Chapter (90-1) - ကိုယ်ဝန်အတုကို ဖန်တီးခြင်း

Comenzar desde el principio
                                    

























































လီယွီက က ကြားလိုက်ရသည့် စကာကို မယုံနိုင်အောင်ဖြစ်နေသည်။ ကျင်းဝမ်သည် လီယွီ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ပြောသောအခါတွင် ကိုယ်ဝန်ရှိချင်ယောင်ဆောင်ရန်သာဖြစ်သည်။

"ဒါ....ဒါက သိပ်ပြီး မသင့်တော်ဘူး မဟုတ်လား"

လီယွီ အနည်းငယ် စိတ်ဆင်းရဲသွားသည် ။ ဒါက ဧကရာဇ်ကို လိမ်နေတာ မဟုတ်ဘူးလား?

အကုန်လုံးတော့ မဟုတ်ဘူး။

ကျင်းဝမ်က သူ့ကို အရွယ်အစားအမျိုးမျိုးရှိတဲ့ ခေါင်းအုံးတစ်ပုံလောက် ပေးပြီး စာရွက်တစ်ရွက် ပေးလိုက်တယ်။

သူက ပေါင်းရိ၊ ပေါင်းအာ့၊ ပေါင်းစန်းနဲ့ ပေါင်းဆုတို့ကို မမွေးခဲ့ဘူးလား။ မင်း သူတို့ကို လူ့ပုံစံနဲ့ မွေးဖွားခဲ့တာလို့ လူတိုင်းက ယုံကြည်အောင်လုပ်နေတာ၊ အဲဒါနဲ့ ပတ်သက်ပြီး ဘာများ မသင့်လျော်တာပါလို့လဲ။

လီယွီက ဒူးထောက်ကျမလို ခံစားလိုက်ရတယ်။ ကျင်းဝမ်၏ တွေးခေါ်မှု ဖြစ်စဉ်သည် မှန်ကန်ပုံပေါက်နေသည်။

အနည်းနှင့်အများဆိုသလိုပင် သူသည် ကလေးများကို မွေးဖွားခဲ့သူဖြစ်သည်။ နောင်တွင် ကလေးများကို ကောင်းမွန်မှန်ကန်စွာနှင့် တရားဝင် သားလို့ ခေါ်ဆိုနိုင်စေရန်လည်း သူ ဆန္ဒရှိခဲ့သည်။

အိုင်း...! ဒါက နည်းနည်း ဟန်ဆောင်နေတာ မဟုတ်လား ?

သူက နောက်ဆုံး  သဘောတူလိုက်တယ်။ အနည်းငယ်ပြန့်ပြူးပြီး ခေါင်းအုံးလေးကို သူ့အဝတ်အစားထဲသို့ ချက်ချင်းထည့်လိုက်သည်။ ခေါင်းအုံးတဝိုက်တွင်  ပတ်တီးစည်းထားပြီး ကျောတွင် ချည်နှောင်ထားသည်။


ကျင်းဝမ်သည် မည်မျှတင်းကျပ်သည်ကို အတိအကျစမ်းသပ်ပြီး လီယွီဆီသို့ အဆက်မပြတ်ကြည့်ကာ မေးလိုက်သည်- လေးလံနေသလား။

လီယွီ: "......"

ကောင်းပြီ သူက ကိုယ်ဝန် အတုကို လွယ်ထားရုံလေးပါ။

လီယွီသည် သူ၏ 'ဗိုက်' ကို ဝမ်းသာအားရ ခါယမ်းကာ "ဟင့်အင်း..အဆင်ပြေတယ်။ လုံးဝ မလေးဘူး" ဟု တိုးတိုးလေးပြောလိုက်သည်။

သူ ဒီလိုပြောပေမယ့် ကျင်းဝမ်က ဒီအသုတ်မှာ ကလေးလေးယောက်ရှိမှန်း သူ သိတာကြောင့် ကျင်းဝမ်က အနည်းငယ်စိုးရိမ်နေသေးတယ်။ ကိုယ်ဝန်၏နောက်ပိုင်းတွင်၊ ဗိုက်သည်အလွန်ကြီးမားလာရမည်၊ ဝန်ထုပ်ဝန်ပိုးလို ဖြစ်လာလိမ့်မည်။

