Chapter (87-2) - ကျိုင်းကောင်အုပ် ကျရောက်ခြင်း
ထို့အပြင် ဧကရာဇ်မင်းသည် ကျိုင်းကောင်အုပ်တွေ ပိုကြီးလာမည်ကို စိုးရိမ်ခဲ့သည်။ အစပိုင်းတွင် ကျိုင်းကောင်များသည် အနောက်တောင်တန်း၌သာ ပေါ်လာသည်။ မကြာသေးမီကပင် သူတို့သည် အခြားနေရာများတွင်လည်း ပျံ့နှံ့ကာ တိုင်းသူပြည်သားများကို ဒုက္ခရောက်စေသည်။
ဧကရာဇ်မင်းသည် ကျိုင်းကောင်များကို ထိန်းချုပ်ရန် နှစ်စဉ် ငွေကြေးအမြောက်အမြားလွှဲပေးခဲ့သော်လည်း သူတို့ကို အမြစ်ပြတ်ချေမှုန်းနိုင်ခြင်း မရှိပေ။ အလုပ်သမားရေးရာဝန်ကြီးဌာနက တာဝန်ယူတဲ့ ပညာရှင်တွေထက် လူငယ်တွေရဲ့ စကားက ပိုအသုံးဝင်မှာလား။
သို့သော် ဤလူငယ်သည် တစ်ချိန်က ကျင်းဝမ်အား ဓားပြများကို အနိုင်ယူရန် ကူညီပေးခဲ့သော လူငယ်ဖြစ်သည်။ ဧကရာဇ်လည်း သိချင်လာသည်။ ကျင်းဝမ်သည် လီယွီအတွက် လမ်းခင်းနေမှန်း သူသိသော်လည်း ရှေ့ဆက်ဖတ်ရန် မအောင့်နိုင်တော့ပေ။
*********-****
မေပယ်လ်ဒေသ၊ ကျင်းအိမ်တော် ..........
လီယွီမွေးတဲ့ ငါးလေးကောင်ဟာ အခုဆို တစ်လရှိပါပြီ။ သူနှင့် ကျင်းဝမ်၏ စေ့စေ့စပ်စပ် ဂရုစိုက်မှုအောက်တွင် ငါးကလေးများ၏ ခန္ဓာကိုယ်များသည် ပြောင်းလဲသွားခဲ့သည်။ မူလအားဖြင့် အလွန်ပိန်ပါးကာ ဒိုးယိုပေါက် မြင်နေရသည့် ခန္ဓာကိုယ်မှ ယခုအခါ ငါးကလေးလေးကောင်အနက် သုံးဦးသည် Koi ၏ ရောင်စုံအကြေးခွံများ ပေါက်ဖွားလာကြသည်။
ပေါင်းရိသည် ရွှေရောင်အဆင်းရှိပြီး ကြီးကျယ်ခမ်းနားသော ငါးတစ်ကောင်ဖြစ်သည်။ ပေါင်းအော့သည်လည်း ရွှေအကြေးခွံပါသော ငါးတစ်ကောင်ဖြစ်သည်။ သူ့အရောင်သည် လီယွီ၏ ငွေရောင်အောက်ခံတွင် ရွှေအကွက်များဖြင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ပေါင်းစန်း သည် ရုပ်ထွက်အကောင်းဆုံးဖြစ်သည်။ သူသည် ငွေရောင်ဖြင့် ဖွေးဖွေးဖြူဖြူ ဖြစ်သည်။ အဝေးမှကြည့်လျှင် သူ၏ငါးအကြေးခွံများသည် လှပသောပုလဲများနှင့်တူသည်၊ တောက်ပပြီး ပြိုးပြိုးပြက်ပြက်ဖြစ်နေသည်။
ရွှေရောင်နှင့် ငွေရောင်နှစ်ရောင်သည် လီယွီ၏ လက်တလောရှိ ရောင်များဖြစ်သည်။ အစပိုင်းတွင် လီယွီသည် ရွှေငွေအကြေးခွံပါသည့် ငါးကလေးများကို မတွေ့ခဲ့ရပေ။ ထို့ကြောင့် သူတို့သည် Kois ဖြစ်လာမည်မဟုတ်ဟု သူ ထင်ခဲ့သည်။ သူတို့ရဲ့ငါးပါးပါးကိုယ်တိုင်က မစ်ရှင်တွေလုပ်ရင်းကနေ Koi ပဲဖြစ်လာတယ်။ သူ ဒီလိုမွေးတာမဟုတ်ဘူး။ ထို့ကြောင့် ငါးကလေးငယ်များထံ ခုလို မဖြစ်လောက်ဟု ထင်ခဲ့သည်။
