(U) Chapter (54)_ လှည့်စားခံရတဲ့ ငါးကလေး.....

Magsimula sa umpisa
                                    

 လီယွီက အသံမပြုဝံ့ပေ။ ကျင်းဝမ်က ဒီခွက်အသေးကိုပဲ သုံးလေ့ရှိတာကို အလိုလိုက် အချစ်ခံရတဲ့ ကိုယ်လုပ်တော် ဇနီးလေးက ဘာကြောင့် မသိရတာလဲ။ ဒါပေမယ့် နောက်ဆုံးတော့ သူက ကျင်းဝမ် သောက်တဲ့ခွက်ကို မှန်ကန်စွာ ရွေးလိုက်နိုင်လေပြီ။

 ချူးရန့်ရီသည် ထိုအသေးထဲ ဆေးမှုန့်ကို အကုန် လောင်းထည့်ပြီး  သူ့လက်ထဲတွင် နောက်ဆုံးကျန်သည့် ဆေးမှုန့်တစ်ထုပ်ကို စိုက်ကြည့်ကာ  အနည်းငယ်တုန်လှုပ်နေသလိုပင်။ ထိုစဉ် တံခါးအပြင်ဘက်တွင် လှုပ်ရှားသံများကို ကြားလိုက်ရသဖြင့် တစ်စုံတစ်ယောက်ရောက်လာသည်ကို သိလိုက်သည်။ ချူးရန့်ရီက တုန့်ဆိုင်းမနေတော့ဘဲ နောက်ဆုံးအမှုန့်တစ်ထုပ်ကို အမြန်စားလိုက်သည်။

လီယွီ: ! !

ဒီဆေးက အဆိပ်မဟုတ်လို့ ချူးရန့်ရီ စားလိုက်တာဖြစ်မည်ဟု လီယွီ သေချာသိသွားသည်။ အဆိပ်သာဆိုရင် သူက စားမည် မဟုတ်ပေ။

  လီယွီ စိတ်ရှုပ်ထွေးနေသည်။ ဒီဟာက အဆိပ်မဟုတ်ရင် အချစ်ဆေးများဖြစ်နေမလား....

 မူရင်းစာအုပ်ထဲ၌ ကျင်းဝမ်က လျစ်လျူရှုခဲ့သော ကိုယ်လုပ်တော်လေးက ကျင်းဝမ်ကို အချစ်ဆေးတိုက်ရန် သွားစဉ်   ငါးတစ်ကောင်ကို တိုက်မိခဲ့သည်။ တကယ့်ကိုပဲ...လီယွီခမျာ ဇာတ်လမ်းထဲက ငါးကို အူလိုက်သည်းလိုက် ကိုယ်ချင်းစာသွားမိသည်။

ချူးရန့်ရီသည် သူ့ပါးစပ်နားက အမှုန့်တွေကို သေချာသုတ်လိုက်ပြီး ငါးစာလက်တဆုပ်ကို ယူကာ ငါးကန်ရှေ့တွင် ရပ်ပြီး ကျဲချကာ ကျွေးလိုက်သည်။
 
ထိုအချိန် ကျင်းဝမ်က တံခါးဖွင့်ကာ အခန်းထဲကိုဝင်လာခဲ့သည်။
 
ချူးရန့်ရီက အံ့သြဟန်ဆောင်ကာ ငါးစာကိုချလိုက်ပြီး "အရှင်မင်းသား" ဟုလေးစားစွာနှုတ်ဆက်လိုက်သည်။

လီယွီက ချူးရန့်ရီ၏နောက်ကနေ ကြည်လင်သောငါးကန်အနားကို အရပ်ရှည်ရှည် လူက တစ်လှမ်းချင်း လျှောက်လာကာ တဖြည်းဖြည်း နီးလာသည်ကို ကြည့်နေသည်။

ဒီလူက ဘယ်လိုဖြစ်ပြီး အရှက်မဲ့စွာနဲ့သူ့ကို မျက်နှာချင်းလာဆိုင်ရဲ့သေးသလဲလို့ လီယွီက တွေးနေပေမယ့် သူ့နှလုံးခုန်သံကာ ဘာကြောင့်ရယ်မသိ မြန်လာပြီး ငါးကလေး လီယွီက နောက်ကို ဆုတ်လိုက်စဉ် ကျောက်တောင်တုနှင့် ကိုယ်က တိုက်မိကာ ရပ်သွားခဲ့သည်။
ကျင်းဝမ်က ဒူးထောက်အရိုသေပေးနေသည့် ချူးရန့်ရီကို တချက်ပင်စောင်းငဲ့မကြည့်ပဲ ငါးကန်ရှိရာကို တန်းတန်းမတ်မတ် လာခဲ့သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Tahanan ng mga kuwento. Tumuklas ngayon