Chapter (64-1) _ ရှောင်ယွီရဲ့ စည်းကမ်း သုံးချက်
"ကျွန်တော် စဉ်းစားမိတာက ကျွန်တော်က အရှင်မင်းသားကို သဘောကျတယ်။ အရှင်မင်းသားနဲ့ အတူနေချင်တယ်၊ အရှင်မင်းသားက ကျွန်တော့် တောင်းဆိုမှု အနည်းငယ်ကို လိုက်နာဖို့ ကတိပေးနိုင်မလား၊ အရှင်မင်းသား သဘောတူရင်ကျွန်တော်တို့ အတူတူ နေကြရအောင်"
လီယွီက ရှက်ရွံ့ကာ တိုးတိုးလေးပြောလိုက်သည်။ .
သူသည် စိတ်ရှုပ်ထွေးတတ်ပြီး သူစိမ်းများနှင့် စကားပြောရတာ သိပ်အဆင်မပြေသော်လည်း သူနှစ်သက်သောသူများနှင့် ပွင့်လင်းစွာ ပြောတတ်သည့် အားသာချက်လေးတော့ ရှိသည်။
တကယ်တော့ သူ့ရဲ့ အချိန်တိုတောင်းတဲ့လူသားအသွင် ပြောင်းလဲမှု စွမ်းရည်က သူ့ကို ခုလို ရဲဝံ့စွာ ပြောနိုင်ရန် လှုံ့ဆော်ပေးနေခဲ့တာဖြစ်တယ်။ တစ်ရက်မှာ တစ်နာရီပဲ လူသားအသွင် ပြောင်းနိုင်တာ ဆိုတော့ သူလိုချင်တာကို ရှေ့တန်းတင်ပြီး ညှိနှိုင်းလိုက်ရင် နှစ်ယောက်အကြား ချောချောမွေ့မွေ့နဲ့ ချစ်ကြိုက်သွားနိုင်လောက်ပါရဲ့....
လီယွီက ကျင်းဝမ် သူ့အပေါ် ဂရုစိုက်မှုကို တွေးတောလိုက်ပြီး ယုံကြည်မှုအပြည့်နှင့် စာရွက်ကို မြင့်မြင့်ကိုင်ထားကာ ကျင်းဝမ်ကို ကမ်းပေးခဲ့သည်။
ကျင်းဝမ်က သူ့ကို ရှေးခေတ် စာလုံးရေးနည်းကို သင်ကြားပေးခဲ့ပြီး ဒီတစ်ကြိမ်တွင် လီယွီသည် အမှားအယွင်းမရှိအောင် အတတ်နိုင်ဆုံးကြိုးစားရေးကာ စက္ကူကို မင်တွေ မပွအောင် သန့်ရှင်းသပ်ရပ်အောင် အတတ်တိုင်ဆုံး ကြိုးစားခဲ့သည်။
"နှစ်ဦးသဘောတူစည်းကမ်းများ" ဆိုပေမယ့် သူ တစ်ယောက်တည်းကပဲ စဉ်းစားပြီး စေတနာနဲ့ ရေးထားတာဖြစ်သည်။
လီယွီ ကိုယ်တိုင်ရေးထားတဲ့ လက်ရေးကို ကျင်းဝမ်က သဘောကျတယ်လို့ ဝမ့်ကုန်းကုန်းပြောတာကို ကြားပြီးနောက် လီယွီက ဝမ်းသာပီတိဖြစ်နေပါပြီ။
ကျင်းဝမ်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး လီယွီ၏ လက်ချောင်းများတွင် စွန်းထင်းနေသည့် မှင်များဖြင့် အရင် သူ့လက်နှင့် ဂရုတစိုက် ပွတ်တိုက်ကာ မှင်တွေကို သုတ်ပေးလိုက်သည်။