သို့သော် တစ်လအကြာတွင် မထင်မှတ်ဘဲ၊ ငါးကလေးများသည် ကိုယ်ပိုင်အရောင်များ ရှိလာသည်။ သူ့ပိုင်ဆိုင်မှု အရည်ချင်းကို လွှဲပြောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့သည်။ သူ့ ငါးကလေးတွေက အရမ်းငယ်သေးတာပဲလေ။
ငါးငယ်လေးကောင်ထဲက ပေါင်းရိ၊ ပေါင်းအော့နဲ့ ပေါင်းစန်းတို့ အားလုံးပြောင်းလဲသွားတယ်။ ပေါင်းဆုသာ နဂိုအတိုင်းကျန်ရစ်ခဲ့သည်။
လီယွီ သည် အနည်းငယ် စိတ်ပူနေသော်လည်း မတတ်နိုင်ပေ။ ပေါင်းဆု၏တုံ့ပြန်မှုသည် အခြားငါးကလေးများထက် အနည်းငယ်နှေးကွေးနေပြီဖြစ်သည်။ သူ၏အကြေးခွံများ ကြီးထွားလာခြင်းသည် အတူတူပင်ဖြစ်လိမ့်မည်။
သူတို့အားလုံးသည် တူညီသော အသုတ်မှမွေးဖွားလာသည်မှာ ထင်ရှားပေမယ့် ဘာကြောင့် ခုလောက် ကွာခြားနေရတာလဲ။
ငါးကလေးများသည် မည်သို့ပြောရမည်ကို ကောင်းစွာ မသိကြသေးပေ။ သူတို့သည် အရိုးရှင်းဆုံး စကားစုများကိုသာ သိကြသည်။ လီယွီက ပေါင်းဆုဘာတွေတွေးနေမှန်း လုံး၀ မသိနိုင်သေးပေ။ ပေါင်းရိ၊ ပေါင်းအော့နှင့် ပေါင်းစန်းတို့သည် Koi နှင့် ပိုတူသည်။ နောက်ထပ် တစ်လခွဲကြာပြီးနောက်၊ ပေါင်းဆုသည် နောက်ဆုံးတွင် ပြောင်းလဲသွားသည်။
နောက်ဆုံးတော့ လီယွီ စောင့်နေသည့် နေ့ကို ရောက်လာလေပြီ။
သို့သော် ပေါင်းဆု၏အကြေးခွံများသည် သူ့အစ်ကိုများကဲ့သို့ ရွှေငွေမဟုတ်ပေ။ သူအစား အနက်ရောင်ဖြစ်သည်။ သူသည် လီယွီကို စတင်ပြောင်းရွေ့သည့်အချိန်နှင့် အလွန်ဆင်တူသော သာမန်ငါးနက်တစ်ကောင် ဖြစ်လာခဲ့သည်။
ဥက ပေါက်တာချင်း အတူတူပါပဲ၊ ဒါပေမယ့် ဘာကြောင့် ဒီလောက် ကွာခြားချက်ကြီးမားရတာလဲ။
မကြာသေးမီက ပေါင်းဆုသည် သူ၏ ခြားနားချက်ကို သတိပြုမိလာသည်။ သူ့အစ်ကိုတွေလို Koi လေးကို မပြောင်းနိုင်တော့ဘဲ ငါးနက်က နည်းနည်းတော့ စိတ်ဓာတ်ကျသွားတယ်။
လီယွီက ဒါကိုမြင်ပြီး ချက်ချင်းဆိုသလိုပဲ ငါးနက်လေးကို သူ့ခေါင်းပေါ်တင်လိုက်ပြီး ပျော်ရွှင်အောင် စက်ဝိုင်းလိုက် လှည့်ပတ်ခိုင်းလိုက်တယ်။
"Koi အဖြစ်ပြောင်းသည်ဖြစ်စေ မပြောင်းသည်ဖြစ်စေ ပေါင်းဆု ကို ပါးပါးက ချစ်တုန်းပဲ!"
