Chapter (77-2) - ကိုယ်ဝန်ရှိနေသော ဝမ်ဖေး
ချန်းချင်း နန်းတော်။
အဝါရောင်တောက်တောက် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော ဧကရာဇ်ဘုရင် ကြီး သည် ကြိုးကြာနဲ့ သက်တော်ရှည်မက်မွန်သီးတွေ ပါဝင်သည့် မွေးနေ့ လက်ဆောင် ပန်းချီကားကို ငေးကြည့်ရင်း ဘာတွေးနေသည်ကို ဘယ်သူမှ မသိပေ။
အချိန်အတော်ကြာပြီးနောက် ဧကရာဇ်မင်းသည် မျက်လွှာပင့်ကာ သူ့အနီးနားရှိလူများကို မေးလိုက်သည်။
"သူ .... ကောင်းကောင်း ပြန်သွားရဲ့လား...?"
အပါးတော်မြဲ လျှိုသည် ဧကရာဇ်မင်းမြတ်၏နှုတ်က ထုတ်ပြောလိုက်သူက ဘယ်သူဆိုတာ သိပြီးနောက် ဂရုတစိုက်ဖြေလိုက်သည်။
"အရှင်မင်းသားက ချန်ချွန်းနန်းတော်သို့ သွားပြီး ပထမမိဖုရားခေါင်ကြီးရဲ့ ကဗျည်းတိုင်ကို အမွှေးတိုင် သုံးချောင်းနဲ့ ပူဇော်ခဲ့ပါတယ်။ အခု နန်းတော်က ထွက်သွားပြီး သူ့စံအိမ်ကို ရထားလုံးနဲ့ ပြန်သွားပါပြီ။ "
ဧကရာဇ်သည် ခေါင်းညိတ်ပြပြီး ကျင်းဝမ်၏ သဘောထားကို ကျေနပ်သည်။ ဒီသားလေးက အဝေးကို မရောက်ဖူးဘူး။ ဧကရာဇ်မင်းသည် ကျင်းဝမ်၏လုံခြုံရေးအတွက် စိုးရိမ်ပြီး လျှိုလွေ့ရှန်း အား အမိန့်ပေးလိုက်သည်။
"သူ့ကို လျှို့ဝှက်ကာကွယ်ဖို့ သက်တော်စောင့် အဖွဲ့နှစ်ဖွဲ့ကို စေလွှတ်လိုက်ပါ"
လျှိုလွေ့ရှန်း က နာခံကြောင့် လျှောက်တင်ခဲ့သည်။ ဧကရာဇ်မင်းသည် အပါးတော်မြဲ ကို ခဏစိုက်ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
"ငါကိုယ်တော်ရဲ့လုပ်ရပ်က ရက်စက်တယ်လို့ မောင်မင်း ထင်သလား၊ ကျင်းဝမ်ပေးခဲ့တဲ့ လက်ဆောင်က ငါကိုယ်တော် အတွက် အကောင်းဆုံးပဲ၊ ဒါပေမယ့် ငါကိုယ်တော်က သူ့ကို ရှီဖုန်းမြို့ကို ပို့လိုက်တယ်"
လျှိုလွေ့ရှန်း က သူ့စိတ်ထဲမှာ အဲဒီလို တွေးနေပေမယ့် ဝန်မခံဝံ့ဘဲ ရှောင်ကာ လျှောက်တင်လိုက်သည်။
"ကျွန်တော်မျိုးက ဧကရာဇ်မင်းမြတ်ကြီးရဲ့ ဆုံးဖြတ်ချက်ကို မဝေဖန်ရဲပါဘူး။ ကျွန်တော်မျိုးက အရှင် ဧကရာဇ်မင်းကို သစ္စာစောင့်သိဖို့နဲ့ အရှင်မင်းကြီးရဲ့ အမိန့်တွေကို လိုက်နာဖို့ပဲ စိတ်ထဲ ထည့်ထားပါတယ်။ "
"ဒါဆို ပိုကောင်းတာပေါ့။"
တဖက်လူက နားလည်မှုလွဲနေတာတောင် ဂရုမစိုက်ဘဲ ဧကရာဇ်က ပြုံးလိုက် တယ်။ ကျင်းဝမ် ၏လက်ဆောင်သည် ဧကရာဇ်မင်းမြတ်၏နှလုံးသားကို အများဆုံး ရရှိခဲ့ပြီး ဧကရာဇ်မင်းကြီးက ဒီလက်ဆောင်ကြောင့် ကျင်းဝမ်ရဲ့ တိုးတက်မှုကို သတိထားမိသွားခဲ့တယ်။
ကျင်းဝမ် သည် နှစ်ပေါင်းများစွာ သူ့လက်ရေးနဲ့မွေးနေ့ဆုတောင်းစာများသာ ပေးပို့ခဲ့ပြီး၊ သူသည် ဧကရာဇ်မင်းမြတ်အား အမြဲအေးစက်စွာ လျစ်လျူရှုခဲ့သည်။ ဒီသည်မှာ ဧကရာဇ်မင်းနှင့် ကျင်းဝမ်ကြားက တိတ်တဆိတ် နားလည်မှုတစ်ခုဟု ထင်ရသော်လည်း ရုတ်တရက် တစ်နေ့တွင် ကျင်းဝမ်က ဧကရာဇ်မင်းအား သူ့ကျေးဇူးတင်မှုကို ပြသခဲ့သည်။
ဒါက ဘာကို ဆိုလိုချင်တာလဲ...
ဧကရာဇ်က အဲဒါကို လုံးဝ မစဉ်းစားမိဘူး။ ဧကရာဇ်ကိုယ်တိုင် ဒီနည်းဖြင့် ဒီနေရာသို့ ရောက်ရှိလာသူဖြစ်လို့ သူက ကျင်းဝမ်ဆီမှာ တိတ်တဆိတ် ကြံစည်ထားတာများရှိကာ ထီးနန်းအတွက် တိုက်ခိုက်ရန် စိတ်ကူးရှိမည်ကို ကြောက်ရွံ့နေမိသည်။
ဧကရာဇ်မင်းကြီးက မင်းသားဘဝကို ကျော်ဖြတ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာနေပြီဆိုပေမယ့် မင်းသားတစ်ပါး မှာ ဒီလိုအကြံအစည်ရှိနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒုတိယနှင့် တတိယမင်းသားများသည် အမှားအယွင်း မလုပ်ခဲ့ဘူးဆိုရင် မင်းကြီးက သူတို့ကို အခွင့်ရေးပေးလိုက်မည် ဖြစ်ပေမယ့် အခုက ကျင်းဝမ်ဖြစ်နေသည်။ ဒါကြောင့် မင်းကြီးက အံ့သြသွားတယ်။ ကျင်းဝမ်ဆီမှာ ထုတ်မပြောနိုင်သော ဝမ်းနည်းမှုနှင့် နာကြည်းမှုအချို့ ရှိနေသည်ဟု လည်း ခံစားမိသည်။
ကျင်းဝမ်ကို ပေးအပ်ထားတဲ့ ဝမ်ဘွဲ့ကို ဘယ်သူမှ မပြောင်းလဲနိုင်ဘူးဆိုပေမယ့် ကျင်းဝမ်က ဆွံ့နေသည့်အတွက် ထီးနန်းဆက်ခံနိုင်မည့် အလားအလာရှိသည့် သားတွေထဲကနေ မင်းကြီးက အစောကြီးကတည်းက ကျင်းဝမ်ကို ပယ်ထုတ်ထား ပြီးသားဖြစ်သည်။ ဆွံ့အ နေသူက ထီးနန်းဆက်ခံဖို့ အရည်အချင်းမပြည့်မီပေ။ ကျင်းဝမ်က သူ့ဖာသာသိပြီး ထီးနန်းအတွက် ယှဉ်ပြိုင်မှုထဲက သူ့ဖာသာ နှုတ်ထွက်သွားပြီလို့ အမြဲတွေးခဲ့တယ်။
ဒါပေမယ့် ကျင်းဝမ် က မလိုလားတဲ့ပုံပဲ...
