Chapter (60-1) - သခင်လေးယဲ့နှင့် တွေ့ဆုံခြင်း
လီယွီသည် လမ်းတစ်လျှောက်တွင် ပစ္စည်းအများအပြားကို လှမ်းမြင်နေရသော်လည်း မရိုးသားသောကုန်သည်ကြောင့် သူ့ရဲ့ ဈေးဝယ်ချင်စိတ်က ပျောက်သွားပြီး ဒီအတိုင်းပဲ လှည့်ပတ်ကြည့်နေလိုက်သည်။
လီယွီ မျှော်လင့်နေသော စားသောက်ဆိုင်သို့ သူရောက်လာသောအခါ၊ ဝမ့်ကုန်းကုန်းက သူတို့ကို ဒုတိယထပ်ရှိ ခမ်းနားထည်ဝါသော သီးသန့်ခန်းသို့လမ်းပြ ခေါ်ဆောင်လာခဲ့သည်။
စားသောက်ဆိုင်၏အမည်မှာ "မူးယစ်ရီဝေနွေဦးလေ " ဖြစ်ပြီး အထူးသဖြင့် ဒီစားသောက်ဆိုင်သည် အဓိကအားဖြင့် အသားကင်ကို ရောင်းသော ဆိုင်ဖြစ်သောကြောင့် ပို၍စိတ်ဝင်စားဖွယ်ကောင်းသည်ဟု လီယွီ ခံစားလိုက်ရသည်။
ဝမ့်ကုန်းကုန်းက ကျင်းဝမ်နှင့် လီယွီကို သီးသန့်ခန်းထဲ ပို့ဆောင်စဉ် အခန်းထဲမှာ သီတံဖြင့် ကင်ထားသော အသားကင်နျင့် သိုးကောင်လုံးကင်က အဆင်သင့် ခင်းကျင်းထားသည်။
အခန်းထဲရောက်တော့ အသားကင်နံ့ ပြင်းပြင်းက မျက်နှာကို လာဟပ်တော့ လီယွီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်တယ်။
အရမ်းကောင်းတယ်၊ အသားကင်နံ့က ခုခေတ်နဲ့ တူညီလုနီးပါးပဲ..
ဒါပေမယ့် ကျင်းဝမ် အရင်စားပြီးမှ သူ စားသင့်တာ သိလို့ လီယွီက ဗိုက်ဆာနေပေမယ့် ဘေးမှာ ရပ်စောင့်တေယ်။ ဒါပေမယ့် ကျင်းဝမ်က သူ့လက်ကို ဆွဲပြီး ခုံမှာ ဝင်ထိုင်စေလိုက်မယ်လို့ သူ မထင်ထားခဲ့မိဘူး။ ဒီလူက သူ့အပေါ်ကို လက်ပါပြန်ပြီလား။
လီယွီသည် တုံ့ပြန်ရန် အချိန်မရမီတွင် သူ့လက်တွေက ရုတ်တရက် ဆုပ်ကိုင်ခံလိုက်ရကာ ပူနွေးလာသည်။ ကျင်းဝမ်က သူ့ကို အဓိကခုံတွင် ထိုင်ခိုင်းပြီးသားဖြစ်နေလေပြီ။
ကျင်းဝမ်လို မြင့်မြတ်တဲ့ တော်ဝင်မိသားစုက မင်းသားတစ်ပါးက စားသောက်ဆိုင်ကို လာတာ ပထမဆုံးဖြစ်လို့ ဆို်င်ပိုင်ရှင်က ကိုယ်တိုင် ဧည့်ခံရန် သူတို့နောက်ကနေ အခန်းထဲကိုလိုက်ဝင်လာခဲ့သည်။ ဒါကြောင့် အခုချိန် လီယွီက ကျင်းဝမ် လက်ထဲက သူ့လက်ကို ရုန်းလိုက်ရင် ကျင်းဝမ် အရှက်ရသွားမလားလို့ စိုးရိမ်ကာ လက်ကို အတင်းမရုန်းနိုင်ပဲ စားပွဲဆီကို ဆွဲခေါ်လာခံလိုက်ရသည်။
ကျင်းဝမ်ရဲ့ဘေးက ခုံမှ ထိုင်မိလိုက်တာနဲ့ လီယွီက တခုခု မှားနေတယ်ဆိုတာ သတိထားလိုက်မိတယ်။ အရင်က သူ့ကို စာရေးသင်ပေးတဲအခါ ကျင်ဝမ်ရဲ့ဘေးမှာ ကပ်ပြီး ထိုင်တာ သူ့အတွက် မထူးဆန်းပေမယ့် ဒီနေ့ ဈေးအဝင်ဝမှာ ဝမ်ဖေးလို့ အခေါ် ခံလိုက်ရလို့ လီယွီက နည်းနည်းတွန့်နေခဲ့တယ်။ တကယ်လို့သူက ကျင်ဝမ်ရဲ့ဘေးမှာ ကပ်ထိုင်လိုက်ရင် အဲ့ဒါ ဝမ်ဖေး ဆိုတာကို လက်ခံလိုက်သလို မဖြစ်ပေဘူးလား။
ကျင်ဝမ်က သူ့ကို ကြိုက်နေတယ်ဆိုတာ သိပေမယ့် သူက ကျင်ဝမ်ရဲ့ ဝမ်ဖေး မဖြစ်ချင်ဘူး။ ဒါကြောင့် လီယွီက ထိုင်ခုံကနေ ချက်ချင်း ပြန်ထလိုက်တယ်။
ဒါပေမယ့် ခုံမှာ ထိုင်နေပြီးသား ကျင်းဝမ်က လီယွီရဲ့ပုခုံးကို ဖိပြီး ပြန်ထိုင်ခိုင်းလိုက်တယ်။
လီယွီက တုံ့ဆိုင်းနေသေးပေမယ့် ကျင်းဝမ်ကိုယ်တိုင် သိုးကောင်လုံးကင်က ခြေထောက်တစ်ချောင်းကို ဖဲ့ပြီး လီယွီရဲ့ရှေ့က ပန်းကန်ထဲ ထည့်ပေးလိုက်တယ်။
လီယွီရဲ့ မျက်လုံးတွေက တောက်ပလာတယ်။
အိုး...... ဒီလောက်ကြီးမားပြီး မွှေးကြိုင်သင့်ပျံ့ပြီး ရွှေညိုရောင်ဖြစ်အောင် ကင်ထားတဲ့ သိုးခြေထောက်ကင်ကို သူ တခါမှ မစားဖူးပေ။
လီယွီက သတိမထားမိခင် အသားကင်ထည့်ထားတဲ့ ပန်းကန်လေးကို ငေးစိုက်ကြည့်ကာ တံတွေးကို မြိုချလိုက်မိသည်။ အသားကင် ထည့်ထားတဲ့ပန်းကန်ရှေ့မှာ ငရုတ်သီးမှုန့်၊ ဇီယာမှုန့်၊ မြေပဲ၊ နှင့် ပဲငံပြာရည်တို့ ထည့်ထားသည့် ပန်းကန်ပြားငယ်များစွာကို တွေ့လိုက်ရလို့ အံ့အားသင့်စွာမေးလိုက်သည်။
" အများကြီးပါလား?"