လီယွီသည် ထိုကဲ့သို့သော စကားမျိုးကို အကြိမ်အနည်းငယ် ကြားဖူးစဉ်က သူ အမြဲတမ်း တုန်လှုပ်သွားခဲ့သည်။ အခုဆို မျက်တောင်တောင်မခတ်ဘဲ သူ့ကလေးကို ပြောနိုင်ပါပြီ။
ငါးပါးပါးရဲ့ နှစ်သိမ့်မှုဖြင့် ပေါင်းဆုသည် အလွန်လျင်မြန်စွာ ပျော်ရွှင်လာပြန်သည်။
လှည့်ပတ်ကစားအပြီးတွင် လီယွီသည် သူ၏လူသားပုံစံသို့ ပြောင်းလဲကာ ကျင်းဝမ်ကို သွားကြည့်ရန် ဖန်ပုလင်းအတွင်းမှ ငါးကလေးများကို ထားရှိခဲ့သည်။
ကျင်းဝမ်သည် လက်ရှိတွင် တရားဝင်လုပ်ငန်းကို ကိုင်တွယ်နေသည်။ လီယွီသည် နေ့တိုင်း အလုပ်တွင် အခြားအဖေ့ထံ အလည်လာရန် ငါးကလေးများကို ယူဆောင်လာခဲ့သည်။ အားလုံးက ညဘက်တစ်ခန်းထဲမှာ နေကြပေမဲ့ လီယွီက ငါးကလေးနဲ့ ကျင်းဝမ်ကြားက ဆက်ဆံရေးကို ပိုရင်းနှီးလာစေရန် လုံ့လစိုက်ထုတ်နေဆဲဖြစ်သည်။
သူတို့ကိုတွေ့တာနဲ့ ကျင်းဝမ်က သူ့စုတ်တံကို ချလိုက်တယ်။ ပေါင်းဆု သည် ငါးမည်းလေးအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့ရှိလိုက်ရသဖြင့် ကျင်းဝမ်သည် အလွန်ဝမ်းသာသွားသည်။ ပေါင်းဆု၏ ကိုယ်ရည်ကိုယ်သွေးသည် လီယွီနှင့် ခပ်ဆင်ဆင်တူသည်။ ယခုတွင် သူသည် ငါးနက်ငယ်လေး၏အသွင်အပြင်သို့ ပြောင်းလဲသွားသဖြင့် ကျင်းဝမ်သည် ပေါင်းဆုတွင် လီယွီ၏ မူလ အသွင်အပြင်အရိပ်ကို မြင်နိုင်ပြီး ပေါင်းဆုကို ပို၍ပင် သဘောကျသွားသည်။
လီယွီသည် သလင်းကျောက်ပုလင်းကို စားပွဲပေါ်တင်ကာ ထိုင်ချလိုက်ပြီး အစီရင်ခံစာများကို ခဏတာကြည့်ရှုရန် ကျင်းဝမ်နှင့်အတူ လိုက်ပါသွားခဲ့သည်။
အစီရင်ခံစာများတွင် သမားရိုးကျစကားလုံးများ အလွန်များပြီး သူသည် ရှေးခေတ်သုံး ဘာသာစကားဖြစ်သည်။ အချို့သော စကားလုံးများသည်လည်း မှားယွင်းစွာ ရေးသားခဲ့ကြသည်။ လီယွီသည် အချိန်အတော်ကြာအောင် ရုန်းကန်ခဲ့ရသော်လည်း စာမဖတ်နိုင်သဖြင့် ပြန်အိပ်ပျော်သွားတော့သည်။
စာအုပ်တွေဖတ်တာက လူကို အမြဲ ငိုက်မျဉ်းစေတယ်၊ အထပ်ထပ်အခါခါ ခေါင်းညိတ်နေသည်။ သလင်းကျောက်ပုလင်းအတွင်းမှ ငါးကလေးများသည် သူ့လှုပ်ရှားမှုကို လိုက်ကာ စိတ်အားထက်သန်စွာ ခေါင်းလေးတွေကို တက်လိုက်ဆင်းလိုက် လှုပ်ရှားလိုက်ကြသည်။
...... ဆူညံလွန်းတယ်။
ကျင်းဝမ်သည် သလင်းကျောက်ပုလင်းအတွင်းမှ ငါးကလေးများကို စိုက်ကြည့်ကာ လက်ဟန်ပြသည်။ ထို ခိုအိ - Koi ငါးကလေးများ အားလုံးသည် သလင်းကျောက် ပုလင်းနံရံကို ပတ်ကာ နာခံမှုဖြင့် လှုပ်ရှားရပ်တန့်ကာ မျက်လုံးများ ပြူးကျယ်စွာ ကြည့်နေကြသည်။
ကျင်းဝမ်သည် သူ့အပြင်ဘက်အကျီကို ချွတ်လိုက်ပြီး အိပ်ပျော်နေသော လီယွီကို ဖုံးအုပ်လိုက်သည်။ ထို့နောက် သူသည် လီယွီနှင့် သူ့ကိုယ်သူ ထုပ်ပိုးကာ သူတို့နှစ်ဦးအတွက်သာ နွေးထွေးပြီး သက်တောင့်သက်သာရှိသော နေရာကို ဖန်တီးလိုက်သည်။
ကျင်းဝမ်သည် လီယွီကို ညင်သာစွာ ဖိထားပြီး သူ့နှုတ်ခမ်းများကို နမ်းလိုက်သည်။ သူရေးခဲ့တဲ့ လက်ထပ်ခွင့်တောင်းချက်ကို ဧကရာဇ်မင်းထံ ပေးပို့ထားပြီးဖြစ်တယ်။ အားလုံးက အစီအစဉ်အတိုင်း သွားနေတာဖြစ်လို့ သူ စိတ်ရှည်ရှည်နဲ့ စောင့်ဖို့ လိုသေးတယ်။
သူ့ပါးပါးရဲ့ အင်္ကျီအပြင်ဘက် လှုပ်ခါနေတာကို မြင်တော့ ပေါင်းရိ လှည့်ကြည့်လိုက်တယ်။ ပေါင်းအော့နဲ့ ပေါင်းစန်းက ဘာကြောင့်လဲဆိုတာ နားမလည်ပေမယ့် ပေါင်းရိကို အတုခိုးပြီး လှည့်ကြည့်လိုက်ကြသည်။
