Chapter (62-2) - ကျင်းဝမ်ရဲ့ လျှို့ဝှက်ချက်ကြီး
ကျင်းဝမ် ကို ကြိုက်နေပြီဆိုတော့ သူ ဘာဆက်လုပ် သင့်လဲ။
ကျင်းဝမ်က သူ့ကို ဘယ်လို သဘောကျတာလဲ ဆိုတာနဲ့ ပြန်တွေးရတော့မည်။
လတ်တလော သူက ရောထွေးနေတာကြောင့် သူတို့ နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို သေချာ မစဉ်းစားခဲ့မိဘူး။ လူနှစ်ယောက် ဝေးကွာလွန်းပြီး အတူနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယေဘုယျအားဖြင့် သူ ထင်နေခဲ့တယ်။
နောက်ဆုံးတော့ သူက ငါးတစ်ကောင်၊ ကျင်းဝမ် က လူသားတစ်ယောက်၊ သူကတော့ စာအုပ်ထဲကို ဝိဉာဉ်ကူးပြောင်းပြီး ရောက်လာတဲ့သူ။ ကျင်းဝမ်က စာအုပ်ထဲက ဇာတ်ကောင်တစ်ယောက်ပဲ။
လီယွီသည် သူ့ကိုယ်သူပေးခဲ့သော အကြောင်းပြချက် အမျိုးမျိုးကို မှတ်မိနေပြီး ထိုအရာများက သူ့ခံစားချက်ကို အတားအဆီး ဖြစ်နေစေသလား။
မူလက ဒီအချက်တွေက မသင့်လျော်ကြောင်းနှင့် မရေမတွက်နိုင်သော အန္တရာယ်များရှိနိုင်ကြောင်း မိမိကိုယ်ကို စိတ်ချစေရန် အကြောင်းပြချက် တစ်ခုအဖြစ် အသုံးပြုခဲ့သည်။
သူသာ ကျင်းဝမ် နဲ့ အမှန်တကယ် လက်တွဲဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူဟာ စာအုပ်ထဲက အဖြစ်ပျက်ကို စောင့်ကြည့်သူ မဟုတ်တော့ပဲ သူကိုယ်တိုင် ပါဝင်နေတဲ့ ဇာတ်ကောင်တစ်ကောင် ဖြစ်လာလိမ့်မည်။
ဆိုလိုသည်မှာ သူသည် စာအုပ်ထဲတွင် ကျင်းဝမ်၏ဘဝထဲသို့ အပြည့်အ၀ ပေါင်းစည်းရမည်ဟု ဆိုလိုသည်။
သို့သော် သူသည် သူ့စိတ်ဝိဉာဉ်ထဲမှာ သူက 21 ရာစုခေတ်က လာတဲ့သူဖြစ်နေပြီး ကျင်းဝမ်နဲ့ မတူ ကွဲပြားသောအတွေးအမြင်တွေ ရှိနေသည်။ သူတို့ အတူနေခဲ့မယ်ဆိုရင် နောင်တချိန်မှာ ငြင်းခုံရန်ဖြစ်ကောင်း ဖြစ်နိုင်သည်။
21 ရာစုခေတ်ကလူတွေက အချစ်က အချစ်ပဲ၊ လူတစ်ယောက်ကို ချစ်မိတာနဲ့ ကိုယ်နဲ့ အသိုင်းဝိုင်း၊ အတွေးခေါ်မတူတဲ့လူနဲ့ တစ်သက်လုံး အတူနေရမှ မဟုတ်ဘူးလို့ ခံယူထားကြတယ်။
လူနှစ်ယောက်အတူနေဖို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အတွေးအခေါ်တွေ၊ အယူအဆတွေကို ညှိနှိုင်းဖို့လိုအပ်တယ်။
ခေတ်သစ်လူတွေက ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေရင် အချိန်တန်ရင် လမ်းခွဲကြလိမ့်မယ်၊ ဒါပေမယ့် သူက ကျင်းဝမ်ရဲ့ ဘဝထဲကို ပေါင်းစည်းမိရင် သူက ကျင်းဝမ်အပေါ်ကိုပဲ မှီခိုနေရတော့မယ်။ ဒီလိုမျိုး အတွေးအခေါ်ကို သူ စွန့်လွှတ်ရလိမ့်မယ်။
ရှေးခေတ်ကမ္ဘာတွင် ဘုရင်သည် ပြည်သူများကို စည်းလုံးညီညွတ်အောင် သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်သည်။ သူ့အသက်ကို ကျင်းဝမ်ထံ ပေးအပ်မည်ဖြစ်ပြီး၊ သူ့ကို ကျင်းဝမ်က အဆင့်အတန်းတစ်ခုပေးအပ်မည် ဖြစ်သည်။ အခုချိန်မှာ ချစ်နေကြပေမယ့် တစ်နေ့မှာ ပြန်တွဲဖို့ မသင့်တော်လို့ လမ်းခွဲကြမယ်ဆိုရင် ကျင်းဝမ်က သူ့ကို လမ်းခွဲပေးမှာမဟုတ်ဘူး။ သူ့ဘဝက လုံးဝကို အဆုံးသတ်သွားလိမ့်မည်။
ဒါတွေအားလုံးက သူ့ကို ကျင်းဝမ်နဲ့ မချစ်မိစေဖို့ တားဆီးနေသည့် အဓိက အချက်တွေဖြစ်တယ်ဆိုတာ သူ နားလည်တယ်။ အကြောင်းပြချက် တစ်သောင်းက သူ့ရှေ့မှာ ရှိနေပြီး သူ့ကို ဒီအဆင့်မှာ ရပ်ခိုင်းပေမယ့် ကျင်းဝမ်ဆီ သူ ဆက်လျှောက်သွားချင်တဲ့ အကြောင်းပြချက်က တစ်ခုရှိလျှင်ပင် လုံလောက်နေလေပြီ။
တစ်ယောက်ကိုတစ်ယောက် သဘောကျနေတဲ့ အချိန်မှာတော့ ပျော်နေကြ တယ်။
လီယွီသည် ယခုခေတ်တွင် သူကြားခဲ့ရသော အကြောင်းအရာများကို မှတ်မိသည်၊ ဘဝမှာ မင်းကို သဘောကျတဲ့သူနဲ့ ကိုယ်သဘောကျတဲ့သူက တစ်ယောက်တည်းဖြစ်နေတာက ကောင်းချီးတစ်ခုပါပဲ။
သူက အခုမှစပြီး ချစ်မိလာတဲ့ လူငယ်တစ်ယောက်ပါ။ ကျင်းဝမ်က သူကြိုက်မိတဲ့ ပထမဆုံးလူပဲ။ ချစ်ခြင်းမေတ္တာကို သိမြင်ပြီး အရသာခံမိသောအခါတွင်မှ စွန့်လွှတ်ရမယ်တဲ့လား.... တကယ့်ကို မဖြစ်နိုင်ပါဘူး။
"သခင်လေးလီ....သခင်လေးလီ....!"
