Chapter (58-2) _ ဝမ်ရယ်နဲ့ ဝမ်ဖေးကို ကြိုဆိုပါတယ်
ရှက်သွေးဖြာနေရင်း လီယွီ က ကျင်းဝမ်ကို ခိုးကြောင်း ခိုးဝှက်လှည့်ကြည့်လိုက်သည်။
ဒီ လူယုတ်မာက ဝမ့်ကုန်းကုန်းကို အသုံးချပြီး သူ ဖြစ်ချင်တာကို တဖက်လှည်နဲ့ လုပ်ခဲ့ပြန်ပြီ။ အခုဆိုရင် သူတို့ အပြင်မှာ အတူတူ ထွက်ကြလည်း ကျင်းဝမ်က သူ့ကို အတင်းအကျပ် တိုက်တွန်းတာ ဘယ်ဟုတ်တော့မလဲ။
လီယွီက တိတ်တိတ်လေး ဆဲလိုက်သည်။ ဒီလူယုတ်မာက အရင်က မာမာတင်းတင်းပေမယ့် အခုတော့ သူ့ကို လိုက်ချင်နေတယ်ဆိုတာ သူ သိလိုက်သည်။ သူ ဒီလောက် အရှိန်အဟုန်နဲ့ တိုးတက်နေပြီလား။
ဒါပေမယ့် ဈေးကို သွားလို့တော့ ရပါတယ်။
လီယွီသည် ငြင်းဆန်ရန် လုပ်မနေတော့ပဲ နှုတ်ခမ်းကို ကိုက်ကာ ဒီလို ဈေးကိုသွားတာကလွဲရင် ချိန်းတွေ့တာ လုံးဝ မဖြစ်စေရဘူးလို့ သူ့ဖာသငာ ပြောလိုက်သည်။ ပြီးတော့ သူလည်း လုံးဝ အရှုံးမရှိနိုင်ပါဘူးလေ...နော...
လီယွီက ခေါင်းညိတ်ကာ တရားဝင် သဘောတူ လိုက်သည်။
ဝမ့်ကုန်းကုန်းက အရှင်မင်းသား အကြံစည် အောင်မြင်သွားလို့ တိတ်တဆိတ် ဂုဏ်ပြုလိုက်မိသည်။
မင်းညီမင်းသားတွေ အပြင်ထွက်တာ ချက်ချင်း ထွက်လို့မရပေ။ အရင်ဆုံး ဈေးဖွင့်ပြီးနောက် လုံခြုံရေးကို စီစဉ်ရဦးမည်။ ဒါကြောင့် ဈေးသွားဖို့က အချိန်လိုသေးသည်။
လီယွီ အပြင်ထွက်တဲ့အခါ ဝတ်ဖို့ သင့်တော်တဲ့ အဝတ်စား ချုပ်ပေးဖို့ လိုအပ်တဲ့အတွက် သင့်လျော်သော အဝတ်အစားပုံစံအချို့ကို သီးသန့်ညွှန်ပြပြီး ဝမ့်ကုန်းကုန်းကို စိုက်ကြည့်ကာ စေခိုင်းလိုက်သည်။ မင်းသားလေးကြောင့် ဝမ့်ကုန်းကုန်းလည်း မကြာသေးမီက အလုပ်များ လွန်းနေသည်။
ရှောင်ယွီ၏စိုးရိမ်ပူပန်မှုများကို ဖြေရှင်းနိုင်ရန် ငါးကို ချစ်မြတ်နိုးသော ကျင်းဝမ် သည် ငါးကို အတူတူခေါ်လာပြီး ဈေးဝယ်ထွက်ရန် စီစဉ်လိုက်သည်။ ငါးကိုပြုစုရန်တာဝန်အားလုံးကို သခင်လေးလီအား ပေးအပ်ခဲ့သည်။
လီယွီက သူဖြစ်ချင်တာနဲ့ကွက်တိ ဖြစ်လာလို့ ကျေနပ်သွားသည်။ ကျင်းဝမ်က သူ့ကို ငါးကို စောင့်ရှောက်ခိုင်းတယ်။ ဒါဆိုရင် ငါးဖန်ဘူးလေးထဲ ငါး အတုကို ထည့်ဖို့က သူ့ အတွက် အသာယာလုပ်ရုံပဲ မဟုတ်လား။
ဘယ်ဟာ ငါးအစစ် ဘယ်ဟာက ငါးအတုဆိုတာ ဘယ်သူမှ အလွယ်တကူ မဆုံးဖြတ်နိုင်တော့ဘူး။
ဈေးကို ထွက်ဖို့ ကျင်းဝမ်နှင့် ချိန်းဆိုခဲ့ပြီး လူသား အသွင်ပြောင်းပြီးနောက် ချက်ချင်း တွေ့ဆုံခဲ့တယ်။
သူက ကျင်းဝမ် ဒီဇိုင်းဆွဲကာ ချုပ်ခိုင်းခဲ့သည့် နှင်းဆီနှင့် ငွေရောင်ကြာပန်းတို့ ပါဝင်သည့် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူ့ခါးတစ်ဝိုက်တွင် ကျောက်စိမ်းအဆင် တန်ဆာတစ်ခုကို ချိတ်ဆွဲထားသည်။ ဝမ့်ကုန်းကုန်းက သခင်လေးလီ နေကောင်းလာတာဖြစ်လို့ အရမ်းဝမ်းသာပြီး တောက်ပသော အရောင်ပါသည့် ဝတ်စုံကို ဝတ်သင့်သည်ဟု ပြောဆိုနေခဲ့သည်။
လီယွီသည် ရှေးခေတ်လက်ရာများကို နားမလည်ပေ။ ဝမ့်ကုန်းကုန်းပြောတာကို နားထောင်ပြီးနောက် ဝတ်ခွင့်ပေးလိုက်သည်။ ရှေးခေတ် အဆင်တန်ဆာများကို မည်သို့ဝတ်ဆင်ရမည်ကို မသိသေးသော်လည်း ကျင်းဝမ် သည် သူ့အဝတ်အစားများတွင် အလွန်ပါးလွှာသော ခါးပတ်များကိုသာ ထည့်သွင်းထားစေသဖြင့် ခါးပတ်ကြိုးချည်နည်းအတွက် အလွန်အမင်း စိတ်ပူနေစရာ မလိုတော့ပေ။
အနီရောင်သည် ရွှင်လန်းစေပြီး လီယွီ၏ အသားအရေကို ပိုမို ဖြူဖွေးလာစေနိုင်သည်။ လီယွီသည် သူ့တကိုယ်လုံးက နီနေပြီဟု ခံစားရပြီး သူ့အသားအရည်လည်း များစွာ တိုးတက်ကောင်းမွန် လာသည်။ ကြေးဝါမှန်မှတဆင့် သူ့ပါးပြင်များသည် အနီရောင်ပြေပြေလေး စွန်းထင်းနေသည်ကို သူ တွေ့မြင်နိုင်သည်။ ဒါကို ခဏခဏ မဝတ်သင့်ဘူး။
ဒီလို စွဲမက်ဖွယ်ကောင်းသော ဝတ်စုံနှင့် လီယွီကို ကျင်းဝမ်က အကြာကြိး စိုက်ကြည့်နေပြီး မျက်လုံးလွှဲအောင် မနည်း ကြိုးစားလိုက်ရသည်။
လီယွီက အောင်ပွဲခံစွာ ပြုံးလိုက်သည်။ လူမှာ အဝတ် တောင်းမှာ အကွပ်ဆိုတာ တကယ်မှန်တာပဲလို့ လီယွီ ကတွေးနေသည်။
ကျင်းဝမ်ရဲ့ အဝတ်ဟောင်းတွေက သူ့ပုံစံကို လုံးဝ တခြားလူတစ်ယောက် ဖြစ်အောင် ပြောင်းလိုက်သလိုပဲ။ ဒါတွေက သူနဲ့ လိုက်ဖက်လွန်းနေသလိုပဲ...