ပေါင်းဆုက သူနည်းနည်း တုံးအ မှန်းသိတယ်။ ပေါင်းရိ လုပ်တာ မှန်လိမ့်မည်။ ထို့ကြောင့် ပေါင်းဆုသည် နှေးသော်လည်း ပေါင်းရိကဲ့သို့ နောက်သို့ လှည့်လိုက်သည် ။
သို့သော်လည်း ပေါင်းဆုသည် သူ့ဘေးနားကို လိုက်လံပြီး စူးစူးစိုက်စိုက်ကြည့်ကာ အနည်းငယ် ယိမ်းယိုင် နေသေးသည်။
လီယွီသည် စကားလုံးများစွာကို မသိနိုင်လောက်အောင်ကို ငိုက်မျဉ်းလာသည်။ ခဏလောက် အိပ်ပျော်သွားပြီးနောက် နိုးလာကာ ခေါင်းပိုကြည်လင်လာသည်။ ထိုစကားအချို့ကို သူရုတ်တရက် သတိရသွားသည်။
ယင်းသည် 'ကျိုင်း' ဟူသော စကားလုံးအပြင် 'ဘေးဒုက္ခ' ဟူသော စကားလုံးဖြစ်သည်။
- ကျိုင်းကောင်အုပ် ကျရောက်ခြင်း
လီယွီက "အရှင်မင်းသား၊ တစ်နေရာရာမှာ ကျိုင်းကောင်ရှိနေလား"
ကျိုင်းကောင်တွေက အလွန်ပြင်းထန်သော အင်းဆက်ပိုးမွှားဖြစ်သည်။ ကျိုင်းကောင်များသည် အသီးအရွက်များစွာကို မြင်မြင်ရာ အကုန် စားကြသည်။ ကျိုင်းကောင်များ ပျံဝဲလာပါက ထိုဒေသတစ်ခုလုံး တစ်နှစ်ပတ်လုံး လူများ စိုက်ထုတ်ခဲ့သော လယ်ယာသီးနှံများ တခဏချင်း ကုန်သွားသည်။
အနောက်တောင်တန်းအနီးရှိ မြို့အချို့တွင် ကျိုင်းကောင်များကို မကြာသေးမီက တွေ့ရှိခဲ့ကြောင်း ကျင်းဝမ်က လီယွီသို့ ပြောကြားခဲ့သည်။
ထိုအချက်ကို သိတော့ လီယွီ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
ကျင်းဝမ်သည် သူက ကြောက်သွားလို့ ထင်ကာ မေပယ်လ်ဒေသတည်နေရာကို ညွှန်ပြပြီး အနောက်တောင်တန်း၏မြေပုံတစ်ခုလုံးကို လီယွီကိုပြသခဲ့သည်။
မေပယ်လ်ဒေသသည် ကျိုင်းကောင်များဘေးဒဏ် ကြုံတွေ့နေရသော မြို့များနှင့် အလွန်ဝေးနေသေးသည်။ သူတို့ သေချာပေါက် ဘေးကင်းတယ်။ မကြောက်ပါနဲ့။
ကျင်းဝမ်က လီယွီကို နှစ်သိမ့်လိုက်သည်။ သူနှင့်အတူ ဤနေရာတွင် သူသည် လီယွီနှင့် ငါးကလေးများကို သေချာပေါက် ကာကွယ်လိမ့်မည်။
"မဟုတ်ဘူး အရှင်မင်းသား။ ကျွန်တော် မကြောက်ဘူး။ ကျွန်တော်ကတော့ သာမန်ပြည်သူတွေကို ကူညီပြီး ဒီကျိုင်းကောင်ကျရောက်တာကို ရပ်တန့်ဖို့ ကြိုးစားချင်ပါတယ်။" လီယွီသည် ရုတ်တရက် ခေါင်းမော့ကာ ပြောလိုက်သည်။
**********-***********
Chapter (87-2) - က်ိဳင္းေကာင္အုပ္ က်ေရာက္ျခင္း
ထို႔အျပင္ ဧကရာဇ္မင္းသည္ က်ိဳင္းေကာင္အုပ္ေတြ ပိုႀကီးလာမည္ကို စိုးရိမ္ခဲ့သည္။ အစပိုင္းတြင္ က်ိဳင္းေကာင္မ်ားသည္ အေနာက္ေတာင္တန္း၌သာ ေပၚလာသည္။ မၾကာေသးမီကပင္ သူတို႔သည္ အျခားေနရာမ်ားတြင္လည္း ပ်ံ႕နွံ႕ကာ တုိင္းသူျပည္သားမ်ားကို ဒုကၡေရာက္ေစသည္။
ဧကရာဇ္မင္းသည္ က်ိဳင္းေကာင္မ်ားကို ထိန္းခ်ဳပ္ရန္ ႏွစ္စဥ္ ေငြေၾကးအေျမာက္အျမားလႊဲေပးခဲ့ေသာ္လည္း သူတို႔ကို အျမစ္ျပတ္ေခ်မႈန္းႏိုင္ျခင္း မရွိေပ။ အလုပ္သမားေရးရာဝန္ႀကီးဌာနက တာဝန္ယူတဲ့ ပညာရွင္ေတြထက္ လူငယ္ေတြရဲ႕ စကားက ပိုအသုံးဝင္မွာလား။
သို႔ေသာ္ ဤလူငယ္သည္ တစ္ခ်ိန္က က်င္းဝမ္အား ဓားျပမ်ားကို အႏိုင္ယူရန္ ကူညီေပးခဲ့ေသာ လူငယ္ျဖစ္သည္။ ဧကရာဇ္လည္း သိခ်င္လာသည္။ က်င္းဝမ္သည္ လီယြီအတြက္ လမ္းခင္းေနမွန္း သူသိေသာ္လည္း ေရွ႕ဆက္ဖတ္ရန္ မေအာင့္နုိင္ေတာ့ေပ။
*********-****
ေမပယ္လ္ေဒသ၊ က်င္းအိမ္ေတာ္ ..........