လီယွီသည် ငါး ပုံသဏ္ဍာန်ပြောင်းလာသည်မှာ အတော်လေး ကြာနေခဲ့ပြီ။ ဝမ့်ရှီးသည့် ကျင်းဝမ်မင်းသား၏ ညွှန်ကြားချက်ကို လိုက်နာပြီး လီယွီ နှင့် မတွေ့ဆုံမီ လက်ဖက်ရည်တစ်ခွက် စာလောက် အချိန်ဖြုန်းပြီးမှာ အသံပြုခဲ့သည်။
ဒါပေမယ့် သခင်လေးလီဆီက တုံ့ပြန်လာဖို့ မဖြစ်နိုင်ဘူးဆိုတာ သိသာပါတယ်။
ဝမ့်ရှီး (ဝမ့်ကုန်းကုန်း) သည် ရထားလုံး၏ ကန့်လန့်ကာကို ပင့်တင်လိုက်ပြီး ရထားလုံးထဲက သလင်းကျောက်ပုလင်းကို သာ တွေ့လိုက်ရသည်။ ဘေးတွင် စာတစ်စောင် ကပ်ထားသည်ကို တွေ့လိုက်ရသည်။
ဝမ့်ရှီးက ကောက်ကိုင်လိုက်ပြီး ကြည့်လိုက်သည်။
"သခင်လေးလီက.... ထွက်သွားပြန်ပြီလား"
လီယွီ သည် အချိန်တိုင်း လူအဖြစ်မှ ဖုတ်ဖတ်ခါပြီး ဒီအတိုင်းပဲ ပျောက်ပျောက်သွားခဲ့ရသည်။ ကြာရင် သူ့ကို သံသယဖြစ်မည်ကို စိုးရိမ်သဖြင့် သူက အရေးတကြီး "ထွက်သွား"ခဲ့ရသည့်အကြောင်းကို အထူးပြင်ဆင်ရေးသားကာ စာချန်ပေးခဲ့သည်။
အကြမ်းဖျင်းအားဖြင့်တော့ သူ့မှာ အရေးတကြီး ဆောင်ရမယ့် ကိစ္စရှိနေတယ်လို့ ဖော်ပြထားတယ်။
ဝမ့်ရှီးက အံ့ဩသွားခဲ့သည်။ သခင်လေးလီ ရေးထားသည့် စာကို ကျင်းဝမ်အရှင့်သားဆီကို လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။ ဝမ့်ရှီးက ထိုစာကို ကောက်ကိုင်လိုက်ပြီး ပုလင်းကို ပွေ့လိုက်ကာ ပုလင်းထဲက ငါးကြင်းလေးကို ပြုံးပြပြီး ပြောလိုက်သည်။
"ငါးသခင်လေး၊ သခင်လေးဘေးမှာ ဒီအဘိုးကြီးပဲ ကျန်တော့တယ်။ ဒီကျွန်အိုကြီးက သခင်လေးကို ပြန်ခေါ်သွားပေးပါလိမ့်မယ် "
ရထားလုံးက ဆက်လက်ထွက်ခွာလာခဲ့သည်။
ရထားနောက်ကွယ်မှ ပေအနည်းငယ်အကွာတွင် အရပ်ရှည်ရှည်တောင့်တင်းသန်မာသော အသွင်အပြင်ဖြင့် အစောင့်များက ရထားပေါ်မှ လူများကို တိတ်တဆိတ် စောင့်ကြပ်ကာ လိုက်ပါလာခဲ့သည်။
လီယွီသည် အိမ်သို့ ပြန်ရောက်သည်နှင့် ချက်ချင်းပင် System ထဲသို့ ဝင်သွားသည်။
သူသည် ချစ်စရာ အိမ်မွေးတိရစ္ဆာန် System သို့ အချိန်အကြာကြီးမဝင်ရသေးဖြစ်နေသည်။ ဒီ System ထဲမှာ နောက်ဆုံးအကြိမ်ကြည့်ရှုခဲ့သည့် စာမျက်နှာက ပွင့်နေသေးသည်။
System ကို မျက်နှာချင်း ဆိုင်လိုက်ရတော့ လီယွီ အနည်းငယ် စိတ်ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။ အရင်တုန်းက သူက မစ်ရှင်ကို မလုပ်ချင်တဲ့ လူတစ်ယောက်ဖြစ်ခဲ့တယ်။ အခုတော့ သူက မစ်ရှင်ကို အမြန်ပြီးအောင်လုပ်ဖို့ လာရှာတဲ့သူဖြစ်နေပြန်ပြီ။
လီယွီ - "System ငါ ဘယ်လိုလုပ်မှ လူသားတစ်ယောက် အဖြစ် လုံးလုံးပြောင်းလာနိုင်မလဲ။"
System - " ပင်မမစ်ရှင်ရဲ့ တာဝန်အားလုံး ပြီးမြောက်သွားမှ ဆုလာဘ်အဖြစ် Host က လူသားအဖြစ် လုံးလုံးလျားလျား ပြန်လည်အသွင်ပြောင်းသွားနိုင်မှာ ဖြစ်ပါတယ် "
အဲ့ဒီတော့ သူက မစ်ရှင်အားလုံးကို ပြီးအောင် လုပ်မှရမှာ ဆိုတဲ့သဘောပေါ့....
တဖက်က ကံကောင်းထောက်မစွာဖြင့် System သည် အရှက်ရမှုကို နားမလည်သော ခံစားချက် မရှိသော System တစ်ခုဖြစ်နေလို့ လီယွီက ကသိကအောက်ဖြင့် ရယ်မောနေမိသည်။ တစ်ဖက်တွင်၊ ချစ်စရာ အိမ်မွေးတိရစ္ဆာန် System မရှိလျှင် သူသည် ဧကရာဇ်ကိုယ်လုပ်တော်၏ ငါးကြင်းတစ်ထောင်ဟင်းချို ဖြစ်လာနိုင်သည်။ .
ယခုတော့ သူ့နှလုံးသားကို ရှင်းရှင်း လင်းလင်းမြင်နေရပြီ၊ သူ လုပ်ခဲ့သော အလုပ်မျိုးစုံသည် System က ပေးအပ်သော မစ်ရှင်ကြောင့် လုပ်ခဲ့ရတာဖြစ်ပေမယ့် ကျင်းဝမ်က သူ့ကို တကယ့်ကို စိတ်ရင်းမှန်နဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တယ်ဆိုတာ လီယွီ ဝန်ခံရမည်။ ကိုယ့်ကိုကိုယ် လှည့်စားလို့ မရတော့ဘူး။
လီယွီ: "အင်း... ဘာပဲဖြစ်ဖြစ် ငါက လူသား တစ်ယောက်အဖြစ်ကို ပြန်ပြောင်းနိုင်တယ်။ ငါ... အဓိက မစ်ရှင်ကို ဆက်လုပ်ရမယ်။"
သူက ကျင်းဝမ်ကို နှစ်သက်သောကြောင့် ဒီတာဝန်များကို လုပ်ဆောင်ရာတွင် စိတ်ပိုင်းဆိုင်ရာ အတားအဆီးများ မရှိတော့ဘဲ လူသားအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားနိုင်သည်။ ဘာလို့ မဖြစ်ရမလဲ?
မမျှော်လင့်ဘဲ၊ အခြားရှုထောင့်မှ ကြည့်ရင် မကောင်းသောအရာများသည် ကောင်းသောအရာများ အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။
System - "Host က "ဖုန်းဟွားရွှယ်ယွဲ့" တာဝန်ကို ပြီးမြောက်တဲ့အတွက် ရရှိတဲ့ ဆုလာဘ်ကို လက်ခံရယူရန် လိုအပ်သလား "
("ဖုန်းဟွားရွှယ်ယွဲ့" - လရောင်အောက်တွင် ပန်း၊လေညှင်း၊နှင်းပွင့်လေးများကို နှစ်ယောက်အတူ ကြည့်ရှုခံစားပြီး ချစ်ကြည်နူးစွာ အတူပြောဆိုကြခြင်း)
လီယွီသည် အရင်က မစ်ရှင်ကို လုပ်ဆောင်ရင်း ကျင်းဝမ်ရဲ့လျှို့ဝှက်ချက်ကို သိလိုက်တဲ့အတွက် ဆုလာဘ်အနေနဲ့ ငါးခေါင်းအုံးကို ရရှိခဲ့သည်။
အခုလည်း "ဖုန်းဟွားရွယ်ယွဲ့" ကို လုပ်ဆောင်ရင်း ကျင်းဝမ်ရဲ့ လျှို့ဝှက်ချက်ကို ထပ်သိလိုက်ရတာလား။ ကျင်းဝမ်က လျှို့ဝှက်ချက်အပြည့်နဲ့ လူသားတစ်ယောက်ပဲ။ သူ့မှာ ဘယ်လောက်တောင် လျှို့ဝှက်ချက်တွေ များနေသလဲ....
