Chapter (78-1) -ငါးကလေးရဲ့ တိတ်တခိုး မျှော်လင့်ချက်
လီယွီ၏ခေါင်းတစ်ခုလုံး ဗလာဟင်းလင်းဖြစ်သွားသည်။
သောက်ခွေး...သူက ကျင်းဝမ်ရှေ့မှာ လူစင်စစ်ကနေ ငါးအသွင်ကို ပြန်ပြောင်းသွားတယ် ဟုတ်လား....
ဘယ်လိုလုပ်ရမလဲ...ဘယ်လိုလုပ်ရမလဲ.......
ကျင်းဝမ်ကိုသတိလစ်အောင် ရိုက်လိုက်ပြီး ဒါတွေက သူ အိပ်မက်မက်နေတာပါလို့ လိမ်ပြောရမလား...
ဟင့်အင်း...အဲ့ဒါ စိတ်ကူးတောင်ယဉ်မနေနဲ့။ လူအဖြစ်နဲ့တောင် ခွန်အားချင်းမယှဉ်နိုင်တာ။ ငါးနဲ့လူက ဘယ်လို ယှဉ်နိုင်မှာလဲ....
သူကြိုးစားပမ်းစား ဖုံးကွယ်ထားတာလေး ပေါ်သွားလို့ လီယွိက မြေကြီးအက်ကွဲပြီး သူ့ကို မြိုချသွားစေချင်တော့တယ်..
လီယွီသည် ငါးကန်ထဲသို့ ပြန်ခုန်ဆင်းရန်ပင် မေ့သွားကာ ပြုတ်ကျနေသော အဝတ်အစားများ အတွင်းတွင် တုန်လှုပ်ခြောက်ခြားကာ ခုန်နေခဲ့သည်။
သခင်လေးလီသည် ငါးဖြစ်ကြောင်း သိလိုက်ရတဲ့အချိန် ကျင်းဝမ်က ဘာလုပ်လိုက်မယ် ထင်သလဲ....
သခင်လေးလီဟာ ငါးကြင်းနတ်ဆိုးလို့ ချက်ချင်း ထင်ကောင်းထင်သွားနိုင်တယ်။ ရှေးခေတ်က လူတွေက နတ်ဆိုးတွေကို နှိမ်နင်းဖို့ မီးရှို့သတ်တဲ့နည်းကိုသုံးတယ်လို့ လီယွီ ကြားဖူးတယ်။
ငါ....ငါးကင်မဖြစ်ချင်ဘူး ဝူး...ဝူး....!
လီယွီသည် စိတ်ထဲကနေ မရပ်မနား အော်ဟစ်နေဖို့သာ တတ်နိုင်တော့သည်။
အခန်းထဲမှာ သူ့အပြင် ကျင်းဝမ် ရှိနေတယ်ဆိုတာ သူမေ့သွားပြီ။ စောစောက လီယွီကို မြှားနဲ့ပစ်ခဲ့တဲ့ လူသတ်သမား ရှိနေသေးတယ်ဆိုတာလည်း သူ မေ့သွားတယ်။ မူလက ဒီလူဟာ ဒဏ်ရာရပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အချိန် အိမ်ထဲကနေ ထွက်ပြေးလွတ်မြောက်ဖို့လုပ်ချင်ခဲ့တယ်။
လူစင်စစ်တစ်ဦးက အသက်ကို လုပ်ကြံခံရပြီးနောက် ငါး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည့် မြင်ကွင်းကို မျက်စိရှေ့တွင် မြင်လိုက်ရသဖြင့် ထိုလူသည် စကားမပြောနိုင်လောက်အောင် အံ့သြ ဆွံ့အသွားကာ ထွက်ပြေးဖို့ပင် မေ့သွားခဲ့သည်။
ဒါကိုမြင်တော့ ကျင်းဝမ်က လဲကျနေရာက အမြန်ထလိုက်သည်။ ပထမတော့ သူက တံခါးကိုပိတ်ပြီး ဝမ့်ကုန်းကုန်းနဲ့ တခြားသူတွေ အခန်းအပြင်ကို ထွက်သွားစေတယ်။
ထို့နောက် သူသည် လူသတ်သမားထံသို့ ချဉ်းကပ်လာပြီး လက်တစ်ဖက်ဖြင့် ရိုက်ထည့်လိုက်တာ ထိုလူ သတိလစ်သွားခဲ့သည်။
လူသတ်သမားကို ကိုင်တွယ်ပြီးနောက် ကျင်းဝမ်သည် သူ့ခေါင်းကို လှည့်ကာ ငါးကြင်းနတ်ဆိုးကို တစ်ချက်ကြည့်လိုက်သည်။ ရှောင်ယွီ သည် ရူးသွပ်စွာ တုန်လှုပ်သွားသကဲ့သို့ မိုက်မဲစွာ ခုန်ပေါက်နေဆဲပင်။
ကျင်းဝမ်က စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။ သူ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အခုတော့ ဒီလိုဖြစ်လာတော့ ကျင်းဝမ်လည်း ဒီအရှုပ်အထွေးကို ဘယ်လိုရှင်းရမလဲဆိုတာ မသိတော့ဘူး။ ငါးကြင်းနတ်ဆိုး၏ခံစားချက်ကို အရင်ဆုံး သူ စူးစမ်းသင့်သည်။ ကျင်းဝမ်လည်း ဒီငါးကလေးက ဒီလိုပဲ နေနေမယ်ဆိုရင် မကြာခင် ရေပြတ်သွားမှာကို ကြောက်နေမိတယ်။ ငါးကလေးကို ချက်ချင်းရေထဲပြန်ထည့်ဖို့ လိုအပ်နေတယ်။
လီယွီ၏ ဦးနှောက်သည် ထိုပရမ်းပတာဖြစ်ရပ်ထဲကနေ မလွတ်မြောက်နိုင်ဖြစ်နေသည်။
