးကေလးရဲ႕အျမီးဖ်ားက ေငြေရာင္ျဖစ္ကာ ေ႐ႊေရာင္ ငါးအေၾကးခြံမ်ားသည္ အလင္းေရာင္ျဖင့္ လင္းလက္ေနပုံရသည္။
ယခင္က လီယြီသည္ သူ၏ငါးအသြင္အျပင္ႏွင့္ အလြန္ဆင္တူသည့္ ေငြေရာင္ဝတ္႐ုံတစ္ခုရွိသည္။ ဤအဝတ္အစားထဲက ငါးရုပ္ေလးက သူ႕ရဲ႕ ငါးပံုစံကို လံုးဝ ပုံတူကူးထားပုံရသည္။ ငါး၏အ႐ြယ္အစားသည္ပင္တူေနသည္။ လီယြီသည္ တစ္ခ်က္ၾကည့္႐ုံျဖင့္ သေဘာက်သြားသည္။
က်င္းဝမ္က အနီေရာင္ဝတ္ထားတာေၾကာင့္ လီယြီလည္း ဝတ္ခ်င္ခဲ့တာ။ လိုက္ဖက္ညီတဲ့ စုံတြဲဝတ္စုံမ်ိဳးေပါ့။ ယဲ့သခင္ေလး ရဲ႕ မဂၤလာေဆာင္မွာလည္း သတို႕႔သားနဲ႕ သတို႕သမီးက ဆင္တူ၀တ္ဆင္ထားၾကတယ္။
လီယြီသည္ သူ႔အဝတ္အစားကို ေျပာင္းလိုက္သည္။ က်င္းဝမ္က သူ႔ဆံပင္ေတြကို တိတ္တဆိတ္ စည္းေပးၿပီး လီယြီရဲ႕ ခါးမွာ ငါးႏွစ္ေကာင္ပါတဲ့ ခါးပတ္ကို ပတ္ေပးခဲ့တယ္။
အဝတ္အစားဝတ္ၿပီးေနာက္ ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္ကာ တစ္ေယာက္ကိုတစ္ေယာက္ ေငးေမာႀကည့္လိုက္မိသည္။
"အာ..ကြ်န္ေတာ္တို႕ ဘာဆက္လုပ္ရမလဲ" လီယြီသည္ မေတာ္တဆ လန႔္သြားကာ ေမးလိုက္သည္။ ၿပဳံးရင္း က်င္းဝမ္က သူ႔ကို လွမ္းကိုင္လိုက္သည္။
လီယြီ: "......"
လီယြီသည္ စိတ္ထဲကေန မရပ္မနား ေအာ္ဟစ္လိုက္သည္-
လာ....လာစမ္းပါ.... ဒီလူက ေနာက္တဆင့္ကို တက္ေတာ့မယ္ ထင္တယ္...
ဒီတစ္ခါ ဘာျဖစ္လာမွပါလိမ့္ ....
ရင္ခုန္စရာ အခ်စ္ ငွက္ကေလးလိုလား... ဒါမွမဟုတ္ ေ႐ႊငါးေလးတစ္ေကာင္က သူ႔ကို ေပ်ာ္႐ႊင္ေစမွာလား။
- တကယ္ေတာ့ အဲဒီလို မျဖစ္လာခဲ့ဘူး..
က်င္းဝမ္က သူ႔အၤက်ီလက္ထဲက ေက်ာက္တုံးတစ္တုံးကို ဆြဲထုတ္ၿပီး လီယြီရဲ႕ လက္ဖဝါးထဲ ထည့္လိုက္သည္။
လီယြီက ေသေသခ်ာခ်ာၾကည့္သည္။ ထိုေက်ာက္တုံးသည္ ငါးပုံသ႑ာန္ရွိၿပီး အလြန္ရင္းႏွီးပုံရသည္။
ဒါက က်င္းအိမ္ေတာ္ရွိ ငါးကန္ႀကီးရဲ႕ေအာက္ေျခမွာရွိတဲ့ က်င္းဝမ္ရဲ႕ ေက်ာက္စိမ္း႐ုပ္ႀကီးရဲ႕ေဘးမွာ သူက ပါးစပ္နဲ႕ကိုက္ခ်ီလာတဲ့ ငါးပုံသ႑ာန္ေက်ာက္တုံး မဟုတ္ဘူးလား?