လီယွီသည် ဇာတ်လမ်းထဲ ဝင်ရောက်လာကာ ငါးတစ်ကောင်ဖြစ်လာသည်။ လူသားအဖြစ် နေထိုင်ခွင့်ရဖို့ အခွင့်အလမ်းများစွာ မရှိပါ။ ယေဘူယျအားဖြင့်၊ သူက အဝတ်ဝတ်စရာရှိ ရင်တောင် ဘုရားသခင်ကို ကျေးဇူးတင်ရမည်။ သူ ဘယ်တော့မှ အရမ်း မတွေးမိပေမယ့် ဒီတစ်ခါတော့ နည်းနည်း ပိုစဉ်းစားလိုက်မိတယ်။
ကျင်းဝမ်ရဲ့ အဝတ်ဟောင်းတွေက သူနဲ့ ဘာကြောင့့်ကွက်တိ တော်နေရတာလဲ...
ု
ပြီးတော့ ကျင်းဝမ်က အခုလို အရောင်တောက်ပသည့် အဝတ်စားကို ဝတ်လေ့မရှိပေ။ လီယွီက စေ့စေ့တွေးပြိး သတိဝင်လာသည်။
"ဒီဟာတွေက အရှင်မင်းသားရဲ့ အဝတ်ဟောင်းတွေ မဟုတ်ဘူး မလား။ အရှင်မင်းသားက အဲ့ဒါကို တမင်ချုပ်ခိုင်းထားတာလား။"
လီယွီက မထင်မှတ်ပဲ မေးလိုက်သည့်အတွက် ်ကျင်းဝမ်ရဲ့ အမူအရာ ရှက်ရွံ့သွားသည်။ ဝန်ခံခြင်းမရှိသော်လည်း ရှက်ရွံ့သောအကြည့်ဖြင့် သူ့မျက်လုံးများက အရာအားလုံးကို ရှင်းပြနေသလိုပင်။
အရင်ကဆိုရင်တော့ လီယွီသည် စိတ်အနှောက် အယှက်ဖြစ်ရမည် ဖြစ်ပေမယ့် အခု မတူညီသော ရှုထောင့်မှနေ၍ သူ့အပေါ် စေ့စေ့စပ်စပ် အကဲခတ်ကာ ချစ်ခင်ကြင်နာတတ်သော ကျင်းဝမ်ရဲ့ စေတနာက ကို မြင်နိုင်လေပြီ။
လီယွီ၏ ရင်ထဲတွင် ကြောင်ကလေးရဲ့ လက်သည်းနဲ့ သူ့နှလုံးသားကို ကုတ်ခြစ်နေသလို ယားကျိကျိ ခံစားလိုက်ရသည်။
"ကျေးဇူးပါ အရှင်မင်းသား...ဒီ အဝတ်အစားတွေက အရမ်းကို လှတယ်၊ ကျွန်တော် ဒါတွေကို ဆက်ဝတ်ပါ့မယ်"
လီယွီက သူ့အတွက် ကျင်းဝမ် လုပ်ထားသည့် အဝတ်အစားကိုသာ ဝတ်ထားမည်ဟု သူ့ကိုယ်သူ လျင်မြန်စွာ ပြောခဲ့သော်လည်း ကျင်းဝမ် ၏ အရှက်လေးက သူ့ကို ကူးစက်သွားပုံရသည်။ သူက ကျင်းဝမ် ကို ခဏလောက်ကြည့်ပြီး ရှက်သွားတယ်။
လီယွီသည် ခေါင်းငုံ့ကာ ဖန်ပုလင်းလက်ကိုင်ပေါ်မှ ရွှေကြိုးကို ဆက်၍ရွှေ့လိုက်သည်။ ကျင်းဝမ် သည် ငါးကလေးကို သူ့ထံအပ်နှင်းသောအခါ လီယွီက ငါးပုလင်းကို တာဝန်ယူရသည်။ လီယွီသည် ငါးခေါင်းအုံးကို ကြို၍ ဖုံးထားလေ့ရှိပြီး အချိန်တန်သောအခါ ပုလင်းထဲတွင် ထည့်ကာ ဟန်ဆောင်ထားနိုင်သည်။
ရုတ်တရက်ကြည့်ရင် ငါးအစစ်လား၊ အတုလားဆိုတာ ဘယ်သူမှ မပြောနိုင်ပေ။
လီယွီ သည် ကျင်းဝမ်၏ လက်ဖဝါးတွင် ရွှေဆွဲကြိုးကို အထူးကြိုးဖြင့် ပတ်ထားမည်ဖြစ်ကြောင်း သတိရမိသည်။ လီယွီ သည် ကျင်းဝမ်ကဲ့သို့ လုပ်ဆောင်ရန် သင်ယူခဲ့သည်။ ရွှေဆွဲကြိုးကို လက်ဖဝါးမှာ ရစ်ပတ်ထားပြီး
ဒါပေမယ့် ကျင်းဝမ်က သူ့လက်ထဲက ရွှေ ကြိုးနှင့် ဖန်ပုလင်းတို့ကို သိမ်းဆည်းလိုက်သည်။
လီယွီက ကျင်းဝမ် လုပ်တာကို နားမလည်နိုင်လောက် အောင်ပါပဲ။ ကျင်းဝမ်သည် ပုလင်းထဲမှ ငါးကို အနီးကပ်ကြည့်ကာ သဲလွန်စကို ရှာတွေ့မည်ကို စိုးရိမ်သဖြင့် သူ့ က ငြင်းဆန်ကာ သူပဲ ငါးပုလင်းကို ဆွဲထားမယ်လို့ ပြောပေမယ့် ကျင်းဝမ် က သူ့လက်ထဲမှာ ခဏလောက် ရစ်ပတ်ထားတဲ့ ရွှေကြိုးကို အပြင်းအထန် ဖြည်လိုက်ပြီး သူ့လက်ထဲကို ပြန် ပတ်လိုက်တယ်။
လီယွီ: ? ? ?