ထိုသို့သော သေးငယ်သော လှုပ်ရှားမှုများက လီယွီ၏ နှလုံးသားကို ရုတ်တရက် နွေးထွေးစေခဲ့သည်။ သူ့လက်ချောင်းများကို ဂရုတစိုက်ဖြင့် သုတ်ပေးနေသည့် ကျင်းဝမ်၏ လက်ဖဝါးကို ညင်သာစွာ ကုတ်ရန် ကြိုးစားလိုက်သည်။ လီယွီသည် သူ၏သတ္တိကို စုစည်းကာ ကျင်းဝမ်၏လက်ကို ဆုပ်ကိုင်ကာ ပြုံးလျက် သူ့ကိုကြည့် လိုက်သည်။
ကျင်းဝမ်က ရှောင်ယွီ ဒေါသမထွက်တော့သလို ထွက်ပြေးမသွားတော့ကြောင်း ထပ်ခါထပ်ခါ အတည်ပြုနေခဲ့သည်။ ရထားလုံးပေါ်မှာ နမ်းတဲ့အချိန် ကြည်နူးပျော်ရွှင်မှုကို သူ ခံစားခဲ့ရပေမယ့် အခုချိန်ထိ အဲဒီအကြောင်းပြန်စဉ်းစားတဲ့အခါ လက်တွေ့မကျသလို ခံစားလိုက်ရသည်။
ရှောင်ယွီက အနာဂါတ်ကိုတွေးပြီး စိုးရိမ်နေလို့လား...
ကျင်းဝမ်က ဒါကိုတွေးပြီး အသာလေး ရယ်မောကာ လီယွီ၏လက်ကိုအသာလေး ပုတ်လိုက်ကာ စာရွက်ကို ဖြန့်ပြီး ဖတ်လိုက်သည်။
စည်းကမ်း ၁ - လီယွီကို ညဘက်ကြီး ခေါ်မထားရ။
ကျင်းဝမ် -"......."
ကျင်းဝမ်က မျက်ခုံးပင့်လိုက်မိသည်။ ရှောင်ယွီက သူ့ကိုလက်ခံပေမယ့် သူ့ဆီက ယန်စွမ်းအားကို မစုပ်ယူချင်သေးဘူးဆိုတဲ့ သဘောလား။
သူက ဘာမှ မဖြစ်ပေမယ့် ရှောင်ယွီကို ထိခိုက်မှာလား။ ကျင့်ကြံရေးနဲ့ပတ်သတ်သည့် ရှေးဟောင်းစာအုပ်များတွင် လုံ့လဝီရိယထားကာ ဆက်တိုက်ကျင့်ကြံရမယ်လို့ ဆိုထားတယ် မဟုတ်လား။ ဒါဆိုရင် ရှောင်ယွီပုံစံက ပေါ့ပေါ့ဆဆနဲ့ ပျင်းရိရာ မကျနေဘူးလား။
ရှောင်ယွီက သူ့ဆီက ယန်စွမ်းအားကို စုပ်ယူဖို့ တွန့်ဆုတ်နေပေမယ့် သူကတော့ ယန်စွမ်းအားတွေ အရမ်းပေးချင်နေလို့ တက်ကြွနေပြီ။
လီယွီက သူ့ဘက်က ကျင်းဝမ်နှင့် တဆင့်ရင်းနှီးလာမည်ကို အရမ်းတွန့်ဆုတ်နေတယ်လို့ ထင်မည်ကို စိုးရိမ်သဖြင့် ရှင်းပြလိုက်သည်။
"အဲဒါကို ချက်ချင်း လုပ်ဖို့ မဖြစ်နိုင်ပါဘူး၊ သင့်တော်တဲ့အချိန်တခုကို စောင့်ရမယ်..."
လီယွီက ဒီစကားကို ပြောပြီးတော့မှ သူက မသင့်တော်တဲ့ အကြောင်းရာကို ပြောနေမိပါလားဆိုတာ သတိပြုမိလိုက်ပြီး စကားသံတိတ်သွားကာ နီမြန်းလာသည့် မျက်နှာကို လက်နှင့်အုပ်ပြီး ရှက်လို့ သူ့ခေါင်းတစ်ခုလုံး ထုံသွားသလို ခံစားလိုက်ရသည်။ သူက မသိဟန်ဆောင်ပြီး ခပ်တည်တည်နေလိုကသ်ည်။
သူ ဘယ်လိုပဲ လုပ်လုပ် ကျင်းဝမ်က ချက်ချင်းသဘောပေါက်လိုက်သည်။
- ဒါက အခုချက်ချင်း မဖြစ်နိုင်သေးဘူးပေါ့.....