မူလက ကျင်းဝမ်သည် ရှောင်ယွီကို အဝေးမှ ဖုံးကွယ်ထားလိုပြီး သူ့တစ်ယောက်သာ မြင်လိုသည်။
  လက်ရှိအချိန်မှာတော့ သူဟာ ဒီသဘောတရားကို ပိုပြီးတော့ ခိုင်မာလာပါပြီ။ မလိုအပ်ရင် ရှောင်ယွီကို တခြားသူတွေရှေ့မှာ ပေါ့ပေါ့ဆဆ ပေါ်လာတာကို ခွင့်မပြုတာက ပိုကောင်းပါတယ်။
ယခင်အတိုင်း ကျင်းဝမ်သည် ဧကရာဇ်မင်းထံ အစီရင်ခံစာတစ်စောင် ပေးပို့ခဲ့သည်။ ဝမ့်ရှီးသည် ကျင်းဝမ်၏ ကိုယ်ရေးကိုယ်တာအစေခံဖြစ်ပြီး အပါးတော်မြဲဖြစ်သည်။ သဘာဝအားဖြင့် သူတို့က ဒါကို သူ့ဆီကနေ ဖုံးကွယ်လို့ မရဘူး။

သခင်လေးလီမှာ ကိုယ်ဝန်ရှိနေကြောင်း သတင်းရပြီးနောက် ဝမ့်ကုန်းကုန်းက သည် အချိန်အတော်ကြာ မှိန်းမောနေမိသည်။

လီယွီသည် ဝမ်ရှီက ထူးဆန်းမှုကို ရှာဖွေတွေ့ရှိနိုင်သည့်အတွက် ကြောက်လန့်သွားမည်ဟု ထင်ခဲ့ပေမယ့် မမျှော်လင့်ဘဲ၊ ဝမ့်ရှီး သည် ခဏတာ စိတ်လွတ်ထွက်သွားပြီးနောက်၊ သူသည် ချက်ချင်းပင် ချုံးပွဲချ ငိုတော့သည်။

"အရှင်မင်းသားက ကလေးယူတော့မယ်။ ဒီကျွန်အိုကြီးက  အရမ်းပျော်တယ်။"

 ဝမ့်ရှီး က သူ့မျက်လုံးတွေကို ပွတ်သပ်ပြီး တုန်တုန်ယင်ယင်အသံနဲ့ပြောတယ်။
 "ဒီကျွန်က အရှင်မင်းသားရဲ့ကလေးကို ကိုယ့်မျက်စိနဲ့မြင်နိုင်ရင် နောင်တကင်းစွာနဲ့ သေပျော်ပါပြီလို့  တွေးနေတာ"

ဝမ့်ရှီး သည် ဤအခြေအနေ၏အမှန်တရားကို အစပိုင်းတွင် သံသယရှိခဲ့သော်လည်း၊ ကိုယ်ဝန်ရှိနေသည့် အမျိုးသားတစ်ဦးသည် တစ်ခါမျှ မကြားဖူးသည့် အရာတစ်ခုဖြစ်သည်။ သို့သော်၊ အရှင်မင်းသားသည် သခင်လေးလီကို လုံးဝ ထောက်ခံနေသည်။ သခင်လေးလီ၏ဗိုက်သည် အနည်းငယ်ဖောင်းလာပြီး ကိုယ်ဝန်ရှိနေပုံရသည်။ ဒါက ဘယ်လို အတုဖြစ်နိုင်မလဲ။

ဒါဆို ယောက်ျားက ကိုယ်ဝန်ရရင် ဘယ်လိုလုပ်မလဲ။ ဒါ အရှင့်သားရဲ့ သွေး ရင်း ဖြစ် နေ တုန်း ပဲ ။

ဝမ့်ရှီး ငိုပြီးနောက် ခေါင်းကို ပြန်စောင်းကာ ဟက်ဟက်ပက်ပက် ရယ်ချင်လာပြန်သည်။ သခင်လေးလီသည် အလွန်ကံကောင်းကြောင်း သူ သိသည်။ ငါးကလေးမွေးတဲ့ သခင်လေး ရှောင်ယွီဟာ အလွန်ကောင်းတဲ့ လက္ခဏာတစ်ခုပါ။ အခုပဲ ကြည့်ကြည့်လိုက်၊ အရှင့်သားလေး ကလေး ရတော့မယ်။

ဝမ့်ကုန်းကုန်းက အရမ်းကို စိတ်လှုပ်ရှားနေလို့ ကျင်းဝမ်လည်း သူ့ပုခုံးကို တစ်ချက်ပုတ်ကာ နှစ်သိမ့်ပေးလိုက်ရသည်။

လီယွီလည်း တွေးနေမိသည်။ ဝမ့်ကုန်းကုန်းက ကလေးတစ်ယောက်တည်းကိုပင် ဒီလောက် စိတ်လှုပ်ရှားနေတာ..တကယ်လို့ ဒီအသုတ်မှာ ကလေးက လေးယောက်တောင်ဆိုတာ သိများသိခဲ့ရင် အပျော်လွန်ပြီး သတိလစ်သွားမလားမသိတော့ဘူး?