ဧကရာဇ်မင်းကြီးက အလားလာ မရှိသူကို ထောက်ပံ့ပေးမည် မဟုတ်ဘူးဆိုတာ ကျင်းဝမ်က မသိဘူးလား။ အရင်တုန်းကဆိုရင် ကျင်းဝမ်က ထီးနန်းအတွက် အခွင့်ရေးကို လက်မလျှော့ချင်ဘူးဆိုတာ သိရရင် သူ့အတွက် ဒါက ဟာသ တစ်ခုလို့ပဲတွေးမိလိမ့်မည်။
ဒါပေမယ့် သူ့မွေးနေ့ပွဲမှာ ဒုတိယမင်းသားက အရူးတစ်ယောက်လို လုပ်ကိုင်နေဆဲ ဖြစ်နေတာကို တွေ့လိုက်ရပြီး တတိယမင်းသားက တားမြစ်ထားတဲ့ကြားထဲက ဝန်ကြီးတွေနဲ့ အဆက်အသွယ်ရှိ နေတုန်းပဲ၊ ဒုတိယနဲ့တတိယ မင်းသား နှစ်ယောက်လုံးက သူ သည်းမခံနိုင်သည့် အချက်ကို ကျူးလွန်နေခဲ့သည်။ ထီးနန်းဆက်ခံနိုင်ဖို့ အရွယ်ရောက် မင်းသားတွေ စဉ်းစားလိုက်တဲ့အခါ ဆဌမ မင်းသား တစ်ပါးတည်း ရှိတော့တယ်။ မင်းကြီးက လောလောဆယ် ဘယ်မင်းသားကိုမှ အိမ်ရှေ့စံအဖြစ် ပေးအပ်ဖို့ မစဉ်းစား သေးပေ။ သူက နှစ်အနည်းငယ်အတွင်း အရွယ်ရောက်လာမယ့် သတ္တမနှင့် အဋ္ဌမမြောက် မင်းသားများ၏ အရည်အချင်းများကို ကြည့်ရှု ရဦးမည် ဖြစ်သော်လည်း မင်းသားလေးများသည် ငယ်ရွယ်လွန်းလှသေးသည်။ မင်းကြီးရဲ့စိတ်ထဲမှာ ဆဌမ မင်းသားလည်း ထီးနန်းအတွက် မသင့်တော်ဘူး...
သူက ကျင်းဝမ်ကို လုံးဝ မစဉ်းစားမိခဲ့တာတော့ မဟုတ်ဘူး။
ကျင်းဝမ် သည် ဆွံ့အနေသော်လည်း သူ့ထီးနန်းကို ဆက်ခံဖို့ ရွေးချယ်ရန် သားတော်များ နည်းပါးလွန်းလှသည်။ ဒါကြောင့် ကျင်းဝမ် ဆွံ့နေတာက သိပ်တော့ အရေးမကြီးတော့ပေ။ သားသမီးများအတွက်တော့ တော်ဝင် သမားတော်က ကျင်းဝမ်က ကျန်းကျန်းမာမာနဲ့ သာမန် ကလေးတွေကို မွေးနိုင်ဖိုက အခွင့်ရေး ရှိသေးတယ်လို့ လျှောက်တင်ခဲ့တယ်။
ဧကရာဇ်က တိတ်တိတ်လေးတွေးတယ်၊ သူ့မှာ သားရှစ်ယောက်ရှိတယ်၊ တစ်ယောက်က ဆွံ့အတဲ့ရောဂါရှိတယ်၊ ကျင်းဝမ်က ပုံမှန် သားရှစ်ယောက်ကို ဖွားမြင်နိုင်တာက ပုံမှန် အားဖြင့် ဖြစ်နိုင်လောက်ပါရဲ့....
ကျင်းဝမ် သည် ဆွံ့အလို့ ထီးနန်းဆက်ခံရန် အရည်အချင်းမပြည့်မီဘူး ဆိုပေမယ့် ဆွံ့အတာက ရောဂါလို့ မယူဆဘူးဆိုရင် ကျင်းဝမ်က ဆဋ္ဌမမင်းသား သို့မဟုတ် ဒုတိယမင်းသားနှင့် နှိုင်းယှဉ်လျှင် မဆိုးလှပေ။
ဧကရာဇ်သည် ဒီလိုမျိုးတွေးပြီးနောက် ကျင်းဝမ်က ဘယ်လိုလုပ်ပြီး အောင်မြင်အောင် လုပ်မည်ကို သိချင်လို့ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
မဆိုးပါဘူး၊ တုံးအတဲ့ သားကို ထီးနန်းဆက်ခံဖို့ ပေးအပ်မယ့်အစား ထက်မြက်ပေမယ့် ဆွံ့နေသည့် သားကို ရွေးရင် ဒီသားက သေချာပေါက် ထူးခြားမှု ရှိရမယ်။
ရှီဖုန်းမြို့တွင် စစ်တပ်သည် ရုန်းရင်းဆန်ခတ်နှင့် ဘေးဥပဒ်များကြုံတွေ့နေရသည်။ မူလက ဧကရာဇ်မင်းကြီးသည် အနာဂတ် ထီးနန်းဆက်ခံမည့် မင်းသားရဲ့ အရည်ချင်းကို စမ်းသပ်ဖို့ ဒီနေရာကို စေလွှတ်ဖို့ စီစဉ်ထားခဲ့သည်။ ဘယ်လိုစီစဉ်ခဲ့ပါစေ အခု သူ့မှာ စေလွှတ်စရာ မင်းသားမရှိပေ။ ကျင်းဝမ် က စစ်တိုက်ချင်ရင် ကျင်းဝမ်ကို လွှတ်လိုက်လိမ့်မယ်။ ကျင်းဝမ်သာ အရည်ချင်းရှိရင် ထိုရှီဖုန်းမြို့ကို အေးချမ်းငြိမ်ဝပ်အောင် စီမံနိုင်လိမ့်မည်။ ဒီလိုသာ စီမံနိုင်ရင်.... ကျင်းဝမ်က....