"ဘာပဲဖြစ်ဖြစ် မရဘူးလို့ ကျွန်တော်က ပြောရင် မရဘူး...!"
လီယွီက စာရွက်ကို အရှက်မဲ့စွာ လုယူလိုက်သည်။
"ကျွန်တော်တို့ အတူတူမရှိချင်ဘူးဆိုရင်လည်း အရှင်မင်းသားက ဒါကို သဘောမတူလည်းရတယ်...... "
ကျင်းဝမ်-"......"
"ကျွန်တော်တို့ အတူတူရှိတယ်" ဆိုတဲ့ စကားကို ကျင်းဝမ်ကြားလိုက်တဲ့အခါ ရင်ထဲ ကတုန်ကယင်ဖြစ်လာပြိး လီယွီ လက်ထဲက စာရွက်ကို အလျင်စလို ဆွဲယူလိုက်သည်။ ရှောင်ယွီက သူ့ ယန်စွမ်းအားကို အခု မစုပ်ယူသေးဘူး ဆိုတာက စိတ်ပျက်စရာကောင်းပေမယ့် တကယ်လို့ ရှောင်ယွီသာ သူ့နားမှာ မရှိရင် သူဘာမှ ထပ်ကြံလို့မရတော့ဘူးလေ။
လီယွီက တိတ်တခိုးလေး အောင်ပွဲခံနေသည်။ ကလေးလေးလိုသရုပ်ဆောင်ခြင်းသည် သူ့ချစ်သူအတွက် အလွန်အသုံးဝင်သည်ဟု ဆိုတော့ သူ့အတွက် ကံကောင်းတာပေါ့။
ကျင်းဝမ်က ပထမစည်းကမ်းကို သဘောတူပြီးနောက် ဆက်ဖတ်လိုက်သည်။
ဒုတိယစည်းကမ်း- လီယွီ ဘယ်သွားမလို့လဲဆိုတာ မမေးနဲ့။
ကျင်းဝမ်က ခဏလောက်စဉ်းစားပြီး သဘောပေါက်သွားတယ်။ လူသားလို အသွင်ပြောင်းလာတဲ့ ငါးကလေးက အချိန် တစ်နာရီသာ ပြောင်းလဲနိုင်ပုံရသည်။ ရှောင်ယွီ ပျောက်ပျောက်သွားတတ်သည့် အကြောင်းကို ရှင်းပြလို့မရတဲ့အတွက် ဒီစည်းကမ်းကို ထည့်လိုက်ပုံရသည်။ ကျင်းဝမ်က ငါးကလေးနဲ့ ရှောင်ယွီက တစ်ယောက်တည်းဆိုတာ သူသိနေကြောင်း ဖော်ထုတ်ချင်စိတ်ကို မနည်းအောင့်အီးထားရသည်။
သူ့ကိုမမေးပါနဲ့ ဆိုတော့..ရှောင်ယွီက သူ့ကို လိမ်ညာ ဆင်ခြေတွေ မပေးချင်ဘူးဆိုတဲ့သဘောပေါ့....
ကျင်းဝမ် က ခေါင်းညိတ်ပြပြီး ဒါကို သဘောတူလိုက်သည်။ နောက်ဆုံးစည်းကမ်းကို ကြည့်လိုက်တော့ လီယွီကို စိတ်မဆိုးရဘူး။
ကျုင်းဝမ် က ပြုံးလိုက်ပြီး ရှောင်ယွီက သူ စိတ်ဆိုးမည်ကို အရမ်းစိုးရိမ်နေတယ်၊ သူက ရှောင်ယွီကို ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ဖူးဘူး မဟုတ်လား?
