Chapter (136-1)- အဖိုးကို နှစ်သိမ့်ပေးသည့် ဝတုတ်လေးများ

Start from the beginning
                                    

မင်းသမီး လန်ယာ ၏ ခြိမ်းခြောက်မှုကို ခံခဲ့ရသည့် နို့ထိန်း ပူလျှိုက သူတို့အတွက် သဲလွန်စများ လျှို့ဝှက်ချန်ထားခဲ့ပြီး နောက်ဆုံးတွင် ကျင်းဝမ်၏ အဆိပ်ကို ကုသရာတွင် အကူအညီရခဲ့သောကြောင့် ဧကရာဇ်မင်းကြီးက သူမ အလောင်းအား လေးစားဖွယ် ဂုဏ်သရေရှိအမျိုးသမီးအဖြစ် သဂြိုလ်ပေးခဲ့သည်။

မင်းသမီး လန်ယာ ထံတွင် ကိုယ်ခံပညာကျွမ်းသော အနီးကပ် ကိုယ်ရေးကိုယ်တာ အစေခံ တစ်ဦးရှိခဲ့သည်။ ထိုသူက နောက်ဆုံးအချိန်ထိ ခုခံနေပြီး မင်းကြီး၏တော်ဝင်ကိုယ်ရံတော်များ၏ ဝိုင်းဝန်းဖမ်းဆီးကာ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရသည်။ နောက်ဆုံးတွင်၊ ထိုကိုယ်ရေးကိုယ်တာ အစေခံလည်း ရုပ်ပြောင်းရုပ်လွဲလုပ်ထားကြောင်း တွေ့ရှိခဲ့သည်။ သို့သော်၊ ထိုလူ၏အသွင်အပြင်ကိုယ်တိုင်က သာမန်ထက် ထူးခြားနေသည်။ ဒါကြောင့် သူက မျက်နှာမပြောင်းလျှင် လူတွေက သူ့ကို ထူးဆန်းနေမည် ဖြစ်သည်။

ထိုသတင်းသည် လော့လွေ့စိန်းမှတဆင့် လီယွီ၏ နားထဲသို့ ရောက်သွားသည်။ လီယွီသည် ထိုလူ၏ အသွင်အပြင်နှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားစွာမေးပြီး အဆိပ်အိတ်ကို ယူဆောင်ရန် အတင်းအကြပ်ခိုင်းစေသော ကိုယ်ရေးကိုယ်တာအစေခံကို ပြန်သတိရမိစေသည်။ ထိုကျွန်သည် ထိုအချိန်တွင် ပျောက်ဆုံးနေခဲ့သည်။ မင်းသမီး လန်ယာ သည် ထိုအရာအားလုံး၏နောက်ကွယ်မှ အဓိကတရားခံဖြစ်သောကြောင့်၊ လျှို့ဝှက်မှတ်ဉာဏ်ထဲတွင် ကိုယ်ရေးကိုယ်တာ အစေခံကို နောက်ဆုံးမှ တွေ့မယ့် သဘောရှိသည်။

မင်းသမီး လန်ယာ သည် ဧကရာဇ်မင်းကြီးအား အငိုက်ဖမ်းနိုင်ခဲ့သည်။ ဒါက ဧကရာဇ်မင်းကြီးအတွက် အချက်ပေးသံ တစ်ခုလို ဖြစ်ခဲ့သည်။ တော်ဝင်နန်းတော်က အမှန်တကယ် သာယာအေးချမ်းသော နေရာမဟုတ်ပေ။ နန်းတော်အတွင်းသို့ စိမ့်ဝင်လာသော လော့လန်တပ်ဖွဲ့များကို လုံးလုံး ဖယ်ရှားပစ်ရန်အတွက် ဧကရာဇ်က နန်းတော်တွင်းရှိလူတိုင်း၏ နောက်ခံသမိုင်းကြောင်းကို စုံစမ်းခဲ့သည်။

ဤစုံစမ်းစစ်ဆေးမှုအောက်တွင် လျှို့ဝှက် အင်အားစုများစွာကို ရှာဖွေတွေ့ရှိခဲ့သည်။ ဧကရာဇ်သည် သူတို့အားလုံးကို သုတ်သင်ပစ်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now