ကျင်းဝမ်က ဝမ့်ရှီး အနည်းငယ် ငြိမ်သက်သွားသည်အထိ စောင့်ခဲ့ပြီး သခင်လေးလီကိုယ်ဝန်အတွက် မျှော်လင့်ချက် ကြီးကြီးမားမားရှိနေကြောင်း ဝမ့်ရှီး ကို အသိပေးခဲ့ပြီး ၎င်းနှင့်ပတ်သက်သည့် အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သွားမည်ဖြစ်သည်။ ဝမ့်ရှီး က သူ့နားလည်မှုကို ဖော်ပြပြီး ခေါင်းညိတ်လိုက်သည်။ အရှင်မင်းသားသည် သခင်လေးလီကို အလွန်အမင်း အရေးပါကြောင်း ဆက်ဆံခဲ့ပြီးဖြစ်သည်။ ယခု သခင်လေးလီကိုယ်ဝန်ရှိနေပြီဖြစ်သော်လည်း အရှင်မင်းသားက အရာအားလုံးကို ကိုယ်တိုင်သာ လုပ်ချင်နေသည်ဆိုတာကို နားလည်နိုင်သည် ။

ကိုယ်ဝန်ရှိစဉ်အချိန် အရှင့်သား က အရာအားလုံး လုပ်နေရင် သူ ဘာလုပ်ဖို့ လိုဦးမလဲ။

ဝမ့်ရှီး က သူ့ ခေါင်းကို ရိုက်လိုက်တယ်။ သူ ဘယ်လိုမေ့နိုင်မှာလဲ? အရှင့်သားက သူ့ကို မင်္ဂလာဆောင်ဖို့ ပြင်ဆင်စေချင်တယ်။ အရှင့်သားနဲ့ သခင်လေးလီစိတ်ကျေနပ်မှုရရှိရန် ယခုအချိန်တွင် ပို၍ပင် စေ့စေ့စပ်စပ် သတိနဲ့ စီစဉ်ဖို့ လိုအပ်သည်။

ဝမ့်ရှီး ကို အကြောင်းကြားပြီးနောက်၊ ကျင်းဝမ်သည် လီယွီ၏သွေးခုန်နှုန်းကို အကဲဖြတ်ရန်အနောက်ဘက် တောင်တန်း ခရီးတွင်သူနှင့်အတူပါလာသော သမားတော်များကိုခေါ်ခဲ့သည်။ သို့သော်လည်း ယခု အချိန်တွင် သခင်လေးလီသည် ကျင်းဝမ်၏အိမ်ထောင်စုဝင်တစ်ဦးဖြစ်လာပြီး အနာဂတ်တွင် သေချာပေါက် ဘွဲ့တစ်ခုရရှိတော့မည်ဖြစ်သောကြောင့် သမားတော်များသည် လီယွီကို တိုက်ရိုက်မထိတွေ့ရပေ။
 ယင်းအစား သမားတော်များအား ကန့်လန့်ကာအလွှာများစွာဖြင့် ခွဲထားကာ သူတို့နောက်တွင် "သခင်လေးလီ" ရှိနေသည်။ သခင်လေးလီသည် ကိုယ်ဝန်နှစ်လရှိနေပြီဟု သမားတော်များအားလုံးက စစ်ဆေးတွေ့ရှိခဲ့ကြသည်။ တခဏတာ တအံ့တသြ အံ့သြသွားပြီးနောက် သူတို့ကျင်းဝမ်အား ဂုဏ်ပြု စကားဆိုကြသည်။