ကျင်းဝမ်က စည်းကမ်း အားလုံး သဘောတူလိုက်သည်။
လီယွီက ထပ်ပြောလိုက်သည်။
"နောက်ထပ်တစ်ခုရှိသေးတယ်။ အရှင်မင်းသားက ကိုယ်လုပ်တော ်မရှိဘူးလို့ ပြောတယ်၊ အဲဒါကို ဆက်ထိန်းထားလိုက်ပါ၊ ဟုတ်ပြီလား?"
မူရင်းစာအုပ်တွင် ကျင်းဝမ် သည် နှလုံးသားမရှိသူဖြစ်ပေမယ့် သူ့အနောက်ဆောင်မှာ ကိုယ်လုပ်တော်တွေ ရှိနေပြီး မူရင်းစာအုပ်၏ ဇာတ်ကွက်မှာ လုံးဝ ရှုပ်ပွနေသည်။ ချူးရန့်ရီ နှလုံးနက်ကြာဖြူဖြစ်ပြီး ကျင်းဝမ်က ဒီလိုကောင်တွေနဲ့ ရှုပ်ရှုပ်ထွေးထွေးရှိလာရင် ဘယ်လိုလုပ်မလဲ။
မဖြစ်နိုင်ပေမယ့် လီယွီကတော့ ဒီလိုမျိုး မတော်တဆမှုလေးတစ်ခုတောင် ဘယ်တော့မှ ဖြစ်မလာဖို့ မျှော်လင့်ထားတယ်။ ကျင်းဝမ်သာ ဝက်သိုးလူမျိုး ကိုယ်လုပ်တော်အများကြီးနဲ့ ရှုပ်ပွေလာမယ်ဆိုရင် သူလည်း ကျင်းဝမ်နဲ့ လမ်းခွဲလိုက်မှာပဲ။
ဒါပေမယ့် လီယွီက ဒီအချက်ကို စည်းကမ်းထဲ ထည့်မရေးတော့ပေ။ ကျင်းဝမ်က နံရံပေါ်မှာ စာရေးပြီး သူ့ကို ကတိပေးထားပြီး မဟုတ်လား။
တကယ်တော့ သူလည်း ဒီအချက်ကို နင်းပြီး အခွင့်အရေးယူလိုက်တာပဲလေ။
ကျင်းဝမ်သည် မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။
"အရှင်မင်းသား.... ဒီအချက်တွေ မှတ်ထားရင် ရပါပြီ။ ဒါကို အရှင်မင်းသား မှတ်မိနိုင်တယ် မဟုတ်လား "
လီယွီက ပြုံးပြုံးလေးဖြင့်ပြောလိုက်သည်။
ကျင်းဝမ် က ခေါင်းညိတ်ပြပြီး စာရွက်ကို လီယွီထံသို့ ပြန်ပေးကာ စားပွဲနားသို့ သွားကာ စာရွက်နှင့် စုတ်တံကို ထုတ်ယူလိုက်သည်။
လီယွီသည် သူ့ဖဝါးကိုမှာ စွန်းထင်းနေသည့် မင်ကို သတိလက်လွှတ်ပွတ်နေမိသည်။
**************-**************
Chapter (64-1) _ ေရွာင္ယြီရဲ႕ စည္းကမ္း သံုးခ်က္
"ကြ်န္ေတာ္ စဥ္းစားမိတာက ကြ်န္ေတာ္က အရွင္မင္းသားကို သေဘာက်တယ္။ အရွင္မင္းသားနဲ႕ အတူေနခ်င္တယ္၊ အရွင္မင္းသားက ကြ်န္ေတာ့္ ေတာင္းဆိုမႈ အနည္းငယ္ကို လိုက္နာဖုိ႕ ကတိေပးႏိုင္မလား၊ အရွင္မင္းသား သေဘာတူရင္ကြ်န္ေတာ္တုိ႕ အတူတူ ေနၾကရေအာင္"
လီယြီက ရွက္႐ြံ႕ကာ တိုးတိုးေလးေျပာလိုက္သည္။ .