"ဧကရာဇ်မင်း၊ အရှင်မင်းသား ကျင်းဝမ် ..မြို့တော်က ထွက်ခွာသွားပြီ။"
လျှိုလွေ့ရှန်း က တိုးတိုးလေးပြောလိုက်သည်။ ဧကရာဇ်သည် စေ့စေ့တွေးနေသော်လည်း အဖြေမထွက်ပေ။ လျှိုလွေ့ရှန်း က သူ့အသံက အရမ်းတိုးလို့ မင်းကြီး မကြားမည်ကို စိုးကာ ထပ်ပြောလိုက်တယ်။
ဧကရာဇ်သည် ရုတ်တရက်နိုးထလာပြီး ဆဋ္ဌမမြောက်မင်းသားကို ရှာရန် လျှိုလွေ့ရှန်း ကို အမိန့်ပေးခဲ့သည်။ ဆဋ္ဌမမင်းသားကို ရှင်းပြဖို့ သူ့မှာ တာဝန်ရှိတယ်။
တခြားမင်းသားတွေက ရှီဖုန်းကို စီမံဖို့ အရည်ချင်းရှိရင် သူလည်း အခွင့်ရေးပေး သင့်တယ်။ ကျင်းဝမ်လုပ်နိုင်ရင် သူလည်း လုပ်နိုင်မှာပါ!
*********-*********
ကျင်းဝမ် စံအိမ်တော်ရှေ့...
ကျင်းဝမ်က လီယွီကို သူနှင့်အတူ ခေါ်ဆောင်သွားမည်ဟု ကတိပေးခဲ့သည်။ အစောင့်တွေက သူတို့ရဲ့ ရထားတွေနဲ့ အရိုသေ ပေးလိုက်ကြသည်။ ရထားလုံးထဲမှာ သလင်းကျောက်ပုလင်း လည်း ရှိတယ်။ ငါးကန်ကြီးကို တွန်းလှည်းကြီးပေါ် တင်ထားသည်။
အားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း သခင်လေးလီ ထွက်လာသောအခါ အနည်းငယ်စိုးရိမ်နေသည်။ ဒါက ကျင်းဝမ်က သူ့ကို ဈေးဝယ်ထွက်ဖို့ ခေါ်တာ မဟုတ်ပဲ ခရီးရှည်ထွက်ဖို့ အတူခေါ်တာ ဖြစ်သည်။ ဒီခရီးက ရထားလုံးဖြင့် ခရီးသွားရင် တစ်လ ကြာပြီး ခြေကျင်လျှောက်ရင် ရောက်ဖို့ နှစ်လခွဲကြာတယ်။ လီယွီသည် လမ်းပေါ်တွင် အချိန်အများစုကို ရထားပေါ်၌ ကျင်းဝမ်နဲ့ အတူ နေထိုင် စားသောက်ကာ နေသွားရမည် ဖြစ်သည်။
ငါးပုံစံနဲ့ ရထားလုံးပေါ်က ငါးကန်ထဲမှာ အိပ်လိုက်၊ စားလိုက်နဲ့ လိုက်သွားရင် အဆင်ပြေပေမယ့် လူသားပုံစံနဲ့ဆိုရင် သူက တစ်ရက်ကို တစ်နာရီပဲ ပြောင်းနိုင်သည်။ ဒီရထားလုံးထဲမှာသူက ငါးကနေ လူသားအသွင်ကို ဘယ်လိုပြောင်းနိုင်မှာလဲ။ အဲ့လိုမပြောင်းရင်လည်း ကျင်းဝမ်ကို သူ တစ်ယောက်တည်း ထားခဲ့ရလိမ့်မည်။
နေ့တိုင်း လမ်းပေါ်မှာငါးက ဘယ်လို လူသားအသွင် ပြောင်းနိုင်မှာလဲ...?
မြင်းရထားကို အစောင့်တွေက ဝိုင်းထားတယ်။ သခင်လေးလီက ရထားလုံးထဲက ထွက်သွားရင် အစောင့်တွေ သေချာပေါက်မြင်လိမ့်မယ်။ လက်တွေ့မှာ သခင်လေးလီက အဲ့လို အပြင်ထွက်ထွက်ပြီး ငါးအသွင်ပြောင်းတာကို လုပ်နေလို့မရဘူးလေ။ အဲ့လိုလုပ်ရင် သူ့မူလဇစ်မြစ်က လုံးဝပေါ်သွားလိမ့်မည်။
အကောင်းဆုံးကတော့ တလမ်းလုံး ငါးပုံစံနဲ့ လိုက်သွားဖို့ပဲ။ ဒါဆိုရင် သူက ကျင်းဝမ်နဲ့ပဲ ထိတွေ့ဆက်ဆံရလိမ့်မည်။
သို့သော် ငတုံးလေး လီယွီသည် ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများကို အတူ ဝေမျှလိုသောကြောင့် စဉ်းစားဉာဏ် ဆုံးရှုံးသွားခဲ့သည်။ တွေးတောင်မတွေးဘဲ သူ့ကို လူသားပုံစံနဲ့ ကျင်းဝမ်နဲ့အတူ လိုက်ချလာခဲ့သည်။ ဒါက တကယ့်ကို သူက ကြွားဝါရာကျပြီး သူ့ဖာသာ အခက်တွေ့အောင် လုပ်လိုက်မိတာပဲ။
အခုမှ ဝမ်းနည်းပေမယ့် လီယွီက ဘာမှ ပြောင်းလို့မရတော့ဘူး။ ကျင်းဝမ်က သခင်လေးလီနဲ့ ရထားလုံးထဲ နေ့အတူ ညအတူ ရှိနေပြီး သခင်လေးလီရဲ့ တိုဟူးကို စားနိုင်လိမ့်မည်။ ဒါဆိုရင် သခင်လေးလီ က အရှုံးပဲ မဟုတ်လား။ အမေရေ... ဒီနည်းနဲ့ ဆိုရင် အမေ့သားလေးတော့....မလွယ်ဘူး....!