လီယြီေမြးတဲ့ ငါးေလးေကာင္ဟာ အခုဆို တစ္လရွိပါၿပီ။ သူႏွင့္ က်င္းဝမ္၏ ေစ့ေစ့စပ္စပ္ ဂ႐ုစိုက္မႈေအာက္တြင္ ငါးကေလးမ်ား၏ ခႏၶာကိုယ္မ်ားသည္ ေျပာင္းလဲသြားခဲ့သည္။ မူလအားျဖင့္ အလြန္ပိန္ပါးကာ ဒိုးယိုေပါက္ ျမင္ေနရသည့္ ခႏၶာကိုယ္မွ ယခုအခါ ငါးကေလးေလးေကာင္အနက္ သုံးဦးသည္ Koi ၏ ေရာင္စုံအေၾကးခြံမ်ား ေပါက္ဖြားလာၾကသည္။
ေပါင္းရိသည္ ေ႐ႊေရာင္အဆင္းရွိၿပီး ႀကီးက်ယ္ခမ္းနားေသာ ငါးတစ္ေကာင္ျဖစ္သည္။ ေပါင္းေအာ့သည္လည္း ေ႐ႊအေၾကးခြံပါေသာ ငါးတစ္ေကာင္ျဖစ္သည္။ သူ႔အေရာင္သည္ လီယြီ၏ ေငြေရာင္ေအာက္ခံတြင္ ေ႐ႊအကြက္မ်ားျဖင့္ ဆန႔္က်င္ဘက္ျဖစ္သည္။ ေပါင္းစန္း သည္ ႐ုပ္ထြက္အေကာင္းဆုံးျဖစ္သည္။ သူသည္ ေငြေရာင္ျဖင့္ ေဖြးေဖြးျဖဴျဖဴ ျဖစ္သည္။ အေဝးမွၾကည့္လွ်င္ သူ၏ငါးအေၾကးခြံမ်ားသည္ လွပေသာပုလဲမ်ားႏွင့္တူသည္၊ ေတာက္ပၿပီး ၿပိဳးၿပိဳးျပက္ျပက္ျဖစ္ေနသည္။
ေ႐ႊေရာင္ႏွင့္ ေငြေရာင္ႏွစ္ေရာင္သည္ လီယြီ၏ လက္တေလာရွိ ေရာင္မ်ားျဖစ္သည္။ အစပိုင္းတြင္ လီယြီသည္ ေ႐ႊေငြအေၾကးခြံပါသည့္ ငါးကေလးမ်ားကို မေတြ႕ခဲ့ရေပ။ ထို႔ေၾကာင့္ သူတို႔သည္ Kois ျဖစ္လာမည္မဟုတ္ဟု သူ ထင္ခဲ့သည္။ သူတို႔ရဲ႕ငါးပါးပါးကိုယ္တိုင္က မစ္ရွင္ေတြလုပ္ရင္းကေန Koi ပဲျဖစ္လာတယ္။ သူ ဒီလိုေမြးတာမဟုတ္ဘူး။ ထို႔ေၾကာင့္ ငါးကေလးငယ္မ်ားထံ ခုလို မျဖစ္ေလာက္ဟု ထင္ခဲ့သည္။
သို႔ေသာ္ တစ္လအၾကာတြင္ မထင္မွတ္ဘဲ၊ ငါးကေလးမ်ားသည္ ကိုယ္ပိုင္အေရာင္မ်ား ရွိလာသည္။ သူ႕ပို္င္ဆိုင္မႈ အရည္ခ်င္းကို လႊဲေျပာင္းဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးလို႔ ထင္ခဲ့သည္။ သူ႕ ငါးကေလးေတြက အရမ္းငယ္ေသးတာပဲေလ။
ငါးငယ္ေလးေကာင္ထဲက ေပါင္းရိ၊ ေပါင္းေအာ့နဲ႔ ေပါင္းစန္းတို႔ အားလုံးေျပာင္းလဲသြားတယ္။ ေပါင္းဆုသာ နဂိုအတိုင္းက်န္ရစ္ခဲ့သည္။
လီယြီ သည္ အနည္းငယ္ စိတ္ပူေနေသာ္လည္း မတတ္နုိင္ေပ။ ေပါင္းဆု၏တုံ႔ျပန္မႈသည္ အျခားငါးကေလးမ်ားထက္ အနည္းငယ္ေႏွးေကြးေနၿပီျဖစ္သည္။ သူ၏အေၾကးခြံမ်ား ႀကီးထြားလာျခင္းသည္ အတူတူပင္ျဖစ္လိမ့္မည္။
သူတို႔အားလုံးသည္ တူညီေသာ အသုတ္မွေမြးဖြားလာသည္မွာ ထင္ရွားေပမယ့္ ဘာေႀကာင့္ ခုေလာက္ ကြာျခားေနရတာလဲ။
