Chapter (129-2) - အပြတ်ငြင်းလိုက်တဲ့ ပေါင်းရိ

Start from the beginning
                                    

"ပေါင်းရိ မသွားဘူး!"

ဝမ့်ရှီးသည် ပေါင်းရိ၏ နောက်ကျောကို အသာလေးပုတ်ကာ အလျင်စလို နှစ်သိမ့်ပေးလိုက်သည်။ ကိုယ်ရေးကိုယ်တာအစေခံက ချော့မော့သောအပြုံးဖြင့်ပြောခဲ့သည်-

"အမွေဆက်ခံသူ သခင်ငယ်လေး...လိမ်မာပါ... ဝမ်ဖေး က သခင်လေးကို နန်းတော်ထဲမှာ စောင့်နေတယ်။ ဒီကျွန်က သခင်လေးကို ဝမ်ဖေးဆီ ခေါ်သွားပေးပါ့မယ်။"

ပေါင်းရိက ဗုံလေးကဲ့သို့ ေ ခါင်းကို အဆက်မပြတ် ယမ်းသည်။ အဘိုးတော် ဧကရာဇ် က သူ့ကို လာခေါ်စေတိုင်း လော့ကုန်းကုန်း ကို အမြဲတမ်း စေလွှတ်ခဲ့သည်။ ဒါမှမဟုတ် ပါးပါးနှစ်ယောက်က ပေါင်းရိကို သူတို့ကိုယ်တိုင် နန်းတော်ထဲကို လိုက်ပို့ပေးသည်။ အရင်က ငါးပါးပါး ပြောဖူးသလို လူစိမ်းတွေက ပါးပါးနာမည်တွေသုံးပြီး လှည့်စားကြလိမ့်မယ်။ လိုက်သွားမိလျှင် အစာမစားရဘဲ အခန်းထဲမှာ သော့ခတ်ထားလိမ့်မယ်၊ ငါးပါးပါးကို မတွေ့အောင် ဝှက်ထားလိမ့်မည်။

"ပေါင်းရိ မသွားဘူး!" ပေါင်းရိသည် အလွန် ပြတ်သားစွာ ငြင်းလိုက်သည်။

တခြား ကလေးတွေ - "ပါးပါး ပြောတာ လူစိမ်းတွေနဲ့လိုက်သွားရင် အရမ်းကြောက်စရာကောင်းတယ်!!"

သာမန်အားဖြင့် စိတ်အရှုပ်ဆုံး ငါးကလေးဖြစ်သည့် ပေါင်းဆုက ထိုလူကို ပြောခဲ့သည်။

"မင်းဟာ လူဆိုးပဲ!"

ကိုယ်ရေးကိုယ်တာအစေခံသည် ကလေးတွေရဲ့ စကားကြောင့် အဆင်မပြေဖြစ်ပုံရပြီး ဝမ့်ရှီးကို ထပ်မံဆွဲဆောင်ရန် ကြိုးစားချင်သည်။

ဝမ့်ရှီးက အေးစက်စွာပြောလိုက်သည်။

"ဝမ်ရယ် နဲ့ ဝမ်ဖေး က ဒီမှာ မရှိလို့ ဒီကျွန်က အမွေဆက်ခံသူ သခင်ငယ်လေးရဲ့စကားကိုပဲ နားထောင်ရတယ်။ အမွေဆက်ခံသူလေးက သွားဖို့ မလိုလားဘူးဆိုရင် ဒီကျွန်က ပြစ်ဒဏ်ကို လက်ခံပြီး ငြင်းရပါလိမ့်မယ်"

မင်းကြီး၏ နူတ်မိန့်ကို ဆင်ခြေအဖြစ်သုံးတာတောင် အသုံးမဝင်ဘူးဆိုတာ သိလိုက်ရတော့ ကိုယ်ရေးကိုယ်တာအစေခံက ထိုစကားကို လျှောက်တင်ဖို့ နန်းတော်ကို ပြန်သွားတော့မယ်လို့ ဒေါသတကြီးပြောခဲ့ကာ အလျင်စလို ထွက်ခွာသွားသည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now