Chapter (61-2)_ အနမ်းကို မျှော်လင့်နေမိသော ရှောင်ယွီ
လီယွီသည် မူရင်းစာအုပ်တွင် မင်းသမီး၏အဆုံးသတ်ကို တွေးကာ အသည်းကွဲနေခဲ့သည်။ မင်းသမီးသည် ဆဋ္ဌမမင်းသားနှင့် လက်ထပ်ခဲ့သည်။ ဆဌမမင်းသား၏မိသားစုကို နောက်ပိုင်းတွင် ကျင်းဝမ်က က ပစ်ပယ်က အပြစ်ပေးခဲ့သည်။ မင်းသမီးလည်း ထိုမိသားစုနှင့်အတူ ပူးတွဲပါသွားပြီး ခါးသီးဖွယ် အပြစ်ဒဏ်ကို ခံခဲ့ရသည်။ သူမရဲ့ဇာတိမြေဖြစ်သည့် ကျင်းကျွယ်ကို ဘယ်တော့မှ ပြန်မသွားနိုင်ခဲ့တော့ပေ။
ကျင်းဝမ်က မင်းသားခြောက်ပါးကြောင့် ဒေါသထွက်ခဲ့ရတာဖြစ်ပြီး ယခုတော့ ယဲ့ချင်းဟွမ်က ကောင်းကောင်းမွန်မွန် အသက်ရှင်နေနိုင်ခဲ့ပြီး အခု မင်းသမီးငယ်လေး နှင့် လက်ထပ်တော့မည်ဖြစ်သောကြောင့် သူမသည် ဇာတ်လမ်းထဲကလို ကျင်းဝမ်၏ အပြစ်ပေးခြင်းကို ခံရတော့မည် မဟုတ်ပေ။
သူက စာအုပ်ထဲကို ကူးပြောင်းလာပြီးနောက် မူလဇာတ်ကြောင်းက အတော်ကြီးကို ပြောင်းလဲလာခဲ့သည်။ ငါးဟာ ကောင်းမွန်တဲ့ အရာများစွာကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်ဆဲဖြစ်ကြောင်း မြင်နိုင်တယ်။
အကြောင်းတစ်ခုခုကြောင့် ကျင်းဝမ် သည် လီယွီက ယဲ့ချင်းဟွမ်ကို သတိပေးစာ ပေးပို့လိုက်သူဖြစ်ကြောင်းကို မဖော်ထုတ်ပေမယ့် လီယွီ ဂရုမစိုက်ပေ။ သူသည် ယဲ့ချင်းဟွမ်ရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် သူ့ဆီက ကျေးဇူးတင်မှုကို တောင်းဆိုရန် မလိုအပ်သော်လည်း သူ ကယ်တင်ထားသော လူနှစ်ဦးကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ လက်ထပ်နိုင်ပြီး ကောင်းကောင်းမွန်မွန် အသက်ရှင်နေနိုင်သည်ကို သူတွေ့နိုင်တာ ပိုကောင်းပါသည်။ သူတို့အတွဲကို မြင်တိုင်း သူ ကောင်းမှုတစ်ခုကို လုပ်ပေးနိုင်ခဲ့သည်ဆိုပြီး အမြဲတမ်း ဝမ်းသာနေနိုင်သည် မဟုတ်ပါလား။
"ကောင်းပြီ၊ အခုလို ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အရှင်မင်းသမီးတို့ မင်္ဂလာပွဲကို ကျွန်တော် ဆက်ဆက်တက်ရောက်ပါ့မယ်။"
လီယွီက ပြုံးပြီး သေသေချာချာ ခေါင်းညိတ်သည်။
ကျင်းဝမ်၏ စံအိမ်သို့ ပြန်လာရာ လမ်းတွင် ရထားသည် လျင်မြန်စွာ ဒုန်းစိုင်းလာပြီး တဖန်ယိမ်းထိုးလာသည်။
လီယွီသည် ငါးမိုက်လေးတော့ မဟုတ်တော့ပေ။ ရထားလှုပ်နေသရွေ့တော့ ရထားအတွင်းမှာရှိတဲ့ သစ်သားပျဉ်ပြားကြားက ကွက်လပ်ကို သူ့လက်က ခိုင်မြဲစွာ ဆုပ်ကိုင်ထားမှာမို့ ရထားက ပိုလှုပ်နေရင်တောင် ဆန့်ကျင်ဘက်မှာ ထိုင်နေတဲ့သူကို မထိမိစေအောင် ထိန်းထားနိုင်ခဲ့သည်။
သို့သော်လည်း သူနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် ကျင်းဝမ်သည်လည်း ထိုင်ခုံက သစ်သားကို သူ့ထက်ပင် တင်းတင်းကျပ်ကျပ် ကိုင်ထားတာကို တွေ့လိုက်တော့ လီယွီ မျက်မှောင်ကြုတ်လိုက်မိသည်။
သူတို့နှစ်ယောက်တည်း ရှိတုန်း ပြောစရာရှိတာ ပြောရဦးမည်။
လီယွီက သူ့အတွေးတွေကို ရှင်းထုတ်ပြီး စကားစလိုက်သည်။
"အရှင်မင်းသား... ကျွန်တော် စကားနည်းနည်းပြောလို့ ရမလား"
ကျင်းဝမ်က အံကြိတ်ထားရပုံဖြင့် မေးရိုးက တင်းမာနေသည်။
လီယွီ (Li Yu) က ကျင်းဝမ် သူ့ကို မငြင်းမီ အမြန်ပြောလိုက်သည်။
"အရှင်မင်းသား ကျွန်တော့်အတွက် လုပ်ပေးတာ အားလုံးကို ကျွန်တော် သိပါတယ်၊ ဒီတစ်ခါ ဈေးကို လာလို့ရအောင် အရှင်မင်းသားက ဝမ့်ကုန်းကုန်းကို အကုန် စီစဉ်ခိုင်းထားတယ်ဆိုတာ ကျွန်တော် သိပါတယ်။ မင်းသမီးနဲ့ သခင်လေးယဲ့ ကိုလည်း ကျေးဇူးတင်ပါတယ်၊ အရှင်မင်းသားရဲ့ ကျွန်တော့်အပေါ်ကို စိတ်လျှော့ပြီး အမြဲတမ်း ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်ကို လုပ်ပေးတဲ့ အရာတွေ အများကြီးပဲ၊ ငါ..."
