Chapter (94-1) - ပါးပါးတွေရဲ့မင်္ဂလာပွဲ

Start from the beginning
                                    

မင်္ဂလာခန်းမ၏ ဂုဏ်ထူးဆောင်ထူးဆောင် ထိုင်ခုံများတွင်၊ ဧကရာဇ်အမိန့်တော်ကို ထားရှိသည်။ ဧကရီ ရှောင်ဟွေ့၏ အောက်မေ့ဖွယ် ရုပ်ပုံကားချပ်ကို သူမထိုင်ရမည့်နေရာတွင် ထားရှိခဲ့သည်။

မင်္ဂလာအခမ်းအနားမှူးသည် ကျင်းဝမ်ထံမှ အခမ်းနားစတင်ဖို့ အချက်ပြမှုကို ရရှိပြီးနောက် အပြေးမြန်သည့် မြင်းတစ်ကောင်ပမာ လှစ်ခနဲရောက်ရှိလာပြီး မင်္ဂလာသြဝါဒမိန့်ခွန်းကို စတင်ပြောတော့သည်။ ခရီးမှ ခုလေးတင်ရောက်လာသည့် တစ်ဝမ်းကွဲညီအစ်ကို ယဲ့ချင်းဟွမ်လည်း မြင်းပေါ်မှ ခုန်ဆင်းကာ မင်္ဂလာခန်းမထဲသို့ စိတ်လှုပ်ရှားစွာ ပြေးဝင်လာခဲ့သည်။

ချန်အန်းအိမ်တော်သည် ကျင်းဝမ်၏မင်္ဂလာပွဲကြီးအကြောင်းကို သိရှိပြီးနောက်၊ တစ်စုံတစ်ဦးကို လာ၍ ချီးကျူးဂုဏ်ပြုရန် စေလွှတ်လိုက်သည်။ ထိုတာဝန်ကို ယဲ့ချင်းဟွမ်က လိုလိုလားလားလက်ခံပြီး မတွေ့ရတာ တစ်နှစ်လောက်ရှိပြီဖြစ်တဲ့ သူ့ဝမ်းကွဲကိုလည်း အရမ်းလွမ်းလို့ တွေ့ရန် လာခဲ့သည်။

"ထျန်းချီ.... မင်းရဲ့နေ့ထူးနေ့မြတ်မှာ ဂုဏ်ပြုဖို့ မယ့်နေ့ကို နောက်ဆုံးတော့ ရောက်ခဲ့ပြီကွ !" ယဲ့ချင်းဟွမ်က ကျင်းဝမ်၏ ပုခုံးကို ပြုံးလျက် ပုတ်လိုက်သည်။

ရှားရှားပါးပါးအခါသမယတွင်၊ ကျင်းဝမ် သူ့လက်ကို အထိမခံခဲ့ပေ။ အဲဒီအစား ကျင်းဝမ် ခပ်ဖျော့ဖျော့ပြုံးပြီး ဝိုင်ခွက်ကို ယူလာကာ ယဲ့ချင်းဟွမ်နဲ့အတူ တစ်ခွက်သောက်ဖို့ ဝမ့်ရှီးကို အမိန့်ပေးလိုက်သည်။

ဂုဏ်ပြုဝိုင်အရက်ကို သောက်ပြီးနောက် ယဲ့ချင်းဟွမ်သည် ချက်ချင်းပင် နူတ်သွက်အာသွက်ဖြစ်လာသည်။ ထို့အပြင် သခင်လေးယဲ့သည် သူပြောချင်သော စကားများကို ဗိုက်ပြည့် သယ်ဆောင်လာသလို တရစပ်ပြောတော့သည်။

ကျင်းဝမ် တော်ဝင်မြို့တော် မှ ထွက်ခွာသွားသောအခါတွင်၊ တစ်ချိန်က ချန်အန်းအိမ်တော်သို့ ကျင်းဝမ်က နန်းတွင်းက အခြေနေ အပြောင်းအလဲကို တိတ်တဆိတ် စောင့်ကြည့်စေလိုသောစာတစ်စောင် ပေးပို့ခဲ့သည်။ ကျင်းဝမ်ကို နယ်စပ်ဒေသကို စေလွှတ်ခြင်းမပြုဖို့ ဧကရာဇ်မင်းကြီးထံ အသနားခံစာကို သူတို့ကိုယ်တိုင် မတောင်းဆိုသင့်ခဲ့ပေ။ ထို့အပြင် အနောက်ဘက် နယ်စပ်ဒေသတို့ ကျင်းဝမ်နှင့် ဆက်သွယ်ဖို့ သီးသန့်စာလည်း ပေးပို့ရန် မဖြစ်နိုင်ပေ။ ကျင်းဝမ် ထွက်သွားပြီးနောက်၊ ငြိမ်ငြိမ်ထိုင်နိုင်သူမှာ ချန်အန်းနယ်စားအိုကြီး ယဲ့ချန်သာ ဖြစ်သည်။ ကျင်းဝမ်အတွက် တခြားလူတွေ အားလုံးက စိတ်ပူနေကြသည်။ ယခုနှစ်တစ်လျှောက်လုံးတွင်၊ ကျင်းဝမ် အနောက်တောင်တန်းဒေသတွင် ဓားပြများနှင့် ကျိုင်းကောင်ကပ်ဘေးကို ကြုံတွေ့ခဲ့ရသည်။ ဧကရာဇ်သည် ကျင်းဝမ်၏ မူလတာဝန်ကို ဆဌမမင်းသားကို ပေးခဲ့သည်။ ယဲ့ချင်းဟွမ်က ဒီဖြစ်ရပ်ကို မခံမရပ်နိုင်ဖြစ်ခဲ့ကာ ကျင်းဝမ်အား တော်ဝင်မြို့တော်ကို ပြန်လာခွင့်ပြုရန် ဧကရာဇ်ထံ ပန်ကြားလိုခဲ့သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now