ကျင်းဝမ် ဒီလိုတွေ လှုပ်ရှားနေတာကို မြင်ပေမယ့်လည်း လီယွီက လုံးဝမတုံ့ပြန်ဘူး။ ကျင်းဝမ်သည် ငါးကလေးရှေ့တွင် တစ်ဖန်ပြန်ပေါ်လာသောအခါ နောက်ဆုံးတွင် ငါးသည် ပြန်လည် သတိဝင်လာပြီး လက်ရှိ အခြေနေကို အာရုံစိုက်လာခဲ့သည်။
ကျင်းဝမ်က သူ့ကို ဖမ်းဖို့ လုပ်နေတာလား။
လီယွီသည် လုံးဝ မလှုပ်ဝံ့တော့ပေ။ အခန်းက ကျဉ်းမြောင်းလှတယ်။ သေချာပေါက် ကျင်းဝမ်က သူ့ကို ပစ်မှတ်ထားပြီးသား။ ဘယ်နေရာမှာ ပုန်းအောင်းနေပါစေ၊ အဲဒါက အသုံးမဝင်ဘူး။ ထို့အပြင် ရေမရှိပဲ သူ ကို အကြာကြီး မနေနိုင်ပေ။ သူ ထွက်ပြေးဖို့ ကြိုးစားရင်တောင်... ကျင်းဝမ်က သူ့အတွက် လုပ်ထားတဲ့ ငါးကန်ထဲကိုသာ ထွက်ပြေးနိုင်လိမ့်မယ်။
ဘာလိုလုပ်မလဲ? ငါတော့ ငါးသေလေး ဖြစ်သွားတော့မယ်။
ငါးတစ်ကိုယ်လုံး တောင့်တင်းပြီး လီယွီက ကျင်းဝမ်ကို မြေပြင်ပေါ်ကနေ ဆွဲယူဖို့ ခွင့်ပြုလိုက်ပါတယ်။ လီယွီက ကျင်းဝမ်၏လက်ကို အမြီးဖြင့် ရိုက်ကာ ခုခံသည်။ ဒီလိုအချိန်မျိုးမှာ လီယွီက သူ့ချစ်သူရဲ့မျက်နှာကို နာကျင်အောင် မလုပ်ရက်သေးဘူး။
ဒါပေမယ့် သူ့ရည်းစားက သိပ်မကြာခင်မှာ သူ့ရည်းစားဖြစ်တော့မှာ မဟုတ်ဘူး။ လီယွီသည် ငါးဖြစ်ကြောင်း ကျင်းဝမ်က တွေ့ရှိသွားခဲ့လေပြီ။ ကျင်းဝမ်က သူ့ကို လိုချင်နေသေးလားဆိုတာ ပြောဖို့ခက်တယ်။ မနေ့ကအထိပဲ ကျင်းဝမ်က သူ့ကို အိမ်မွေးတိရိစ္ဆာန်တစ်ကောင်လို ဆက်ဆံနေတုန်းပဲ။ ဒီနေ့ ကျင်းဝမ်က သူ့ကို ငါးကြင်းနတ်ဆိုးလို ဆက်ဆံပြီး သူ့ကို မီးရှို့တော့မလားဆိုတာ မသိနိုင်ဘူး။
လီယွီ(Li Yu) က ဒီအကြောင်းကို ပိုတွေးလေလေ၊ သူ့ယုံကြည်မှု လျော့နည်းလေလေဖြစ်သည်။ ကျင်းဝမ်သည် ငါးကို လက်ဖဝါးဖြင့်အသလေးပွေ့ချီလိုက်သည်။
လီယွီက သူ့အမြီးကို ခါတိုင်းလို ကျင်းဝမ်ရဲ့လက်ကောက်ဝတ်ကို ပတ်မထားဘူး။ အဲဒီအစား သူ စိတ်ပျက်လက်ပျက်နဲ့ တည့်တည့်ကြီး ဆန့်ထုတ်လိုက်တယ်။ ပြုတ်ပြီး လှော်လိုက်တဲ့အခါဆိုလည်း မကြာခင်မှာ သူ့ ငါးကိုယ်လုံးက ဖြောင့်စင်းလာပါလိမ့်မယ်။
အတွေးတွေပွားနေရင်း လီယွီက ကျင်းဝမ်တစ်ယောက ်သူ့ကို ဓားနဲ့ထိုးဖို့ ခွင့်ပြုလိုက်သည်...?
ငါးကို အနီးစပ်ဆုံး သလင်းကျောက် ပုလင်းထဲသို့ ထည့်ရန် လုပ်သည်အထိ လီယွီ အလွန်တုန်လှုပ် နေသည်။
ကျင်းဝမ်က ငါးကို မသတ်ချင်ဘူးလား။
ရေထဲသို့ ရောက်ပြီေးနာက် လီယွီသည် ခဏတာ ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့သည်။ ကျင်းဝမ်က သူ့ကို လေးနက်စွာ ကြည့်နေရုံသာဖြစ်ပြီး သူက လီယွီကို ဖမ်းဖို့ ရည်ရွယ်ချက် မရှိဘူး ။
လီယွီသည် ဂရုတစိုက် ကူးခတ်သွားသည်။ ကျင်းဝမ်က ဘာတုံ့ပြန်မှုမှ ထပ်မလုပ်သေးဘူး။
"အရှင်မင်းသား၊ အရှင်နဲ့ သခင်လေးလီ အဆင်ပြေရဲ့လား။ နှစ်ယောက်လုံး ဒဏ်ရာ ရသေးလား"
ဝမ့်ကုန်းကုန်းသည် အပြင်မှ ကျယ်လောင်စွာ အော်မေးလိုက်သည်။ အခန်းထဲမှာ လူသတ်သမားတစ်ယောက်ရှိနေတုန်းပဲ။ သခင်လေးလီ ဒဏ်ရာရှိ၊ မရှိ မသိရသေးသော်လည်း သူ့ အရှင်က ဘာကြောင့် တံခါးကို ပိတ်ထားတာလဲ။
ယခုအချိန်တွင် လီယွီသည် ဆူညံသံမှန်သမျှကို သတိထားမိလိုက်သည်။ ဝမ့်ကုန်းကုန်း က တံခါးကို ရိုက်လိုက်သောအခါ လီယွီသည် ကြောက်လန့်တကြား ခုန်ဆင်းကာ သလင်းဖန်ပုလင်းအောက်ခြေတွင် ကျောက်တုံးကဲ့သို့ နစ်မြုပ်သွားခဲ့သည်။
အိုး...အခု သူ သေ ချင်ယောင်ဆောင်ရမယ့် အချိန်ကိုရောက်ပြီ!?