လီယွီသည် ခေါင်းငုံ့ကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားကာ ဆက်ပြောလိုက်သည်။
"ကျွန်တော့်ကြောင့် အရှင်မင်းသားရဲ့ အချိန်တွေ အများကြီး ကုန်ခဲ့ပြီးပြီ၊ အရှင်မင်းသားနဲ့ ကျွန်တော့် အကြောင်းကို ကျွန်တော် အေးအေးဆေးဆေး စဉ်းစားနေပါတယ်။ အရှင်မင်းသား ကျွန်တော့်ကို သဘောကျတာကို သိပါတယ်။ ဒါပေမယ့် အချိန်တိုင်း ကျွန်တော်က အရှင်မင်းသားကို အနှောက်အယှက် ပေးခဲ့မိတယ်"
လီယွီသည် အနည်းငယ် ပြုံးလိုက်ပြီး သူ့ကိုယ်သူ ခုလို ပြောထွက်လာတာကို မယုံနိုင်လောက်အောင် ခံစားနေရသည်။
"အရှင်မင်းသားက ကျွန်တော့် အတွက် စေတနာအပြည့်နဲ့ စေတနာထားပြီး ပျော်ရွှင်အောင် လုပ်ပေးတယ်၊ အကျိုးအမြတ်တွေအများကြီးကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော် အရင်က ဒီလိုမဟုတ်တာ သိပါတယ်..."
လီယွီ သည် ထိုကာလအတွင်း ဘာဖြစ်ခဲ့သည်ကို သူလည်း သေချာ မသိတော့ပေ။ ပွင့်လင်းစွာ ပြောဆိုနေထိုင်တတ်သော ယောက်ျားလေးသည် မိန်းကလေးထက် တစ်ခါတစ်ရံ ပို၍ သိမ်မွေ့ကာ၊ သူသည် အိမ်မွေးတိရစ္ဆာန် နှင့် ပိုင်ရှင်ဖြစ်သူ ကျင်းဝမ်တို့အကြား ပုံမှန် သံယောဇဉ်မျိုးသာ ရှိသင့်သည်ဟု အလိုလို ခံစားမိပါသည်။ ဒီလိုမျိုးက ချစ်ခြင်းမေတ္တာ မဟုတ်ဘူး၊ ဒါပေမယ့် အခုချိန်မှာတော့ လူသားပုံစံ ဖြစ်သွားပါပြီ။ ကျင်းဝမ်က သူ့ကို အတင်း ခုလို ပူးကပ်ကာ နမ်းရှုံ့တာကို ခံရတော့ သူ အနည်းငယ် စိတ်ရှုပ်သွားသည်။
ဒီကာလတွေမှာ သူက ကျင်းဝမ်ရဲ့ အနားမှာ နေရတာ စိတ်လုံခြုံမှုကို ခံစား၇စေသည်။ တကယ်တော့ သူ ဒီဇာတ်လမ်းထဲကို ကူးပြောင်းရောက်ရှိလာကတည်းက သူ စိတ်မချနိုင်ခဲ့ပေ။ ဆက်လက်ပြီး စိတ်တည်ငြိမ်အောင်ထားပြီးမှ ရလဒ်ကောင်းတွေရဖို့အတွက် စိတ်လျော့လိုက် သင့်သလား။
ဒီပုံစံအတိုင်းဆိုရင် လီယွီသည် သူ့ မစ်ရှင်တွေ ပြီးမြောက်ပြီး ဒီဇာတ်လမ်းထဲကနေ လွတ်မြောက်ရန် အလွန်အ လားအလာရှိနေသည်ဟု ခံစားလိုက်မိသည်။
ဘာကြောင့်လဲ ဆိုတော့ သူနဲ့ ကျင်းဝမ်ကြားက ဆက်ဆံရေးက ကြိုက်သလား မကြိုက်ဘူးလားဆိုတာထက်ကို ပိုနက်ရှိုင်းနေသည်။
လီယွီက ခေတ်သစ်က လူဖြစ်ပြီး ယောက်ျားလေးများသည် ကျင်းဝမ်ကို နှစ်သက်ပြီး ကျင်းဝမ်လိုလူကို ဘယ်သောအခါမှ မငြင်းပယ်နိုင်ကြောင်း ကို သေချာ နားလည်သည်။ တခါတရံမှာ ချောမောလှပတဲ့ ယောက်ျားတွေကို ကြည့်ရတာကို သဘောကျတဲ့ သူက Bisexual (ကျား၊မ နှစ်မျိုးလုံးကို သဘောကျသူ) များဖြစ်နေမလား။ ဒါမှ မဟုတ် သူက ယောကျာ်းလေးတွေကို သဘောကျတဲ့ ဂေးဖြစ်နေမလားလို့ လီယွီက သူ့ဖာသာ စဉ်းစားလာမိသည်။ သူ့ရဲ့လိင်စိတ်ခံယူချက်က ဘာဖြစ်ဖြစ် အရေးမကြီးဘူးဟု လီယွီ ခံစားရတယ်။ လိင်ပိုင်းဆိုင်ရာ ခံယူချက်က ပြဿနာမဟုတ်ပါ၊ ပြဿနာက ကျင်းဝမ်က လူမဟုတ်ပဲ ဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက်သာ ဖြစ်နေသောကြောင့်ပင်။
သူသည်လက်တွေ့ကျသောပုဂ္ဂိုလ်ဖြစ်သည်၊ ကျင်းဝမ်လည်း အဲ့လိုပါပဲ။ သူက ဇာတ်လမ်းထဲက အချစ်တော် ငါးကလေးဖြစ်နေသည်။ သလို၊ လိင်နှင့်မသက်ဆိုင်သော်လည်း သူတို့ နှစ်ယောက် အကြား အကွာအဝေးတွေက မိုင်ထောင်ချီကွာဝေးနေသည်။
သို့သော် ဒီလို နှစ်ဦးအကြား ချစ်သွားဖို့က မိုင်ထောင်ချီဝေးနေတယ်ဆိုပေမယ့် သူတို့ကြားက ခံစားချက်ကို စွန့်ပစ်ရန် မလွယ်ကူလှပေ။
"တောင်းပန်ပါတယ် အရှင်မင်းသား..."