ကျင်းဝမ်သည် စကားမပြောနိုင်သောကြောင့် သူ့လုပ်ရပ်ရဲ့ အဓိပ္ပါယ်ကို တွေးကြည့်ရုံသာ တတ်နိုင်သည်။
လီယွီက ခဏလောက်တွေးနေပေမယ့် ကျင်းဝမ်က သူ့ကို အပြစ်မတင်တာကြောင့် သူ့လက်တွေကို ရွှေကြိုးကြောင့် မသက်မသာဖြစ်မှာ စိုးလို့လားဟု တွေးခဲ့သည်။
ကျင်းဝမ်က ငါးဖန်ဘူးရဲ့ကြိုးကို သူ့ကို မရစ်ပတ်စေတာက ငါးကို သူ ဂရုမစိုက်တတ်မှာ စိုးရိမ်လို့လား။ ဒါမှ မဟုတ် သူ့လက်ကို မထိခိုက်စေဖို့ ကာကွယ်ချင်တာကြောင့်လား...
အရင်က ကျင်းဝမ်က သူ့ကို ကာကွယ်ပေးဖို့ လက်ကို ဒဏ်ရာရအောင် လုပ်ခဲ့သည်ကို ပြန်သတိရပြီး လီယွီရဲ့ စိတ်လေးက နွေးထွေး တည်ငြိမ်လာခဲ့သည်။
ကျင်းဝမ်က သူ့ကို နည်းနည်းချင်းဆီ ဆွဲဆောင်ဖို့ မမြင်ရတဲ့ ကြိုးကို အသုံးပြုနေပုံရတယ်။
ထိုစဉ် ဝမ့်ကုန်းကုန်းက လျှောက်တင်ခဲ့သည်။
"အရှင်မင်းသား... သခင်လေးလီ... ထွက်ခွာဖို့ အချိန်ရောက်ပါပြီ။"
ဝမ့်ကုန်းကုန်းက အရှင်မင်းသားဆီက နောက်ထပ် ညွှန်ကြားချက်လာ တောင်းတာဖြစ်သည်။
ဈေးသည် နန်းတော်နှင့် ဝေးသောကြောင့် မင်းသားက ရထားတစ်စီး စီစဉ်ပေးပြီး လီယွီသည် သူ့အချိန်ကို တန်ဖိုးထားတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါ။ ရထားလုံးပေါ်ရောက်တော့ လူတချို့က သူတို့ ခန္ဓာကိုယ်ကို လေးဘက်ကုန်းပေးကာ ခြေနင်းအဖြစ် လုပ်ပေးပေမယ့် လီယွီက ငြင်းလိုက်သည်။ သူက တော်ဝင်မျိုးနွယ်မှ မဟုတ်ပဲ။ ရထားလုံးပေါ် တက်ဖို့ သူ့အတွက် မခက်ပါဘူး။
ကျင်းဝမ် ၏ ရထားမှာ အနည်းငယ် သေးငယ်သည်။ လီယွီသည် ထသွားကာ ထိုင်ခုံမှ ထိုင်လိုက်သည် ။ များမကြာမီ ကျင်းဝမ်လည်း တက်လာပြီး နှစ်ယောက်သား ရထားလုံးထဲက နေရာမှာ ပြည့်ကျပ်သွားလေသည်။ လီယွီသည် ကျင်းဝမ် နှင့် မျက်နှာချင်းဆို်င် ထိုင်ခဲ့ရပြီး ကျင်းဝမ်၏ခြေထောက်များက သူ့ခြေထောက်များကို ဖိထားရသည်။
ထိုစဉ် ရထားက စတင်ထွက်ခွာလာသည်။
တစ်ခါတစ်ရံတွင် သူသည် ထောင့်တစ်ခုသို့ ချိုးကွေ့ချိန် အရှိန်ပြောင်းသောအခါတွင် သူက ကျင်းဝမ်ဘက်ကို လဲပြိုကျ သွားသည်။
သို့သော် အလွန် နာကျင်မည်တော့ မဟုတ်ပေ။
လီယွီသည် အလွန်ရှက်သွားပြီး ကျင်းဝမ်၏ တို့ဟူးကို စားလိုက်ရသည်ဟု ခံစားလိုက်ရသည်။ အကြိမ်ပေါင်းများစွာ ထိတွေ့ပြီးနောက် အကြိမ်ပေါင်းများစွာ တောင်းပန်ခဲ့သည်။ ကျင်းဝမ်သည် သူ့၏ တောင်းပန်စကားများကို အဆက်မပြတ်ကြားနေရပြီး သူ၏မျက်လုံးများသည် သေးငယ်သော အပြုံးများဖြင့် ပြည့်နှက်နေသည်။
လီယွီ: ဟေ့ လူယုတ်မာကြီး၊ မင်း ရယ်လိုက်တဲ့ပုံက ဘာသဘောလဲ၊ မင်းက ငါ့တိုဖူးကို စားနေသလို ခံစားနေရလာတယ်ကွ.... !