လီယွီသည် ထွက်ခွာရန် စဉ်းစားနေသော်လည်း ဘယ်နည်းလမ်းကို ထွက်ရမလဲဆိုတာ မစဉ်းစားနိုင်ပေ။ ဝမ်ရှီက ရထားကို ပြင်ဆင်ပြီး လီယွီကို ရထားပေါ်တက်ခိုင်းသည်။ လီယွီသည် အတွေးများပြည့်နေသော သလင်းကျောက်ပုလင်းတင်ထားသော ရထားလုံး ပေါ်သို့တက်စဉ် ချော်လဲလု နီးပါးဖြစ်ခဲ့သည်။ ကံကောင်းထောက်မစွာပဲ ကျင်းဝမ် က မြင်လိုက်ပြီး အမြန်ဖမ်းဆုပ်လိုက်သည်။ လီယွီက ရထားလုံးစီးတာထက် ပြုတ်ကျလုနီးနီးဖြစ်တဲ့ မြင်းကို စီးချင်ပုံရသည်။ ဒါပေမယ့် ကျင်းဝမ် က ရှောင်ယွီကို ရထားထဲပဲ တွဲပို့ပေးလိုက်သည်။
မကြာခင်မှာပဲ ကျင်းဝမ် ဟာ ရထားလုံး ထဲကို ဝင်လာပြီး လီယွီကို ကြည့်ရတာ အဆင်မပြေကြောင်း အတည်ပြုခဲ့ပါတယ်။ လီယွီသည် ဖြစ်ပျက်နေသည့်အရာ များကို မဖုံးကွယ်နိုင်ပေ။ ကျင်းဝမ် သည် ထိတ်လန့်သော အမူအရာဖြင့် စိုးရိမ်နေသည့် ရှောင်ယွီရဲ့ မျက်ဝန်းလေးကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြုံးပြကာ ထွက်သွားပြန်သည်။
လီယွီ: ? ? ?
ကျင်းဝမ် သည် ရထားပေါ်ပြန်မတက်တော့ဘဲ ရထားဘေးတွင် သီးခြားစီမြင်း စီးခဲ့သည်။
လီယွီ အံ့သြသွားသည် ၊ ကျင်းဝမ် က ရထားလုံး မစီးဘူးလား?
သူ ရထားလုံးပြတင်းက လိုက်ကာကို ဖွင့်လိုက်ကာ တစ်စုံတစ်ယောက်အား မေးရန်ပြင်စဉ် ဝမ့်ရှီး၏ရုပ်သွင်ကို အပြင်ဘက်တွင် ရှိနေသည်ကို တွေ့လိုက်ရ သည်။
"ဝမ့်ကုန်းကုန်း...ဘာတွေ ဖြစ်နေတာလဲ "
ဝမ့်ရှီး သည် ရှီဖုန်းမြို့သို့ အတူလိုက်မည်ဖြစ်ကာ သူလည်း ရထားလုံး ပေါ်တက်ရန် မစီစဉ်ဘဲ မြင်းစီးကာ တစ်ဖက်သို့ လိုက်သွားခဲ့သည်။
"ဝမ့်ကုန်းကုန်း ရထားလုံးထဲ မလိုက်ဘူးလား!"
လီယွီ ပြောလိုက်တာကိုမြင်တော့ ဝမ့်ရှီးက လီယွီကို အမြန်ပြန်ထိုင်ခိုင်းပြီး ပြုံးပြီး ပြောလိုက်သည်။
"အရှင်မင်းသားက အမိန့်ရှိတယ်၊ ဝမ်ဖေးက ကိုယ်ဝန်ရှိနေတယ်...။ အရှင်မင်းသားက ဝမ်ဖေး..လမ်းတစ်လျှောက်မှာ ငြီးငွေ့လာမှာကို ကြောက်လို့ ရထားထဲမှာ သခင်လေးရှောင်ယွီကို အဖော်ပြုခိုင်းထာပါတယ်။ တခုခုလိုအပ်ရင် ကျွန်တော်မျိုးကို ခေါ်လိုက်ပါ။ ဒီကျွန်အိုကြီးက ရထားလုံးအပြင်နားက တောက်လျှောက် လိုက်နေမှာပါ။ "
ဝမ့်ရှီး က သူ့စိတ်နှလုံးထဲမှာ ရွှင်လန်းနေပြီး ယောက်ျားလေးက ဘယ်လို ကိုယ်ဝန်ရနိုင်လဲ၊ ဒါက ကျင်းဝမ်ရဲ့အကြံပဲဖြစ်ရမယ်၊ အရှင်မင်းသားလည်း သခင်လေးလီကို ကျီစယ်ရတာကို ကြိုက်ပုံရတယ်လို့ တွေးနေသည်။
လီယွီ: "..."
လီယွီသည် ကျင်းဝမ် ကို အဝေးက စိုက်ကြည့်တော့ ကျင်းဝမ်က ပြုံးကာ ပြန်ကြည့်ခဲ့သည်။ လီယွီသည် ဒီအပြုံးကို မြင်တော့ လူယုတ်မာကြီးက သူ့ကို စားဖို့ ဝါးဖို့ စောင့်နေသည် ဆိုသည့် သဘောဖြင့် ပြုံးနေသည်ဟုသာ တွေးလိုက်မိသည် ။
ဒါပေမယ့် ကျင်းဝမ် က သူ့အတွက် အရမ်းစဉ်းစားပေးခဲ့တယ်၊ ဒါက သူ အသွင်ပြောင်းတဲ့အခါ ရထားပေါ်မှာရှိတဲ့ လူတွေမြင်သွားမှာကို စိုးရိမ်စရာ မလိုတော့ဘူး မဟုတ်လား။ ရထားလုံးတစ်ခုလုံး သူတစ်ယောက်တည်းရှိမှာတော့ ဘာမှ ကြောက်စရာ မလိုတော့ဘူး။
သူ့မူလဇစ်မြစ် မပေါ်ချင်တဲ့အတွက် သခင်လေးလီ သည် ကိုယ်ဝန်ရှိသလို ဟန်ဆောင်နေရုံသာ ရှိတော့သည်။
*********-********
Chapter (77-2) - ကိုယ္ဝန္ရွိေနေသာ ဝမ္ေဖး
ခ်န္းခ်င္း နန္းေတာ္။
အဝါေရာင္ေတာက္ေတာက္ နဂါးဝတ္႐ုံကို ၀တ္ဆင္ထားေသာ ဧကရာဇ္ဘုရင္ ႀကီး သည္ ႀကိဳးႀကာနဲ႕ သက္ေတာ္ရွည္မက္မြန္သီးေတြ ပါဝင္သည့္ ေမြးေန႕ လက္ေဆာင္ ပန္းခ်ီကားကို ေငးႀကည့္ရင္း ဘာေတြးေနသည္ကို ဘယ္သူမွ မသိေပ။
အခ်ိန္အေတာ္ၾကာၿပီးေနာက္ ဧကရာဇ္မင္းသည္ မ်က္လႊာပင့္ကာ သူ႔အနီးနားရွိလူမ်ားကို ေမးလိုက္သည္။
"သူ .... ေကာင္းေကာင္း ျပန္သြားရဲ႕လား...?"
