(Completed) အာဏာရှင်ဆိုးကြီးရ...

Av MayKingMK119

1M 186K 2.6K

Genre _ Historical, Romance, Comedy, Yaoi Mer

Characters
Chapter (51) _ တိုဖူးစားခံလိုက်ရတဲ့ ရှောင်ယွီလေး
Chapter (1_50)
Chapter (52) _ အနမ်းသူခိုးကို အပြစ်ပေးရမယ်
Chapter (53)_ ကျင်းဝမ်ရဲ့အိပ်ယာပေါ် တွယ်တက်ချင်တဲ့ ကိုယ်လုပ်တော်လေး
(U) Chapter (54)_ လှည့်စားခံရတဲ့ ငါးကလေး.....
(z) Chapter (54)_ လွည့္စားခံရတဲ့ ငါးကေလး.....
Chapter (55-1)_ ရုပ်တုလေး ဖက်အိပ်နေသည့် ရှောင်ယွီ
Chapter (55-2)_ ဖျားသွားသော ငါးကလေး
(U+Z) Chapter (56) - စိတ်ပျော့လာသော ငါးကလေး
Chapter (57-1)_ အလိမ်ပေါ်သွားပြီလား....
Chapter (57-2)_ ချူးရန့်ရီကို အပြစ်ပေးခြင်း
(U/Z) Chapter (58-1) _ ဒါက ချိန်းတွေ့တာပဲ မဟုတ်လား...
Chapter (58-2) _ ဝမ်ရယ်နဲ့ ဝမ်ဖေးကို ကြိုဆိုပါတယ်
Chapter (59-1) - ငါးကလေးကို အချဉ်ဖမ်းချင်သည့် ကုန်သည်
Chapter (59-2) -ညစ်ပတ်တဲ့ ကုန်သည်ကို ပညာပေးလိုက်သည့် ငါးကလေး
Chapter (60-1) - သခင်လေးယဲ့နှင့် တွေ့ဆုံခြင်း
Chapter (60-2) - ငါးကလေး ခိုးနမ်းခံလိုက်ရခြင်း....
Chapter (61-1)- ရှာလကာရည်သောက်နေသော ကျင်းဝမ် အရှင့်သား.....
Chapter (61-2)_ အနမ်းကို မျှော်လင့်နေမိသော ရှောင်ယွီ
Chapter (62-1) - အရှင့်သားကို ကျွန်တော် စိတ်မဆိုးတော့ပါဘူး
Chapter (62-2) - ကျင်းဝမ်ရဲ့ လျှို့ဝှက်ချက်ကြီး
Chapter (63-1) _ XXX လုပ်နေချိန် ငါးအသွင်ပြန်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ
Chapter (63-2) _ ငါးကြင်မိစ္ဆာက သူ့ဆီက ယန်စွမ်းအားကို စုပ်ယူချင်လို့လား
Chapter (64-1) _ ရှောင်ယွီရဲ့ စည်းကမ်း သုံးချက်
Chapter (64-2) _ အလုပ်တက်သည့် ရည်းစားနောက် လိုက်နေရသည့် ငါးကလေး
Chapter (65) : ငါကိုယ်တော်ရဲ့ ချစ်သူ ချက်ပေးလိုက်တဲ့ဟင်းတွေ.....
Chapter (66):"ငါ့ အနှစ်တွေကို စုပ်ယူစေချင်တယ်"
Chapter (67)_ မုထျန်းရှောင်နှင့် ချူးရန့်ရီ
Chapter (68): ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေကို အတူတူ မျှဝေပါ
Chapter (69) - ဆွေပြမျိုးပြ....
Chapter (70) - နောက်ထပ်လျှို့ဝှက်ချက်.....
Chapter (71) - ရှာလကာရည်သောက်သော ကျင်းဝမ်
Chapter (72) - အခြားယောကျာ်းတွေကို မကြည့်နဲ့....
Chapter (73) - တိုဖူးဖြင့် အာဏာရှင်ကြီးကို အနိုင်ယူလိုက်သည့် ရှောင်ယွီ
Chapter (74) _ မုထျန်းချီရဲ့ အရိပ်ပြကွက်
Chapter (75) _ ရှောင်ယွီလေးရဲ့ အချစ်
Chapter (76) _ မခွဲအတူ ပျော်ရွှင်မှုနဲ့ ဆင်းရဲမှုကို မျှဝေခံစားမယ်
Chapter (77-1) - ပျော်ရွှင်မှု၊ ဝမ်းနည်းမှုကို အတူဝေမျှခြင်း
Chapter (77-2) - ကိုယ်ဝန်ရှိနေသော ဝမ်ဖေး
Chapter (77-3) - မီးမွှေးနေသည့် ငါးကလေး
Chapter (77-4) - လုပ်ကြံခံရသည့် ငါးကလေး
(Zawgyi) Chapter (77-4) - လုပ္ႀကံခံရသည့္ ငါးကေလး
Chapter (78-1) -ငါးကလေးရဲ့ တိတ်တခိုး မျှော်လင့်ချက်
Chapter (78-2) - နားလည်လက်ခံပေးတဲ့ချစ်သူ
Chapter (79-1)- မင်းဒီမှာ ဘယ်လောက်ကြာကြာ နေနိုင်မလဲ။
Chapter (79-2)-"အချစ်မီးပုံကြီး တောက်လောင်သလို စွဲလန်းခြင်း" မစ်ရှင်
Chapter (80-1) -အနောက်ဘက် တောင်တန်းပေါ်မှ ဓါးပြအုပ်စု
Chapter (80-2) - ဓါးပြများကို ထောင်ချောက်ဆင် တိုက်ခိုက်ခြင်း
Chapter (81-1) - ကျင်းဝမ်ရဲ့ အောင်ပွဲ
Chapter (81-2) - ငါးကြင်းနတ်ဆိုးတွေလည်း ယန်စွမ်းအားကို စုပ်ယူကြတာပဲ
Chapter (82-1) - အရှင့်သားရဲ့ယန်စွမ်းအားက ခြောက်ကပ်သွားပြီလား
Chapter (82-2) -ငါးက လုပ်ပဲ လုပ်ချင်တာ...ကလေး မမွေးချင်ဘူး!!
Chapter (83-1)- သူ့ဗိုက်က ပြားနေသေးတယ်
Chapter (83-2)- ငါ့ဗိုက်ကို အမှတ်တမဲ့ မထိနဲ့လေ....
Chapter (84-1) - ရှောင်ယွီရဲ့ကလေးတွေ
Chapter (84-2) - ငါ မင်းကိုယ်စား ငါးကလေးတွေ မွေးလာအောင် ပြုစုပေးမယ်
Chapter (85-1)- အကြွားပိုလွန်းတဲ့ ဖေဖေကြီး
Chapter (85-2) - လက်ထပ်ခွင့်တောင်းခြင်း
Chapter (86-1)- ငါးကလေးများကို သင်ကြားပေးနေသည့် ငါးဖေဖေကြီး
Chapter (86-2) - ဘုရင်ကြီးကို တပတ်ရိုက်ခြင်း
Chapter (87-2) - ကျိုင်းကောင်အုပ် ကျရောက်ခြင်း
Chapter (88-1) - ကျိုင်းကောင်အုပ်ကို နှိမ်နှင်းခြင်း
Chapter (88-2) - ဘဲစစ်တပ်
Chapter (89-1) -ကျိုင်းကောင်ကပ်ဘေးကို အောင်နိုင်ခြင်း
Chapter (89-2) - အရန်ကြင်ယာတော်အဖြစ် ခန့်အပ်ခြင်း
Chapter (90-1) - ကိုယ်ဝန်အတုကို ဖန်တီးခြင်း
Chapter (90-2) -လူသားဖြစ်လာတဲ့ ငါးပေါက် လေးကောင်
Chapter (91-1) - ကလေးသုံးယောက်ကို စည်းရုံးခြင်း
Chapter (91-2) - ကျင်းဝမ်၏သွေးသားအမှန်
Chapter (92-1) - ချောက်ချခံရသည့် တတိယမင်းသား
Chapter (92-2) - နောက်ကွယ်မှ တရားခံအစစ်
Chapter (93-1) - ပါးပါးနှစ်ယောက်ကို တွယ်ကပ်နေသည့် ပေါက်စလေးများ
Chapter (93-2) - အရူးတွေ... အားလုံး...အရူးတွေပဲ....
Chapter (94-1) - ပါးပါးတွေရဲ့မင်္ဂလာပွဲ
Chapter (94-2) - မင်္ဂလာဦးခုတင်ထက်က ဘိုးဘေးလေးများ
Chapter (95-1)- ဝမ်းကွဲရဲ့ ဝါသနာဆန်း
Chapter (95-2) - ရေသူထီး နှင့် ငါးလူသား
Chapter (96-1) - ဦးလေးယဲ့နှင့် ဖက်တီးလေးများ
Chapter (96-2) - ငါးလူသားလေး ရှောင်ယွီ
Chapter (97-1) - ရေသူထီးလေး ရှောင်ယွီ
Chapter (97-2) - ' ဓားပြတွေကို သုတ်သင်ဖို့ အချိန်တန်ပြီ'
Chapter (98-1) - ပြင်ပမှ ကလေးငိုသံများ
Chapter (98-2) - ထောက်ချောက်ထဲ ကျသွားသည့် ရှောင်ယွီ
Chapter (99-1) - အရှင်မင်းသား လာကယ်ပြီ
Chapter (99-2)- အပြစ်ပေးခံလိုက်ရသည့် ရှောင်ယွီ
Chapter (100-1) _ တကယ့် တရားခံအစစ်
Chapter (100-2) - တုံအ မိုက်မဲသည့် လင်လင်စုံတွဲ
Chapter (101-1) - တစ်စိတ်တပိုင်းသာ အောင်မြင်သော မစ်ရှင်
Chapter (101-2) - ရှာလကာရည်သောက်သော ထျန်းချီ.....
Chapter (102-1) - အဖိုးဆီကို စာရေးသည့် ကလေးများ
Chapter (102-2) - ဉာဏ်ကြီးရှင်ပေါင်းရိ
Chapter (103-1) - အကိုကြီးပျော်အောင် အနမ်းပေးမယ်
Chapter (103-2)- အမျိုးသားကိုယ်လုပ်တော် ချူးကွေ့ရန်
Chapter (104-1) - ရွှေမြို့တော်သို့ ထွက်ခွာပြီ
Chapter (104-2) - ဖက်တီးလေး ကျင်းဝမ်
