Chapter (119-1) - ငါ မင်းကို အမြဲတမ်း ကောင်းကောင်းဆက်ဆံပါ့မယ်

Start from the beginning
                                    

ဆဌမမင်းသားသည် အမှန်တကယ်ပင် သူ၏ကိုယ်ဝန်ဆောင်ဇနီးသည်ကို ဒိုင်းတစ်ခုအဖြစ် အသုံးပြုခဲ့သည်။ မုထျန်းရှောင်က သူ့ဝမ်ဖေး လျန်ရှီး၏ကျန်းမာရေးကို အလွန်ဂရုစိုက်ပြီး မမွေးရသေးသောကလေးကို မင်းကြီးရှေ့ တမင်သက်သက် အကျယ်ချဲ့ပြောခဲ့တာ ဒီလိုမျိုး လူကို ခေါ်သွင်းရာတွင် အသုံးချရန်ဖြစ်လို့ မင်းကြီးက သိပ်မအံ့သြတော့ပေ။

ဒါပေမယ့် အဲဒီလူကို အထဲမှာ သယ်ပြီးရင် သူ့ကို လက်ခံကာ ယာယီတဲနန်းထဲခေါ်သွင်းရန် ကိုယ်လုပ်တော် လျှို နဲ့ နီးစပ်တဲ့ တခြားသူ ရှိမှဖြစ်မည်။

ဧကရာဇ်မင်းသည် ကိုယ်လုပ်တော် လျှို ၏တဲထဲသို့ ဝင်ထွက်သော လူအားလုံးကို စုံစမ်းခဲ့သည်။ ထိုအချိန်တွင် မော့မော့တစ်ဦးသာ မကြာခဏ ဝင်ထွက်သွားသည်ကို တွေ့ရှိခဲ့သည်။

ဧကရာဇ်ဘုရင်က ထိုမော့မော့ကိုဖမ်းပြီး စစ်ဆေးမေးမြန်းဖို့ လူတွေကို အမိန့်ပေးခဲ့သည်။ မော့မော့က မူလက နဝမမင်းသား၏မယ်တော် ကိုယ်လုပ်တော်လီ၏ အစေခံဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ကိုယ်လုပ်တော်လီ နှင့် ကိုယ်လုပ်တော် လျှို တို့သည် အသက်အရွယ်ချင်း တူညီကြပြီး နှစ်ယောက်စလုံးတွင် သားလေးကိုယ်စီရှိသောကြောင့် ဆက်ဆံရေးမှာ ကောင်းမွန်လှသည်။ ကိုယ်လုပ်တော် လျှို သည် ထိုမော့မော့၏ ပန်းထိုးစွမ်းရည်ကို တကယ်နှစ်သက်သည်။ ထို့ကြောင့် ကိုယ်လုပ်တော်လီက ထိုမော့မော့အိုကို ကိုယ်လုပ်တော်လျှိုထံ လက်ဆောင်ပေးခဲ့သည်။

ဧကရာဇ်မင်း၏ ဒေါသထွက်နေသည့် မျက်နှာကို မြင်လိုက်ရသည်နှင့် ကိုယ်လုပ်တော်လီသည် ချက်ချင်းပင် မြေပြင်ပေါ် ပုံလျက်သားလဲကျကာ နှာရည်များ၊ မျက်ရည်များ စီးကျလာကာ သူမ လုပ်ခဲ့သည်ကို အမှန်တိုင်း ဖွင့်ဟဝန်ခံခဲ့သည်။ ဆဌမ မင်းသားသည် သူမ၏ အားနည်းချက်ကို ကိုင်ကာ လူတိုင်း အိပ်ပျော်နေစဉ် ကိုယ်လုပ်တော် လျှို ၏တဲတွင် လူတစ်ဦးကို ခေါ်သွင်းပေးရန် သူမကို အမိန့်ပေးခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

သေချာတာကတော့ နောက်ကွယ်က တရားခံစစ်စစ်မှာ ဆဌမမင်းသားဖြစ်သည်။ ဒီအကြောင်းကို သေချာဆင်ခြင်ပြီးနောက် မင်းကြီးက ဆဌမမင်းသားက ဘာကြောင့် ထိုမော့မော့ကို ကိုယ်လုပ်တော်လျှို၏တဲထဲ မကြာခဏ ဝင်ထွက်ရန် အမိန့်ပေးခဲ့သည်ကို ရိပ်မိသွားခဲ့သည်။ တကယ်လို့အဖြစ်မှန်ပေါ်ခဲ့လို့ စုံစမ်းခဲ့လျှင် ထိုမော့မော့က ကိုယ်လုပ်တော်လီက လက်ဆောင်ပေးသည့် အခြွေရံဖြစ်သည်။ ကိုယ်လုပ်တော်လီက နဝမမင်းသား၏မယ်တော်ဖြစ်သဖြင့် သူမ အကြောင်းပေါ်သွား ပါက နဝမမင်းသားလည်း မင်းကြီးထံမှ မျက်နှာသာပေးမှုကို ဆုံးရှုံးရပေတော့မည်။ ဒီနည်းဖြင့် ဆဌမမင်းသားက အဌမမင်းသားကိုသာမက နဝမမင်းသားကိုပါ တစ်ခါတည်း ဖယ်ရှားနိုင်သွားလိမ့်မည်။ ဒါက ခဲတစ်လုံးနှင့် ဌက်နှစ်ကောင်ပစ်သည့် နည်းဖြစ်သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now