အချိန်အတော်ကြာအောင် ရုန်းကန်ပြီးနောက် လီယွီက စကားမပြောရန် ဆုံးဖြတ်လိုက်သည်။
သူသည် သူ့ကိုယ်သူ အချိန်ပိုပေးကာ စဉ်းစား ချင်သေးသည်၊ ထိုအချိန်က သူက ရွေးချယ်မှုများ ပြုလုပ်ရန် ကျင်းဝမ်ဆီက တွန်းအားပေးလာမည်ကို တိတ်တခိုးလေး မျှော်လင့်နေမိသေးသည်။
"အရှင်မင်းသားက ကျွန်တော့် အပေါ် အရမ်းကောင်းတယ်။ အရှင်မင်းသား ကျွန်တော့်ကို အချိန်ခဏလောက်ပေးလို့ ရမလား၊ အရှင်မင်းသားနဲ့ ကျွန်တော့် ကြားက ဆက်ဆံရေးကို သေချာလေး စဉ်းစားကြည့်ချင်သေးတယ်။ ကျွန်တော် အခု ဘယ်လို လုပ်ရမယ် ဆိုတာ မသိသေးဘူး... ကျွန်တော် --"
ကျင်းဝမ် က သူ့ကို လေးလေးနက်နက် ကြည့်ပြီး ရှုတ်ထွေးတဲ့ ငြင်းဆိုမှုတွေ မပြုခင်မှာ ရုတ်တရက် သူ့ကို ဖိတွန်းလိုက်သည်။ ကျင်းဝမ်ကြောင့် လီယွီက ရထားနံရံကို ကျောကပ်သွားမိပြီး ရထားသည် ပြင်းထန်စွာ တုန်ခါသွားသော်လည်း လီယွီမှာ လုံးဝမနာကျင်ပေ။ ကျင်းဝမ်က သူ့ လက်မောင်းတွေနဲ့ လီယွီရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသောကြောင့် သူက ဘာနာကျင်မှုကိုမှ မခံရပေ။
လီယွီ၏ သူငယ်အိမ်လေးထဲတွင် ကျင်းဝမ်၏ မျက်နှာပုံက ထင်ဟပ်လို့နေသည်။ ကျင်းဝမ်က သူ့မျက်နှာနားကို တဖြည်းဖြည်း နီးကပ်လာသည်။ တစ်ဖက်လူက ဘာလုပ်မည်ကို သိနေသကဲ့သို့ လီယွီက နူတ်ခမ်းဖျားကိုရောက်နေသည့် စကားလုံးအားလုံးကို မျိုချလိုက်ပြီး မျက်လုံးများကို ခိုကိုးရာမဲ့ မှိတ်ထားလိုက်မိသည်။
သူ့ကို နမ်းတော့မှာလား....
ဒါပေမယ့် အချိန်အကြာကြီးစောင့်ပြီးမှ ကျင်းဝမ် က သူ့ကို ပွေ့ဖက်ထားပေမယ့် မလှုပ်ရှားခဲ့ပေ။ လီယွီသည် သူ့မျက်လုံးများကို ပြန်ဖွင့်ကြည့်လိုက်တော့ ကျင်းဝမ်က နူှုတ်ခမ်းတွန့်ကာ ပြုံးနေသည်ကို တွေ့လိုက်ရသည်။
လီယွီသည် ဒေါသတကြီးဖြစ်ကာ ဒီသောက်လူယုတ်မာက တကယ်ကြီး သူ့ကို လှောင်ပြောင်ခဲ့သည်။
အခုပဲ နမ်းတော့မယ်လို့ သူ ထင်နေခဲ့မိတယ်!
လီယွီ၏ မျက်နှာသည် ပူလာပြီး သူ့မျက်နှာကြီး အက်ကွဲထွက်သွားတော့မည်ဟု ခံစားလိုက်ရစဉ် ကျင်းဝမ်က သူ့ကို ပိုတင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး သူ့ခေါင်းကို လှည့်လိုက်တဲ့အခါ ညင်သာသည့် အနမ်းဖွဖွလေးတစ်ခု သူ့နဖူးပေါ် ကျရောက်လာခဲ့တယ်။
လီယွီ - "..."
လီယွီသည် တစ်နေရာမှ ကြားဖူးခဲ့သော စကားတစ်ခွန်းကို သတိရ လိုက်မိသည်။ နဖူးပေါ်ကျလာသော အနမ်းသည် ဖြူစင်သော ချစ်ခြင်းမေတ္တာကို ဆိုလိုသည်ဆိုပဲ။
ကျင်းဝမ်.... သူ ငါ့ကို ကြိုက်တယ်ပေါ့...