ကျင်းဝမ်: "......"
ကျင်းဝမ်က သလင်းဖန်ဗူးလေးထဲမှာ သေချင်ယောင်ဆောင်နေသည့် ငါးကလေးကို အတော်ကြာ စိုက်ကြည့်နေမိသည်။ သူ့ရင်ထဲက အတွေးတွေကို စကားနဲ့ ထုတ်ပြောလို့မရတာ အတော်ဆိုးတာပဲ။ ကျင်းဝမ်က အတော်ကြာ ငြိမ်နေပြီး သလင်းဖန်ဗူးထဲ လက်ထည့်ကာ ငါးကလေးရဲ့ ခေါင်းကို ငြင်သာစွာ ပွတ်ပေးလိုက်သည်။
လီယွီ- "......"
အကယ်၍ ဝမ့်ကုန်းကုန်းသည် မကြာမီ သူတို့ဆီက ဘာသံမှ မကြားရဘူးဆိုရင် အခန်းထဲကို ဖောက်ဝင်လာတော့မည်ကို သိလို့ ကျင်းဝမ်က သတိလစ်နေသော လူသတ်သမားကို ကောက်ကိုင်လိုက်ပြီး တံခါးကိုဖွင့်ကာ ထွက်လာခဲ့သည်။ ချက်ချင်းဆိုသလိုပဲ သူ့နောက်က တံခါးကို ပိတ်လိုက်ပြီး အတွင်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို ဘယ်သူ့ကိုမှ ကြည့်ခွင့်မပေးဘူး။
အခန်းထဲမှ ထွက်သွားတော့ ကျင်းဝမ်၏ ချောမောသော မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။ သူသည် လူသတ်သမားကို ဓားတစ်ချောင်းဖြင့် ထိုးသတ်ပြီး ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ရှောင်ယွီ က သူ လူသတ်တာကိုမြင်ရမှာ ကြောက်တဲ့အတွက် ကျင်းဝမ်က ရှောင်ယွီ ကို အန္တရာယ်ပြုဖို့ ကြိုးစားရဲတဲ့ ဒီလူသတ်သမားကို အသက်နည်းနည်းပိုရှည်ခွင့်ပေးခဲ့တယ်။ ထို့အပြင် ရှောင်ယွီ ၏ သွင်းပြင် လက္ခဏာကို ရှင်းရှင်းလင်းလင်း သိထားတဲ့ ကောင်ကို အသက်ရှင်ခွင့်မပေးနိုင်ဘူး။
ဝမ့်ကုန်းကုန်းသည် လူသတ်သမား၏ အလောင်းကို ဆွဲထုတ်ရန် တစ်စုံတစ်ဦးအား ချက်ချင်း အမိန့်ပေး ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက စိုးရိမ်တကြီးမေးလိုက်သည်-
"အရှင်မင်းသား၊ သခင်လေးလီကော ဘယ်လိုလဲ။"
ကျင်းဝမ်သည် ခေါင်းကို လှည့်ကာ အိမ်ကို တစ်ချက်ကြည့်လိုက်သည်။
ဝမ့်ကုန်းကုန်းချက်ချင်းနားလည်သဘောပေါက်သွားသည်။
"ဒါကောင်းတယ်။ ကောင်းတယ်... အရှင်မင်းသား၊ သမားတော် လာကြည့်ပေးဖို့ ခေါ်ချင်ပါသလား"
အခုမှပဲ အခြေနေတွေက ဖရိုဖရဲဖြစ်သွားလို့ ဝမ့်ကုန်းကုန်းသည် သူ့သခင်နှင့် သခင်လေးလီ ဒဏ်ရာရသွားသည်ကို ကြောက်နေသည်။
ကျင်းဝမ်က ငြင်းချင်ပေမယ့် ရှောင်ယွီ အနည်းငယ် ထိတ်လန့်သွားသည်ကို သတိရမိသည်။ ခဏလောက်စဉ်းစားပြီးမှ လက်ဟန်ခြေဟန်ပြလိုက်သည်။
ဝမ့်ကုန်းကုန်းသည် ခေါင်းကို အထပ်ထပ်အခါခါ ခေါင်းညိတ်ပြသည်-
"ဒီကျွန် နားလည်ပါပြီ။ သခင်လေးလီကို အချိန်အနည်းငယ် အနားယူပါစေ။ နောက်နေ့မှ သမားတော်ကို ပင့်လိုက်ပါ့မယ်။"
လီယွီက အခန်းအပြင်က ဝမ့်ကုန်းကုန်းက သူ့အကြောင်း ပြောသည်ကို ကြားလိုက်တိုင်း ငါးရဲ့ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသည်။ သူသည် အခင်းဖြစ်ပွားရာနေရာတွင် ရှိမနေခြင်းသည့်အပြင် ကျင်းဝမ်က ဝမ့်ကုန်းကုန်းကို မည်သို့ပြောပြမည်ကို မသိခဲ့ပေ။ ဝမ့်ကုန်းကုန်း၏ ပြန်ကြားချက်မှတဆင့်သာ သူ ခန့်မှန်းနိုင်သည်။
လီယွီ ခဏ အနားယူလိုက်သည် ။ အဆုံးမှာတော့ ဝမ့်ကုန်းကုန်းဟာ သူက ငါးတစ်ကောင်ဖြစ်ကြောင်းကို မသိနိုင်သေးပါဘူး။ ကျင်းဝမ်က ဝမ့်ကုန်းကုန်းကို မပြောခဲ့တာလား။
...... ကျင်းဝမ်က သူက အသွင်ပြောင်းတာကို မြင်ပြီးပေမယ့် ဝမ့်ကုန်းကုန်းကို ဘာလို့ မပြောတာလဲ။
လူတစ်ဦးသည် ငါးအဖြစ်သို့ ပြောင်းလဲသွားသော်လည်း ကျင်းဝမ်က လုံးဝ ဒေါသမကြီးဘူးဆိုတာ တွေးစရာပဲ။
ကျင်းဝမ်က ပြောလိုက်ရင် ဝမ့်ကုန်းကုန်းက သူ့ကို ငါးကြင်းနတ်ဆိုးဆိုတာ ယုံကြည်လိမ့်မယ်လို့ ခံစားရတယ်။ ဒါပေမယ့် ဘာလို့ ကျင်းဝမ်က......