(တိုဖူးစား- အသားကို ထိတွေ့ကာ အခွင့်ရေးယူခြင်း )
သူတို့ရဲ့ ရထားလုံးက မကြာမီ ဈေးသို့ ရောက်လာသည်။ ကျင်းဝမ်က လီယွီကို ရထားလုံးထဲမှ တွဲထုတ်လိုက်သည်။ လီယွီ ကိုယ်တိုင် ရထားလုံးပေါ်တက်ခဲ့ပေမယ့် ဆင်းတဲ့အချိန် မြေကြီးက အတော်လေး မြင့်နေလို့ ကျင်းဝမ် ထိန်းပေးတာကို လက်ခံပြီး ခြေတုန်တုန်နဲ့ဆင်းလိုက်ရသည်။
လီယွီကို ကျင်းဝမ်က တွဲခေါ်ကာ ဆင်းလာခဲ့သည်။ ကျင်းဝမ်က သူ့ခါးကို သိုင်းဖက်ကာ လွှားခနဲ ခုန်ဆင်းလိုက်မယ်လို့ သူ ဘယ်ထင်ထားပါ့မလဲ။
ဈေးကို မင်းမျိုးမင်းနွယ်တစ်ယောက်လာမယ်လို့ ပြည်သူတွေက သတင်းကြားလို့ ကြိုတင်စောင့် ဆိုင်းနေကြသည်။
လီယွီက မြေပြင်ပေါ် ခြေချမိပြီး ကျင်းဝမ်ရဲ့ ပွေ့ဖက်ထားတဲ့လက်မောင်းထဲက ရုန်းထွက်ဖို့ ကြိုးစားနေစဉ် ပြည်သူတွေ ပြောနေသည်ကို ကြားလိုက်ရသည်။
"တော်ဝင်မျိုးနွယ်က ဘယ်သူလဲ"
"ရထားလုံးက အမှတ်အသားကို ကြည့်ရတာ ကျင်းဝမ်မင်းသားရဲ့ ရထားလုံးဖြစ်ရမယ်။ ကျင်းဝမ်မင်းသားကို မင်း ကြားဖူးတယ် မဟုတ်လား "
"ဒါပေမယ့် ကျင်းဝမ်အရှင့်သားအကြောင်းကို ငါ ကြားဖူးတာပေါ့။ ငါမေးတာက အရှင်မင်းသားဘေးက လူငယ်လေးက ဘယ်သူလဲလို့မေးတာကွ "
လီယွီ (Li Yu) သည် သူ့အကြောင်းပြောနေတာကို ကြားရတော့ နားစွင့်လိုက်မိသည်။
"အဲဒီသခင်လေးက ဘယ်သူလဲ"
"မသိဘူး၊ အရှင်မင်းသားရဲ့ ညီတော် ဖြစ်နိုင်သလား"
"မင်းကလည်း ညီအစ်ကိုတွေက အဲ့လို ပွေ့ဖက်ပါ့ မလားကွ။ ငါ့အမြင်အရတော့ အရှင့်သားက အဲ့ဒီသခင်လေးကို အလိုလိုက်ပုံရ အဲ့ဒါ ဝမ်ဖေး ဒါမှ မဟုတ် ကိုယ်လုပ်တော် ဖြစ်ရမယ်ကွ.... "
"မဖြစ်နိုင်ဘူး၊ဝမ်ဖေးတွေက အခုလို ဈေးကို လာလည်လို့ရသလားကွ"
"ဝမ်ဖေး မဖြစ်နိုင်ဘူးဆိုရင် အလိုလိုက်ခံထားရတဲ့ အချစ်တော် ကိုယ်လုပ်တော်ဖြစ်ရမယ် "
လီယွီ: "..."
ကျင်းဝမ်က ပြည်သူတွေရဲ့တီးတိုးစကားကို ကြားလိုက်ရပြီး သူ့အမူအရာ ပျက်သွားသည်။
လီယွီ(Li Yu) သည် လူအများက အမှန်တရားကို မသိဘဲ ရိုင်းစိုင်းစွာ ပြောဆိုပါက ကျင်းဝမ်က ဒေါသဖြစ်လာလိမ့်မည် ဟု သူ့ကိုယ်သူ တွေးခဲ့သည်။ သူ ထွက်လာပြီး ရှင်းရှင်း လင်းလင်း လုပ် ရင် ကောင်းမယ်ထင်တယ်။
သူ ဒီအကြောင်းကိုပဲ တွေးကြည့်တော့ ကျင်းဝမ်က သူ့ကို စူးရှတဲ့ မျက်လုံးတွေနဲ့ ဝမ့်ကုန်းကုန်းကို ကြည့်လိုက်တာ တွေ့လိုက်ရသည်။
ဝမ့်ကုန်းကုန်းသည် ထိတ်လန့်တုန်လှုပ်သွားပြီး ဘေးသို့ ပြေးသွားကာ သတိမရှိပဲ ထင်ရာမြင်ရာ ပြောနေသည့် လူများစွာကို ဘေးသို့ ဆွဲထုတ်ကာ ဖယ်ရှားလိုက်သည်။
ဝမ့်ကုန်းကုန်းက အရှင်မင်းသား ခိုင်းစေလိုက်တာကို အောင်မြင်စွာလုပ်ပြီး အပြုံးနှင့်ပြန်လာခဲ့စဉ် စောင့်ကြိုနေသည့် ကုန်သည်များ၊ပြည်သူများက အပြုံးဖြင့် ကျင်းဝမ်ကို ကြိုဆိုကာ စိတ်ပါလက်ပါ အော်ဟစ်နူတ်ဆက်လိုက်ကြသည်။
"ဝမ်ရယ်နဲ့ ဝမ်ဖေးကို ကြိုဆိုပါတယ်"
ပြည်သူမအများက သံပြိုင် စိတ်လှုပ်ရှားစွာ အော်လိုက်ပါတော့တယ်။
လီယွီသည် ကျင်းဝမ်က အခု အခြေနေကို သေချာရှင်းနိုင်လိမ့်မည်ဟု ယုံကြည်နေစဉ် ကြားလိုက်ရသည့် စကားတွေကြောင့်.... - ! !
လျှောက်ပြောလိုက်တဲ့ လျှာတစ်ချောင်းက ဘယ်လိုလုပ်ပြီး ခုလို စကားလုံးတွေ ထွက်လာနိုင်တာလဲ...
သူက ဘယ်လိုဖြစ်ပြီး ဝမ်ဖေး ဖြစ်သွားရတာလဲ....
အနာဂါတ်မှာ သူ့ ဂုဏ်သိက္ခာ ကို ဘယ်လို အဖတ်ဆည်ရတော့မှာလဲ...
အဲဒါကို မေ့လိုက်ပါ၊ ငါးတစ်ကောင်က ဘာဂုဏ်သိက္ခာ လိုအပ်နေဦးမှာလဲ....။
လီယွီက သူ့ကိုယ်သူ အကြိမ်ပေါင်းများစွာ နှစ်သိမ့်နေလိုက်မိသည်။
***********-*********
Chapter (58-2) _ ဝမ္ရယ္နဲ႕ ဝမ္ေဖးကို ႀကိဳဆိုပါတယ္
ရွက္ေသြးျဖာေနရင္း လီယြီ က က်င္းဝမ္ကို ခိုးေႀကာင္း ခိုးဝွက္လွည့္ႀကည့္လိုက္သည္။
ဒီ လူယုတ္မာက ဝမ့္ကုန္းကုန္းကို အသံုးခ်ျပီး သူ ျဖစ္ခ်င္တာကို တဖက္လွည္နဲ႕ လုပ္ခဲ့ျပန္ျပီ။ အခုဆုိရင္ သူတုိ႕ အျပင္မွာ အတူတူ ထြက္ႀကလည္း က်င္းဝမ္က သူ႕ကို အတင္းအက်ပ္ တို္က္တြန္းတာ ဘယ္ဟုတ္ေတာ့မလဲ။
လီယြီက တိတ္တိတ္ေလး ဆဲလိုက္သည္။ ဒီလူယုတ္မာက အရင္က မာမာတင္းတင္းေပမယ့္ အခုေတာ့ သူ႕ကို လိုက္ခ်င္ေနတယ္ဆုိတာ သူ သိလိုက္သည္။ သူ ဒီေလာက္ အရွိန္အဟုန္နဲ႔ တိုးတက္ေနၿပီလား။
ဒါေပမယ့္ ေဈးကို သြားလို႔ေတာ့ ရပါတယ္။
လီယြီသည္ ျငင္းဆန္ရန္ လုပ္မေနေတာ့ပဲ ႏႈတ္ခမ္းကို ကိုက္ကာ ဒီလို ေစ်းကိုသြားတာကလြဲရင္ ခ်ိန္းေတြ႕တာ လံုးဝ မျဖစ္ေစရဘူးလုိ႕ သူ႕ဖာသငာ ေျပာလိုက္သည္။ ျပီးေတာ့ သူလည္း လံုးဝ အရံႈးမရွိနို္င္ပါဘူးေလ...ေနာ...