Chapter (105-1) - အဖိုးနှင့် မြေးများ
Chapter (105-2) - အချစ်ပြိုင်ဖက် ဖက်တီးလေး
Chapter (106-1) - သမီးလေး တစ်ယောက် ထပ်မွေးရမလား
Chapter (106-2) - မနာလိုစိတ်အားကြီးသည့် ဆဌမ မင်းသား
Chapter (107-1) _ ကျင်းဝမ်ရဲ့အားနည်းချက်ကို ဆုပ်ကိုင်မိပြီ
Chapter (107-2) - အရုပ်လုကြသည့် ကလေးပေါက်စလေးများ
Chapter (108-1) - ဝမ်ဖေးရဲ့ သြဝါဒ
Chapter (108-2) _ ကျင်းဝမ်၏ နို့ထိန်း
Chapter (109-1) - ပုလျှိုရဲ့ ပြစ်မှု
Chapter (109-2)-"ထျန်းချီ... တခြားငါးကို ထိတွေ့မကစားရဘူး!"
Chapter (110-1) _ ပေါင်းဆုနှင့် ရှုန်ဖုန်
Chapter (110-2) - သမီးလေး တစ်ယောက်ရအောင် လုပ်ကြစို့
Chapter (111-1) - ဘာကြောင့် ကိုယ်ဝန်က မရသေးတာလဲ
Chapter (111-2)- ထျန်းချီ ကျွန်တော့်ထဲကို မထည့်နဲ့တော့လေ
Chapter (112-1) _ ဆဌမ မင်းသားရဲ့ အကောက်ဉာဏ်
Chapter (112-2)- ကတုံးပေါ်ထပ်ကွက်ခြင်း
Chapter (113-1) - တော်ဝင်အမဲလိုက်ပွဲ
Chapter (113-2) - အချစ်စွမ်းအား
Chapter (114-1) - အမဲလိုက္ပြဲရလဒ္
Chapter (114-2) - ညီအစ်ကိုလေးယောက်၏ ချစ်ခြင်း
Chapter (115-1) -ကလေးတွေက ကျင်းဝမ်ရဲ့သွေးသားတွေ မဟုတ်ဘူး
Chapter (115-2) - ပေါင်းရိအပေါ် ယဲ့ယဲ့၏ယုံကြည်မှု
Chapter (116-1) - မင်းကြီး၏ယုံကြည်မှုှု
Chapter (116-2)- ကျင်းဝမ်ကို မင်းကြီး သံသယ ဝင်နေပြီလား....
Chapter (117-1) - လူတိုင်းက ပေါင်းရိကို အကူညီတောင်း၇တာ ကြိုက်တယ်
Chapter (117-2) -ညီလေးတွေကို ကာကွယ်ပေးမယ့် အကိုကြီး
Chapter (118-1) _ ရလဒ်ကို ပြောင်းလဲခြင်း
Chapter (118-2) - နောက်ကွယ်က တရားခံပေါ်ပြီ
Chapter (119-1) - ငါ မင်းကို အမြဲတမ်း ကောင်းကောင်းဆက်ဆံပါ့မယ်
Chapter (119-2) - လီယွီရဲ့ အကြင်နာတရား
Chapter (120-1) - အကြင်နာကင်းမဲ့သည့် ဆဌမမင်းသား
Chapter (120-2) - မင်းကြီးကို လုပ်ကြံခြင်း
Chapter (121-1) - နှစ်ဆယ်ချီ အဆိပ်မိနေခြင်း
Chapter (121-2) - ဆွံ့အခြင်း၏ အကြောင်းရင်း
Chapter (122-1) - ဆေးနည်း
Chapter (122-2) - ပူလျှို၏အခန်းကို ဝင်ရောက်စစ်ဆေးခြင်း
Chapter (123-1) - ရွယ်ယားမှုန့်
Chapter (123-2) - ချစ်သူ့ ခေါ်သံ
Chapter (124-1) - ဝမ်းသာဝမ်းနည်း
Chapter (124-2) - သမီးလေးတစ်ယောက် အရင်လုပ်ကြမလား...
Chapter (125-1) - ခွေးစာကျွေးခံရသည့် မင်းကြီး
Chapter (125-2) - လော့လန်ပြည်
Chapter (126-1) - "အနွေးဂျက်ကက်လေး" မစ်ရှင်
Chapter (126-2) - မွေးကြတာပေါ့....
Chapter (127-1) - လော့လန်ကိုယ်လုပ်တော်
Chapter (127-2) - ဖျောင်းရွှယ်
Chapter (128-1) _ သခင်မ အနားတွင်သာ နေချင်သည့် ဖျောင်းရွှယ်
Chapter (128-2) - နန်းတော်ကို ထိန်းချုပ်ထားခြင်း
Chapter (129-1) - ဝမ်ဖေး...ဆက်ခံသူလေးက အရမ်းငိုနေတယ်
Chapter (129-2) - အပြတ်ငြင်းလိုက်တဲ့ ပေါင်းရိ
Chapter (130-1) - ငါးကိုယ်တိုင် လိုက်စုံစမ်းမယ်
Chapter (130-2) - လောင်ကုန်းနဲ့ပြန်ဆုံပြီ
Chapter (131-1) - လောင်ကုန်းကို ကယ်တင်သည့် ငါး
Chapter (131-2) - မင်းသမီး လန်ယာ
Chapter (132-1) - ဘုရင်မဖြစ်ချင်သည့် လန်ယာမင်းသမီး
Chapter (132-2) - လောင်ကုန်းကို ကယ်မယ့် ငါး
Chapter (133-1) - ငါးလူသားနှင့်တိုးသည့် လူတစ်စု
Chapter (133-2) - ကလေးတွေနဲ့ သူတို့အိမ်ကို ကာကွယ်ရမယ်
Chapter (134-1) - မင်းကြီးကို ကယ်တင်ခြင်း
Chapter (134-2) - အလုံးစုံပျက်သုဉ်းခြင်း အဆိပ်နှင့် မင်းသမီး လန်ယာ
Chapter (135-1) - ဆက်ဆီကျသည့် လောင်ကုန်းရဲ့ စကားသံ
Chapter (135-2) - မြင်းစီးမတော်ပေမယ့် အခြားအရာ စီးတာတော်တဲ့သူ
Chapter (136-1)- အဖိုးကို နှစ်သိမ့်ပေးသည့် ဝတုတ်လေးများ
Chapter (136-2)- ရှောင်ယွီရဲ့ အချစ်ပြိုင်ဖက်များ
Chapter (137-1) - ရှာလကာရည်သောက်နေသော ငါးကလေး
Chapter (137-2) - အပျော်လုံးဆို့သွားသည့် မင်းကြီး
Chapter (138-1) - အိမ်ရှေ့စံ အတွက် နောက်ထပ် မင်္ဂလာပွဲ
Chapter (138-2) - ငါ့ချစ်သူက အိမ်ရှေ့စံမင်းသား အားးးးးးးးး!
Chapter (139-1) - ဖူးဖူးမှုတ် အချစ်ခံရသည့် ထိုက်ကျူဖေး
Chapter (139-2) - မူလရုပ်သွင် ပြန်ပြောင်းစေရန် အကောက်ကြံခြင်း
Chapter (140-1) - ယုံးဖူနန်းတော်မှ သူလျှို
Chapter (140-2) - အသွင်ပြောင်းကြတာပေါ့....
Chapter (141-1) _ အခွင့်ရေးမရခဲ့သည့် ချူးကွေ့ရန်
Chapter (141-2) - နို့ထိန်း ချောချောလေး
Chapter (142-1) _ ထိုက်ကျူဖေးက ငါးနတ်ဆိုး ဖြစ်ကြောင်းပါ
Chapter (142-2) - ငါ ဘယ်သူဆိုတာ အရင်ကြည့်သင့်တယ်
Chapter (143-1) - အအေးနန်းတော်ကို အပို့ခံရတော့မလား
Chapter (143-2) - ခင်ဗျား နို့စို့တာကို ရပ်တန့်ဖို့ အစီအစဉ် မရှိဘူးလား
Chapter (144-1) - ဖျောင်းရွှယ် Vs အိမ်ရှေ့စံမင်းသား
Chapter (144-2) - ဖျောင်းရွှယ်အတွက် ကလဲ့စား
Chapter (145-1) - အချစ်ဘန်းတိုး သို့မဟုတ် ထိုက်ကျူဖေး၏ထမင်းဘူး
Chapter (145-2) - အချစ်နဲ့ အရာရာကို ရင်ဆိုင်မယ်
Chapter (146-1) - ထျန်းချီ....ကျွန်တော် မွေးတော့မယ်
Chapter (146-2) - ငါးပါးပါးနိုးလာတာကို စောင့်မယ်။ ညီမလေးကို စောင့်မယ်
Chapter (147-1) _ ကုန်းကျူဘွဲ့ ပေးအပ်ခံရခြင်း
Chapter (147-2) - လျန်ရှီး၏ကျေးဇူးတင်လက်ဆောင်
Chapter (148-1) - သူက နတ်ဆိုးလား
Chapter (148-2) - ငါ့ခင်ပွန်းက ဒီလိုမျိုး ထူးထူးဆန်းဆန်း စိတ်ဝင်စားမှု မရှိဘူး
Chapter (149-1) - မုဆိုးမများကို ကူညီပေးမယ့် ငါးကလေး
Chapter (149-2) - နောက်ဆုံး စမ်းသပ်မှု
Chapter (150-1) - အိမ်ရှေ့စံမင်းသားမှာ အထူးအခွင့်အရေးတွေ ရှိတယ်
Chapter (150-2) - အရင်တုန်း ကပြောခဲ့တဲ့ အကြောင်းကို ပြန်ဆွေးနွေးလို့ရမလား
Chapter (151-1) - ချောင်းကြည့်ခြင်း
Chapter (151-2) -ကျွန်တော် ခင်ဗျား နဲ့ မခွဲပါဘူး
Chapter (152-1) - မင်းအတွက်သာဆိုရင် ငါ့အသက်သေသွားလည်း ကိစ္စမရှိဘူး
Chapter (152-2) - ငါးကြင်းနတ်ဆိုးရဲ့ အသိုက်ကို လိုက်လည်ခြင်း
Chapter (153) - ကလေးလေးမုထန်းချီ၊ မင်းအဖေ လီယွီက မင်းကို ရှာနေတယ်။
Chapter (154) - အနမ်းတပွင့်
Chapter (155) ကစားကွင်းမှာ အတူတူ ကစားမယ်
Chapter 156- End - သလင်းနန်းတော်ထဲမှ ငါးမိသားစု