သူ့စိတ်နေစိတ်ထားကို ပြောင်းလိုက်တဲ့အခါ သူနှစ်သက်တဲ့ ကျင်းဝမ် အကြောင်း ပိုသိချင်လာလို့ မတတ်နိုင်တော့ဘူး။
လီယွီက အနည်းငယ် ချောင်းဆိုးနေသည်-
"ဆုလာဘ်ဆိုတာ အမြဲတမ်း ဆုလာဘ်တစ်ခုပါ။လက် မခံရင် အလကားဖြစ်မှာပေါ့....."
System သည် သူ့ရှေ့က ပေါ်နေသည့် Screen ပေါ်မှာ စာမျက်နှာတစ်ခုကို ဖွင့်လိုက်ပြီး ထိုနေရာမှာ ရွေးချယ်စရာ လေးခု ပေါ်လာခဲ့သည်။
လီယွီသည်မေးခွန်းတစ်ခု ရွေးရမည် ဖြစ်ကြောင်း သဘောပေါက်သွားသည်။
ရွေးချယ်ရမည့် လျှို့ဝှက်ချက်လေးခုရှိသည်။
ထိုစတုရန်းပုံသဏ္ဍာန်အကွက်လေးက System တွင် အသုံးများသော အရောင်တော့ မဟုတ်တော့ပေ။ ထိုအကွက်လေးက အဆက်မပြတ်ပြောင်းလဲနေသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။
ပထမတစ်ခုက နန်းတော်။ လီယွီသည် ထိုအရာကို သိပ်မရင်းနှီးလို့ အောက်ကို ကျော်ကြည့်လိုက်သည်။
ဒုတိယတစ်ခုက အိမ်တော်ဝင်းဖြစ်ကာ လီယွီနှင့် ရင်းနှီးသည်။
နောက်တစ်ခုက လှိုင်းလေဝဲဖြစ်ပြီး
နောက်ဆုံးတစ်ခုကတော့ လူ့မျက်နှာဖြစ်သည်။ ထိုမျက်နှာက သူ့မျက်နှာဖြစ်နေသည်ကို လီယွီ သိလိုက်ရသဖြင့် အံ့ဩသွားသည်။
ကျင်းဝမ် ရဲ့လျှို့ဝှက်ချက်က သူနဲ့ ဆက်နွယ်နေသေးသလား။
တခြား ဘာတွေဖြစ်နိုင်မလဲ။
လီယွီ(Li Yu) သည် ကျင်းဝမ်အိမ်တော် နံရံများပေါ်ရှိ ရေးသားခဲ့သည့် ချစ်ကြောင်းကြိုက်ကြောင်း ဝန်ခံစားကို ပြန်တွေးတောရင်း ခေါင်းပေါ်မှာ မီးခိုးငွေ့များ ထွက်လာတော့မလို ခံစားလိုက်ရသည်။
ယနေ့အချိန်မှာတော့ အဲ့ဒီ နောက်ဆုံးလျှို့ဝှက်ချက်က သူ့အတွက် လျှို့ဝှက်ချက် မဟုတ်တော့ပေ။
ယခုအချိန်တွင် အခွင့်အရေးသည် ရှားပါးပြီး အလဟဿမဖြစ်နိုင်ဟု သူ ခံစားမိသည်။ သူ့မှာ အထင်ကြီးလောက်စရာ လျှို့ဝှက်ချက်တစ်ခုကို ဖတ်ရတာ ပိုကောင်းလိမ့်မယ်၊ ဒါကြောင့် နှစ်ခုကို ရွေးလိုက်တယ်။
အတည်ပြုပြီးနောက် လီယွီ၏ တစ်ကိုယ်လုံး မီးခိုးငွေ့များ ရုတ်တရက် ဖုံးလွှမ်းသွားသည်။
သူ ကျင်းဝမ်ရဲ့ စိတ်ခံစားချက်ကို ထပ်ပြီး ဝင်သွားကြည့်လို့ ဖြစ်ပ့ါမလား။
လီယွီသည် လှည့်ကြည့်လိုက်ရာ ယခင်က ဖက်တီးလေးများ၏ ပုံရိပ်ယောင်နှင့် မတူကြောင်း တွေ့ရှိခဲ့သည်။ ဖက်တီးလေး ရှိနေသည့် နေရာတွင် ငါးတစ်ကောင်ဖြစ်နေပြီး ရေကူးနေသည့် ပုံရိပ်ယောင်ကို တွေ့လိုက်ရသည်။
ဒီ ရှုခင်းက လက်တွေ့နဲ့ အရမ်းဆင်တူပေမယ့် ဒီတစ်ခါတော့ သူ ဘယ်လိုဖြစ်ပြီး ရေကူးနေတဲ့ ပုံရိပ်ပေါ်နေတာလဲ။ အဲ့ဒါက အလုပ်ဖြစ်ဘူးလား....
လီယွီသည် ကျင်းဝမ်နားမှာ နေကတည်းက ကျင်းဝမ်ကို ပိုနားလည်လာခဲ့သည်။ ကျင်းဝမ်ရဲ့ လျှို့ဝှက်ချက်က သူက စေ့စေ့စပ်စပ်ကြည့်နေသူ ဖြစ်သည်၊ ဒါတွေအားလုံးက ကျင်းဝမ်စိတ်ထဲက အမှတ်တရတွေပါပဲ။
ရွေးစရာနှစ်ခုက အခု ရှေ့မှာရှိပြီး အဲဒါကို သေချာဖော်ထုတ်လိုက်တဲ့အခါ လီယွီက စကားသံ အသံပျောက်သွားတယ်။ ဒါက ဒုတိယမင်းသားကြောင့် သူ ပိတ်မိနေခဲ့တဲ့ အခန်းပဲ မဟုတ်လား ။
သူ ရင်းနှီးတာ မဆန်းပါဘူး!
မကြာခင်မှာပဲ ကျင်းဝမ်က သူ့ အနားကို သလင်းကျောက် ပုလင်းတစ်လုံးနဲ့ ရောက်လာတာကို တွေ့လိုက်တယ်။
လီယွီ: "..."