လီယွီ ရဲ့နှလုံးသားလေးက တဒုတ်ဒုတ်နဲ့ ပြင်းထန်စွာခုန်လာခဲ့သည်။
ကျင်းဝမ်ရဲ့ မျက်နှာလည်း နီရဲနေတယ်။
လီယွီက သူနှင့် အလွန်နီးကပ်နေပြန်သည်၊ ကျင်းဝမ်၏နက်မှောင်သော မျက်လုံးများထဲတွင် မှော်အစွမ်းများ ရှိနေပုံပေါ်သည်။ တောက်ပသော မျက်ဝန်းနက်နက်တွေက သူ့ကို လုံး၀ စုပ်ယူသွားမလို ခံစားလိုက်ရပြီး ဒီမျက်ဝန်းတွေထဲကနေ သူ လွတ်မြောက်ရန် လမ်းမရှိတော့သလို ခံစားရစေသည်။
ကျင်းဝမ် သည် သူ၏နဖူးကို နမ်းပြီးနောက် နှုတ်ခမ်းများက သူ့ နှာခေါင်းကို ထပ်မံပွတ်တိုက်ကာ နောက်ဆုံးတွင် သူ၏နှုတ်ခမ်းနှင့် တစ်လက်မအကွာတွင် ရပ်တန့်သွားခဲ့သည်။
သူတို့နှစ်ဦးသည် ရထားသေးသေးလေးတွင် တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ် ပွေ့ဖက်ကာ အချင်းချင်း မျက်နှာချင်းဆိုင်ကာ ထွက်သက်များကို မှုတ်ထုတ်ရင်း အချင်းချင်း နွေးထွေးသော နှလုံးခုန်သံကို ကြားနိုင်သည်အထိ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
လီယွီသည် တစ်ဖက်သား ဘာလုပ်မည်ကို သိသောကြောင့် ရှောင်ဟန်ပြင်ပေမယ့် သူ မလုပ်ခဲ့ဘူး။ ထိုအခိုက်အတန့်တွင် သူသည် အနမ်းခံရဖို့ တစ်ဖက်လူကို စောင့်မျှော်နေမှန်း သိလိုက်ရတော့ သူ့ကိုယ်သူ အံ့အားသင့်သွားသည်။
နောက်ဆုံးတွင် တစ်ဖက်သားက သူ့ရဲ့ နှုတ်ခမ်းများကို ငုံ့နမ်းလိုက်သောအခါတွင် လီယွီက သက်ပြင်းချလိုက်မိသည်။
ကျင်းဝမ် သည် သူ့ဆီသို့ ရင်းနှီးစွာ တိုးကပ်ကာ ညင်သာစွာ လှုပ်ရှားခဲ့သည်။ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ အပြင်းအထန် နမ်းရှုပ်ခြင်း မဟုတ်ပေမယ့် ရှက်ရွံ့သည့် ခံစားချက် တစ်ခုဖြစ်သည်။ သူစိတ်ဆိုးနေရင်တောင် သူမြင်ရမှာကို စိုးရွံ့ပြီး တာဝန်မဲ့စွာ မှတ်ချက်ချမိမှာကို ကြောက်လို့ပါ....။
တကယ်တော့ လီယွီက ဒီဇာတ်လမ်းထဲကို ရောက်လာပြီးကတည်းက သူ စိုးရိမ်နေရသည့် အရာများစွာရှိသလို အလွယ်တကူလည်း စိတ်ဆိုးဒေါသထွက်လွယ်ခဲ့သည်။ ဒါပေမယ့် ကျင်းဝမ်ဖြစ်နေရင်တော့ သူက တကယ် ဒေါသမထွက်နိုင်တော့ပေ။
ထိုအရာတွေကို ကျင်းဝမ်လုပ်လာဖို့ပင် သူက မျှော်လင့်နေမိသလို ဖြစ်နေသည်။
သူ ဘာလုပ်ရမလဲ၊ သူက ကျင်းဝမ်ကို တဖြည်းဖြည်း သဘောကျလာမိသလိုပင်...
ကျင်းဝမ်က သူ့ကို နမ်းလိုက်တဲ့အခါ သူ့နှလုံးသားက လှိုင်းလုံးထဲ လွန့်လူးနေသည့် လှေကလေးလို တလူလူး တလိမ့်လိမ့် ခံစားလိုက်ရသည်။ ဒီခံစားချက်က ဒဏ္ဍာရီလိုပဲ။ သူ့ကို အိပ်မက်တစ်ခုလို ခံစားရစေသည်။
*********-*****
Chapter (61-2)_ အနမ္းကို ေမွ်ာ္လင့္ေနမိေသာ ေရွာင္ယြီ
လီယြီသည္ မူရင္းစာအုပ္တြင္ မင္းသမီး၏အဆုံးသတ္ကို ေတြးကာ အသည္းကြဲေနခဲ့သည္။ မင္းသမီးသည္ ဆ႒မမင္းသားႏွင့္ လက္ထပ္ခဲ့သည္။ ဆဌမမင္းသား၏မိသားစုကို ေနာက္ပိုင္းတြင္ က်င္းဝမ္က က ပစ္ပယ္က အျပစ္ေပးခဲ့သည္။ မင္းသမီးလည္း ထိုမိသားစုနွင့္အတူ ပူးတြဲပါသြားျပီး ခါးသီးဖြယ္ အျပစ္ဒဏ္ကို ခံခဲ့ရသည္။ သူမရဲ႕ဇာတိေျမျဖစ္သည့္ က်င္းကြ်ယ္ကို ဘယ္ေတာ့မွ ျပန္မသြားနုိင္ခဲ့ေတာ့ေပ။