သူသည္ စိတ္ရႈပ္ေထြးတတ္ၿပီး သူစိမ္းမ်ားနွင့္ စကားေျပာရတာ သိပ္အဆင္မေျပေသာ္လည္း သူႏွစ္သက္ေသာသူမ်ားႏွင့္ ပြင့္လင္းစြာ ေျပာတတ္သည့္ အားသာခ်က္ေလးေတာ့ ရွိသည္။
တကယ္ေတာ့ သူ႔ရဲ႕ အခ်ိန္တိုေတာင္းတဲ့လူသားအသြင္ ေျပာင္းလဲမႈ စြမ္းရည္က သူ႔ကို ခုလို ရဲဝံ့စြာ ေျပာနိုင္ရန္ လႈံ႕ေဆာ္ေပးေနခဲ့တာျဖစ္တယ္။ တစ္ရက္မွာ တစ္နာရီပဲ လူသားအသြင္ ေျပာင္းနုိင္တာ ဆိုေတာ့ သူလိုခ်င္တာကို ေရွ႕တန္းတင္ၿပီး ညွိနိႈင္းလိုက္ရင္ နွစ္ေယာက္အႀကား ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ ခ်စ္ႀကိဳက္သြားနိုင္ေလာက္ပါရဲ႕....
လီယြီက က်င္းဝမ္ သူ႕အေပၚ ဂ႐ုစိုက္မႈကို ေတြးေတာလိုက္ျပီး ယံုၾကည္မႈအျပည့္နွင့္ စာ႐ြက္ကို ျမင့္ျမင့္ကိုင္ထားကာ က်င္းဝမ္ကို ကမ္းေပးခဲ့သည္။
က်င္းဝမ္က သူ႕ကို ေရွးေခတ္ စာလံုးေရးနည္းကို သင္ႀကားေပးခဲ့ျပီး ဒီတစ္ႀကိမ္တြင္ လီယြီသည္ အမွားအယြင္းမရွိေအာင္ အတတ္ႏိုင္ဆုံးႀကိဳးစားေရးကာ စကၠဴကို မင္ေတြ မပြေအာင္ သန႔္ရွင္းသပ္ရပ္ေအာင္ အတတ္တိုင္ဆံုး ႀကိဳးစားခဲ့သည္။
"နွစ္ဦးသေဘာတူစည္းကမ္းမ်ား" ဆိုေပမယ့္ သူ တစ္ေယာက္တည္းကပဲ စဥ္းစားျပီး ေစတနာနဲ႔ ေရးထားတာျဖစ္သည္။
လီယြီ ကိုယ္တိုင္ေရးထားတဲ့ လက္ေရးကို က်င္းဝမ္က သေဘာက်တယ္လို႕ ဝမ့္ကုန္းကုန္းေျပာတာကို ႀကားျပီးေနာက္ လီယြီက ဝမ္းသာပီတိျဖစ္ေနပါၿပီ။
က်င္းဝမ္က သူ႔လက္ကို ဆန႔္ထုတ္လိုက္ၿပီး လီယြီ၏ လက္ေခ်ာင္းမ်ားတြင္ စြန္းထင္းေနသည့္ မွင္မ်ားျဖင့္ အရင္ သူ႕လက္နွင့္ ဂ႐ုတစိုက္ ပြတ္တိုက္ကာ မွင္ေတြကို သုတ္ေပးလိုက္သည္။
ထိုသို႔ေသာ ေသးငယ္ေသာ လႈပ္ရွားမႈမ်ားက လီယြီ၏ ႏွလုံးသားကို ႐ုတ္တရက္ ေႏြးေထြးေစခဲ့သည္။ သူ႔လက္ေခ်ာင္းမ်ားကို ဂ႐ုတစိုက္ျဖင့္ သုတ္ေပးေနသည့္ က်င္းဝမ္၏ လက္ဖဝါးကို ညင္သာစြာ ကုတ္ရန္ ႀကိဳးစားလိုက္သည္။ လီယြီသည္ သူ၏သတၱိကို စုစည္းကာ က်င္းဝမ္၏လက္ကို ဆုပ္ကိုင္ကာ ၿပဳံးလ်က္ သူ႔ကိုၾကည့္ လိုက္သည္။
က်င္းဝမ္က ေရွာင္ယြီ ေဒါသမထြက္ေတာ့သလို ထြက္ေျပးမသြားေတာ့ေၾကာင္း ထပ္ခါထပ္ခါ အတည္ျပဳေနခဲ့သည္။ ရထားလံုးေပၚမွာ နမ္းတဲ့အခ်ိန္ ႀကည္နူးေပ်ာ္ရႊင္မႈကို သူ ခံစားခဲ့ရေပမယ့္ အခုခ်ိန္ထိ အဲဒီအေၾကာင္းျပန္စဥ္းစားတဲ့အခါ လက္ေတြ႕မက်သလို ခံစားလိုက္ရသည္။
ေရွာင္ယြီက အနာဂါတ္ကိုေတြးျပီး စိုးရိမ္ေနလို႕လား...
