Chapter (110-1) _ ပေါင်းဆုနှင့် ရှုန်ဖုန်

Start from the beginning
                                    













































တစ်စက္ကန့်ကြာသည်အထိ လီယွီ ဘာကိုပြောလိုက်သည်ကို  ကျင်းဝမ်   မသိနိုင်ပေ။ သို့သော် ရှောင်ယွီသည် ကြောက်မက်ဖွယ်ရန်သူနှင့် ရင်ဆိုင်နေပုံပေါ်သဖြင့်  ကျင်းဝမ် က   ခေါင်းယမ်းကာ ပြောလိုက်သည်- ငါ မလုပ်ပါဘူး။

ရှောင်ယွီက သူ့ကို အစားထိုးငါးနဲ့ သိပ်ရင်းနှီးတာကို မကြိုက်တာ ဖြစ်နိုင်တယ်။ ကျင်းဝမ် ကိုယ်တိုင်က ရှောင်ယွီကို   တခြားလူတွေ လာထိတာကိုတောင် သည်းမခံနိုင်ဘူး။ အခု သူ့ပိုင်နက်ထဲ အခြားငါး ကျူးကျော်လာသည့် အခြေနေနဲ့ တော်တော်လေး တူနေရမယ်။  

လီယွီသည် ကျင်းဝမ် ၏ကတိကို ရရှိခဲ့သော်လည်း အနည်းငယ် စိတ်မသက်မသာဖြစ်မိသေးသည်။ ကံကောင်းထောက်မစွာ၊ ကျင်းဝမ် သည် အစားထိုးငါးကို အလွန်အမင်းနှစ်သက်ကြောင်း မဖော်ပြခဲ့ပေ။ အများစုကတော့ လီယွီ သို့မဟုတ် ကလေးများကိုသာ ကျင်းဝမ်က ကြည့်နေသည်။

လီယွီ၏ ခေါင်းထဲတွင် ပြည့်နေသော ရှာလကာရည်သည် နောက်ဆုံးတွင် ငြိမ်သက်သွားသည်။ အစားထိုးငါးသည် သာမန်ငါးမျှသာဖြစ်ပြီး သူ့ကဲ့သို့ အသွင်သဏ္ဌာန်ပြောင်းလဲနေသော 'နတ်ဆိုး' မဟုတ်ပေ။   သာမာန်ငါးတစ်ကောင်ကို သဝန်တိုနေသည့် သူ့အဖြစ်က   ရယ်စရာကောင်းလွန်းသည်ဟု လီယွီခံစားခဲ့ရသည်။

လီယွီသည် အပြစ်ရှိသလိုခံစားရပြီး လျော်ကြေးပေးရန် အနာဂတ်တွင် အစားထိုးငါးကို ကောင်းကောင်းနှစ်ဆကျွေးရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် လီယွီက မည်သို့ပင် တွေးနေပါစေ ငါးသည် ကြည်လင်သော ပုလင်းထဲတွင် လှပသော ပုံသဏ္ဍာန်ပေါ်နေသည်။ သူ့ပုံက အလွန်မြူးကြွသောလူသားများနှင့်ပတ်သက်၍ ငါးက လုံးဝဂရုမစိုက်ကြောင်း ထုတ်ဖော်ပြောဆိုနေသလိုပင်။

ချန်အန်း အိမ်တော်သို့  ရောက်သောအခါ ယဲ့ချင်းဟွမ် နှင့် ကျင်းကျွယ်  မင်းသမီး နှစ်ယောက်စလုံး သူတို့အား ကြိုဆိုရန် ထွက်လာကြသည်။ လီယွီသည် သူ့သားများကို ပထမဦးဆုံးထုတ်ကာ တစ်ယောက်ချင်းစီ မိတ်ဆက်ပေးသည်။ ပေါင်းရိနှင့် အခြားသူများသည် မသေမျိုး နတ်သားလေးများကဲ့သို့ လီယွီက ဝတ်ဆင်ပေးထားသည်။ သူတို့အားလုံး ခေါင်းတစ်ခြမ်းစီတွင် အနီရောင်ဖဲကြိုးစည်းထားပြီး  ရွှေရောင် အင်္ကျီများကို ဆင်တူဝတ်ဆင်ထားသည်။ ကျင်းကျွယ်  မင်းသမီးလေးသည် အပြုံးမရပ်နိုင်အောင်   ဝမ်းသာသွားသည် ။ သူမသည် အနည်းငယ် မယုံနိုင်လောက်အောင် ဖြစ်နေသေးသည်-

"ဘုရားရေ၊ တကယ် ကောင်လေး လေးယောက်တောင်ပဲ!"

