Chapter (106-2) - မနာလိုစိတ်အားကြီးသည့် ဆဌမ မင်းသား

Start from the beginning
                                    

ငါးကလေးများသည် ဘာပြဿနာမှမရှိဘဲ ကျင်းအိမ်တော်သို့ ပြန်သွားကြသည်။ လီယွီနဲ့ ကျင်းဝမ် တို့က သူတို့အိမ်ကို လမ်းလျှောက်ထွက်ပြီး နောက်နေ့တွေမှာ အခက်ခဲ ကြုံတွေ့ရပါတော့တယ်။

ကျင်းအိမ်တော်သည် ငါးကလေးများ၏ အိမ်ဖြစ်သည်။ သူတို့အိမ်ကို ပြတာ ဘာမှားနေလို့လဲ။

လီယွီသည် ရှုထောင့်အမျိုးမျိုးမှ လေးလေးနက်နက် စဉ်းစားနေခဲ့သည်။ ငါးကလေး လေးကောင်သည် ပြတင်းပေါက် ဘက်သို့ မျက်နှာမူလျက် တစ်စုံတစ်ခုကို မြင်လိုသည့် အတိုင်း 'အာ........ အာ........' ဟု အော်နေ သည်ကို သူတွေ့ရှိခဲ့သည်။

လီယွီက ပေါင်းဆု ကို သယ်သွားသည် ။ ပြတင်းပေါက်၏ အပြင်ဘက်တွင် ကျင်းဝမ် က သူ့အတွက် တည်ဆောက်ထားသည့် ဧရာမငါးကန်ကြီး၏ ဧရိယာဖြစ်သည်။ ရေကန်သည် ကြည်လင်သောရေများဖြင့် ပြည့်လျှံကာ စီးဆင်းနေသည်။

"အာ........အာ...." ရေကူးချင်တယ်!

ပေါင်းဆုသည် သူ၏ ထွားကျိုင်းသော လက်ကလေးကို မြှောက်ကာ ရေကန်ကို ညွှန်ပြကာ ငါးအဖေ့ကို မျက်ရည်များ အပြည့်ဖြင့် ပြန်ကြည့်သည်။

လီယွီ: "......"

ပေါင်းဆု က သူ့ဆန္ဒကို ဦးစွာထုတ်ဖော်ခဲ့သည်။ အခြားပေါင်းကလေးတွေလည်း ရေကန်ကို ညွှန်ပြပြီး ငါးဖေဖေဆီသို့ လှမ်းခေါ်လိုက်သည်။ အသိဉာဏ်အရှိဆုံး ပေါင်းရိက ကျယ်လောင်သော အသံဖြင့် အော်လိုက်သည်။

ရေကူးမယ်...!

လီယွီသည် နောက်ဆုံးတွင် ငါးကလေးငယ်များ အဘယ်ကြောင့် မပျော်ရွှင်သည်ကို သိလိုက်ရသည်။ ကျင်းအိမ်တော်တွင် ဤကြီးမားသောငါးကန်ကြီးရှိသော်လည်း ငါးကလေးများသည် ကြည့်ရုံမျှသာဖြစ်ပြီး ရေမကူးနိုင်ပေ။ ဟုတ်တယ် သူတို့ပျော်မှာမဟုတ်ဘူး။

ကျင်းဝမ် သည် စီးပွားရေးလုပ်ငန်းရှိရာသို့ ထွက်ခွာသွားခဲ့ပြီး အိမ်တော်ဝင်းအတွင်း၌ မရှိခဲ့ပေ။ လီယွီက အစီအစဉ်တစ်ခုကို တွေးပြီး ဝမ့်ရှီးကို အထဲမှာ သင့်လျော်တဲ့ အပူချိန်ရှိတဲ့ ရေများများနဲ့ ရေချိုးကန်ကြီးကို ရွှေ့ခိုင်းပြီး ကလေးအားလုံးကို အဝတ်အစားတွေ ချွတ်ပြီး အောက်ပိုင်းကို မျက်နှာသုတ်ပုဝါလေးတွေနဲ့ ပတ်ထားပြီး ခန္ဓာကိုယ်ပေါ်မှာ သစ်သားအပိုင်းလေးတွေ ချိတ်ဆွဲထားကာ၊ သစ်သားတုံးကို ကိုင်ပြီး ရေကူးခိုင်းတယ်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now