စားသောက်ဆိုင်ပိုင်ရှင်က လီယွီကို အမြန်ရှင်းပြလိုက်တယ်။
"ဒါက ကျင်းကျွယ်ရဲ့ ထုံးစံပါ။ အသားကင်ကို သူ့ချည်းပဲ စားနိုင်သလို ဒါတွေနဲ့ တို့ပြီးတော့လည်း စားလို့ရပါတယ် "
လီယွီသည် ဒီလို တို့စားရတာကို နှစ်သက်သည်။ သူက အသားကင်ကို ပဲငံပြာရည်နှင့် တို့ကာ စားဖို့ လုပ်လိုက်သည်။ ပြီးတော့ အသားကင်ပေါ်တွင် ငရုပ်သီး အစပ်မှုန့် နှင့် ဇီယာ အနည်းငယ်ကို ထည့်ပြီး နှမ်း အနည်းငယ် ဖြူးလိုက်သည်။ ခေါင်းမော့ပြီး သူဌေးကို သူလိုချင်တာ မေးလိုက်သည်။
"နှမ်းဆီနဲ့ ကြက်သွန်ဖြူထောင်းထားတာ ရှိလား"
လီယွီသည် ကမာဆော့စ်အကြောင်း အမှန်တကယ် မေးချင်သော်လည်း ရှေးခေတ်က ကမာဆော့စ် မရှိနိုင်တာကြောင့် နှမ်းမွှေးကို ပြောင်းမေးခဲ့သည်။
သူဌေးက အသားကင် စားနည်းကို သိတဲ့သူ့ကို အံ့သြစွာ ကြည့်ပြီး အမြန်ပြောလိုက်သည်။
"ဟုတ်ကဲ့... ရှိပါတယ် "
အထက်တန်းစား မှူးမတ်တော်တော်များများက ဒီနှစ်မျိုးကို မကြိုက်တဲ့အတွက် သူဌေးက ဧည့်သည်တွေ စိတ်အနှောက်ယှက်ဖြစ်မှာစိုးလို့ စားပွဲပေါ်မှာ မပြင်ဆင်ထားဘူး။
လီယွီသည် သူ့ကိုယ်ပိုင် ပါဝင်ပစ္စည်းများကို ရောစပ်ပြီးနောက် စားသောက်ရာမှာ ပြီးပြည့်စုံသွားသည်ဟု ခံစားကာ ကျင်းဝမ် ကို မော့ကြည့်လိုက်သည်။ ကျင်းဝမ်ရှေ့က ပန်းကန်လုံးထဲမှာ ဘာ အသားကင်မှ မရှိဘူး။
လီယွီက တချက် တွေးကြည့်တော့ ကျင်းဝမ်က ဘယ်လိုစားရမှန်း မသိဘူးထင်တယ် လို့တွေးလိုက်သည်။
နောက်တစ်ခုက မင်းသားတွေဟာ ပေါင်းထားတဲ့အစားစာ၊ ကြော်ထားတဲ့အစားစာတွေကို အများစုစားကြပြီး အသားကင်စားတာ ရှားတယ်။ ကျင်းဝမ်က သူ့ကို သိုးကလေး ခြေထောက်ကင်ကို ဖဲ့ပေးခဲ့လို့ သူက ထိုအသားတစ်ဝက်ကိုပဲ စားရသေးတယ်။
"အရှင့်သား...ကျွန်တော် အရှင့်သားကို ကူညီပေးရမလား... " လီယွီက အသံတိုးတိုးဖြင့် မေးသည်။
ကျင်းဝမ်က လီယွီ ဆီက ဒီစကားလေးကို အချိန်အတော်ကြာအောင် စောင့်နေခဲ့ရတာ ဖြစ်ပြီး နှုတ်ခမ်းကို ကော့ကာ ပြုံးလိုက်သည်။ သူက လီယွီ၏ လက်ထဲကို သူ့ပန်းကန်လုံးလေးကို အမှတ်တမဲ့ ထည့်ပေးလိုက်သည်။
လီယွီသည် ဟင်းခတ်အမွှေးအကြိုင်များကို ပန်းကန်လေးထဲ ထည့်ပေးကာ သေချာအောင် မေးလိုက်သည်။
"အရှင်မင်းသား.... ကြက်သွန်ဖြူထောင်းကို စားမလား၊ အရှင်မင်းသား မြေပဲရော စားသလား"
ကျင်းဝမ်က လီယွီ ဘာပြောပြော ခေါင်းချည်းသာ ငြိမ့်နေပြီး လီယွီ အလုပ်ရှုပ်ကာ ရောစပ်ပေးနေသည်ကိုသာ ကြည့်နေသည်။