ငါးကေလးမ်ားသည္ မည္သို႔ေျပာရမည္ကို ေကာင္းစြာ မသိၾကေသးေပ။ သူတို႔သည္ အ႐ိုးရွင္းဆုံး စကားစုမ်ားကိုသာ သိၾကသည္။ လီယြီက ေပါင္းဆုဘာေတြေတြးေနမွန္း လုံး၀ မသိႏိုင္ေသးေပ။ ေပါင္းရိ၊ ေပါင္းေအာ့ႏွင့္ ေပါင္းစန္းတို႔သည္ Koi ႏွင့္ ပိုတူသည္။ ေနာက္ထပ္ တစ္လခြဲၾကာၿပီးေနာက္၊ ေပါင္းဆုသည္ ေနာက္ဆုံးတြင္ ေျပာင္းလဲသြားသည္။
ေနာက္ဆံုးေတာ့ လီယြီ ေစာင့္ေနသည့္ ေန႔ကို ေရာက္လာေလျပီ။
သို႔ေသာ္ ေပါင္းဆု၏အေၾကးခြံမ်ားသည္ သူ႔အစ္ကိုမ်ားကဲ့သို႔ ေ႐ႊေငြမဟုတ္ေပ။ သူအစား အနက္ေရာင္ျဖစ္သည္။ သူသည္ လီယြီကို စတင္ေျပာင္းေ႐ြ႕သည့္အခ်ိန္ႏွင့္ အလြန္ဆင္တူေသာ သာမန္ငါးနက္တစ္ေကာင္ ျဖစ္လာခဲ့သည္။
ဥက ေပါက္တာခ်င္း အတူတူပါပဲ၊ ဒါေပမယ့္ ဘာေၾကာင့္ ဒီေလာက္ ကြာျခားခ်က္ႀကီးမားရတာလဲ။
မၾကာေသးမီက ေပါင္းဆုသည္ သူ၏ ျခားနားခ်က္ကို သတိျပဳမိလာသည္။ သူ႔အစ္ကိုေတြလို Koi ေလးကို မေျပာင္းႏိုင္ေတာ့ဘဲ ငါးနက္က နည္းနည္းေတာ့ စိတ္ဓာတ္က်သြားတယ္။
လီယြီက ဒါကိုျမင္ၿပီး ခ်က္ခ်င္းဆိုသလိုပဲ ငါးနက္ေလးကို သူ႔ေခါင္းေပၚတင္လိုက္ၿပီး ေပ်ာ္႐ႊင္ေအာင္ စက္ဝိုင္းလိုက္ လွည့္ပတ္ခိုင္းလိုက္တယ္။
"Koi အျဖစ္ေျပာင္းသည္ျဖစ္ေစ မေျပာင္းသည္ျဖစ္ေစ ေပါင္းဆု ကို ပါးပါးက ခ်စ္တုန္းပဲ!"
လီယြီသည္ ထိုကဲ့သို႔ေသာ စကားမ်ိဳးကို အႀကိမ္အနည္းငယ္ ၾကားဖူးစဥ္က သူ အၿမဲတမ္း တုန္လႈပ္သြားခဲ့သည္။ အခုဆို မ်က္ေတာင္ေတာင္မခတ္ဘဲ သူ႔ကေလးကို ေျပာႏိုင္ပါၿပီ။
ငါးပါးပါးရဲ႕ ႏွစ္သိမ့္မႈျဖင့္ ေပါင္းဆုသည္ အလြန္လ်င္ျမန္စြာ ေပ်ာ္႐ႊင္လာျပန္သည္။
လွည့္ပတ္ကစားအၿပီးတြင္ လီယြီသည္ သူ၏လူသားပုံစံသို႔ ေျပာင္းလဲကာ က်င္းဝမ္ကို သြားၾကည့္ရန္ ဖန္ပုလင္းအတြင္းမွ ငါးကေလးမ်ားကို ထားရွိခဲ့သည္။
က်င္းဝမ္သည္ လက္ရွိတြင္ တရားဝင္လုပ္ငန္းကို ကိုင္တြယ္ေနသည္။ လီယြီသည္ ေန႔တိုင္း အလုပ္တြင္ အျခားအေဖ့ထံ အလည္လာရန္ ငါးကေလးမ်ားကို ယူေဆာင္လာခဲ့သည္။ အားလုံးက ညဘက္တစ္ခန္းထဲမွာ ေနၾကေပမဲ့ လီယြီက ငါးကေလးနဲ႔ က်င္းဝမ္ၾကားက ဆက္ဆံေရးကို ပိုရင္းနွီးလာေစရန္ လုံ႔လစိုက္ထုတ္ေနဆဲျဖစ္သည္။