ရှေးခေတ်က အမြွှာတွေဟာ ရှားပါးလှသဖြင့်  လီယွီသည် တစ်ပြိုင်နက်တွင် လေးဦးကို မွေးဖွားခဲ့သည့်ဖြစ်ရပ်က ထူးဆန်းအံ့သြဖွယ်ဖြစ်နေသည်။ ကျင်းကျွယ်  မင်းသမီးသည် ကလေးတစ်ဦးတည်းသာ မွေးဖွားခဲ့ပေမယ့် ကလေးမွေးသည့် အတွေ့အကြုံကို ပြန်မတွေ့ကြည့်ဝံ့တော့ပေ။ သူမသည်   လေးယောက်မွေးနိုင်သူလီယွီကို တကယ့်  နတ်ဘုရားတစ်ပါးလို ခံစားလိုက်ရသည်။

"လာ မြန်မြန်ထိုင်"

မင်းသမီးက လူတွေကို ထိုင်ခုံယူခိုင်းပြီး လီယွီကို ပူပူနွေးနွေး လက်ဖက်ရည်တစ်ခွက် ပေးခဲ့သည်။  ကျင်းဝမ် ကို ပေးခဲ့တာကတော့ သာမန်ရေနွေးကြမ်းပါပဲ။ လီယွီသည် ချိုမြိန်ပြီး အရသာရှိသော လက်ဖက်ရည်ကို သောက်လိုက်ရာ မင်းသမီးသည် သူနှင့် အလားတူစွာ သောက်နေသည်ကို တွေ့လိုက်ရသည်။ လက်ဖက်ရည်ခွက်၏အောက်ခြေတွင် အဖုအပိန့်လေးများရှိသည်။ ချက်ချင်းပင် လီယွီ နားလည်သွားသည်။ မင်းသမီးကလည်း သူ့ကျန်းမာရေးကို မြှင့်တင်ပေးချင်နေခြင်းဖြစ်သည်။

ဒါက မင်းသမီးရဲ့ ကောင်းတဲ့ ရည်ရွယ်ချက်ပါ။ လီယွီသည် မင်းသမီးနှင့် နှိုင်းယှဉ်လျှင် သူ၏ မွေးဖွားခြင်းလုပ်ငန်းစဉ်သည် ဂိမ်းတစ်ခုကဲ့သို့ပင် ဖြစ်သည်။ လုပ်အားအရဆိုရင် မင်းသမီးကမှ တကယ့်ကို အလုပ်လုပ်တဲ့သူပါ။


သူတို့စကားပြောနေစဉ်တွင် ယဲ့ချင်းဟွမ် သည် သူ၏သမီးတော်လေး ချင်းဟော်မင်းသမီးကို ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်လာခဲ့သည်။ မင်းသမီးလေးဟာ ရက် 100 ရှိနေပြီဖြစ်ကာ  သူမ၏ အသားအရေသည် ဖြူဖွေးတောက်ပနေပြီး ကြာမြစ် ကြာစွယ်ကဲ့သို့ ဖြူဖွေးတုတ်တစ်နေသည့်  တံတောင်ဆစ်များနှင့် ခြေသလုံးငယ်များရှိသည်။ သူမ၏ တောက်ပနေသော မျက်လုံးများသည် မင်းသမီးနှင့်တူသော်လည်း သူမ၏ သေးငယ်သော ပါးစပ်ပုံစံသည် ယဲ့ချင်းဟွမ် နှင့် ပိုတူသည်။ လည်ပင်းတစ်ဝိုက်တွင် လီယွီလက်ဆောင်ပေးသော ငြိမ်းချမ်းရေးသော့လေးကို ဆွဲထားသည်။
 

ငါးကလေးများသည် မိန်မိန်လေးကို မြင်လိုက်ရသည်။ အမြဲတစေ နှေးကွေးသော ပေါင်းဆုသည်ပင် မျက်လုံးများ ပြူးကျယ်သွားသည်။ သူတို့ထက် ငယ်တဲ့လူ၊ ဒီလို လူသေးသေးလေးကို သူ ဘယ်တုန်းကမှ မတွေ့ဖူးဘူး။