ခဏအကြာတွင် ရောနှောထားသော ပါဝင်ပစ္စည်းများကို ပန်းကန်လုံးတစ်လုံးထည့်ကာ မွှေလိုက်သည်။
ထိုစဉ် ကျင်းဝမ်က မကြာသေးခင်က လီယွီက သူ့ကို သခွားသီးသုပ်လုပ်ပေးခဲ့သည်ကို သတိရသွားခဲ့သည်။
လီယွီက ပန်းကန်ကို လှမ်းပေးကာ ပြောလိုက်သည်။
"အရှင်မင်းသား.... ဒီတို့စားရမယ့် အနှစ်ကို အရှင်မင်းသား ကြိုက်တတ်တဲ့ အရသာနဲ့ ညှိပြီး လုပ်ပေးထားပါတယ်။ အရှင်မင်းသား ဒါကို စမ်းပြီး တို့စားကြည့်ပါ။ အသားကင်ချည်း သက်သက် စားတာထက် ပိုအရသာရှိတယ်"
ကျင်းဝမ်က ဝမ့်ကုန်းကုန်း စိတ်ပူစွာ ကြည့်နေသည်ကို လျစ်လျူရှုပြီး အသားကင်တစ်ဖတ်ကို ယူကာ ဟင်းခတ်အမွှေးအကြိုင်ထဲ နှစ်ပြီး တို့စားလိုက်သည်။ ကျင်းဝမ်က ထိုအရာကို ပါးစပ်ထဲ ထည့်ဝါးစဉ် မျက်နှာတစ်ချက်မှ မပြောင်းလဲပေ။
စားလို့ကောင်းတယ်။
ကျင်းဝမ်က ကျေနပ်စွာဖြင့် လီယွီကို ပြုံးပြလိုက်သည်။
လီယွီသည် သိုးငယ်ခြေထောက်ကင် ကျန်တစ်ဝက်ကို အမြန်စားပြီး သိုးသားဟင်းချိုသောက်ကာ အမဲသား အတုံးကြီးကြီးနှပ်ထားသည့် ဟင်းကို ဓါးနှင့် ကိုယ်တိုင်လှီးဖြတ်လိုက်သည်။ လီယွီက ဓါးကိုင်မကျွမ်းလို့ လှီးထားတာမလှပေပေမယ့် သူ ထည့်ပေးတာ အများစုကို ကျင်းဝမ်က စားပစ်လိုက်သည်။
ခဏလောက်စားသောက်ပြီးတဲ့နောက် အပြင်က လူတစ်ယောက်က ချန်အန်းအိမ်တော်က သခင်လေး ယဲ့ချင်းဟွမ်က ကျင်းဝမ်ကို တွေ့ချင်ကြောင်း သတင်းပို့ခဲ့သည်။
လီယွီ - "..."
လီယွီသည် သိုးကလေး၏ခြေထောက်ကို စားနေရာမှ ချလိုက်သည်။ သူက ကျင်းဝမ်ကို တချက်ကြည့်လိုက်သည်။ မင်းသားက သူ့ကိုကြည့်နေလို့ လီယွီက ဝမ့်ကုန်းကုန်း ကမ်းပေးသည့် ပ သန့်ရှင်းသော ပုဝါတစ်ထည်ကို ကျင်းဝမ်ဆီ ကမ်း ပေးလိုက်သည်။ လီယွီသည် ဆီတွေနဲ့ တောက်ပြောင်နေသော လက်ချောင်းများနှင့် ပါးစပ်ကို သုတ်လိုက်ပြီး ကျင်းဝမ် ကို သံသယဖြင့် ကြည့်သည်။
ယဲ့သခင်လေးက ဒီမှာ ဘာ လာလုပ်နေတာလဲ။ သူ့ကိုလည်း အတူတူ ဈေးဝယ်ဖို့ ကျင်းဝမ်က ယဲ့ချင်းဟွမ်ကို ခေါ်လိုက်တာလား။
လီယွီ အတွေးလွန်သွားသည်။ သေချာပါတယ်။ ကျင်းဝမ်က "မသက်ဆိုင်တဲ့" လူတွေကို ဖိတ်ကြားထားမှ မဟုတ်ပေမယ့် ကျင်းဝမ်က ဒီ ဆိုင်မှာ ရောက်နေတယ်ဆိုတာ သိသွားလို့ သခင်လေးယဲ့က သူ့ဖာသာ လာခဲ့တာ ဖြစ်နိုင်တယ်။
ကျင်းဝမ်ရဲ့ အကြည့်တွေက မုန်တိုင်းထသလို မည်းမှောင်လာခဲ့လို့ ဝမ့်ကုန်းကုန်းက သူ့နှာခေါင်းကို အပြစ်ရှိစွာ အသာပွတ် လိုက်သည် ။ သူ့ကို ကျင်းဝမ် ဘယ်ကိုသွားသလဲဆိုတာ မေးခဲ့လို့ ယဲ့သခင်လေးက ကျင်းဝမ် ရောက်ရှိနေတဲ့နေရာကို သိသွားခဲ့တာ ဖြစ်တယ်။