လီယြီသည္ ထိုစဥ္က ေရကန္ထဲကို ဝုန္းဒိုင္းႀကဲခ်လိုက္ျပီး သူဖ်ားသြားသည္ကို ေယာင္ဝါးဝါး သတိရလိုက္သည္။ အဲဒီေနာက္မွာေတာ့ ေက်ာက္တုံးနဲ႔ ေက်ာက္စိမ္း႐ုပ္ ေပ်ာက္ကြယ္သြားၿပီး ဘယ္ေရာက္သြားလဲဆိုတာ မသိေတာ့ဘူး။ လီယြီသည္ ေရစီးေၾကာင္းနဲ႕ေမွ်ာပါသြားသည္ဟု ထင္ကာ သူ အေတာ္ေလး ကံဆိုးသည္ဟု ခံစားခဲ့ရသည္။ မည္သို႔ပင္ဆိုေစကာမူ သူက အဲ့ရုပ္တုေတြကို သိပ္ဂ႐ုမစိုက္ေတာ့ေပ။ ငါးပုံသ႑ာန္ေက်ာက္တုံးသည္ က်င္းဝမ္၏ လက္ထဲတြင္ရွိမည္ကို သူ ဘယ္တုန္းကမွ မထင္ထားခဲ့မိေပ။
"အရွင္မင္းသား.... ဒါကို ဘယ္လို ရွာေတြ႕တာလဲ။"
လီယြီသည္ ေက်ာက္တံုးေလးကို သေဘာက်စြာ ေငးေမာလိုက္သည္။ သူအရင္က ဒီလိုလူ႔ပုံစံ အေသးေလးနဲ႕ မကစားဖူးဘူး။
က်င္းဝမ္က လီယြီကို ဤေက်ာက္တုံးလက္ေဆာင္အျဖစ္ ေပးခ်င္႐ုံသာျဖစ္သည္။ သူဘယ္လိုရွာေတြ႕ခဲ့လဲ က်င္းဝမ္က မေဆြးေႏြးခ်င္တာေၾကာင့္ ရွင္းျပဖို႔ အခ်ိန္ေတာ္ေတာ္ၾကာခဲ့တယ္။
လီယြီသည္ ေက်ာက္ရုပ္ေလးရဲ႕ မ်က္ႏွာျပင္ေပၚကို ေငးေမာၾကည့္သည္။ ထို႔ေနာက္ သူက လင္းလက္ေတာက္ပေသာ မ်က္လုံးမ်ားျဖင့္ က်င္းဝမ္ကို ႐ုတ္တရက္ၾကည့္လိုက္ၿပီး ေမးလိုက္သည္။
"ဒီေက်ာက္စိမ္း႐ုပ္ေလးလည္း အရွင့္မင္းသားဆီမွာလား"
ေက်ာက္စိမ္း႐ုပ္ေလး...ဟုတ္လား?
လီယြီေျပာေနတာေတြကို က်င္းဝမ္က ျမန္ျမန္နားလည္သြားတယ္။ မူလက လွ်ိဳ႕ဝွက္ထားရန္ ႀကံစည္ခဲ့ေပမယ့္ ငါးကေလးက လိုခ်င္တဲ့အတြက္ လီယြီရဲ႕ လက္ဖဝါးထဲကို ေက်ာက္စိမ္းရုပ္ေလး ထည့္လိုက္တယ္။
လက္တစ္ဖက္က ေက်ာက္စိမ္း႐ုပ္ကို ကိုင္ထားၿပီး လက္တစ္ဖက္က ငါးပုံသ႑ာန္ ေက်ာက္တုံးကို ကိုင္ထားရင္း လီယြီက အျပံဳးႀကိီးႀကီး ၿပဳံးျပရင္း မ်က္လုံးမ်ားပင္ ေကြးၫြတ္သြားခဲ့သည္။
က်င္းဝမ္သည္ ငါးကေလး က ထိုအရုပ္ေတြ ကစားေနာကို ခဏတာ တိတ္တဆိတ္ ၾကည့္ေနသည္။ လီယြီသည္ သူတို႔ကို ေဘးကိုဖယ္ထုတ္ၿပီးေနာက္ က်င္းဝမ္သည္ ေနာက္ကိုလွည့္၍ လွ်ိဳ႕ဝွက္စြာ သိမ္းထားသည့္ ပုလင္းမ်ားစြာကို ထုတ္လာခဲ့သည္။
လီယြီ: "......"
