Chapter (56) - စိတ်ပျော့လာသော ငါးကလေး
လီယွီက အဖျားကြီးနေပေမယ့် သတိတော့လစ်မသွားပေ။ မင်းသားကျင်းယွီက သူ့ကို တောက်လျှောက်ပွေ့ချီကာ တော်ဝင်သမားတော်ဆီကို လာခဲ့တာကို အားလုံးသိနေသည်။ ကျင်းဝမ်က သူ့ကို မင်းသမီးပွေ့ချီသလို တချိန်လုံးပွေ့ထားလို့ လီယွီခမျာ ဆွံ့အနေရသည်။ ဒါပေမယ့် သူ့မှာ အားတစ်စက်မှမရှိတော့ ကျင်းဝမ်ပွေ့ထားသလို နေနေရသည်။
ကျင်းဝမ်၏ ကိုယ်ရံတော်များနှင့် ဝမ့်ကုန်းကုန်းလည်း ဒီမြင်ကွင်းကိုကြည့်ကာ မျက်လုံးတွေတလက်လက်ဖြစ်နေလို့ လီယွီမှာ မတတ်သာတော့ဘဲ ကျင်းဝမ်၏ရင်ဘတ်ဘက်ကို မျက်နှာဝှက်ထားလိုက်ရတော့သည်။
သူက ဒီလူ ခုလိုပွေ့ဖက်ထားတဲ့အတွက် စိတ်မသက်မသာဖြစ်မိပေမယ့် သူ့ကိုယ်က တောင့်တင်းမနေတော့ဘဲ ပျော့ပြောင်းကာ သက်တောင့်သက်သာပဲ မှီခိုထားလိုက်မိသည်။ သူက သက်ပြင်းကို အသာလေးခိုးချလိုက်မိသည်။
လူတစ်ယောက်က အဖျားကြီးပြီး မသက်မသာခံစားရရင် သက်တောင့်သက်သာ အနေအထားရအောင် နေရတာပဲလေဟုတွေးကာ စိတ်ကိုလျှော့ထားလိုက်သည်။ ဒီလိုမျိုး မင်းသား၏ရင်ခွင်ထဲမှာ ပွေ့ချီခံထားရတာ မလုပ်သင့်ဘူးလို့ ဆက်တွေးမနေတော့ပေ။
အစောပိုင်းကမှ သူသေတော့မလားလို့ထင်ပြီး ကြောက်လန့်ခဲ့ပေမယ့် ခုချိန်မှာ သူများတွေ ဘယ်လိုမြင်မလဲလို့ တွေးနေမိပြန်သည်။ လီယွီက သူနေလို့ကောင်းလာသလို ခံစားလိုက်ရသည်။
မင်းသားကျင်းဝမ်က လူတစ်ယောက်ကို ကိုယ်တိုင်ပွေ့ချီကာ သူ့ကိုလာရှာသဖြင့် တော်ဝင်သမားတော်ရွှီက ထိတ်လန့်သွားခဲ့သည်။ သူက ကျင်းဝမ်၏ငါးလေးကို ပျောက်ကင်းအောင် မကုပေးနိုင်လို့ အပြစ်ရှိသလို ခံစားနေရစဉ် ခုတစ်ခါတော့ လူသားဖြစ်နေလို့ သူ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်လိမ့်မည်။ သမားတော်က ကျင်းဝမ်ကို လူနာကို အောက်သို့ချနိုင်အောင် ကူညီပေးပြီး ဆေးသေတ္တာကိုယူကာ လူနာ၏အခြေအနေကို စစ်ဆေးလိုက်သည်။
ဖြူဖျော့နေသောလူနာလေး၏ ရောဂါအခြေအနေကိုကြည့်ပြီးနောက် ရောဂါကို တိတိကျကျခန့်မှန်းနိုင်ဖို့ လူနာ၏လည်ချောင်းကို ကြည့်နိုင်ရင် ပိုကောင်းမှာဖြစ်ပေမယ့် လူငယ်လေးက သတိမေ့နေလို့ အဆင်မပြေပေ။ ဝမ့်ကုန်းကုန်းက ပါးစပ်လေးကို ဟအောင်လုပ်ပေးနေစဉ် ကောင်လေးက မျက်လုံးကိုဖွင့်ကာ ပြောခဲ့သည်။
"သမားတော်ကြီး.. ကျွန်တော် ရေထဲမှာ မတော်တဆ စိမ်နေခဲ့မိတယ်.."
လီယွီက တိုးညှင်းစွာပြောလိုက်သည်။ သူအိပ်ပျော်သွားရင် ရောဂါလက္ခဏာရှာဖွေတာ နှောင့်နှေးမှာစိုးလို့ သူက တောင့်ခံပြီး စောင့်နေတာဖြစ်သည်။ ဒီလောက်တက်ကြွသောလူနာကို သမားတော်ကြီး မတွေ့ဖူးပေ။ သမားတော်ကြီး၏နှုတ်ခမ်းက ပြုံးလိုက်ကာ ပြောလိုက်သည်။
"လူငယ်လေးက အအေးမိသွားတာပါ.. အဖျားက မကျသေးပေမယ့် သတိရှိသေးတယ်ဆိုတော့ အသက်အန္တရာယ်တော့ မရှိပါဘူး.. သေချာလေးအနားယူပြီး ဆေးသောက်လိုက်ရင် ပျောက်သွားမှာပါ.."
သမားတော်ကြီးက ဆေးစာကို အဖြစ်ရေးပေးလိုက်သည်။ ကျင်းဝမ်က ဝမ့်ကုန်းကုန်းကို ဆေးစာအတိုင်းဆေးကြိုဖို့ ခိုင်းစေကာ လီယွီကို ခေါင်းမာမာနဲ့ ဆက်လက်ပွေ့ချီကာ အိမ်တော်ကိုပြန်လာခဲ့ကြသည်။
အဆောင်ကိုပြန်ရောက်တော့ ကျင်းဝမ်က လီယွီကို သလွန်ပေါ်တင်ပေးပြီး ချွေးစိုအဝတ်တွေကို လဲပေးဖို့လုပ်ပေမယ့် လီယွီက အလန့်တကြား ခေါင်းထောင်ကာ ခေါင်းယမ်းလိုက်သည်။ ဒီလိုလုပ်လိုက်လို့ လီယွီက ခေါင်းမူးသွားခဲ့ရသည်။
ကျင်းဝမ်က ရှောင်ယွီကို မသက်မသာမဖြစ်စေချင်လို့ အဝတ်လဲဖို့ လက်လျှော့လိုက်ပေမယ့် သမားတော်ကြီးက ရက်အနည်းငယ်ထပ်ပြီး အအေးမမိစေနဲ့ဟု မှာလိုက်သောကြောင့် ရွှေရောင်ကွပ်ထားသော ရေညှိစိမ်းရောင်ပိုးစောင်နှင့် လီယွီကို လုံနေအောင်ခြုံကာ ရစ်ပတ်ပေးထားလိုက်သည်။
သူက အစိမ်းရောင်ကိုသဘောကျမှန်း ကျင်းဝမ် ဘယ်လိုသိသလဲဆိုတာ မေးချင်ပေမယ့် အဖျားကြောင့် သူ့ခေါင်းက အရည်ပျော်ကျမလို ခံစားနေရသည်။
ဝမ့်ကုန်းကုန်းက ဆေးကြိုပြီးနောက် ပန်းကန်ထဲထည့်ကာ အခန်းထဲယူလာစဉ် ကျင်းဝမ်က ဆေးပန်းကန်ကိုဖြတ်ယူလိုက်ပြီး မျက်လုံးနှင့်အချက်ပြလိုက်တော့ ဝမ့်ကုန်းကုန်းက အလိုက်တသိ လျှောက်တင်လိုက်သည်။
"အရှင်မင်းသား.. ဒီအစေခံအိုကြီးက အပြင်မှာ စောင့်ကြပ်စရာရှိလို့ သခင်လေးလီကို ဆေးတိုက်ပေးဖို့ အရှင်မင်းသားကိုပဲ တောင်းပန်ပါရစေ.."
