အပိုင်း (၇၄၃)

164 59 0
                                    


#Unicode



ဗုဒ္ဒရဲ့ မဖျက်ဆီးနိုင်တဲ့ ကျောင်းတော်သား ခန္ဓာကိုယ် ဆိုတာက ဘာကြီးလဲ။

"သူတော်စင်ရဲ့ မိန့်ခွန်းဟုတ်လား" အစစ်အမှန် နတ်ဘုရား ထာဝရမီး ရဲ့ မျက်လုံးတွေက တောက်ပသွားတယ်။

သူတော်စင်ရဲ့ မိန့်ခွန်းကို နားထောင်ရရင် သူက အဆင့်ခြောက် ကနေ အမြင့်ဆုံး အဆင့်ထိ အဆင့်တက်သွား နိုင်ပါတယ်။

အစစ်အမှန် နတ်ဘုရား ဖောအောက် နဲ့ အရက်မူးလ ကျောင်းတော်သား တို့က တိတ်တဆိတ် နဲ့ ခေါင်းညိတ်လိုက်ကြတယ်။ သူတို့က သူတော်စင်ရဲ့ အမွေကို မရရင်တောင်မှ မိန့်ခွန်းနားထောင်ရရင် မဆိုးလှပါဘူး။ အဆုံးမဲ့တဲ့ အကျိုးအမြတ်ကို ရရှိမှာပါ။ ထပ်ပြောရရင် သူတို့က လျှို့ဝှက်နည်းစနစ် ကိုတောင်မှ သင်ယူနိုင်လောက်ပါတယ်။ ဒီတစ်ခါ သူတို့တွေ လုံးဝ အရှုံးမရှိပါဘူး။

"ငါတို့ဘယ်လိုလျှို့ဝှက်နည်းစနစ် အမျိုးအစားကို သင်ယူလို့ရနိုင်လဲ" ရူဟန်က စိတ်ဝင်တစား နဲ့မေးလိုက်တယ်။

ကြီးမြတ်တဲ့အဖြူ က ရပ်ပြီး ဉာဏ်ပညာရေကန်ကို ကြည့်လိုက်တယ်။ သူက ဒီအချိန်မှာ ချီတုံချတုံ ဖြစ်နေပုံပေါ်တယ်။ ဉာဏ်ပညာရေကန်ကို ဆက်ပြီး လေ့လာရမလား။ သူတော်စင်နဲ့ လျှို့ဝှက် နည်းစနစ်ကို လေ့လာရမလား မသိဘူး ဖြစ်နေပါတယ်။

ဉာဏ်ပညာရေကန် ကတော့ သံဆိုတာ ပူတုန်းထုရတယ် ဆိုတဲ့ထုံးကို နှလုံးမူပြီး ဆက်ပြောလိုက်တယ် "ဟားဟား.. သူငယ်ချင်းလေး .. ဒါက မေးခွန်းကောင်းပဲ။ ငါက သူတော်စင် မဟုတ်ပေမဲ့ လျှို့ဝှက်နည်းစနစ် တော်တော်များများကို သိတယ်။ တစ်သောင်းလောက်တောင် ရှိတယ်။ ဘယ်လို အမျိုးအစားှ လျှို့ဝှက် နည်းစနစ် ကို မင်းသဘောကျလဲ"

"တတိယအဆင့်နဲ့ ဓားပျံ စီးလို့ရတဲ ့နည်းစနစ် ရှိလား။" ရူဟန်က မေးကြည့်လိုက်တယ်။

သူက စတင်ကျင့်ကြံ ကတည်းက သူ့ကိုယ်ပိုင် အားအင်နဲ့ ကောင်းကင်ပေါ်မှာ ပျံသန်းဖို့ အကြီးဆုံး ဆန္ဒရှိပါတယ်။ ဒါပေမဲ့ သူက အဆင့်လေးကို ရောက်ဖို့ လမ်းအရှည်ကြီး လိုနေပါသေးတယ်။ ဓားပျံစီးရဖို့ အချိ်န် အတော်ကြာ စောင့်ရပါအုန်းမယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now