ပုလင္းအဖုံးမွ တဆင့္ လီယြီသည္ ဇီးသီးစိမ္းဝိုင္၏ ရနံ႔ကို ရႏိုင္သည္။ က်င္းဝမ္သည္ ဤအရာအား ေရႊျမိဳ႕ေတာ္မွ ယူေဆာင္လာေၾကာင္း သူ မသိခဲ့ေပ-
"အရွင္မင္းသားက က်င္းအိမ္ေတာ္မွာ ရွိတဲ့ အရာအားလုံးကို ေ႐ႊ႕လိုက္တာလား။"
က်င္းဝမ္က ေခါင္းယမ္းၿပီးေနာက္ ဝိုင္ပုလင္းကိုဖြင့္ရန္ ေငြဓားကို အသုံးျပဳခဲ့သည္။
ဒါက အရင္က တစ္ခါမွ မဖြင့္ဖူးတဲ့ ဝိုင္ပုလင္းျဖစ္ျပီး ဖြင့္လိုက္သည္ႏွင့္ တၿပိဳင္နက္ သင္းပ်ံ႕ေသာရနံ႔သည္ လီယြီကို သြားရည္က်ေစခဲ့သည္။
က်င္းဝမ္သည္ လီယြီအား အရက္အကုန္ မေသာက္မိေစရန္ ထုံးစံအတိုင္း ေက်ာက္စိမ္းခြက္ငယ္ႏွစ္ခြက္ကို ဆြဲထုတ္ကာ ထည့္ေပးလိုက္သည္။ ထိုဝိုင္ခြက္ႏွစ္ခြက္သည္လည္း အနည္းငယ္ထူးျခားပါသည္။ ခြက္တစ္ခုစီတြင္ လက္ဝဲဘက္တြင္ ငါးတစ္ေကာင္ ၊ ညာဘက္တြင္ ငါးတစ္ေကာင္စီ ထြင္းထုထားသည္။ ခြက္နွစ္ခုကို ေပါင္းစည္းလိုက္ပါက ၿပီးျပည့္စုံေသာ စက္ဝိုင္းပံုတစ္ခု ျဖစ္လာေအာင္ ျပဳလုပ္ခဲ့သည္။
က်င္းဝမ္က ခြက္ႏွစ္ခြက္ကို ဝို္င္ နဲ႔ျဖည့္ၿပီး ခြက္တစ္ခြက္ကို လီယြီကို ေပးလိုက္တယ္။
လီယြီသည္ က်င္းဝမ္ကို လွ်ိဳ႕ဝွက္စြာ ၾကည့္လိုက္ျပီး ဝိုင္ခြက္ကို ပါးစပ္နားကို တိုးကပ္လိုက္ေပမယ့္ က်င္းဝမ္သည္ ဝိုင္ခြက္ကို ကိုင္ထားေသာ္လည္း လုံးဝမလႈပ္ပါ။ အဲဒီအစားလီယြီရဲ႕လက္ကို တည့္တည့္ ဆုပ္ကိုင္ထားလိုက္တယ္။
လီယြီသည္ ႐ုတ္တရက္ တစ္စုံတစ္ခုကို သတိျပဳမိၿပီး သူ႔လက္ေမာင္းကို ေ႐ႊ႕ကာ က်င္းဝမ္ရဲ႕လက္နွင့္ ယွက္ကာ ဝိုင္ကို ေသာက္လိုက္ႀကသည္။ လူနွစ္ေယာက္ကို လက္ေတြကို ေရာယွက္ကာ ခြက္ထဲမွ ဝိုင္ကို တျပိဳင္နက္တည္း ေမာ့ေသာက္လိုက္သည္။
