Chapter (97-2) - ' ဓားပြတွေကို သုတ်သင်ဖို့ အချိန်တန်ပြီ'

Start from the beginning
                                    

ဒီနတ်ဆိုးလေးဟာ သူမြင်ဖူးသမျှထဲမှာ တကယ်ကို အလှဆုံးပဲ။

ထိုအချိန်တွင် လီယွီသည် ဤအဖြစ်မှန်ကို ကျင်းဝမ် လက်ခံလာသည်အထိ စောင့်နေသည်။ သူ၏ ရေသူထီးပုံစံသည် အလွန်လှပတယ်လို့ သူထင်ခဲ့တယ်။ ဒါကြောင့် သူက ဖုံးကွယ်မထားရုံသာမက ကျင်းဝမ် မြင်တွေ့စေဖို့ အလွန်မျှော်လင့်ထားခဲ့သည်။

သူသည် ကျင်းဝမ် အနီးတဝိုက်တွင် တမင်တကာ ဖြည်းညှင်းစွာ ကူးခတ်နေသည်။ သူ၏ငါးအမြီးသည် အလွန်ပျော့ပျောင်းပြီး လိုက်လျောညီထွေရှိကာ ရံဖန်ရံခါ တဖက်လူ၏လက်နှင့် ခြေတို့ကို ထိမိလိုက်သေးသည်။

ကျင်းဝမ် က လုံးဝ ထွက်ခွာဖို့ မကြိုးစားတာကို တွေ့လိုက်ရသည် ။ လီယွီသည် ကျင်းဝမ်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် သူ၏ငါးအမြီးတစ်ခုလုံးဖြင့် ပတ်ထားရန် တိတ်တဆိတ်ဆုံးဖြတ်လိုက်သည်။

သူ့ငါးအမြီးကို အသုံးမပြုမီ ကျင်းဝမ် ၏လက်ချောင်းများတွင် တင်းတင်းကျပ်ကျပ် ပတ်ထားသည်။ ယခု သူသည် လူတစ်ကိုယ်လုံးကို တင်းတင်းကျပ်ကျပ် ပတ်ရန် သူ့အမြီးကို အသုံးပြုနေသည်။

လီယွီ ၏ငါးလူသားပုံစံကို ကျင်းဝမ် က စက်ဆုပ်ခြင်းမရှိကြောင်း ပြသသည့်အပြင် ကျင်းဝမ်က သူကို လုပ်ချင်နေသေးသည်။

လီယွီသည် လက်နှစ်ဖက်လုံးကို ကျယ်ကျယ်ဖွင့်ကာ ကျင်းဝမ်၏ လည်ပင်းတစ်ဝိုက်တွင် တင်းတင်းကျပ်ကျပ် ဖက်ထားသည်။

"အရှင့်သား ဒီပုံကို ကြိုက်လား" လီယွီ သည် ကျင်းဝမ် ၏ နှုတ်ခမ်းကို နမ်းလိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။

ကျင်းဝမ် သည် ရှောင်ယွီ၏ နှုတ်ခမ်းကို နမ်းကာ သူ့ ရနံ့များဖြင့် ပြည့်နေစေလိုက်သည်။ ဒီလို လှည့်စားမှုကို သူ ဘယ်လို ခံနိုင်ရည် ရှိနိုင်မလဲ။ သူ့ကိုယ်သူ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်နေသည်။

သို့သော်၊ သူသည် မိုးကောင်းကင် အတိဒုက္ခ စမ်းသပ်ချက်ကို ဖြတ်ကျော်နေရဆဲ ဆိုတာကို သတိရကာ ပေါ့ပေါ့ဆဆ မတုံ့ပြန်နိုင်ပေ။ ယင်းအစား၊ သူသည် စိတ်ကို ထိန်းချုပ်ကာ ဤရေသူထီးလေကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရာ သူ၏ နားရွက်ထိပ်များသည် အနည်းငယ်နီသွားသည် ။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now