ကျင်းဝမ်က ခေါင်းညိတ်လိုက်တော့ ဝမ့်ကုန်းကုန်းနှင့် အခြွေအရံများအားလုံး ထွက်သွားကြသည်။
လီယွီက ခေါင်းမူးလို့ သတိလက်လွတ်အိပ်ပျော်သလိုဖြစ်နေစဉ် သူ့မျက်နှာကို တစ်ခုခုက ပွတ်သပ်နေသလိုခံစားရလို့ အားတင်းကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။
သူ့ခေါင်းရင်းမှာ ကျောက်စိမ်းပန်းကန်လေးကို ကိုင်ထားသူတစ်ယောက်က မျက်မှောင်တွန့်ကာ စိတ်ရှုပ်နေပုံရတာတွေ့လို့ ပြုံးကာမေးလိုက်သည်။ ပန်းကန်ထဲက ဆေးနံ့လည်းရနေသည်။
"အရှင်မင်းသား.. ဆေးသောက်ချိန်ရောက်ပြီလား.."
သူအသွင်ပြောင်းချိန်က ဘယ်လောက်ကျန်သေးလဲ မသိတော့ပေ။ ငါးအသွင်ပြန်မဖြစ်သွားခင် ဆေးအမြန်သောက်ရမည်။
ကျင်းဝမ်က တင်းကျပ်သောမျက်နှာနှင့် ခေါင်းညိတ်လိုက်တော့ လီယွီက ထထိုင်ဖို့ကြိုးစားလိုက်စဉ် ကျင်းဝမ်က သူ့ကို ကူညီပေးခဲ့သည်။ လီယွီလည်း မငြင်းဘဲ ကူခွင့်ပေးလိုက်သည်။ ကျင်းဝမ်က နူးညံ့သောမှီအုံးကို လီယွီ၏ကျောနောက်မှာ ခုပေးထားပြီး ညင်သာစွာ ထူမ,ပေးခဲ့သည်။
လီယွီက သက်တောင့်သက်သာ မှီထိုင်ပြီးနောက် ဆေးပန်းကန်ဆီကို လက်လှမ်းကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင့်သား.. ဆေးကိုပေးပါ.. ကျွန်တော့်ဘာသာ သောက်လိုက်ပါ့မယ်.."
ရှောင်ယွီဘာလုပ်ချင်တာ သိပေမယ့် သူက ဒီလောက်ဖျားနေတာ ဆေးကို သူ့ဘာသာ ဘယ်လိုသောက်နိုင်မလဲလို့ တွေးနေသည်။ သူငယ်စဉ် ဖျားခဲ့တုန်းက ဝမ့်ကုန်းကုန်းက ဘေးမှာထိုင်ပြီး ဆေးကို တစ်ဇွန်းချင်းခွံ့ပေးခဲ့သည်ကို သတိရလိုက်သည်။ ဒါပေမယ့် သူ့ရှောင်ယွီလေးက သူခွံ့ကျွေးတာ မခံချင်ပုံရသည်။ ဒါကြောင့် ဆေးပန်းကန်ကိုပဲ ကမ်းပေးလိုက်ရသည်။
ဒါပေမယ့် ဆေးပန်းကန်က ခုမှကြိုပြီး ထည့်လာစဖြစ်လို့ ပူနေသေးသည်။ ရှောင်ယွီက ဒါကို ချက်ချင်း မော့သောက်နိုင်မည်မဟုတ်ပေ။
ကျင်းဝမ်က ဆေးပန်းကန်ကိုမပေးဘဲ ငြင်းဆန်ကာ ငွေဇွန်းနှင့် ဆေးရည်တစ်ဇွန်းခပ်ကာ အပူလျော့အောင် မှုတ်ပေးပြီး ရှောင်ယွီ၏နှုတ်ခမ်းနားကို တေ့ပေးလိုက်သည်။ သူက ရှောင်ယွီစိတ်ဆိုးမည်စိုးလို့ ခုတင်စွန်းမှာဝင်မထိုင်ဝံ့ဘဲ ဘေးကနေခါးညွတ်ကာ ဆေးတိုက်ပေးနေသည်။
လီယွီ : "............"
လီယွီက သူဆေးမသောက်ဘဲနေရင် ခေါင်းကျောမာသည့်ကျင်းဝမ်က ဒီအတိုင်း ဘေးမှာခါးကုန်းနေရမည်စိုးသည်။ ဘာဖြစ်ဖြစ် ဆေးက သောက်ရမှာပဲလေ။ လီယွီက မျက်လွှာချကာ တိုက်ကျွေးသောဆေးကို သောက်လိုက်စဉ် အခါးဓာတ်ကြောင့် သူ့မျက်နှာက ရှုံ့မဲ့သွားခဲ့သည်။
ကျင်းဝမ်က နံဘေးက ကျောက်စိမ်းသေတ္တာလေးထဲက မက်မွန်ကိတ်လေးတစ်ဖဲ့ကိုယူကာ သူ့လက်ဖဝါးထဲ ထည့်ပေးလိုက်သည်။
ကျင်းဝမ်က လီယွီကို မေးဆတ်ပြလိုက်သည်။
လီယွီ : "............"