လီယွီက တုံ့ပြန်ခဲ့သည်၊ ဒီအချက်တွေက ကျင်းဝမ်က သူ့ကို မင်းကြီးရှေ့ကို ခေါ်ဆောင်သွားပြီး ဒုတိယမင်းသားကို သင်ခန်းစာပေးလိုက်သည့် အခြေအနေဖြစ်သည်။ အဲဒီတုန်းက သူ မသိခဲ့တဲ့ လျှို့ဝှက်ချက်တွေက ဘာတွေလဲ။
ကျင်းဝမ်သည် ဒုတိယမင်းသား၏ စွပ်ပြုတ်ပန်းကန်ထဲကို ငါးခေါင်းအုံးကို တမင်ချလိုက်ပြီး ဘုရင်ရှေ့ ဒုတိယမင်းသား အရူးလိုဖြစ်သွားတာကို ကြည့်နေသည်။ ဒါကို ဒုတိယအကြိမ် ကြည့်နေတာဖြစ်ပေမယ့် လီယွီက ကျေနပ်လို့နေသည်။
ဒုတိယမင်းသားကို သင်ခန်းစာပေးပြီး မကြာခင်မှာပဲ ကျင်းဝမ် က သူ့ကို ထိုနေရာကနေ ခေါ်ထုတ် သွားခဲ့တာ မှတ်မိတယ်။ အဲဒါပြီးရင် ဘာဖြစ်နိုင်မလဲ။
လီယွီက အောက်ကိုငုံ့ကြည့်လိုက်သည်။ ကျင်းဝမ်သည် လက်တစ်ဖက်တွင် သလင်းကျောက်ပုလင်းကို ဆုပ်ကိုင်ထားသည်ကို သတိပြုမိပြီး အခြားလက်တစ်ဖက်ဖြင့် ဝမ့်ရှီး အား လက်ဟန်ပြလိုက်သည်။ ထို့နောက် ဝမ့်ရှီး သည် လူအချို့ကို ဦးဆောင်ကာ ထွက်ခွာသွားပြီးနောက် ဒုတိယမင်းသားအား ဝိုင်များဖြင့် ဆက်တိုက် တိုက်ကျွေးခဲ့သည်။ ဝိုင်အမြောက်အမြား သောက်ပြီး သတိလစ်နေချိန်တွင် ဒုတိယမင်းသားကို ရေကန်ထဲသို့ တွန်းချလိုက်သည်။
လီယွီ: "..."
ဒုတိယမင်းသားသည် ရေထဲသို့ ပြုတ်ကျခဲ့ပြီး မတော်တဆမှုမဟုတ်ပဲ ကျင်းဝမ်က အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
မှတ်ဉာဏ်၏ ပုံရိပ်ယောင်သည် ဤနေရာတွင် ရုတ်ခြည်းအဆုံးသတ်သွားပြီး လီယွီသည် System ထဲသို့ ပြန်ဝင်လာခဲ့သည်။
လျှို့ဝှက်ချက်အရ ကျင်းဝမ်က ဒုတိယမင်းသားကို ဒီလိုပြုမူခဲ့ကြောင်းကို သူ မသိသောကြောင့် ဒါက လျှို့ဝှက်ချက်ဖြစ်နေသည်၊ သူ အမှန်တကယ် နားလည် ပေးနိုင်သည်။ ဒုတိယမင်းသားသည် ကျင်းဝမ်နှင့် သီးသန့်ရန်ပွဲများစွာရှိခဲ့ပြီး လီယွီကိုလည်း ထိခိုက်စေရန် ကြိုးစားခဲ့သော်လည်း သူသည် ငါးတစ်ကောင်ဖြစ်နေသည်။ ကျင်းဝမ်က ဒါကိုလုပ်တဲ့အချိန် သူက ဘာကြောင့် ငါးထည့်ထားတဲ့ ဖန်ပုလင်းကို ကိုင်ထားတာလဲ။ သူက ဒီလိုလုပ်ရပ်မျိုးဆိုရင် ငါးကို မမြင်စေခဲ့ဘူး မဟုတ်လား။
သို့သော် ဒုတိယမင်းသားကို သင်ခန်းစာပေးရန် ငါးခေါင်းအုံးကို အသုံးပြုခဲ့တာကို သူ မြင်ခဲ့ရတယ်။
ပြီးတော့ သူက--
နေဦး..တခုခုမှားနေပြီ!
လီယွီ(Li Yu) သည် ကျင်းဝမ်က သူ့ရှေ့မှာ အာဏာရှင်တစ်ယောက်လို မလုပ်ခဲ့တာကြာပြီဆိုတာ ရုတ်တရက် သတိရသွားသည်။
အဲဒါကို တွေးကြည့်ရင် ကျင်းဝမ်က တစ်ချိန်က အမျိုးသမီးလုပ်ကြံရေးသမားကို သတ်ဖြတ်ခဲ့ပြီး ငါးကို ထိတ်လန့်စေခဲ့ပါတယ်။ ထိုအချိန်မှစ၍ သတ်ဖြတ်ခြင်း မရှိတော့ဟု ထင်ရသည်။
လျှို့ဝှက်ချက်ရဲ့တကယ့်အချက်က ကျင်းဝမ်ရဲ့ စရိုက်မှန်ကို ပြောပြနေတာလား။
ကျင်းဝမ်၏ စိတ်နေစိတ်ထား တိုးတက်လာသည်ဟု သူ ထင်ခဲ့သော်လည်း အမှန်တကယ်တွင် တိုးတက်မလာခဲ့ပေ။ ကျင်းဝမ်က ရှေးက သူနေထိုင်သည့်အတိုင်း ဆက်လက် နေထိုင်ကျင့်သုံးနေဆဲဖြစ်သည်။
သူ့မှာ သူ့ကိုယ်ပိုင်မူတွေနဲ့ နည်းလမ်းတွေ ရှိတယ်။ အချို့အရာများကို လုပ်ဆောင်ရသော်လည်း ငါးလေးက ဒါတွေကို ကြောက်သောကြောင့် ငါးကို ငြိမ်းချမ်းစေရန်သာ အရာအားလုံးကိုသာ ပြသခဲ့ပြီး ဒီလို ရက်စက်တဲ့လုပ်ရပ်ကို လျှို့ဝှက်သာ လုပ်ဆောင်သည့်အဖြစ်ကို ပြောင်းလဲပစ်လိုက်သည်။
လီယွီသည် ဒေါသဖြစ်သင့်သလားဆိုတာတောင် မသိတော့ပဲ မလှုပ်ရှားနိုင်တော့ပေ။
မဟုတ်ဘူး၊ ဒီလူယုတ်မာကြီးက သူ့ရဲ့လူသားသွင်ပြင်နဲ့နေတဲ့အချိန်ထက် ငါးအသွင်နဲ့ နေတဲ့အချိန်ကို ပိုပြီး ကောင်းကောင်း ဆက်ဆံနေတယ်လို့ ငါက ဘာကြောင့် ခံစားနေရတာလဲ....
