Chapter (83-2)- ငါ့ဗိုက်ကို အမှတ်တမဲ့ မထိနဲ့လေ....

Beginne am Anfang
                                    

သူသည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ကျင်းဝမ် ဘယ်လို ဖြတ်ကျော်ခဲ့သည်ကို စောင့်ကြည့် နေခဲ့သဖြင့် ကျင်းဝမ်၏ စိတ်မသက်မသာခံစားနေရသည်ကို သိသည်။ သူတို့နှစ်ယောက် စိတ်အားထက်သန်စွာ စကားပြောရသည်ကို လီယွီကြိုက်သည်။

နောက်ထပ် ပူးကပ်နမ်းရှုပ်ပြီးနောက် သူတို့က အိပ်ယာထက်ကို ရောက်ကာ ထပ်မံချစ်တင်း နှောလိုက်မိပြန်သည်။ နောက်ထပ် ချစ်မိပြန်တော့ သူ နောက်ထပ် ကိုယ်ဝန်ထပ်ရတော့မှာလား။

သူသည် လူသားအဖြစ်သို့ ပြောင်းလဲတာကို ထိန်းချုပ်နိုင်သည်။ ဒါပေမယ့် ကျင်းဝမ်အပေါ် သူ့ရဲ့ စိတ်အားထက်သန်တဲ့ ခံစားချက်တွေကို သူ ထိန်းမထားနိုင်ခဲ့ဘူး။

တစ်ခါတလေ ဒီလိုမျိုး ချစ်တင်းနှောပြီးသွားရင် ဒုတိယ အကြိမ် ဆိုတာ ထပ်ဖြစ်လိမ့်မယ်။ ဒုတိယတစ်ကြိမ်ပြီးရင် တတိယအကြိမ် ထပ်ဖြစ်လာလိမ့်မည်။ အချစ်၏ ကျော့ကွင်းထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့သော ငယ်ရွယ်သော အမျိုးသားများက ငယ်ရွယ်သန်စွမ်းသူတွေဖြစ်လို့ ရပ်တန့်ခြင်းမလုပ်နိုင်တော့ပဲ ဆက်တိုက် ဆက်တိုက် ယန်စွမ်းအား အနှစ်ကို စုပ်ယူခြင်းသည် အလွန်ပုံမှန်ဖြစ်သည်။

အကယ်၍ သူတကယ် ကိုယ်ဝန်ရခဲ့လျှင် လီယွီက ဘာမှပြောစရာမရှိတော့ပေ။ ဒါပေမယ့် သူတို့လုပ်တိုင်း ကိုယ်ဝန်ရသွားသလိုမျိုးတော့ မဟုတ်ဘူး မလား။ တစ်ခါလုပ်တိုင်း တစ်ခါ ကိုယ်ဝန်ရမယ်ဆိုရင် အဲ့ဒါ ည်း ဆိုးရွားလွန်းလှတယ်။

သူ၏အနာဂတ်မှာ ချစ်သူနှင့် ချစ်ရည်လူူးလို့ရမယ့် ပျော်ရွှင်မှုနှင့် ဒီတစ်သက်တွင် သူ ကလေးမွေးဖွားရမည့်အကြိမ်အရေအတွက်နှင့် ဆက်စပ်နေသောကြောင့် လီယွီသည် နောက်ထပ်ဆွေးနွေးမှုအချို့လုပ်ဖို့အတွက် System ကို တုံ့ဆိုင်းစွာသွားရှာရုံသာ ရှိတော့သည်။

System က " 'စိတ်ဝိညာဉ်ထဲသို့ တစ်ချက်တည်းမှန်အောင် ပစ်ခတ်ခြင်း' ပေါ်လာပြီး နောက်ပိုင်းတွင် ပျောက်ကွယ်သွားမည်ဖြစ်သည်။ Host မင်းရဲ့ ကိုယ်ဝန် ဖြစ်နိုင်ခြေက သာမန်လူတွေနဲ့ အတူတူပါပဲ။"

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Wo Geschichten leben. Entdecke jetzt