လီယွီ၏ ဦးနှောက်သည် တဖြည်းဖြည်း ကြည်လင်လာသည်။ သူ ထွက်သွားတုန်းက ကျင်းဝမ်ရဲ့အမူအရာနဲ့ လီယွီရဲ့ခေါင်းကို ညင်သာစွာထိလိုက်ပုံအရ သူ စိတ်ဆိုးပုံမပေါ်ဘူး!
လီယွီသည် မတတ်နိုင်ပေမယ့် သနားစရာကောင်းလောက်အောင် သေးငယ်သည့် မျှော်လင့်ချက်လေးတစ်ခု သူ့နှလုံးသားအောက်ခြေတွင် ပေါက်ဖွားလာသည်ဟု ခံစားရသည်။ အဲ့ဒါ ဖြစ်နိုင်သလား။ ကျင်းဝမ်သည် သူ၏လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိပြီးပေမယ့် ကျင်းဝမ်သည် စိတ်မဆိုးဘဲ လီယွီကို ဖုံးကွယ်ပေးရာတွင် ကူညီရန် ဆုံးဖြတ်ခဲ့သည်။
မဟုတ်ရင် ဝမ့်ကုန်းကုန်းနဲ့ တခြားသူတွေ အထဲကို ဝင်မသွားဖို့ ဘာကြောင့် တားနေမှာလဲ။ သူက ဘာကြောင့် ငါးကလေးကို သလင်းကျောက်ပုလင်းထဲမှာ ထည့်ထားမှာလဲ။
........အရှင်မင်းသားက ...သူ့ကို နတ်ဆိုးလို့ မထင်ခဲ့ဘူးလား?
လီယွီသည် အဆက်မပြတ် ကြောက်ရွံ့နေခဲ့သည်။ ကျင်းဝမ်ဘက်တွင်လည်း သူက အရေးကြီး ကိစ္စရပ်အားလုံးကို လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းခဲ့သည်။
ပထမ၊ လီယွီသည် ငါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသောအခါတွင် အခြားမည်သူမျှ ထူးထူးခြားခြား မတွေ့မိကြောင်း သေချာအောင် စုံးစမ်းခဲ့သည်- ကံကောင်းစွာပင် ကျင်းဝမ်သည် လီယွီအား အခန်းထဲသို့ တွန်းချလိုက်ပြီး သူ့ကို အုပ်မိုးလိုက်သည်။ လုပ်ကြံသတ်ဖြတ်သူမှလွဲ၍ ကျန်မည်သူမှ လီယွီ အသွင်ပြောင်းသွားသည်ကို မမြင်နိုင်လောက်အောင် ဝေးကွာနေခဲ့သည်။
**********-*************
Chapter (78-1) -ငါးကေလးရဲ႕ တိတ္တခိုး ေမွ်ာ္လင့္ခ်က္
လီယြီ၏ေခါင္းတစ္ခုလုံး ဗလာဟင္းလင္းျဖစ္သြားသည္။
ေသာက္ေခြး...သူက က်င္းဝမ္ေရွ႕မွာ လူစင္စစ္ကေန ငါးအသြင္ကို ျပန္ေျပာင္းသြားတယ္ ဟုတ္လား....
ဘယ္လိုလုပ္ရမလဲ...ဘယ္လိုလုပ္ရမလဲ.......
က်င္းဝမ္ကိုသတိလစ္ေအာင္ ႐ိုက္လိုက္ၿပီး ဒါေတြက သူ အိပ္မက္မက္ေနတာပါလို႔ လိမ္ေျပာရမလား...
ဟင့္အင္း...အဲ့ဒါ စိတ္ကူးေတာင္ယဥ္မေနနဲ႔။ လူအျဖစ္နဲ႔ေတာင္ ခြန္အားခ်င္းမယွဥ္ႏိုင္တာ။ ငါးနဲ႔လူက ဘယ္လို ယွဥ္ႏိုင္မွာလဲ....
သူႀကိဳးစားပမ္းစား ဖုံးကြယ္ထားတာေလး ေပၚသြားလို႔ လီယြိက ေျမႀကီးအက္ကြဲၿပီး သူ႔ကို ၿမိဳခ်သြားေစခ်င္ေတာ့တယ္..