အပါးေတာ္ျမဲ လွ်ိဳသည္ ဧကရာဇ္မင္းျမတ္၏ႏႈတ္က ထုတ္ေျပာလိုက္သူက ဘယ္သူဆုိတာ သိျပီးေနာက္ ဂရုတစိုက္ေျဖလိုက္သည္။
"အရွင္မင္းသားက ခ်န္ခြၽန္းနန္းေတာ္သို႔ သြားျပီး ပထမမိဖုရားေခါင္ႀကီးရဲ႕ ကဗ်ည္းတုိင္ကို အေမႊးတုိင္ သံုးေခ်ာင္းနဲ႕ ပူေဇာ္ခဲ့ပါတယ္။ အခု နန္းေတာ္က ထြက္သြားျပီး သူ႕စံအိမ္ကို ရထားလံုးနဲ႕ ျပန္သြားပါျပီ။ "
ဧကရာဇ္သည္ ေခါင္းညိတ္ျပၿပီး က်င္းဝမ္၏ သေဘာထားကို ေက်နပ္သည္။ ဒီသားေလးက အေဝးကို မေရာက္ဖူးဘူး။ ဧကရာဇ္မင္းသည္ က်င္းဝမ္၏လုံၿခဳံေရးအတြက္ စိုးရိမ္ၿပီး လွ်ိဳေလြ႕ရွန္း အား အမိန္႕ေပးလိုက္သည္။
"သူ႔ကို လွ်ိဳ႕ဝွက္ကာကြယ္ဖို႕ သက္ေတာ္ေစာင့္ အဖြဲ႕ႏွစ္ဖြဲ႕ကို ေစလႊတ္လိုက္ပါ"
လွ်ိဳေလြ႕ရွန္း က နာခံေႀကာင့္ ေလွ်ာက္တင္ခဲ့သည္။ ဧကရာဇ္မင္းသည္ အပါးေတာ္ျမဲ ကို ခဏစိုက္ၾကည့္ကာ ႐ုတ္တရက္ ေမးလိုက္သည္။
"ငါကိုယ္ေတာ္ရဲ႕လုပ္ရပ္က ရက္စက္တယ္လို႔ ေမာင္မင္း ထင္သလား၊ က်င္းဝမ္ေပးခဲ့တဲ့ လက္ေဆာင္က ငါကိုယ္ေတာ္ အတြက္ အေကာင္းဆုံးပဲ၊ ဒါေပမယ့္ ငါကိုယ္ေတာ္က သူ႔ကို ရွီဖုန္းျမိဳ႕ကို ပို႕လိုက္တယ္"
လွ်ိဳေလြ႕ရွန္း က သူ႔စိတ္ထဲမွာ အဲဒီလို ေတြးေနေပမယ့္ ဝန္မခံဝံ့ဘဲ ေရွာင္ကာ ေလွ်ာက္တင္လိုက္သည္။
"ကြၽန္ေတာ္မ်ိဳးက ဧကရာဇ္မင္းျမတ္ႀကီးရဲ႕ ဆုံးျဖတ္ခ်က္ကို မေဝဖန္ရဲပါဘူး။ ကြ်န္ေတာ္မ်ိဳးက အရွင္ ဧကရာဇ္မင္းကို သစၥာေစာင့္သိဖို႕နဲ႕ အရွင္မင္းႀကီးရဲ႕ အမိန္႕ေတြကို လိုက္နာဖို႔ပဲ စိတ္ထဲ ထည့္ထားပါတယ္။ "
"ဒါဆို ပိုေကာင္းတာေပါ့။"
တဖက္လူက နားလည္မႈလြဲေနတာေတာင္ ဂ႐ုမစိုက္ဘဲ ဧကရာဇ္က ၿပဳံးလိုက္ တယ္။ က်င္းဝမ္ ၏လက္ေဆာင္သည္ ဧကရာဇ္မင္းျမတ္၏ႏွလုံးသားကို အမ်ားဆုံး ရရွိခဲ့ၿပီး ဧကရာဇ္မင္းႀကီးက ဒီလက္ေဆာင္ေၾကာင့္ က်င္းဝမ္ရဲ႕ တိုးတက္မႈကို သတိထားမိသြားခဲ့တယ္။
က်င္းဝမ္ သည္ ႏွစ္ေပါင္းမ်ားစြာ သူ႕လက္ေရးနဲ႕ေမြးေန႕ဆုေတာင္းစာမ်ားသာ ေပးပို႔ခဲ့ၿပီး၊ သူသည္ ဧကရာဇ္မင္းျမတ္အား အၿမဲေအးစက္စြာ လ်စ္လ်ဴရႈခဲ့သည္။ ဒီသည္မွာ ဧကရာဇ္မင္းႏွင့္ က်င္းဝမ္ႀကားက တိတ္တဆိတ္ နားလည္မႈတစ္ခုဟု ထင္ရေသာ္လည္း ႐ုတ္တရက္ တစ္ေန႔တြင္ က်င္းဝမ္က ဧကရာဇ္မင္းအား သူ႔ေက်းဇူးတင္မႈကို ျပသခဲ့သည္။
ဒါက ဘာကို ဆိုလိုခ်င္တာလဲ...
ဧကရာဇ္က အဲဒါကို လုံးဝ မစဥ္းစားမိဘူး။ ဧကရာဇ္ကိုယ္တိုင္ ဒီနည္းျဖင့္ ဒီေနရာသို႔ ေရာက္ရွိလာသူျဖစ္လို႕ သူက က်င္းဝမ္ဆီမွာ တိတ္တဆိ္တ္ ႀကံစည္ထားတာမ်ားရွိကာ ထီးနန္းအတြက္ တိုက္ခိုက္ရန္ စိတ္ကူးရွိမည္ကို ေၾကာက္႐ြံ႕ေနမိသည္။
ဧကရာဇ္မင္းႀကီးက မင္းသားဘဝကို ေက်ာ္ျဖတ္ခဲ့တာ နွစ္ေပါင္းမ်ားစြာ ႀကာေနျပီဆုိေပမယ့္ မင္းသားတစ္ပါး မွာ ဒီလိုအႀကံအစည္ရွိေနတာ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။ ဒုတိယႏွင့္ တတိယမင္းသားမ်ားသည္ အမွားအယြင္း မလုပ္ခဲ့ဘူးဆုိရင္ မင္းႀကီးက သူတုိ႕ကို အခြင့္ေရးေပးလိုက္မည္ ျဖစ္ေပမယ့္ အခုက က်င္းဝမ္ျဖစ္ေနသည္။ ဒါေႀကာင့္ မင္းႀကီးက အံ့ၾသသြားတယ္။ က်င္းဝမ္ဆီမွာ ထုတ္မေျပာႏိုင္ေသာ ဝမ္းနည္းမႈႏွင့္ နာၾကည္းမႈအခ်ိဳ႕ ရွိေနသည္ဟု လည္း ခံစားမိသည္။
က်င္းဝမ္ကို ေပးအပ္ထားတဲ့ ဝမ္ဘြဲ႕ကို ဘယ္သူမွ မေျပာင္းလဲနုိင္ဘူးဆိုေပမယ့္ က်င္းဝမ္က ဆြံ႕ေနသည့္အတြက္ ထီးနန္းဆက္ခံနိုင္မည့္ အလားအလာရွိသည့္ သားေတြထဲကေန မင္းႀကီးက အေစာႀကီးကတည္းက က်င္းဝမ္ကို ပယ္ထုတ္ထား ျပီးသားျဖစ္သည္။ ဆြံ႕အ ေနသူက ထီးနန္းဆက္ခံဖို႕ အရည္အခ်င္းမျပည့္မီေပ။ က်င္းဝမ္က သူ႕ဖာသာသိျပီး ထီးနန္းအတြက္ ယွဥ္ျပိဳင္မႈထဲက သူ႕ဖာသာ ႏႈတ္ထြက္သြားၿပီလို႔ အၿမဲေတြးခဲ့တယ္။
ဒါေပမယ့္ က်င္းဝမ္ က မလိုလားတဲ့ပုံပဲ...