သူ့သဘောက ဆေးသောက်ပြီးရင် ချိုတာလေးစားလိုက် ဆိုသည့်သဘောဖြစ်သည်။ ဒါက လူကိုလှည့်စားတဲ့ လှည့်ကွက်ပဲမဟုတ်လား။ ဒီလူယုတ်မာက ဘယ်ကနေသင်လာတာလဲ..။
လီယွီက ကျင်းဝမ်ကိုစိုက်ကြည့်ကာ စားဖို့ငြင်းဆန်ပေမယ့် ဆေးက လျှာပေါ်မှာ ခါးသက်နေလို့ မတတ်သာဘဲ မက်မွန်ကိတ်ပိုင်းလေးကို ပါးစပ်ထဲထည့်လိုက်ရသည်။ အချိုအရသာက လျှာပေါ်ပျော်ကျသွားပြီး ဆေးခါးအရသာက ပျောက်သွားသည်။ ဒီနည်းနဲ့ ဆေးတစ်ဇွန်းတိုက်လိုက်၊ မုန့်တစ်ဖဲ့ကျွေးလိုက်နှင့် ကျင်းဝမ်က မျက်နှာထက်မှာ ဘာအမူအယာမှမဖော်ပြပေ။
ဆေးသောက်ပြီးတော့ ကျင်းဝမ်က ပိုးလက်ကိုင်ပုဝါနဲ့ လီယွီ၏ပါးစပ်ကို သုတ်ပေးမည်လုပ်ပေမယ့် လီယွီက ဆွဲယူကာ သူ့ဘာသာသုတ်လိုက်သည်။ ကျင်းဝမ်က ဘာမှမပြောဘဲ စာရွက်ကိုယူလာခဲ့သည်။
လီယွီက အခုချိန် ကျင်းဝမ်က သူ့ကိုသဘောကျသည်ဆိုသည့် စာရေးပြလာမှာကို ကြောက်နေသည်။ သူအခု စိတ်တွေအရမ်းရှုပ်ကာ ဘာမှမစဉ်းစားချင်သေးပေ။ ကျင်းဝမ်က သူ့ကို ကောင်းကောင်းဆက်ဆံပြီး သမားတော်ဆီလာတဲ့လမ်းတလျှောက် သူ့ကိုပွေ့ချီလာပေးတဲ့ဖြစ်ရပ်က သူ့ရင်ကို မထိတာတော့မဟုတ်ပေ။ သူရုတ်တရက် ဖျားသွားတော့ အရင်တစ်ခါက သူလုပ်ခဲ့တဲ့ မသင့်တော်တဲ့အပြုအမူကို စိတ်ထဲမထားဘဲ ကယ်တင်ပြုစုပေးသည်။ လီယွီက သူ့ကို အေးစက်စက်ဆက်ဆံပေမယ့် ကျင်းဝမ်က အလိုလိုက်ကာ အကုန်လုပ်ပေးနေဆဲဖြစ်သည်။ ဒီလူက သူ့အတွက် ဘယ်လောက်ထိ လုပ်ပေးနိုင်မလဲဆိုတာ လီယွီတကယ်သိချင်လာသည်။
ကျင်းဝမ်က သူ့ကိုသဘောကျတယ်ဆိုတာသိရတော့ ထိတ်လန့်သွားတာထက် ပေါက်ကရလုပ်သည့် system ကို ဒေါသထွက်မိသည်။ ဒီပြင်းထန်တဲ့ခံစားချက်တွေက သူ့နှလုံးသားလေးကို ရှုပ်ထွေးလာစေသည်။
သူက အကြာကြီး စိတ်ဆိုးဒေါသထွက်ရတဲ့အပြင် သူ့ခမျာ အပြင်းအထန်တောင် ဖျားသွားတော့တယ်။ သူက အိပ်ယာထက်မှာ အားနည်းစွာလဲလျောင်းကာ စဉ်းစားရင်း သူလာခဲ့တဲ့ခရီးက အတော်လေးဝေးကွာသွားပြီဆိုတာ သိလိုက်ရသည်။ သူလုပ်ခဲ့တဲ့အလုပ်တာဝန်ကြောင့် ကျင်းဝမ်က သူ့ကိုချစ်မိသွားတယ်။ ဒါကြောင့် ကျင်းဝမ်ကို အပြစ်တင်လိုက်ရမှာလား..။
အပြစ်တင်လို့ မဖြစ်ဘူး။
System ကြောင့် ကျင်းဝမ်က သက်ရောက်မှုကိုခံလိုက်ရတာ။ သူက အပြစ်ကင်းတဲ့သူပါ။
သူက ဆက်ပြီးငြင်းဆန်နေခဲ့ပေမယ့် ဒီလူယုတ်မာကိုမုန်းတယ်လို့ ဆိုနေတယ်။ သူတကယ် ကျင်းဝမ်ကို မုန်းရဲ့လား..။
ကျင်းဝမ်က ချုံးရန့်ရီကိုအသုံးပြုပြီး သူလာတွေ့အောင် အတင်းအကျပ်လုပ်ခဲ့ရတာက ကျင်းဝမ်က တကယ်အရှက်မဲ့လို့ ဒီလိုလုပ်ရတာလား..။
မဟုတ်ဘူး..။ တကယ်လို့ သူသာ ပိုနိုးကြားခဲ့ရင် ဒီထက်ကောင်းအောင် လုပ်နိုင်လိမ့်မယ်။ ကျင်းဝမ်လုပ်ခဲ့တဲ့အရာတွေက တရားရုံးတော်ကလူတွေ လုပ်နေကျပုံစံပဲဖြစ်တယ်။ ကျင်းဝမ်လိုလူက သူ့ကို လိမ်လည်လှည့်ဖျားခဲ့လို့ သူက ပိုစိတ်မကောင်းဒေါသဖြစ်မိတာမဟုတ်လား။
အဲ့လိုပြောရကြေးဆိုရင် ကျင်းဝမ်ကာကွယ်ပေးနေတဲ့သူကရော လူလိမ်တစ်ယောက်ပဲမဟုတ်လား..။
သူ့ဖြစ်တည်မှုက အတု၊ ငါးဆိုတာလည်း အတု၊ အရာရာတိုင်းက အတုပဲမဟုတ်လား။ သူလည်း ကျင်းဝမ်ကို လှည့်စားခဲ့တာပဲမဟုတ်လား။
သူ့တာဝန်ပြီးမြောက်ဖို့ သူလိမ်ပြောခဲ့ရပေမယ့် တချိန်လုံးလိမ်နေရတယ်။
မင်းကိုယ်တိုင်က ကောင်းကောင်းမလုပ်ခဲ့ဘဲ ဘာကြောင့် သူများကို ဝေဖန်ပြောဆိုနေဦးမှာလဲ..။
ဒါဆို သူဘာဆက်လုပ်ရမလဲ..။ ကျင်းဝမ်ကို ဘာလုပ်လိုက်သင့်သလဲ..။
လီယွီက ကျင်းဝမ်ပေးသည့်စာကို မဖတ်တာမြင်တော့ ကျင်းဝမ်က တိုက်တွန်းသလိုနဲ့ သူ့လက်ခုံကို အသာလေးပုတ်လိုက်သည်။ ကျင်းဝမ်က သူ့ကို အမြဲတမ်း သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးသည်ဟု လီယွီခံစားလိုက်ရသည်။
လီယွီက စိတ်ကိုတင်းကာ ကျင်းဝမ်ရေးပေးသည့်စာကို ဖွင့်ဖတ်လိုက်သည်။
"နေမကောင်းတာကနေ မြန်မြန်သက်သာပျောက်ကင်းပါစေ.."