လီယြီသည္ ငါးကန္ထဲသို႔ ျပန္ခုန္ဆင္းရန္ပင္ ေမ့သြားကာ ျပဳတ္က်ေနေသာ အဝတ္အစားမ်ား အတြင္းတြင္ တုန္လႈပ္ေျခာက္ျခားကာ ခုန္ေနခဲ့သည္။
သခင္ေလးလီသည္ ငါးျဖစ္ေၾကာင္း သိလိုက္ရတဲ့အခ်ိန္ က်င္းဝမ္က ဘာလုပ္လိုက္မယ္ ထင္သလဲ....
သခင္ေလးလီဟာ ငါးၾကင္းနတ္ဆိုးလို႔ ခ်က္ခ်င္း ထင္ေကာင္းထင္သြားႏိုင္တယ္။ ေရွးေခတ္က လူေတြက နတ္ဆိုးေတြကို ႏွိမ္နင္းဖို႔ မီးရႈိ႕သတ္တဲ့နည္းကိုသုံးတယ္လို႔ လီယြီ ၾကားဖူးတယ္။
ငါ....ငါးကင္မျဖစ္ခ်င္ဘူး ဝူး...ဝူး....!
လီယြီသည္ စိတ္ထဲကေန မရပ္မနား ေအာ္ဟစ္ေနဖို႔သာ တတ္ႏိုင္ေတာ့သည္။
အခန္းထဲမွာ သူ႔အျပင္ က်င္းဝမ္ ရွိေနတယ္ဆိုတာ သူေမ့သြားၿပီ။ ေစာေစာက လီယြီကို ျမႇားနဲ႔ပစ္ခဲ့တဲ့ လူသတ္သမား ရွိေနေသးတယ္ဆိုတာလည္း သူ ေမ့သြားတယ္။ မူလက ဒီလူဟာ ဒဏ္ရာရၿပီး ႐ုန္းရင္းဆန္ခတ္ျဖစ္ေနတဲ့ အခ်ိန္ အိမ္ထဲကေန ထြက္ေျပးလြတ္ေျမာက္ဖို႔လုပ္ခ်င္ခဲ့တယ္။
လူစင္စစ္တစ္ဦးက အသက္ကို လုပ္ႀကံခံရၿပီးေနာက္ ငါး တစ္ေကာင္အျဖစ္သို႔ ေျပာင္းလဲသြားသည့္ ျမင္ကြင္းကို မ်က္စိေရွ႕တြင္ ျမင္လိုက္ရသျဖင့္ ထိုလူသည္ စကားမေျပာႏိုင္ေလာက္ေအာင္ အံ့ၾသ ဆြံ႕အသြားကာ ထြက္ေျပးဖို႔ပင္ ေမ့သြားခဲ့သည္။
ဒါကိုျမင္ေတာ့ က်င္းဝမ္က လဲက်ေနရာက အျမန္ထလိုက္သည္။ ပထမေတာ့ သူက တံခါးကိုပိတ္ၿပီး ဝမ့္ကုန္းကုန္းနဲ႔ တျခားသူေတြ အခန္းအျပင္ကို ထြက္သြားေစတယ္။
ထို႔ေနာက္ သူသည္ လူသတ္သမားထံသို႔ ခ်ဥ္းကပ္လာၿပီး လက္တစ္ဖက္ျဖင့္ ႐ိုက္ထည့္လိုက္တာ ထိုလူ သတိလစ္သြားခဲ့သည္။
လူသတ္သမားကို ကိုင္တြယ္ၿပီးေနာက္ က်င္းဝမ္သည္ သူ႔ေခါင္းကို လွည့္ကာ ငါးၾကင္းနတ္ဆိုးကို တစ္ခ်က္ၾကည့္လိုက္သည္။ ေရွာင္ယြီ သည္ ႐ူးသြပ္စြာ တုန္လႈပ္သြားသကဲ့သို႔ မိုက္မဲစြာ ခုန္ေပါက္ေနဆဲပင္။
က်င္းဝမ္က စိတ္ထဲကေန သက္ျပင္းခ်လိုက္သည္။ သူ အစြမ္းကုန္ႀကိဳးစားခဲ့ေပမယ့္ အခုေတာ့ ဒီလိုျဖစ္လာေတာ့ က်င္းဝမ္လည္း ဒီအရႈပ္အေထြးကို ဘယ္လိုရွင္းရမလဲဆိုတာ မသိေတာ့ဘူး။ ငါးၾကင္းနတ္ဆိုး၏ခံစားခ်က္ကို အရင္ဆုံး သူ စူးစမ္းသင့္သည္။ က်င္းဝမ္လည္း ဒီငါးကေလးက ဒီလိုပဲ ေနေနမယ္ဆိုရင္ မၾကာခင္ ေရျပတ္သြားမွာကို ေၾကာက္ေနမိတယ္။ ငါးကေလးကို ခ်က္ခ်င္းေရထဲျပန္ထည့္ဖို႔ လိုအပ္ေနတယ္။
လီယြီ၏ ဦးေႏွာက္သည္ ထိုပရမ္းပတာျဖစ္ရပ္ထဲကေန မလြတ္ေျမာက္ႏိုင္ျဖစ္ေနသည္။
က်င္းဝမ္ ဒီလိုေတြ လႈပ္ရွားေနတာကို ျမင္ေပမယ့္လည္း လီယြီက လုံးဝမတုံ႔ျပန္ဘူး။ က်င္းဝမ္သည္ ငါးကေလးေရွ႕တြင္ တစ္ဖန္ျပန္ေပၚလာေသာအခါ ေနာက္ဆုံးတြင္ ငါးသည္ ျပန္လည္ သတိဝင္လာၿပီး လက္ရွိ အေျခေနကို အာ႐ုံစိုက္လာခဲ့သည္။
က်င္းဝမ္က သူ႔ကို ဖမ္းဖို႔ လုပ္ေနတာလား။