ကျင်းဝမ်က ယဲ့ချင်းဟွမ်ကို အထဲဝင်ခိုင်းဖို့ ဝမ့်ကုန်းကုန်းကို ခေါ်ခိုင်းလိုက်တယ်။ ခွေးတစ်ကောင်နဲ့ အမြဲ သွားလာတတ်တဲ့ ယဲ့ချင်းဟွမ်က အခု တစ်ယောက်တည်း လာခဲ့တာမဟုတ်ဘူး။
ချူးရန့်ရီထက် အနိမ့်ကျတဲ့ ပိန်သွယ်သွယ်နှင့် မိန်းမဆန်ဆန်ချောမောတဲ့ ကောင်လေးတစ်ယောက်ကို အတူခေါ်ဆောင်လာခဲ့တယ်။ ထိုကောင်လေးက မက်မွန်သီးလို အရည်လဲ့သောမျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားပြီး လှပသောနှာခေါင်းလေး၊ ချယ်ရီရောင် သမ်းနေသည့် ပန်းရောင် နူတ်ခါးပါးလေးကို ပိုင်ဆိုင်ထားသည်။ ထိုလူငယ်လေးက ယဲ့ချင်းဟွမ်ရဲ့လက်မောင်းကို တင်းတင်းတွယ်ဖက်ထားသည်။
လီယွီက ယဲ့ချင်းဟွမ်ကို ကောင်လေးတစ်ယောက်နှင့် အရမ်းရင်းနှီးတဲ့ပုံစံနဲ့လာခဲ့တာကို မြင်လိုက်ရတော့ လန့်သွားခဲ့တယ်။ ယဲ့ချင်းဟွမ်က တစ်ဦးတည်းသော သားဖြစ်လို့ ဒီကောင်လေးက သခင်လေးယဲ့ရဲ့ ညီငယ် မဖြစ်နိုင်ဘူး။ သူနဲ့ ထိုကောင်လေး အရမ်းရင်းနှီးတာ ထူးဆန်းပုံရပါတယ်။
ဒါ့ပြင် သခင်လေးယဲ့ က မင်းသမီးလေးကို လက်မထပ်ချင်ဘူးလား။ ကောင်လေးတစ်ယောက်နဲ့ ဒီလောက်ရင်းနှီးအောင် နေနေတာ ဘယ်လိုလုပ်မလဲ။
လီယွီသည် ဖြစ်နိုင်ချေတစ်ခုကို တွေးကာ သူ့အနားရှိ ကျင်းဝမ်ကို စိုက်ကြည့်နေသည်။ လိင်တူကြိုက်နှစ်သက်တာက ကူးစက်နိုင်သလား။
ယဲ့ချင်းဟွမ်က ကျင်ဝမ်ရှေ့မှာ ဘယ်တုန်းကမှ ရှက်ကိုးရှက်ကန်း မလုပ်ဖူးဘူး။ အခုတော့ သူက လူငယ်လေးကို ကျင်းဝမ်ရှိတဲ့သီးသန့်ခန်းလေးထဲကို ခေါ်လာပြီး ရှက်တက်တက်နဲ့ ဘာမှ မပြောခင် အရူးလို ရယ်မောနေတယ်။
လီယွီက ပိုပြီး သံသယရှိလာသည်။
ယဲ့ချင်းဟွမ် အနားရှိ လူငယ်လေးသည် အစပိုင်းတွင် သူတို့ကို ဆန်းစစ်လေ့လာကာ ကြည့်နေပေမယ့် လီယွီကို မြင်တော့ ဘာမှ ထူးဆန်းဟန်မပြပေ။ ကျင်းဝမ်ကိုမြင်တော့ ထိုလူငယ်လေးသည် ရုတ်တရက် သူ့ပါးစပ်ကို ဖုံးကာ ယဲ့ချင်းဟွမ်ကို တိုးတိုးလေးပြောလိုက်သည်။
ထိုလူငယ်လေးရဲ့ အသံထွက်လာတာနဲ့ သူက ဘယ်သူဆိုတာ ပေါ်သွားတော့တယ်။ ဘာကြောင့်လဲဆိုတော့ အသံလေးက နူးညံ့ပျော့ပြောင်းပြီး မိန်းကလေး သံဖြစ်နေသောကြောင့်ပင်။
ကျင်းဝမ်နဲ့ယဲ့ချင်းဟွမ်က တစ်ယောက်ကိုတစ်ယောက် ခဏမျှကြည့်နေစဉ် လီယွီ တစ်ယောက် စဉ်းစားခန်းထဲ နစ်သွားတော့သည်။
"ဒီကောင်လေးက တကယ်ကို မိန်းမဖြစ်နေတာကိုး..."