လီယွီ : "............"
လီယွီရဲ့မျက်ဝန်းတွေထဲ ပူနွေးလာပြီး စိတ်ပါလက်ပါ ခေါင်းညိတ်ပြလိုက်သည်။
ကျင်းဝမ်က သူ့ခေါင်းကဆံပင်ကို အသာအယာပွတ်သပ်ပေးကာ စောင်ဖြင့် သေချာခြုံပေးခဲ့သည်။
"အရှင်မင်းသား.. ကျွန်တော့်ကို တစ်ယောက်တည်း ခဏနေခွင့်ပေးနိုင်မလား.."
လီယွီက တောင်းပန်လိုက်သည်။ ကျင်းဝမ်က ဒီလိုပြောလာမည်ကို ကြိုသိထားပြီးဖြစ်သည်။ ဆေးတိုက်ကျွေးတာနဲ့ပတ်သက်ပြီး သမားတော်ကိုသွားရှာဖို့ သူလုပ်ထားသည်။ တစ်နာရီလောက်ကြာနေပြီဖြစ်လို့ ရှောင်ယွီက ငါးအသွင်ပြန်ပြောင်းတော့မည်ကို သူသိနေသည်။
သူက ရှောင်ယွီရဲ့ပုံစံအမှန်ကို သိနေတာကြာပြီဖြစ်ပေမယ့် ရှောင်ယွီက မသိစေချင်ရင် မသိသလို ဟန်ဆောင်ပေးလိုက်မည်ဖြစ်သည်။
ကျင်းဝမ်က လီယွီ၏တောင်းဆိုမှုကို ခွင့်ပြုကာ ဆေးပန်းကန်ကိုင်ပြီး အခန်းထဲကထွက်သွားဖို့လုပ်လိုက်သည်။
လီယွီက သူအသွင်ပြောင်းတော့မှာဖြစ်လို့ ကျင်းဝမ်ကိုတောင်းဆိုလိုက်ပေမယ့် ကျင်းဝမ်လိုက်လျောပါ့မလား၊ ဒေါသထွက်သွားမလားလို့ တွေးနေသည်။
တကယ်တော့ ကျင်းဝမ်က ဒေါသမထွက်ရုံသာမက နာခံစွာထွက်သွားလို့ လီယွီရင်ထဲက ဒေါသတွေတောင် ပျောက်သွားခဲ့ရသည်။ ဖျားနေလို့ သူ့စိတ်ခံစားချက်က ထိရှလွယ်နေသည်။
"အရှင်မင်းသား.. ကျွန်တော်က ဆေးသောက်လိုက်လို့ ပိုသက်သာလာပါပြီ.. ကျေးဇူးပြုပြီး သေချာအနားယူတော်မူပါ.. ဒီအခန်းထဲမှာ ကျွန်တော် လုပ်စရာအရေးကြီးကိစ္စရှိလို့ မနက်ဖြန်မှ ပြန်လာပါ.. ကျွန်တော် ထပ်ပြီး ထွက်မပြေးတော့ပါဘူး.. အရှင်မင်းသား မနက်ဖြန်မှ ထပ်လာတွေ့ပေးပါလား.."
ဒီစကားတွေကိုပြောနေစဉ် လီယွီ၏မျက်နှာက နီနေသည်။ သူ့စရိုက်အရ ဒီလိုစကားကိုပြောဖို့ဆိုတာ ခဲယဉ်းပါတယ်။ ကျင်းဝမ်က သူ့စကားကိုဂရုမစိုက်ဖို့ မျှော်လင့်ပါတယ်။ သူ့ပါးစပ်ကထွက်သွားတဲ့စကားက ပြန်ရုပ်သိမ်းဖို့ မဖြစ်နိုင်တော့ဘူး။
မနက်ဖြန် ကျင်းဝမ်က သူ့ကို အဖော်လာလုပ်ပေးချင်စိတ် ရှိပါ့မလား..။
လီယွီ : နေမကောင်းဖြစ်လို့ ငါ့ပါးစပ်ကလည်း ထွက်ချင်တာတွေ ထွက်ကုန်ပါပြီ..။
ရှောင်ယွီ၏စကားကြောင့် ကျင်းဝမ်က ကြောင်ငေးသွားမိသည်။
လီယွီက ပြောပြီး ရှက်ရှက်နှင့် စောင်ကိုခေါင်းမြီးခြုံလိုက်တော့သည်။
ကျင်းဝမ်က စောင်အောက်ကပေါ်နေတဲ့ ဆံပင်လေးတွေကို ပြုံးကာကြည့်ပြီး ပျော်ရွှင်စွာထွက်သွားခဲ့သည်။
လီယွီက ကျင်းဝမ်၏ခြေသံ တဖြည်းဖြည်းဝေးသွားတာကို နားစွင့်ရင်း တွေးနေမိသည်။
"ငါက ဒီလူယုတ်မာနဲ့ ပတ်သက်ရတာကို တကယ်ကြီး သဘောကျနေတုန်းပါလား.."