"......ဒီဝိုင္က တကယ္အရသာရွိတယ္"
လီယြီသည္ ပထမအႀကိမ္ေသာက္ဖူးသည္ထက္ ပိုအရသာေကာင္းသည္ဟု ခံစားမိသည္။
က်င္းဝမ္သည္ ခပ္မိႈင္းမိႈင္းျပံဳးကာ မယ္ေတာ္မိဖုရားေခါင္ႀကီး နတ္ရြာမစံခင္ကတည္းက သိမ္းထားသည့္ ဝိုင္ျဖစ္ျပီး ခရီးထြက္မလာခင္ သူ႕အဖိုး ခ်န္အန္းျမိဳ႕စားအိုႀကီးက ေပးအပ္ခဲ့ေႀကာင့္ ေနာက္ပိုင္း ေရွာင္ယြီကို ေျပာျပမည္ဟု က်င္းဝမ္ေတြးေနသည္။ ဒါက သူတို႔မဂၤလာပြဲအတြက္ ရည္႐ြယ္ထားတဲ့ ဝိုင္ျဖစ္မယ္ထင္တယ္။
သူတုိ႕က အ၀တ္အစားလဲတာ ျမန္တယ္။ အခု ဝိုင္ကိုလည္း အတူ ေသာက္သံုးခဲ့သည္။ ၿပီးေနာက္......အဘြားအိုဆီက ရလာသည့္ ပန္းကုံးကို က်င္းဝမ္ထံ ေပးအပ္ဖုိ႕ လီယြီ ေမ့လုနီးပါးျဖစ္ေနသည္။
လီယြီက သူယူလာတဲ့ ပန္းကုံးကို က်င္းဝမ္ကို ေပးအပ္ၿပီး အဖြားအိုရဲ႕ ဇာတ္လမ္းကို အတိုခ်ဳံး ေျပာျပလိ္ုက္တယ္။
"... အရွင့္သား တကယ္အဲ့လို လုပ္ခဲ့တာလား "
လီယြီသည္ က်င္းဝမ္ တကယ္လုပ္ခဲ့တာ ျဖစ္ႏိုင္ေျခအရွိဆုံးျဖစ္ေၾကာင္း သိေသာ္လည္း သူ အံ့အားသင့္ေနဆဲျဖစ္သည္။ တကယ္ေတာ့၊ က်င္းဝမ္ဟာ ငါးကေလးကို ကယ္တင္တာအျပင္၊ အျခားလူကိုလည္းကယ္တင္ခဲ့သည္။
တကယ္ေတာ့ ဒီအထဲမွာ နားလည္မႈလြဲတာ နည္းနည္းရွိေပမယ့္ က်င္းဝမ္က အနည္းငယ္ မွင္တက္စြာ ေခါင္းညိတ္လိုက္သည္။
က်င္းဝမ္ကိုယ္တိုင္က အေနာက္ေတာင္တန္းေဒသမွ အရပ္သားေတြက သူ႔အေပၚ ဘယ္လို ထင္ျမင္ေနတယ္ဆိုတာ လုံးဝ ဂ႐ုမစိုက္ပါဘူး။ အဘြားႀကီးကို ကယ္တင္ရတဲ့ အေၾကာင္းရင္းက တကယ္ေတာ့ သနားျခင္း သို႔မဟုတ္ က႐ုဏာေၾကာင့္ မဟုတ္ပါဘူး။ သူသည္ ငယ္စဥ္ကတည္းက အထီးက်န္ေနၿပီး အျခားသူမ်ားကို ဂ႐ုမစိုက္တတ္သူျဖစ္သည္။ အခုခ်ိန္ထိ သူ႔ႏွလုံးသားက ေအးစက္မာေက်ာေနဆဲ။ သို႔ေသာ္လည္း ေရွာင္ယြီသည္ အရပ္သားမ်ားကို စိတ္ပူၿပီး သူတို႔ကို မထိခိုက္ေစလိုေပ။ ထို႔ေၾကာင့္၊ က်င္းဝမ္သည္ ေရွာင္ယြီ၏ဆႏၵကို အေကာင္အထည္ေဖာ္ရန္သာ လုပ္ေဆာင္ေပးခဲ့ျခင္း ျဖစ္သည္။