"ယဲ့သခင်လေး က ယောက်ျားတစ်ယောက်လို ဝတ်ထားတဲ့မိန်းကလေးကို ဘာကြောင့် ဈေးဝယ်ထွက်ဖို့ ခေါ်လာတာလဲ"
"ယဲ့သခင်လေးက တခြားတစ်ယောက်ရှိနေတာလား...။"
*************-*****
Chapter (60-1) - သခင္ေလးယဲ့နွင့္ ေတြ႕ဆံုျခင္း
လီယြီသည္ လမ္းတစ္ေလွ်ာက္တြင္ ပစၥည္းအမ်ားအျပားကို လွမ္းျမင္ေနရေသာ္လည္း မ႐ိုးသားေသာကုန္သည္ေႀကာင့္ သူ႔ရဲ႕ ေစ်းဝယ္ခ်င္စိ္တ္က ေပ်ာက္သြားျပီး ဒီအတုိင္းပဲ လွည့္ပတ္ႀကည့္ေနလိုက္သည္။
လီယြီ ေမွ်ာ္လင့္ေနေသာ စားေသာက္ဆိုင္သို႔ သူေရာက္လာေသာအခါ၊ ဝမ့္ကုန္းကုန္းက သူတို႕ကို ဒုတိယထပ္ရွိ ခမ္းနားထည္ဝါေသာ သီးသန္႕ခန္းသို႕လမ္းျပ ေခၚေဆာင္လာခဲ့သည္။
စားေသာက္ဆိုင္၏အမည္မွာ "မူးယစ္ရီေဝေႏြဦးေလ " ျဖစ္ၿပီး အထူးသျဖင့္ ဒီစားေသာက္ဆိုင္သည္ အဓိကအားျဖင့္ အသားကင္ကို ေရာင္းေသာ ဆုိင္ျဖစ္ေသာေၾကာင့္ ပို၍စိတ္ဝင္စားဖြယ္ေကာင္းသည္ဟု လီယြီ ခံစားလိုက္ရသည္။
ဝမ့္ကုန္းကုန္းက က်င္းဝမ္နွင့္ လီယြီကို သီးသန္႕ခန္းထဲ ပို႕ေဆာင္စဥ္ အခန္းထဲမွာ သီတံျဖင့္ ကင္ထားေသာ အသားကင္န်င့္ သိုးေကာင္လံုးကင္က အဆင္သင့္ ခင္းက်င္းထားသည္။
အခန္းထဲေရာက္ေတာ့ အသားကင္နံ႔ ျပင္းျပင္းက မ်က္ႏွာကို လာဟပ္ေတာ့ လီယြီက အသက္ကို ခပ္ျပင္းျပင္း ရႉရႈိက္လိုက္တယ္။
အရမ္းေကာင္းတယ္၊ အသားကင္နံ႕က ခုေခတ္နဲ႔ တူညီလုနီးပါးပဲ..
ဒါေပမယ့္ က်င္းဝမ္ အရင္စားျပီးမွ သူ စားသင့္တာ သိလို႕ လီယြီက ဗိုက္ဆာေနေပမယ့္ ေဘးမွာ ရပ္ေစာင့္ေတယ္။ ဒါေပမယ့္ က်င္းဝမ္က သူ႕လက္ကို ဆြဲျပီး ခံုမွာ ဝင္ထိုင္ေစလို္က္မယ္လို႕ သူ မထင္ထားခဲ့မိဘူး။ ဒီလူက သူ႕အေပၚကို လက္ပါျပန္ျပီလား။
လီယြီသည္ တုံ႔ျပန္ရန္ အခ်ိန္မရမီတြင္ သူ႔လက္ေတြက ႐ုတ္တရက္ ဆုပ္ကိုင္ခံလိုက္ရကာ ပူေႏြးလာသည္။ က်င္းဝမ္က သူ႕ကို အဓိကခံုတြင္ ထိုင္ခိုင္းျပီးသားျဖစ္ေနေလျပီ။
က်င္းဝမ္လို ျမင့္ျမတ္တဲ့ ေတာ္ဝင္မိသားစုက မင္းသားတစ္ပါးက စားေသာက္ဆိုင္ကို လာတာ ပထမဆံုးျဖစ္လို႕ ဆုိ္္င္ပို္င္ရွင္က ကိုယ္တုိင္ ဧည့္ခံရန္ သူတုိ႕ေနာက္ကေန အခန္းထဲကိုလိုက္ဝင္လာခဲ့သည္။ ဒါေႀကာင့္ အခုခ်ိန္ လီယြီက က်င္းဝမ္ လက္ထဲက သူ႕လက္ကို ရုန္းလိုက္ရင္ က်င္းဝမ္ အရွက္ရသြားမလားလို႕ စိုးရိမ္ကာ လက္ကို အတင္းမရုန္းနုိင္ပဲ စားပြဲဆီကို ဆြဲေခၚလာခံလိုက္ရသည္။
က်င္းဝမ္ရဲ႕ေဘးက ခံုမွ ထိုင္မိလိုက္တာနဲ႕ လီယြီက တခုခု မွားေနတယ္ဆိုတာ သတိထားလိုက္မိတယ္။ အရင္က သူ႕ကို စာေရးသင္ေပးတဲအခါ က်င္ဝမ္ရဲ႕ေဘးမွာ ကပ္ျပီး ထိုင္တာ သူ႕အတြက္ မထူးဆန္းေပမယ့္ ဒီေန႕ ေစ်းအဝင္ဝမွာ ဝမ္ေဖးလို႕ အေခၚ ခံလိုက္ရလို႕ လီယြီက နည္းနည္းတြန္႕ေနခဲ့တယ္။ တကယ္လို႕သူက က်င္ဝမ္ရဲ႕ေဘးမွာ ကပ္ထုိင္လိုက္ရင္ အဲ့ဒါ ဝမ္ေဖး ဆိုတာကို လက္ခံလိုက္သလို မျဖစ္ေပဘူးလား။
က်င္ဝမ္က သူ႕ကို ႀကိဳက္ေနတယ္ဆုိတာ သိေပမယ့္ သူက က်င္ဝမ္ရဲ႕ ဝမ္ေဖး မျဖစ္ခ်င္ဘူး။ ဒါေႀကာင့္ လီယြီက ထိုင္ခံုကေန ခ်က္ခ်င္း ျပန္ထလိုက္တယ္။
ဒါေပမယ့္ ခံုမွာ ထုိင္ေနျပီးသား က်င္းဝမ္က လီယြီရဲ႕ပုခံုးကို ဖိျပီး ျပန္ထိုင္ခိုင္းလိုက္တယ္။
လီယြီက တုံ႔ဆိုင္းေနေသးေပမယ့္ က်င္းဝမ္ကိုယ္တုိင္ သိုးေကာင္လံုးကင္က ေျခေထာက္တစ္ေခ်ာင္းကို ဖဲ့ျပီး လီယြီရဲ႕ေရွ႕က ပန္းကန္ထဲ ထည့္ေပးလိုက္တယ္။
လီယြီရဲ႕ မ်က္လုံးေတြက ေတာက္ပလာတယ္။
အိုး...... ဒီေလာက္ႀကီးမားျပီး ေမႊးႀကိဳင္သင့္ပ်ံ႕ျပီး ေ႐ႊညိဳေရာင္ျဖစ္ေအာင္ ကင္ထားတဲ့ သိုးေျခေထာက္ကင္ကို သူ တခါမွ မစားဖူးေပ။
လီယြီက သတိမထားမိခင္ အသားကင္ထည့္ထားတဲ့ ပန္းကန္ေလးကို ေငးစိုက္ႀကည့္ကာ တံေတြးကို ျမိဳခ်လိုက္မိသည္။ အသားကင္ ထည့္ထားတဲ့ပန္းကန္ေရွ႕မွာ င႐ုတ္သီးမႈန႔္၊ ဇီယာမႈန္႕၊ ေျမပဲ၊ ႏွင့္ ပဲငံျပာရည္တို႕ ထည့္ထားသည့္ ပန္းကန္ျပားငယ္မ်ားစြာကို ေတြ႕လိုက္ရလို႕ အံ့အားသင့္စြာေမးလိုက္သည္။
" အမ်ားႀကီးပါလား?"