***********-*************
Chapter (56) - စိတ္ေပ်ာ့လာေသာ ငါးကေလး
လီယြီက အဖ်ားႀကီးေနေပမယ့္ သတိေတာ့လစ္မသြားေပ။ မင္းသားက်င္းယြီက သူ႔ကို ေတာက္ေလွ်ာက္ေပြ႕ခ်ီကာ ေတာ္ဝင္သမားေတာ္ဆီကို လာခဲ့တာကို အားလံုးသိေနသည္။ က်င္းဝမ္က သူ႔ကို မင္းသမီးေပြ႕ခ်ီသလို တခ်ိန္လံုးေပြ႕ထားလို႔ လီယြီခမ်ာ ဆြံ႕အေနရသည္။ ဒါေပမယ့္ သူ႔မွာ အားတစ္စက္မွမရွိေတာ့ က်င္းဝမ္ေပြ႕ထားသလို ေနေနရသည္။
က်င္းဝမ္၏ ကိုယ္ရံေတာ္မ်ားႏွင့္ ဝမ့္ကုန္းကုန္းလည္း ဒီျမင္ကြင္းကိုၾကည့္ကာ မ်က္လံုးေတြတလက္လက္ျဖစ္ေနလို႔ လီယြီမွာ မတတ္သာေတာ့ဘဲ က်င္းဝမ္၏ရင္ဘတ္ဘက္ကို မ်က္ႏွာဝွက္ထားလိုက္ရေတာ့သည္။
သူက ဒီလူ ခုလိုေပြ႕ဖက္ထားတဲ့အတြက္ စိတ္မသက္မသာျဖစ္မိေပမယ့္ သူ႔ကိုယ္က ေတာင့္တင္းမေနေတာ့ဘဲ ေပ်ာ့ေျပာင္းကာ သက္ေတာင့္သက္သာပဲ မွီခိုထားလိုက္မိသည္။ သူက သက္ျပင္းကို အသာေလးခိုးခ်လိုက္မိသည္။
လူတစ္ေယာက္က အဖ်ားႀကီးၿပီး မသက္မသာခံစားရရင္ သက္ေတာင့္သက္သာ အေနအထားရေအာင္ ေနရတာပဲေလဟုေတြးကာ စိတ္ကိုေလွ်ာ့ထားလိုက္သည္။ ဒီလိုမ်ိဳး မင္းသား၏ရင္ခြင္ထဲမွာ ေပြ႕ခ်ီခံထားရတာ မလုပ္သင့္ဘူးလို႔ ဆက္ေတြးမေနေတာ့ေပ။
အေစာပိုင္းကမွ သူေသေတာ့မလားလို႔ထင္ၿပီး ေၾကာက္လန္႔ခဲ့ေပမယ့္ ခုခ်ိန္မွာ သူမ်ားေတြ ဘယ္လိုျမင္မလဲလို႔ ေတြးေနမိျပန္သည္။ လီယြီက သူေနလို႔ေကာင္းလာသလို ခံစားလိုက္ရသည္။
မင္းသားက်င္းဝမ္က လူတစ္ေယာက္ကို ကိုယ္တိုင္ေပြ႕ခ်ီကာ သူ႔ကိုလာရွာသျဖင့္ ေတာ္ဝင္သမားေတာ္ရႊီက ထိတ္လန္႔သြားခဲ့သည္။ သူက က်င္းဝမ္၏ငါးေလးကို ေပ်ာက္ကင္းေအာင္ မကုေပးႏိုင္လို႔ အျပစ္ရွိသလို ခံစားေနရစဥ္ ခုတစ္ခါေတာ့ လူသားျဖစ္ေနလို႔ သူ ကၽြမ္းက်င္စြာ ကိုင္တြယ္ႏိုင္လိမ့္မည္။ သမားေတာ္က က်င္းဝမ္ကို လူနာကို ေအာက္သို႔ခ်ႏိုင္ေအာင္ ကူညီေပးၿပီး ေဆးေသတၱာကိုယူကာ လူနာ၏အေျခအေနကို စစ္ေဆးလိုက္သည္။
ျဖဴေဖ်ာ့ေနေသာလူနာေလး၏ ေရာဂါအေျခအေနကိုၾကည့္ၿပီးေနာက္ ေရာဂါကို တိတိက်က်ခန္႔မွန္းႏိုင္ဖို႔ လူနာ၏လည္ေခ်ာင္းကို ၾကည့္ႏိုင္ရင္ ပိုေကာင္းမွာျဖစ္ေပမယ့္ လူငယ္ေလးက သတိေမ့ေနလို႔ အဆင္မေျပေပ။ ဝမ့္ကုန္းကုန္းက ပါးစပ္ေလးကို ဟေအာင္လုပ္ေပးေနစဥ္ ေကာင္ေလးက မ်က္လံုးကိုဖြင့္ကာ ေျပာခဲ့သည္။
"သမားေတာ္ႀကီး.. ကၽြန္ေတာ္ ေရထဲမွာ မေတာ္တဆ စိမ္ေနခဲ့မိတယ္.."
လီယြီက တိုးညႇင္းစြာေျပာလိုက္သည္။ သူအိပ္ေပ်ာ္သြားရင္ ေရာဂါလကၡဏာရွာေဖြတာ ေႏွာင့္ေႏွးမွာစိုးလို႔ သူက ေတာင့္ခံၿပီး ေစာင့္ေနတာျဖစ္သည္။ ဒီေလာက္တက္ၾကြေသာလူနာကို သမားေတာ္ႀကီး မေတြ႕ဖူးေပ။ သမားေတာ္ႀကီး၏ႏႈတ္ခမ္းက ၿပံဳးလိုက္ကာ ေျပာလိုက္သည္။
"လူငယ္ေလးက အေအးမိသြားတာပါ.. အဖ်ားက မက်ေသးေပမယ့္ သတိရွိေသးတယ္ဆိုေတာ့ အသက္အႏၱရာယ္ေတာ့ မရွိပါဘူး.. ေသခ်ာေလးအနားယူၿပီး ေဆးေသာက္လိုက္ရင္ ေပ်ာက္သြားမွာပါ.."
သမားေတာ္ႀကီးက ေဆးစာကို အျဖစ္ေရးေပးလိုက္သည္။ က်င္းဝမ္က ဝမ့္ကုန္းကုန္းကို ေဆးစာအတိုင္းေဆးႀကိဳဖို႔ ခိုင္းေစကာ လီယြီကို ေခါင္းမာမာနဲ႔ ဆက္လက္ေပြ႕ခ်ီကာ အိမ္ေတာ္ကိုျပန္လာခဲ့ၾကသည္။
အေဆာင္ကိုျပန္ေရာက္ေတာ့ က်င္းဝမ္က လီယြီကို သလြန္ေပၚတင္ေပးၿပီး ေခၽြးစိုအဝတ္ေတြကို လဲေပးဖို႔လုပ္ေပမယ့္ လီယြီက အလန္႔တၾကား ေခါင္းေထာင္ကာ ေခါင္းယမ္းလိုက္သည္။ ဒီလိုလုပ္လိုက္လို႔ လီယြီက ေခါင္းမူးသြားခဲ့ရသည္။
က်င္းဝမ္က ေရွာင္ယြီကို မသက္မသာမျဖစ္ေစခ်င္လို႔ အဝတ္လဲဖို႔ လက္ေလွ်ာ့လိုက္ေပမယ့္ သမားေတာ္ႀကီးက ရက္အနည္းငယ္ထပ္ၿပီး အေအးမမိေစနဲ႔ဟု မွာလိုက္ေသာေၾကာင့္ ေရႊေရာင္ကြပ္ထားေသာ ေရညႇိစိမ္းေရာင္ပိုးေစာင္ႏွင့္ လီယြီကို လံုေနေအာင္ၿခံဳကာ ရစ္ပတ္ေပးထားလိုက္သည္။
သူက အစိမ္းေရာင္ကိုသေဘာက်မွန္း က်င္းဝမ္ ဘယ္လိုသိသလဲဆုိတာ ေမးခ်င္ေပမယ့္ အဖ်ားေၾကာင့္ သူ႔ေခါင္းက အရည္ေပ်ာ္က်မလို ခံစားေနရသည္။
ဝမ့္ကုန္းကုန္းက ေဆးႀကိဳၿပီးေနာက္ ပန္းကန္ထဲထည့္ကာ အခန္းထဲယူလာစဥ္ က်င္းဝမ္က ေဆးပန္းကန္ကိုျဖတ္ယူလိုက္ၿပီး မ်က္လံုးႏွင့္အခ်က္ျပလိုက္ေတာ့ ဝမ့္ကုန္းကုန္းက အလိုက္တသိ ေလွ်ာက္တင္လိုက္သည္။
"အရွင္မင္းသား.. ဒီအေစခံအိုႀကီးက အျပင္မွာ ေစာင့္ၾကပ္စရာရွိလို႔ သခင္ေလးလီကို ေဆးတိုက္ေပးဖို႔ အရွင္မင္းသားကိုပဲ ေတာင္းပန္ပါရေစ.."