က်င္းဝမ္က မင္းသားေျခာက္ပါးေၾကာင့္ ေဒါသထြက္ခဲ့ရတာျဖစ္ၿပီး ယခုေတာ့ ယဲ့ခ်င္းဟြမ္က ေကာင္းေကာင္းမြန္မြန္ အသက္ရွင္ေနနုိင္ခဲ့ျပီး အခု မင္းသမီးငယ္ေလး ႏွင့္ လက္ထပ္ေတာ့မည္ျဖစ္ေသာေၾကာင့္ သူမသည္ ဇာတ္လမ္းထဲကလို က်င္းဝမ္၏ အျပစ္ေပးျခင္းကို ခံရေတာ့မည္ မဟုတ္ေပ။
သူက စာအုပ္ထဲကို ကူးေျပာင္းလာျပီးေနာက္ မူလဇာတ္ေႀကာင္းက အေတာ္ႀကီးကို ေျပာင္းလဲလာခဲ့သည္။ ငါးဟာ ေကာင္းမြန္တဲ့ အရာမ်ားစြာကို ၿပီးေျမာက္ေအာင္ စြမ္းေဆာင္ႏိုင္ဆဲျဖစ္ေၾကာင္း ျမင္ႏိုင္တယ္။
အေၾကာင္းတစ္ခုခုေၾကာင့္ က်င္းဝမ္ သည္ လီယြီက ယဲ့ခ်င္းဟြမ္ကို သတိေပးစာ ေပးပို႕လိုက္သူျဖစ္ေႀကာင္းကို မေဖာ္ထုတ္ေပမယ့္ လီယြီ ဂ႐ုမစိုက္ေပ။ သူသည္ ယဲ့ခ်င္းဟြမ္ရဲ႕အသက္ကို ကယ္တင္ေပးခဲ့တဲ့အတြက္ သူ႕ဆီက ေက်းဇူးတင္မႈကို ေတာင္းဆိုရန္ မလိုအပ္ေသာ္လည္း သူ ကယ္တင္ထားေသာ လူႏွစ္ဦးကို တိုက္႐ိုက္ သို႔မဟုတ္ သြယ္ဝိုက္၍ျဖစ္ေစ လက္ထပ္နုိင္ျပီး ေကာင္းေကာင္းမြန္မြန္ အသက္ရွင္ေနနိုင္သည္ကို သူေတြ႕ႏိုင္တာ ပိုေကာင္းပါသည္။ သူတုိ႕အတြဲကို ျမင္တုိင္း သူ ေကာင္းမႈတစ္ခုကို လုပ္ေပးနုိင္ခဲ့သည္ဆိုျပီး အျမဲတမ္း ဝမ္းသာေနနိုင္သည္ မဟုတ္ပါလား။
"ေကာင္းၿပီ၊ အခုလို ဖိတ္ႀကားတဲ့အတြက္ ေက်းဇူးတင္ပါတယ္၊ အရွင္မင္းသမီးတို႕ မဂၤလာပြဲကို ကြ်န္ေတာ္ ဆက္ဆက္တက္ေရာက္ပါ့မယ္။"
လီယြီက ၿပဳံးၿပီး ေသေသခ်ာခ်ာ ေခါင္းညိတ္သည္။
က်င္းဝမ္၏ စံအိမ္သို႔ ျပန္လာရာ လမ္းတြင္ ရထားသည္ လ်င္ျမန္စြာ ဒုန္းစိုင္းလာၿပီး တဖန္ယိမ္းထိုးလာသည္။
လီယြီသည္ ငါးမိုက္ေလးေတာ့ မဟုတ္ေတာ့ေပ။ ရထားလႈပ္ေနသေ႐ြ႕ေတာ့ ရထားအတြင္းမွာရွိတဲ့ သစ္သားပ်ဥ္ျပားၾကားက ကြက္လပ္ကို သူ႔လက္က ခိုင္ၿမဲစြာ ဆုပ္ကိုင္ထားမွာမို႔ ရထားက ပိုလႈပ္ေနရင္ေတာင္ ဆန႔္က်င္ဘက္မွာ ထိုင္ေနတဲ့သူကို မထိမိေစေအာင္ ထိန္းထားနုိင္ခဲ့သည္။
သို႔ေသာ္လည္း သူနွင့္ မ်က္နွာခ်င္းဆိုင္မွာ ထို္င္ေနသည့္ က်င္းဝမ္သည္လည္း ထိုင္ခံုက သစ္သားကို သူ႕ထက္ပင္ တင္းတင္းက်ပ္က်ပ္ ကိုင္ထားတာကို ေတြ႕လိုက္ေတာ့ လီယြီ မ်က္ေမွာင္ႀကဳတ္လိုက္မိသည္။
သူတို႕နွစ္ေယာက္တည္း ရွိတုန္း ေျပာစရာရွိတာ ေျပာရဦးမည္။
လီယြီက သူ႔အေတြးေတြကို ရွင္းထုတ္ၿပီး စကားစလိုက္သည္။
"အရွင္မင္းသား... ကြ်န္ေတာ္ စကားနည္းနညး္ေျပာလို႕ ရမလား"
က်င္းဝမ္က အံႀကိတ္ထားရပံုျဖင့္ ေမးရိုးက တင္းမာေနသည္။
လီယြီ (Li Yu) က က်င္းဝမ္ သူ႕ကို မျငင္းမီ အျမန္ေျပာလိုက္သည္။
"အရွင္မင္းသား ကြ်န္ေတာ့္အတြက္ လုပ္ေပးတာ အားလံုးကို ကြ်န္ေတာ္ သိပါတယ္၊ ဒီတစ္ခါ ေဈးကို လာလို႔ရေအာင္ အရွင္မင္းသားက ဝမ့္ကုန္းကုန္းကို အကုန္ စီစဥ္ခုိင္းထားတယ္ဆိုတာ ကြ်န္ေတာ္ သိပါတယ္။ မင္းသမီးနဲ႔ သခင္ေလးယဲ့ ကိုလည္း ေက်းဇူးတင္ပါတယ္၊ အရွင္မင္းသားရဲ႕ ကြ်န္ေတာ့္အေပၚကို စိတ္ေလွ်ာ့ၿပီး အၿမဲတမ္း ဂ႐ုစိုက္ေပးလို႔ ေက်းဇူးတင္ပါတယ္၊ ကြ်န္ေတာ့္ကို လုပ္ေပးတဲ့ အရာေတြ အမ်ားႀကီးပဲ၊ ငါ..."