စားေသာက္ဆိုင္ပိုင္ရွင္က လီယြီကို အျမန္ရွင္းျပလိုက္တယ္။
"ဒါက က်င္းကြ်ယ္ရဲ႕ ထုံးစံပါ။ အသားကင္ကို သူ႕ခ်ည္းပဲ စားနုိင္သလို ဒါေတြနဲ႕ တို႕ျပီးေတာ့လည္း စားလို႕ရပါတယ္ "
လီယြီသည္ ဒီလို တို႕စားရတာကို ႏွစ္သက္သည္။ သူက အသားကင္ကို ပဲငံျပာရည္နွင့္ တို႕ကာ စားဖို႕ လုပ္လိုက္သည္။ ျပီးေတာ့ အသားကင္ေပၚတြင္ ငရုပ္သီး အစပ္မႈန႔္ ႏွင့္ ဇီယာ အနည္းငယ္ကို ထည့္ၿပီး ႏွမ္း အနည္းငယ္ ျဖဴးလိုက္သည္။ ေခါင္းေမာ့ၿပီး သူေဌးကို သူလိုခ်င္တာ ေမးလိုက္သည္။
"ႏွမ္းဆီနဲ႔ ၾကက္သြန္ျဖဴေထာင္းထားတာ ရွိလား"
လီယြီသည္ ကမာေဆာ့စ္အေၾကာင္း အမွန္တကယ္ ေမးခ်င္ေသာ္လည္း ေရွးေခတ္က ကမာေဆာ့စ္ မရွိနိုင္တာေႀကာင့္ ႏွမ္းေမႊးကို ေျပာင္းေမးခဲ့သည္။
သူေဌးက အသားကင္ စားနည္းကို သိတဲ့သူ႕ကို အံ့ႀသစြာ ၾကည့္ၿပီး အျမန္ေျပာလိုက္သည္။
"ဟုတ္ကဲ့... ရွိပါတယ္ "
အထက္တန္းစား မႉးမတ္ေတာ္ေတာ္မ်ားမ်ားက ဒီႏွစ္မ်ဳိးကို မႀကိဳက္တဲ့အတြက္ သူေဌးက ဧည့္သည္ေတြ စိတ္အေနွာက္ယွက္ျဖစ္မွာစိုးလို႕ စားပြဲေပၚမွာ မျပင္ဆင္ထားဘူး။
လီယြီသည္ သူ႔ကိုယ္ပိုင္ ပါဝင္ပစၥည္းမ်ားကို ေရာစပ္ၿပီးေနာက္ စားေသာက္ရာမွာ ၿပီးျပည့္စုံသြားသည္ဟု ခံစားကာ က်င္းဝမ္ ကို ေမာ့ၾကည့္လိုက္သည္။ က်င္းဝမ္ေရွ႕က ပန္းကန္လုံးထဲမွာ ဘာ အသားကင္မွ မရွိဘူး။
လီယြီက တခ်က္ ေတြးၾကည့္ေတာ့ က်င္းဝမ္က ဘယ္လိုစားရမွန္း မသိဘူးထင္တယ္ လို႕ေတြးလိုက္သည္။
ေနာက္တစ္ခုက မင္းသားေတြဟာ ေပါင္းထားတဲ့အစားစာ၊ ေႀကာ္ထားတဲ့အစားစာေတြကို အမ်ားစုစားၾကၿပီး အသားကင္စားတာ ရွားတယ္။ က်င္းဝမ္က သူ႕ကို သုိးကေလး ေျခေထာက္ကင္ကို ဖဲ့ေပးခဲ့လို႕ သူက ထိုအသားတစ္ဝက္ကိုပဲ စားရေသးတယ္။
"အရွင့္သား...ကြ်န္ေတာ္ အရွင့္သားကို ကူညီေပးရမလား... " လီယြီက အသံတိုးတိုးျဖင့္ ေမးသည္။
က်င္းဝမ္က လီယြီ ဆီက ဒီစကားေလးကို အခ်ိန္အေတာ္ၾကာေအာင္ ေစာင့္ေနခဲ့ရတာ ျဖစ္ၿပီး ႏႈတ္ခမ္းကို ေကာ့ကာ ျပံဳးလိုက္သည္။ သူက လီယြီ၏ လက္ထဲကို သူ႔ပန္းကန္လုံးေလးကို အမွတ္တမဲ့ ထည့္ေပးလိုက္သည္။
လီယြီသည္ ဟင္းခတ္အေမႊးအႀကိဳင္မ်ားကို ပန္းကန္ေလးထဲ ထည့္ေပးကာ ေသခ်ာေအာင္ ေမးလိုက္သည္။
"အရွင္မင္းသား.... ၾကက္သြန္ျဖဴေထာင္းကို စားမလား၊ အရွင္မင္းသား ေျမပဲေရာ စားသလား"
က်င္းဝမ္က လီယြီ ဘာေျပာေျပာ ေခါင္းခ်ည္းသာ ျငိမ့္ေနျပီး လီယြီ အလုပ္ရႈပ္ကာ ေရာစပ္ေပးေနသည္ကိုသာ ႀကည့္ေနသည္။
ခဏအၾကာတြင္ ေရာေႏွာထားေသာ ပါဝင္ပစၥည္းမ်ားကို ပန္းကန္လုံးတစ္လုံးထည့္ကာ ေမႊလိုက္သည္။