သူတို႔ကိုေတြ႕တာနဲ႔ က်င္းဝမ္က သူ႔စုတ္တံကို ခ်လိုက္တယ္။ ေပါင္းဆု သည္ ငါးမည္းေလးအျဖစ္သို႔ ေျပာင္းလဲသြားသည္ကို ေတြ႕ရွိလိုက္ရသျဖင့္ က်င္းဝမ္သည္ အလြန္ဝမ္းသာသြားသည္။ ေပါင္းဆု၏ ကိုယ္ရည္ကိုယ္ေသြးသည္ လီယြီနွင့္ ခပ္ဆင္ဆင္တူသည္။ ယခုတြင္ သူသည္ ငါးနက္ငယ္ေလး၏အသြင္အျပင္သို႔ ေျပာင္းလဲသြားသျဖင့္ က်င္းဝမ္သည္ ေပါင္းဆုတြင္ လီယြီ၏ မူလ အသြင္အျပင္အရိပ္ကို ျမင္ႏိုင္ၿပီး ေပါင္းဆုကို ပို၍ပင္ သေဘာက်သြားသည္။
လီယြီသည္ သလင္းေက်ာက္ပုလင္းကို စားပြဲေပၚတင္ကာ ထိုင္ခ်လိုက္ၿပီး အစီရင္ခံစာမ်ားကို ခဏတာၾကည့္ရႈရန္ က်င္းဝမ္ႏွင့္အတူ လိုက္ပါသြားခဲ့သည္။
အစီရင္ခံစာမ်ားတြင္ သမား႐ိုးက်စကားလုံးမ်ား အလြန္မ်ားၿပီး သူသည္ ေရွးေခတ္သံုး ဘာသာစကားျဖစ္သည္။ အခ်ိဳ႕ေသာ စကားလုံးမ်ားသည္လည္း မွားယြင္းစြာ ေရးသားခဲ့ၾကသည္။ လီယြီသည္ အခ်ိန္အေတာ္ၾကာေအာင္ ႐ုန္းကန္ခဲ့ရေသာ္လည္း စာမဖတ္ႏိုင္သျဖင့္ ျပန္အိပ္ေပ်ာ္သြားေတာ့သည္။
စာအုပ္ေတြဖတ္တာက လူကို အၿမဲ ငိုက္မ်ဥ္းေစတယ္၊ အထပ္ထပ္အခါခါ ေခါင္းညိတ္ေနသည္။ သလင္းေက်ာက္ပုလင္းအတြင္းမွ ငါးကေလးမ်ားသည္ သူ႔လႈပ္ရွားမႈကို လိုက္ကာ စိတ္အားထက္သန္စြာ ေခါင္းေလးေတြကို တက္လိုက္ဆင္းလိုက္ လႈပ္ရွားလိုက္ၾကသည္။
...... ဆူညံလြန္းတယ္။
က်င္းဝမ္သည္ သလင္းေက်ာက္ပုလင္းအတြင္းမွ ငါးကေလးမ်ားကို စိုက္ၾကည့္ကာ လက္ဟန္ျပသည္။ ထို ခိုအိ - Koi ငါးကေလးမ်ား အားလုံးသည္ သလင္းေက်ာက္ ပုလင္းနံရံကို ပတ္ကာ နာခံမႈျဖင့္ လႈပ္ရွားရပ္တန႔္ကာ မ်က္လုံးမ်ား ျပဴးက်ယ္စြာ ၾကည့္ေနၾကသည္။
က်င္းဝမ္သည္ သူ႔အျပင္ဘက္အက်ီကို ခြၽတ္လိုက္ၿပီး အိပ္ေပ်ာ္ေနေသာ လီယြီကို ဖုံးအုပ္လိုက္သည္။ ထို႔ေနာက္ သူသည္ လီယြီႏွင့္ သူ႔ကိုယ္သူ ထုပ္ပိုးကာ သူတို႔ႏွစ္ဦးအတြက္သာ ေႏြးေထြးၿပီး သက္ေတာင့္သက္သာရွိေသာ ေနရာကို ဖန္တီးလိုက္သည္။
က်င္းဝမ္သည္ လီယြီကို ညင္သာစြာ ဖိထားၿပီး သူ႔ႏႈတ္ခမ္းမ်ားကို နမ္းလိုက္သည္။ သူေရးခဲ့တဲ့ လက္ထပ္ခြင့္ေတာင္းခ်က္ကို ဧကရာဇ္မင္းထံ ေပးပို႔ထားၿပီးျဖစ္တယ္။ အားလုံးက အစီအစဥ္အတိုင္း သြားေနတာျဖစ္လို႕ သူ စိတ္ရွည္ရွည္နဲ႔ ေစာင့္ဖို႔ လိုေသးတယ္။
သူ႔ပါးပါးရဲ႕ အက်ႌအျပင္ဘက္ လႈပ္ခါေနတာကို ျမင္ေတာ့ ေပါင္းရိ လွည့္ၾကည့္လိုက္တယ္။ ေပါင္းေအာ့နဲ႔ ေပါင္းစန္းက ဘာေၾကာင့္လဲဆိုတာ နားမလည္ေပမယ့္ ေပါင္းရိကို အတုခိုးၿပီး လွည့္ၾကည့္လိုက္ႀကသည္။