က်င္းဝမ္က ေခါင္းညိတ္လိုက္ေတာ့ ဝမ့္ကုန္းကုန္းႏွင့္ အေျခြအရံမ်ားအားလံုး ထြက္သြားၾကသည္။
လီယြီက ေခါင္းမူးလုိ႔ သတိလက္လြတ္အိပ္ေပ်ာ္သလိုျဖစ္ေနစဥ္ သူ႔မ်က္ႏွာကို တစ္ခုခုက ပြတ္သပ္ေနသလိုခံစားရလို႔ အားတင္းကာ မ်က္လံုးဖြင့္ၾကည့္လိုက္သည္။
သူ႔ေခါင္းရင္းမွာ ေက်ာက္စိမ္းပန္းကန္ေလးကို ကိုင္ထားသူတစ္ေယာက္က မ်က္ေမွာင္တြန္႔ကာ စိတ္႐ႈပ္ေနပံုရတာေတြ႕လို႔ ၿပံဳးကာေမးလိုက္သည္။ ပန္းကန္ထဲက ေဆးနံ႔လည္းရေနသည္။
"အရွင္မင္းသား.. ေဆးေသာက္ခ်ိန္ေရာက္ၿပီလား.."
သူအသြင္ေျပာင္းခ်ိန္က ဘယ္ေလာက္က်န္ေသးလဲ မသိေတာ့ေပ။ ငါးအသြင္ျပန္မျဖစ္သြားခင္ ေဆးအျမန္ေသာက္ရမည္။
က်င္းဝမ္က တင္းက်ပ္ေသာမ်က္ႏွာႏွင့္ ေခါင္းညိတ္လိုက္ေတာ့ လီယြီက ထထိုင္ဖို႔ႀကိဳးစားလိုက္စဥ္ က်င္းဝမ္က သူ႔ကို ကူညီေပးခဲ့သည္။ လီယြီလည္း မျငင္းဘဲ ကူခြင့္ေပးလိုက္သည္။ က်င္းဝမ္က ႏူးညံ့ေသာမွီအံုးကို လီယြီ၏ေက်ာေနာက္မွာ ခုေပးထားၿပီး ညင္သာစြာ ထူမ,ေပးခဲ့သည္။
လီယြီက သက္ေတာင့္သက္သာ မွီထိုင္ၿပီးေနာက္ ေဆးပန္းကန္ဆီကို လက္လွမ္းကာ ေျပာလိုက္သည္။
"ေက်းဇူးတင္ပါတယ္ အရွင့္သား.. ေဆးကိုေပးပါ.. ကၽြန္ေတာ့္ဘာသာ ေသာက္လိုက္ပါ့မယ္.."
ေရွာင္ယြီဘာလုပ္ခ်င္တာ သိေပမယ့္ သူက ဒီေလာက္ဖ်ားေနတာ ေဆးကို သူ႔ဘာသာ ဘယ္လိုေသာက္ႏိုင္မလဲလို႔ ေတြးေနသည္။ သူငယ္စဥ္ ဖ်ားခဲ့တုန္းက ဝမ့္ကုန္းကုန္းက ေဘးမွာထိုင္ၿပီး ေဆးကို တစ္ဇြန္းခ်င္းခြံ႕ေပးခဲ့သည္ကို သတိရလိုက္သည္။ ဒါေပမယ့္ သူ႔ေရွာင္ယြီေလးက သူခြံ႕ေကၽြးတာ မခံခ်င္ပံုရသည္။ ဒါေၾကာင့္ ေဆးပန္းကန္ကိုပဲ ကမ္းေပးလိုက္ရသည္။
ဒါေပမယ့္ ေဆးပန္းကန္က ခုမွႀကိဳၿပီး ထည့္လာစျဖစ္လို႔ ပူေနေသးသည္။ ေရွာင္ယြီက ဒါကို ခ်က္ခ်င္း ေမာ့ေသာက္ႏုိင္မည္မဟုတ္ေပ။
က်င္းဝမ္က ေဆးပန္းကန္ကိုမေပးဘဲ ျငင္းဆန္ကာ ေငြဇြန္းႏွင့္ ေဆးရည္တစ္ဇြန္းခပ္ကာ အပူေလ်ာ့ေအာင္ မႈတ္ေပးၿပီး ေရွာင္ယြီ၏ႏႈတ္ခမ္းနားကို ေတ့ေပးလိုက္သည္။ သူက ေရွာင္ယြီစိတ္ဆိုးမည္စိုးလို႔ ခုတင္စြန္းမွာဝင္မထိုင္ဝံ့ဘဲ ေဘးကေနခါးညြတ္ကာ ေဆးတိုက္ေပးေနသည္။
လီယြီ : "............"
လီယြီက သူေဆးမေသာက္ဘဲေနရင္ ေခါင္းေက်ာမာသည့္က်င္းဝမ္က ဒီအတိုင္း ေဘးမွာခါးကုန္းေနရမည္စိုးသည္။ ဘာျဖစ္ျဖစ္ ေဆးက ေသာက္ရမွာပဲေလ။ လီယြီက မ်က္လႊာခ်ကာ တိုက္ေကၽြးေသာေဆးကို ေသာက္လိုက္စဥ္ အခါးဓာတ္ေၾကာင့္ သူ႔မ်က္ႏွာက ႐ံႈ႕မဲ့သြားခဲ့သည္။
က်င္းဝမ္က နံေဘးက ေက်ာက္စိမ္းေသတၱာေလးထဲက မက္မြန္ကိတ္ေလးတစ္ဖဲ့ကိုယူကာ သူ႔လက္ဖဝါးထဲ ထည့္ေပးလိုက္သည္။
က်င္းဝမ္က လီယြီကို ေမးဆတ္ျပလိုက္သည္။
လီယြီ : "............"