လီယြီက ေခါင္းညိတ္ကာ တရားဝင္ သေဘာတူ လိုက္သည္။
ဝမ့္ကုန္းကုန္းက အရွင္မင္းသား အႀကံစည္ ေအာင္ျမင္သြားလို႕ တိတ္တဆိတ္ ဂုဏ္ျပဳလိုက္မိသည္။
မင္းညီမင္းသားေတြ အျပင္ထြက္တာ ခ်က္ခ်င္း ထြက္လို႕မရေပ။ အရင္ဆံုး ေစ်းဖြင့္ျပီးေနာက္ လံုျခံဳေရးကို စီစဥ္ရဦးမည္။ ဒါေႀကာင့္ ေစ်းသြားဖုိ႕က အခ်ိန္လိုေသးသည္။
လီယြီ အျပင္ထြက္တဲ့အခါ ဝတ္ဖို႕ သင့္ေတာ္တဲ့ အဝတ္စား ခ်ဳပ္ေပးဖို႕ လုိအပ္တဲ့အတြက္ သင့္ေလ်ာ္ေသာ အဝတ္အစားပုံစံအခ်ိဳ႕ကို သီးသန႔္ၫႊန္ျပၿပီး ဝမ့္ကုန္းကုန္းကို စိုက္ၾကည့္ကာ ေစခိုင္းလိုက္သည္။ မင္းသားေလးေႀကာင့္ ဝမ့္ကုန္းကုန္းလည္း မၾကာေသးမီက အလုပ္မ်ား လြန္းေနသည္။
ေရွာင္ယြီ၏စိုးရိမ္ပူပန္မႈမ်ားကို ေျဖရွင္းႏိုင္ရန္ ငါးကို ခ်စ္ျမတ္ႏိုးေသာ က်င္းဝမ္ သည္ ငါးကို အတူတူေခၚလာျပီး ေဈးဝယ္ထြက္ရန္ စီစဥ္လိုက္သည္။ ငါးကိုျပဳစုရန္တာဝန္အားလုံးကို သခင္ေလးလီအား ေပးအပ္ခဲ့သည္။
လီယြီက သူျဖစ္ခ်င္တာနဲ႕ကြက္တိ ျဖစ္လာလို႕ ေက်နပ္သြားသည္။ က်င္းဝမ္က သူ႕ကို ငါးကို ေစာင့္ေရွာက္ခုိင္းတယ္။ ဒါဆုိရင္ ငါးဖန္ဘူးေလးထဲ ငါး အတုကို ထည့္ဖို႕က သူ႕ အတြက္ အသာယာလုပ္ရံုပဲ မဟုတ္လား။
ဘယ္ဟာ ငါးအစစ္ ဘယ္ဟာက ငါးအတုဆိုတာ ဘယ္သူမွ အလြယ္တကူ မဆုံးျဖတ္နိုင္ေတာ့ဘူး။
ေစ်းကို ထြက္ဖို႕ က်င္းဝမ္နွင့္ ခ်ိန္းဆိုခဲ့ၿပီး လူသား အသြင္ေျပာင္းၿပီးေနာက္ ခ်က္ခ်င္း ေတြ႕ဆုံခဲ့တယ္။
သူက က်င္းဝမ္ ဒီဇိုင္းဆြဲကာ ခ်ဳပ္ခိုင္းခဲ့သည့္ နွင္းဆီနွင့္ ေငြေရာင္ႀကာပန္းတို႕ ပါဝင္သည့္ ပိုးထည္ဝတ္စံုကို ဝတ္ဆင္ထားသည္။
သူ႔ခါးတစ္ဝိုက္တြင္ ေက်ာက္စိမ္းအဆင္ တန္ဆာတစ္ခုကို ခ်ိတ္ဆြဲထားသည္။ ဝမ့္ကုန္းကုန္းက သခင္ေလးလီ ေနေကာင္းလာတာျဖစ္လို႕ အရမ္းဝမ္းသာျပီး ေတာက္ပေသာ အေရာင္ပါသည့္ ဝတ္စံုကို ဝတ္သင့္သည္ဟု ေျပာဆုိေနခဲ့သည္။
လီယြီသည္ ေရွးေခတ္လက္ရာမ်ားကို နားမလည္ေပ။ ဝမ့္ကုန္းကုန္းေျပာတာကို နားေထာင္ျပိီးေနာက္ ဝတ္ခြင့္ေပးလိုက္သည္။ ေရွးေခတ္ အဆင္တန္ဆာမ်ားကို မည္သို႔ဝတ္ဆင္ရမည္ကို မသိေသးေသာ္လည္း က်င္းဝမ္ သည္ သူ႕အဝတ္အစားမ်ားတြင္ အလြန္ပါးလႊာေသာ ခါးပတ္မ်ားကိုသာ ထည့္သြင္းထားေစသျဖင့္ ခါးပတ္ႀကိဳးခ်ည္နည္းအတြက္ အလြန္အမင္း စိတ္ပူေနစရာ မလိုေတာ့ေပ။
အနီေရာင္သည္ ႐ႊင္လန္းေစၿပီး လီယြီ၏ အသားအေရကို ပိုမို ျဖဴေဖြးလာေစႏိုင္သည္။ လီယြီသည္ သူ႕တကိုယ္လံုးက နီေနၿပီဟု ခံစားရၿပီး သူ႔အသားအရည္လည္း မ်ားစြာ တိုးတက္ေကာင္းမြန္ လာသည္။ ေၾကးဝါမွန္မွတဆင့္ သူ႔ပါးျပင္မ်ားသည္ အနီေရာင္ေျပေျပေလး စြန္းထင္းေနသည္ကို သူ ေတြ႕ျမင္ႏိုင္သည္။ ဒါကို ခဏခဏ မဝတ္သင့္ဘူး။
ဒီလို စြဲမက္ဖြယ္ေကာင္းေသာ ဝတ္စံုနွင့္ လီယြီကို က်င္းဝမ္က အႀကာႀကိး စိုက္ႀကည့္ေနျပီး မ်က္လံုးလႊဲေအာင္ မနည္း ႀကိဳးစားလုိက္ရသည္။
လီယြီက ေအာင္ပြဲခံစြာ ၿပဳံးလိုက္သည္။ လူမွာ အဝတ္ ေတာင္းမွာ အကြပ္ဆိုတာ တကယ္မွန္တာပဲလို႕ လီယြီ ကေတြးေနသည္။
က်င္းဝမ္ရဲ႕ အဝတ္ေဟာင္းေတြက သူ႕ပံုစံကို လံုးဝ တျခားလူတစ္ေယာက္ ျဖစ္ေအာင္ ေျပာင္းလိုက္သလိုပဲ။ ဒါေတြက သူနဲ႕ လိုက္ဖက္လြန္းေနသလိုပဲ...
