ကျင်းဝမ်ကို ငါးက ဘယ်လို ဆွဲဆောင်ရမလဲ....
တကယ်လို့ သူ ပြောလိုက်ရင် သူက ထီးနန်းကို နောက်ကွယ်က ထိန်းချုပ်ချင်လို့ ကျင်းဝမ်ကို အသုံးချနေတယ်လို့ ထင်သွားမှာကိုလည်း သူ စိုးရိမ်နေခဲ့တယ်။
လီယွီက ကျင်းဝမ်ကို ဘယ်ကစပြီး တိုက်တွန်းရမှန်း မသိတော့ဘူး။
မည်သို့ပင်ဆိုစေကာမူ အစွမ်းကုန် ကြိုးစားရပေဦးမည်။ တတိယ မင်းသား သည် နှေးကွေးသော်လည်း ဆဋ္ဌမမင်းသားများသည် အလွန်တက်ကြွရွှင်မြူးစွာဖြင့် တတိယမင်းသားကို ကျော်တက်ကာ ဧကရာဇ်မင်းမြတ်အား အလှလေးကို ဆက်သ ပေးအပ်ဝံ့သည်- ဒါကိုကြည့်ရင် ဆဌမ မင်းသားက အတွင်းနန်းဆောင်ထဲမှာ သူ့ကို ထောက်ပံ့ပေးနိုင်တဲ့ မိန်းကလေးကို ပျိုးထောင်ပေးပြီဆိုတာ ပြသနေတာပဲ။ ဒါပေမယ့် ဘယ်လိုလုပ်လုပ် ဆဋ္ဌမမင်းသားရဲ့ အကြံ မအောင်မြင်နိုင်ပေ။
လီယွီသည် လူသားပုံစံဖြင့် ရှိနေခိုက် ကျင်းဝမ်ကို တိုက်တွန်းဖို့ ကြိုးစားလိုက်သည်။
"တော်ဝင်မင်းသား.... ဆဋ္ဌမမင်းသားက.."
လီယွီသည် သူ့အတွေးများထဲမှာ အချိန်အတော်ကြာအောင် နှစ်နေပြီး ကျင်းဝမ် ၏ အဆင့်အတန်းနှင့် အောင်မြင်ရေးလမ်းကြောင်းကို မထိခိုက်စေဖို့ တက်ကြွစွာ သတိပေးဖို့လုပ်လိုက်ပေမယ့် လီယွီရဲ့ နူတ်ဖျားကနေ ဆဌမ မင်းသား ၏အမည်ကိုကြားပြီး အန္တရာယ်ရှိသော မျက်လုံးများဖြင့် စိုက်ကြည့်လာခဲ့သည်။
ကျင်းဝမ် သည် ဆဌမ မင်းသား ကို မကြိုက်သော်လည်း လီယွီက တချိန်လုံး ဆဌမ မင်းသား အကြောင်းပြောနေတုန်းပဲ။ လီယွီ ဘာမှ မတုံ့ပြန်ရသေးခင်မှာ ကျင်းဝမ်က လီယွီကို ကုတင်ပေါ် လှဲချလိုက်ပြီး နှုတ်ခမ်းတွေ ကြမ်းတမ်းစွာ ပိတ်ဆို့ပစ်လိုက်သည်။
သူတို့နှစ်ယောက်က တစ်နေရာတည်းမှာ ပူးကပ်ကာ တချိန်လုံး ရှိနေတဲ့အတွက် ကျင်းဝမ် ဟာ လီယွီနဲ့ ခုလို ရင်းနှီးစွာနေတဲ့အဆင့်ကို လျင်မြန်စွာ တိုးတက်လာခဲ့သည်။ လီယွီသည် ကျင်းဝမ် နမ်းချင်၊ ဖက်ချင်သမျှကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ နောက်ဆုံးအဆင့်ကို သူတို့ မသွားနိုင်ခဲ့ပေမယ့် ကျင်းဝမ်က လီယွီအပေါ်ကို အရမ်းကောင်းပါတယ်။ စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့တယ်။ အရမ်းကြီး သူလိုချင်တာ မရယူခဲ့ဘူး။ ဆန့်ကျင်ဘက်အနေနှင့် လီယွီ၏ခံစားချက်များကို ကျင်းဝမ်က တကယ်ဂရုစိုက်ခဲ့သည်။
YOU ARE READING
(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)
Historical FictionGenre _ Historical, Romance, Comedy, Yaoi
Chapter (72) - အခြားယောကျာ်းတွေကို မကြည့်နဲ့....
Start from the beginning