ပေါင်းရိက 'အာ..... အာ.....' လို့အော်ပြီး သူ့လက်တွေကို မိန်မိန်လေးထံ ဆန့်တန်းလိုက်တယ်။ ပေါင်းရိက မိန်မိန်လေးကို ကိုင်ချင်နေတာ။
(မိန်မိန်လေး -ညီမလေး)

ပေါင်းအာ့၊ ပေါင်းစန်းနှင့် ပေါင်းဆု တို့က ပေါင်းရိကို အတုယူကာ အမြန်ခေါ်လိုက်သည် ။ မိန်မိန်လေးနဲ့ အတူတူ ကစားချင်တယ်။

"ခွင့်မပြုဘူး!" ငါးပါးပါး ဆတ်ခနဲ မြည်တွန်တောက်တီးသံ ထွက်လာသည်။

ဒါကိုကြားတော့ ကလေးတွေက မိန်မိန်လေးကို သနားစဖွယ် ချောင်းကြည့်ရင်း စိတ်ပျက်လက်ပျက်နဲ့ လက်လေးကို လျှော့လိုက်တယ်။

မင်းသမီးနှင့် ယဲ့ချင်းဟွမ် တို့သည် ဤကလေးများ လုပ်ရပ်ကြောင့် အော်ရယ် ရယ်မောလုနီးပါးဖြစ်သွားခဲ့သည်။

လီယွီက သူတို့ကို သင်ပေးဖို့ အခွင့်အရေးယူခဲ့တယ်–

"မိန်မိန်လေးက ငယ်သေးလို့ မင်းတို့နဲ့ အတူတူ မကစားနိုင်သေးဘူး။ အနာဂတ်မှာ မင်းအားလုံး မိန်မိန်လေး ကို ကာကွယ်ဖို့ မမေ့နဲ့"

ကလေးအားလုံးက တညီတညွတ်တည်း ခေါင်းညိတ်ပြသော်လည်း သူတို့သည် မိန်မိန်လေးကို ကြည့်ချင်နေသေးသည်။ မင်းသမီးက လူတစ်ယောက်ကို ပုခက်ပေါ်တင်ခိုင်းလိုက်သည်။  မင်းသမီးလေးကို ပုခက်ထဲမှာ ထားလိုက်သဖြင့် ကလေးတွေအားလုံးက ပုခက်ကို ဝိုင်းပြီး ငြိမ်သက်တိတ်ဆိတ်စွာ ကြည့်နေကြတယ်။

"သူတို့က အရမ်းဉာဏ်ကောင်းတယ်။" မင်းသမီးက အော်လိုက်တယ်။

"မင်းသမီးလေးက အရမ်းလှတာပဲ" လီယွီသည် တုန့်ပြန်ချီးမွှမ်းလိုက်သည်။

သူ့သမီးကို စူးစူးစိုက်စိုက်ကြည့်နေသော ယဲ့ချင်းဟွမ် သည်  ဆက်လက် ဒရမ်မာခင်းတော့သည်။

 "ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းက ငါ့ သမီးလေးအကြောင်းကို ဆက်တိုက်တွေးနေမိတယ်။ နောင်မှာ သူက ငါ့ကို စွန့်ခွာပြီး အခြားသူရဲ့ မိသားစုထဲ လက်ထပ်ပြီး လိုက်သွားရမယ်ကို တွေးမိပြီး ငါ ဘယ်လိုမှကို သည်းမခံနိုင်ဘူး။"

ကျင်းဝမ်၊ လီယွီ၊ မင်းသမီး- "......"