လီယြီသည္ ဇာတ္လမ္းထဲ ဝင္ေရာက္လာကာ ငါးတစ္ေကာင္ျဖစ္လာသည္။ လူသားအျဖစ္ ေနထုိင္ခြင့္ရဖို႕ အခြင့္အလမ္းမ်ားစြာ မရွိပါ။ ေယဘူယ်အားျဖင့္၊ သူက အဝတ္ဝတ္စရာရွိ ရင္ေတာင္ ဘုရားသခင္ကို ေက်းဇူးတင္ရမည္။ သူ ဘယ္ေတာ့မွ အရမ္း မေတြးမိေပမယ့္ ဒီတစ္ခါေတာ့ နည္းနည္း ပိုစဥ္းစားလိုက္မိတယ္။
က်င္းဝမ္ရဲ႕ အဝတ္ေဟာင္းေတြက သူနဲ႕ ဘာေႀကာင့္ ့ကြက္တိ ေတာ္ေနရတာလဲ...
ု
ျပိီးေတာ့ က်င္းဝမ္က အခုလို အေရာင္ေတာက္ပသည့္ အဝတ္စားကို ဝတ္ေလ့မရွိေပ။ လီယြီက ေစ့ေစ့ေတြးျပိး သတိဝင္လာသည္။
"ဒီဟာေတြက အရွင္မင္းသားရဲ႕ အဝတ္ေဟာင္းေတြ မဟုတ္ဘူး မလား။ အရွင္မင္းသားက အဲ့ဒါကို တမင္ခ်ဳပ္ခုိင္းထားတာလား။"
လီယြီက မထင္မွတ္ပဲ ေမးလိုက္သည့္အတြက္ ္က်င္းဝမ္ရဲ႕ အမူအရာ ရွက္႐ြံ႕သြားသည္။ ဝန္ခံျခင္းမရွိေသာ္လည္း ရွက္႐ြံ႕ေသာအၾကည့္ျဖင့္ သူ႔မ်က္လုံးမ်ားက အရာအားလုံးကို ရွင္းျပေနသလိုပင္။
အရင္ကဆိုရင္ေတာ့ လီယြီသည္ စိတ္အေႏွာက္ အယွက္ျဖစ္ရမည္ ျဖစ္ေပမယ့္ အခု မတူညီေသာ ရႈေထာင့္မွေန၍ သူ႔အေပၚ ေစ့ေစ့စပ္စပ္ အကဲခတ္ကာ ခ်စ္ခင္ၾကင္နာတတ္ေသာ က်င္းဝမ္ရဲ႕ ေစတနာက ကို ျမင္ႏိုင္ေလျပီ။
လီယြီ၏ ရင္ထဲတြင္ ေၾကာင္ကေလးရဲ႕ လက္သည္းနဲ႕ သူ႕နွလံုးသားကို ကုတ္ျခစ္ေနသလို ယားက်ိက်ိ ခံစားလိုက္ရသည္။
"ေက်းဇူးပါ အရွင္မင္းသား...ဒီ အဝတ္အစားေတြက အရမ္းကို လွတယ္၊ ကြ်န္ေတာ္ ဒါေတြကို ဆက္ဝတ္ပါ့မယ္"
လီယြီက သူ႔အတြက္ က်င္းဝမ္ လုပ္ထားသည့္ အဝတ္အစားကိုသာ ဝတ္ထားမည္ဟု သူ႔ကိုယ္သူ လ်င္ျမန္စြာ ေျပာခဲ့ေသာ္လည္း က်င္းဝမ္ ၏ အရွက္ေလးက သူ႕ကို ကူးစက္သြားပုံရသည္။ သူက က်င္းဝမ္ ကို ခဏေလာက္ၾကည့္ၿပီး ရွက္သြားတယ္။
လီယြီသည္ ေခါင္းငုံ႔ကာ ဖန္ပုလင္းလက္ကိုင္ေပၚမွ ေ႐ႊႀကိဳးကို ဆက္၍ေ႐ႊ႕လိုက္သည္။ က်င္းဝမ္ သည္ ငါးကေလးကို သူ႔ထံအပ္ႏွင္းေသာအခါ လီယြီက ငါးပုလင္းကို တာဝန္ယူရသည္။ လီယြီသည္ ငါးေခါင္းအုံးကို ႀကိဳ၍ ဖုံးထားေလ့ရွိၿပီး အခ်ိန္တန္ေသာအခါ ပုလင္းထဲတြင္ ထည့္ကာ ဟန္ေဆာင္ထားနုိင္သည္။
ရုတ္တရက္ႀကည့္ရင္ ငါးအစစ္လား၊ အတုလားဆုိတာ ဘယ္သူမွ မေျပာနုိင္ေပ။
လီယြီ သည္ က်င္းဝမ္၏ လက္ဖဝါးတြင္ ေ႐ႊဆြဲႀကိဳးကို အထူးႀကိဳးျဖင့္ ပတ္ထားမည္ျဖစ္ေၾကာင္း သတိရမိသည္။ လီယြီ သည္ က်င္းဝမ္ကဲ့သို႔ လုပ္ေဆာင္ရန္ သင္ယူခဲ့သည္။ ေ႐ႊဆြဲႀကိဳးကို လက္ဖဝါးမွာ ရစ္ပတ္ထားၿပီး
ဒါေပမယ့္ က်င္းဝမ္က သူ႔လက္ထဲက ေ႐ႊ ႀကိဳးႏွင့္ ဖန္ပုလင္းတို႔ကို သိမ္းဆည္းလိုက္သည္။
လီယြိီက က်င္းဝမ္ လုပ္တာကို နားမလည္ႏိုင္ေလာက္ ေအာင္ပါပဲ။ က်င္းဝမ္သည္ ပုလင္းထဲမွ ငါးကို အနီးကပ္ၾကည့္ကာ သဲလြန္စကို ရွာေတြ႕မည္ကို စိုးရိမ္သျဖင့္ သူ႔ က ျငင္းဆန္ကာ သူပဲ ငါးပုလင္းကို ဆြဲထားမယ္လို႕ ေျပာေပမယ့္ က်င္းဝမ္ က သူ႔လက္ထဲမွာ ခဏေလာက္ ရစ္ပတ္ထားတဲ့ ေ႐ႊႀကိဳးကို အျပင္းအထန္ ျဖည္လိုက္ၿပီး သူ႔လက္ထဲကို ျပန္ ပတ္လိုက္တယ္။
လီယြီ: ? ? ?
