အပိုင်း (၈၅၀)

160 30 3
                                    


#Unicode


နေ့တိုင်း ကောင်းမွန်တဲ့ အရာ တစ်ခု ကို ပြုလုပ်မယ် ဆိုရင ်ကမ္ဘာကြီး ပိုမိုကောင်းမွန်လာမှာ သေချာတယ်။

ဒီအချိန်မှာပဲ အစစ်အမှန် နတ်ဘုရား တောင်ဝါကြီး ရဲ့ အင်မော်တယ် ဂူထဲမှာတော့ ..

သတိုးသမီး ဖြစ်ခါနီး ဒူဒူက ပက်ကျိ အနေအထားကနေ ပြန်ကောင်းလာပါပြီ။

သူက လက်ရှိမှာ အင်မော်တယ် လှိုဏ်ဂူရဲ့ အနက်ရှိုင်းဆုံးရှိ မြေအောက်ခန်းထဲမှာ ရှိနေပါတယ်။ မြေအောက်ခန်း အပေါ်မှာတော့ များပြားလှတဲ့ အတားအဆီး အလွှာတွေ ရှိနေတယ်။ ဒါ့အပြင် ကောင်းကင်ချိတ် ကျန်းလီကလည်း အပြင်မှာ စောင့်ကြပ်နေပါတယ်။ ဒါကြောင့် ဒူဒူက အိမ်က ထွက်ပြေးတဲ့နေရာမှာ ကျွမ်းကျင်လှတဲ့ သူ တစ်ယောက် ဖြစ်တယ် ဆိုရင်တောင်မှ လတ်တလော ထွက်သွားနိုင်မှာ မဟုတ်ပါဘူး။

ပျင်းရိနေတဲ့ ဒူဒူက အချိန်ကုန်မြန်ဖို့ ဗီဒီယို ဂိမ်းပဲ ဆောာ့နေဖြစ်တယ်။

ဒီအချိန်မှာတော့ သူက ဂိမ်းအသစ်ကို ဆော့နေတယ်။ အသက် ၁၆ ၊ ၁၇ နှစ်လောက်ရှိပြီး ချူချူ လို့ခေါ်တဲ့ သူ့ရဲ့ ဂိမး်မိန်းမ ကလည်း သူနဲ့ အတူ ဂိမ်းဆော့နေတယ်။

နာရီ အနည်းငယ်ကြာတော့ ဒူဒူ က ပျင်းရီလာတယ်။ သူက အနားယူဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးနောက် သူ့ ဂိမး်မိန်းမ ဒူဒူ့ကို အသံ နဲ့ လှမ်းပြောလိုက်တယ်။ (Voice Chat)

ဒူဒူက မေးလိုက်တယ် "ချူချူ .. မင်းဆော့အုန်းမှာလား"

"ငါ ဒီနေ့ မဆော့တော့ဘူး။ ငါက မကြာခင်မှာ လိုင်းပိတ်တော့မယ်။ ဟုတ်ပြီ။ ဒူဒူ .. မင်းကို ငါပြောစရာ တစ်ခု ရှိသေးတယ်။ ကျောင်းတွေ စဖွင့်တော့မယ်။ ငါက တက္ကသိုလ်ဝင်ခွင့် ဖြေရမယ်။ အဲ့အချိ်န်ရောက်ရင် ဂိမ်းဆော့နိုင်မှာ မဟုတ်ဘူး။" ဂိမ်းထဲက ကောင်မလေး ရဲ့ ချစ်စဖွယ် အသံက ထွက်ပေါ်လာတယ်။ ဒူဒူ့ရဲ့ ဂိမ်းအသစ် အသုံးပြု နာမည် နာမည်က ဒူဒူပါပဲ။

"ဟားဟား .. မင်းရဲ့ စာက အရေးကြီးတယ်။ ငါဒါက်ုိ နားလည်တယ်" ဒူဒူ က ပြန်ပြောလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now