အပိုင်း (၈၅၉)

144 28 3
                                    


#Unicode


ကြီးမြတ်သော နျူကလီးယား ပေါက်ကွဲမှု ဆိုရင်ရော ဘယ်လိုလဲ။

ကိုးစီရင်စု မှာ ပြောထားတဲ့စာတွေ က ရတနာတွင်းကြီး တစ်ခုလိုပါပဲ။

အနာဂတ်မှာ ရူဟန် က အဆင့်ငါးကို ရောက်ရှိပြီးရင် အခု စီနီယာ ဆွေးနွေးနေတဲ့ အကြောင်းအရာတွေက တန်ဖိုးရှိတဲ့ ရတနာတွေလို ဖြစ်လာမှာပါ။

မက်ဆေ့အားလုံးကို ဖတ်ပြီးတဲ့နောက် ရူဟန်က ပြန်ပြောလိုက်တယ် "@ကြီးမြတ်တဲ့အဖြူ .. စီနီယာအဖြူ .. မမျှော်လင့်ဘဲ ငါတို့က ဂျင်နန်လာတဲ ့လမ်းမှာပဲ ရှိနေသေးတယ်။ ဒါကြောင့် မရောက်သေးဘူး။ မနက်ဖြန် ညနေလောက်မှ ရောက်မယ်နဲ့တူတယ်။ @ဆရာတော်တုံဇန် .. ဆရာတော် ဘာကြောင့် တပည့်တော်ကို ရှာတာလဲ"

ကြီးမြတ်တဲ့ အဖြူ က အွန်လိုင်းပေါ်မှာ ရှိနေတာကြောင့် ရူဟန်ကို ပြန်ပြောလိုက်တယ် "မနက်ဖြန်ညနေမှ ရောက်မှာလား။ ဒါဆိုရင် ငါ မီးဖို တစ်ခု ငှားပြီး တစ်ခုခု လုပ်ရမယ်။"

"တစ်ခုခု ကို လုပ်မှာ။ စီနီယာအဖြူ . မင်း ပန်းပဲလုပ်မလို့လား"ရူဟန် က မေးလိုက်တယ်။

"ပြီးသွားမှ ပြောပြမယ် အခုတော့ လျှို့ဝှက်ချက်ပဲ။ ဘာပဲပြောပြော ငါက ဂျင်နန်မှာ စောင့်မနေတော့ဘူး။ ငါပန်းပဲလုပ်ပြီးရင် မင်းကို လိုက်ရှာမယ်" ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ်။

ရူဟန်က ပြန်ပြောလိုက်တယ် "ကောင်းပြီ"

"ဒါဆိုရင် နောက်မှတွေ့မယ်။ ကောင်းပြီ. အခြားတစ်ခု ရှိသေးတယ် .. သူငယ်ချင်းလေး ရူဟန် .. ငါတို့သုံးနေတဲ့ app မှာ VIP စနစ်ပါတာ သိလား" ကြီးမြတ်တဲ့အဖြူ က ရုတ်တရက် ပြောလိုက်တယ်။

စီနီယာ အဖြူရဲ့ အတွေးက လမ်းချော်သွားပြန်ပါပြီ။

"ဒါက ငွေဖြုန်းတဲ့ အရာပဲ။ ဆင်းရဲတဲ့ ငါ့လို ကျောင်းသားတစ်ယောက်က ဒါကို အသုံးမပြုနိုင်ဘူး။" ရူဟန် က ပြောလိုက်တယ်။

ကြီးမြတ်တဲ့ အဖြူ က ပြောလိုက်တယ် "ငါက အကောင့်ဖန်တီး ပြီးကတည်းက VIP လုပ်ထားတာလေ။"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now