ဧကရာဇ္မင္းႀကီးက အလားလာ မရွိသူကို ေထာက္ပံ့ေပးမည္ မဟုတ္ဘူးဆုိတာ က်င္းဝမ္က မသိဘူးလား။ အရင္တုန္းကဆုိရင္ က်င္းဝမ္က ထီးနန္းအတြက္ အခြင့္ေရးကို လက္မေလွ်ာ့ခ်င္ဘူးဆုိတာ သိရရင္ သူ႕အတြက္ ဒါက ဟာသ တစ္ခုလို႕ပဲေတြးမိလိမ့္မည္။
ဒါေပမယ့့္ သူ႕ေမြးေန႕ပြဲမွာ ဒုတိယမင္းသားက အ႐ူးတစ္ေယာက္လို လုပ္ကိုင္ေနဆဲ ျဖစ္ေနတာကို ေတြ႕လိုက္ရၿပီး တတိယမင္းသားက တားျမစ္ထားတဲ့ႀကားထဲက ဝန္ႀကီးေတြနဲ႕ အဆက္အသြယ္ရွိ ေနတုန္းပဲ၊ ဒုတိယနဲ႕တတိယ မင္းသား ႏွစ္ေယာက္လုံးက သူ သည္းမခံနုိင္သည့္ အခ်က္ကို က်ဴးလြန္ေနခဲ့သည္။ ထီးနန္းဆက္ခံနုိင္ဖို႕ အ႐ြယ္ေရာက္ မင္းသားေတြ စဥ္းစားလိုက္တဲ့အခါ ဆဌမ မင္းသား တစ္ပါးတည္း ရွိေတာ့တယ္။ မင္းႀကီးက ေလာေလာဆယ္ ဘယ္မင္းသားကိုမွ အိမ္ေရွ႕စံအျဖစ္ ေပးအပ္ဖို႕ မစဥ္းစား ေသးေပ။ သူက ႏွစ္အနည္းငယ္အတြင္း အရြယ္ေရာက္လာမယ့္ သတၱမႏွင့္ အ႒မေျမာက္ မင္းသားမ်ား၏ အရည္အခ်င္းမ်ားကို ၾကည့္ရႈ ရဦးမည္ ျဖစ္ေသာ္လည္း မင္းသားေလးမ်ားသည္ ငယ္႐ြယ္လြန္းလွေသးသည္။ မင္းႀကီးရဲ႕စိတ္ထဲမွာ ဆဌမ မင္းသားလည္း ထီးနန္းအတြက္ မသင့္ေတာ္ဘူး...
သူက က်င္းဝမ္ကို လုံးဝ မစဥ္းစားမိခဲ့တာေတာ့ မဟုတ္ဘူး။
က်င္းဝမ္ သည္ ဆြံ႕အေနေသာ္လည္း သူ႕ထီးနန္းကို ဆက္ခံဖို႕ ေ႐ြးခ်ယ္ရန္ သားေတာ္မ်ား နည္းပါးလြန္းလွသည္။ ဒါေႀကာင့္ က်င္းဝမ္ ဆြံ႕ေနတာက သိပ္ေတာ့ အေရးမႀကီးေတာ့ေပ။ သားသမီးမ်ားအတြက္ေတာ့ ေတာ္ဝင္ သမားေတာ္က က်င္းဝမ္က က်န္းက်န္းမာမာနဲ႕ သာမန္ ကေလးေတြကို ေမြးနိုင္ဖိုက အခြင့္ေရး ရွိေသးတယ္လုိ႕ ေလွ်ာက္တင္ခဲ့တယ္။
ဧကရာဇ္က တိတ္တိတ္ေလးေတြးတယ္၊ သူ႔မွာ သားရွစ္ေယာက္ရွိတယ္၊ တစ္ေယာက္က ဆြံ႕အတဲ့ေရာဂါရွိတယ္၊ က်င္းဝမ္က ပံုမွန္ သားရွစ္ေယာက္ကို ဖြားျမင္နိုင္တာက ပုံမွန္ အားျဖင့္ ျဖစ္နုိင္ေလာက္ပါရဲ႕....
က်င္းဝမ္ သည္ ဆြံ႕အလို႕ ထိီးနန္းဆက္ခံရန္ အရည္အခ်င္းမျပည့္မီဘူး ဆိုေပမယ့္ ဆြံ႕အတာက ေရာဂါလို႕ မယူဆဘူးဆုိရင္ က်င္းဝမ္က ဆ႒မမင္းသား သို႔မဟုတ္ ဒုတိယမင္းသားႏွင့္ ႏႈိင္းယွဥ္လွ်င္ မဆိုးလွေပ။
ဧကရာဇ္သည္ ဒီလိုမ်ိဳးေတြးျပီးေနာက္ က်င္းဝမ္က ဘယ္လိုလုပ္ျပီး ေအာင္ျမင္ေအာင္ လုပ္မည္ကို သိခ်င္လို႕ အနည္းငယ္ စိတ္လႈပ္ရွားသြားသည္။
မဆိုးပါဘူး၊ တံုးအတဲ့ သားကို ထီးနန္းဆက္ခံဖို႕ ေပးအပ္မယ့္အစား ထက္ျမက္ေပမယ့္ ဆြံ႕ေနသည့္ သားကို ေ႐ြးရင္ ဒီသားက ေသခ်ာေပါက္ ထူးျခားမႈ ရွိရမယ္။
ရွီဖုန္းျမိဳ႕တြင္ စစ္တပ္သည္ ႐ုန္းရင္းဆန္ခတ္ႏွင့္ ေဘးဥပဒ္မ်ားႀကဳံေတြ႕ေနရသည္။ မူလက ဧကရာဇ္မင္းႀကီးသည္ အနာဂတ္ ထီးနန္းဆက္ခံမည့္ မင္းသားရဲ႕ အရည္ခ်င္းကို စမ္းသပ္ဖုိ႕ ဒီေနရာကို ေစလႊတ္ဖို႕ စီစဥ္ထားခဲ့သည္။ ဘယ္လိုစီစဥ္ခဲ့ပါေစ အခု သူ႕မွာ ေစလႊတ္စရာ မင္းသားမရွိေပ။ က်င္းဝမ္ က စစ္တိုက္ခ်င္ရင္ က်င္းဝမ္ကို လႊတ္လိုက္လိမ့္မယ္။ က်င္းဝမ္သာ အရည္ခ်င္းရွိရင္ ထုိရွီဖုန္းျမိဳ႕ကို ေအးခ်မ္းျငိမ္ဝပ္ေအာင္ စီမံနုိင္လိမ့္မည္။ ဒီလိုသာ စီမံနုိင္ရင္.... က်င္းဝမ္က....