က်င္းဝမ္က ဒါကိုေတြးျပီး အသာေလး ရယ္ေမာကာ လီယြီ၏လက္ကိုအသာေလး ပုတ္လိုက္ကာ စာရြက္ကို ျဖန္႕ျပီး ဖတ္လိုက္သည္။
စည္းကမ္း ၁ - လီယြီကို ညဘက္ႀကီး ေခၚမထားရ။
က်င္းဝမ္ -"......."
က်င္းဝမ္က မ်က္ခံုးပင့္လိုက္မိသည္။ ေရွာင္ယြီက သူ႕ကိုလက္ခံေပမယ့္ သူ႕ဆီက ယန္စြမ္းအားကို မစုပ္ယူခ်င္ေသးဘူးဆိုတဲ့ သေဘာလား။
သူက ဘာမွ မျဖစ္ေပမယ့္ ေရွာင္ယြီကို ထိခိုက္မွာလား။ က်င့္ႀကံေရးနဲ႕ပတ္သတ္သည့္ ေရွးေဟာင္းစာအုပ္မ်ားတြင္ လုံ႔လဝီရိယထားကာ ဆက္တိုက္က်င့္ႀကံရမယ္လို႕ ဆိုထားတယ္ မဟုတ္လား။ ဒါဆိုရင္ ေရွာင္ယြီပံုစံက ေပါ့ေပါ့ဆဆနဲ႕ ပ်င္းရိရာ မက်ေနဘူးလား။
ေရွာင္ယြီက သူ႕ဆီက ယန္စြမ္းအားကို စုပ္ယူဖုိ႕ တြန္႕ဆုတ္ေနေပမယ့္ သူကေတာ့ ယန္စြမ္းအားေတြ အရမ္းေပးခ်င္ေနလို႕ တက္ႀကြေနျပီ။
လီယြီက သူ႕ဘက္က က်င္းဝမ္နွင့္ တဆင့္ရင္းနွီးလာမည္ကို အရမ္းတြန္႕ဆုတ္ေနတယ္လို႕ ထင္မည္ကို စိုးရိမ္သျဖင့္ ရွင္းျပလိုက္သည္။
"အဲဒါကို ခ်က္ခ်င္း လုပ္ဖို႔ မျဖစ္ႏိုင္ပါဘူး၊ သင့္ေတာ္တဲ့အခ်ိန္တခုကို ေစာင့္ရမယ္..."