လီယွီ'ဖူး....' ခနဲ မအောင့်နိုင်လို့ အသံကျယ်ကျယ်နဲ့ ရယ်လိုက်မိသည်။ ငတုံးအဖေ ကျင်းဝမ် ထက်ပိုတုံးတဲ့ ယဲ့ချင်းဟွမ်ကို သူ တွေ့နေပါပြီ။


"ပါးစပ်ပိတ်ထား!" ယဲ့ချင်းဟွမ် က အရှက်ခွဲသည်ဟုတွေးမိကာ မင်းသမီးသည်  လက်ဖက်ရည်ခွက်ကို ပစ်ချကာ ထိုငတုံးခင်ပွန်းကို ထပ်ကာထပ်ကာ တုံးအစွာ ပြောဆိုခြင်းမှ ကာကွယ်ရန် ကြိုးစားလိုက်သည်။

သို့သော် မသိစိတ်က ထိုအကြောင်းတွေမိပြီး သူမ၏ မျက်လုံးများမှာလည်း အနည်းငယ် စိုစွတ်လာသည်။ ကျင်းကျွယ်  မှာ သူတို့ရဲ့လူမျိုး၏ ပွင့်လင်းမြင်သာတဲ့ ဓလေ့ထုံးစံတွေရှိလျှင်တောင်မှ လူတွေက ယောက်ျားလေးတွေကို ပိုသဘောကျသည်ကို သိသည်။  သားဖွားလက်သည်ထမှ သမီးမိန်းကလေးကို မွေးဖွားခဲ့ကြောင်း   သိလိုက်ရသောအခါတွင်၊ သူမကဲ့သို့ အလွန်မြင့်မြတ်လှသော မင်းသမီးလေးပင်လျှင် အနည်းငယ် စိုးရိမ်ထိတ်လန့်သွားရသည်။ သို့သော် မမျှော်လင့်ဘဲ၊ ယဲ့ချင်းဟွမ် နှင့် ချန်အန်း နန်းတော်အိမ်ယာရှိ လူတိုင်းသည် ဤမိန်းကလေးကို အရမ်းချစ်ကြသည်။ သူ့ယောက္ခမက နေ့တိုင်း လာတွေ့ပြီး သူ့ကျန်းမာရေးအကြောင်း မေးလေ့ရှိသလို ကျင်းကျွယ်  မင်းသမီး ကောင်းကောင်းနားနိုင်စေရန် ကလေးကို ပြုစုစောင့်ရှောက်ဖို့တောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ကလေးအမေအပေါ်မှ ဝန်ထုပ်ဝန်ပိုးအားလုံးကို သက်သာစေခဲ့သည်။ မူလက မင်းသမီးသည် သားနှင့်သမီး တတွဲပြည့်အောင် သားတစ်ယောက်ကိုလည်း လိုချင်ခဲ့သည်။ သို့သော် ခင်ပွန်းသည်က  ကလေးမွေးတာက သူမ အတွက် ခက်ခက်ခဲခဲ လုပ်ရသည့်အရာဖြစ်တယ်လို့ ပြောပြီး သူမကျန်းမာရေးကို အရင်တိုးတက်စေချင်ပြီး နောက်ပိုင်းမှ သားလေးတစ်ယောက်ထပ်ယူမည်ဟုပြောခဲ့သည်။  အခုလောလောဆယ် စိတ်မပူပါနဲ့လို့ ပြောလေ့ရှိသည်။

ခင်ပွန်းဖြစ်သူနှင့် သူ့မိသားစု၏ ဂရုစိုက်မှုနှင့် ဂရုပြုမှုတို့ကြောင့် မင်းသမီးသည် သူမတို့ အိမ်ထောင်ရေးမှာ နှစ်ပြည်ထောင် ချစ်ကြည်ရေးအရ လက်ထပ်ထားသည့်တိုင် သူမက လူကောင်းနှင့် လက်ထပ်ခွင့်ရလို့ အရမ်း ကံကောင်းသည်ဟုတွေးနေခဲ့သည်။
 
မင်းသမီးက တကယ့်ကို သားလေးတစ်ယောက် လိုချင်မိသည်။ ဒါက သူမရဲ့ သမီးလေးကို မလိုချင်ဘူးဆိုတဲ့ သဘောမဟုတ်ပေ။ ဘာပဲပြောပြော လီယွီရဲ့ သားလေးတွေက အရမ်းကို တက်ကြွသည့်အပြင် ရုပ်ဆင်းသွင်ပြင်ကလည်း ကြည့်ကောင်းနေလို့ဖြစ်သည်။ မင်းသမီးက မသိစိတ်ဖြင့် ယဲ့ချင်းဟွမ်ကို ငေးစိုက်ကြည့်နေမိစဉ် မထင်မှတ်ပဲ လီယွီလည်းကျင်းဝမ်ကို စိုက်ကြည့်နေသည်ကို သူမ တွေ့သွားမိသည်။