"ဧကရာဇ္မင္း၊ အရွင္မင္းသား က်င္းဝမ္ ..ျမိဳ႕ေတာ္က ထြက္ခြာသြားၿပီ။"
လွ်ိဳေလြ႕ရွန္း က တိုးတိုးေလးေျပာလိုက္သည္။ ဧကရာဇ္သည္ ေစ့ေစ့ေတြးေနေသာ္လည္း အေျဖမထြက္ေပ။ လွ်ိဳေလြ႕ရွန္း က သူ႔အသံက အရမ္းတိုးလို႕ မင္းႀကီး မႀကားမည္ကို စိုးကာ ထပ္ေျပာလိုက္တယ္။
ဧကရာဇ္သည္ ႐ုတ္တရက္ႏိုးထလာၿပီး ဆ႒မေျမာက္မင္းသားကို ရွာရန္ လွ်ိဳေလြ႕ရွန္း ကို အမိန႔္ေပးခဲ့သည္။ ဆ႒မမင္းသားကို ရွင္းျပဖို႔ သူ႕မွာ တာဝန္ရွိတယ္။
တျခားမင္းသားေတြက ရွီဖုန္းကို စီမံဖို႕ အရည္ခ်င္းရွိရင္ သူလည္း အခြင့္ေရးေပး သင့္တယ္။ က်င္းဝမ္လုပ္ႏိုင္ရင္ သူလည္း လုပ္ႏိုင္မွာပါ!
*********-*********
က်င္းဝမ္ စံအိမ္ေတာ္ေရွ႕...
က်င္းဝမ္က လီယြီကို သူႏွင့္အတူ ေခၚေဆာင္သြားမည္ဟု ကတိေပးခဲ့သည္။ အေစာင့္ေတြက သူတို႔ရဲ႕ ရထားေတြနဲ႔ အရိုေသ ေပးလိုက္ႀကသည္။ ရထားလံုးထဲမွာ သလင္းေက်ာက္ပုလင္း လည္း ရွိတယ္။ ငါးကန္ႀကီးကို တြန္းလွည္းႀကီးေပၚ တင္ထားသည္။
အားလုံးအဆင္သင့္ျဖစ္ေနၿပီျဖစ္ေသာ္လည္း သခင္ေလးလီ ထြက္လာေသာအခါ အနည္းငယ္စိုးရိမ္ေနသည္။ ဒါက က်င္းဝမ္က သူ႔ကို ေဈးဝယ္ထြက္ဖို႕ ေခၚတာ မဟုတ္ပဲ ခရီးရွည္ထြက္ဖုိ႕ အတူေခၚတာ ျဖစ္သည္။ ဒီခရီးက ရထားလံုးျဖင့္ ခရီးသြားရင္ တစ္လ ႀကာျပီး ေျခက်င္ေလွ်ာက္ရင္ ေရာက္ဖို႔ ႏွစ္လခြဲၾကာတယ္။ လီယြီသည္ လမ္းေပၚတြင္ အခ်ိန္အမ်ားစုကို ရထားေပၚ၌ က်င္းဝမ္နဲ႕ အတူ ေနထိုင္ စားေသာက္ကာ ေနသြားရမည္ ျဖစ္သည္။
ငါးပံုစံနဲ႕ ရထားလံုးေပၚက ငါးကန္ထဲမွာ အိပ္လိုက္၊ စားလိုက္နဲ႕ လိုက္သြားရင္ အဆင္ေျပေပမယ့္ လူသားပံုစံနဲ႕ဆုိရင္ သူက တစ္ရက္ကို တစ္နာရီပဲ ေျပာင္းနုိင္သည္။ ဒီရထားလံုးထဲမွာသူက ငါးကေန လူသားအသြင္ကို ဘယ္လိုေျပာင္းနုိင္မွာလဲ။ အဲ့လိုမေျပာင္းရင္လည္း က်င္းဝမ္ကို သူ တစ္ေယာက္တည္း ထားခဲ့ရလိမ့္မည္။
ေန႔တိုင္း လမ္းေပၚမွာငါးက ဘယ္လို လူသားအသြင္ ေျပာင္းနိုင္မွာလဲ...?
ျမင္းရထားကို အေစာင့္ေတြက ဝိုင္းထားတယ္။ သခင္ေလးလီက ရထားလံုးထဲက ထြက္သြားရင္ အေစာင့္ေတြ ေသခ်ာေပါက္ျမင္လိမ့္မယ္။ လက္ေတြ႕မွာ သခင္ေလးလီက အဲ့လို အျပင္ထြက္ထြက္ျပီး ငါးအသြင္ေျပာင္းတာကို လုပ္ေနလို႕မရဘူးေလ။ အဲ့လိုလုပ္ရင္ သူ႕မူလဇစ္ျမစ္က လံုးဝေပၚသြားလိမ့္မည္။
အေကာင္းဆံုးကေတာ့ တလမ္းလံုး ငါးပံုစံနဲ႕ လိုက္သြားဖို႕ပဲ။ ဒါဆိုရင္ သူက က်င္းဝမ္နဲ႕ပဲ ထိေတြ႕ဆက္ဆံရလိမ့္မည္။
သို႔ေသာ္ ငတံုးေလး လီယြီသည္ ေပ်ာ္႐ႊင္မႈႏွင့္ ဝမ္းနည္းမႈမ်ားကို အတူ ေဝမွ်လိုေသာေၾကာင့္ စဥ္းစားဥာဏ္ ဆုံးရႈံးသြားခဲ့သည္။ ေတြးေတာင္မေတြးဘဲ သူ႔ကို လူသားပုံစံနဲ႔ က်င္းဝမ္နဲ႕အတူ လိုက္ခ်လာခဲ့သည္။ ဒါက တကယ့့္ကို သူက ႀကြားဝါရာက်ျပီး သူ႕ဖာသာ အခက္ေတြ႕ေအာင္ လုပ္လိုက္မိတာပဲ။
အခုမွ ဝမ္းနည္းေပမယ့္ လီယြီက ဘာမွ ေျပာင္းလို႕မရေတာ့ဘူး။ က်င္းဝမ္က သခင္ေလးလီနဲ႕ ရထားလံုးထဲ ေန႕အတူ ညအတူ ရွိေနျပီး သခင္ေလးလီရဲ႕ တုိဟူးကို စားနုိင္လိမ့္မည္။ ဒါဆိုရင္ သခင္ေလးလီ က အရႈံးပဲ မဟုတ္လား။ အေမေရ... ဒီနည္းနဲ႔ ဆိုရင္ အေမ့သားေလးေတာ့....မလြယ္ဘူး....!