က်င္းဝမ္က ဒါကို ေရွာင္ယြီကို ရွင္းျပဖို႔ခက္တယ္။ လီယြီက ပန္းကုံးကို ေပးလိုက္သည္။ က်င္းဝမ္က ၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖင့္ လီယြီ၏ ေခါင္းေပၚ ျပန္တင္ေပးလိုက္သည္။ ေရွာင္ယြီက ဒီေက်းဇူးတင္တဲ့ ပန္းကံုးကို လက္ခံရတာ ပိုသင့္ေလ်ာ္ပါတယ္။
သူ႔ေခါင္းေပၚတြင္ ပန္းကုံးတစ္ခုႏွင့္ လီယြီသည္ အလြန္ေပ်ာ္ျမဴးေနခဲ့သည္။ ၿပဳံးေနလ်က္ ပန္းကုံးထဲမွ အနီေရာင္ ပန္းတစ္ပြင့္ကို ဆြဲထုတ္ၿပီး က်င္းဝမ္၏ ရင္ဘတ္ေပၚတြင္ ထိုးေပးလိုက္သည္။ အနီေရာင္ဝတ္ၿပီး ဝိုင္ေသာက္ၿပီး အခု ပန္းရင္ထိုးနဲ႔ က်င္းဝမ္က သတို႔သားအသစ္တစ္ေယာက္ပဲ။
လီယြီသည္ 'မီးေတာက္ေနေသာသစ္သားေျခာက္ကဲ့သို႔ စိတ္အားထက္သန္ေသာ' မစ္ရွင္ကို မလြဲမေသြ ျပန္ေျပာျပခဲ့ၿပီး အာေခါင္ေတြ ေျခာက္လာခဲ့သည္။ သူ႕ရင္ထဲ ပူေလာင္လာတာကို သူ မခံစားႏိုင္ေတာ့ေပ။
"အရွင့္သား... ပင္ပန္းေနၿပီလား" လီယြီက မ်က္ႏွာနီျမန္းကာ ေမးလိုက္သည္။
ဒီငါးကေလးနဲ႔ ခ်စ္ရည္လူးဖို႕ ထပ္ၿပီး အခြင့္အေရး ဆုံးရႈံးမွာကို ေၾကာက္လို႔ က်င္းဝမ္က ဓားျပေတြကို ဆယ္ခါျပန္ေလာက္ ၿဖိဳခ်ဖို႔ လုံေလာက္တဲ့ စြမ္းအင္ကို ထုတ္လိုက္ၿပီး ေခါင္းကို ခါယမ္းလိုက္တယ္။
လီယြီ: "အင္း...? မပင္ပန္းဘူးလား...ကြ်န္ေတာ္တို႕ စကားုနည္းနည္းထပ္ေျပာရေအာင္..."
အဓိကအေၾကာင္းအရာကေန ေဝးကြာသြားသလိုခံစားရတဲ့ က်င္းဝမ္၊ "......"