Chapter (87-1) - ကျင်းဝမ်အတွက် သတို့သမီးလိုက်ရှာခြင်း

4.4K 857 1
Av MayKingMK119

Chapter (87-1) - ကျင်းဝမ်အတွက် သတို့သမီးလိုက်ရှာခြင်း



ဧကရာဇ်သည် ထိုစာကို လက်ခံရရှိတော့ ပြင်းထန်စွာ အပြစ်ပြောခဲ့သည်။ လက်အောက်ငယ်သားကို ဆုပေးရုံပဲ မဟုတ်လား။ ဝမ်ဖေးအဖြစ် လက်ထပ်ခြင်းအဖြစ်ကို ဘယ်လိုပြောင်းလိုက်တာလဲ။

သို့သော်လည်း ကျင်းဝမ်သည် ထိုအိမ်ထောင်ရေးအား ဆုလာဘ်ဟု အတင်းအကျပ်ခေါ်ဝေါ်ခဲ့သော်လည်း လီယွီကို ဆုချခြင်းသည် ဧကရာဇ်မင်းမြတ်သည် ကျင်းဝမ်ကို သူ့ကိုယ်သူ ဆုံးဖြတ်ခွင့်ပေးခဲ့သည့် အရာဖြစ်သည်။ ဧကရာဇ်သည် ယခင်က ကျင်းဝမ်၏ စုံစမ်းမေးမြန်းမှုအများအပြားကို ပြန်လည်သတိရခဲ့ပြီး ကျင်းဝမ်သည် သူ့အတွက် ဤထောင်ချောက်ကို အဆင်သင့်ချထားခဲ့သည်မှာ အလွန်ဖြစ်နိုင်ဖွယ်ရှိကြောင်း သဘောပေါက်ခဲ့သည်။  

ဟိုတုန်းက ကျင်းဝမ်က လီယွီကို ဘယ်လို ဆုပေးမလဲဆိုပြီး စိတ်ပူနေချိန်မှာတော့ ဒါဟာ အတုအယောင်တွေ ဖြစ်နိုင်တယ်။ သူတကယ်လိုချင်ခဲ့တာက ဒီမင်္ဂလာပွဲကို အဆင်ပြေချောမွေ့ဖို့ပဲ။

ဧကရာဇ်သည် အလွန်တုန်လှုပ်သွားပြီး အလွန်အမျက်ထွက်ကာ ကျင်းဝမ်က သူ့အား အကွက်ချ အကြံအစည်ပြုသည့်အတွက် ဒေါသထွက်သည့်အပြင် ကျင်းဝမ်သည် သူ့ဝမ်ဖေးအတွက် ယောက်ျားတစ်ယောက်နှင့် လက်ထပ်လိုသည့်အတွက်လည်း ဒေါသထွက်ခဲ့သည်။

ဤမင်းဆက်သည် လိင်တူဆက်ဆံခြင်းကို တားမြစ်ထားခြင်းမရှိသော်လည်း၊ ရှေးယခင်ဧကရာဇ်များသည် ယခင်က ဝမ်ဖေးအမျိုးသားများ ရှိခဲ့ပြီး သူတို့အပေါ်တွင်လည်း အလွန်အလိုလိုက်ကာ ချစ်မြတ်နိုးခဲ့သည်။ လက်ရှိဧကရာဇ်ကိုယ်တိုင်ပင်လျှင် အသစ်အဆန်းကို စမ်းကြည့်ချင်ပြီး ယခင်က တော်ဝင်ကိုယ်လုပ်တော် အမျိုးသားတစ်ဦးရှိခဲ့သည်။ သို့သော် ယောက်ျားသည် အဓိက ဇနီး သို့မဟုတ် ကိုယ်လုပ်တော် ဖြစ်လာနိုင်သည်ဖြစ်စေ...... နောက်ဆုံးတွင်၊ အမျိုးသားကိုယ်လုပ်တော်များသည် ရုပ်သွင်မည်မျှ ချောမောပါစေ  အမျိုးသားများသည် ကလေးမမွေးနိုင်သောကြောင့် အဓိကဇနီးရာထူးကို သိမ်းပိုက်နိုင်မည်မဟုတ်ပေ။ ကျင်းဝမ်သည် လီယွီကို သူ၏ နံဘေးတွင် တရားဝင် မယား ဝမ်ဖေး အဖြစ် ခန့်အပ်ရန် စိတ်ပိုင်းဖြတ်ထားလျှင် ဧကရာဇ်သည် ကျင်းဝမ်၏ဆန္ဒကို လိုက်နာပြီး ခွင့်ပြုလိုက်ပေမည်သာ ဖြစ်သည်။ ဝမ်ဘွဲ့ရမင်းသားတစ်ပါး ရဲ့ အခြေအနေအရ သူ့မှာ အဓိက ဇနီးနဲ့ နောက်ထပ် မယားနှစ်ယောက် ထားရှိခွင့် ရတယ်။ လီယွီသည် လူသားတစ်ဦးလည်းဖြစ်ပြီး သာမန်လူတစ်ဦးလည်း ဖြစ်သည်။ ဇနီးမယားများများ ရယူခြင်းသည် သူ့အတွက် ရွှင်လန်းဖွယ်ကောင်းသည့် အရာတစ်ခုဖြစ်သည်။

သို့သော်လည်း ကျင်းဝမ်၏ အစီရင်ခံစာတွင် သူဖော်ပြခဲ့သည့်အရာမှာ အဓိက ဇနီးဖြစ်သည်။ လီယွီအား ပေးလိုသောရာထူးမှာလည်း အဓိက ဇနီးရာထူးလည်းဖြစ်သည်။ ဧကရာဇ်လည်း ဘယ်လိုမှ  သဘောမတူပေ။   အထူးသဖြင့် မည်သည့်နောက်ခံမရှိသူသည် ဝမ်ဖေးရာထူးကို မည်သို့သိမ်းပိုက် နိုင်မည်နည်း။ အကယ်၍ သူသာ ခွင့်ပြုခဲ့ပြီး၊ ကျင်းဝမ်သည် အနာဂတ်တွင် အဆင့်မြင့်အရာရှိ မိသားစုမှ မြင့်မြတ်သောအမျိုးသမီးတစ်ဦးနှင့် လက်ထပ်လိုပါက အလွန်ခက်ခဲမည်ဖြစ်သည်။ တကယ်တော့ ကလေးမမွေးနိုင်တဲ့ ဝမ်ဖေး အမျိုးသားတစ်ယောက်ရှိတဲ့အခါ ဘယ်အမျိုးသမီးက မယားငယ်ဖြစ်ချင်မှာလဲ။ ပြောစရာမလိုအောင်ပင်  သူတို့မွေးတဲ့ သားသမီးတွေက မယားငယ်ရဲ့သားသမီးအဆင့်သာ ရနိုင်တော့သည်။ တရားဝင် ဇနီးမှ မွေးသည့် "တိ သားသမီးအဆင့်"ကိုမရပဲ ကိုယ်လုပ်တော်မှ မွေးသည့် သားသမီး "ရှုအဆင့်"သာ ရတော့မည်ဖြစ်သည်။


အခိုက်အတန့်လေးမှာ ဧကရာဇ်ဘုရင်ဟာ တရားမျှတမှုဖြစ်စေမည့်အချက်ကို ရှာဖွေတွေ့ရှိနေပြီ ဖြစ်တယ်။ ဒီအိမ်ထောင်ရေးကို သူ တကယ်ထောက်ခံတာ မဟုတ်ဘူး။  ကျင်းဝမ်၏ ဈေးပေါသော အစီအစဉ်သည် လိမ္မာပါးနပ်သောပုံစံတစ်ခုမျှသာဖြစ်သည်။ ဧကရာဇ်၏ စိတ်သည် ဤမျှ လွယ်ကူစွာ ပြောင်းလဲနိုင်လျှင် သူသည် ဧကရာဇ်ဖြစ်လာတော့မည် မဟုတ်ပေ။