လီယြီသည္ ထြက္ခြာရန္ စဥ္းစားေနေသာ္လည္း ဘယ္နည္းလမ္းကို ထြက္ရမလဲဆုိတာ မစဥ္းစားႏိုင္ေပ။ ဝမ္ရွီက ရထားကို ျပင္ဆင္ၿပီး လီယြီကို ရထားေပၚတက္ခိုင္းသည္။ လီယြီသည္ အေတြးမ်ားျပည့္ေနေသာ သလင္းေက်ာက္ပုလင္းတင္ထားေသာ ရထားလံုး ေပၚသို႔တက္စဥ္ ေခ်ာ္လဲလု နီးပါးျဖစ္ခဲ့သည္။ ကံေကာင္းေထာက္မစြာပဲ က်င္းဝမ္ က ျမင္လိုက္ျပီး အျမန္ဖမ္းဆုပ္လိုက္သည္။ လီယြီက ရထားလံုးစီးတာထက္ ျပဳတ္က်လုနီးနီးျဖစ္တဲ့ ျမင္းကို စီးခ်င္ပံုရသည္။ ဒါေပမယ့္ က်င္းဝမ္ က ေရွာင္ယြီကို ရထားထဲပဲ တြဲပို႕ေပးလိုက္သည္။
မၾကာခင္မွာပဲ က်င္းဝမ္ ဟာ ရထားလံုး ထဲကို ဝင္လာၿပီး လီယြီကို ၾကည့္ရတာ အဆင္မေျပေၾကာင္း အတည္ျပဳခဲ့ပါတယ္။ လီယြီသည္ ျဖစ္ပ်က္ေနသည့္အရာ မ်ားကို မဖုံးကြယ္ႏိုင္ေပ။ က်င္းဝမ္ သည္ ထိတ္လန႔္ေသာ အမူအရာျဖင့္ စိုးရိမ္ေနသည့္ ေရွာင္ယြီရဲ႕ မ်က္ဝန္းေလးကို ႀကည့္ကာ ေပါ့ေပါ့ပါးပါး ၿပဳံးျပကာ ထြက္သြားျပန္သည္။
လီယြီ: ? ? ?
က်င္းဝမ္ သည္ ရထားေပၚျပန္မတက္ေတာ့ဘဲ ရထားေဘးတြင္ သီးျခားစီျမင္း စီးခဲ့သည္။
လီယြီ အံ့ၾသသြားသည္ ၊ က်င္းဝမ္ က ရထားလံုး မစီးဘူးလား?
သူ ရထားလံုးျပတင္းက လိုက္ကာကို ဖြင့္လိုက္ကာ တစ္စုံတစ္ေယာက္အား ေမးရန္ျပင္စဥ္ ဝမ့္ရွီး၏႐ုပ္သြင္ကို အျပင္ဘက္တြင္ ရွိေနသည္ကို ေတြ႕လိုက္ရ သည္။
"ဝမ့္ကုန္းကုန္း...ဘာေတြ ျဖစ္ေနတာလဲ "
ဝမ့္ရွီး သည္ ရွီဖုန္းျမိဳ႕သို႕ အတူလိုက္မည္ျဖစ္ကာ သူလည္း ရထားလံုး ေပၚတက္ရန္ မစီစဥ္ဘဲ ျမင္းစီးကာ တစ္ဖက္သို႔ လိုက္သြားခဲ့သည္။
"ဝမ့္ကုန္းကုန္း ရထားလံုးထဲ မလိုက္ဘူးလား!"
လီယြီ ေျပာလိုက္တာကိုျမင္ေတာ့ ဝမ့္ရွီးက လီယြီကို အျမန္ျပန္ထိုင္ခိုင္းၿပီး ၿပဳံးၿပီး ေျပာလိုက္သည္။
"အရွင္မင္းသားက အမိန႔္ရွိတယ္၊ ဝမ္ေဖးက ကိုယ္ဝန္ရွိေနတယ္...။ အရွင္မင္းသားက ဝမ္ေဖး..လမ္းတစ္ေလွ်ာက္မွာ ၿငီးေငြ႕လာမွာကို ေၾကာက္လို႔ ရထားထဲမွာ သခင္ေလးေရွာင္ယြီကို အေဖာ္ျပဳခိုင္းထာပါတယ္။ တခုခုလိုအပ္ရင္ ကြ်န္ေတာ္မ်ိဳးကို ေခၚလိုက္ပါ။ ဒီကြ်န္အိုႀကီးက ရထားလံုးအျပင္နားက ေတာက္ေလွ်ာက္ လိုက္ေနမွာပါ။ "
ဝမ့္ရွီး က သူ႔စိတ္ႏွလုံးထဲမွာ ႐ႊင္လန္းေနၿပီး ေယာက္်ားေလးက ဘယ္လို ကိုယ္ဝန္ရႏိုင္လဲ၊ ဒါက က်င္းဝမ္ရဲ႕အႀကံပဲျဖစ္ရမယ္၊ အရွင္မင္းသားလည္း သခင္ေလးလီကို က်ီစယ္ရတာကို ႀကိဳက္ပံုရတယ္လို႕ ေတြးေနသည္။
လီယြီ: "..."
လီယြီသည္ က်င္းဝမ္ ကို အေဝးက စိုက္ၾကည့္ေတာ့ က်င္းဝမ္က ၿပဳံးကာ ျပန္ၾကည့္ခဲ့သည္။ လီယြီသည္ ဒီအၿပဳံးကို ျမင္ေတာ့ လူယုတ္မာႀကီးက သူ႕ကို စားဖို႕ ဝါးဖို႕ ေစာင့္ေနသည္ ဆုိသည့္ သေဘာျဖင့္ ျပံဳးေနသည္ဟုသာ ေတြးလိုက္မိသည္ ။
ဒါေပမယ့္ က်င္းဝမ္ က သူ႔အတြက္ အရမ္းစဥ္းစားေပးခဲ့တယ္၊ ဒါက သူ အသြင္ေျပာင္းတဲ့အခါ ရထားေပၚမွာရွိတဲ့ လူေတြျမင္သြားမွာကို စိုးရိ္မ္စရာ မလိုေတာ့ဘူး မဟုတ္လား။ ရထားလံုးတစ္ခုလံုး သူတစ္ေယာက္တည္းရွိမွာေတာ့ ဘာမွ ေႀကာက္စရာ မလိုေတာ့ဘူး။
သူ႕မူလဇစ္ျမစ္ မေပၚခ်င္တဲ့အတြက္ သခင္ေလးလီ သည္ ကိုယ္ဝန္ရွိသလို ဟန္ေဆာင္ေန႐ုံသာ ရွိေတာ့သည္။
*********-********