ဒီအခြင့္အေရးကို လက္လြတ္ခံဖို႕ မျဖစ္နုိင္ေသာေႀကာင့္ က်င္းဝမ္သည္ ငါးကေလးရဲ႕ လက္ကို ဆုပ္ကိုင္လိုက္ၿပီး သူ႕နားကို နီးကပ္လာေစသည္။
နူးညံ့စြာ ထိေတြ႕နမ္းရိႈက္လိုက္သည့္ ႏႈတ္ခမ္းမ်ားသည္ အလြန္ႏူးညံ့ၿပီး ႐ိုမန္တစ္ဆန္ေသာ အနမ္းတစ္ခုျဖစ္လာခဲ့ကာ သူတို႕စိတ္ထဲ ဇီသီးစိမ္းဝိုင္၏ရနံ႔မ်ားျဖင့္ ျပည့္ေနသည္။ အနမ္းထဲ ႏွစ္ျမႇဳပ္ၿပီး လီယြီက တိတ္ဆိတ္စြာ ညည္းညဴလိုက္သည္။ က်င္းဝမ္က သူ႔ခါးကို ဖက္ၿပီး ေပြ႕ခ်ီလိုက္သည္။ လီယြီသည္ ဘာျဖစ္မည္ကို သေဘာေပါက္သြားပုံရၿပီး အနည္းငယ္ ႐ုန္းကန္ေနပုံရသည္။
က်င္းဝမ္က သူ႔ကို အနီေရာင္ေတာက္ေတာက္ ေစာင္နဲ႔ အုပ္ထားတဲ့ ကုတင္ေပၚကို သယ္သြားတယ္။
လီယြီသည္ ေစာင္ကို တစ္ခ်က္ၾကည့္ကာ ရွက္႐ြံ႕ေသာ္လည္း ဝမ္းသာသြားသည္။ က်င္းဝမ္သည္ ေစာေစာက သူ႔ဆံပင္ကို ကိုယ္တိုင္ကိုယ္က် ခ်ည္ကာ အဝတ္ဝတ္ရန္ ကူညီေပးခဲ့သည္။ ယခုလည္း လီယြီရဲ႕ အဝတ္ကို ျပန္ေျဖေလွ်ာ့ေပးရာတြင္လည္း အလြန္အမင္း စိတ္ရွည္သည္းခံေနခဲ့သည္။
တစ္စုံတစ္ခုကို ဆုံးရႈံးရမွာစိုးလို႔ ဒီညမွာ လီယြီက နိဂုံးခ်ဳပ္အေနနဲ႔ ခ်ိဳၿမိန္သည့္ ခ်စ္စကားကို ေျပာသင့္တယ္လို႔ ခံစားရတယ္။
ဒါကို သူအရင္က အႀကိမ္တစ္သန္းေလာက္ စိတ္ကူးယဥ္ဖူးတယ္။ က်င္းဝမ္ကို ဆြဲေဆာင္ႏိုင္တဲ့ စကားလုံးေတြက အရမ္းစိတ္ဝင္စားဖို႔ေကာင္းတယ္ဆိုရင္ အေကာင္းဆုံးပါပဲ။ က်င္းဝမ္ဘယ္ေတာ့မွ မေမ့ႏိုင္တဲ့ အရာတစ္ခု ျဖစ္ေစခ်င္ခဲ့သည္။
က်င္းဝမ္သည္ ငါးႀကင္းနတ္ဆိုးက လူသားရဲ႕ ယန္စြမ္းအားကို စုပ္ယူျခင္း ဆိုတဲ့ ရယ္စရာ ဇာတ္လမ္းကို ႏွစ္သက္ၿပီး သူ႕အေႀကာင္းကို အဆက္မျပတ္ေတြးေတာေနျခင္းကို သတိရေသာအခါ လီယြီသည္ စိတ္လႈပ္ရွားလာၿပီး ထိုအခ်စ္ဝတၳဳထဲက နတ္ဆိုးမ်ားကဲ့သို႔ ေလသံျဖင့္ သူ႔ကို စေနာက္ကာ ေျပာဆိုခဲ့သည္-
"ေလာင္ကုန္း....ကြ်န္ေတာ္တို႕ ငါးၾကင္းနတ္ဆိုးေတြလည္း ယန္စြမ္းအားကို စုပ္ယူႀကတာပဲ-"
စကားေတာင္မဆုံးေသးခင္ လီယြီက က်င္းဝမ္ရဲ႕ အၾကည့္ေတြ မည္းေမွာင္သြားသလို ခံစားလိုက္ရတယ္။
********-**********