လီယြီသည္ ေခါင္းငုံ႔ကာ စိတ္ကို တည္ၿငိမ္ေအာင္ ႀကိဳးစားကာ ဆက္ေျပာလိုက္သည္။
"ကြ်န္ေတာ့္ေႀကာင့္ အရွင္မငး္သားရဲ႕ အခ်ိန္ေတြ အမ်ားႀကီး ကုန္ခဲ့ၿပီးၿပီ၊ အရွင္မင္းသားနဲ႕ ကြ်န္ေတာ့္ အေၾကာင္းကို ကြ်န္ေတာ္ ေအးေအးေဆးေဆး စဥ္းစားေနပါတယ္။ အရွင္မင္းသား ကြ်န္ေတာ့္ကို သေဘာက်တာကို သိပါတယ္။ ဒါေပမယ့္ အခ်ိန္တိုင္း ကြ်န္ေတာ္က အရွင္မင္းသားကို အေႏွာက္အယွက္ ေပးခဲ့မိတယ္"
လီယြီသည္ အနည္းငယ္ ၿပဳံးလိုက္ၿပီး သူ႔ကိုယ္သူ ခုလို ေျပာထြက္လာတာကို မယုံႏိုင္ေလာက္ေအာင္ ခံစားေနရသည္။
"အရွင္မင္းသားက ကြ်န္ေတာ့္ အတြက္ ေစတနာအျပည့္နဲ႔ ေစတနာထားၿပီး ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးတယ္၊ အက်ိဳးအျမတ္ေတြအမ်ားႀကီးကို ဆုံးရႈံးခဲ့ရတယ္။ ကြ်န္ေတာ္ အရင္က ဒီလိုမဟုတ္တာ သိပါတယ္..."
လီယြီ သည္ ထိုကာလအတြင္း ဘာျဖစ္ခဲ့သည္ကို သူလည္း ေသခ်ာ မသိေတာ့ေပ။ ပြင့္လင္းစြာ ေျပာဆိုေနထိုင္တတ္ေသာ ေယာက္်ားေလးသည္ မိန္းကေလးထက္ တစ္ခါတစ္ရံ ပို၍ သိမ္ေမြ႕ကာ၊ သူသည္ အိမ္ေမြးတိရစာၦန္ နွင့္ ပိုင္ရွင္ျဖစ္သူ က်င္းဝမ္တို႕အႀကား ပံုမွန္ သံေယာဇဥ္မ်ိဳးသာ ရွိသင့္သည္ဟု အလိုလို ခံစားမိပါသည္။ ဒီလိုမ်ိဳးက ခ်စ္ျခင္းေမတၱာ မဟုတ္ဘူး၊ ဒါေပမယ့္ အခုခ်ိန္မွာေတာ့ လူသားပုံစံ ျဖစ္သြားပါၿပီ။ က်င္းဝမ္က သူ႕ကို အတင္း ခုလို ပူးကပ္ကာ နမ္းရံႈ႕တာကို ခံရေတာ့ သူ အနည္းငယ္ စိတ္ရႈပ္သြားသည္။
ဒီကာလေတြမွာ သူက က်င္းဝမ္ရဲ႕ အနားမွာ ေနရတာ စိတ္လံုျခံဳမႈကို ခံစား၇ေစသည္။ တကယ္ေတာ့ သူ ဒီဇာတ္လမ္းထဲကို ကူးေျပာင္းေရာက္ရွိလာကတည္းက သူ စိတ္မခ်ႏိုင္ခဲ့ေပ။ ဆက္လက္ၿပီး စိတ္တည္ၿငိမ္ေအာင္ထားၿပီးမွ ရလဒ္ေကာင္းေတြရဖို႔အတြက္ စိတ္ေလ်ာ့လိုက္ သင့္သလား။
ဒီပံုစံအတုိင္းဆိုရင္ လီယြီသည္ သူ႕ မစ္ရွင္ေတြ ျပီးေျမာက္ျပီး ဒီဇာတ္လမ္းထဲကေန လြတ္ေျမာက္ရန္ အလြန္အ လားအလာရွိေနသည္ဟု ခံစားလိုက္မိသည္။
ဘာေၾကာင့္လဲ ဆိုေတာ့ သူနဲ႕ က်င္းဝမ္ႀကားက ဆက္ဆံေရးက ႀကိဳက္သလား မႀကိဳက္ဘူးလားဆုိတာထက္ကို ပိုနက္ရိႈင္းေနသည္။
လီယြီက ေခတ္သစ္က လူျဖစ္ၿပီး ေယာက္်ားေလးမ်ားသည္ က်င္းဝမ္ကို ႏွစ္သက္ၿပီး က်င္းဝမ္လိုလူကို ဘယ္ေသာအခါမွ မျငင္းပယ္နိုင္ေၾကာင္း ကို ေသခ်ာ နားလည္သည္။ တခါတရံမွာ ေခ်ာေမာလွပတဲ့ ေယာက္်ားေတြကို ၾကည့္ရတာကို သေဘာက်တဲ့ သူက Bisexual (က်ား၊မ နွစ္မ်ိဳးလံုးကို သေဘာက်သူ) မ်ားျဖစ္ေနမလား။ ဒါမွ မဟုတ္ သူက ေယာက်ာ္းေလးေတြကို သေဘာက်တဲ့ ေဂးျဖစ္ေနမလားလို႕ လီယြီက သူ႕ဖာသာ စဥ္းစားလာမိသည္။ သူ႕ရဲ႕လိင္စိတ္ခံယူခ်က္က ဘာျဖစ္ျဖစ္ အေရးမႀကီးဘူးဟု လီယြီ ခံစားရတယ္။ လိင္ပိုင္းဆိုင္ရာ ခံယူခ်က္က ျပႆနာမဟုတ္ပါ၊ ျပႆနာက က်င္းဝမ္က လူမဟုတ္ပဲ ဇာတ္လမ္းထဲက ဇာတ္ေကာင္တစ္ေယာက္သာ ျဖစ္ေနေသာေႀကာင့္ပင္။
သူသည္လက္ေတြ႕က်ေသာပုဂၢိဳလ္ျဖစ္သည္၊ က်င္းဝမ္လည္း အဲ့လိုပါပဲ။ သူက ဇာတ္လမ္းထဲက အခ်စ္ေတာ္ ငါးကေလးျဖစ္ေနသည္။ သလို၊ လိင္ႏွင့္မသက္ဆိုင္ေသာ္လည္း သူတို႔ နွစ္ေယာက္ အၾကား အကြာအေဝးေတြက မိုင္ေထာင္ခ်ီကြာေဝးေနသည္။
သို႔ေသာ္ ဒီလို နွစ္ဦးအႀကား ခ်စ္သြားဖုိ႕က မိုင္ေထာင္ခ်ီေဝးေနတယ္ဆုိေပမယ့္ သူတို႕ႀကားက ခံစားခ်က္ကို စြန႔္ပစ္ရန္ မလြယ္ကူလွေပ။
"ေတာင္းပန္ပါတယ္ အရွင္မင္းသား..."