သို့သော် ဧကရာဇ်မင်းသည် စောစောကကတိပြုထားသောကြောင့် ပြန်ရုပ်သိမ်းရန်မှာ အဆင်မပြေလှပေ။ ဧကရာဇ်သည် ယင်းသို့ တွေးတောပြီး တုံ့ပြန်ရန် ငြင်းဆန်ကာ တောင်းဆိုမှုကို ရိုးရှင်းစွာ ဆုပ်ကိုင်ကာ ဒီအတိုင်းသာ ထားခဲ့သည်။

သူ ပြန်မဖြေရင် ကျင်းဝမ်က   အိမ်ထောင်မပြုနိုင်ပေ။

ဧကရာဇ်သည် ကျင်းဝမ်ကို အတွင်းစိတ်တွင် အလွန်စိတ်ဆိုးခဲ့ပြီး သူ့ရဲ့အခြားမျှော်လင့်ချက်များ မပြည့်မီသည့်အတွက် စိတ်ပျက်ခဲ့သည်။

ကျင်းဝမ်၏အိမ်ထောင်ရေးနှင့်ပတ်သက်၍ တစ်ချိန်က သူသည် သေသည်အထိစိုးရိမ်ခဲ့သည်။ ကျင်းဝမ်သည် ဆန္ဒများပုံလည်း မပေါ်ပေ။ အခုတော့ သူလက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ မည်သည့်မိသားစုမှ အမျိုးသမီးတစ်ဦးဖြစ်ပါစေ ဧကရာဇ်ဘုရင်က သူ့ကို ငြင်းဆန်မည်မဟုတ်ပေ။ သို့သော်၊ ကျင်းဝမ်သည် ယောကျာ်းတစ်ဦးအား သူ၏ ဝမ်ဖေး ဖြစ်လာစေရန် တောင်းဆိုခဲ့သည်။ ဧကရာဇ်မင်းသည် သူ၏သားတော် ကျင်းဝမ်ကို အထင်ကြီးလောက်စရာဟု ထင်မြင်နေသော်လည်း မထင်မှတ်ပဲ၊ ကျင်းဝမ်က သူ့ကို ဤကဲ့သို့ နှလုံးသားကို ဓားဖြင့်ထိုးနေပြီဖြစ်သည်။

ဧကရာဇ်မင်းကြီးသည် အမှန်တကယ်ပင် စိတ်ဆိုးသွားပြီး ကျင်းဝမ်သည် သူ၏အမှားများကို ဆင်ခြင်သုံးသပ်နိုင်စေရန် အနည်းငယ်လျစ်လျူရှုရန် စီစဉ်ခဲ့သည်။ ဧကရာဇ်သည် ရာဇပလ္လင်အတွက် တန်းတူ အခွင့်အရေးပေးရန်အတွက် အနောက်တောင်တန်းဒေသတွင် အတွေ့အကြုံရရှိရန် ကျင်းဝမ်ကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ကျင်းဝမ်သည် ယောကျ်ားဇနီးသည်တစ်ဦးကို ကြုံသလို လက်ထပ်မည်ကို သူ ခွင့်မပြုနိုင်ပေ။

ဒေါသတကြီးဖြင့် ဧကရာဇ်မင်းသည် ကျင်းဝမ်၏မိခင် အဖိုးဖြစ်သူ ချန်အန်းမြို့စားအိုကြီး ယဲ့ချန်းကို နန်းတော်ထဲသို့ ခေါ်ယူ၍ သူနှင့်ဘာလုပ်ရမည်ကို ဆွေးနွေးခဲ့သည်။  

ယဲ့ချန်း သည် ယခင်က လီယွီနှင့် တွေ့ဆုံခဲ့ဖူးသည်။ ကျင်းဝမ်က သူ့ဆီပို့တဲ့ စာတွေက သူ့လက်ထဲကို ရောက်နေပြီ။ ဧကရာဇ်၏ မမျှော်လင့်ထားသော  အမျက်ဒေါသကို ရင်ဆိုင်ရာတွင် ယဲ့ချန်းက သူ့ကို ဆွဲဆောင်မှုရှိသော စကားအနည်းငယ်ကို ချောမွေ့စွာ ပြောပေးခဲ့သည်။

ကျင်းဝမ်သည် အမျိုးသားဝမ်ဖေး နှင့် လက်ထပ်ရန် တောင်းဆိုမှုကြောင့် နောက်ဆုံးတွင်  ကျင်းဝမ်သည် သူ့ကိုယ်ပိုင်မိသားစုကို စတင်ရန် အချိန်တန်ပြီဟု ဧကရာဇ်သဘောပေါက်စေခဲ့သည်။ သူ့ဘေးမှာ ဂရုစိုက်ဖို့ မိန်းမ မရှိတာ တကယ်ကို ဖြစ်သင့်တာ မဟုတ်ဘူး။ ဧကရာဇ်သည် ကျင်းဝမ်ကို အိမ်ထောင်ဖက်အဖြစ် ပထမဆုံး ခန့်အပ်နိုင်မည်ဟု တွေးထင်ခဲ့သည်။ ကျင်းဝမ်သာ အမျိုးသမီး တစ်ဦးနှင့် လက်ထပ်ခဲ့လျှင် ကျင်းဝမ်သည် လီယွီအကြောင်းကို မတွေးနိုင်လောက်တော့ပေ။

လီယွီသည် သူ့အကြောင်းတွေးနေသေးလျှင်လည်း လီယွီအား ကိုယ်လုပ်တော်အဖြစ် ခန့်အပ်နိုင်သည်။ ယောက်ျားအဓိကမယားအဖြစ် လက်ထပ်တာထက် ဒါက ပိုကောင်းတာမဟုတ်ဘူးလား။

ယဲ့ချန်း သည် ဧကရာဇ်မင်း၏အကြံအစည်များကို နားလည်ခဲ့ပြီး လျှောက်တင်ခဲ့သည်။

"အရှင်မင်းကြီး မျက်စိကျသူ  တစ်စုံတစ်ယောက်ရှိပါသလား?"

ဤကဲ့သို့ မေးခွန်းထုတ်သောအခါ ဧကရာဇ်သည် စကားမပြောနိုင်တော့ပေ။ ကျင်းဝမ်၏အိမ်ထောင်ရေးသည် ဧကရာဇ်ဧကရာဇ် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်မျှသာ စိုးရိမ်သောကိစ္စ မဟုတ်ပေ။ ကျင်းဝမ်က သိပ်ဂရုမစိုက်တာ အမှန်ဖြစ်ပေမယ့်လည်း ဧကရာဇ်က ကျင်းဝမ်နဲ့ထိုက်တန်သည့် မိန်းကလေးကို မတွေ့နိုင်တာလည်း အမှန်ပဲ။  

ဧကရာဇ်မြို့တော်ရှိ ဆွေတော်မျိုးကြီးမိသားစုများမှ မြင့်မြတ်သောအမျိုးသမီးများအားလုံးသည် အခြားမင်းသားများ၏ မယားဖြစ်လိုကြောင်း လိမ္မာပါးနပ်စွာ ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ဆွံ့အနေတဲ့ ကျင်းဝမ်ကို သူတို့ စိတ်မဝင်စားဘူး။


 အဆင့်နိမ့် မိသားစုမှ မွေးဖွားလာသူများထဲမှ မိန်းကလေးများက ကျင်းဝမ်နှင့် လက်ထပ်ရန် လိုလိုလားလား ရှိပေမယ့် သူတို့တွေက နာမည်ဆိုးရှိသူ သို့မဟုတ်  အလွန်ရုပ်ဆိုးသူ သို့မဟုတ် ကျင်းဝမ်ကဲ့သို့သော မသန်စွမ်းမှုမျိုး တခုခု ရှိနေတတ်သည်။

ထိုသို့ သတို့သမီးတွေက ကျင်းဝမ်နဲ့ သင့်လျော်သည်ဟု မင်းကြီး မယူဆပေ။ ဒါပေမယ့် သူက ကျင်းဝမ်အတွက် ခမ်းနားထည်ဝါပြီးမြင့်မြတ်သည့် မိသားစုမှ သမီးနှင့် လက်ဆက်ပေးပြီး မင်္ဂလာဆောင်နှင်းပေးတာကို ဘယ်တော့မှ လုပ်ပေးနိုင်မည် မဟုတ်ပေ။

ဘာကြောင့်လဲ ဆိုတော့ ကျင်းဝမ်က သာမန် အမျိုးသမီးကို လက်ထပ်ဖို့ မစွမ်းဆောင်နိုင် လောက်ပေ။

ဒါပေမယ့် မင်းကြီးက လက်မလျှော့ပဲ ကျင်းဝမ်အတွက် သင့်လျော်မည့် သတို့သမီးကို အလောတကြီး ဒေါသတကြီး ရှာဖွေနေတော့သည်။