လီယြီသည္ လုံးဝ မလႈပ္ဝံ့ေတာ့ေပ။ အခန္းက က်ဥ္းေျမာင္းလွတယ္။ ေသခ်ာေပါက္ က်င္းဝမ္က သူ႔ကို ပစ္မွတ္ထားၿပီးသား။ ဘယ္ေနရာမွာ ပုန္းေအာင္းေနပါေစ၊ အဲဒါက အသုံးမဝင္ဘူး။ ထို႔အျပင္ ေရမရွိပဲ သူ ကို အၾကာႀကီး မေနႏိုင္ေပ။ သူ ထြက္ေျပးဖို႔ ႀကိဳးစားရင္ေတာင္... က်င္းဝမ္က သူ႔အတြက္ လုပ္ထားတဲ့ ငါးကန္ထဲကိုသာ ထြက္ေျပးႏိုင္လိမ့္မယ္။
ဘာလိုလုပ္မလဲ? ငါေတာ့ ငါးေသေလး ျဖစ္သြားေတာ့မယ္။
ငါးတစ္ကိုယ္လုံး ေတာင့္တင္းၿပီး လီယြီက က်င္းဝမ္ကို ေျမျပင္ေပၚကေန ဆြဲယူဖို႔ ခြင့္ျပဳလိုက္ပါတယ္။ လီယြီက က်င္းဝမ္၏လက္ကို အၿမီးျဖင့္ ႐ိုက္ကာ ခုခံသည္။ ဒီလိုအခ်ိန္မ်ိဳးမွာ လီယြီက သူ႔ခ်စ္သူရဲ႕မ်က္ႏွာကို နာက်င္ေအာင္ မလုပ္ရက္ေသးဘူး။
ဒါေပမယ့္ သူ႔ရည္းစားက သိပ္မၾကာခင္မွာ သူ႔ရည္းစားျဖစ္ေတာ့မွာ မဟုတ္ဘူး။ လီယြီသည္ ငါးျဖစ္ေၾကာင္း က်င္းဝမ္က ေတြ႕ရွိသြားခဲ့ေလၿပီ။ က်င္းဝမ္က သူ႔ကို လိုခ်င္ေနေသးလားဆိုတာ ေျပာဖို႔ခက္တယ္။ မေန႔ကအထိပဲ က်င္းဝမ္က သူ႔ကို အိမ္ေမြးတိရိစာၦန္တစ္ေကာင္လို ဆက္ဆံေနတုန္းပဲ။ ဒီေန႔ က်င္းဝမ္က သူ႔ကို ငါးၾကင္းနတ္ဆိုးလို ဆက္ဆံၿပီး သူ႔ကို မီးရႈိ႕ေတာ့မလားဆိုတာ မသိႏိုင္ဘူး။
လီယြီ(Li Yu) က ဒီအေၾကာင္းကို ပိုေတြးေလေလ၊ သူ႔ယုံၾကည္မႈ ေလ်ာ့နည္းေလေလျဖစ္သည္။ က်င္းဝမ္သည္ ငါးကို လက္ဖဝါးျဖင့္အသေလးေပြ႕ခ်ီလိုက္သည္။
လီယြီက သူ႔အၿမီးကို ခါတိုင္းလို က်င္းဝမ္ရဲ႕လက္ေကာက္ဝတ္ကို ပတ္မထားဘူး။ အဲဒီအစား သူ စိတ္ပ်က္လက္ပ်က္နဲ႔ တည့္တည့္ႀကီး ဆန႔္ထုတ္လိုက္တယ္။ ျပဳတ္ၿပီး ေလွာ္လိုက္တဲ့အခါဆိုလည္း မၾကာခင္မွာ သူ႔ ငါးကိုယ္လုံးက ေျဖာင့္စင္းလာပါလိမ့္မယ္။
အေတြးေတြပြားေနရင္း လီယြီက က်င္းဝမ္တစ္ေယာက ္သူ႔ကို ဓားနဲ႔ထိုးဖို႔ ခြင့္ျပဳလိုက္သည္...?
ငါးကို အနီးစပ္ဆုံး သလင္းေက်ာက္ ပုလင္းထဲသို႔ ထည့္ရန္ လုပ္သည္အထိ လီယြီ အလြန္တုန္လႈပ္ ေနသည္။
က်င္းဝမ္က ငါးကို မသတ္ခ်င္ဘူးလား။
ေရထဲသို႔ ေရာက္ၿပီေးနာက္ လီယြီသည္ ခဏတာ ၿငိမ္သက္စြာ ေစာင့္ၾကည့္ေနခဲ့သည္။ က်င္းဝမ္က သူ႔ကို ေလးနက္စြာ ၾကည့္ေန႐ုံသာျဖစ္ၿပီး သူက လီယြီကို ဖမ္းဖို႔ ရည္႐ြယ္ခ်က္ မရွိဘူး ။
လီယြီသည္ ဂ႐ုတစိုက္ ကူးခတ္သြားသည္။ က်င္းဝမ္က ဘာတုံ႔ျပန္မႈမွ ထပ္မလုပ္ေသးဘူး။
"အရွင္မင္းသား၊ အရွင္နဲ႔ သခင္ေလးလီ အဆင္ေျပရဲ႕လား။ ႏွစ္ေယာက္လုံး ဒဏ္ရာ ရေသးလား"
ဝမ့္ကုန္းကုန္းသည္ အျပင္မွ က်ယ္ေလာင္စြာ ေအာ္ေမးလိုက္သည္။ အခန္းထဲမွာ လူသတ္သမားတစ္ေယာက္ရွိေနတုန္းပဲ။ သခင္ေလးလီ ဒဏ္ရာရွိ၊ မရွိ မသိရေသးေသာ္လည္း သူ႔ အရွင္က ဘာေၾကာင့္ တံခါးကို ပိတ္ထားတာလဲ။
ယခုအခ်ိန္တြင္ လီယြီသည္ ဆူညံသံမွန္သမွ်ကို သတိထားမိလိုက္သည္။ ဝမ့္ကုန္းကုန္း က တံခါးကို ႐ိုက္လိုက္ေသာအခါ လီယြီသည္ ေၾကာက္လန႔္တၾကား ခုန္ဆင္းကာ သလင္းဖန္ပုလင္းေအာက္ေျခတြင္ ေက်ာက္တုံးကဲ့သို႔ နစ္ျမဳပ္သြားခဲ့သည္။
အိုး...အခု သူ ေသ ခ်င္ေယာင္ေဆာင္ရမယ့္ အခ်ိန္ကိုေရာက္ၿပီ!?