တစ်ယောက်နဲ့တစ်ယောက် တူညီသော အမြင်တွေရှိကြတဲ့ လူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ချက်ချင်းနားလည်လိုက်ကြသည်။

လီယွီက သူ့ပါးပြင်ကို အသာယာကုတ်ကာ အံကြိတ်လိုက်မိသည်။ မင်းသမီးလေးကို အရမ်းချစ်ဖို့ကောင်းအောင် ဘယ်သူက မွေးထားတာလဲ။ သူလည်း သမီးလေးတစ်ယောက် လိုချင်တယ်!  

သို့သော် သူသည် မင်းသမီးလေးကို အကြာကြီး မတွေ့နိုင်ပေ။ မကြာခင်မှာပဲ နို့ထိန်းက ထွက်လာပြီး မင်းသမီးလေးကို အထဲကို ပြန်သယ်သွားတော့သည်။

လီယွီသည် လွန်ခဲ့သည့် ရက်အနည်းငယ်က မင်းသမီးငယ်သည် မတော်တဆ အအေးမိပြီး ယခုမှ ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း မင်းသမီးထံမှ သိလိုက်ရသည်။ အပြင်မှာ အကြာကြီးနေဖို့ အဆင်မပြေဘူး။ သမီးဖြစ်သူ နေမကောင်းသောကြောင့် မင်းသမီးလည်း ရက်ပေါင်းများစွာ အထိတ်တလန့်ဖြစ်ခဲ့ရသည်။ ဤကလေးသည် များသောအားဖြင့် ဆေးကို တိုက်ရိုက်မသောက် နိုင်ပေ။  ယင်းအစား နို့ထိန်းက ဆေးကို သူမနို့ထဲသို့ ဝင်သွားစေသည့် ဆေးကို ဦးစွာ သောက်ရလေသည်။ ပြီးရင် ကလေးကို တိုက်ကျွေးရသည်။

လီယွီအတွက်၊ သူ့ကလေး လေးကောင်သည် ငါးကလေးများဖြစ်လျှင့်ပင်   သူတို့အားလုံးသည် အလွန်ကျန်းမာလှသည်။ ထို့ကြောင့် သူသည် ဤ  ဒုက္ခဆင်းရဲကို တစ်ခါမျှ မကြုံဖူးပေ။ မင်းသမီးထံမှ ထိုအကြောင်းကို သူကြားသောအခါ လီယွီသည် တစ်စုံတစ်ခုကို လျင်မြန်စွာ ခံစားလိုက်ရသော်လည်း နားလည်ရန် အချိန်မရှိခဲ့ပေ။

မင်းသမီးလေး အထဲကို ပြန်ဝင်သွားတော့ ကလေးတွေက မိန်မိန်လေးကို မမြင်ရတော့လို့ အားလုံးစိတ်ပျက်သွားကြသည်။  

အနောက်နယ်နိမိတ်တွင်၊ ယဲ့ချင်းဟွမ် သည် ဤဘိုးဘေးငယ်များကို ပြုစုစောင့်ရှောက်ခဲ့ပြီး သူတို့၏ဒေါသကို သိရှိခဲ့သည်။ ထို့ကြောင့် ကလေးလေးကောင်ကို ချော့မော့ဟန် အပြုံးဖြင့်  ဝီစီကို ကစားရန်  ပေးလိုက်သည်။ ထိုစဉ် ယဲ့ချင်းဟွမ်မွေးထားသည့် ခွေး   ရှုန်ဖုန် သည် အခန်းထဲကို တဟုန်ထိုး  ပြေးဝင်လာသည်။ လီယွီကို သတိထားမိတော့ ရှုန်ဖုန် သည် သူ့အမြီးကို စိတ်လှုပ်ရှားစွာ မရပ်မနား ခါယမ်းပြီး လှမ်းကြည့်လိုက်သည်။

"မတွေ့တာကြာပြီနော်"
လီယွီသည် ငုတ်တုတ်ထိုင်ကာ ရှုန်ဖုန် ၏ ခေါင်းကို ပွတ်လိုက်သည်။ ရှုန်ဖုန် က သူ့လက်တွေကို နမ်းဖို့ ကြိုးစားနေတယ်။

လီယွီသည် ရုတ်တရက် သူ့နောက်ကျောတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။ သူ နောက်ပြန်ကြည့်လိုက်တော့ ကျင်းဝမ် အဝေးကို အမြန်ကြည့်နေတာကို တွေ့လိုက်ရသည်။

လီယွီ: ?  