အခ်ိန္အေတာ္ၾကာေအာင္ ႐ုန္းကန္ၿပီးေနာက္ လီယြီက စကားမေျပာရန္ ဆုံးျဖတ္လိုက္သည္။
သူသည္ သူ႔ကိုယ္သူ အခ်ိန္ပိုေပးကာ စဥ္းစား ခ်င္ေသးသည္၊ ထိုအခ်ိန္က သူက ေ႐ြးခ်ယ္မႈမ်ား ျပဳလုပ္ရန္ က်င္းဝမ္ဆီက တြန္းအားေပးလာမည္ကို တိတ္တခိုးေလး ေမွ်ာ္လင့္ေနမိေသးသည္။
"အရွင္မင္းသားက ကြ်န္ေတာ့္ အေပၚ အရမ္းေကာင္းတယ္။ အရွင္မင္းသား ကြ်န္ေတာ့္ကို အခ်ိန္ခဏေလာက္ေပးလို႔ ရမလား၊ အရွင္မင္းသားနဲ႕ ကြ်န္ေတာ့္ ၾကားက ဆက္ဆံေရးကို ေသခ်ာေလး စဥ္းစားၾကည့္ခ်င္ေသးတယ္။ ကြ်န္ေတာ္ အခု ဘယ္လို လုပ္ရမယ္ ဆုိတာ မသိေသးဘူး... ကြ်န္ေတာ္ --"
က်င္းဝမ္ က သူ႔ကို ေလးေလးနက္နက္ ၾကည့္ၿပီး ရႈတ္ေထြးတဲ့ ျငင္းဆိုမႈေတြ မျပဳခင္မွာ ႐ုတ္တရက္ သူ႔ကို ဖိတြႏ္းလိုက္သည္။ က်င္းဝမ္ေႀကာင့္ လီယြီက ရထားနံရံကို ေက်ာကပ္သြားမိျပီး ရထားသည္ ျပင္းထန္စြာ တုန္ခါသြားေသာ္လည္း လီယြီမွာ လုံးဝမနာက်င္ေပ။ က်င္းဝမ္က သူ႕ လက္ေမာင္းေတြနဲ႕ လီယြီရဲ႕ ခႏၶာကိုယ္ကို ရစ္ပတ္ထားေသာေႀကာင့္ သူက ဘာနာက်င္မႈကိုမွ မခံရေပ။
လီယြီ၏ သူငယ္အိမ္ေလးထဲတြင္ က်င္းဝမ္၏ မ်က္နွာပံုက ထင္ဟပ္လုိ႕ေနသည္။ က်င္းဝမ္က သူ႕မ်က္နွာနားကို တျဖည္းျဖည္း နီးကပ္လာသည္။ တစ္ဖက္လူက ဘာလုပ္မည္ကို သိေနသကဲ့သို႔ လီယြီက နူတ္ခမ္းဖ်ားကိုေရာက္ေနသည့္ စကားလုံးအားလုံးကို မ်ိဳခ်လိုက္ၿပီး မ်က္လုံးမ်ားကို ခိုကိုးရာမဲ့ မွိတ္ထားလိုက္မိသည္။
သူ႕ကို နမ္းေတာ့မွာလား....
ဒါေပမယ့္ အခ်ိန္အၾကာႀကီးေစာင့္ၿပီးမွ က်င္းဝမ္ က သူ႔ကို ေပြ႕ဖက္ထားေပမယ့္ မလႈပ္ရွားခဲ့ေပ။ လီယြီသည္ သူ႔မ်က္လုံးမ်ားကို ျပန္ဖြင့္ၾကည့္လိုက္ေတာ့ က်င္းဝမ္က နူႈတ္ခမ္းတြန႔္ကာ ၿပဳံးေနသည္ကို ေတြ႕လိုက္ရသည္။
လီယြီသည္ ေဒါသတႀကီးျဖစ္ကာ ဒီေသာက္လူယုတ္မာက တကယ္ႀကီး သူ႔ကို ေလွာင္ေျပာင္ခဲ့သည္။
အခုပဲ နမ္းေတာ့မယ္လို႔ သူ ထင္ေနခဲ့မိတယ္!
လီယြီ၏ မ်က္ႏွာသည္ ပူလာၿပီး သူ႕မ်က္နွာႀကီး အက္ကြဲထြက္သြားေတာ့မည္ဟု ခံစားလိုက္ရစဥ္ က်င္းဝမ္က သူ႔ကို ပိုတင္းက်ပ္စြာ ေပြ႕ဖက္လိုက္ၿပီး သူ႔ေခါင္းကို လွည့္လိုက္တဲ့အခါ ညင္သာသည့္ အနမ္းဖြဖြေလးတစ္ခု သူ႔နဖူးေပၚ က်ေရာက္လာခဲ့တယ္။
လီယြီ - "..."