***********-************
Chapter (62-2) - က်င္းဝမ္ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ႀကီး
က်င္းဝမ္ ကို ႀကိဳက္ေနၿပီဆိုေတာ့ သူ ဘာဆက္လုပ္ သင့္လဲ။
က်င္းဝမ္က သူ႔ကို ဘယ္လို သေဘာက်တာလဲ ဆိုတာနဲ႔ ျပန္ေတြးရေတာ့မည္။
လတ္တေလာ သူက ေရာေထြးေနတာေၾကာင့္ သူတို႔ ႏွစ္ေယာက္ၾကားက ခ်စ္ျခင္းေမတၱာကို ေသခ်ာ မစဥ္းစားခဲ့မိဘူး။ လူႏွစ္ေယာက္ ေဝးကြာလြန္းၿပီး အတူေနဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးလို႔ ေယဘုယ်အားျဖင့္ သူ ထင္ေနခဲ့တယ္။
ေနာက္ဆုံးေတာ့ သူက ငါးတစ္ေကာင္၊ က်င္းဝမ္ က လူသားတစ္ေယာက္၊ သူကေတာ့ စာအုပ္ထဲကို ဝိဉာဥ္ကူးေျပာင္းၿပီး ေရာက္လာတဲ့သူ။ က်င္းဝမ္က စာအုပ္ထဲက ဇာတ္ေကာင္တစ္ေယာက္ပဲ။
လီယြီသည္ သူ႔ကိုယ္သူေပးခဲ့ေသာ အေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳးကို မွတ္မိေနၿပီး ထိုအရာမ်ားက သူ႔ခံစားခ်က္ကို အတားအဆီး ျဖစ္ေနေစသလား။
မူလက ဒီအခ်က္ေတြက မသင့္ေလ်ာ္ေၾကာင္းႏွင့္ မေရမတြက္ႏိုင္ေသာ အႏၲရာယ္မ်ားရွိႏိုင္ေၾကာင္း မိမိကိုယ္ကို စိတ္ခ်ေစရန္ အေၾကာင္းျပခ်က္ တစ္ခုအျဖစ္ အသုံးျပဳခဲ့သည္။
သူသာ က်င္းဝမ္ နဲ႔ အမွန္တကယ္ လက္တြဲဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ သူဟာ စာအုပ္ထဲက အျဖစ္ပ်က္ကို ေစာင့္ၾကည့္သူ မဟုတ္ေတာ့ပဲ သူကိုယ္တိုင္ ပါဝင္ေနတဲ့ ဇာတ္ေကာင္တစ္ေကာင္ ျဖစ္လာလိမ့္မည္။
ဆိုလိုသည္မွာ သူသည္ စာအုပ္ထဲတြင္ က်င္းဝမ္၏ဘဝထဲသို႔ အျပည့္အ၀ ေပါင္းစည္းရမည္ဟု ဆိုလိုသည္။
သို႔ေသာ္ သူသည္ သူ႔စိတ္ဝိဉာဥ္ထဲမွာ သူက 21 ရာစုေခတ္က လာတဲ့သူျဖစ္ေနၿပီး က်င္းဝမ္နဲ႔ မတူ ကြဲျပားေသာအေတြးအျမင္ေတြ ရွိေနသည္။ သူတို႔ အတူေနခဲ့မယ္ဆိုရင္ ေနာင္တခ်ိန္မွာ ျငင္းခုံရန္ျဖစ္ေကာင္း ျဖစ္ႏိုင္သည္။
21 ရာစုေခတ္ကလူေတြက အခ်စ္က အခ်စ္ပဲ၊ လူတစ္ေယာက္ကို ခ်စ္မိတာနဲ႔ ကိုယ္နဲ႔ အသိုင္းဝိုင္း၊ အေတြးေခၚမတူတဲ့လူနဲ႔ တစ္သက္လုံး အတူေနရမွ မဟုတ္ဘူးလို႔ ခံယူထားၾကတယ္။
လူႏွစ္ေယာက္အတူေနဖို႔ဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္ အေတြးအေခၚေတြ၊ အယူအဆေတြကို ညႇိႏႈိင္းဖို႔လိုအပ္တယ္။
ေခတ္သစ္လူေတြက ေပါင္းသင္းဆက္ဆံေရးမွာ အဆင္မေျပရင္ အခ်ိန္တန္ရင္ လမ္းခြဲၾကလိမ့္မယ္၊ ဒါေပမယ့္ သူက က်င္းဝမ္ရဲ႕ ဘဝထဲကို ေပါင္းစည္းမိရင္ သူက က်င္းဝမ္အေပၚကိုပဲ မွီခိုေနရေတာ့မယ္။ ဒီလိုမ်ိဳး အေတြးအေခၚကို သူ စြန႔္လႊတ္ရလိမ့္မယ္။
ေရွးေခတ္ကမာၻတြင္ ဘုရင္သည္ ျပည္သူမ်ားကို စည္းလုံးညီၫြတ္ေအာင္ သက္ဦးဆံပိုင္စနစ္ျဖင့္ အုပ္ခ်ဳပ္သည္။ သူ႔အသက္ကို က်င္းဝမ္ထံ ေပးအပ္မည္ျဖစ္ၿပီး၊ သူ႔ကို က်င္းဝမ္က အဆင့္အတန္းတစ္ခုေပးအပ္မည္ ျဖစ္သည္။ အခုခ်ိန္မွာ ခ်စ္ေနၾကေပမယ့္ တစ္ေန႔မွာ ျပန္တြဲဖို႔ မသင့္ေတာ္လို႔ လမ္းခြဲၾကမယ္ဆိုရင္ က်င္းဝမ္က သူ႔ကို လမ္းခြဲေပးမွာမဟုတ္ဘူး။ သူ႔ဘဝက လုံးဝကို အဆုံးသတ္သြားလိမ့္မည္။
ဒါေတြအားလုံးက သူ႔ကို က်င္းဝမ္နဲ႔ မခ်စ္မိေစဖို႔ တားဆီးေနသည့္ အဓိက အခ်က္ေတြျဖစ္တယ္ဆိုတာ သူ နားလည္တယ္။ အေၾကာင္းျပခ်က္ တစ္ေသာင္းက သူ႔ေရွ႕မွာ ရွိေနၿပီး သူ႔ကို ဒီအဆင့္မွာ ရပ္ခိုင္းေပမယ့္ က်င္းဝမ္ဆီ သူ ဆက္ေလွ်ာက္သြားခ်င္တဲ့ အေၾကာင္းျပခ်က္က တစ္ခုရွိလွ်င္ပင္ လုံေလာက္ေနေလၿပီ။
တစ္ေယာက္ကိုတစ္ေယာက္ သေဘာက်ေနတဲ့ အခ်ိန္မွာေတာ့ ေပ်ာ္ေနၾက တယ္။
လီယြီသည္ ယခုေခတ္တြင္ သူၾကားခဲ့ရေသာ အေၾကာင္းအရာမ်ားကို မွတ္မိသည္၊ ဘဝမွာ မင္းကို သေဘာက်တဲ့သူနဲ႔ ကိုယ္သေဘာက်တဲ့သူက တစ္ေယာက္တည္းျဖစ္ေနတာက ေကာင္းခ်ီးတစ္ခုပါပဲ။
သူက အခုမွစၿပီး ခ်စ္မိလာတဲ့ လူငယ္တစ္ေယာက္ပါ။ က်င္းဝမ္က သူႀကိဳက္မိတဲ့ ပထမဆုံးလူပဲ။ ခ်စ္ျခင္းေမတၱာကို သိျမင္ၿပီး အရသာခံမိေသာအခါတြင္မွ စြန႔္လႊတ္ရမယ္တဲ့လား.... တကယ့္ကို မျဖစ္ႏိုင္ပါဘူး။
"သခင္ေလးလီ....သခင္ေလးလီ....!"