ထိုအချိန်တွင် ကျင်းဝမ်က ခေါင်းညိတ်လိုက်သည်။ ဒါတွေအားလုံးက စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်နေတာ ဖြစ်သည်။ ဒါကို အဝေးက တော်ဝင်မြို့တော်ကို သိစေဖို့ သမားတော်တွေရဲ့ အကဲဖြတ်မှုတွေကိုသာ အသုံးပြုခဲ့တယ်။ ဧကရာဇ်ယုံကြည်ရသော တော်ဝင်သမားတော်သည် အနောက်နယ်ခြားသို့ အချိန်အတော်ကြာအောင် မရောက်လာနိုင်တော့ပေ။ ထို့ကြောင့် ဧကရာဇ်မင်းသည် ကျင်းဝမ်နှင့်အတူ ပါလာသော ဤသမားတော်များကို ဦးစွာမေးမည်မှာ သေချာသည်။ ထိုအချိန်တွင် သမားတော်များ၏ ဆေးမှတ်တမ်းသည် အဆင်သင့်ဖြစ်နေပေလိမ့်မည်။

ကန့်လန့်ကာများမှ သွေးခုန်နှုန်းကို စစ်ဆေးခြင်းမပြုမီတွင် လီယွီအတွက် ကန့်လန့်ကာနောက်ကွယ်တွင် ထိုင်ရန် ကိုယ်ဝန်နှစ်လရှိပြီဖြစ်သော အမျိုးသမီးတစ်ဦးကို ကျင်းဝမ်က ပထမဆုံး လျှို့ဝှက်ရှာဖွေကာ ခေါ်ထားခဲ့သည်။ သမားတော်များသည် မူလက ကိုယ်ဝန်ဆောင်မိခင်၏ သွေးခုန်နှုန်းကို မည်သို့ခံစားရမည်ကိုပင် မသိခဲ့ပေ။ ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးနိုင်လျှင် လုံလောက်နေပြီဖြစ်သည်။  

ပြီးခဲ့သော အကဲဖြတ်မှုအားလုံးကို ယခုလို လုပ်ဆောင်ခဲ့ပါသည်။ ဒါတွေလုပ်ပြီးတော့ တော်ဝင်မြို့တော်ကို သတင်းပို့ရန်   ကျင်းဝမ် အချိန်မီပြင်ဆင်ခဲ့သည်။

ထိုသတင်းသည် တော်ဝင်မြို့တော်သို့ ပြန်ရောက်သွားခဲ့သည်။ လီယွီကို အဓိက မယားဖြစ်အောင် စီစဉ်ထားသည့် ကျင်းဝမ်က  ခမည်းတော် မင်းကြီးကို လျှောက်တင်လိုက်သည်။

"လီယွီမှာ ကိုယ်ဝန်ရှိနေတယ်လို့ ခမည်းတော်လည်း မမျှော်လင့်ထားမိလောက်ဘူး။ အခု လီယွီက ကိုယ်ဝန်ရှိနေပြီဖြစ်လို့  အဓိက ဇနီးရာထူးကို ရရှိဖို့ သားတော် စိတ်ရင်းမှန်နဲ့ တောင်းဆိုလိုက်ပါတယ်"

ထိုစာလွှာကို ရတော့ ဧကရာဇ်သည် အလွန်တုန်လှုပ်သွားပြီး မေးရိုးပြုတ်ကျသွားသည်။ သူသည် ကျင်းဝမ်၏စာကို အထပ်ထပ်အခါခါ ဖတ်နေရသည်။

အနောက်နယ်ခြားသို့ ဧကရာဇ်စေလွှတ်သော နယ်ခြားစောင့်တပ်များသည်လည်း ဧကရာဇ်မင်းအား အလားတူ အစီရင်ခံချက်ကို ပြန်လည်ပေးပို့ခဲ့သည်။ သမားတော်များ၏ ရောဂါရှာဖွေမှုရလဒ်ကိုလည်း ပူးတွဲ ဖော်ပြခဲ့သည်။

ဧကရာဇ်သည် ဆေးမှတ်တမ်းကို ထပ်ခါတလဲလဲ ပြန်ကြည့်ကာ တစ်စုံတစ်ခုကို လွဲချော်မှာကို ကြောက်နေလေသည်။  

အမျိုးသားများ အမှန်တကယ် ကိုယ်ဝန်ရနိုင်သလား။

အကယ်၍သာ ယခင်ကတည်းက ဒီလိုဖြစ်ရပ် ရှိခဲ့မည်ဆိုလျှင် ဧကရာဇ်သည် ကျင်းဝမ်ကို ဒီစကား ဘယ်ပြောခဲ့မှာလဲ။ အခုတော့  ဆေးမှတ်တမ်းကို မြင်လိုက်ရသောအခါ ဧကရာဇ်ကိုယ်တိုင်ပင် မသေချာတော့ပေ။