လီယြီက ဒီစကားကို ေျပာျပီးေတာ့မွ သူက မသင့္ေတာ္တဲ့ အေႀကာင္းရာကို ေျပာေနမိပါလားဆိုတာ သတိျပဳမိလိုက္ျပီး စကားသံတိ္တ္သြားကာ နီျမန္းလာသည့္ မ်က္နွာကို လက္နွင့္အုပ္ျပီး ရွက္လို႕ သူ႕ေခါင္းတစ္ခုလံုး ထံုသြားသလို ခံစားလိုက္ရသည္။ သူက မသိဟန္ေဆာင္ျပီး ခပ္တည္တည္ေနလိုကသ္ည္။
သူ ဘယ္လိုပဲ လုပ္လုပ္ က်င္းဝမ္က ခ်က္ခ်င္းသေဘာေပါက္လိုက္သည္။
- ဒါက အခုခ်က္ခ်င္း မျဖစ္ႏိုင္ေသးဘူးေပါ့.....
"ဘာပဲျဖစ္ျဖစ္ မရဘူးလို႕ ကြ်န္ေတာ္က ေျပာရင္ မရဘူး...!"
လီယြီက စာ႐ြက္ကို အရွက္မဲ့စြာ လုယူလိုက္သည္။
"ကြ်န္ေတာ္တို႕ အတူတူမရွိခ်င္ဘူးဆုိရင္လည္း အရွင္မင္းသားက ဒါကို သေဘာမတူလည္းရတယ္...... "
က်င္းဝမ္-"......"
"ကြ်န္ေတာ္တုိ႕ အတူတူရွိတယ္" ဆိုတဲ့ စကားကို က်င္းဝမ္ႀကားလိုက္တဲ့အခါ ရင္ထဲ ကတုန္ကယင္ျဖစ္လာျပိး လီယြီ လက္ထဲက စာရြက္ကို အလ်င္စလုိ ဆြဲယူလိုက္သည္။ ေရွာင္ယြီက သူ႕ ယန္စြမ္းအားကို အခု မစုပ္ယူေသးဘူး ဆုိတာက စိတ္ပ်က္စရာေကာင္းေပမယ့္ တကယ္လို႕ ေရွာင္ယြီသာ သူ႕နားမွာ မရွိရင္ သူဘာမွ ထပ္ႀကံလို႕မရေတာ့ဘူးေလ။
လီယြီက တိတ္တခိုးေလး ေအာင္ပြဲခံေနသည္။ ကေလးေလးလိုသ႐ုပ္ေဆာင္ျခင္းသည္ သူ႔ခ်စ္သူအတြက္ အလြန္အသုံးဝင္သည္ဟု ဆိုေတာ့ သူ႕အတြက္ ကံေကာင္းတာေပါ့။
က်င္းဝမ္က ပထမစည္းကမ္းကို သေဘာတူျပီးေနာက္ ဆက္ဖတ္လိုက္သည္။
ဒုတိယစည္းကမ္း- လီယြီ ဘယ္သြားမလို႔လဲဆိုတာ မေမးနဲ႔။
က်င္းဝမ္က ခဏေလာက္စဥ္းစားၿပီး သေဘာေပါက္သြားတယ္။ လူသားလို အသြင္ေျပာင္းလာတဲ့ ငါးကေလးက အခ်ိန္ တစ္နာရီသာ ေျပာင္းလဲႏိုင္ပုံရသည္။ ေရွာင္ယြီ ေပ်ာက္ေပ်ာက္သြားတတ္သည့္ အေႀကာင္းကို ရွင္းျပလို႕မရတဲ့အတြက္ ဒီစည္းကမ္းကို ထည့္လိုက္ပံုရသည္။ က်င္းဝမ္က ငါးကေလးနဲ႕ ေရွာင္ယြီက တစ္ေယာက္တည္းဆုိတာ သူသိေနေႀကာင္း ေဖာ္ထုတ္ခ်င္စိတ္ကို မနည္းေအာင့္အီးထားရသည္။
သူ႔ကိုမေမးပါနဲ႔ ဆုိေတာ့..ေရွာင္ယြီက သူ႕ကို လိမ္ညာ ဆင္ေျခေတြ မေပးခ်င္ဘူးဆိုတဲ့သေဘာေပါ့....
