Chapter (59-1) - ငါးကလေးကို အချဉ်ဖမ်းချင်သည့် ကုန်သည်

Start from the beginning
                                    

ဒီစားသောက်ဆိုင်က ဒီမှာ အကြီးဆုံး စားသောက်ဆိုင်လို့ ပြောလို့ရတယ်။ ဒေသခံတွေက ဦးစီးလုပ်ကိုင်ပေမယ့် ချက်ပြုတ်ရာမှာ သုံးတဲ့ စားဖိုမှူးတွေအားလုံး ကျင်းကျွယ်ကပါ။ ကျင်းကျွယ်လူမျိုးတွေသည် အမဲသားနှင့် သိုးသားကို ချက်ပြုတ်ရာတွင် ကျွမ်းကျင်သည်ဟု ဆိုကြသည်၊ ထို့ကြောင့် စားသောက်ဆိုင်၏ ထင်ရှားသော ဟင်းလျာများမှာ သိုးသား ကောင်လုံးကင်နှင့် သီတံမျိုးစုံဖြင့် ကင်ထားသော အသားများက လီယွီကို သဘောကျစေပါသည်။

လီယွီ (Li Yu) က မထိန်းနိုင်ဘဲ ပြောလိုက်သည်။

"အရှင်မင်းသား.... လမ်းမကြီးတလျှောက် တောင်ဘက်ကို ဖြည်းဖြည်းချင်း လမ်းလျှောက်ကြရအောင်၊ လမ်းဘေးဆိုင်တွေကို ကြည့်လိုက်၊ စားသောက်ဆိုင်မှာ စားသောက် ကြည့်ပြီးတော့ တောင်ဘက်ကို လမ်းလျှောက်ပြီး ပြန်ကြစို့၊ ဘယ်လိုလဲ။"

လီယွီ၏အကြံအစည်သည် ကျေနပ်စရာကောင်းပြီး ကျင်းဝမ်က ကန့်ကွက်ခြင်းမရှိသဖြင့် ဆက်လက်လုပ်ဆောင်ရန် ဝမ့်ကုန်းကုန်းကို အချက်ပြလိုက်သည်။

မင်းသားသည် စားသောက်ဆိုင်သို့ အရင်သွားစစ်ေဆေးရန် အစောင့်တစ်ယောက်ကို ချက်ချင်း အမိန့်ပေးကာ အကောင်းဆုံး သီးသန့်ခန်းကို ကြိုတင်မှာထားကာ အချိန်ပေးရသည့် ဟင်းဖြစ်သည့် သိုးသားကင်ကို ခဏတာတွင်း လုပ်လို့မရသဖြင့် ကြိုတင် လုပ်ထားစေသည်။

သခင်လေးလီနှင့် ကျင်းဝမ် အရှင့်သားက ခဏတာ ဈေးဝယ်ထွက်ကြမယ့်ပုံရပြီး စားသောက်ဆိုင် ရောက်တဲ့အခါ အဆင်သင့် သုံးဆောင်လို့ ရနိုင်လောက်သည်။

လီယွီနှင့် ကျင်းဝမ်တို့သည် စီစဉ်ထားသည့်အတိုင်း ဈေးထဲမှာ လှည့်ပတ်သွားကြသည်။

ဝမ့်ကုန်းကုန်း ပြောတာ မှန်တယ်။ ကျင်းကျွယ် ဒေသထွက် ကုန်ပစ္စည်းအများအပြားကို ဈေးကွက်တွင် ရောင်းချလျက်ရှိသည်။ လီယွီသည် ယခင်က မူရင်းစာအုပ်မှ စာကြောင်းနှစ်ကြောင်းကို ဖတ်ခဲ့ဖူးသည်။

ကျင်းကျွယ်က လူတွေက တောက်ပြောင်သော ရွှေအဆင်တန်ဆာများ အထူးသဖြင့် လက်ကောက်များနှင့် မျက်နှာဖုံးများကို နှစ်သက်ကြသည်။ လက်ကောက်များနှင့် မျက်နှာဖုံးများကို များသောအားဖြင့် ကျင်းကျွယ် ၏ ရွှေရောင် အနက်ရောင် သင်္ကေတဖြင့် ခြယ်သထား ကြသည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now