က်င္းဝမ္: "......"
က်င္းဝမ္က သလင္းဖန္ဗူးေလးထဲမွာ ေသခ်င္ေယာင္ေဆာင္ေနသည့္ ငါးကေလးကို အေတာ္ၾကာ စိုက္ၾကည့္ေနမိသည္။ သူ႔ရင္ထဲက အေတြးေတြကို စကားနဲ႔ ထုတ္ေျပာလို႔မရတာ အေတာ္ဆိုးတာပဲ။ က်င္းဝမ္က အေတာ္ၾကာ ၿငိမ္ေနၿပီး သလင္းဖန္ဗူးထဲ လက္ထည့္ကာ ငါးကေလးရဲ႕ ေခါင္းကို ျငင္သာစြာ ပြတ္ေပးလိုက္သည္။
လီယြီ- "......"
အကယ္၍ ဝမ့္ကုန္းကုန္းသည္ မၾကာမီ သူတို႔ဆီက ဘာသံမွ မၾကားရဘူးဆိုရင္ အခန္းထဲကို ေဖာက္ဝင္လာေတာ့မည္ကို သိလို႔ က်င္းဝမ္က သတိလစ္ေနေသာ လူသတ္သမားကို ေကာက္ကိုင္လိုက္ၿပီး တံခါးကိုဖြင့္ကာ ထြက္လာခဲ့သည္။ ခ်က္ခ်င္းဆိုသလိုပဲ သူ႔ေနာက္က တံခါးကို ပိတ္လိုက္ၿပီး အတြင္းထဲမွာ ဘာေတြျဖစ္ေနလဲဆိုတာကို ဘယ္သူ႔ကိုမွ ၾကည့္ခြင့္မေပးဘူး။
အခန္းထဲမွ ထြက္သြားေတာ့ က်င္းဝမ္၏ ေခ်ာေမာေသာ မ်က္ႏွာသည္ ခ်က္ခ်င္း မည္းေမွာင္သြားသည္။ သူသည္ လူသတ္သမားကို ဓားတစ္ေခ်ာင္းျဖင့္ ထိုးသတ္ၿပီး ခႏၶာကိုယ္ကို ၾကမ္းျပင္ေပၚသို႔ ပစ္ခ်လိုက္သည္။
ေရွာင္ယြီ က သူ လူသတ္တာကိုျမင္ရမွာ ေၾကာက္တဲ့အတြက္ က်င္းဝမ္က ေရွာင္ယြီ ကို အႏၲရာယ္ျပဳဖို႔ ႀကိဳးစားရဲတဲ့ ဒီလူသတ္သမားကို အသက္နည္းနည္းပိုရွည္ခြင့္ေပးခဲ့တယ္။ ထို႔အျပင္ ေရွာင္ယြီ ၏ သြင္းျပင္ လကၡဏာကို ရွင္းရွင္းလင္းလင္း သိထားတဲ့ ေကာင္ကို အသက္ရွင္ခြင့္မေပးႏိုင္ဘူး။
ဝမ့္ကုန္းကုန္းသည္ လူသတ္သမား၏ အေလာင္းကို ဆြဲထုတ္ရန္ တစ္စုံတစ္ဦးအား ခ်က္ခ်င္း အမိန႔္ေပး ခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္ သူက စိုးရိမ္တႀကီးေမးလိုက္သည္-
"အရွင္မင္းသား၊ သခင္ေလးလီေကာ ဘယ္လိုလဲ။"
က်င္းဝမ္သည္ ေခါင္းကို လွည့္ကာ အိမ္ကို တစ္ခ်က္ၾကည့္လိုက္သည္။
ဝမ့္ကုန္းကုန္းခ်က္ခ်င္းနားလည္သေဘာေပါက္သြားသည္။
"ဒါေကာင္းတယ္။ ေကာင္းတယ္... အရွင္မင္းသား၊ သမားေတာ္ လာၾကည့္ေပးဖို႔ ေခၚခ်င္ပါသလား"
အခုမွပဲ အေျခေနေတြက ဖ႐ိုဖရဲျဖစ္သြားလို႔ ဝမ့္ကုန္းကုန္းသည္ သူ႔သခင္ႏွင့္ သခင္ေလးလီ ဒဏ္ရာရသြားသည္ကို ေၾကာက္ေနသည္။
က်င္းဝမ္က ျငင္းခ်င္ေပမယ့္ ေရွာင္ယြီ အနည္းငယ္ ထိတ္လန႔္သြားသည္ကို သတိရမိသည္။ ခဏေလာက္စဥ္းစားၿပီးမွ လက္ဟန္ေျခဟန္ျပလိုက္သည္။
ဝမ့္ကုန္းကုန္းသည္ ေခါင္းကို အထပ္ထပ္အခါခါ ေခါင္းညိတ္ျပသည္-
"ဒီကြၽန္ နားလည္ပါၿပီ။ သခင္ေလးလီကို အခ်ိန္အနည္းငယ္ အနားယူပါေစ။ ေနာက္ေန႔မွ သမားေတာ္ကို ပင့္လိုက္ပါ့မယ္။"