ချန်အန်းမြို့စားအိုကြီး ယဲ့ချန်းက မင်းကြီးကို ဖျောင့်ဖျစည်းရုံးလိုက်သည်။

 "ဒီငယ်သားက မင်းကြီးကို လျှောက်တင်စရာရှိပါတယ်။ အရှင်မင်းသား ကျင်းဝမ်က မင်းကြီးဆီကို အရင်က အခုလို တောင်းဆိုတာ တစ်ခါမှ မလုပ်ဖူးပါဘူး။ အရှင်မင်းသားက အဆင်ခြင်မရှိ လုပ်မယ့်လူမျိုး မဟုတ်ပါဘူး။ အခုဖြစ်ရပ်မှာလည်း ဒါက မိုးနတ်မင်းက တွဲဖက်ပေးတဲ့ဖူးစာဖက်ဖြစ်ပြီး မြင်မြင်ချင်း ချစ်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ပြီးတော့ အရှင်မင်းသားက သာမန်လူတွေနဲ့မတူပါဘူး။ အရှင်မင်းသားက မြင်မြင်ချင်း အချစ်ကို ကျန်အရာတွေထက် ပိုအရေးကြီးတယ်လို့ ထင်မြင်ကြောင်း ဒီငယ်သား ခံစားမိပါတယ် "  

ဒါကို ဧကရာဇ်က ဘယ်လိုလုပ် မသိတာ ဖြစ်နိုင်မလဲ။ ကျင်းဝမ်ပေးပို့သော အစီရင်ခံစာများစွာတွင်၊ သူသည် လီယွီကို ပြတ်ပြတ်သားသား  ချီးမွမ်းရေးသားခဲ့သည်။ ဧကရာဇ်သည် ဤလူငယ်လေးသည်   အရည်ချင်းရှိကာ အလွန်စိတ်ကောင်းရှိသော ကလေးတစ်ဦးဖြစ်ကြောင်း ဧကရာဇ် သတိပြုမိသည်။ တခြားသူသာဆိုရင် ဧကရာဇ်ဘုရင်က သူ့ကို ဖယ်ရှားခဲ့တာ ကြာပြီဖြစ်ကောင်းဖြစ်နိုင်တယ်။

ဤအချက်ကို ပြန်သတိရသောအခါ ဧကရာဇ်သည် ပို၍ပင် ဒေါသကြီးလာသည်။ ကျင်းဝမ်သည် အမှန်တကယ်ပင်   ပေါ့ပေါ့ဆဆ လုပ်ခဲ့တာ မဟုတ်ပေ။ သူ တလျှောက်လုံး ကြံစည်နေခဲ့တယ်။

ကျင်းဝမ်က သူ့ကို ထောင်ချောက်တွင်းထဲသို့ အဆင့်ဆင့် မြှူဆွယ်ခဲ့ပုံကို ပြန်ပြောင်းသတိရသောအခါ ဧကရာဇ်သည် အလွန်စိတ်ဆိုးသွားခဲ့သည်။ သို့တိုင် ကျင်းဝမ်သည် ခြေလှမ်းတိုင်းကို ကျိုးကြောင်း ဆီလျော်ပြီး ပိရိစွာ လုပ်ဆောင်ခဲ့သည်။ ဧကရာဇ်သည် ကျင်းဝမ်၏လုပ်ကြံမှုဆိုင်ရာ အထောက်အထားကို သတိမထားမိပေ။ အများစုမှာ ကျင်းဝမ်သည် ခေါင်းရှုပ်ခံပြီး အိမ်ထောင်ရေးကဲ့သို့ အရေးကြီးသောအရာကို ကစားပွဲတစ်ခုလို သဘောထားခြင်းအတွက် ကျင်းဝမ်ကိုသာ ပြစ်တင်ရှုတ်ချနိုင်သည်။

အကျင့်မကောင်းတဲ့ ကောင်ကလေးက သူ့ကိုဒီလို ဒေါသထွက်အောင်လုပ်ဝံ့တာပဲ။ ကျင်းဝမ်ကို သူက အနောက်တောင်တန်းတွင် ထာဝစဉ်နေရန်၊ တော်ဝင်မြို့သို့ ဘယ်တော့မှ ပြန်မလာရန် အမိန့်ပေးမည်ကို မကြောက်ဘူးလား။  

ဧကရာဇ်က ဒါကို ဘယ်တော့မှ မလုပ်ဘူးဆိုတာ သူ့စိတ်ထဲကနေ  သိနေတယ်။ ကျင်းဝမ်ရဲ့ အိမ်ထောင်ရေးနှင့်ပတ်သက်၍ မင်းကြီးက အနည်းငယ် စိတ်ရှုပ်သွားသည်။ သူ့အမှားက ဒုတိယမင်းသားနဲ့ တတိယမင်းသား လုပ်ခဲ့တာနဲ့ မတူဘူး။ ထို့အပြင်၊ လက်ရှိတွင် ကျင်းဝမ်ကို ကုသိုလ်ကောင်းမှုပြုသော မင်းသားအဖြစ်လည်း ထည့်တွက်လို့ ရနိုင်သည်။ ဒီအတွက် ကျင်းဝမ်ကို အပြစ်ပေးရင် အစိုးရ အရာရှိတွေက ကန့်ကွက်လိမ့်မယ်။ ဧကရာဇ်သည် ချန်အန်းမြို့စားအိုကြီးရှေ့တွင် ကျင်းဝမ်ကို အနည်းငယ်သာ ဝေဖန်နိုင်သည်။

ယဲ့ချန်သည် ဧကရာဇ်မင်း၏ စိတ်နေစိတ်ထားကို အရမ်းကို သိသည်။ ဧကရာဇ်သည် ကျင်းဝမ်ကို ဝေဖန်နေချိန်တွင် ယဲ့ချန်သည် သူ၏စကားကို ရံဖန်ရံခါ အသိအမှတ်ပြုသော်လည်း အနှောင့်အယှက်မပေးဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ နားထောင်ခဲ့သည်။ အချိန်အတော်ကြာအောင် ဝေဖန်ပြီးနောက် ဧကရာဇ်သည် စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့သည်။ ဧကရီ ရှောင်ဟွေ့သည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ကွယ်လွန်သွားခဲ့သော်လည်း၊ ဝါစဉ်အရဆိုလျှင် ချန်အန်းမြို့စားအိုကြီး ယဲ့ချန်က  သူ၏ယောက္ခမဖြစ်နေဆဲပင်။ ယောက္ခမရှေ့မှာ သူ့သားကို ဆူပူကြိမ်းမောင်းတာဟာ သိပ်ကို မသင့်တော်ဘူး။

နောက်ဆုံးတွင် ဧကရာဇ်သည် အနည်းငယ်ငြိမ်သက်သွားသည်။

ကျင်းဝမ်၏ နောက်ထပ်သတင်းတစ်ပုဒ်သည်လည်း လျင်မြန်စွာရောက်ရှိလာသည်။ ဧကရာဇ်သည် ယခင်သတင်းကို အကြောင်းမပြန်ဘဲ ရက်များစွာကြာသွားသောကြောင့် ကျင်းဝမ်က သူ၏စာလွှာကို  မရရှိသေးဟု ဧကရာဇ်က ထင်ခဲ့သော်လည်း၊ နောက်တစ်မျိုးကို တိုက်ရိုက်ပေးပို့ခဲ့ခြင်းဖြစ်လေသည်။  

ဧကရာဇ်သည် ဤအစီရင်ခံစာကို ကောက်ယူပြီး စစ်ဆေးဖတ်ရှုလိုက်သည်။ အစီရင်ခံစာသည် လီယွီ၏ အဆိုပြုချက်တစ်ခုအား ဂရုတစိုက်ပြောပြထားသည်။

အတိတ်တွင်၊ ဓားပြပြဿနာမှလွဲ၍ အနောက်တောင်တန်းသည် ဧကရာဇ်ကို ပူပန်စေသော နောက်ထပ်ဘေးဒုက္ခတစ်ခုက အမြဲတမ်းစိတ်အနှောက်ယှက်ဖြစ်ခဲ့သည်။ အနောက်တောင်တန်းဒေသရှိ မြို့အများအပြားတွင် ကျိုင်းကောင်များ အနည်းဆုံးတစ်နှစ် သို့မဟုတ်  နှစ်နှစ် တစ်ခါ ကျရောက်ခဲ့သည်။
 
အနောက်တောင်တန်းသည် တစ်နှစ်ပတ်လုံး စစ်ပွဲကြောင့် ဖရိုဖရဲဖြစ်ခဲ့ပြီး လယ်မြေကျဲကျဲသာရှိသည်။ ကျိုင်းကောင်များ ထပ်မံကျရောက်ပါက  အရပ်သားများသည် ငတ်မွတ်ခေါင်းပါးမှု ထပ်မံကြုံတွေ့ရပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရဖွယ်ရှိသည်။


******-********

































































Chapter (87-1) - က်င္းဝမ္အတြက္ သတို႕သမီးလိုက္ရွာျခင္း



ဧကရာဇ္သည္ ထိုစာကို လက္ခံရရွိေတာ့ ျပင္းထန္စြာ အျပစ္ေျပာခဲ့သည္။ လက္ေအာက္ငယ္သားကို ဆုေပး႐ုံပဲ မဟုတ္လား။ ဝမ္ေဖးအျဖစ္ လက္ထပ္ျခင္းအျဖစ္ကို ဘယ္လိုေျပာင္းလိုက္တာလဲ။

သို႔ေသာ္လည္း က်င္းဝမ္သည္ ထိုအိမ္ေထာင္ေရးအား ဆုလာဘ္ဟု အတင္းအက်ပ္ေခၚေဝၚခဲ့ေသာ္လည္း လီယြီကို ဆုခ်ျခင္းသည္ ဧကရာဇ္မင္းျမတ္သည္ က်င္းဝမ္ကို သူ႔ကိုယ္သူ ဆုံးျဖတ္ခြင့္ေပးခဲ့သည့္ အရာျဖစ္သည္။ ဧကရာဇ္သည္ ယခင္က က်င္းဝမ္၏ စုံစမ္းေမးျမန္းမႈအမ်ားအျပားကို ျပန္လည္သတိရခဲ့ၿပီး က်င္းဝမ္သည္ သူ႔အတြက္ ဤေထာင္ေခ်ာက္ကို အဆင္သင့္ခ်ထားခဲ့သည္မွာ အလြန္ျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း သေဘာေပါက္ခဲ့သည္။  