လီယြီသည္ ငါး ပုံသ႑ာန္ေျပာင္းလာသည္မွာ အေတာ္ေလး ၾကာေနခဲ့ၿပီ။ ဝမ့္ရွီးသည့္ က်င္းဝမ္မင္းသား၏ ၫႊန္ၾကားခ်က္ကို လိုက္နာၿပီး လီယြီ ႏွင့္ မေတြ႕ဆုံမီ လက္ဖက္ရည္တစ္ခြက္ စာေလာက္ အခ်ိန္ျဖဳန္းၿပီးမွာ အသံျပဳခဲ့သည္။
ဒါေပမယ့္ သခင္ေလးလီဆီက တုံ႔ျပန္လာဖို႔ မျဖစ္ႏိုင္ဘူးဆိုတာ သိသာပါတယ္။
ဝမ့္ရွီး (ဝမ့္ကုန္းကုန္း) သည္ ရထားလုံး၏ ကန႔္လန႔္ကာကို ပင့္တင္လိုက္ၿပီး ရထားလုံးထဲက သလင္းေက်ာက္ပုလင္းကို သာ ေတြ႕လိုက္ရသည္။ ေဘးတြင္ စာတစ္ေစာင္ ကပ္ထားသည္ကို ေတြ႕လိုက္ရသည္။
ဝမ့္ရွီးက ေကာက္ကိုင္လိုက္ၿပီး ၾကည့္လိုက္သည္။
"သခင္ေလးလီက.... ထြက္သြားျပန္ၿပီလား"
လီယြီ သည္ အခ်ိန္တိုင္း လူအျဖစ္မွ ဖုတ္ဖတ္ခါၿပီး ဒီအတိုင္းပဲ ေပ်ာက္ေပ်ာက္သြားခဲ့ရသည္။ ၾကာရင္ သူ႔ကို သံသယျဖစ္မည္ကို စိုးရိမ္သျဖင့္ သူက အေရးတႀကီး "ထြက္သြား"ခဲ့ရသည့္အေၾကာင္းကို အထူးျပင္ဆင္ေရးသားကာ စာခ်န္ေပးခဲ့သည္။
အၾကမ္းဖ်င္းအားျဖင့္ေတာ့ သူ႔မွာ အေရးတႀကီး ေဆာင္ရမယ့္ ကိစၥရွိေနတယ္လို႔ ေဖာ္ျပထားတယ္။
ဝမ့္ရွီးက အံ့ဩသြားခဲ့သည္။ သခင္ေလးလီ ေရးထားသည့္ စာကို က်င္းဝမ္အရွင့္သားဆီကို လႊဲေျပာင္းေပးအပ္မည္ျဖစ္သည္။ ဝမ့္ရွီးက ထိုစာကို ေကာက္ကိုင္လိုက္ၿပီး ပုလင္းကို ေပြ႕လိုက္ကာ ပုလင္းထဲက ငါးၾကင္းေလးကို ၿပဳံးျပၿပီး ေျပာလိုက္သည္။
"ငါးသခင္ေလး၊ သခင္ေလးေဘးမွာ ဒီအဘိုးႀကီးပဲ က်န္ေတာ့တယ္။ ဒီကြၽန္အိုႀကီးက သခင္ေလးကို ျပန္ေခၚသြားေပးပါလိမ့္မယ္ "
ရထားလုံးက ဆက္လက္ထြက္ခြာလာခဲ့သည္။
ရထားေနာက္ကြယ္မွ ေပအနည္းငယ္အကြာတြင္ အရပ္ရွည္ရွည္ေတာင့္တင္းသန္မာေသာ အသြင္အျပင္ျဖင့္ အေစာင့္မ်ားက ရထားေပၚမွ လူမ်ားကို တိတ္တဆိတ္ ေစာင့္ၾကပ္ကာ လိုက္ပါလာခဲ့သည္။
လီယြီသည္ အိမ္သို႔ ျပန္ေရာက္သည္ႏွင့္ ခ်က္ခ်င္းပင္ System ထဲသို႔ ဝင္သြားသည္။
သူသည္ ခ်စ္စရာ အိမ္ေမြးတိရစာၦန္ System သို႔ အခ်ိန္အၾကာႀကီးမဝင္ရေသးျဖစ္ေနသည္။ ဒီ System ထဲမွာ ေနာက္ဆုံးအႀကိမ္ၾကည့္ရႈခဲ့သည့္ စာမ်က္ႏွာက ပြင့္ေနေသးသည္။
System ကို မ်က္ႏွာခ်င္း ဆိုင္လိုက္ရေတာ့ လီယြီ အနည္းငယ္ စိတ္ရႈပ္ေထြးသြားသလို ခံစားလိုက္ရသည္။ အရင္တုန္းက သူက မစ္ရွင္ကို မလုပ္ခ်င္တဲ့ လူတစ္ေယာက္ျဖစ္ခဲ့တယ္။ အခုေတာ့ သူက မစ္ရွင္ကို အျမန္ၿပီးေအာင္လုပ္ဖို႔ လာရွာတဲ့သူျဖစ္ေနျပန္ၿပီ။
လီယြီ - "System ငါ ဘယ္လိုလုပ္မွ လူသားတစ္ေယာက္ အျဖစ္ လုံးလုံးေျပာင္းလာႏိုင္မလဲ။"
System - " ပင္မမစ္ရွင္ရဲ႕ တာဝန္အားလုံး ၿပီးေျမာက္သြားမွ ဆုလာဘ္အျဖစ္ Host က လူသားအျဖစ္ လုံးလုံးလ်ားလ်ား ျပန္လည္အသြင္ေျပာင္းသြားႏိုင္မွာ ျဖစ္ပါတယ္ "
အဲ့ဒီေတာ့ သူက မစ္ရွင္အားလုံးကို ၿပီးေအာင္ လုပ္မွရမွာ ဆိုတဲ့သေဘာေပါ့....
တဖက္က ကံေကာင္းေထာက္မစြာျဖင့္ System သည္ အရွက္ရမႈကို နားမလည္ေသာ ခံစားခ်က္ မရွိေသာ System တစ္ခုျဖစ္ေနလို႔ လီယြီက ကသိကေအာက္ျဖင့္ ရယ္ေမာေနမိသည္။ တစ္ဖက္တြင္၊ ခ်စ္စရာ အိမ္ေမြးတိရစာၦန္ System မရွိလွ်င္ သူသည္ ဧကရာဇ္ကိုယ္လုပ္ေတာ္၏ ငါးၾကင္းတစ္ေထာင္ဟင္းခ်ိဳ ျဖစ္လာႏိုင္သည္။ .
ယခုေတာ့ သူ႔ႏွလုံးသားကို ရွင္းရွင္း လင္းလင္းျမင္ေနရၿပီ၊ သူ လုပ္ခဲ့ေသာ အလုပ္မ်ိဳးစုံသည္ System က ေပးအပ္ေသာ မစ္ရွင္ေၾကာင့္ လုပ္ခဲ့ရတာျဖစ္ေပမယ့္ က်င္းဝမ္က သူ႔ကို တကယ့္ကို စိတ္ရင္းမွန္နဲ႔ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေပးခဲ့တယ္ဆိုတာ လီယြီ ဝန္ခံရမည္။ ကိုယ့္ကိုကိုယ္ လွည့္စားလို႔ မရေတာ့ဘူး။
လီယြီ: "အင္း... ဘာပဲျဖစ္ျဖစ္ ငါက လူသား တစ္ေယာက္အျဖစ္ကို ျပန္ေျပာင္းႏိုင္တယ္။ ငါ... အဓိက မစ္ရွင္ကို ဆက္လုပ္ရမယ္။"
သူက က်င္းဝမ္ကို ႏွစ္သက္ေသာေၾကာင့္ ဒီတာဝန္မ်ားကို လုပ္ေဆာင္ရာတြင္ စိတ္ပိုင္းဆိုင္ရာ အတားအဆီးမ်ား မရွိေတာ့ဘဲ လူသားအျဖစ္သို႔ လုံးလုံးလ်ားလ်ား ေျပာင္းလဲသြားႏိုင္သည္။ ဘာလို႔ မျဖစ္ရမလဲ?
မေမွ်ာ္လင့္ဘဲ၊ အျခားရႈေထာင့္မွ ၾကည့္ရင္ မေကာင္းေသာအရာမ်ားသည္ ေကာင္းေသာအရာမ်ား အျဖစ္သို႔ ေျပာင္းလဲသြားလိမ့္မည္။
System - "Host က "ဖုန္းဟြား႐ႊယ္ယြဲ႕" တာဝန္ကို ၿပီးေျမာက္တဲ့အတြက္ ရရွိတဲ့ ဆုလာဘ္ကို လက္ခံရယူရန္ လိုအပ္သလား "
("ဖုန္းဟြား႐ႊယ္ယြဲ႕" - လေရာင္ေအာက္တြင္ ပန္း၊ေလညႇင္း၊ႏွင္းပြင့္ေလးမ်ားကို ႏွစ္ေယာက္အတူ ၾကည့္ရႈခံစားၿပီး ခ်စ္ၾကည္ႏူးစြာ အတူေျပာဆိုၾကျခင္း)
လီယြီသည္ အရင္က မစ္ရွင္ကို လုပ္ေဆာင္ရင္း က်င္းဝမ္ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို သိလိုက္တဲ့အတြက္ ဆုလာဘ္အေနနဲ႔ ငါးေခါင္းအုံးကို ရရွိခဲ့သည္။
အခုလည္း "ဖုန္းဟြား႐ြယ္ယြဲ႕" ကို လုပ္ေဆာင္ရင္း က်င္းဝမ္ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို ထပ္သိလိုက္ရတာလား။ က်င္းဝမ္က လွ်ိဳ႕ဝွက္ခ်က္အျပည့္နဲ႔ လူသားတစ္ေယာက္ပဲ။ သူ႔မွာ ဘယ္ေလာက္ေတာင္ လွ်ိဳ႕ဝွက္ခ်က္ေတြ မ်ားေနသလဲ....
