Chapter (114-2) - ညီအစ်ကိုလေးယောက်၏ ချစ်ခြင်း

Start from the beginning
                                    

"အသား အသား!"

အစာကို စားချင်ပေမယ့် ကိုက်မစားနိုင်သဖြင့် ကလေးများက စိတ်အလိုမကျလို့ ငိုတော့မလိုဖြစ်လာသည်။ လီယွီသည် ပြင်ဆင်ပြီးသား ဓားသေးသေးလေးတစ်ချောင်းကို ထုတ်ကာ ကလေးများအတွက် ကြက် ခြေထောက်မှ အသားများကို လှီးဖြတ်ကာ ပန်းကန်တစ်လုံးပေါ်တွင် တင်ထားလိုက်သည်။

လီယွီလက်ထဲက ဓားကို ကျင်းဝမ်က ဆွဲယူကာ သူက လှီးဖြတ်ပေးလိုက်သည်။ အမဲလိုက်ခြင်းကိုပင် အဆင့်တန်း ပြောင်းလဲနိုင်စွမ်းရှိသော အာဏာရှင် ဇာတ်လိုက်ဆိုသည့်အတိုင်း သူက လီယွီထက် အသားကို ပိုမြန်မြန်ဖြတ်ပေးနိုင်သည်။ သိပ်မကြာခင်မှာပဲ ပန်းကန်လုံးထဲ အသားတွေပြည့်သွားတော့သည်။ ကလေးသုံးယောက်လုံး ပါးစပ်ကို တစ်ပြိုင်နက်တည်း ဟကာ ပါးပါးကို ခွံ့ကျွေးစေချင်သည်။

ကျင်းဝမ် သည် သူ၏ တူချောင်းတစ်ချောင်းကို ကောက်ယူလိုက်သည်။ လီယွီက ဖြတ်တားလိုက်သည်။

"ခဏနေဦး!"

ကျင်းဝမ်က ခွံ့ကျွေးမည်ပြုပြီး အနည်းငယ် ရပ်တန့်သွားသည်။ နီရဲနေသော မျက်နှာဖြင့် လီယွီသည်လည်း ကလေးများကို အတုယူကာ အရှက်မဲ့စွာ ပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်သည်။

လီယွီသည် ကျင်းဝမ် ခွံ့ကျွေးသည့် ကြက်ကင်ကို ဆူညံစွာ စားလိုက်ပြီး ကလေးများ သုံးယောက်အား မာန်တက်စွာ တစ်ချက်ကြည့်လိုက်သည်-

မင်းတို့မြင်လား? သူက ပါးပါးကို အနှစ်သက်ဆုံးပဲ....

ပေါင်းအာ့ ပေါင်းစန်း၊ ပေါင်းဆု- "......"

ငါးပါးပါးက အနံ့အရသာရှိတဲ့ အသားတွေကို ခိုးယူသွားတယ်.....

ကလေးများ သည် ငိုချင်လာသဖြင့် မျက်နှာများ တဆတ်ဆတ် တုန်လာသည်။

သူတို့ငိုမှာကို ကြောက်လို့ လီယွီ က အသားတစ်ပိုင်းကို အလျင်စလိုကောက်ယူပြီး ပေါင်းအာ့ရဲ့ပါးစပ်ထဲကို ထည့်လိုက်သည်။ ပေါင်းအာ့၏ မျက်လုံးများတွင် မျက်ရည်များ စီးကျနေဆဲပင်။ သူ၏ ထွားကျိုင်းသော ပါးပြင်တွေက အသားကင်ကြောင့် လျင်မြန်စွာ ဖောင်းလာသည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now