ဟိုတုန္းက က်င္းဝမ္က လီယြီကို ဘယ္လို ဆုေပးမလဲဆိုၿပီး စိတ္ပူေနခ်ိန္မွာေတာ့ ဒါဟာ အတုအေယာင္ေတြ ျဖစ္ႏိုင္တယ္။ သူတကယ္လိုခ်င္ခဲ့တာက ဒီမဂၤလာပြဲကို အဆင္ေျပေခ်ာေမြ႕ဖို႔ပဲ။

ဧကရာဇ္သည္ အလြန္တုန္လႈပ္သြားၿပီး အလြန္အမ်က္ထြက္ကာ က်င္းဝမ္က သူ႔အား အကြက္ခ် အႀကံအစည္ျပဳသည့္အတြက္ ေဒါသထြက္သည့္အျပင္ က်င္းဝမ္သည္ သူ႔ဝမ္ေဖးအတြက္ ေယာက္်ားတစ္ေယာက္ႏွင့္ လက္ထပ္လိုသည့္အတြက္လည္း ေဒါသထြက္ခဲ့သည္။

ဤမင္းဆက္သည္ လိင္တူဆက္ဆံျခင္းကို တားျမစ္ထားျခင္းမရွိေသာ္လည္း၊ ေရွးယခင္ဧကရာဇ္မ်ားသည္ ယခင္က ဝမ္ေဖးအမ်ိဳးသားမ်ား ရွိခဲ့ၿပီး သူတို႔အေပၚတြင္လည္း အလြန္အလိုလိုက္ကာ ခ်စ္ျမတ္နိုးခဲ့သည္။ လက္ရွိဧကရာဇ္ကိုယ္တိုင္ပင္လွ်င္ အသစ္အဆန္းကို စမ္းၾကည့္ခ်င္ၿပီး ယခင္က ေတာ္ဝင္ကိုယ္လုပ္ေတာ္ အမ်ိဳးသားတစ္ဦးရွိခဲ့သည္။ သို႔ေသာ္ ေယာက္်ားသည္ အဓိက ဇနီး သို႔မဟုတ္ ကိုယ္လုပ္ေတာ္ ျဖစ္လာႏိုင္သည္ျဖစ္ေစ...... ေနာက္ဆုံးတြင္၊ အမ်ိဳးသားကိုယ္လုပ္ေတာ္မ်ားသည္ ႐ုပ္သြင္မည္မွ် ေခ်ာေမာပါေစ  အမ်ိဳးသားမ်ားသည္ ကေလးမေမြးႏိုင္ေသာေၾကာင့္ အဓိကဇနီးရာထူးကို သိမ္းပိုက္ႏိုင္မည္မဟုတ္ေပ။ က်င္းဝမ္သည္ လီယြီကို သူ၏ နံေဘးတြင္ တရားဝင္ မယား ဝမ္ေဖး အျဖစ္ ခန႔္အပ္ရန္ စိတ္ပိုင္းျဖတ္ထားလွ်င္ ဧကရာဇ္သည္ က်င္းဝမ္၏ဆႏၵကို လိုက္နာၿပီး ခြင့္ျပဳလိုက္ေပမည္သာ ျဖစ္သည္။ ဝမ္ဘြဲ႕ရမင္းသားတစ္ပါး ရဲ႕ အေျခအေနအရ သူ႔မွာ အဓိက ဇနီးနဲ႔ ေနာက္ထပ္ မယားႏွစ္ေယာက္ ထားရွိခြင့္ ရတယ္။ လီယြီသည္ လူသားတစ္ဦးလည္းျဖစ္ၿပီး သာမန္လူတစ္ဦးလည္း ျဖစ္သည္။ ဇနီးမယားမ်ားမ်ား ရယူျခင္းသည္ သူ႔အတြက္ ႐ႊင္လန္းဖြယ္ေကာင္းသည့္ အရာတစ္ခုျဖစ္သည္။

သို႔ေသာ္လည္း က်င္းဝမ္၏ အစီရင္ခံစာတြင္ သူေဖာ္ျပခဲ့သည့္အရာမွာ အဓိက ဇနီးျဖစ္သည္။ လီယြီအား ေပးလိုေသာရာထူးမွာလည္း အဓိက ဇနီးရာထူးလည္းျဖစ္သည္။ ဧကရာဇ္လည္း ဘယ္လိုမွ  သေဘာမတူေပ။   အထူးသျဖင့္ မည္သည့္ေနာက္ခံမရွိသူသည္ ဝမ္ေဖးရာထူးကို မည္သို႔သိမ္းပိုက္ ႏိုင္မည္နည္း။ အကယ္၍ သူသာ ခြင့္ျပဳခဲ့ၿပီး၊ က်င္းဝမ္သည္ အနာဂတ္တြင္ အဆင့္ျမင့္အရာရွိ မိသားစုမွ ျမင့္ျမတ္ေသာအမ်ိဳးသမီးတစ္ဦးႏွင့္ လက္ထပ္လိုပါက အလြန္ခက္ခဲမည္ျဖစ္သည္။ တကယ္ေတာ့ ကေလးမေမြးႏိုင္တဲ့ ဝမ္ေဖး အမ်ိဳးသားတစ္ေယာက္ရွိတဲ့အခါ ဘယ္အမ်ိဳးသမီးက မယားငယ္ျဖစ္ခ်င္မွာလဲ။ ေျပာစရာမလုိေအာင္ပင္  သူတို႔ေမြးတဲ့ သားသမီးေတြက မယားငယ္ရဲ႕သားသမီးအဆင့္သာ ရနုိင္ေတာ့သည္။ တရားဝင္ ဇနီးမွ ေမြးသည့္ "တိ သားသမီးအဆင့္"ကိုမရပဲ ကိုယ္လုပ္ေတာ္မွ ေမြးသည့္ သားသမီး "ရႈအဆင့္"သာ ရေတာ့မည္ျဖစ္သည္။


အခိုက္အတန႔္ေလးမွာ ဧကရာဇ္ဘုရင္ဟာ တရားမွ်တမႈျဖစ္ေစမည့္အခ်က္ကို ရွာေဖြေတြ႕ရွိေနၿပီ ျဖစ္တယ္။ ဒီအိမ္ေထာင္ေရးကို သူ တကယ္ေထာက္ခံတာ မဟုတ္ဘူး။  က်င္းဝမ္၏ ေစ်းေပါေသာ အစီအစဥ္သည္ လိမၼာပါးနပ္ေသာပုံစံတစ္ခုမွ်သာျဖစ္သည္။ ဧကရာဇ္၏ စိတ္သည္ ဤမွ် လြယ္ကူစြာ ေျပာင္းလဲႏိုင္လွ်င္ သူသည္ ဧကရာဇ္ျဖစ္လာေတာ့မည္ မဟုတ္ေပ။

သို႔ေသာ္ ဧကရာဇ္မင္းသည္ ေစာေစာကကတိျပဳထားေသာေၾကာင့္ ျပန္ရုပ္သိမ္းရန္မွာ အဆင္မေျပလွေပ။ ဧကရာဇ္သည္ ယင္းသို႕ ေတြးေတာၿပီး တုံ႔ျပန္ရန္ ျငင္းဆန္ကာ ေတာင္းဆိုမႈကို ႐ိုးရွင္းစြာ ဆုပ္ကိုင္ကာ ဒီအတိုင္းသာ ထားခဲ့သည္။

သူ ျပန္မေျဖရင္ က်င္းဝမ္က   အိမ္ေထာင္မျပဳႏိုင္ေပ။

ဧကရာဇ္သည္ က်င္းဝမ္ကို အတြင္းစိတ္တြင္ အလြန္စိတ္ဆိုးခဲ့့ျပီး သူ႕ရဲ႕အျခားေမွ်ာ္လင့္ခ်က္မ်ား မျပည့္မီသည့္အတြက္ စိတ္ပ်က္ခဲ့သည္။

က်င္းဝမ္၏အိမ္ေထာင္ေရးႏွင့္ပတ္သက္၍ တစ္ခ်ိန္က သူသည္ ေသသည္အထိစိုးရိမ္ခဲ့သည္။ က်င္းဝမ္သည္ ဆႏၵမ်ားပံုလည္း မေပၚေပ။ အခုေတာ့ သူလက္ထပ္ဖို႔ ဆုံးျဖတ္လိုက္ၿပီ။ မည္သည့္မိသားစုမွ အမ်ိဳးသမီးတစ္ဦးျဖစ္ပါေစ ဧကရာဇ္ဘုရင္က သူ႔ကို ျငင္းဆန္မည္မဟုတ္ေပ။ သို႔ေသာ္၊ က်င္းဝမ္သည္ ေယာက်ာ္းတစ္ဦးအား သူ၏ ဝမ္ေဖး ျဖစ္လာေစရန္ ေတာင္းဆိုခဲ့သည္။ ဧကရာဇ္မင္းသည္ သူ၏သားေတာ္ က်င္းဝမ္ကို အထင္ႀကီးေလာက္စရာဟု ထင္ျမင္ေနေသာ္လည္း မထင္မွတ္ပဲ၊ က်င္းဝမ္က သူ႔ကို ဤကဲ့သို႔ ႏွလုံးသားကို ဓားျဖင့္ထိုးေနၿပီျဖစ္သည္။