သူ႔စိတ္ေနစိတ္ထားကို ေျပာင္းလိုက္တဲ့အခါ သူႏွစ္သက္တဲ့ က်င္းဝမ္ အေၾကာင္း ပိုသိခ်င္လာလို႔ မတတ္ႏိုင္ေတာ့ဘူး။
လီယြီက အနည္းငယ္ ေခ်ာင္းဆိုးေနသည္-
"ဆုလာဘ္ဆိုတာ အၿမဲတမ္း ဆုလာဘ္တစ္ခုပါ။လက္ မခံရင္ အလကားျဖစ္မွာေပါ့....."
System သည္ သူ႔ေရွ႕က ေပၚေနသည့္ Screen ေပၚမွာ စာမ်က္ႏွာတစ္ခုကို ဖြင့္လိုက္ၿပီး ထိုေနရာမွာ ေ႐ြးခ်ယ္စရာ ေလးခု ေပၚလာခဲ့သည္။
လီယြီသည္ေမးခြန္းတစ္ခု ေ႐ြးရမည္ ျဖစ္ေၾကာင္း သေဘာေပါက္သြားသည္။
ေ႐ြးခ်ယ္ရမည့္ လွ်ိဳ႕ဝွက္ခ်က္ေလးခုရွိသည္။
ထိုစတုရန္းပုံသ႑ာန္အကြက္ေလးက System တြင္ အသုံးမ်ားေသာ အေရာင္ေတာ့ မဟုတ္ေတာ့ေပ။ ထိုအကြက္ေလးက အဆက္မျပတ္ေျပာင္းလဲေနေသာ ျမင္ကြင္းတစ္ခု ျဖစ္ေနသည္။
ပထမတစ္ခုက နန္းေတာ္။ လီယြီသည္ ထိုအရာကို သိပ္မရင္းႏွီးလို႔ ေအာက္ကို ေက်ာ္ၾကည့္လိုက္သည္။
ဒုတိယတစ္ခုက အိမ္ေတာ္ဝင္းျဖစ္ကာ လီယြီႏွင့္ ရင္းႏွီးသည္။
ေနာက္တစ္ခုက လႈိင္းေလဝဲျဖစ္ၿပီး
ေနာက္ဆုံးတစ္ခုကေတာ့ လူ႔မ်က္ႏွာျဖစ္သည္။ ထိုမ်က္ႏွာက သူ႔မ်က္ႏွာျဖစ္ေနသည္ကို လီယြီ သိလိုက္ရသျဖင့္ အံ့ဩသြားသည္။
က်င္းဝမ္ ရဲ႕လွ်ိဳ႕ဝွက္ခ်က္က သူနဲ႔ ဆက္ႏြယ္ေနေသးသလား။
တျခား ဘာေတြျဖစ္ႏိုင္မလဲ။
လီယြီ(Li Yu) သည္ က်င္းဝမ္အိမ္ေတာ္ နံရံမ်ားေပၚရွိ ေရးသားခဲ့သည့္ ခ်စ္ေၾကာင္းႀကိဳက္ေၾကာင္း ဝန္ခံစားကို ျပန္ေတြးေတာရင္း ေခါင္းေပၚမွာ မီးခိုးေငြ႕မ်ား ထြက္လာေတာ့မလို ခံစားလိုက္ရသည္။
ယေန႔အခ်ိန္မွာေတာ့ အဲ့ဒီ ေနာက္ဆုံးလွ်ိဳ႕ဝွက္ခ်က္က သူ႔အတြက္ လွ်ိဳ႕ဝွက္ခ်က္ မဟုတ္ေတာ့ေပ။
ယခုအခ်ိန္တြင္ အခြင့္အေရးသည္ ရွားပါးၿပီး အလဟႆမျဖစ္ႏိုင္ဟု သူ ခံစားမိသည္။ သူ႔မွာ အထင္ႀကီးေလာက္စရာ လွ်ိဳ႕ဝွက္ခ်က္တစ္ခုကို ဖတ္ရတာ ပိုေကာင္းလိမ့္မယ္၊ ဒါေၾကာင့္ ႏွစ္ခုကို ေ႐ြးလိုက္တယ္။
အတည္ျပဳၿပီးေနာက္ လီယြီ၏ တစ္ကိုယ္လုံး မီးခိုးေငြ႕မ်ား ႐ုတ္တရက္ ဖုံးလႊမ္းသြားသည္။
သူ က်င္းဝမ္ရဲ႕ စိတ္ခံစားခ်က္ကို ထပ္ၿပီး ဝင္သြားၾကည့္လို႔ ျဖစ္ပ့ါမလား။
လီယြီသည္ လွည့္ၾကည့္လိုက္ရာ ယခင္က ဖက္တီးေလးမ်ား၏ ပုံရိပ္ေယာင္ႏွင့္ မတူေၾကာင္း ေတြ႕ရွိခဲ့သည္။ ဖက္တီးေလး ရွိေနသည့္ ေနရာတြင္ ငါးတစ္ေကာင္ျဖစ္ေနၿပီး ေရကူးေနသည့္ ပုံရိပ္ေယာင္ကို ေတြ႕လိုက္ရသည္။
ဒီ ရႈခင္းက လက္ေတြ႕နဲ႔ အရမ္းဆင္တူေပမယ့္ ဒီတစ္ခါေတာ့ သူ ဘယ္လိုျဖစ္ၿပီး ေရကူးေနတဲ့ ပုံရိပ္ေပၚေနတာလဲ။ အဲ့ဒါက အလုပ္ျဖစ္ဘူးလား....
လီယြီသည္ က်င္းဝမ္နားမွာ ေနကတည္းက က်င္းဝမ္ကို ပိုနားလည္လာခဲ့သည္။ က်င္းဝမ္ရဲ႕ လွ်ိဳ႕ဝွက္ခ်က္က သူက ေစ့ေစ့စပ္စပ္ၾကည့္ေနသူ ျဖစ္သည္၊ ဒါေတြအားလုံးက က်င္းဝမ္စိတ္ထဲက အမွတ္တရေတြပါပဲ။
ေ႐ြးစရာႏွစ္ခုက အခု ေရွ႕မွာရွိၿပီး အဲဒါကို ေသခ်ာေဖာ္ထုတ္လိုက္တဲ့အခါ လီယြီက စကားသံ အသံေပ်ာက္သြားတယ္။ ဒါက ဒုတိယမင္းသားေၾကာင့္ သူ ပိတ္မိေနခဲ့တဲ့ အခန္းပဲ မဟုတ္လား ။
သူ ရင္းႏွီးတာ မဆန္းပါဘူး!
မၾကာခင္မွာပဲ က်င္းဝမ္က သူ႔ အနားကို သလင္းေက်ာက္ ပုလင္းတစ္လုံးနဲ႔ ေရာက္လာတာကို ေတြ႕လိုက္တယ္။
လီယြီ: "..."