ထိုစဥ္ က်င္းဝမ္က မႀကာေသးခင္က လီယြီက သူ႕ကို သခြားသီးသုပ္လုပ္ေပးခဲ့သည္ကို သတိရသြားခဲ့သည္။
လီယြီက ပန္းကန္ကို လွမ္းေပးကာ ေျပာလိုက္သည္။
"အရွင္မင္းသား.... ဒီတို႕စားရမယ့္ အနွစ္ကို အရွင္မင္းသား ႀကိဳက္တတ္တဲ့ အရသာနဲ႕ ညွိျပီး လုပ္ေပးထားပါတယ္။ အရွင္မင္းသား ဒါကို စမ္းျပီး တို႕စားႀကည့္ပါ။ အသားကင္ခ်ည္း သက္သက္ စားတာထက္ ပိုအရသာရွိတယ္"
က်င္းဝမ္က ဝမ့္ကုန္းကုန္း စိ္တ္ပူစြာ ႀကည့္ေနသည္ကို လ်စ္လ်ဴရႈျပီး အသားကင္တစ္ဖတ္ကို ယူကာ ဟင္းခတ္အေမႊးအႀကိဳင္ထဲ ႏွစ္ၿပီး တို႕စားလိုက္သည္။ က်င္းဝမ္က ထိုအရာကို ပါးစပ္ထဲ ထည့္ဝါးစဥ္ မ်က္နွာတစ္ခ်က္မွ မေျပာင္းလဲေပ။
စားလို႔ေကာင္းတယ္။
က်င္းဝမ္က ေက်နပ္စြာျဖင့္ လီယြီကို ၿပဳံးျပလိုက္သည္။
လီယြီသည္ သိုးငယ္ေျခေထာက္ကင္ က်န္တစ္ဝက္ကို အျမန္စားၿပီး သိုးသားဟင္းခ်ိဳေသာက္ကာ အမဲသား အတံုးႀကိီးႀကီးနွပ္ထားသည့္ ဟင္းကို ဓါးနွင့္ ကိုယ္တုိ္င္လီွးျဖတ္လိုက္သည္။ လီယြီက ဓါးကိုင္မကြ်မ္းလို႕ လွီးထားတာမလွေပေပမယ့္ သူ ထည့္ေပးတာ အမ်ားစုကို က်င္းဝမ္က စားပစ္လိုက္သည္။
ခဏေလာက္စားေသာက္ၿပီးတဲ့ေနာက္ အျပင္က လူတစ္ေယာက္က ခ်န္အန္းအိမ္ေတာ္က သခင္ေလး ယဲ့ခ်င္းဟြမ္က က်င္းဝမ္ကို ေတြ႕ခ်င္ေႀကာင္း သတင္းပို႕ခဲ့သည္။
လီယြီ - "..."
လီယြီသည္ သိုးကေလး၏ေျခေထာက္ကို စားေနရာမွ ခ်လိုက္သည္။ သူက က်င္းဝမ္ကို တခ်က္ႀကည့္လိုက္သည္။ မင္းသားက သူ႔ကိုၾကည့္ေနလို႕ လီယြီက ဝမ့္ကုန္းကုန္း ကမ္းေပးသည့္ ပ သန႔္ရွင္းေသာ ပုဝါတစ္ထည္ကို က်င္းဝမ္ဆီ ကမ္း ေပးလိုက္သည္။ လီယြီသည္ ဆီေတြနဲ႕ ေတာက္ေျပာင္ေနေသာ လက္ေခ်ာင္းမ်ားႏွင့္ ပါးစပ္ကို သုတ္လိုက္ၿပီး က်င္းဝမ္ ကို သံသယျဖင့္ ၾကည့္သည္။
ယဲ့သခင္ေလးက ဒီမွာ ဘာ လာလုပ္ေနတာလဲ။ သူ႔ကိုလည္း အတူတူ ေဈးဝယ္ဖို႕ က်င္းဝမ္က ယဲ့ခ်င္းဟြမ္ကို ေခၚလိုက္တာလား။
လီယြီ အေတြးလြန္သြားသည္။ ေသခ်ာပါတယ္။ က်င္းဝမ္က "မသက္ဆိုင္တဲ့" လူေတြကို ဖိတ္ၾကားထားမွ မဟုတ္ေပမယ့္ က်င္းဝမ္က ဒီ ဆိုင္မွာ ေရာက္ေနတယ္ဆုိတာ သိသြားလုိ႕ သခင္ေလးယဲ့က သူ႕ဖာသာ လာခဲ့တာ ျဖစ္နုိင္တယ္။
က်င္းဝမ္ရဲ႕ အႀကည့္ေတြက မုန္တိုင္းထသလို မည္းေမွာင္လာခဲ့လို႕ ဝမ့္ကုန္းကုန္းက သူ႔ႏွာေခါင္းကို အျပစ္ရွိစြာ အသာပြတ္ လိုက္သည္ ။ သူ႕ကို က်င္းဝမ္ ဘယ္ကိုသြားသလဲဆိုတာ ေမးခဲ့လို႕ ယဲ့သခင္ေလးက က်င္းဝမ္ ေရာက္ရွိေနတဲ့ေနရာကို သိသြားခဲ့တာ ျဖစ္တယ္။