လီယြီသည္ တစ္ေနရာမွ ၾကားဖူးခဲ့ေသာ စကားတစ္ခြန္းကို သတိရ လိုက္မိသည္။ နဖူးေပၚက်လာေသာ အနမ္းသည္ ျဖဴစင္ေသာ ခ်စ္ျခင္းေမတၱာကို ဆိုလိုသည္ဆိုပဲ။
က်င္းဝမ္.... သူ ငါ့ကို ႀကိဳက္တယ္ေပါ့...
လီယြီ ရဲ႕ႏွလုံးသားေလးက တဒုတ္ဒုတ္နဲ႕ ျပင္းထန္စြာခုန္လာခဲ့သည္။
က်င္းဝမ္ရဲ႕ မ်က္ႏွာလည္း နီရဲေနတယ္။
လီယြီက သူႏွင့္ အလြန္နီးကပ္ေနျပန္သည္၊ က်င္းဝမ္၏နက္ေမွာင္ေသာ မ်က္လုံးမ်ားထဲတြင္ ေမွာ္အစြမ္းမ်ား ရွိေနပုံေပၚသည္။ ေတာက္ပေသာ မ်က္ဝန္းနက္နက္ေတြက သူ႕ကို လုံး၀ စုပ္ယူသြားမလို ခံစားလိုက္ရျပီး ဒီမ်က္ဝန္းေတြထဲကေန သူ လြတ္ေျမာက္ရန္ လမ္းမရွိေတာ့သလို ခံစားရေစသည္။
က်င္းဝမ္ သည္ သူ၏နဖူးကို နမ္းၿပီးေနာက္ ႏႈတ္ခမ္းမ်ားက သူ႕ ႏွာေခါင္းကို ထပ္မံပြတ္တိုက္ကာ ေနာက္ဆုံးတြင္ သူ၏ႏႈတ္ခမ္းႏွင့္ တစ္လက္မအကြာတြင္ ရပ္တန္႕သြားခဲ့သည္။
သူတို႔ႏွစ္ဦးသည္ ရထားေသးေသးေလးတြင္ တစ္ေယာက္ကိုတစ္ေယာက္ တိတ္တဆိတ္ ေပြ႕ဖက္ကာ အခ်င္းခ်င္း မ်က္နွာခ်င္းဆုိင္ကာ ထြက္သက္မ်ားကို မႈတ္ထုတ္ရင္း အခ်င္းခ်င္း ေႏြးေထြးေသာ ႏွလုံးခုန္သံကို ၾကားႏိုင္သည္အထိ တျဖည္းျဖည္း နီးကပ္လာခဲ့သည္။
လီယြီသည္ တစ္ဖက္သား ဘာလုပ္မည္ကို သိေသာေၾကာင့္ ေရွာင္ဟန္ျပင္ေပမယ့္ သူ မလုပ္ခဲ့ဘူး။ ထိုအခိုက္အတန႔္တြင္ သူသည္ အနမ္းခံရဖုိ႕ တစ္ဖက္လူကို ေစာင့္ေမွ်ာ္ေနမွန္း သိလိုက္ရေတာ့ သူ႕ကိုယ္သူ အံ့အားသင့္သြားသည္။
ေနာက္ဆုံးတြင္ တစ္ဖက္သားက သူ႕ရဲ႕ ႏႈတ္ခမ္းမ်ားကို ငုံ႔နမ္းလိုက္ေသာအခါတြင္ လီယြီက သက္ျပင္းခ်လိုက္မိသည္။
က်င္းဝမ္ သည္ သူ႔ဆီသို႔ ရင္းႏွီးစြာ တိုးကပ္ကာ ညင္သာစြာ လႈပ္ရွားခဲ့သည္။ သူ၏ ပထမဆုံး တုံ႔ျပန္မႈမွာ အျပင္းအထန္ နမ္းရႈပ္ျခင္း မဟုတ္ေပမယ့္ ရွက္႐ြံ႕သည့္ ခံစားခ်က္ တစ္ခုျဖစ္သည္။ သူစိတ္ဆိုးေနရင္ေတာင္ သူျမင္ရမွာကို စိုး႐ြံ႕ၿပီး တာဝန္မဲ့စြာ မွတ္ခ်က္ခ်မိမွာကို ေၾကာက္လို႔ပါ....။
တကယ္ေတာ့ လီယြီက ဒီဇာတ္လမ္းထဲကို ေရာက္လာျပီးကတည္းက သူ စိုးရိမ္ေနရသည့္ အရာမ်ားစြာရွိသလို အလြယ္တကူလည္း စိတ္ဆိုးေဒါသထြက္လြယ္ခဲ့သည္။ ဒါေပမယ့္ က်င္းဝမ္ျဖစ္ေနရင္ေတာ့ သူက တကယ္ ေဒါသမထြက္နိုင္ေတာ့ေပ။
ထိုအရာေတြကို က်င္းဝမ္လုပ္လာဖို႕ပင္ သူက ေမွ်ာ္လင့္ေနမိသလို ျဖစ္ေနသည္။
သူ ဘာလုပ္ရမလဲ၊ သူက က်င္းဝမ္ကို တျဖည္းျဖည္း သေဘာက်လာမိသလိုပင္...
က်င္းဝမ္က သူ႔ကို နမ္းလိုက္တဲ့အခါ သူ႔ႏွလုံးသားက လိႈ္င္းလံုးထဲ လြန္႕လူးေနသည့္ ေလွကေလးလို တလူလူး တလိမ့္လိမ့္ ခံစားလိုက္ရသည္။ ဒီခံစားခ်က္က ဒ႑ာရီလိုပဲ။ သူ႕ကို အိပ္မက္တစ္ခုလို ခံစားရေစသည္။
*********-*****