လီယြီက တုံ႔ျပန္ခဲ့သည္၊ ဒီအခ်က္ေတြက က်င္းဝမ္က သူ႔ကို မင္းႀကီးေရွ႕ကို ေခၚေဆာင္သြားၿပီး ဒုတိယမင္းသားကို သင္ခန္းစာေပးလိုက္သည့္ အေျခအေနျဖစ္သည္။ အဲဒီတုန္းက သူ မသိခဲ့တဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြက ဘာေတြလဲ။
က်င္းဝမ္သည္ ဒုတိယမင္းသား၏ စြပ္ျပဳတ္ပန္းကန္ထဲကို ငါးေခါင္းအုံးကို တမင္ခ်လိုက္ၿပီး ဘုရင္ေရွ႕ ဒုတိယမင္းသား အ႐ူးလိုျဖစ္သြားတာကို ၾကည့္ေနသည္။ ဒါကို ဒုတိယအႀကိမ္ ၾကည့္ေနတာျဖစ္ေပမယ့္ လီယြီက ေက်နပ္လို႔ေနသည္။
ဒုတိယမင္းသားကို သင္ခန္းစာေပးၿပီး မၾကာခင္မွာပဲ က်င္းဝမ္ က သူ႔ကို ထိုေနရာကေန ေခၚထုတ္ သြားခဲ့တာ မွတ္မိတယ္။ အဲဒါၿပီးရင္ ဘာျဖစ္ႏိုင္မလဲ။
လီယြီက ေအာက္ကိုငုံ႔ၾကည့္လိုက္သည္။ က်င္းဝမ္သည္ လက္တစ္ဖက္တြင္ သလင္းေက်ာက္ပုလင္းကို ဆုပ္ကိုင္ထားသည္ကို သတိျပဳမိၿပီး အျခားလက္တစ္ဖက္ျဖင့္ ဝမ့္ရွီး အား လက္ဟန္ျပလိုက္သည္။ ထို႔ေနာက္ ဝမ့္ရွီး သည္ လူအခ်ိဳ႕ကို ဦးေဆာင္ကာ ထြက္ခြာသြားၿပီးေနာက္ ဒုတိယမင္းသားအား ဝိုင္မ်ားျဖင့္ ဆက္တိုက္ တိုက္ေကြၽးခဲ့သည္။ ဝိုင္အေျမာက္အျမား ေသာက္ၿပီး သတိလစ္ေနခ်ိန္တြင္ ဒုတိယမင္းသားကို ေရကန္ထဲသို႔ တြန္းခ်လိုက္သည္။
လီယြီ: "..."
ဒုတိယမင္းသားသည္ ေရထဲသို႔ ျပဳတ္က်ခဲ့ၿပီး မေတာ္တဆမႈမဟုတ္ပဲ က်င္းဝမ္က အမိန႔္ေပးခဲ့ျခင္း ျဖစ္သည္။
မွတ္ဉာဏ္၏ ပုံရိပ္ေယာင္သည္ ဤေနရာတြင္ ႐ုတ္ျခည္းအဆုံးသတ္သြားၿပီး လီယြီသည္ System ထဲသို႔ ျပန္ဝင္လာခဲ့သည္။
လွ်ိဳ႕ဝွက္ခ်က္အရ က်င္းဝမ္က ဒုတိယမင္းသားကို ဒီလိုျပဳမူခဲ့ေၾကာင္းကို သူ မသိေသာေၾကာင့္ ဒါက လွ်ိဳ႕ဝွက္ခ်က္ျဖစ္ေနသည္၊ သူ အမွန္တကယ္ နားလည္ ေပးႏိုင္သည္။ ဒုတိယမင္းသားသည္ က်င္းဝမ္ႏွင့္ သီးသန႔္ရန္ပြဲမ်ားစြာရွိခဲ့ၿပီး လီယြီကိုလည္း ထိခိုက္ေစရန္ ႀကိဳးစားခဲ့ေသာ္လည္း သူသည္ ငါးတစ္ေကာင္ျဖစ္ေနသည္။ က်င္းဝမ္က ဒါကိုလုပ္တဲ့အခ်ိန္ သူက ဘာေၾကာင့္ ငါးထည့္ထားတဲ့ ဖန္ပုလင္းကို ကိုင္ထားတာလဲ။ သူက ဒီလိုလုပ္ရပ္မ်ိဳးဆိုရင္ ငါးကို မျမင္ေစခဲ့ဘူး မဟုတ္လား။
သို႔ေသာ္ ဒုတိယမင္းသားကို သင္ခန္းစာေပးရန္ ငါးေခါင္းအုံးကို အသုံးျပဳခဲ့တာကို သူ ျမင္ခဲ့ရတယ္။
ၿပီးေတာ့ သူက--
ေနဦး..တခုခုမွားေနၿပီ!
လီယြီ(Li Yu) သည္ က်င္းဝမ္က သူ႔ေရွ႕မွာ အာဏာရွင္တစ္ေယာက္လို မလုပ္ခဲ့တာၾကာၿပီဆိုတာ ႐ုတ္တရက္ သတိရသြားသည္။
အဲဒါကို ေတြးၾကည့္ရင္ က်င္းဝမ္က တစ္ခ်ိန္က အမ်ိဳးသမီးလုပ္ႀကံေရးသမားကို သတ္ျဖတ္ခဲ့ၿပီး ငါးကို ထိတ္လန႔္ေစခဲ့ပါတယ္။ ထိုအခ်ိန္မွစ၍ သတ္ျဖတ္ျခင္း မရွိေတာ့ဟု ထင္ရသည္။
လွ်ိဳ႕ဝွက္ခ်က္ရဲ႕တကယ့္အခ်က္က က်င္းဝမ္ရဲ႕ စ႐ိုက္မွန္ကို ေျပာျပေနတာလား။
က်င္းဝမ္၏ စိတ္ေနစိတ္ထား တိုးတက္လာသည္ဟု သူ ထင္ခဲ့ေသာ္လည္း အမွန္တကယ္တြင္ တိုးတက္မလာခဲ့ေပ။ က်င္းဝမ္က ေရွးက သူေနထိုင္သည့္အတိုင္း ဆက္လက္ ေနထိုင္က်င့္သုံးေနဆဲျဖစ္သည္။
သူ႔မွာ သူ႔ကိုယ္ပိုင္မူေတြနဲ႔ နည္းလမ္းေတြ ရွိတယ္။ အခ်ိဳ႕အရာမ်ားကို လုပ္ေဆာင္ရေသာ္လည္း ငါးေလးက ဒါေတြကို ေၾကာက္ေသာေၾကာင့္ ငါးကို ၿငိမ္းခ်မ္းေစရန္သာ အရာအားလုံးကိုသာ ျပသခဲ့ၿပီး ဒီလို ရက္စက္တဲ့လုပ္ရပ္ကို လွ်ိဳ႕ဝွက္သာ လုပ္ေဆာင္သည့္အျဖစ္ကို ေျပာင္းလဲပစ္လိုက္သည္။
လီယြီသည္ ေဒါသျဖစ္သင့္သလားဆိုတာေတာင္ မသိေတာ့ပဲ မလႈပ္ရွားႏိုင္ေတာ့ေပ။
မဟုတ္ဘူး၊ ဒီလူယုတ္မာႀကီးက သူ႔ရဲ႕လူသားသြင္ျပင္နဲ႔ေနတဲ့အခ်ိန္ထက္ ငါးအသြင္နဲ႔ ေနတဲ့အခ်ိန္ကို ပိုၿပီး ေကာင္းေကာင္း ဆက္ဆံေနတယ္လို႔ ငါက ဘာေၾကာင့္ ခံစားေနရတာလဲ....
***********-************