က်င္းဝမ္သည္ စကားမေျပာႏိုင္ေသာေၾကာင့္ သူ႕လုပ္ရပ္ရဲ႕ အဓိပၸါယ္ကို ေတြးႀကည့္ရံုသာ တတ္နုိင္သည္။
လီယြီက ခဏေလာက္ေတြးေနေပမယ့္ က်င္းဝမ္က သူ႔ကို အျပစ္မတင္တာေၾကာင့္ သူ႕လက္ေတြကို ေ႐ႊႀကိဳးေႀကာင့္ မသက္မသာျဖစ္မွာ စိုးလို႕လားဟု ေတြးခဲ့သည္။
က်င္းဝမ္က ငါးဖန္ဘူးရဲ႕ႀကိဳးကို သူ႕ကို မရစ္ပတ္ေစတာက ငါးကို သူ ဂရုမစို္က္တတ္မွာ စိုးရိမ္လို႕လား။ ဒါမွ မဟုတ္ သူ႔လက္ကို မထိခိုက္ေစဖို႕ ကာကြယ္ခ်င္တာေၾကာင့္လား...
အရင္က က်င္းဝမ္က သူ႕ကို ကာကြယ္ေပးဖို႕ လက္ကို ဒဏ္ရာရေအာင္ လုပ္ခဲ့သည္ကို ျပန္သတိရျပီး လီယြီရဲ႕ စိတ္ေလးက ေႏြးေထြး တည္ျငိမ္လာခဲ့သည္။
က်င္းဝမ္က သူ႔ကို နည္းနည္းခ်င္းဆီ ဆြဲေဆာင္ဖို႔ မျမင္ရတဲ့ ႀကိဳးကို အသုံးျပဳေနပုံရတယ္။
ထိုစဥ္ ဝမ့္ကုန္းကုန္းက ေလွ်ာက္တင္ခဲ့သည္။
"အရွင္မင္းသား... သခင္ေလးလီ... ထြက္ခြာဖို႕ အခ်ိန္ေရာက္ပါၿပီ။"
ဝမ့္ကုန္းကုန္းက အရွင္မင္းသားဆီက ေနာက္ထပ္ ၫႊန္ၾကားခ်က္လာ ေတာင္းတာျဖစ္သည္။
ေဈးသည္ နန္းေတာ္ႏွင့္ ေဝးေသာေၾကာင့္ မင္းသားက ရထားတစ္စီး စီစဥ္ေပးၿပီး လီယြီသည္ သူ႔အခ်ိန္ကို တန္ဖိုးထားတယ္ဆိုတာ သံသယျဖစ္စရာ မရွိပါ။ ရထားလံုးေပၚေရာက္ေတာ့ လူတခ်ိဳ႕က သူတုိ႕ ခႏၶာကိုယ္ကို ေလးဘက္ကုန္းေပးကာ ေျခနင္းအျဖစ္ လုပ္ေပးေပမယ့္ လီယြီက ျငင္းလိုက္သည္။ သူက ေတာ္ဝင္မ်ိဳးနြယ္မွ မဟုတ္ပဲ။ ရထားလံုးေပၚ တက္ဖို႕ သူ႕အတြက္ မခက္ပါဘူး။
က်င္းဝမ္ ၏ ရထားမွာ အနည္းငယ္ ေသးငယ္သည္။ လီယြီသည္ ထသြားကာ ထိုင္ခံုမွ ထိုင္လိုက္သည္ ။ မ်ားမၾကာမီ က်င္းဝမ္လည္း တက္လာၿပီး ႏွစ္ေယာက္သား ရထားလံုးထဲက ေနရာမွာ ျပည့္က်ပ္သြားေလသည္။ လီယြီသည္ က်င္းဝမ္ နွင့္ မ်က္နွာခ်င္းဆုိ္္င္ ထိုင္ခဲ့ရၿပီး က်င္းဝမ္၏ေျခေထာက္မ်ားက သူ႔ေျခေထာက္မ်ားကို ဖိထားရသည္။
ထိုစဥ္ ရထားက စတင္ထြက္ခြာလာသည္။
တစ္ခါတစ္ရံတြင္ သူသည္ ေထာင့္တစ္ခုသို႔ ခ်ိဳးေကြ႕ခ်ိန္ အရွိန္ေျပာင္းေသာအခါတြင္ သူက က်င္းဝမ္ဘက္ကို လဲျပိဳက် သြားသည္။
သို႔ေသာ္ အလြန္ နာက်င္မည္ေတာ့ မဟုတ္ေပ။
လီယြီသည္ အလြန္ရွက္သြားၿပီး က်င္းဝမ္၏ တို႔ဟူးကို စားလိုက္ရသည္ဟု ခံစားလိုက္ရသည္။ အႀကိမ္ေပါင္းမ်ားစြာ ထိေတြ႕ၿပီးေနာက္ အႀကိမ္ေပါင္းမ်ားစြာ ေတာင္းပန္ခဲ့သည္။ က်င္းဝမ္သည္ သူ႔၏ ေတာင္းပန္စကားမ်ားကို အဆက္မျပတ္ၾကားေနရၿပီး သူ၏မ်က္လုံးမ်ားသည္ ေသးငယ္ေသာ အၿပဳံးမ်ားျဖင့္ ျပည့္ႏွက္ေနသည္။
လီယြီ: ေဟ့ လူယုတ္မာႀကီး၊ မင္း ရယ္လိုက္တဲ့ပံုက ဘာသေဘာလဲ၊ မင္းက ငါ့တုိဖူးကို စားေနသလို ခံစားေနရလာတယ္ကြ.... !