ေပါင္းဆုက သူနည္းနည္း တံုးအ မွန္းသိတယ္။ ေပါင္းရိ လုပ္တာ မွန္လိမ့္မည္။ ထို႔ေၾကာင့္ ေပါင္းဆုသည္ ေႏွးေသာ္လည္း ေပါင္းရိကဲ့သို႕ ေနာက္သို႔ လွည့္လိုက္သည္ ။
သို႔ေသာ္လည္း ေပါင္းဆုသည္ သူ႔ေဘးနားကို လိုက္လံျပီး စူးစူးစိုက္စိုက္ၾကည့္ကာ အနည္းငယ္ ယိမ္းယိုင္ ေနေသးသည္။
လီယြီသည္ စကားလုံးမ်ားစြာကို မသိႏိုင္ေလာက္ေအာင္ကို ငိုက္မ်ဥ္းလာသည္။ ခဏေလာက္ အိပ္ေပ်ာ္သြားၿပီးေနာက္ ႏိုးလာကာ ေခါင္းပိုၾကည္လင္လာသည္။ ထိုစကားအခ်ိဳ႕ကို သူ႐ုတ္တရက္ သတိရသြားသည္။
ယင္းသည္ 'က်ိဳင္း' ဟူေသာ စကားလုံးအျပင္ 'ေဘးဒုကၡ' ဟူေသာ စကားလုံးျဖစ္သည္။
- က်ိဳင္းေကာင္အုပ္ က်ေရာက္ျခင္း
လီယြီက "အရွင္မင္းသား၊ တစ္ေနရာရာမွာ က်ိဳင္းေကာင္ရွိေနလား"
က်ိဳင္းေကာင္ေတြက အလြန္ျပင္းထန္ေသာ အင္းဆက္ပိုးမႊားျဖစ္သည္။ က်ိဳင္းေကာင္မ်ားသည္ အသီးအ႐ြက္မ်ားစြာကို ျမင္ျမင္ရာ အကုန္ စားၾကသည္။ က်ိဳင္းေကာင္မ်ား ပ်ံဝဲလာပါက ထိုေဒသတစ္ခုလံုး တစ္ႏွစ္ပတ္လုံး လူမ်ား စိုက္ထုတ္ခဲ့ေသာ လယ္ယာသီးႏွံမ်ား တခဏခ်င္း ကုန္သြားသည္။
အေနာက္ေတာင္တန္းအနီးရွိ ၿမိဳ႕အခ်ိဳ႕တြင္ က်ိဳင္းေကာင္မ်ားကို မၾကာေသးမီက ေတြ႕ရွိခဲ့ေၾကာင္း က်င္းဝမ္က လီယြီသို႔ ေျပာၾကားခဲ့သည္။
ထိုအခ်က္ကို သိေတာ့ လီယြီ၏ အမူအရာမွာ သိသိသာသာ ေျပာင္းလဲသြားသည္။
က်င္းဝမ္သည္ သူက ေၾကာက္သြားလို႕ ထင္ကာ ေမပယ္လ္ေဒသတည္ေနရာကို ၫႊန္ျပၿပီး အေနာက္ေတာင္တန္း၏ေျမပုံတစ္ခုလုံးကို လီယြီကိုျပသခဲ့သည္။
ေမပယ္လ္ေဒသသည္ က်ိဳင္းေကာင္မ်ားေဘးဒဏ္ ႀကဳံေတြ႕ေနရေသာ ၿမိဳ႕မ်ားႏွင့္ အလြန္ေဝးေနေသးသည္။ သူတို႔ ေသခ်ာေပါက္ ေဘးကင္းတယ္။ မေၾကာက္ပါနဲ႔။
က်င္းဝမ္က လီယြီကို ႏွစ္သိမ့္လိုက္သည္။ သူႏွင့္အတူ ဤေနရာတြင္ သူသည္ လီယြီနွင့္ ငါးကေလးမ်ားကို ေသခ်ာေပါက္ ကာကြယ္လိမ့္မည္။
"မဟုတ္ဘူး အရွင္မင္းသား။ ကြ်န္ေတာ္ မေၾကာက္ဘူး။ ကြၽန္ေတာ္ကေတာ့ သာမန္ျပည္သူေတြကို ကူညီၿပီး ဒီက်ိဳင္းေကာင္က်ေရာက္တာကို ရပ္တန႔္ဖို႔ ႀကိဳးစားခ်င္ပါတယ္။" လီယြီသည္ ႐ုတ္တရက္ ေခါင္းေမာ့ကာ ေျပာလိုက္သည္။
**********-***********