က်င္းဝမ္က ယဲ့ခ်င္းဟြမ္ကို အထဲဝင္ခုိင္းဖို႕ ဝမ့္ကုန္းကုန္းကို ေခၚခိုင္းလိုက္တယ္။ ေခြးတစ္ေကာင္နဲ႕ အျမဲ သြားလာတတ္တဲ့ ယဲ့ခ်င္းဟြမ္က အခု တစ္ေယာက္တည္း လာခဲ့တာမဟုတ္ဘူး။
ခ်ဴးရန္႕ရီထက္ အနိမ့္က်တဲ့ ပိန္သြယ္သြယ္နွင့္ မိန္းမဆန္ဆန္ေခ်ာေမာတဲ့ ေကာင္ေလးတစ္ေယာက္ကို အတူေခၚေဆာင္လာခဲ့တယ္။ ထိုေကာင္ေလးက မက္မြန္သီးလို အရည္လဲ့ေသာမ်က္ဝန္းတစ္စံုကို ပို္င္ဆို္င္္ထားျပီး လွပေသာႏွာေခါင္းေလး၊ ခ်ယ္ရီေရာင္ သမ္းေနသည့္ ပန္းေရာင္ နူတ္ခါးပါးေလးကို ပိုင္ဆိုင္ထားသည္။ ထုိလူငယ္ေလးက ယဲ့ခ်င္းဟြမ္ရဲ႕လက္ေမာင္းကို တင္းတင္းတြယ္ဖက္ထားသည္။
လီယြီက ယဲ့ခ်င္းဟြမ္ကို ေကာင္ေလးတစ္ေယာက္နွင့္ အရမ္းရင္းနွီးတဲ့ပံုစံနဲ႕လာခဲ့တာကို ျမင္လိုက္ရေတာ့ လန္႕သြားခဲ့တယ္။ ယဲ့ခ်င္းဟြမ္က တစ္ဦးတည္းေသာ သားျဖစ္လို႕ ဒီေကာင္ေလးက သခင္ေလးယဲ့ရဲ႕ ညီငယ္ မျဖစ္နုိ္င္ဘူး။ သူနဲ႕ ထိုေကာင္ေလး အရမ္းရင္းႏွီးတာ ထူးဆန္းပုံရပါတယ္။
ဒါ့ျပင္ သခင္ေလးယဲ့ က မင္းသမီးေလးကို လက္မထပ္ခ်င္ဘူးလား။ ေကာင္ေလးတစ္ေယာက္နဲ႔ ဒီေလာက္ရင္းႏွီးေအာင္ ေနေနတာ ဘယ္လိုလုပ္မလဲ။
လီယြီသည္ ျဖစ္ႏိုင္ေခ်တစ္ခုကို ေတြးကာ သူ႔အနားရွိ က်င္းဝမ္ကို စိုက္ၾကည့္ေနသည္။ လိင္တူႀကိဳက္နွစ္သက္တာက ကူးစက္ႏိုင္သလား။
ယဲ့ခ်င္းဟြြမ္က က်င္ဝမ္ေရွ႕မွာ ဘယ္တုန္းကမွ ရွက္ကိုးရွက္ကန္း မလုပ္ဖူးဘူး။ အခုေတာ့ သူက လူငယ္ေလးကို က်င္းဝမ္ရွိတဲ ့သီးသန္႕ခန္းေလးထဲကို ေခၚလာျပီး ရွက္တက္တက္နဲ႕ ဘာမွ မေျပာခင္ အရူးလို ရယ္ေမာေနတယ္။
လီယြီက ပိုျပီး သံသယရွိလာသည္။
ယဲ့ခ်င္းဟြမ္ အနားရွိ လူငယ္ေလးသည္ အစပိုင္းတြင္ သူတို႕ကို ဆန္းစစ္ေလ့လာကာ ႀကည့္ေနေပမယ့္ လီယြီကို ျမင္ေတာ့ ဘာမွ ထူးဆန္းဟန္မျပေပ။ က်င္းဝမ္ကိုျမင္ေတာ့ ထုိလူငယ္ေလးသည္ ႐ုတ္တရက္ သူ႔ပါးစပ္ကို ဖုံးကာ ယဲ့ခ်င္းဟြမ္ကို တိုးတိုးေလးေျပာလိုက္သည္။
ထိုလူငယ္ေလးရဲ႕ အသံထြက္လာတာနဲ႕ သူက ဘယ္သူဆုိတာ ေပၚသြားေတာ့တယ္။ ဘာေႀကာင့္လဲဆုိေတာ့ အသံေလးက နူးညံ့ေပ်ာ့ေျပာင္းျပီး မိန္းကေလး သံျဖစ္ေနေသာေႀကာင့္ပင္။
က်င္းဝမ္နဲ႕ယဲ့ခ်င္းဟြမ္က တစ္ေယာက္ကိုတစ္ေယာက္ ခဏမွ်ၾကည့္ေနစဥ္ လီယြီ တစ္ေယာက္ စဥ္းစားခန္းထဲ နစ္သြားေတာ့သည္။
"ဒီေကာင္ေလးက တကယ္ကို မိန္းမျဖစ္ေနတာကိုး..."
"ယဲ့သခင္ေလး က ေယာက္်ားတစ္ေယာက္လို ဝတ္ထားတဲ့မိန္းကေလးကို ဘာေႀကာင့္ ေဈးဝယ္ထြက္ဖို႔ ေခၚလာတာလဲ"
"ယဲ့သခင္ေလးက တျခားတစ္ေယာက္ရွိေနတာလား...။"
*************-*****