(တိုဖူးစား- အသားကို ထိေတြ႕ကာ အခြင့္ေရးယူျခင္း )
သူတို႕ရဲ႕ ရထားလံုးက မၾကာမီ ေဈးသို႔ ေရာက္လာသည္။ က်င္းဝမ္က လီယြီကို ရထားလံုးထဲမွ တြဲထုတ္လိုက္သည္။ လီယြီ ကိုယ္တိုင္ ရထားလံုးေပၚတက္ခဲ့ေပမယ့္ ဆင္းတဲ့အခ်ိန္ ေျမႀကီးက အေတာ္ေလး ျမင့္ေနလို႕ က်င္းဝမ္ ထိန္းေပးတာကို လက္ခံျပီး ေျခတုန္တုန္နဲ႕ဆင္းလိုက္ရသည္။
လီယြီကုိ က်င္းဝမ္က တြဲေခၚကာ ဆင္းလာခဲ့သည္။ က်င္းဝမ္က သူ႕ခါးကို သိုင္းဖက္ကာ လႊားခနဲ ခုန္ဆင္းလိုက္မယ္လို႕ သူ ဘယ္ထင္ထားပါ့မလဲ။
ေစ်းကို မင္းမ်ိဳးမင္းနြယ္တစ္ေယာက္လာမယ္လို႕ ျပည္သူေတြက သတင္းႀကားလို႕ ႀကိဳတင္ေစာင့္ ဆုိင္းေနႀကသည္။
လီယြီက ေျမျပင္ေပၚ ေျခခ်မိျပီး က်င္းဝမ္ရဲ႕ ေပြ႕ဖက္ထားတဲ့လက္ေမာင္းထဲက ရုန္းထြက္ဖို႕ ႀကိဳးစားေနစဥ္ ျပည္သူေတြ ေျပာေနသည္ကို ႀကားလိုက္ရသည္။
"ေတာ္ဝင္မ်ိဳးနြယ္က ဘယ္သူလဲ"
"ရထားလံုးက အမွတ္အသားကို ႀကည့္ရတာ က်င္းဝမ္မင္းသားရဲ႕ ရထားလံုးျဖစ္ရမယ္။ က်င္းဝမ္မင္းသားကို မင္း ႀကားဖူးတယ္ မဟုတ္လား "
"ဒါေပမယ့္ က်င္းဝမ္အရွင့္သားအေႀကာင္းကို ငါ ႀကားဖူးတာေပါ့။ ငါေမးတာက အရွင္မင္းသားေဘးက လူငယ္ေလးက ဘယ္သူလဲလို႕ေမးတာကြ "
လီယြီ (Li Yu) သည္ သူ႕အေႀကာင္းေျပာေနတာကို ႀကားရေတာ့ နားစြင့္လိုက္မိသည္။
"အဲဒီသခင္ေလးက ဘယ္သူလဲ"
"မသိဘူး၊ အရွင္မင္းသားရဲ႕ ညီေတာ္ ျဖစ္ႏိုင္သလား"
"မင္းကလည္း ညီအစ္ကိုေတြက အဲ့လို ေပြ႕ဖက္ပါ့ မလားကြ။ ငါ့အျမင္အရေတာ့ အရွင့္သားက အဲ့ဒိီသခင္ေလးကို အလိုလိုက္ပံုရ အဲ့ဒါ ဝမ္ေဖး ဒါမွ မဟုတ္ ကိုယ္လုပ္ေတာ္ ျဖစ္ရမယ္ကြ.... "
"မျဖစ္ႏိုင္ဘူး၊ဝမ္ေဖးေတြက အခုလို ေဈးကို လာလည္လို႔ရသလားကြ"
"ဝမ္ေဖး မျဖစ္ႏိုင္ဘူးဆိုရင္ အလိုလို္က္ခံထားရတဲ့ အခ်စ္ေတာ္ ကိုယ္လုပ္ေတာ္ျဖစ္ရမယ္ "
လီယြီ: "..."
က်င္းဝမ္က ျပည္သူေတြရဲ႕တီးတိုးစကားကို ၾကားလိုက္ရၿပီး သူ႔အမူအရာ ပ်က္သြားသည္။
လီယြီ(Li Yu) သည္ လူအမ်ားက အမွန္တရားကို မသိဘဲ ႐ိုင္းစိုင္းစြာ ေျပာဆိုပါက က်င္းဝမ္က ေဒါသျဖစ္လာလိမ့္မည္ ဟု သူ႔ကိုယ္သူ ေတြးခဲ့သည္။ သူ ထြက္လာၿပီး ရွင္းရွင္း လင္းလင္း လုပ္ ရင္ ေကာင္းမယ္ထင္တယ္။
သူ ဒီအေၾကာင္းကိုပဲ ေတြးၾကည့္ေတာ့ က်င္းဝမ္က သူ႔ကို စူးရွတဲ့ မ်က္လုံးေတြနဲ႔ ဝမ့္ကုန္းကုန္းကို ႀကည့္လုိက္တာ ေတြ႕လိုက္ရသည္။
ဝမ့္ကုန္းကုန္းသည္ ထိတ္လန႔္တုန္လႈပ္သြားျပီး ေဘးသို႔ ေျပးသြားကာ သတိမရွိပဲ ထင္ရာျမင္ရာ ေျပာေနသည့္ လူမ်ားစြာကို ေဘးသို႔ ဆြဲထုတ္ကာ ဖယ္ရွားလိုက္သည္။
ဝမ့္ကုန္းကုန္းက အရွင္မင္းသား ခုိ္င္းေစလိုက္တာကို ေအာင္ျမင္စြာလုပ္ျပီး အျပံုးနွင့္ျပန္လာခဲ့စဥ္ ေစာင့္ႀကိဳေနသည့္ ကုန္သည္မ်ား၊ျပည္သူမ်ားက အျပံုးျဖင့္ က်င္းဝမ္ကို ႀကိဳဆိုကာ စိတ္ပါလက္ပါ ေအာ္ဟစ္နူတ္ဆက္လိုက္ႀကသည္။
"ဝမ္ရယ္နဲ႕ ဝမ္ေဖးကို ႀကိဳဆိုပါတယ္"
ျပည္သူမအမ်ားက သံျပိဳင္ စိတ္လႈပ္ရွားစြာ ေအာ္လိုက္ပါေတာ့တယ္။
လီယြီသည္ က်င္းဝမ္က အခု အေျခေနကို ေသခ်ာရွင္းနုိ္င္လိမ့္မည္ဟု ယံုႀကည္ေနစဥ္ ႀကားလိုက္ရသည့္ စကားေတြေႀကာင့္.... - ! !
ေလွ်ာက္ေျပာလိုက္တဲ့ လွ်ာတစ္ေခ်ာင္းက ဘယ္လိုလုပ္ျပီး ခုလို စကားလံုးေတြ ထြက္လာနုိင္တာလဲ...
သူက ဘယ္လိုျဖစ္ျပီး ဝမ္ေဖး ျဖစ္သြားရတာလဲ....
အနာဂါတ္မွာ သူ႕ ဂုဏ္သိကၡာ ကို ဘယ္လို အဖတ္ဆည္ရေတာ့မွာလဲ...
အဲဒါကို ေမ့လိုက္ပါ၊ ငါးတစ္ေကာင္က ဘာဂုဏ္သိကၡာ လိုအပ္ေနဦးမွာလဲ....။
လီယြီက သူ႔ကိုယ္သူ အႀကိမ္ေပါင္းမ်ားစြာ ႏွစ္သိမ့္ေနလိုက္မိသည္။
***********-*********