ကလေးတွေသည် ခွေးကိုမြင်သောအခါ သူတို့၏မျက်လုံးများ တောက်ပလာပြီး နောက်ဆုံးတွင် မိန်မိန်လေး တွေ့ချင်လို့ စိတ်ရှုပ်စရာများ ရပ်တန့်သွားသည်။

"ခွေးတွေဟာ လူသားတွေရဲ့ အကောင်းဆုံးသူငယ်ချင်းပဲ။ ခွေးကို  အနိုင်ကျင့်တာ မကောင်းဘူး!"

လီယွီသည် သူ့ကလေးများကို အလျင်စလို သတိပေးလိုက်သည်။ ဒါပေမယ့် ကလေးတွေက အရမ်းငယ်သေးတဲ့အတွက် ခွေးနဲ့ ကစားဖို့ မသင့်တော်သေးဘူး။ လီယွီက သူတို့ကို ပွေ့ချီပြီး ရှုန်ဖုန် ကို ပိုရှင်းရှင်းလင်းလင်း မြင်နိုင်စေရန် အနည်းငယ် အောက်သို့ နိမ့်ပေးရန် အစွမ်းကုန် ကြိုးစားခဲ့သည်။

ရှုန်ဖုန် သည် ယဲ့ချင်းဟွမ် က အချိန်မတိုင်မီ လေ့ကျင့်သင်ကြားခံရပြီး ကလေးများနှင့် သိပ်မနီးကပ်ရဲပေ။ ဒါပေမယ့် ရှုန်ဖုန် က ကလေးတွေကို နှလုံးသားရဲ့အောက်ခြေကနေ အရမ်းအရမ်းကြိုက်နေပြီမို့ သိပ်အဝေးကြီးမသွားပဲ မနီးမဝေးမှာ ယောင်လည်လည်လုပ်ကာကြည့်နေပြီး  နောက်ပြန်လှည့်သွားခဲ့တယ်။

လီယွီသည် သူ၏ဆုံးမစကားပြောပြီးနောက် ပေါင်းရိ၊ ပေါင်းအာ့၊ ပေါင်းစန်းတို့က ခွေးနှင့် ပို၍နီးကပ်လာသည်။ သို့သော် သူတို့သည် ခွေး၏ချွန်ထက်သော သွားများကို ကြောက်ကြသည်။ ရိုးရှင်းပြီး မိုက်မဲတဲ့ ပေါင်းဆု ကသာ မကြောက်မရွံ့ လက်ကို ဆန့်ထုတ်လိုက်ပြီး ရှုန်ဖုန် ရဲ့ နှာသီးဖျားမှာ ရက်စက်စွာ ပုတ်ခတ်လိုက်သည်။

ယခု ရောက်ရှိလာသူ အားလုံးသာမက ငါးကို အတတ်နိုင်ဆုံး ဆော့ရတာ နှစ်သက်သူ ရှုန်ဖုန် လည်း နေရာမှာတင် အေးခဲသွားသည်။

ကျင်းဝမ် ၏ပုံသဏ္ဍာန်သည် ဖျတ်ခနဲ လှုပ်သွားပြီး ပေါင်းဆု ကို ပြန်ဖမ်းလိုက်သည်။ လီယွီက သူ့ကို အလျင်အမြန် တားလိုက်သည်။ သူတို့ရှေ့တွင် ရှုန်ဖုန် သည် ပေါင်းဆု၏လက်ချောင်းကို ညင်သာစွာ နူတ်သီးဖြင့် ထိတွေ့ရန်  ကြိုးစားခဲ့သည်။ ခွေးနူတ်သီး အေးစက်စက်နှင့် ထိမိတော့ ပေါင်းဆု က ပျော်ရွှင်စွာ ရယ်မောလိုက်သည် ။ ကျင်းဝမ် နောက်ဆုံးတော့ စိတ်အေးလက်အေးဖြစ်သွားခဲ့သည်။



********-***********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now