သူ႔သေဘာက ေဆးေသာက္ၿပီးရင္ ခ်ိဳတာေလးစားလိုက္ ဆိုသည့္သေဘာျဖစ္သည္။ ဒါက လူကိုလွည့္စားတဲ့ လွည့္ကြက္ပဲမဟုတ္လား။ ဒီလူယုတ္မာက ဘယ္ကေနသင္လာတာလဲ..။
လီယြီက က်င္းဝမ္ကိုစိုက္ၾကည့္ကာ စားဖို႔ျငင္းဆန္ေပမယ့္ ေဆးက လွ်ာေပၚမွာ ခါးသက္ေနလို႔ မတတ္သာဘဲ မက္မြန္ကိတ္ပိုင္းေလးကို ပါးစပ္ထဲထည့္လိုက္ရသည္။ အခ်ိဳအရသာက လွ်ာေပၚေပ်ာ္က်သြားၿပီး ေဆးခါးအရသာက ေပ်ာက္သြားသည္။ ဒီနည္းနဲ႔ ေဆးတစ္ဇြန္းတိုက္လိုက္၊ မုန္႔တစ္ဖဲ့ေကၽြးလိုက္ႏွင့္ က်င္းဝမ္က မ်က္ႏွာထက္မွာ ဘာအမူအယာမွမေဖာ္ျပေပ။
ေဆးေသာက္ၿပီးေတာ့ က်င္းဝမ္က ပိုးလက္ကိုင္ပုဝါနဲ႔ လီယြီ၏ပါးစပ္ကို သုတ္ေပးမည္လုပ္ေပမယ့္ လီယြီက ဆြဲယူကာ သူ႔ဘာသာသုတ္လိုက္သည္။ က်င္းဝမ္က ဘာမွမေျပာဘဲ စာရြက္ကိုယူလာခဲ့သည္။
လီယြီက အခုခ်ိန္ က်င္းဝမ္က သူ႔ကိုသေဘာက်သည္ဆိုသည့္ စာေရးျပလာမွာကို ေၾကာက္ေနသည္။ သူအခု စိတ္ေတြအရမ္း႐ႈပ္ကာ ဘာမွမစဥ္းစားခ်င္ေသးေပ။ က်င္းဝမ္က သူ႔ကို ေကာင္းေကာင္းဆက္ဆံၿပီး သမားေတာ္ဆီလာတဲ့လမ္းတေလွ်ာက္ သူ႔ကိုေပြ႕ခ်ီလာေပးတဲ့ျဖစ္ရပ္က သူ႔ရင္ကို မထိတာေတာ့မဟုတ္ေပ။ သူ႐ုတ္တရက္ ဖ်ားသြားေတာ့ အရင္တစ္ခါက သူလုပ္ခဲ့တဲ့ မသင့္ေတာ္တဲ့အျပဳအမူကို စိတ္ထဲမထားဘဲ ကယ္တင္ျပဳစုေပးသည္။ လီယြီက သူ႔ကို ေအးစက္စက္ဆက္ဆံေပမယ့္ က်င္းဝမ္က အလုိလိုက္ကာ အကုန္လုပ္ေပးေနဆဲျဖစ္သည္။ ဒီလူက သူ႔အတြက္ ဘယ္ေလာက္ထိ လုပ္ေပးႏိုင္မလဲဆိုတာ လီယြီတကယ္သိခ်င္လာသည္။
က်င္းဝမ္က သူ႔ကိုသေဘာက်တယ္ဆုိတာသိရေတာ့ ထိတ္လန္႔သြားတာထက္ ေပါက္ကရလုပ္သည့္ system ကို ေဒါသထြက္မိသည္။ ဒီျပင္းထန္တဲ့ခံစားခ်က္ေတြက သူ႔ႏွလံုးသားေလးကို ႐ႈပ္ေထြးလာေစသည္။
သူက အၾကာႀကီး စိတ္ဆိုးေဒါသထြက္ရတဲ့အျပင္ သူ႔ခမ်ာ အျပင္းအထန္ေတာင္ ဖ်ားသြားေတာ့တယ္။ သူက အိပ္ယာထက္မွာ အားနည္းစြာလဲေလ်ာင္းကာ စဥ္းစားရင္း သူလာခဲ့တဲ့ခရီးက အေတာ္ေလးေဝးကြာသြားၿပီဆိုတာ သိလိုက္ရသည္။ သူလုပ္ခဲ့တဲ့အလုပ္တာဝန္ေၾကာင့္ က်င္းဝမ္က သူ႔ကိုခ်စ္မိသြားတယ္။ ဒါေၾကာင့္ က်င္းဝမ္ကို အျပစ္တင္လိုက္ရမွာလား..။
အျပစ္တင္လို႔ မျဖစ္ဘူး။
System ေၾကာင့္ က်င္းဝမ္က သက္ေရာက္မႈကိုခံလိုက္ရတာ။ သူက အျပစ္ကင္းတဲ့သူပါ။
သူက ဆက္ၿပီးျငင္းဆန္ေနခဲ့ေပမယ့္ ဒီလူယုတ္မာကိုမုန္းတယ္လို႔ ဆိုေနတယ္။ သူတကယ္ က်င္းဝမ္ကို မုန္းရဲ့လား..။
က်င္းဝမ္က ခ်ံဳးရန္႔ရီကိုအသံုးျပဳၿပီး သူလာေတြ႕ေအာင္ အတင္းအက်ပ္လုပ္ခဲ့ရတာက က်င္းဝမ္က တကယ္အရွက္မဲ့လို႔ ဒီလိုလုပ္ရတာလား..။
မဟုတ္ဘူး..။ တကယ္လုိ႔ သူသာ ပိုႏိုးၾကားခဲ့ရင္ ဒီထက္ေကာင္းေအာင္ လုပ္ႏိုင္လိမ့္မယ္။ က်င္းဝမ္လုပ္ခဲ့တဲ့အရာေတြက တရား႐ံုးေတာ္ကလူေတြ လုပ္ေနက်ပံုစံပဲျဖစ္တယ္။ က်င္းဝမ္လိုလူက သူ႔ကို လိမ္လည္လွည့္ဖ်ားခဲ့လို႔ သူက ပိုစိတ္မေကာင္းေဒါသျဖစ္မိတာမဟုတ္လား။
အဲ့လိုေျပာရေၾကးဆိုရင္ က်င္းဝမ္ကာကြယ္ေပးေနတဲ့သူကေရာ လူလိမ္တစ္ေယာက္ပဲမဟုတ္လား..။
သူ႔ျဖစ္တည္မႈက အတု၊ ငါးဆိုတာလည္း အတု၊ အရာရာတိုင္းက အတုပဲမဟုတ္လား။ သူလည္း က်င္းဝမ္ကို လွည့္စားခဲ့တာပဲမဟုတ္လား။
သူ႔တာဝန္ၿပီးေျမာက္ဖို႔ သူလိမ္ေျပာခဲ့ရေပမယ့္ တခ်ိန္လံုးလိမ္ေနရတယ္။
မင္းကိုယ္တိုင္က ေကာင္းေကာင္းမလုပ္ခဲ့ဘဲ ဘာေၾကာင့္ သူမ်ားကို ေဝဖန္ေျပာဆိုေနဦးမွာလဲ..။
ဒါဆို သူဘာဆက္လုပ္ရမလဲ..။ က်င္းဝမ္ကို ဘာလုပ္လိုက္သင့္သလဲ..။
လီယြီက က်င္းဝမ္ေပးသည့္စာကို မဖတ္တာျမင္ေတာ့ က်င္းဝမ္က တိုက္တြန္းသလိုနဲ႔ သူ႔လက္ခံုကို အသာေလးပုတ္လိုက္သည္။ က်င္းဝမ္က သူ႔ကို အၿမဲတမ္း သက္ေတာင့္သက္သာျဖစ္ေအာင္ လုပ္ေပးသည္ဟု လီယြီခံစားလိုက္ရသည္။
လီယြီက စိတ္ကိုတင္းကာ က်င္းဝမ္ေရးေပးသည့္စာကို ဖြင့္ဖတ္လိုက္သည္။
"ေနမေကာင္းတာကေန ျမန္ျမန္သက္သာေပ်ာက္ကင္းပါေစ.."