ဧကရာဇ္မင္းႀကီးသည္ အမွန္တကယ္ပင္ စိတ္ဆိုးသြားၿပီး က်င္းဝမ္သည္ သူ၏အမွားမ်ားကို ဆင္ျခင္သုံးသပ္ႏိုင္ေစရန္ အနည္းငယ္လ်စ္လ်ဴရႈရန္ စီစဥ္ခဲ့သည္။ ဧကရာဇ္သည္ ရာဇပလႅင္အတြက္ တန္းတူ အခြင့္အေရးေပးရန္အတြက္ အေနာက္ေတာင္တန္းေဒသတြင္ အေတြ႕အႀကဳံရရွိရန္ က်င္းဝမ္ကို ေစလႊတ္ခဲ့ျခင္းျဖစ္သည္။ က်င္းဝမ္သည္ ေယာက်္ားဇနီးသည္တစ္ဦးကို ႀကံဳသလို လက္ထပ္မည္ကို သူ ခြင့္မျပဳနိုင္ေပ။

ေဒါသတႀကီးျဖင့္ ဧကရာဇ္မင္းသည္ က်င္းဝမ္၏မိခင္ အဖိုးျဖစ္သူ ခ်န္အန္းျမိဳ႕စားအိုႀကီး ယဲ့ခ်န္းကို နန္းေတာ္ထဲသို႔ ေခၚယူ၍ သူႏွင့္ဘာလုပ္ရမည္ကို ေဆြးေႏြးခဲ့သည္။  

ယဲ့ခ်န္း သည္ ယခင္က လီယြီႏွင့္ ေတြ႕ဆုံခဲ့ဖူးသည္။ က်င္းဝမ္က သူ႔ဆီပို႔တဲ့ စာေတြက သူ႔လက္ထဲကို ေရာက္ေနၿပီ။ ဧကရာဇ္၏ မေမွ်ာ္လင့္ထားေသာ  အမ်က္ေဒါသကို ရင္ဆိုင္ရာတြင္ ယဲ့ခ်န္းက သူ႔ကို ဆြဲေဆာင္မႈရွိေသာ စကားအနည္းငယ္ကို ေခ်ာေမြ႕စြာ ေျပာေပးခဲ့သည္။

က်င္းဝမ္သည္ အမ်ိဳးသားဝမ္ေဖး နွင့္ လက္ထပ္ရန္ ေတာင္းဆိုမႈေၾကာင့္ ေနာက္ဆုံးတြင္  က်င္းဝမ္သည္ သူ႔ကိုယ္ပိုင္မိသားစုကို စတင္ရန္ အခ်ိန္တန္ၿပီဟု ဧကရာဇ္သေဘာေပါက္ေစခဲ့သည္။ သူ႔ေဘးမွာ ဂ႐ုစိုက္ဖို႔ မိန္းမ မရွိတာ တကယ္ကို ျဖစ္သင့္တာ မဟုတ္ဘူး။ ဧကရာဇ္သည္ က်င္းဝမ္ကို အိမ္ေထာင္ဖက္အျဖစ္ ပထမဆုံး ခန႔္အပ္ႏိုင္မည္ဟု ေတြးထင္ခဲ့သည္။ က်င္းဝမ္သာ အမ်ိဳးသမီး တစ္ဦးနွင့္ လက္ထပ္ခဲ့လွ်င္ က်င္းဝမ္သည္ လီယြီအေၾကာင္းကို မေတြးနိုင္ေလာက္ေတာ့ေပ။

လီယြီသည္ သူ႔အေၾကာင္းေတြးေနေသးလွ်င္လည္း လီယြီအား ကို္ယ္လုပ္ေတာ္အျဖစ္ ခန႔္အပ္ႏိုင္သည္။ ေယာက္်ားအဓိကမယားအျဖစ္ လက္ထပ္တာထက္ ဒါက ပိုေကာင္းတာမဟုတ္ဘူးလား။

ယဲ့ခ်န္း သည္ ဧကရာဇ္မင္း၏အႀကံအစည္မ်ားကို နားလည္ခဲ့ၿပီး ေလွ်ာက္တင္ခဲ့သည္။

"အရွင္မင္းႀကီး မ်က္စိက်သူ  တစ္စုံတစ္ေယာက္ရွိပါသလား?"

ဤကဲ့သို႔ ေမးခြန္းထုတ္ေသာအခါ ဧကရာဇ္သည္ စကားမေျပာႏိုင္ေတာ့ေပ။ က်င္းဝမ္၏အိမ္ေထာင္ေရးသည္ ဧကရာဇ္ဧကရာဇ္ တစ္ႀကိမ္ သို႔မဟုတ္ ႏွစ္ႀကိမ္မွ်သာ စိုးရိမ္ေသာကိစၥ မဟုတ္ေပ။ က်င္းဝမ္က သိပ္ဂ႐ုမစိုက္တာ အမွန္ျဖစ္ေပမယ့္လည္း ဧကရာဇ္က က်င္းဝမ္နဲ႕ထုိက္တန္သည့္ မိန္းကေလးကို မေတြ႕ႏိုင္တာလည္း အမွန္ပဲ။  

ဧကရာဇ္ၿမိဳ႕ေတာ္ရွိ ေဆြေတာ္မ်ိဳးႀကီးမိသားစုမ်ားမွ ျမင့္ျမတ္ေသာအမ်ိဳးသမီးမ်ားအားလုံးသည္ အျခားမင္းသားမ်ား၏ မယားျဖစ္လိုေၾကာင္း လိမၼာပါးနပ္စြာ ထုတ္ေဖာ္ေျပာဆိုခဲ့ၾကသည္။ ဆြံ႕အေနတဲ့ က်င္းဝမ္ကို သူတို႔ စိတ္မဝင္စားဘူး။


 အဆင့္နိမ့္ မိသားစုမွ ေမြးဖြားလာသူမ်ားထဲမွ မိန္းကေလးမ်ားက က်င္းဝမ္နွင့္ လက္ထပ္ရန္ လိုလိုလားလား ရွိေပမယ့္ သူတို႔ေတြက နာမည္ဆိုးရွိသူ သုိ႕မဟုတ္  အလြန္႐ုပ္ဆိုးသူ သို႔မဟုတ္ က်င္းဝမ္ကဲ့သို႔ေသာ မသန္စြမ္းမႈမ်ိဳး တခုုခု ရွိေနတတ္သည္။

ထိုသို႔ သတို႔သမီးေတြက က်င္းဝမ္နဲ႔ သင့္ေလ်ာ္သည္ဟု မင္းႀကီး မယူဆေပ။ ဒါေပမယ့္ သူက က်င္းဝမ္အတြက္ ခမ္းနားထည္ဝါၿပီးျမင့္ျမတ္သည့္ မိသားစုမွ သမီးႏွင့္ လက္ဆက္ေပးၿပီး မဂၤလာေဆာင္ႏွင္းေပးတာကို ဘယ္ေတာ့မွ လုပ္ေပးႏိုင္မည္ မဟုတ္ေပ။

ဘာေၾကာင့္လဲ ဆိုေတာ့ က်င္းဝမ္က သာမန္ အမ်ိဳးသမီးကို လက္ထပ္ဖို႔ မစြမ္းေဆာင္ႏိုင္ ေလာက္ေပ။

ဒါေပမယ့္ မင္းႀကီးက လက္မေလွ်ာ့ပဲ က်င္းဝမ္အတြက္ သင့္ေလ်ာ္မည့္ သတို႔သမီးကို အေလာတႀကီး ေဒါသတႀကီး ရွာေဖြေနေတာ့သည္။

ခ်န္အန္းျမိဳ႕စားအုိႀကီး ယဲ့ခ်န္းက မင္းႀကီးကို ေဖ်ာင့္ဖ်စည္း႐ုံးလိုက္သည္။

 "ဒီငယ္သားက မင္းႀကီးကို ေလွ်ာက္တင္စရာရွိပါတယ္။ အရွင္မင္းသား က်င္းဝမ္က မင္းႀကီးဆီကို အရင္က အခုလို ေတာင္းဆိုတာ တစ္ခါမွ မလုပ္ဖူးပါဘူး။ အရွင္မင္းသားက အဆင္ျခင္မရွိ လုပ္မယ့္လူမ်ိဳး မဟုတ္ပါဘူး။ အခုျဖစ္ရပ္မွာလည္း ဒါက မိုးနတ္မင္းက တြဲဖက္ေပးတဲ့ဖူးစာဖက္ျဖစ္ၿပီး ျမင္ျမင္ခ်င္း ခ်စ္သြားတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ ၿပီးေတာ့ အရွင္မင္းသားက သာမန္လူေတြနဲ႔မတူပါဘူး။ အရွင္မင္းသားက ျမင္ျမင္ခ်င္း အခ်စ္ကို က်န္အရာေတြထက္ ပိုအေရးႀကီးတယ္လို႔ ထင္ျမင္ေၾကာင္း ဒီငယ္သား ခံစားမိပါတယ္ "  

ဒါကို ဧကရာဇ္က ဘယ္လိုလုပ္ မသိတာ ျဖစ္နိုင္မလဲ။ က်င္းဝမ္ေပးပို႔ေသာ အစီရင္ခံစာမ်ားစြာတြင္၊ သူသည္္ လီယြီကို ျပတ္ျပတ္သားသား  ခ်ီးမြမ္းေရးသားခဲ့သည္။ ဧကရာဇ္သည္ ဤလူငယ္ေလးသည္   အရည္ခ်င္းရွိကာ အလြန္စိတ္ေကာင္းရွိေသာ ကေလးတစ္ဦးျဖစ္ေၾကာင္း ဧကရာဇ္ သတိျပဳမိသည္။ တျခားသူသာဆိုရင္ ဧကရာဇ္ဘုရင္က သူ႔ကို ဖယ္ရွားခဲ့တာ ၾကာၿပီျဖစ္ေကာင္းျဖစ္ႏိုင္တယ္။