နောက်ဆုံးတွင်၊ "အထူးဖွဲ့စည်းပုံ အခြေခံဥပဒေ" သည် တရားမျှတစေရန် ဖြစ်သည်။

ညတွင်းချင်းပင် ဧကရာဇ်သည် တော်ဝင်သမားတော်များအားလုံးကို ဆင့်ခေါ်ပြီး ဆေးမှတ်တမ်းကို ခွဲခြမ်းစိတ်ဖြာရန် အမိန့်ပေးခဲ့သည်။ သမားတော်တွေက တစ်ညလုံး ဆွေးနွေးပြီးပေမယ့်  ရလဒ်မထွက်ဘူး။ လီယွီ၏ အခြေအနေမှန်ကို မည်သူမျှ သဘာဝကျကျ မသိကြပေ၊ အားလုံးက ရင်ဘတ်ကို ပွတ်သပ်ကာ အမျိုးသားများ လုံးဝ ကိုယ်ဝန်မရနိုင်ကြောင်း အာမခံကြသည်။  

ဧကရာဇ်သည် လီယွီကို အကဲဖြတ်ရန် အနောက်နယ်ခြားသို့ ကလေးမွေးဖွားရန် အထူးသမားတော်ကို စေလွှတ်ခဲ့သည်။ ခဏလောက်စဉ်းစားပြီး သူ့စုတ်တံကိုကိုင်ပြီး လျောင်ခုန်းဘုန်းတော်ကြီးထံ စာတစ်စောင်ရေးလိုက်တယ်။

ဘ်ုနးတော်ကြီး လျောင်ခုန်းသည် ဒီကမ္ဘာနှင့် ပတ်သက်သော အတွေ့အကြုံနှင့် ဗဟုသုတ ပြည့်ဝပြီး တိကျသော အဖြေကို ပေးနိုင်လောက်သည်။

လီယွီကိုယ်ဝန်ရဖို့အတွက် ဖြစ်နိုင်ချေ နှစ်ခုပဲရှိတယ်။ ဒါဟာ အစစ်ပဲဖြစ်ဖြစ်၊ ကျင်းဝမ်က ဟန်ဆောင်နေတာဖြစ်ဖြစ် တခုခုတော့ ဖြစ်ရမည်။
 
ကျင်းဝမ်သည် လီယွီအတွက် စဉ်ဆက်မပြတ် လမ်းခင်းနေသော်လည်း ဧကရာဇ်သည် ကျင်းဝမ်သည် ဤမျှ မိုက်မဲသောအမှုကို ပြုလိမ့်မည်ဟု မယုံကြည်ခဲ့ပေ။ တော်ဝင်သွေးသားအဖြစ် ဟန်ဆောင်ခြင်းသည် အလွန်လွယ်ကူစွာ ဖော်ထုတ်နိုင်သော အရာဖြစ်သည်။  

ဒါပေမယ့် တကယ်ဖြစ်လာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

လီယွီကိုယ်တိုင်က နှိမ့်ကျသောဇစ်မြစ်ဖြစ်သည်။ တကယ်က ဝမ်ဖေးအတွက် အကောင်းဆုံး ရွေးချယ်မှုတော့ မဟုတ်ဘူး။ သို့သော်လည်း တစ်ချိန်တည်းမှာပင်၊ ဤပုဂ္ဂိုလ်သည် ထူးခြားသော စွမ်းရည်များကို အကြိမ်ကြိမ်ပြသခဲ့ပြီး ကျင်းဝမ်ကို ချစ်မြတ်နိုးစေခဲ့သည်။ ဧကရာဇ်သည် သူ့အား ချွင်းချက်ကြင်ယာတော်ဘွဲ့ ပေးထားပြီးဖြစ်သည်၊ ဆိုလိုသည်မှာ ကျင်းဝမ် ၏ ကြိုးပမ်းမှုက အောင်မြင်နေပြီဟု ဆိုနိုင်သည်။ ဒါပေမယ့် ကျင်းဝမ်ရဲ့ အနာဂတ် သားသမီးတွေအတွက်တော့ ဧကရာဇ်က လုံးဝသဘောမတူနိုင်ဘူး။


****-************


(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Donde viven las historias. Descúbrelo ahora