လီယြီ : "............"
လီယြီရဲ့မ်က္ဝန္းေတြထဲ ပူေႏြးလာၿပီး စိတ္ပါလက္ပါ ေခါင္းညိတ္ျပလိုက္သည္။
က်င္းဝမ္က သူ႔ေခါင္းကဆံပင္ကို အသာအယာပြတ္သပ္ေပးကာ ေစာင္ျဖင့္ ေသခ်ာၿခံဳေပးခဲ့သည္။
"အရွင္မင္းသား.. ကၽြန္ေတာ့္ကို တစ္ေယာက္တည္း ခဏေနခြင့္ေပးႏိုင္မလား.."
လီယြီက ေတာင္းပန္လိုက္သည္။ က်င္းဝမ္က ဒီလုိေျပာလာမည္ကို ႀကိဳသိထားၿပီးျဖစ္သည္။ ေဆးတိုက္ေကၽြးတာနဲ႔ပတ္သက္ၿပီး သမားေတာ္ကိုသြားရွာဖို႔ သူလုပ္ထားသည္။ တစ္နာရီေလာက္ၾကာေနၿပီျဖစ္လို႔ ေရွာင္ယြီက ငါးအသြင္ျပန္ေျပာင္းေတာ့မည္ကို သူသိေနသည္။
သူက ေရွာင္ယြီရဲ့ပံုစံအမွန္ကို သိေနတာၾကာၿပီျဖစ္ေပမယ့္ ေရွာင္ယြီက မသိေစခ်င္ရင္ မသိသလို ဟန္ေဆာင္ေပးလိုက္မည္ျဖစ္သည္။
က်င္းဝမ္က လီယြီ၏ေတာင္းဆိုမႈကို ခြင့္ျပဳကာ ေဆးပန္းကန္ကိုင္ၿပီး အခန္းထဲကထြက္သြားဖို႔လုပ္လိုက္သည္။
လီယြီက သူအသြင္ေျပာင္းေတာ့မွာျဖစ္လို႔ က်င္းဝမ္ကိုေတာင္းဆိုလိုက္ေပမယ့္ က်င္းဝမ္လိုက္ေလ်ာပါ့မလား၊ ေဒါသထြက္သြားမလားလို႔ ေတြးေနသည္။
တကယ္ေတာ့ က်င္းဝမ္က ေဒါသမထြက္႐ံုသာမက နာခံစြာထြက္သြားလို႔ လီယြီရင္ထဲက ေဒါသေတြေတာင္ ေပ်ာက္သြားခဲ့ရသည္။ ဖ်ားေနလို႔ သူ႔စိတ္ခံစားခ်က္က ထိရွလြယ္ေနသည္။
"အရွင္မင္းသား.. ကၽြန္ေတာ္က ေဆးေသာက္လိုက္လို႔ ပိုသက္သာလာပါၿပီ.. ေက်းဇူးျပဳၿပီး ေသခ်ာအနားယူေတာ္မူပါ.. ဒီအခန္းထဲမွာ ကၽြန္ေတာ္ လုပ္စရာအေရးႀကီးကိစၥရွိလို႔ မနက္ျဖန္မွ ျပန္လာပါ.. ကၽြန္ေတာ္ ထပ္ၿပီး ထြက္မေျပးေတာ့ပါဘူး.. အရွင္မင္းသား မနက္ျဖန္မွ ထပ္လာေတြ႕ေပးပါလား.."
ဒီစကားေတြကိုေျပာေနစဥ္ လီယြီ၏မ်က္ႏွာက နီေနသည္။ သူ႔စရိုက္အရ ဒီလိုစကားကိုေျပာဖို႔ဆိုတာ ခဲယဥ္းပါတယ္။ က်င္းဝမ္က သူ႔စကားကိုဂရုမစိုက္ဖို႔ ေမွ်ာ္လင့္ပါတယ္။ သူ႔ပါးစပ္ကထြက္သြားတဲ့စကားက ျပန္ရုပ္သိမ္းဖို႔ မျဖစ္ႏိုင္ေတာ့ဘူး။
မနက္ျဖန္ က်င္းဝမ္က သူ႔ကို အေဖာ္လာလုပ္ေပးခ်င္စိတ္ ရွိပါ့မလား..။
လီယြီ : ေနမေကာင္းျဖစ္လို႔ ငါ့ပါးစပ္ကလည္း ထြက္ခ်င္တာေတြ ထြက္ကုန္ပါၿပီ..။
ေရွာင္ယြီ၏စကားေၾကာင့္ က်င္းဝမ္က ေၾကာင္ေငးသြားမိသည္။
လီယြီက ေျပာၿပီး ရွက္ရွက္ႏွင့္ ေစာင္ကိုေခါင္းၿမီးျခံဳလိုက္ေတာ့သည္။
က်င္းဝမ္က ေစာင္ေအာက္ကေပၚေနတဲ့ ဆံပင္ေလးေတြကို ျပံဳးကာၾကည့္ၿပီး ေပ်ာ္ရႊင္စြာထြက္သြားခဲ့သည္။
လီယြီက က်င္းဝမ္၏ေျခသံ တျဖည္းျဖည္းေဝးသြားတာကို နားစြင့္ရင္း ေတြးေနမိသည္။
"ငါက ဒီလူယုတ္မာနဲ႔ ပတ္သက္ရတာကို တကယ္ႀကီး သေဘာက်ေနတုန္းပါလား.."
***********-*************