လီယြီက အခန္းအျပင္က ဝမ့္ကုန္းကုန္းက သူ႔အေၾကာင္း ေျပာသည္ကို ၾကားလိုက္တိုင္း ငါးရဲ႕ ခႏၶာကိုယ္က အနည္းငယ္ တုန္ယင္သြားသည္။ သူသည္ အခင္းျဖစ္ပြားရာေနရာတြင္ ရွိမေနျခင္းသည့္အျပင္ က်င္းဝမ္က ဝမ့္ကုန္းကုန္းကို မည္သို႔ေျပာျပမည္ကို မသိခဲ့ေပ။ ဝမ့္ကုန္းကုန္း၏ ျပန္ၾကားခ်က္မွတဆင့္သာ သူ ခန႔္မွန္းႏိုင္သည္။
လီယြီ ခဏ အနားယူလိုက္သည္ ။ အဆုံးမွာေတာ့ ဝမ့္ကုန္းကုန္းဟာ သူက ငါးတစ္ေကာင္ျဖစ္ေၾကာင္းကို မသိႏိုင္ေသးပါဘူး။ က်င္းဝမ္က ဝမ့္ကုန္းကုန္းကို မေျပာခဲ့တာလား။
...... က်င္းဝမ္က သူက အသြင္ေျပာင္းတာကို ျမင္ၿပီးေပမယ့္ ဝမ့္ကုန္းကုန္းကို ဘာလို႔ မေျပာတာလဲ။
လူတစ္ဦးသည္ ငါးအျဖစ္သို႔ ေျပာင္းလဲသြားေသာ္လည္း က်င္းဝမ္က လုံးဝ ေဒါသမႀကီးဘူးဆိုတာ ေတြးစရာပဲ။
က်င္းဝမ္က ေျပာလိုက္ရင္ ဝမ့္ကုန္းကုန္းက သူ႔ကို ငါးၾကင္းနတ္ဆိုးဆိုတာ ယုံၾကည္လိမ့္မယ္လို႔ ခံစားရတယ္။ ဒါေပမယ့္ ဘာလို႔ က်င္းဝမ္က......
လီယြီ၏ ဦးေႏွာက္သည္ တျဖည္းျဖည္း ၾကည္လင္လာသည္။ သူ ထြက္သြားတုန္းက က်င္းဝမ္ရဲ႕အမူအရာနဲ႔ လီယြီရဲ႕ေခါင္းကို ညင္သာစြာထိလိုက္ပုံအရ သူ စိတ္ဆိုးပုံမေပၚဘူး!
လီယြီသည္ မတတ္ႏိုင္ေပမယ့္ သနားစရာေကာင္းေလာက္ေအာင္ ေသးငယ္သည့္ ေမွ်ာ္လင့္ခ်က္ေလးတစ္ခု သူ႔ႏွလုံးသားေအာက္ေျခတြင္ ေပါက္ဖြားလာသည္ဟု ခံစားရသည္။ အဲ့ဒါ ျဖစ္ႏိုင္သလား။ က်င္းဝမ္သည္ သူ၏လွ်ိဳ႕ဝွက္ခ်က္ကို ရွာေဖြေတြ႕ရွိၿပီးေပမယ့္ က်င္းဝမ္သည္ စိတ္မဆိုးဘဲ လီယြီကို ဖုံးကြယ္ေပးရာတြင္ ကူညီရန္ ဆုံးျဖတ္ခဲ့သည္။
မဟုတ္ရင္ ဝမ့္ကုန္းကုန္းနဲ႔ တျခားသူေတြ အထဲကို ဝင္မသြားဖို႔ ဘာေၾကာင့္ တားေနမွာလဲ။ သူက ဘာေၾကာင့္ ငါးကေလးကို သလင္းေက်ာက္ပုလင္းထဲမွာ ထည့္ထားမွာလဲ။
........အရွင္မင္းသားက ...သူ႔ကို နတ္ဆိုးလို႔ မထင္ခဲ့ဘူးလား?
လီယြီသည္ အဆက္မျပတ္ ေၾကာက္႐ြံ႕ေနခဲ့သည္။ က်င္းဝမ္ဘက္တြင္လည္း သူက အေရးႀကီး ကိစၥရပ္အားလုံးကို လ်င္ျမန္စြာ ကိုင္တြယ္ေျဖရွင္းခဲ့သည္။
ပထမ၊ လီယြီသည္ ငါးတစ္ေကာင္အျဖစ္သို႔ ေျပာင္းလဲသြားေသာအခါတြင္ အျခားမည္သူမွ် ထူးထူးျခားျခား မေတြ႕မိေၾကာင္း ေသခ်ာေအာင္ စုံးစမ္းခဲ့သည္- ကံေကာင္းစြာပင္ က်င္းဝမ္သည္ လီယြီအား အခန္းထဲသို႔ တြန္းခ်လိုက္ၿပီး သူ႔ကို အုပ္မိုးလိုက္သည္။ လုပ္ႀကံသတ္ျဖတ္သူမွလြဲ၍ က်န္မည္သူမွ လီယြီ အသြင္ေျပာင္းသြားသည္ကို မျမင္ႏိုင္ေလာက္ေအာင္ ေဝးကြာေနခဲ့သည္။
**********-*************