ဤအခ်က္ကို ျပန္သတိရေသာအခါ ဧကရာဇ္သည္ ပို၍ပင္ ေဒါသႀကီးလာသည္။ က်င္းဝမ္သည္ အမွန္တကယ္ပင္   ေပါ့ေပါ့ဆဆ လုပ္ခဲ့တာ မဟုတ္ေပ။ သူ တေလွ်ာက္လုံး ႀကံစည္ေနခဲ့တယ္။

က်င္းဝမ္က သူ႔ကို ေထာင္ေခ်ာက္တြင္းထဲသို႔ အဆင့္ဆင့္ ျမႇဴဆြယ္ခဲ့ပုံကို ျပန္ေျပာင္းသတိရေသာအခါ ဧကရာဇ္သည္ အလြန္စိတ္ဆိုးသြားခဲ့သည္။ သို႔တိုင္ က်င္းဝမ္သည္ ေျခလွမ္းတိုင္းကို က်ိဳးေၾကာင္း ဆီေလ်ာ္ၿပီး ပိရိစြာ လုပ္ေဆာင္ခဲ့သည္။ ဧကရာဇ္သည္ က်င္းဝမ္၏လုပ္ႀကံမႈဆိုင္ရာ အေထာက္အထားကို သတိမထားမိေပ။ အမ်ားစုမွာ က်င္းဝမ္သည္ ေခါင္းရႈပ္ခံၿပီး အိမ္ေထာင္ေရးကဲ့သို႔ အေရးႀကီးေသာအရာကို ကစားပြဲတစ္ခုလို သေဘာထားျခင္းအတြက္ က်င္းဝမ္ကိုသာ ျပစ္တင္ရႈတ္ခ်ႏိုင္သည္။

အက်င့္မေကာင္းတဲ့ ေကာင္ကေလးက သူ႔ကိုဒီလို ေဒါသထြက္ေအာင္လုပ္ဝံ့တာပဲ။ က်င္းဝမ္ကို သူက အေနာက္ေတာင္တန္းတြင္ ထာဝစဥ္ေနရန္၊ ေတာ္ဝင္ၿမိဳ႕သို႔ ဘယ္ေတာ့မွ ျပန္မလာရန္ အမိန႔္ေပးမည္ကို မေၾကာက္ဘူးလား။  

ဧကရာဇ္က ဒါကို ဘယ္ေတာ့မွ မလုပ္ဘူးဆုိတာ သူ႕စိတ္ထဲကေန  သိေနတယ္။ က်င္းဝမ္ရဲ႕ အိမ္ေထာင္ေရးႏွင့္ပတ္သက္၍ မင္းႀကီးက အနည္းငယ္ စိတ္ရႈပ္သြားသည္။ သူ႔အမွားက ဒုတိယမင္းသားနဲ႔ တတိယမင္းသား လုပ္ခဲ့တာနဲ႔ မတူဘူး။ ထို႔အျပင္၊ လက္ရွိတြင္ က်င္းဝမ္ကို ကုသိုလ္ေကာင္းမႈျပဳေသာ မင္းသားအျဖစ္လည္း ထည့္တြက္လို႕ ရႏိုင္သည္။ ဒီအတြက္ က်င္းဝမ္ကို အျပစ္ေပးရင္ အစိုးရ အရာရွိေတြက ကန႔္ကြက္လိမ့္မယ္။ ဧကရာဇ္သည္ ခ်န္အန္းျမိဳ႕စားအိုႀကီးေရွ႕တြင္ က်င္းဝမ္ကို အနည္းငယ္သာ ေဝဖန္ႏိုင္သည္။

ယဲ့ခ်န္သည္ ဧကရာဇ္မင္း၏ စိတ္ေနစိတ္ထားကို အရမ္းကို သိသည္။ ဧကရာဇ္သည္ က်င္းဝမ္ကို ေဝဖန္ေနခ်ိန္တြင္ ယဲ့ခ်န္သည္ သူ၏စကားကို ရံဖန္ရံခါ အသိအမွတ္ျပဳေသာ္လည္း အေႏွာင့္အယွက္မေပးဘဲ တိတ္တိတ္ဆိတ္ဆိတ္သာ နားေထာင္ခဲ့သည္။ အခ်ိန္အေတာ္ၾကာေအာင္ ေဝဖန္ၿပီးေနာက္ ဧကရာဇ္သည္ စိတ္ဝင္စားမႈ ေပ်ာက္ဆုံးသြားခဲ့သည္။ ဧကရီ ေရွာင္ေဟြ႕သည္ လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာက ကြယ္လြန္သြားခဲ့ေသာ္လည္း၊ ဝါစဥ္အရဆုိလွ်င္ ခ်န္အန္းျမိဳ႕စားအိုႀကီး ယဲ့ခ်န္က  သူ၏ေယာကၡမျဖစ္ေနဆဲပင္။ ေယာကၡမေရွ႕မွာ သူ႔သားကို ဆူပူႀကိမ္းေမာင္းတာဟာ သိပ္ကို မသင့္ေတာ္ဘူး။

ေနာက္ဆုံးတြင္ ဧကရာဇ္သည္ အနည္းငယ္ၿငိမ္သက္သြားသည္။

က်င္းဝမ္၏ ေနာက္ထပ္သတင္းတစ္ပုဒ္သည္လည္း လ်င္ျမန္စြာေရာက္ရွိလာသည္။ ဧကရာဇ္သည္ ယခင္သတင္းကို အေၾကာင္းမျပန္ဘဲ ရက္မ်ားစြာၾကာသြားေသာေၾကာင့္ က်င္းဝမ္က သူ၏စာလႊာကို  မရရွိေသးဟု ဧကရာဇ္က ထင္ခဲ့ေသာ္လည္း၊ ေနာက္တစ္မ်ိဳးကို တိုက္႐ိုက္ေပးပို႔ခဲ့ျခင္းျဖစ္ေလသည္။  

ဧကရာဇ္သည္ ဤအစီရင္ခံစာကို ေကာက္ယူၿပီး စစ္ေဆးဖတ္ရႈလိုက္သည္။ အစီရင္ခံစာသည္ လီယြီ၏ အဆိုျပဳခ်က္တစ္ခုအား ဂ႐ုတစိုက္ေျပာျပထားသည္။

အတိတ္တြင္၊ ဓားျပျပႆနာမွလြဲ၍ အေနာက္ေတာင္တန္းသည္ ဧကရာဇ္ကို ပူပန္ေစေသာ ေနာက္ထပ္ေဘးဒုကၡတစ္ခုက အျမဲတမ္းစိတ္အေႏွာက္ယွက္ျဖစ္ခဲ့သည္။ အေနာက္ေတာင္တန္းေဒသရွိ ၿမိဳ႕အမ်ားအျပားတြင္ က်ိဳင္းေကာင္မ်ား အနည္းဆုံးတစ္ႏွစ္ သို႕မဟုတ္  ႏွစ္ႏွစ္ တစ္ခါ က်ေရာက္ခဲ့သည္။
 
အေနာက္ေတာင္တန္းသည္ တစ္ႏွစ္ပတ္လုံး စစ္ပြဲေၾကာင့္ ဖ႐ိုဖရဲျဖစ္ခဲ့ၿပီး လယ္ေျမက်ဲက်ဲသာရွိသည္။ က်ိဳင္းေကာင္မ်ား ထပ္မံက်ေရာက္ပါက  အရပ္သားမ်ားသည္ ငတ္မြတ္ေခါင္းပါးမႈ ထပ္မံႀကဳံေတြ႕ရၿပီး အိုးအိမ္စြန႔္ခြာ ထြက္ေျပးရဖြယ္ရွိသည္။


******-********

Fortsätt läs

Du kommer också att gilla

39.7K 2.9K 24
ʙᴏᴏɴ ᴛʜᴀᴛ ᴄʜᴀɴɢᴇꜱ ᴇᴠᴇʀʏᴛʜɪɴɢ ᴏʀ ᴡɪʟʟ ɪᴛ? ɪꜱ ɪᴛ ᴀ ʙᴏᴏɴ ᴏʀ ᴡɪʟʟ ɪᴛ ʙᴇᴄᴏᴍᴇ ᴀ ᴄᴜʀꜱᴇ? ᴡᴏᴜʟᴅ ᴛʜᴇ ᴄʜᴀɴɢᴇ ʙᴇ ɢᴏᴏᴅ ᴏʀ ɴᴏᴛ? ᴡɪʟʟ ᴛʜᴇ ᴛʜɪʀꜱᴛ ᴏꜰ ᴛʜᴇ ᴀɢᴏɴʏ ᴏꜰ ᴀ ᴍ...
1.1M 161K 154
စစ္သူႀကီးမ်ိဳးရိုး၏ ပဏာမသမီးေတာ္၊ ျဖဴစင္၊ ရိုးသား၍ အလိမ္အညာခံရလြယ္ေသာ၊ မင္းသားသင္းအား ရူးရူးမိုက္မိုက္ခ်စ္ႀကိဳက္မိသူ သူမ သူ႔ဇနီးမယားအရာရေအာင္ ႀကိဳးပမ...
1M 187K 100
Title - A Song Of Weeping Willow (မိုးမခပင်၏ တေးသံသာ) Start Date- 9.10.2020 Genre- Own Creation, Chinese Historical, Cultivation, Romance, BL