က်င္းဝမ္ က ေခါင္းညိတ္ျပၿပီး ဒါကို သေဘာတူလိုက္သည္။ ေနာက္ဆုံးစည္းကမ္းကို ၾကည့္လိုက္ေတာ့ လီယြီကို စိတ္မဆိုးရဘူး။
က်ုင္းဝမ္ က ၿပဳံးလိုက္ၿပီး ေရွာင္ယြီက သူ စိတ္ဆိုးမည္ကို အရမ္းစိုးရိမ္ေနတယ္၊ သူက ေရွာင္ယြီကို ဘယ္တုန္းကမွ စိတ္မဆိုးခဲ့ဖူးဘူး မဟုတ္လား?
က်င္းဝမ္က စည္းကမ္း အားလုံး သေဘာတူလိုက္သည္။
လီယြီက ထပ္ေျပာလိုက္သည္။
"ေနာက္ထပ္တစ္ခုရွိေသးတယ္။ အရွင္မင္းသားက ကိုယ္လုပ္ေတာ ္မရွိဘူးလို႔ ေျပာတယ္၊ အဲဒါကို ဆက္ထိန္းထားလိုက္ပါ၊ ဟုတ္ၿပီလား?"
မူရင္းစာအုပ္တြင္ က်င္းဝမ္ သည္ ႏွလုံးသားမရွိသူျဖစ္ေပမယ့္ သူ႕အေနာက္ေဆာင္မွာ ကိုယ္လုပ္ေတာ္ေတြ ရွိေနျပီး မူရင္းစာအုပ္၏ ဇာတ္ကြက္မွာ လုံးဝ ရႈပ္ပြေနသည္။ ခ်ဴးရန္႕ရီ နွလံုးနက္ႀကာျဖဴျဖစ္ျပီး က်င္းဝမ္က ဒီိလိုေကာင္ေတြနဲ႕ ရႈပ္ရႈပ္ေထြးေထြးရွိလာရင္ ဘယ္လိုလုပ္မလဲ။
မျဖစ္ႏိုင္ေပမယ့္ လီယြီကေတာ့ ဒီလိုမ်ိဳး မေတာ္တဆမႈေလးတစ္ခုေတာင္ ဘယ္ေတာ့မွ ျဖစ္မလာဖို႕ ေမွ်ာ္လင့္ထားတယ္။ က်င္းဝမ္သာ ဝက္သိုးလူမ်ိဳး ကိုယ္လုပ္ေတာ္အမ်ားႀကီးနဲ႕ ရႈပ္ေပြလာမယ္ဆိုရင္ သူလည္း က်င္းဝမ္နဲ႕ လမ္းခြဲလိုက္မွာပဲ။
ဒါေပမယ့္ လီယြီက ဒီအခ်က္ကို စည္းကမ္းထဲ ထည့္မေရးေတာ့ေပ။ က်င္းဝမ္က နံရံေပၚမွာ စာေရးျပီး သူ႕ကို ကတိေပးထားျပီး မဟုတ္လား။
တကယ္ေတာ့ သူလည္း ဒီအခ်က္ကို နင္းျပီး အခြင့္အေရးယူလိုက္တာပဲေလ။
က်င္းဝမ္သည္ မဆိုင္းမတြ ေခါင္းညိတ္လိုက္သည္။
"အရွင္မင္းသား.... ဒီအခ်က္ေတြ မွတ္ထားရင္ ရပါျပီ။ ဒါကို အရွင္မင္းသား မွတ္မိနိုင္တယ္ မဟုတ္လား "
လီယြီက ၿပဳံးၿပဳံးေလးျဖင့္ေျပာလိုက္သည္။
က်င္းဝမ္ က ေခါင္းညိတ္ျပၿပီး စာ႐ြက္ကို လီယြီထံသို႔ ျပန္ေပးကာ စားပြဲနားသို႔ သြားကာ စာ႐ြက္ႏွင့္ စုတ္တံကို ထုတ္ယူလိုက္သည္။
လီယြီသည္ သူ႔ဖဝါးကိုမွာ စြန္းထင္းေနသည့္ မင္ကို သတိလက္လႊတ္ပြတ္ေနမိသည္။
**************-**************